Sunday, July 26, 2009

ဘုရားသခင်၏ အသံ


၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ.ထုတ် Time မဂ္ဂဇင်းက Michael Kinsley ရဲ. Voice of God ဆိုတဲ့ Essay လေးကို ဘာသာပြန်ထားတာပါ။ ဇန်နဝါရီလ ၂၀ ရက်နေ.ဆိုရင် အမေရိကားမှာ သမ္မတအသစ် ရုံးစထိုင်ပါတယ် ။ ဒီ Essay လေးက သမ္မတဘားရက်အိုဘားမား ရုံးစထိုင်ဖို. ရက်ပိုင်းအလိုလေးမှာရေးထားတာပါ ။ အမေရိကားရဲ. ပထမဆုံး လူမည်းသမ္မတဖြစ်တဲ့ အိုဘားမားကို အမေရိကန်တွေသာမက တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာကတောင် ထောက်ခံခဲ့ကြ ၊ ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်သူတွေရဲ. မဲတွေကိုသာမက တစ်ကမ္ဘာလုံးက လူတွေရဲ. မျှော်လင့်ချက်တွေ ၊ နှလုံးသားတွေကိုပါ သိမ်းပိုက်အောင်နိုင်ခဲ့တဲ့ လူမည်းသမ္မတပါ ။ ဒီ Essay ထဲမှာ အမေရိကမှာ လူမည်းတွေနေရာရလာပုံတွေကို မူရင်းစာရေးဆရာက ပါးပါးလေး ရေးပြထားပါတယ် ။


တစ်ထောင့်ကိုးရာ ငါးဆယ်နှင့် တစ်ထောင့်ကိုးရာ ခြောက်ဆယ် ခုနှစ်များ အတွင်းက ဘုရားသခင်မှာ အလက်ဇန်းဒါး စကိုဘီ ဟုခေါ်သော လူတစ်ယောက် ဖြစ်သည် ။ အမေရိကန်ပြည်ထောင်စုသို. ပြောင်းရွှေ. အခြေချလာသည့် ဂရိလူမျိုး မိဘနှစ်ပါးမှ နယူးယောက် ပြည်နယ် ဘရွက်ကလင်းတွင် ဖွါးမြင်ခဲ့သည် ။ သို.သော် သူ၏အသံမှာ (ဝီကီပီးဒီးယား အလိုအရ) “ဟိန်း၍ အောသော အသံ” ဖြစ်သည် ။ အဓိကကျသော အချက်မှာ ဗြိတိသျှ လေသံဖြင့် ကျကျနန ပြောနိုင်ခြင်း ဖြစ်သည် ။ ဗြိတိန်နိုင်ငံသည် ဒုတိယကမ္ဘာစစ် အတွင်းက အားအင်ကုန်ခမ်း၍ ၎င်း၏ အင်ပါယာကို ဆုံးရှုံးသွားပြီး နှစ်ပေါင်း များစွာ ကြာပြီးနောက် ဗြိတိသျှ လေသံက ပိုင်စိုးမှု ဂုဏ်သိက္ခာနှင့် ဩဇာလွှမ်းမိုးမှု တို.ကို သယ်ဆောင်လာခဲ့သည် ။
ဟောလီးဝုဒ်တွင် ထိုကဲ့သို. ကြီးကျယ်သော အသိဥာဏ်ရှိသူအဖြစ် မမြင်ရသည့် စကားပြောဖြင့် သရုပ်ဖော်တင်ဆက်သူကို ဗွီအိုဂျီ (ဘုရားသခင်၏ အသံကို အတိုကောက်ခေါ်သော အသုံးအနှုန်း) ဟု ခေါ်ကြသည် ။ စကိုဘီသည် ပင်လယ်ပြင်မှအောင်ပွဲကဲ့သို.သော မှတ်တမ်းရုပ်ရှင်များတွင် သူ.ခေတ်သူ.အခါက ထင်ရှားသော ဗွီအိုဂျီ ဖြစ်သည် ။ သူ၏အသံမှာ တစ်ထောင်ကိုးရာလေးဆယ်ခုနှစ်များ အတွင်းက သမ္မာကျမ်းစာ တစ်အုပ်လုံးကို အသံသွင်းထုတ်ဝေသည့် ပထမဦးဆုံး အသံဖြစ်သည် ။ ဘုရားသခင်တွင် ပါးသိုင်းမွှေးရှိသည်ဟု ယူဆသကဲ့သို. ဘုရားခင်သည် ဗြိတိသျှ လေသံဖြင့် စကားပြောသည်ဟု ထိုခေတ်ထိုအခါက သဘာဝကျကျ အလိုအလျောက် ယူဆခဲ့ကြသည်။ ထို.ကြောင့်သာလျှင် သူသည် သူဖြစ်နေခဲ့ခြင်းဖြစ်သည် ။
အနည်းဆုံး သမ္မာကျမ်းစာ နှစ်တွဲနှင့် ကိုရမ်ကျမ်းစာ တစ်တွဲ တို.ကို အသံသွင်းပြီးနောက် တစ်ထောင့်ကိုးရာရှစ်ဆယ့်ငါး ခုနှစ်တွင် စကိုဘီ ကွယ်လွန်ခဲ့သည် ။ ဟုတ်ကဲ့ ထိုခေတ်ထိုအခါက တမန်တော်မိုဟာမတ် သည်ပင်လျှင် ဗြိတိသျှ လေသံဖြင့်ပြောခဲ့ပါသည် ။ ထိုသို.ဆိုလျှင် ယနေ.ခေတ်၏ ဘုရားသခင်မှာ မည်သူပါနည်း။ အဖြေက ရှင်းပါသည်သူသည် ဂျိမ်းစ်အားလ်ဂျုန်း ဖြစ်ပါသည် ။ “စီအန်အန် ---ကပါ” ဟူသည့် အသံမှာ ဂျုန်း၏ အကြော်ကြားဆုံးသော အသံထွက် ငါးလုံး ဖြစ်သည် ။ ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ဇာတ်ကားမှ ဒါ့သ်ဗေဒါ၏ အသံသည်လည်း ဂျုန်း၏ အသံဖြစ်သည် ။ သူအသံသွင်းထားသည့် ဂျိမ်းဘုရင်မူကွဲ အသံသွင်း သမ္မာကျမ်းစာသည် အခွေပေါင်း လေးသိန်းကျော်မျှ ရောင်းချခဲ့ရသည် ။ ဂျုန်း၏အသံမှာ စကိုဘီ၏ အသံထက်ပင် ပိုဟိန်းကာပို၍ပင် အောပါသေးသည် ။ ဗြိတိသျှ လေသံ ထွက်ခြင်း မထွက်ခြင်း တစ်ခုသာ ကွာခြားသည် ။ ဂျုန်းသည် အာဖရိကနွယ်ဖွား အမေရိကန်ဖြစ်ပြီး ထိုလေသံထွက်လေသည် ။
လတ်တလော အရောင်းရဆုံး အသံသွင်း သမ္မာကျမ်းစာတွင် အန်ဂျလာဘတ်ဆတ် ၊ ကူဘာဂွတ်ဒင်း ဂျူနီယာ ၊ ဆမ်မျူရယ် အယ်လ် ဂျက်ဆန် နှင့် ဖောရတ်စဝှီးတိတ်ကား အစရှိသည့် နာမည်ကြီး အနုပညာရှင် အများအပြား ပါဝင်ကြသည် ၊ အားလုံးအာဖရိကန် အမေရိကန်များ ဖြစ်ကြသည် ။ ဘုရားသခင်အဖြစ် သရုပ်ဆောင်ရမည့် သူအတွက်မူ ဂျုန်းအတွက် ပြိုင်ဘက် အစစ်မှာ (ဒန်ဇယ်လ်ဝါရှင်တန် အသက်အနည်းငယ်ကြီးလာသည့် အချိန်တွင်) မော်ဂန်ဖရီးမန်း တစ်ယောက်သာရှိတော့သည် ။ ဂျုန်း၏အသံက ခက်ထန်၍ အဟန်.ရှိပြီး ဓမ္မဟောင်းကျမ်းလာ ဘုရားသခင်နှင့်တူသည် ။ ဖရီးမန်း၏ အသံကမူ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံကာ အားလုံးကိုသိရှိနားလည် မြော်မြင်နိုင်စွမ်းရှိနေသည့် ဓမ္မသစ်ကျမ်းလာ ဘုရားသခင်နှင့်တူလေသည် ။ သူသည် ဘုရားသခင်၏ အသံအဖြစ် ရုပ်ရှင်ထဲတွင် နှစ်ကြိမ်သရုပ်ဆောင်ခဲ့ပြီး လစ်စတာရင်းနှင့် ဗီဇာကတ် ကြော်ငြာများတွင်လည်း သရုပ်ဆောင်ခဲ့သည် ။ ထို.ကြောင့်သာလျှင် ချစ်စဖွယ် ပင်ဂွန်းငှက်ကလေးများ အကြောင်း ပျင်းစရာကောင်းလောက်အောင် ရိုက်ပြထားသည့် ရုပ်ရှင်ဇာတ်ကားတွင် စကားပြောဖြင့် သရုပ်ဆောင်ဖို. သူ.ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည် ။ လွန်ခဲ့သည့် လအနည်းငယ်ခန်.က “ဘုရားသခင် အဖြစ် သရုပ်ဆောင်ရသည်ကို ငြီးငွေ.နေပြီဖြစ်ကြောင်း” ဖရီးမန်းက အေပီ သတင်းထောက်တစ်ဦးအား ပြောကြားခဲ့သည် ။ ထို.အတွက် သူ.ကို မည်သူကများ အပြစ်တင်နိုင်ပါမည်နည်း ။ ဖရီးမန်း ပြောသကဲ့သို.ပင် ဘုရားသခင်အဖြစ် သရုပ်ဆောင်ရသည်မှာ အတော်တော့ ခက်ပါသည် ။ လူသားတို.အား ချစ်ခင်သော်ငြား မာရေကျောရေဖြင့်သာ ချစ်ပြခြင်းများ ၊ သူတို.၏ မသိသားဆိုးရွားမှုများအတွက် ခနဲ.တဲ့တဲ့သရော်နေပုံများမှာ ဒေါ်လာရှစ်သန်းမျှ လာဘ်ငွေယူပြီးမှသာ သင့်ကို ကောင်းကင်ဘုံသို. ဝင်ရောက်ခွင့် ပြုနိုင်မည်ဟု ဆိုသည့်နှယ်ပင် ။
ယျေဘုယျပြောရပါလျှင် ဗြိတိသျှများနှင့် ဗြိတိသျှ ဆန်ဆန် လူမျိုးများသည် ဤနယ်ပယ်တွင် ကျရှုံးနေကြပါသည် ။ အကယ်၍ သင်သည် ပိုင်စိုးမှု ဂုဏ်သိက္ခာနှင့် ဩဇာလွှမ်းမိုးမှု စသည်တို.နှင့် ပြည်စုံသည့် အသံဩဇာရှင်ကို ရှာဖွေနေသည့် ဒါရိုက်တာတစ်ဦးဖြစ်ပါက သင်သည် ကွင်းလာတီဖာဆီသို. အရင်ဆုံးချဉ်းကပ်၍ နောက်ဆုံးမတတ်သာမှသာ ဂျရယ်မီအိုင်းရင်းကို အားကိုးပေလိမ့်မည် ။ ဤသို.ဖြစ်ရခြင်း၏ အကြောင်းကို ဆင်ခြင်သုံးသပ်ရန် သိပ်တော့ မခက်လှပါ ။ ဤဖြစ်စဉ်များ၏ ရင်းမြစ်ကိုရှာဖွေကြည့်ပါလျှင် ၁၉၃၀ ခုနှစ်ဝန်းကျင်ကာလများက ဖြစ်ရပ်များနှင့် မစ္စစစ်ပီနှင့် အိုဟိုင်းယိုး မြစ်ရိုးတစ်လျှောက် တစ်မြို.ဝင် တစ်ရွာထွက် စုံဆန်၍ ဖျော်ဖြေခဲ့သည့် သင်္ဘောဇာတ်ရုံများ အကြောင်းကို ဖွဲ.နွဲ.ထားသော “သင်္ဘောဇာတ်ရုံ” အမည်ရှိ ဂီတပြဇာတ်မှ ပေါလ်ရော့ဘ်ဆန် သီဆိုထားသည့် အာဖရိကန်အမေရိကန်တို.၏ ခက်ခဲကြမ်းတမ်းမှုများနှင့် ရုန်းကန်မှုများအကြောင်းကို ဆွေးမြေ.ဖွယ် ဖွဲ.နွဲ.ထားသည့် “ အို….မြစ်မင်းအို” အမည်ရှိသီချင်းတို.ကို နောက်ကြောင်းပြန်ရပေမည် ။ အာဖရိကန် အမေရိကန်တို.သည် မျိုးဆက်ပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသကဲ့သို. ထိုနစ်နာမှုများအတွက် ဂုဏ်သိက္ခာနှင့် ဩဇာလွှမ်းမိုးမှုများဖြင့် ပြန်လည်ချီးမြှင့်ခံစားရခြင်းဖြစ်သည် ဟူသော နှစ်သိမ့်ဖြေဖျောက်သည့် သဘောထားအယူအဆတစ်ခုကို ကျယ်ကျယ်ပြန်.ပြန်. အသိအမှတ်ပြု လက်ခံလျှက်ရှိနေသည် ။ အရေးအကြီးဆုံး အချက်မှာ လူမည်းအမေရိကန် ဝန်ကြီးများသည် ကမ္ဘာပေါ်တွင် အင်္ဂလိပ်စကားကို အကောင်းဆုံးပြောနိုင်သူများအဖြစ် ဗြိတိသျှနိုင်ငံရေးသမားများကို အစားထိုးနေရာယူလျှက်ရှိသည် ။ ကျွန်တော်တို.၏ မာတင်လူသာကင်း ဂျူနီယာသည်ပင်လျှင် ဝင်စတန်ချာချီအား စံပြပုဂ္ဂိုလ် အဖြစ်မှဖြုတ်ချ၍ သူ.နေရာတွင် အစားထိုး နေရာယူခဲ့သည် မဟုတ်ပါလော ။
ဤဖြစ်ပေါ်တိုးတက်မှုများနှင့်ပက်သက်၍ အားတက်စရာအကောင်းဆုံးအချက်မှာ ၎င်းတို.သည် အတုလုပ်၍ မရနိုင်ခြင်းပင်ဖြစ်သည် ။ လူမျိုးအရ အနှိမ်ခံရသည့်အတွက် တမင်တကာခွဲခြား၍ အရေးပေးခံရခြင်း လုံးဝမဟုတ်ပါ ။ ဆစ်ဒနီပွိုင့်တီယာ လုပ်လိမ့်မည် မဟုတ်ပါ ။ အဓိကကျသော အချက်မှာ လူမည်းဖြစ်ရန်မဟုတ်ပါ လူမည်းသံထွက်ဖို.သာ ဖြစ်ပါသည် ။ အားကစားလောကတွင် အာဖရိကနွယ်ဖွား အမေရိကန်တို. လွှမ်းမိုးကြီးစိုးလာသည်နှင့်လည်း မတူပါ ၊ ဤဖြစ်ရပ်တို.မှာ အတားအဆီးပိတ်ဆို.ကန်.သတ်မှုတို.ကို ချိုးဖျက်၍ ထွက်လာသည့် ပင်ကိုယ်စွမ်းရည်ရှိ ပါရမီရှင်တို.၏ ဖြစ်စဉ်တို.ပင်မဟုတ်ပါ ။ မြောက်များစွာသော လူဖြူများ သို.မဟုတ် လူဖြူသံထွက်သည့် သရုပ်ဆောင်တို.သည်လည်း ဂျုန်းကဲ့သို.ပင် “စီအန်အန် ---ကပါ” ဟု ပြောနိုင်ကြပါသည် ။ ဤစကားစုကို အကြိမ်တစ်ရာမျှကြားခဲ့ဖူးသော်လည်း များစွာသောသူတို.သည် မည်သူ.အသံဖြစ်ကြောင်း မသိကြပါ ၊ အသံရှင် မည်သူဖြစ်ကြောင်း သေသေချာချာ မေးခွန်းထုတ်မကြည့်ပါက လူမည်းဖြစ်ကြောင်းကို သတိပင်ပြုမိကြလိမ့်မည် မဟုတ်ပါ ။ သူတို.သည် ထိုအသံကို အမှတ်တမဲ့ပင် နားလည်သဘောပေါက်ထားကြပြီးလျှင် ဩဇာအရှိန်အဝါတို.နှင့် ပြည့်စုံကြောင်းကို တစ်ဝက်သိစိတ်ဖြင့်ပင် လက်ခံထားလိုက်ကြသည် ။
ဇန်နဝါရီ ၂၀ ရက်နေ.မှစ၍ ကမ္ဘာပေါ်တွင် ဩဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်မှာ တကယ်ပင် လူမည်းတစ်ယောက် ဖြစ်လာပေတော့မည် ။ သမ္မတဘားရက်အိုဘားမားသည် အကြီးကျယ်ဆုံးသော ဟောပြောသူတစ်ယောက်အဖြစ် ထိုအနုပညာကို လက်တွေ.အသုံးချနေသော်လည်း ကောက်နှံပင်ထွက် စားသောက်ကုန်တစ်ခုအတွက် မမြင်ရသည့် အသံဖြင့်ကြော်ငြာသူအဖြစ်မူ သူ.ကိုငှါးရမ်းမည့်သူ ရှိချင်မှရှိပါလိမ့်မည် ။ အကြောင်းမှာ သူ၏အသံသည် လူမည်းသံ ထွက်သင့်သလောက်မထွက်သောကြောင့် ဖြစ်ပါသည် ။ သို.သော်လည်း သူသည် အဆိုပါ ဖြစ်ပေါ်တိုးတက်မှု၏ အကျိုးကို ခံစားရသူဖြစ်ပါသည် ။ ဘုရားသခင်သည် အာဖရိကန်အမေရိကန် အဖြစ် အသွင်ပြောင်းသွားချိန်၌ သမ္မတသည်လည်း အာဖရိကန်အမေရိကန် ဖြစ်ဖို.ဆိုသည်မှာ အထူးတလည် စဉ်းစားနေရန်မလိုအပ်လှပါ ။


(January 15, 2009 ခုနှစ်ထုတ် Time မဂ္ဂဇင်းမှ Michael Kinsley ၏ Voice of God ကိုသင့်လျော်အောင် ဘာသာပြန်ဆိုထားပါသည် ။)


Sunday, July 12, 2009

ဖတ်မိသမျှလေးတွေ (have got & have got to)

ဒီတစ်ပတ်တော့ ဘာသာပြန်နေရင်းကနေ ကျွန်တော်ဖတ်လိုက်မိတာလေးတွေကို Post တစ်ခုအနေနဲ.တင်လိုက်ပါတယ် ။

have got & have got to

have got

1. British English မှာ have got ဆိုတဲ့ structure ကို ပိုင်ဆိုင်မှုကို ဖော်ပြတဲ့အခါမှာ သုံးလို.ရပါတယ်တဲ့ ။ have နဲ. get ရဲ. V3 ပုံစံ got နဲ.တွဲထားတဲ့အတွက် verb to have + V3 ပုံစံဝင်နေပေမယ့် အဲဒီ structure ဟာ Present Perfect Tense မဟုတ်ပါဘူး Present Tense ပဲဖြစ်ပါတယ်။ ပိုင်ဆိုင်မှုကို ဖော်ပြတဲ့ structure တစ်ခုပဲဖြစ်ပါတယ် ။ ဥပမာအားဖြင့် …

They’ve hardly got enough money to live on.

She has got some lovely flowers in her garden.

The children have got a beautiful dolls’ house.

မဟုတ်ဝါကျနဲ. အမေးဝါကျတွေအတွက် ဆိုရင်တော့ do မပါဘဲသုံးရပါတယ် ။

Have you got any brothers or sisters?

Have you got anything more to say?

Has he got a job now?

I haven’t got much hair.

I’m afraid I haven’t got time to do it.

Got-forms တွေကို present tense မှာအသုံးများပါတယ် ။ I had got ကတော့ အသုံးနည်းပါတယ်တဲ့ ။ Got-forms တွေဟာ informal ပုံစံတွေဖြစ်ပြီး conversation တွေမှာအသုံးများတယ် writing မှာတော့ အသုံးနည်းပါတယ် ။

2. repetition နဲ. habit တွေကို ပြောတဲ့အခါမှာတော့ got-forms ကို အသုံးမပြုပါဘူး ။ အောက်ပါ ဝါကျတွေကို နှိုင်းယှဉ်ကြည့်ကြပါစို. ။

I’ve got toothache.

I often have toothache. လို.ရေးပါတယ် I’ve often got toothache. လို.မရေးရပါဘူး ။

We haven’t got any beer today, I’m afraid.

We don’t often have beer in the house.

have got to

1. အလွယ်ဆုံးနဲ.အရှင်းဆုံးပြောရရင်တော့ have got to = must ပါပဲ ။

Sorry, I’ve got to go now.

Do you often have to travel on business?

2. got-forms တွေဟာ Present Tense verb form တွေပါ ။ အောက်မှာကြည့်ပါ ။

I’ve got to go to London tomorrow.

I had to go to London yesterday. ပါ I had got to လို. ရေးလို.မရပါဘူး ။

3. ရှေ.မှာ ရေးခဲ့သလိုပါဘဲ got-forms တွေကို repetition နဲ. habit တွေအကြောင်းပြောရာမှာ မသုံးရပါဘူး။ အောက်ကဝါကျတွေကို ကြည့်ကြပါစို. ။

I’ve got to write a financial report tomorrow.

I have to write financial report at the end of every month.

Tuesday, July 7, 2009

စစ်မှန်သော မျိုးချစ်တို.သည် မဖြုန်းတီးကြပါ နောက်ဆက်တွဲ

ဒီ post က ဟိုနေ.က တင်ခဲ့တဲ့ "စစ်မှန်သောမျိုးချစ်တို.သည် မဖြုန်းတီးကြပါ" ရဲ.အဆက်ပါ ။ မူရင်းစာရေးဆရာရဲ. Essay နဲ.အတူ ကျွန်တော်ထုတ်ထားတဲ့ Notes လေးတွေနဲ. ကျွန်တော်ကြိုက်နှစ်သက်မိတဲ့ sentence လေးတွေကို ထုတ်ပြထားပါတယ် ။ ဖတ်ရှုဆွေးနွေးပေးကြပါအုံးခင်ဗျာ....




Real Patriots Don’t Spend
By Nancy Gibbs
Time (Thursday, Oct.2, 2008)

For nearly 3 million years of human history, saving and investment was a dumb idea. We hunted, we gathered, we consumed, and we moved on to greener pastures. Only when migrating tribes learned to settle down and farm did they need to save and plan, storing seeds and surpluses to tide them over from season to season. We’ve had 10,000 years to absorb the truth that cultures that don’t value THRIFT ultimately flame out and die. Apparently that isn’t long enough to learn the lesson.
Judging from tales about the rise and fall of empires, there is always a point when things are going so well that the emperors doubt that anything could ever go wrong. “THRIFT,” warned Nero’s adviser Seneca, “comes too late when you find it at the bottom of your purse.” In the Old World, nations grew fat and then lazy, until they collapsed under their own weight. But that was not to be our story. American greatness--the vision of the founders, the courage of the pioneers, the industry of the nation builders--reflected a mighty faith in the power of sacrifice as a muscle that made young nations strong. Banks were like gyms for the soul: the first savings banks in Boston and New York were organized as charities, where “humble journeymen” could exercise good judgment, store their money and not be tempted to waste it on drink. Architect Louis Sullivan carved the word THRIFT over the door of his “jewel box” bank nearly a century ago, for it was private virtue that made public prosperity possible.
That virtue died with the baby boom, but it had been ailing ever since the Depression, argues cultural historian David Tucker in The Decline of THRIFT in America. That crisis, he writes, invite economists to recast THRIFT as “the contemptible vice which threw sand in the gears of our consumer economy.” A White House report in 1931 urged parents to let children pick out their own clothes and furniture, thereby creating in the child “a sense of personal as well as family pride in ownership, and eventually teaching him that his personality can be expressed through things. “These days you can buy your baby daughter a BORN TO SHOP onesie with little pink purses on it.
Somewhere along the way, THRIFT did not just stop being a value; it became a folly. Saving was for suckers; you’d miss the ride, die leaving money on the table when you could have lived it up. There are no pockets in a shroud, as the saying goes. We once saved about 15% of our income. By the roaring ‘80s the rate was 4%; now we’re in negative numbers. Bob Hope liked to joke that “a bank is a place that will lend you money if you can prove that you don’t need it.” But that too changed as easy credit bloomed and usury became another of those vices that had somehow lost its juice. The average American has nine credit cards with a total $17,000 balance. We borrow against our houses and pensions to live in a way that dares us to actually grow old. "Never invest in any idea you can't illustrate with a crayon," Fidelity mastermind Peter Lynch advised, but we embraced all kinds of investments about which we understood nothing except the hollow promise that they would never fail. When the economy began to swoon we kept spending, effectively sending ourselves rebate checks from accounts already way overdrawn, as if it would make us feel better to buy a new TV and charge it to our kids. States fund their schools, which among other things are meant to turn children into responsible adults, by selling lottery tickets.
George W. Bush has never been reluctant to frame policy debates in moral terms, targeting an "axis of evil," casting tax cuts as the removal of "unfair burdens" on hardworking people, calling tariff reduction a "moral imperative." But THRIFT is one virtue he never invokes, and a restoration of restraint is a strain of conservatism he seldom promotes. In fact, it was after the most tragic day in modern U.S. history, when Bush urged people who wanted to help to "go shopping," that profligacy officially replaced prudence as a patriotic duty.
There's no way to tell during this current distress whether we're repenting or just retrenching. THRIFT-store sales are up. Cars are shrinking. P. Diddy retired his private jet to save on gas. In hard times, people often rediscover the peace that prudence brings, when you try to spend a little less than you have because tomorrow might be worse. But that feels almost un-American; we're optimists by nature, and we've been living large for so long that solvency feels like a sacrifice. It will take some sustained character education--and leadership--to understand that morning in America is more likely to come again if we prepare for midnight.


Notes:

tide sb over (sth) ~ (phr v) to help sb during a difficult period by providing what they need : Can you lend me some money to tide me over until I get paid?
thrift ~ (n) 1. the habit of saving money and spending it carefully so that none is wasted; 2. a wild plant with bright pink flowers that grows by the sea/ocean
humble ~ (adj) နှိမ့်ချမှုရှိသော ။ ထောင်လွှားမှု မရှိသော ။ Be humble enough to learn from your mistakes.
baby boom ~ (n) a period of sharp increase in the birth rate, as that in the U.S. following World War II
pick out ~ (phrv) 1. choose specially; 2. see among others, esp, with difficulty
vice ~ (n) ဒုစရိုက် ၊ အကျင့်ဆိုး
onesie OR onesize ~ is American English for a bodysuit for infants designed to conceal a diaper when worn. It is also called a creeper, diaper shirt or snapsuit
sucker ~ (n) (infml) a person easily cheated, deceived, or imposed upon (လူဖျင်း ၊ လူအ)
usury ~ (n) lending money to be paid back at an unfairly high rate of interest (အတိုးကြီးစား၍ ငွေတိုးချခြင်း)
shroud ~ (n) 1. cloth for covering a dead body
constraint ~ (n) repression of natural feelings and impulse
repression ~ သိုသိပ်ချုပ်တည်းသည်။
live it up ~ (v) (infml) live in a lively extravagant way
no way ~ (infml) not under any circumstances; no: Apologize to him? No way!
imperative ~ (adj) absolutely necessary or required; unavoidable
profligacy ~ (n) 1. shameless dissoluteness 2. reckless extravagance 3. great abundance (စည်းမဲ့ကမ်းမဲ့သုံးခြင်း ။ ဖြုန်းတီးခြင်း ။)
prudent ~ (adj) 1. wise or judicious in practical affairs 2. careful in providing for the future
large ~ (adj) grand or pompous (ဟိတ်ဟန်များသော ။ ခမ်းကြီးနားကြီးနိုင်သော။)


ကြိုက်မိသော sentence များ


Judging from tales about the rise and fall of empires, there is always a point when things are going so well that the emperors doubt that anything could ever go wrong.
အဲဒီ sentence ကို ကျွန်တော် ဒီလိုဘာသာပြန်လိုက်တယ် ……
“ အင်ပါယာများ၏ အတက်နှင့် အကျပုံပြင်တို.ကို ပြန်လည်၍ သုံးသပ်ကြည့်လျှင် အခြေအနေ အရပ်ရပ်တို.မှာ ကောင်းမွန် အဆင်ပြေနေလွန်းသည့် အတွက် ဧကရာဇ်ဘုရင်တို.မှာ တစ်ခုခု မှားယွင်းသွားနိုင်သည် ဆိုသည့် သံသယ လုံးဝမရှိသည့် အချိန်တစ်ချိန် အမြဲတမ်းလိုလို ရှိနေသည်ကို တွေ.ရှိရသည် ။”
အဲဒီအချက်ကဖြစ်နိုင်တယ်ဗျ……သူလုပ်သမျှ အဆင်ပြေနေတုန်းမှာ ဘယ်သူကများ ကိုယ့်လုပ်ရပ်က မှားနေနိုင်တယ်လို. တွေးမိမှာလဲဗျာ….။ အင်း……ကိုယ့်ဘာသာကိုသာ ဆက်ပြီးစဉ်းစားကြည့်ကြပေရော့ဗျို. ။
“THRIFT,” warned Nero’s adviser Seneca, “comes too late when you find it at the bottom of your purse.”
American greatness--the vision of the founders, the courage of the pioneers, the industry of the nation builders—reflected a mighty faith in the power of sacrifice as a muscle that made young nations strong.
Saving was for suckers; you’d miss the ride, die leaving money on the table when you could have lived it up.
Bob Hope liked to joke that “a bank is a place that will lend you money if you can prove that you don’t need it.”
“Never invest in any idea you can’t illustrate with a crayon,” Fidelity mastermind Peter Lynch advised, but we embraced all kinds of investments about which we understood nothing except the hollow promise that they would never fail.
There’s no way to tell during this current distress whether we’re repenting or just retrenching.
It will take some sustained character education-- and leadership—to understand that morning in America is more likely to come again if we prepare for midnight.

Saturday, July 4, 2009

စစ်မှန်သော မျိုးချစ်တို.သည် မဖြုန်းတီးကြပါ

၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ.ထုတ် Time မဂ္ဂဇင်းမှာ ပါတဲ့ အက်ဆေးလေးတစ်ပုဒ်ကို ဘာသာပြန်ထားတာပါ။ စီးပွါးရေးတွေပျက်တော့ သူတို.ဆီမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို ပြန်လည်အလေးပေး ဆွေးနွေးလာကြပါတယ် ။ ဘဏ်တွေစပျက်ခါစတုန်းက အဲဒီအကြောင်းတွေကို တော်တော်လေးလိုက်ပြီးဖတ်ဖြစ်လိုက်တယ် ။ Essay လေးတွေကို ကြိုက်တတ်တဲ့နဂိုအခံလေးရှိနေတာကတစ်ကြောင်း ၊ အင်္ဂလိပ်စာလေးတော့ ပြန်ပြီးလုပ်အုံးမှသင့်တော်မယ်လို. တွေးမိတာကတစ်ကြောင်းကြောင့် အခုလိုရေးဖြစ်သွားတာပါ ။ ဘာသာပြန်တွေကို ကူညီပြီး ဖတ်ရှုတည်းဖြတ်ပေးတဲ့ kokzkhine ရဲ.တိုက်တွန်းမှုတွေကို အထူးပဲကျေးဇူးတင်ရမှာပါ ။ ဝိုင်းဝန်းဖတ်ရှုပြီး ဝေဖန်ဆွေးနွေးပေးကြပါအုံးဗျာ…..။




လူ.သမိုင်း၏ နှစ်သန်းပေါင်း သုံးသန်း နီးပါးကာလ အတွင်း၌ လူသားတို.သည် စုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းကို မိုက်မဲရိုးအ၍ ပြုလုပ်ရန်မလိုအပ်သည့် လုပ်ရပ်အဖြစ် ယူဆခဲ့ကြပါသည် ။ သမိုင်းတစ်လျှောက်၌ လူတို.သည် အမဲလိုက်ခြင်း ၊ စုပေါင်းလုပ်ကိုင်ကြခြင်း ၊ စားသုံးခြင်း ၊ ရေကြည်ရာ မြတ်နုရာသို. ရွှေ.ပြောင်းခြင်း စသည်တို.သာ ပြုလုပ်ခဲ့ကြသည် ။ ရွှေ.ပြောင်းလှည့်လည် နေသည့် လူမျိုးစုတို. အတည်တကျ အခြေချနေထိုင်၍ ထွန်ယက်စိုက်ပျိုးခြင်းကို စတင်ပြုလုပ်လာချိန် ရောက်မှသာလျှင် စုဆောင်းရန်နှင့် ကြိုတင်၍ စီစဉ်ရန် လိုအပ်လာခြင်း ဖြစ်သည် ။ မျိုးစေ့များနှင့် ပိုလျှံသည့် စိုက်ပျိုးသီးနှံတို.ကို တစ်ရာသီမှ နောက်တစ်ရာသီ အကူးထိ သိုလှောင်သိမ်းဆည်းထားရန် လိုအပ်လာခြင်းဖြစ်သည် ။ “စုဆောင်းခြင်း” ကို တန်ဖိုးမထားသည့် ယဉ်ကျေးမှုများသည် အဆုံးတစ်နေ.၌ လောင်ကျွမ်းပျက်စီး၍ သေဆုံးသွားတတ်သည်ဆိုသည့် အမှန်တရားကို ကျွန်တော်တို. သင်ယူနားလည် ခဲ့သည်မှာ နှစ်ပေါင်း တစ်သောင်းမျှသာ ရှိပါသေးသည် ။ ထိုနှစ်ကာလ အပိုင်းအခြားသည် သင်ခန်းစာ သံဝေဂ ယူရန် လုံလောက်သေးပုံ မရပါ ။
အင်ပါယာများ၏ အတက်နှင့် အကျပုံပြင်တို.ကို ပြန်လည်၍ သုံးသပ်ကြည့်လျှင် အခြေအနေ အရပ်ရပ်တို.မှာ ကောင်းမွန် အဆင်ပြေနေလွန်းသည့် အတွက် ဧကရာဇ်ဘုရင်တို.မှာ တစ်ခုခု မှားယွင်းသွားနိုင်သည် ဆိုသည့် သံသယ လုံးဝမရှိသည့် အချိန်တစ်ချိန် အမြဲတမ်းလိုလို ရှိနေသည်ကို တွေ.ရှိရသည် ။ ထို.ကြောင့်ပင် နီရိုးဘုရင်၏ အကြံပေး ပုရောဟိတ် ဆီနီကာက ဤကဲ့သို. သတိပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည် “ခြိုးခြံချွေတာမှုဆိုသည်မှာ သင်၏ပိုက်ဆံအိတ် အောက်ခြေတွင် နောက်ဆုံးမှ ရှာဖွေတွေ.လေ့ရှိသည့် အမြဲတမ်း နောက်ကျလေ့ရှိသည့် အရာဖြစ်သည်” ။ ကမ္ဘာဟောင်း၏ သမိုင်းတစ်လျှောက်၌ နိုင်ငံတို.သည် ဆူဖြိုးကြီးထွားလာသည် ထို.နောက် ပျင်းရိလာလိုက်သည်မှာ သူတို.၏ အလေးချိန်ကို သူတို.မထိန်းနိုင်တော့ဘဲ နောက်ဆုံးလဲကျသွားသည် အထိပင်ဖြစ်သည် ။ သို.သော် ထိုပုံပြင်တို.မှာ ကျွန်တော်တို.၏ ပုံပြင်မဖြစ်စေရပါ ။ တည်ထောင်သူတို.၏ အမြော်အမြင် ကြီးမားမှုများ ၊ နယ်သစ်ရှာဖွေသူတို.၏ သတ္တိဗျတ္တိများ ၊ နိုင်ငံတည်ဆောက်ခဲ့သူတို.၏ လုံ.လဝီရိယ ကြီးမားမှုများ စသည့် အမေရိကန်တို.၏ ကြီးကျယ်မြင့်မြတ်မှုများက ကိုယ်ကျိုးစွန်.လွှတ်ခြင်းသည် နုနယ်သည့် နိုင်ငံတစ်ခုကို အင်အားကြီးမားလာစေသည့် ခွန်အားဖြစ်ကြောင်း ထင်ဟပ်နေခြင်း ဖြစ်ပါသည် ။ ဘဏ်များသည် စိတ်နှလုံးအတွက် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်သည့် အားကစားရုံများ သဖွယ် ဖြစ်ခဲ့ပါသည် ။ ဘော့စတွန်နှင့် နယူးယောက်၏ ပထမဆုံးဘဏ်များမှာ ကုသိုလ်ဖြစ်လုပ်ငန်းများ ဆောင်ရွက်သည့် အဖွဲ.အစည်းများ အဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည် ။ ခရီးသွား ခရီးလာများသည်သူတို.၏ ပိုက်ဆံများကို ထိုနေရာတို.၌ အပ်နှံသိမ်းဆည်း ထားခြင်း ၊ ဤနည်းအားဖြင့် ထိုပိုက်ဆံတို.ကို သောက်စား သုံးဖြုန်းပစ်ရန် သွေးဆောင် ဖြားယောင်းမှုများမှ ကာကွယ်နိုင်ခြင်း စသည့် ဆုံးဖြတ်ချက်ကောင်းများ ချမှတ်သည့် လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ကြပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန်.က ဗိသုကာ လူးဝစ်ဆာလီဗန်သည် သူ၏ “ကျောက်မျက်သေတ္တာ” ဟု အမည်ပေးထားသည့် ဘဏ်၏ တံခါးတွင် “ခြိုးခြံချွေတာပါ” ဆိုသည့် စာလုံးတို.ကို ထွင်းထုထားခဲ့သည် ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူတစ်ယောက်ချင်းစီ ကျင့်သုံးနိုင်သည့် လူအများ၏ ကြွယ်ဝချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်သော ကောင်းမွန်သည့် အလေ့အထ တစ်ခုဖြစ်သောကြောင့် ဖြစ်ပါသည်။
ထိုအလေ့အထသည် ဒုတိယကမ္ဘာစစ်ကြီးအပြီး ကလေးမွေးဖွါးနှုန်းများ မြင့်တက်သည့် ကာလနှင့်အတူ ပျောက်ကွယ်သွားခဲ့သည် ။ တကယ်တမ်းတွင် ထိုအလေ့အထတို.သည် မဟာစီးပွါးပျက်ကပ် ကတည်းကစ၍ တဖြည်းဖြည်း တိမ်ကောလာခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုသမိုင်းပညာရှင် ဒေးဗစ်တပ်ကာက သူ၏ “အမေရိကတွင် ခြိုးခြံချွေတာမှု ကျဆင်းလာခြင်း” ဆိုသည့် စာအုပ်တွင် ဖော်ပြထားသည် ။ ထိုစီးပွါးပျက်ကပ်က စီးပွါးရေးပညာရှင်တို.အား ခြိုးခြံချွေတာမှုကို “စားသုံးသူ ယဉ်ကျေးမှု စီးပွါးရေး စနစ်၏ ခွေးသွားစိတ်များထဲသို. သဲတစ်ဆုပ် ပစ်ထည့်ပေးသည်. စက်ဆုပ်ဖွယ် အကျင့်ဆိုး” အဖြစ် ပြန်လည်၍ အဓိပ္ပါယ်ဖွင့်ဆိုရန် ဖိတ်ခေါ်ခဲ့သကဲ့သို. ရှိသည်ဟု သူကရေးခဲ့သည် ။ ၁၉၃၁ ခုနှစ် အိမ်ဖြူတော် အစီရင်ခံစာ တစ်စောင်၌ ကလေးများအား သူတို.၏ ကိုယ်ပိုင်အဝတ်အစားနှင့် အသုံးအဆောင်များကို ရွေးထုတ်တတ်စေရန် လေ့ကျင့်ပေးသင့်ကြောင်း မိဘတို.ကို တိုက်တွန်းထားသည် ။ ဤသို.အားဖြင့် မိမိနှင့် မိသားစု၏ ပိုင်ဆိုင်မှုအပေါ် ဂုဏ်ယူစိတ်နှင့် နောက်ဆုံး၌ သူ၏ ကိုယ်ရည်ကိုယ်သွေးကို အရာဝတ္ထုများမှတစ်ဆင့် ဖော်ပြနိုင်ကြောင်း ကလေးအား သင်ကြားပေး လေ့ကျင့်ပေးရန် ဖြစ်သည် ။ ယနေ.အချိန်အခါတွင်မူ သင်၏သမီးငယ်အတွက် ပန်းရောင် ပိုက်ဆံအိတ် အငယ်စားလေး တွဲချုပ်ထားသည့် ကလေးဝတ် အပေါ်အောက် တွဲလျှက်ရှိသည့် “ဈေးဝယ်ဖို. မွေးဖွားလာ” ဝတ်စုံလေးကိုပင် ဝယ်ယူနိုင်ပြီဖြစ်သည် ။
ဤကာလ၏ ခရီးတစ်လျှောက် တစ်နေရာရာ၌ ခြိုးခြံချွေတာခြင်းသည် တန်ဖိုးထားဖွယ် နှုန်းစံတစ်ရပ် အဖြစ်မှ လျှောကျသွားရုံမျှသာမက မိုက်မဲမှုတစ်ခုအဖြစ်ပင် အသွင်ပြောင်းသွားခဲ့သည် ။ စုဆောင်းခြင်းသည် လူဖျင်းလူအ,တို. အတွက်ဖြစ်သည် ။ လူ.ဘဝ၏ ရွှင်မြူးဖွယ် ရသတို.နှင့် လွဲချော်သွားလိမ့်မည် ။ ပျော်ပျော်ပါးပါး သုံးဖြုန်းနေနိုင်ပါလျက်နှင့် ပိုက်ဆံတွေ စားပွဲပေါ်ချန်ပြီး သေဆုံးသွားရတော့မည်လော ။ “သေသူ၏ ဝတ်စုံတွင် ပိုက်ဆံအိတ် မပါ” ဟု ဆိုရိုးစကားလည်းရှိနေသေးသည် ။ ကျွန်တော်တို.သည် တစ်ရံရောအခါက ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းခန်. စုဆောင်းခဲ့ကြပြီး အစစအဆင်ပြေ အောင်မြင်နေသည့် ၈၀ ခုနှစ် ဝန်းကျင်ကာလများ၌ ၄ ရာခိုင်နှုန်းခန်.စုဆောင်းခဲ့ကြသည် ။ ယခုအခါ၌မူ ကျွန်တော်တို.၏ စုဆောင်းနှုန်းမှာ အနုတ်လက္ခဏာ ပြနေလေပြီ ။ “ဘဏ်ဆိုသည်မှာ သင့်အတွက် ပိုက်ဆံမလိုအပ်ကြောင်း သက်သေပြနိုင်လျှင် ငွေချေးပေးသည့် နေရာဖြစ်သည်” ဟု တစ်ခါတုန်းက ဘော့ဘ်ဟုပ်က ပြက်လုံးထုတ်ခဲ့ဖူးသည် ။ သို.သော် အတိုးနှုန်းကြီးကြီးနှင့် ငွေချေးပေးခြင်းမှာ အချိုရည်ကုန်သွားပြီးနောက် စက်ဆုပ်ဖွယ် လုပ်ရပ်ဖြစ်သွားပြီးလျှင် ငွေကိုလည်း လွယ်လွယ်ကူကူ ချေး၍ရသည့် ယနေ.လိုခေတ်ကာလမျိုး၌ ဤပြက်လုံးမှာလည်း ပြောင်းလဲသွားခဲ့လေပြီ ။ ယနေ.ခေတ် အချိန်အခါတွင် အမေရိကန်လူမျိုး အများစု၌ တစ်ယောက်လျှင် အကြွေးဝယ်ကတ် ၉ ကတ်မျှထိ ရှိကြသည် ။ ဤအရေအတွက်မှာ စုစုပေါင်း ဒေါ်လာ တစ်သောင်းခုနှစ်ထောင် ဖိုးမျှ အကြွေးဝယ်ယူနိုင်သော ကတ်အရေအတွက် ဖြစ်သည် ။ ကျွန်တော်တို.ကို အမှန်တကယ် အိုမင်း ရင့်ရော်သွားစေရန် တွန်းပို.ပေးသည့် လူနေမှုပုံစံတစ်ရပ် အတွက် ကျွန်တော်တို.သည် ကျွန်တော်တို.၏ အိမ်များ ကျွန်တော်တို.၏ ပင်စင်ရံပုံငွေ စုဆောင်းငွေများကို လက်ညှိုးထိုးပြကာ ငွေများကို ချေးယူခဲ့ကြသည် ။ “ရောင်စုံ ရုပ်ပုံများဖြင့် သေသေချာချာ ရှင်းလင်းပြသနိုင်ခြင်း မရှိသည့် မည်သည့် စိတ်ကူးအကြံအစည်တွင်မျှ ရင်းနှီးမြှုပ်နှံမှု မလုပ်ပါနှင့်” ဟု ဖီဒယ်လတီမှ စီစဉ်ညွှန်ကြားသူ ပီတာလင်း က ပြောခဲ့ဖူးသည် ။ သို.ရာတွင် ကျွန်တော်တို.သည် ဘယ်သောအခါမှ မဆုံးရှုံးနိုင်ပါ ဆိုသည့် အနှစ်မပါ ဗလာသက်သက် ကတိစကားမှလွဲ၍ မည်သည့်အရာကိုမျှ မိမိကိုယ်တိုင် နားလည်ခြင်းမရှိသည့် ရင်းနှီးမြှုပ်နှံမှု မျိုးစုံကို လိုလိုလားလား လက်ခံပြုလုပ်ခဲ့ကြပေပြီ ။ စီးပွါးရေး စတင်ကျဆင်းလာချိန်တွင်လည်း သုံးလို.ကောင်းတုန်းပင် ။ ဘဏ်စာရင်းတွင် ရှိသည့်ငွေထက် ပို၍ထုတ်သုံးကာ ပြန်လည် ရရှိလာမည့် လျှော.ဈေးပြန်အမ်းငွေ ချက်လက်မှတ်တို.ကို မျှော်နေကြပုံမှာ ရုပ်မြင်သံကြားစက် အသစ်ကိုဝယ်၍ ကျသင့်ငွေကို မိမိ၏ရင်သွေး ကလေးတို.အား ပေးချေ နေစေခြင်းကို သာယာမိန်းမူး နေသည့်နှယ်ပင်ဖြစ်သည် ။ ပြည်နယ်အစိုးရတို.သည်လည်း ထီလက်မှတ်ရောင်းခြင်းဖြင့် ရရှိလာသည့် ငွေကြေးတို.ဖြင့် ကလေးငယ်တို.အား တာဝန်သိတတ်သည့် လူများဖြစ်လာစေရန် ရည်ရွယ်သည့် စာသင်ကျောင်းများကို ထောက်ပံ့ကြေးပေးနေလေပြီ ။
ဂျော့ခ်ျဒဗလျူဘုရှ်သည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ အကြောင်းအရာတို.ကို မူဝါဒရေးရာ ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရန် မည်သည့်အခါမျှ နှောင့်နှေးတွန်.ဆုတ်ခြင်း မရှိခဲ့ပါ ။ “မကောင်းဆိုးဝါး ဝန်ရိုးတန်း” နိုင်ငံများကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သည် ။ ဝင်ငွေခွန် လျှော့၍ ကောက်ခံခြင်းကို အလုပ်ကြိုးစား လုပ်သည့် ပြည်သူများ အပေါ်မှ “တရားမျှတခြင်းမရှိသော ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားခြင်း” အဖြစ် ပုံဖော်ခဲ့သည် ။ အကောက်ခွန်နှုန်း လျှော့ချခြင်းကို “ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ရှောင်လွှဲ၍ မရသော” လုပ်ရပ် အဖြစ် ရည်ညွှန်း သုံးစွဲခဲ့သည် ။ သို.သော် “ခြိုးခြံချွေတာခြင်း” နှင့်ပက်သက်၍မူ ဘယ်တုန်းကမှ မဆွေးနွေးခဲ့ပါ ။ သိုသိပ်ချုပ်တည်းသည့် အလေ့အထကို ပြန်လည် အသက်သွင်းရေးသည် အပြောင်းအလဲသိပ်မကြိုက်သော ရှေးရိုးစွဲဝါဒီ တို.အတွက် အလွန်ဝန်လေးစေပြီး သူ.အနေဖြင့် ကြုံတောင့်ကြုံခဲ တစ်ခါတစ်ရံမှသာ ဆွေးနွေးသည့် အကြောင်းအရာဖြစ်သည် ။ အမြော်အမြင်ရှိရှိ ဆင်ဆင်ခြင်ခြင် နေထိုင်သည့် အလေ့အထ၏ နေရာတွင် ဝင့်ဝါဖြုန်းတီးခြင်းကို မျိုးချစ်စိတ်ရှိသော လုပ်ရပ်အဖြစ် အစားထိုးပစ်သည့် ခေတ်သစ်အမေရိကန် သမိုင်း၏ ဝမ်းနည်းဖွယ် အကောင်းဆုံးနေ.ရက်များ ကုန်လွန်သွားပြီးချိန်မှသာလျှင် “ဈေးဝယ်ထွက်လိုသည့်” ပြည်သူများကို ဘုရှ်က တိုက်တွန်းခဲ့ခြင်း ဖြစ်သည် ။
ယခုလက်ရှိဖြစ်နေသည့် အကျပ်အတည်း၌ ကျွန်တော်တို.သည် နောင်တရနေခြင်းလော သို.တည်းမဟုတ် အသုံးစာရိတ်တို.ကို လျှော့ချဖြတ်တောက်နေရုံမျှသာလော ဆိုသည်ကို ပြောနေရန်မလိုပါ ။ “ချွေတာပါ” - စတိုးဆိုင်များ၏ ရောင်းအားများ တက်နေသည် ။ ကားတွေ သေးငယ်သွားသည် ။ ပီဒစ်ဒီသည် လောင်စာဆီ အသုံးချွေတာရန် သူ၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကို မသုံးတော့ဘဲ အနားပေးလိုက်သည် ။ ခက်ခဲကြမ်းတမ်း၍ အတိဒုက္ခရောက်နေချိန်များ၌ လူတို.သည် အမြော်အမြင်ရှိရှိ နေထိုင်ခြင်းက ဆောင်ကြဉ်းပေးသည့် ငြိမ်းချမ်းမှုကို ပြန်လည်၍ တွေ.လေ့ရှိပါသည် ။ မနက်ဖြန်တွင် အခြေအနေတို. ပို၍ဆိုးကောင်းဆိုးလာနိုင်သည်.အတွက် ယခုသင့်တွင်ရှိနေသည်ထက် အနည်းငယ်မျှ လျှော့၍သုံးခြင်းသည် အမြော်အမြင် ကြီးရာ မရောက်ပါလော ။ သို.သော် ထိုသို. နေထိုင်ခြင်းမှာ “အမေရိကန်မဆန်” ဟု ခံစားရစေပါသည် ။ ကျွန်တော်တို.သည် သဘာဝအားဖြင့် အကောင်းမြင်တတ်ကြပြီး ကိန်းကြီးခန်းကြီး နေထိုင်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည့်အတွက် ကြွေးမြီကင်းကင်း ရိုးရိုးရှင်းရှင်း နေထိုင်ခြင်းသည် ကျွန်တော်တို.အတွက် စွန်.လွှတ်ခြင်းတစ်မျိုးအဖြစ် ခံစားရစေနိုင်ပါသည် ။ ဤသည်တို.ကို ကုစားရန်အတွက် ရေရှည်တည်တံ့မည့် အမူအကျင့်ဆိုင်ရာ ပညာရေးစံနစ်နှင့် အမေရိကအတွက် မနက်ခင်းတို.ပြန်လည် နိုးထလာစေဖို. သန်းခေါင်ယံကို ရင်ဆိုင်ဖို. ပြင်ဆင်ထားဖို.လိုကြောင်း နားလည်သည့် ခေါင်းဆောင်မှုမျိုး လိုအပ်ပါသည် ။

(October 2, 2008 ခုနှစ်ထုတ် Time မဂ္ဂဇင်းမှ Nancy Gibbs ၏ Real Patriots Don't Spend ကို သင့်လျော်အောင် ပြန်ဆိုထားပါသည် ။)