Saturday, June 26, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၈ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေးဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၈
စီးပွါးရေး အပူချိန် လွန်ကဲလာခြင်း
၁၉၈၄ နှင့် ၁၉၈၈ ခုနှစ်တို.တွင် တရုတ်ပြည်၏ စီးပွါးရေးမှာ အပူချိန်လွန်ကဲလာသည် ။ ကျောက်က
ပထမအကြိမ် အကျပ်အတည်းအတွင်းက သူ၏တုံ.ပြန်မှုတို.ကို နောက် ၄ နှစ် ကြာတွင် ဖြစ်ပေါ်ခဲ့သည့်
အကျပ်အတည်း၌ အစိုးရမူဝါဒများ မအောင်မြင်ရခြင်းနှင့် ယှဉ်ထိုး၍ ရှင်းလင်းပြခဲ့သည် ။ ၁၉၈၈
ခုနှစ်အတွင်း၌ ဖြစ်ကတတ်ဆန်းပြုလုပ်ခဲ့သည့် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးအပြီးတွင် ငွေဖောင်းပွမှုနှုန်း
မြင့်တက်လာခဲ့ပြီး ၊ လူအများက ဘဏ်စုငွေများ အပြိုင်အဆိုင် ပြန်လည်ထုတ်ယူကြပြီး ကုန်စည်များကို
အလုအယက် ဝယ်ယူခဲ့ကြသည် ။ အခြေအနေများအပေါ် သူ၏ကိုင်တွယ်ခဲ့မှုများအတွက် ကျောက်က
ဝမ်းနည်းစိတ်မကောင်းကြောင်း ဖော်ပြခဲ့သည် ။
၁၉၈၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စီးပွါးရေးပြန်လည်ထိန်းညှိမှုသည် စိုက်ပျိုးရေးနှင့်စက်မှုထုတ်ကုန် တိုးတက်နှုန်းကို ၄ရာခိုင်နှုန်း လျော့ကျသွားစေခဲ့သည် ။ နောက်နှစ်တွင် စီးပွါးရေးသည် ပို၍လျှင်မြန်စွာ တိုးတက်လာပြီးလျှင် နောက်ဆုံးတွင် အားကောင်းသည့် လမ်းကြောင်းပေါ်သို. ပြန်လည်ရောက်ရှိခဲ့သည် ။ ၁၉၈၃ နှင့် ၁၉၈၄ ခုနှစ်တို.တွင် စီးပွါးရေးဖွံ.ဖြိုးမှု ကောင်းမွန်ခဲ့သည် ၊ စီးပွါးရေး အလျှင်အမြန် တိုးတက်လာရုံမျှမက ရောင်းလိုအားနှင့် ဝယ်လိုအားတို.မှာလည်း အချိုးညီနေသည် ။ အညွှန်းကိန်း အသီးသီးမှာ အားကောင်းနေသည် ၊ စီးပွါးရေး စွမ်းဆောင်ရည်မှာ သိသိသာသာ တိုးတက်လာပြီး ပြည်သူလူထု၏ လူနေမှုအတင့်အတန်းမှာလည်း မြင့်မားလာသည် ။
သို.သော်လည်း ၁၉၈၄ခုနှစ် စတုတ္ထလေးလပတ်မှစ၍ တိုးတက်နှုန်းမှာ အလွန်အမင်း မြင့်မားလာသည် ၊ ဘဏ်ချေးငွေများ အလွန်အကျွံ ထုတ်ပေးထားပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးများကို လွန်ကဲစွာ အကောင်အထည်ဖော်နေသည် ။ အကျိုးဆက်အားဖြင့် ဈေးနှုန်းများ ပို၍တက်လာခဲ့သည် ။
၁၉၈၅ခုနှစ် အစပိုင်းတွင် ဤသို. စီးပွါးရေးအပူချိန် လွန်ကဲခြင်း၏ လက္ခဏာရပ်များ ပေါ်ထွက်လာသည့်အတွက် ဗဟိုဦးဆောင်အဖွဲ.နှင့် နိုင်ငံတော်ကောင်စီတို.က ကျယ်ပြန်.သည့် စီးပွါးရေးဆိုင်ရာ ထိန်းချုပ်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း ၊ ဘဏ်ချေးငွေတို.ကို ဇက်ကြိုးသတ်ပေးခြင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို လျှော့ချခြင်း စသည်တို.ဖြင့် စီးပွါးရေးအပူချိန်လွန်ကဲမှုကို အေးသွားစေရန် ကြိုးစားခဲ့သည် ။ သို.သော်လည်း ဘဏ်စနစ်ကို ပြုပြင်ပြောင်းလဲမှု မပြုလုပ်ရသေးသည့်အတွက် ဘဏ်ချေးငွေ ထိန်းချုပ်မှု ပြုလုပ်ရာတွင် အောက်ခြေအဆင့်များသို. ချေးငွေခွဲတမ်းများကို သတ်မှတ်ပေးခြင်းစသည့် အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်းများဖြင့်သာ ပြုလုပ်ရသည် ။
ဤသို.ပြုလုပ်ရာ၌ နယ်ပယ်အသီးသီးမှ တုံ.ပြန်မှုများမှာ ပြင်းထန်လှပြီး စီးပွါးရေးကို ချောမွေ.စွာ လည်ပတ်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည် ။ ဘဏ်ချေးငွေ ခွဲတမ်းတို.ကို နိုင်ငံတော်ကောင်စီမှ ဗဟိုဘဏ်သို. ၊ ထိုမှတစ်ဖန် ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် ဘဏ်ခွဲများသို. အသီးသီး သတ်မှတ်ချမှတ်ပေးခဲ့သည် ။ အကျိုးဆက်အားဖြင့် ဒေသဆိုင်ရာ အစိုးရများက ၎င်းတို.၏ ချေးငွေခွဲတမ်းများကို ၎င်းတို.ကြိုက်နှစ်သက်သည့် စီမံကိန်းများအတွက် အသုံးပြုကြသည် ၊ အထူးသဖြင့် အထူးတည်ဆောက်ရေး စီမံကိန်းများတွင် သုံးစွဲကြပြီး တခြားလျစ်လျူရှုထား၍ မရနိုင်သည် စီမံကိန်းများအတွက် ဘာမှမကျန်တော့ပေ ။ ဤဖြစ်စဉ်က ချေးငွေခွဲတမ်းများ တိုးမြှင့်ချထားစေရန် ဗဟိုအစိုးရအား တွန်းပို.ပြန်သည် ။
ဥပမာအားဖြင့် ချေးငွေထိန်းချုပ်မှုကို စတင်အကောင်အထည်ဖော်သည်နှင့် ဒေသဆိုင်ရာ အစိုးရအများအပြားက သူတို.အတွက် သတ်မှတ်ပေးသည့် ဘဏ်ချေးငွေကို တခြားနေရာများတွင် သုံးစွဲလိုက်ကြပြီးဖြစ်သော်လည်း နှစ်စဉ်ကောက်ပဲသီးနှံ ဝယ်ယူရေးအတွက် ဘဏ္ဍာငွေမရှိကြောင်း ကန်.ကွက်တိုင်ကြားကြသည် ။ ဘဏ်ချေးငွေ ကန်.သတ်မှုမှာ ထိန်းချုပ်ပြီး မကြာမှီအတွင်း ပြန်၍ဖြေလျှော့ပေးလိုက်ရသည် ။
ထို.ကြောင့် နှစ်ဆန်းပိုင်း၌ ကျယ်ပြန်.သည့် စီးပွါးရေးဆိုင်ရာထိန်းချုပ်မှုများ ချမှတ်အကောင်အထည်ဖော်ခဲ့သော်လည်း ၁၉၈၅ ခုနှစ်အတွင်း၌ တိုးတက်နှုန်းမှာ အလွန်အမင်း မြင့်မားနေဆဲဖြစ်သည် ။ စီးပွါးရေး အပူချိန်လွန်ကဲမှုမှာ ပို၍ဆိုးဝါးလာသည် ။
အခြေအနေကို ကျွန်တော်တို. မည်ကဲ့သို. ကိုင်တွယ်နိုင်ပါသနည်း ။ နည်းလမ်းနှစ်မျိုး စဉ်းစားခဲ့ကြသည် ။ ကျွန်တော်တို.အနေဖြင့် အစဉ်အလာနည်းလမ်းကို ကျင့်သုံးနိုင်သည် ။ စီးပွါးရေးကို ဘရိတ်အုပ်ခြင်းနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတို.ကို ဖြတ်တောက်ခြင်း စသည်တို.ဖြင့် ၁၉၈၁ ခုနှစ်အတွင်းက ကျင့်သုံးခဲ့သည့် ပြန်လည်ထိန်းညှိရေးကို ပြန်လည်အသုံးပြုနိုင်သည် ။
နောက်တစ်နည်းမှာ ပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသည့်နည်းဖြစ်သည် ။ ပထမနည်းမှာ နယ်ပယ်အသီးသီး၌ ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများမှာ ၁၉၈၁ ခုနှစ် ပြန်လည်ထိန်းညှိရေးအပြီး နှောင့်နှေးကျန်.ကြာနေခဲ့ရာမှ ပြန်လည်စတင်သည်မှာ မကြာမြင့်သေးသည့်အတွက် လက်တွေ.မကျပေ ။ ၎င်းတို.ကို ပြန်လည်ဖြတ်တောက်ခြင်းသည် ပြည်တွင်းပြည်ပ၌ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည် ။ ထို.ကြောင့် “ညင်သာသည့် ဆင်းသက်နည်း”ကို အသုံးပြုရန် ကျွန်တော်ဆုံးဖြတ်ခဲ့သည် ။ အခြေအနေအားလုံးကို ၁ နှစ်အတွင်း ထိန်းညှိမည့်အစား နှစ်ပေါင်းများစွာကြာအောင် အချိန်ယူ၍ ဖြည်းဖြည်းချင်း ထိန်းညှိမှု ပြုလုပ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည် ။
ဘဏ်ချေးငွေနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများကို နောက်ထပ် ၂ နှစ်ကြာမျှ ဆက်လက်၍ တင်းကျပ်စွာ ထိန်းချုပ်သွားမည့် ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်ခဲ့သည် ။ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို စီမံကိန်းတစ်ခုချင်း၏ အချိန်ကာလနှင့် ဦးစားပေးမှုအရ ထိန်းညှိသွားခြင်းဖြင့် ၁၉၈၅ ခုနှစ်က နှုန်းထားအတိုင်း ဆက်လက်ရှိနေစေမည်ဖြစ်သည် ။ အကယ်၍ တိုးတက်မှုနှုန်းသည် ၂ နှစ်ဆက်တိုက် ဤနှုန်းအတိုင်း ရှိနေပါက အခြေအနေများသည် ပုံမှန်အနေအထားသို. ပြန်လည်ရောက်ရှိသွားနိုင်သည် ။ ဤအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းကြောင့် ၁၉၈၆ ခုနှစ်အတွင်း၌ အထွေထွေအခြေအနေမှာ ကောင်းမွန်လာသည် ။
ရလာဒ်ကောင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည် ။ ၁၉၈၇ ခုနှစ်အတွင်း၌ ဂျီအင်ပီနှင့် ဂျီဒီပီသည် ၁၀ ရာခိုင်နှုန်းကျော်မျှ တိုးတက်ခဲ့သည် ။ စက်မှုလုပ်ငန်း ထွက်ကုန်များမှာ ၁၇ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေး ထွက်ကုန်များမှာ ၆ ရာခိုင်နှုန်းနီးပါးမျှ တိုးတက်ခဲ့သည် ။ လက်လီဈေးနှုန်းများမှာ ၇.၃ ရာခိုင်နှုန်းမျှ မြင့်တက်ခဲ့သည် ။ မြေအစရှိသည့် မရွှေ.ပြောင်းနိုင်သော ပစ္စည်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၏ အခြေအနေမှာ ကောင်းမွန်နေသည် ။
အားလုံးကို ခြံငုံသုံးသပ်ကြည့်ပါက “ညင်သာသည့် ဆင်းသက်နည်း”ကို ချမှတ်ကျင့်သုံးပြီး ၂ နှစ်အကြာ၌ အခြေအနေများ တိုးတက်လာခဲ့သည် ။ အထွေထွေ စီးပွါးရေး ဝန်းကျင်သည်လည်း တင်းမာမနေတော့ပေ ။ နှစ်အကုန်၌ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို.က အခြေအနေကို ပြန်လည်အကဲဖြတ်ရာ၌ ချက်ချင်းထိန်းညှိမှုနည်းလမ်းကို ကျင့်သုံးသည့်အစား “ညင်သာသည့် ဆင်းသက်နည်း”ကို ကျင့်သုံးသည်က ပို၍အလုပ်ဖြစ်ကောင်းမွန်ကြောင်း သူတို.က အသိအမှတ်ပြုခဲ့ကြသည် ။
၁၉၈၈ ခုနှစ်အတွက်လည်း နဂိုမူလက ထိုအတိုင်းကျင့်သုံးဖို.ဖြစ်သည် ။ ၁၉၈၈ခုနှစ်အတွက် စီမံကိန်းများ ရေးဆွဲချမှတ်ရေးအတွက် ၁၉၈၇ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် အမျိုးသားစီမံကိန်းရေးဆွဲရေး ကွန်ဂရက်အစည်းအဝေးတွင် ဗဟိုကော်မတီကိုယ်စား ကျွန်တော်မိန်.ခွန်းပြောခဲ့သည် ။ စီးပွါးရေးတည်ငြိမ်စေရန်အတွက် မူဝါဒများ ချမှတ်ရာတွင် (အထူးသဖြင့် ဈေးနှုန်းများ မြင့်တက်လာမှုအတွက်) ဘဏ္ဍာငွေနှင့် ချေးငွေတို.ကို တင်းကျပ်စွာ ထိန်းချုပ်ထားရမည် ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို.ကို လျှော့ချဖို.လိုအပ်သည် ၊ အသုံးစားရိတ်တို.ကို ထိန်းချုပ်ဖို.လိုသည် ၊ တစ်ပြိုင်တည်းတွင် ကုန်ထုတ်လုပ်မှု မှန်မှန်တိုးတက်နေခြင်းကို ထိန်းသိမ်းထားဖို.လိုသည်ဟု ကျွန်တော်က ထောက်ပြခဲ့သည် ။ ၁၉၈၈ ခုနှစ်အတွက် စီးပွါးရေးမဟာဗျူဟာကို အချက် ၂ ချက်ဖြင့် အကျဉ်းရုံးဖော်ပြနိုင်သည် ။ စီးပွါးရေးတည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပြုပြင်ပြောင်းလဲရေးကို ပို၍နက်ရှိုင်းစွာ အကောင်အထည်ဖော်သွားရန်တို.ဖြစ်သည် ။
ဤမဟာဗျူဟာများ ချမှတ်ခဲ့ပါလျှက်နှင့် လက်လီဈေးနှုန်းများ ၁၈.၅ ရာခိုင်နှုန်းအထိ ထိုးတက်သွားစေသည့် ငွေဖောင်းပွမှုသည် မည်ကဲ့သို.ဖြစ်ပွါးခဲ့ပါသနည်း ။ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ကတည်းက ဤသို.သော ဖြစ်ရပ်မျိုး ဖြစ်ပွါးခဲ့ခြင်းမရှိပေ ။
ငွေဖောင်းပွမှုသည် အချက်များစွာတို. ပေါင်းစုံခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည် ။ ထိုစဉ်က ကျွန်တော် ထောက်ပြခဲ့ပြီး ယနေ.ထိတိုင် ယုံကြည်နေဆဲဖြစ်သည်မှာ ငွေကြေးဖောင်းပွမှုသည် အဓိကအားဖြင့် ၁၉၈၈ ခုနှစ်အတွင်း ဈေးနှုန်းပြုပြင်ပြောင်းလဲရေးပြုလုပ်ရာ၌ မဆီလျော်သည့်နည်းလမ်းများဖြင့် တုံ.ပြန်ခဲ့သောကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည် ။
ဈေးနှုန်းပြုပြင်ပြောင်းလဲရေး (ဈေးနှုန်းသတ်မှတ် လည်ပတ်မှုကို ဖြည်းဖြည်းချင်း ထိန်းညှိသွားသည့်ဖြစ်စဉ်)သည် စီးပွါးရေးပြုပြင်ပြောင်းလဲရေး၏ အလွန်အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်သည် ။ ဈေးနှုန်းစနစ်ကို သေချာစွာ မဖြေရှင်းပါက စီးပွါးရေးပြုပြင်ပြောင်းလဲရေးကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည်မဟုတ်ဟု ကျွန်တော်တို. အမြဲတမ်းပင် ယုံကြည်ခဲ့သည် ။
၁၉၈၆ နှင့် ၁၉၈၇ ခုနှစ် ၂ နှစ်မျှ “ညင်သာသည့် ဆင်းသက်နည်း” ကို ကျင့်သုံးပြီးသည့်အခါ၌ ၁၉၈၈ခုနှစ်အတွင်း ဈေးနှုန်းပြုပြင်ပြောင်းလဲရေးကို ကြီးမားကျယ်ပြန်.စွာ အကောင်အထည်ဖော်ရန်အတွက် အခြေအနေများမှာ သင့်တော်သည့် အနေအထားသို. ရောက်ရှိနေပြီဖြစ်သည် ။ သို.သော်လည်း အဆိုပြုခဲ့သည့် “ဈေးနှုန်းပြုပြင်ပြောင်းလဲရေး အခက်အခဲများကို ထိုးဖောက်ကျော်လွှားခြင်း”ဟူသည့် အဆိုပြုချက်တွင်ပါရှိသည့် လမ်းညွှန်ချက်များနှင့် အကောင်အထည်ဖော်သည့် နည်းလမ်းအားလုံးမှာ မှားယွင်းနေသည် ။ အကျိုးဆက်အားဖြင့် အလွန်စိုးရိမ်ဖွယ်ကောင်းသည့် မှားယွင်းမှုများဖြစ်ပေါ်ခဲ့ပြီး စီးပွါးရေးအတွက် လေးနက်သည့် နောက်ပြန်ဆုတ်မှုများ ဖြစ်ပေါ်စေခဲ့သည် ။
ဤအချက်များ မည်ကဲ့သို.ဖြစ်ပေါ်ခဲ့ပါသနည်း ။ ကျွန်တော်ပြောခဲ့သလိုပင် နဂိုမူလက “ညင်သာသည့် ဆင်းသက်နည်း”ကို ဆက်လက်ကျင့်သုံးဖို.ပင်ဖြစ်သည် ။ သို.သော် ၁၉၈၈ခုနှစ် နွေဦးရာသီတွင် ကုန်ဈေးနှုန်း တက်လာခြင်းနှင့် ဈေးနှုန်း ၂ မျိုး ကျင့်သုံးသည့်စနစ်(ဤစနစ်က အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်စေရန် အားပေးသည်)ကို ပြင်းထန်သည့် တုံ.ပြန်မှုများ ပေါ်ပေါက်လာသည် ။ တိန်.ရှောင်ပင်းကလည်း ဈေးနှုန်းပြုပြင်ပြောင်းလဲရေးနှင့်ပက်သက်၍ ပြတ်သားသည့် ဆောင်ရွက်မှုများ ပြုလုပ်ဖို. အကြိမ်ကြိမ် တိုက်တွန်းခဲ့သည် ။ သူက ဤကိစ္စတွင် ထိုးဖောက်ကျော်လွှားရမည်ဟု ယုံကြည်နေပြီး “ပြင်းထန်သည့် နာကျင်မှုကို တစ်ခဏတာမျှ တွေ.ကြုံခံစားရခြင်းသည် တအိအိနာကျင်မှုကို ရေရှည်ခံစားနေရခြင်းထက် ပို၍ကောင်းသည်”ဟု ပြောခဲ့သည် ။
ဤအချက်များကြောင့် ဖြည်းဖြည်းချင်း တစ်ဆင့်ပြီးတစ်ဆင့်သွားသည့်နည်းလမ်းကို စွန်.လွှတ်၍ အားလုံးကို တစ်ပြိုင်တည်းလုပ်ဆောင်ဖို. ကျွန်တော် ကြံဆခဲ့သည် ။ ပုံသေသတ်မှတ်ထားသည့် ဈေးနှုန်းများမှာ မြင့်တက်လာသော်လည်း လွဲမှားသသည့် ဈေးနှုန်းသတ်မှတ်မှုများ၏ အခြေအနေမှာမူ မပြောင်းလဲပေ ။ ထို.ကြောင့် ကြီးမားသည့် ထိန်းညှိမှုများကို နယ်ပယ်အားလုံး၌ တစ်ပြိုင်တည်း ပြုလုပ်ခြင်းသည် ပို၍အဆင်ပြေကောင်း အဆင်ပြေနိုင်ပေသည် ။ အချိန်ကာလတစ်ခုအတွင်း၌ ဆိုကြပါစို. ၂ နှစ်မှ ၃ နှစ်အတွင်း၌ ကျွန်တော်တို.သည် ဈေးနှုန်းများကို အတိုင်းအတာတစ်ခုအထိ ဥပမာအားဖြင့် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းမျှထိ မြှင့်တင်သွားနိုင်သည် ။ ဤနည်းအားဖြင့် လူသုံးစားသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းကို သင့်တော်သည့် အတိုင်းအတာထိ မြှင့်တင်သွားနိုင်ပြီး ဤသို.ပြုလုပ်ခြင်းဖြင့် မူမမှန် ကျိုးကြောင်းဆီလျှော်မှုမရှိသည့် ဈေးနှုန်းစနစ်ကို ပယ်ဖျက်နိုင်မည်ဖြစ်သည် ။
ကျွန်တော်၏ အဆိုပြုချက်ကို ၁၉၈၈ခုနှစ် နွေးဦးရာသီတွင် ပြုလုပ်ခဲ့သည့် အကျယ်ချဲ. တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေး၌ မူအားဖြင့် သဘောတူခဲ့ပြီးနောက် အကောင်အထည်ဖော်ရမည့် နည်းလမ်းများနှင့်ပက်သက်၍ လေ့လာမှုပြုလုပ်ရန် ယော်ယိလင်အား နိုင်ငံတော်စီးပွါးရေးစီမံကိန်း ရေးဆွဲရေးကော်မရှင်ကို ဦးဆောင်ရန် တာဝန်ပေးခဲ့သည် ။ ဘေဒိုင်ဟီ(နှစ်စဉ်နွေရာသီတိုင်း ပါတီခေါင်းဆောင်များ အစည်းအဝေးကျင်းပလေ့ရှိသည့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း)၌ အကျယ်ချဲ. တည်ဆဲပေါ်လစ်ဗျူရို ကော်မတီမှ အပြန်ပြန်အလှန်လှန် ဆွေးနွေးကြပြီးနောက် ၁၉၈၈ ခုနှစ် နွေရာသီ၌ ယော်ယိလင်နှင့် နိုင်ငံတော်စီးပွါးရေးစီမံကိန်း ရေးဆွဲရေးကော်မရှင်မှ အဆိုပြုတင်ပြသည့် အစီအစဉ်ကို အတည်ပြုခဲ့သည် ။ အကောင်အထည်ဖော်မှုကို ၁၉၈၈ခုနှစ် စတုတ္ထလေးလပတ် သို.မဟုတ် ၁၉၈၉ခုနှစ်ဆန်းပိုင်း၌ စတင်ဖို. သတ်မှတ်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုမြင့်မားနေခြင်းကြောင့် ပယ်ဖျက်ခဲ့သည် ။
၁၂ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှစ၍ ဈေးနှုန်းပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်၍ ကျွန်တော်တို.၏ မဟာဗျူဟာမှာ ပြန်လည်ထိန်းညှိရေးနှင့် ထိန်းချုပ်မှုများ လျှော့ချပေးခြင်းတို.ကို ပေါင်းစပ်ကျင့်သုံးခဲ့သည်။ တချို.ဈေးနှုန်းများကို အစိုးရက အပေါ်မှအောက်ခြေသို. ထိန်းညှိခြင်းဖြစ်ပြီး တခြားသော ဈေးနှုန်းများကို ဈေးကွက်အင်အားစုများ၏ တောင်းဆိုမှုအတိုင်း ထိန်းညှိခြင်းဖြစ်သည် ။ ကုန်ပစ္စည်းတစ်မျိုးတည်းကိုပင် စီမံကိန်းစီးပွါးရေးကဏ္ဍအတွင်း၌ အစိုးရက ဈေးနှုန်းသတ်မှတ်ပေးထားပြီး ထိုပစ္စည်းကိုပင် ပြင်ပဈေးကွက်၌ ပေါက်ဈေးအတိုင်း ရောင်းဝယ်ကြသည် ။ ဤသည်မှာ ဈေးနှုန်း ၂ မျိုး သတ်မှတ်သည့် စနစ်ဖြစ်သည် ။
ရည်ရွယ်ချက်မှာ ဈေးကွက်တောင်းဆိုမှုကို တုံ.ပြန်ရန်ဖြစ်ပြီး ဈေးနှုန်းထိန်းချုပ်မှုကို ဖြည်းဖြည်းချင်း လျှော့ချပေးသွားခြင်းဖြင့် အဆုံး၌ ဈေးကွက်အင်အားစုများကသာ ဈေးနှုန်းကို သတ်မှတ်နိုင်စေရန်ဖြစ်သည်။ သို.သော်လည်း အဆိုပြုထားသည့် ဈေးနှုန်းပြုပြင်ပြောင်းလဲရေး အစီအစဉ်သည် ဖြည်းဖြည်းချင်းပြုပြင်သွားမည့် မဟာဗျူဟာနှင့် ကိုက်ညီမှုမရှိပဲ အစိုးရက ကြီးမားစွာ ထိန်းချုပ်ကွပ်ကဲမည့် ဈေးနှုန်းထိန်းညှိရေး အစီအစဉ်အပေါ်တွင် အမှီပြုထားသည် ။ ဤသည်မှာ ထိုစဉ်ကရှိခဲ့သည့် စိတ်ခံစားမှုများကို ရောင်ပြန်ဟပ်နေခြင်းဖြစ်သည် ။ ဈေးနှုန်းတစ်မျိုးတည်းသာ ရှိနေစေရန် သို.မဟုတ် အနည်းဆုံး အစိုးရသတ်မှတ်သည့် ဈေးနှုန်းနှင့် ဈေးကွက်ပေါက် ဈေးနှုန်းတို.အကြားမှ ကွာဟချက်ကို လျှော့ချနိုင်ရန်အတွက် ဈေးနှုန်းပြုပြင်ပြောင်းလဲမှုကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပြီး ဈေးနှုန်း ၂ မျိုး ရှိနေသည့် စနစ်ကို ပယ်ဖျက်ရန်ဖြစ်သည် ။
ဤသည်မှာ ဈေးနှုန်းပြုပြင်ပြောင်းလဲမှုကို မှန်ကန်စွာ အကောင်အထည်ဖော်သည့်နည်းမဟုတ်ပေ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် အခြေခံအားဖြင့် ဈေးနှုန်းထိန်းချုပ်မှုကို ဈေးကွက်ယန္တရားအတိုင်း လည်ပတ်စေခြင်းမဟုတ်သောကြောင့်ဖြစ်သည် ။ ၎င်းသည် စီမံချတ်ချမှတ်သည့်နည်းလမ်းကို ဈေးနှုန်းထိန်းညှိရန်အတွက် အသုံးပြုထားခြင်းဖြစ်သည် ။ ၎င်းသည် နည်းလမ်းဟောင်းကြီးအတိုင်း ဈေးနှုန်းကို စီမံချက်ချသတ်မှတ်သည့် နည်းလမ်းဖြစ်နေဆဲပင်ဖြစ်သည် ။ အကယ်၍ ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းမရှိခဲ့ပဲ ဤဈေးနှုန်းပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါက ၎င်းသည် ပြဿနာများကို မဖြေရှင်းနိုင်ပဲ ဈေးနှုန်းပြုပြင်ရေးကို နောက်ပြန်ဆုတ် ဆုတ်ယုတ်သွားစေမည်ဖြစ်ကြောင်း ယခုအခါ ထင်ရှားလာပြီဖြစ်သည် ။
၁၉၈၈ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်း၏ တိုက်ရိုက်အကျဆုံး အကြောင်းရင်းမှာ ဈေးနှုန်းပြုပြင်ရေး အစီအစဉ်များကို ရေးဆွဲချမှတ်ခြင်း မပြုသေးမှီကပင်လျှင် သတင်းမီဒီယာ ကန်ပိန်းကို စတင်ခဲ့ခြင်းဖြစ်သည် ။ ချက်ချင်းဆိုသလိုပင် ကောလာဟလများ ပျံ.နှံ.လာသည် ။ “လုပ်အားခတွေ ၂ ဆ တက်ပြီး ဈေးနှုန်းတွေ ၅၀ ရာခိုင်နှုန်းတက်တော့မယ်” စသည့် ကောလာဟလများ ပျံ.နှံ.နေသည် ။ ကောလာဟလများက လူထုကို တုန်လှုပ်စေပြီး ဈေးနှုန်းများ တက်လာတော့မည်ဟု မျှော်လင့်တွက်ဆမှုများကို ကြီးမားစွာ အကျိုးသက်ရောက်စေသည် ။ “စိတ်ပိုင်းဆိုင်ရာ ကြိုတင်မျှော်တွေး ပြင်ဆင်မှု”သည် ကျွန်တော်တို. ထိုစဉ်က နားမလည်ခဲ့သည့် အရာဖြစ်သည် ။ သို.သော်လည်း ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးသည့်နိုင်ငံများ၌ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို.လိုအပ်လာပါက ဤအခြင်းအရာကို များစွာအာရုံစိုက် ဖြေရှင်းလေ့ရှိပေသည် ။ သူတို.သည် “စိတ်ပိုင်းဆိုင်ရာ ကြိုတင်မျှော်တွေးပြင်ဆင်မှု”အရ အလွန်အကျွံ တုံ.ပြန်မှုများ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ဖို. နည်းလမ်းများ ကြိုးစားရှာဖွေလေ့ရှိသည် ။ ဤသည်နှင့်ဆန်.ကျင်စွာပင် ကျွန်တော်တို.ကမူ ဤအချက်ကို အားပေး၍ လှုံ.ဆော်မှုပင် ပြုခဲ့ကြသည် ။
အဆုံး၌ ကုန်ဈေးနှုန်းများ တက်လာတော့မည်ဟု ပြည်သူတို. ယုံကြည်သွားရုံကလွဲ၍ ဘာမှဖြစ်မလာခဲ့ပေ ။ ကျွန်တော်တို.ကလည်း ပြည်သူလူထုအား သူတို.၏ ဘဏ်စုငွေများသည် ငွေဖောင်းပွမှုနှုန်းထက် ကျော်လွန်၍ တိုးပွါးလာလိမ့်မည် သို.မဟုတ် ငွေတန်ဖိုးလျော့ကျမသွားကြောင်း အာမခံသည့်အပ်ငွေစနစ်ဖြစ်ကြောင်း တာဝန်ခံသည့်အနေဖြင့် ဘဏ်စုငွေအတိုးနှုန်းအား တိုးပေးခြင်းစသည့် လုပ်ရပ်များဖြင့် သူတို.၏ စုဆောင်းငွေများကို စိတ်ချလက်ချ အာမခံနိုင်သည့် လုပ်ရပ်မျိုး မပြုလုပ်နိုင်ခဲ့ပေ ။ ပြည်သူအများက ကြီးမားသည့် ကုန်ဈေးနှုန်းမြင့်တက်မှုကြီး ပေါ်ပေါက်လာတော့မည်ဟု မျှော်လင့်တွက်ဆနေကြစဉ်တွင် သူတို.၏ စုဆောင်းငွေအတိုးနှုန်းများနှင့်ပက်သက်၍ စိတ်ချလက်ချ အာမခံမှုမျိုး မပေးနိုင်ခဲ့ပေ ။ ထို.ကြောင့် မြင့်တက်လာသည့် ကုန်ဈေးနှုန်းများက အနှစ်နှစ်အလလက စုဆောင်းလာခဲ့သည့် ဘဏ်အပ်ငွေများ၏ တန်ဖိုးကို လျော့ကျသွားစေတော့မည်ဟု လူတိုင်းက စိုးရိမ်နေကြသည် ။ ၁၁ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှစ၍ ခြိုးခြံချွေတာစွာ နေထိုင်သည့် ပြည်သူအများသည် ယွမ်ငွေ ဘီလီယံ ၁၀၀ ကျော်မျှ ဘဏ်များတွင် အပ်နှံခဲ့ကြသည် ။ ငွေကြေးဖောင်းပွမှုက သူတို. ကြိုးစားပမ်းစား ရှာဖွေထားသည့် စုဆောင်းငွေများအား တန်ဖိုးလျော့ကျသွားစေတော့မည်ဟု မျှောင်လင့်တွက်ဆမိသွားသည့်အခါ၌ လူအများသည် သူတို.၏ ဘဏ်အပ်ငွေများကို အလုအယက် ပြန်လည်ထုတ်ယူကြပြီး လူသုံးကုန်ပစ္စည်းများကို အလုအယက် ဝယ်ယူကြတော့သည် ။ ဤဖြစ်ရပ်၏ အကျိုးဆက်အဖြစ် ၁၉၈၈ ခုနှစ် နွေရာသီတွင် ဘဏ်အပ်ငွေများ အလုအယက် ပြန်လည်ထုတ်ယူမှုကြောင့် ဘဏ်များရှိ အရံငွေမလုံမလောက်ဖြစ်ခြင်းနှင့် ထိတ်လန်.စိုးရိမ်စွာဖြင့် အလုအယက် ဝယ်ယူမှုများ ဖြစ်ပေါ်ခြင်း စသည်တို. ပေါ်ပေါက်လာခဲ့သည် ။
တချို.သောကုန်စည်များအတွက် ထိတ်လန်.စိုးရိမ်စွာ ဝယ်ယူမှုများမှာ အတိတ်ကာလတုန်းကလည်း အကြိမ်များစွာ ဖြစ်ပေါ်ခဲ့ဖူးသဖြင့် ကျွန်တော်တို.အတွက် စိမ်းမနေလှပါ ။ သို.သော် ဤတစ်ကြိမ်ကမူ ယခင်အခါများနှင့် မတူပေ ။ အတိတ်တုန်းက ထိတ်လန်.တကြား ဝယ်ယူမှုများမှာ ကုန်စည်ပြတ်တောက် ရှားပါးသောကြောင့်ဖြစ်ပြီး လူအများသည် ဆပ်ပြာ ၊ အိမ်သုံးဆား ၊ ဂျုံမှုန်. စသည့်ကုန်စည်များကို အနာဂတ်တွင် ဝယ်ယူ၍ မရရှိနိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည် ။ သို.သော် ဤတစ်ကြိမ် ဝယ်ယူမှုများ၏ အကြောင်းရင်းမှာ တစ်ကိုယ်ရေ သုံးစွဲရေးအတွက်မဟုတ်ပဲ စုဆောင်းထားသည့် ငွေကြေး၏တန်ဖိုးကို ထိန်းသိမ်းထားရန်ဖြစ်သည် ။ ထို.ကြောင့် ဤဖြစ်စဉ်မှာ ပို၍ပျံ.နှံ.ပြီး ယခင်အခါများကထက်ပို၍ စိုးရိမ်ဖွယ်ကောင်းသည် ။
ဈေးဆိုင်များနှင့် စီးပွါးရေးလုပ်ငန်းများက ၎င်းတို.၏ ဈေးနှုန်းတို.ကို မြှင့်တင်ကြပြီး ဘဏ်စုငွေပမာဏမှာ မျှော်မှန်းထားသည်ထက်ပို၍ ယွမ်ငွေ ဘီလီယံ ၄၀ မျှထိ လျော့ကျသွားသည် ။ ဘဏ်များသည် ငွေထုတ်ယူမှုကို ထေမိစေရန်အတွက် ငွေစက္ကူများကို ရိုက်နှိပ်ရသည် ။ ဤသို.ဖြင့် လည်ပတ်နေသည့် ငွေကြေးပမာဏကို များစွာတိုးသွားစေခဲ့သည် ။
ထိတ်လန်.စိုးရိမ်မှုကြီးစွာ ဝယ်ယူမှုများ စတင်ဖြစ်ပေါ်သည်နှင့် ကျွန်တော်တို.အနေဖြင့် ဘဏ်စုငွေ အတိုးနှုန်းကို မြှင့်တင်ခြင်း သို.မဟုတ် ငွေတန်ဖိုး လျော့ကျမသွားစေရန် အာမခံကြောင်း ကြေငြာခြင်း စသည့်ဆောင်ရွက်မှုများကို ပြတ်ပြတ်သားသား ချက်ချင်းလုပ်ဆောင်သင့်သည် ။ ဤသို.သာ ဆောင်ရွက်ခဲ့ပါက အခြေအနေမှာ ပို၍ကောင်းဖွယ်ရှိပြီး ဆုံးရှုံးမှုများမှာလည်း လျော့နည်းခဲ့ဖွယ်ရာရှိသည် ။
ထိုစဉ်က စီးပွါးရေးနှင့်ဘဏ္ဍာရေး ဗဟိုဦးဆောင်အဖွဲ.က ဤအစီအစဉ်များကို နိုင်ငံတော်ကောင်စီသို. တင်ပြခဲ့သည် ။ သို.သော်လည်း လီပန်းနှင့် ယော်ယိလင်တို.က ဘဏ်အပ်ငွေ အတိုးနှုန်းများကို မြှင့်တင်ခြင်းသည် ဘဏ်များမှ စီးပွါးရေးလုပ်ငန်းများသို. ချေးပေးသည့် ဘဏ်ချေးငွေ အတိုးနှုန်းများကို ၎င်းတို.ပေးနိုင်သည့်နှုန်းထက် ကျော်လွန်သွားစေပြီး ကုန်ထုတ်လုပ်မှုကို အကျိုးသက်ရောက်စေလိမ့်မည်ဟု စိုးရိမ်ပူပန်ခဲ့ကြသည် ။ သူတို.က အရေးယူဆောင်ရွက်မှုများကို ချက်ချင်းမလုပ်ခဲ့ကြပေ ။ အကျိုးဆက်အားဖြင့် လျှော့ချ၍ရနိုင်ဖွယ်ရာရှိသည့် ဆုံးရှုံးမှုများသည် ဆက်လက်၍သာ တိုးလာခဲ့သည် ။
သို.သော်လည်း နောက်ဆုံး၌ သူတို.အတွက် ရွေးချယ်စရာမရှိပဲ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာခဲ့ရသည် ။ ဘဏ်အပ်ငွေများ၏ တန်ဖိုးလျော့ကျမသွားစေသည့် အာမခံ ဘဏ်အပ်ငွေစနစ်ဖြစ်ကြောင်း ကြေငြာပြီးနောက်တွင် ဘဏ်အပ်ငွေပမာဏ ပြန်လည်တည်ငြိမ်လာပြီး ပုံမှန်အနေအထားသို. ဖြည်းဖြည်းချင်း ပြန်ရောက်လာသည် ။ ဤအချက်က ဘဏ်အပ်ငွေများ အလုအယက် ပြန်လည်ထုတ်ယူပြီး စိုးရိမ်ထိတ်လန်.ခြင်းကြီးစွာ ဝယ်ယူမှုများ ဖြစ်ပေါ်လာချိန်တွင် စုဆောင်းငွေများ၏တန်ဖိုးကို အာမခံချက်ပေးနိုင်ပါက ဆုံးရှုံးမှုများကို လျှော့ချနိုင်ကြောင်း သက်သေပြနေသည် ။
၁၉၈၈ခုနှစ် ငွေကြေးဖောင်းပွမှုတွင် ဈေးနှုန်းများ ၁၈.၅ ရာခိုင်နှုန်းခန်. တက်လာသည်ကို တွေ.ခဲ့ကြရသည် ။ ပြဿနာမှာ ဘဏ်ချေးငွေများနှင့်ပက်သက်၍ ထိန်းချုပ်နိုင်မှု မရှိခြင်းမဟုတ်သလို အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို.တွင် လျာထားငွေထက် ကျော်လွန်သုံးစွဲခြင်းမျိုးလည်းမဟုတ်ပေ ။ ဤအချက် ၂ ချက်မှာ “ငြင်သာစွာ ဆင်းသက်နည်း”၏ မူဝါဒများတွင် သတ်မှတ်ထားသည့် ဘောင်အတွင်းရှိနေသည် ။
အဓိကပြဿနာမှာ ဈေးနှုန်းပြုပြင်ရေး၏ အမှားအယွင်းများကြောင့် ဖြစ်ပေါ်လာသည့် စုဆောင်းအပ်နှံငွေ လျော့ကျလာမှုဖြစ်သည် ။ ပြန်စဉ်းစားကြည့်သောအခါ၌ အကယ်၍ ကျွန်တော်တို.သည် ပြန်လည်ထိန်းညှိရေးနှင့် ထိန်းချုပ်မှုများ လျှော့ချရေး မူဝါဒများကို ရောစပ်ကျင့်သုံးခဲ့လျှင်သော်လည်းကောင်း သို.မဟုတ် ဘဏ်စုငွေအတိုးနှုန်းများကို ကုန်ဈေးနှုန်းမြင့်တက်သည့်နှုန်းကို ကျော်လွန်သည်အထိ တိုးပေးခြင်းဖြင့် အပ်နှံငွေများ၏ တန်ဖိုးကို အာမခံပေးခြင်းကို တစ်ဖက်၌ပြုလုပ်ပြီး တစ်ပြိုင်တည်းတွင် ဈေးနှုန်းထိန်းချုပ်မှုကို ပို၍မြန်ဆန်စွာ လျှော့ချပေးခဲ့ပါက ၁၉၈၈ခုနှစ် ငွေကြေးဖောင်းပွမှုကို ရှောင်ရှားနိုင်ခဲ့ဖွယ်ရာရှိသည် ။
ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်း ၊ ဘဏ်အပ်ငွေများကို အလုအယက် ပြန်လည်ထုတ်ယူ၍ ကုန်ပစ္စည်းများကို လူအများက စိုးရိမ်ထိတ်လန်.တကြီး ဝယ်ယူခြင်း စသည်တို.ကို ကြုံတွေ.ခဲ့ရသဖြင့် အခြေအနေများကို အမြန်ဆုံး တည်ငြိမ်သွားစေရန်အတွက် ဈေးနှုန်းပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့ပြီး စီးပွါးရေးမူဝါဒများကို “ထိန်းညှိရေးနှင့် ပြန်လည်စုစည်းရေး”သို. ဦးတည်ခဲ့ရသည် ။ ဤအဆိုပြုချက်များကို ကျွန်တော်ကတင်သွင်းခဲ့ခြင်းဖြစ်ပြီး ပေါ်လစ်ဗျူရို အစည်းအဝေးနှင့် ဗဟိုကော်မတီ စုံညီအစည်းအဝေးတို.မှ အတည်ပြုခဲ့ခြင်းဖြစ်သည် ။ ပြန်တွေးကြည့်သောအခါ ဈေးနှုန်းပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ပယ်ဖျက်ခဲ့ခြင်းမှာ မှန်ကန်သော်လည်း နဂိုမူဝါဒဖြစ်သည့် “စီးပွါးရေးကို တည်ငြိမ်အောင်ထိန်းသိမ်းပြီး ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာ ဖော်ဆောင်သွားရန်”ဆိုသည့်မူဝါဒမှ “ထိန်းညှိရေးနှင့် ပြန်လည်စုစည်းရေး”မူဝါဒသို. ပြင်ဆင်ပြောင်းလဲလိုက်သည်မှာ မသင့်တော်ကြောင်း ကျွန်တော်ယုံကြည်သည် ။
အဆိုပြုခဲ့သည့် “ထိန်းညှိရေးနှင့် ပြန်လည်စုစည်းရေး” အစီအစဉ်သည် စီးပွါးရေးကို လျှင်မြန်စွာ တည်ငြိမ်သွားစေခဲ့သည့်တိုင်အောင် ၎င်းသည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအပေါ်တွင်မူ တခြားဆုတ်ယုတ်မှုများ ပေါ်ပေါက်စေခဲ့သည် ။
ပထမဦးဆုံးအချက်မှာ ဈေးနှုန်းများ မြင့်တက်လာမှုကို နှေးသွားစေရန်အတွက် အုပ်ချုပ်ရေးနည်းလမ်းအားလုံးလိုလိုကို ပြန်လည်အသုံးပြု၍ ဈေးနှုန်းများကို ထိန်းချုပ်ခဲ့ရသည် ။ အဆင့်အသီးသီးမှ အစိုးရအရာရှိအားလုံးသည် အကောင်အထည်ဖော်ရေးအတွက် တာဝန်ရှိသည် ။ ပြန်လည်သက်ဝင်လှုပ်ရှားလာစေရန် နှစ်ကာလများစွာ အားထုတ်ခဲ့မှုများသည် ဈေးနှုန်းထိန်းချုပ်သည့် နည်းလမ်းဟောင်းများကို ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်ဟု ဤအချက်က ညွှန်းဆိုနေခြင်းဖြစ်သည် ။
“ထိန်းညှိရေးနှင့် ပြန်လည်စုစည်းရေး” အစီအစဉ်အရ လီပန်းနှင့် တခြားနိုင်ငံတော်ကောင်စီဝင်များသည် ယခင်က အောက်ခြေအဆင့်သို. ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ပြန်လည်ချုပ်ကိုင်ကြပြီး ယခင်က လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုခဲ့သည့် အရာတို.ကိုလည်း ပြန်လည်ထိန်းချုပ်လာကြသည် ။ အရာအားလုံးမှာ ပြုပြင်ပြောင်းလဲရေးက ချမှတ်ခဲ့သည့် ဦးတည်ရာနှင့် ဆန်.ကျင်နေကြသည် ။ စီးပွါးရေးစနစ်၌ ပြုပြင်ပြောင်းလဲရေးက ချမှတ်ခဲ့သည့် အခြေအနေများမှာ ပြန်လည်ဆုတ်ယုတ်သွားသည် ။ဤအချက်များကြောင့်ပင် နောက်ထပ် ၁ နှစ်မပြည့်ခင်အချိန်အတွင်း၌ စီးပွါးရေး ဆုတ်ယုတ်ကျဆင်းမှု ၊ ဈေးကွက်အတွင်း အရောင်းအဝယ်ကျဆင်းမှုနှင့် တခြားစိုးရိမ်ဖွယ်ကောင်းသည့် စီးပွါးရေးပြဿနာများ ဆက်လက်ပေါ်ပေါက်လာခဲ့သည်မှာ (၁၉၉၂ခုနှစ်အတွင်း) တောင်ပိုင်းဒေသ ခရီးစဉ်အတွင်း ရဲဘော်တိန်.ရှောင်ပင်း မိန်.ခွန်းပြောကြားခဲ့ချိန်အထိပင်ဖြစ်သည် ။
အကျဉ်းချုပ်ရပါက အမှားအယွင်းများ တစ်ခုပြီးတစ်ခု ကျွန်တော်တို. လုပ်ခဲ့မိကြသည် ။ ဤဖြစ်ရပ်မှ လေးနက်သည့် သင်ခန်းစာများ ကျွန်တော်ရရှိခဲ့သည် ။
၁၉၈၈ခုနှစ် နွေဦးရာသီတွင် ကျွန်တော်သည် ရဲဘော်အန်ဇီဝမ်(နိုင်ငံတော် စီးပွါးရေးပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှုးချုပ်)နှင့် တခြားရဲဘော်များကို ဟောင်ကောင်သို.စေလွှတ်၍ တရုတ်ပြည်၏ ပြဿနာများကို ဆွေးနွေးဖို. စီးပွါးရေးပညာရှင်တချို.ကို ဖိတ်ကြားစေခဲ့သည် ။ စီးပွါးရေးပညာရှင် ၆ ဦးပါဝင်ပြီး အားလုံးမှာ တိုင်ဝမ်အကယ်ဒမီးယား စီနီကာမှဖြစ်ကြသည် ။ သူတို.ထဲတွင် ချန်ဝှါစီးပွါးရေး သုတေသနအဖွဲ.၏ အကြီးအကဲ ရှန်ရှိုချီလည်းပါဝင်သည် ။ သူသည် တိုင်ဝမ်တွင် ဩဇာတိက္ကမ အထူးကြီးမားသည့် ပုဂ္ဂိုလ်ဖြစ်သည် ။
ဆွေးနွေးပွဲ၌ ၁၉၈၈ခုနှစ် ငွေကြေးဖောင်းပွမှုနှင့်ပက်သက်၍ သူတို.၏ အယူအဆများကို ဖော်ပြကြသည် ။ ပထမအချက်အနေနှင့် သူတို.က ပြုပြင်ပြောင်းလဲရေး ၁၀နှစ်တာကာလအတွင်း၌ ပြည်မကြီးသည် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း သဘောတူကြပြီး ဈေးနှုန်းအညွှန်းကိန်းအရ ကုန်ဈေးနှုန်း ၁၈.၅ ရာခိုင်နှုန်းတက်လာမှုအပါအဝင် ပြဿနာများ ရှိနေသည့်တိုင်အောင် ၎င်းတို.သည် စီးပွါးရေးရှုထောင့်အရ စိုးရိမ်စရာမရှိကြောင်း သူတို.က ဆိုကြသည် ။ သင့်တော်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပါက ထိုပြဿနာများသည် ဖြေရှင်း၍ ရနိုင်ဖွယ်ရှိသည်ဟု ပြောကြသည် ။
ဒုတိယအချက်အနေနှင့် ဈေးနှုန်းပြု့ပင်ပြောင်းလဲရေးနှင့်ပက်သက်၍ ဆွေးနွေးကြရာ၌ မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ စီးပွါးရေးဖွံ.ဖြိုးမှုသည် ဈေးကွက်၏ စည်းမျဉ်းစည်းကမ်းတို.အတိုင်း လိုက်နာရမည်ဟု သူတို.က ယုံကြည်ကြသည် ။ လွန်ခဲ့သည့်နှစ်အတွင်း ငွေကြေးဖောင်းပွမှုမှာ ဆိုးရွားလှသဖြင့် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးကို အရှိန်သတ်ပြီး တချို.ဈေးနှုန်းများကို အုပ်ချုပ်ရေးနည်းလမ်းများဖြင့် ထိန်းချုပ်ဖို. ပြောကြားမှုများရှိခဲ့သည် ။ သို.သော်လည်း ဤလုပ်ဆောင်ချက်ကို ခေတ္တခဏ ယာယီမျှသာ ပြုလုပ်ဆောင်ရွက်သည်ကို နားလည်နိုင်သော်လည်း ကာလရှည်ကြာစွာ ကျင့်သုံးရန်မသင့်တော်ကြောင်း ပြောကြသည် ။ အကယ်၍ မူမှန်မဟုတ်သည့် ဈေးနှုန်းစနစ်ကို ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါက စီးပွါးရေးသည် ဆက်လက်လည်ပတ်နိုင်မည်မဟုတ်ပေ ။ ထွက်ပေါက်မှာ ရောင်းလိုအားနှင့် ဝယ်လိုအား မျှတနေရန်ဖြစ်ပြီး ငွေကြေးကို ထိန်းချုပ်ရမည်ဟုဆိုသည် ။ ဤအခြေအနေများအောက်တွင် လူသုံးကုန်ပစ္စည်း အများစု၏ ဈေးနှုန်းကို လျှော့ချပေးနိုင်ပြီး တစ်ဖက်တွင် ပြည်သူ.ဝန်ဆောင်မှု ကဲ့သို.သော ဈေးနှုန်းအနည်းငယ်ကို အမြတ်အချိုးအစားအရ အစိုးရက သတ်မှတ်ပေးနိုင်သည်ဟု ပြောကြသည် ။ ဈေးနှုန်းကို ဈေးကွက်က ဆုံးဖြတ်ရမည်ဟု သူတို.က အလေးအနက် ဆွေးနွေးကြသည် ။ ထိုသို.မဟုတ်ပါက မူမှန်သည့် ဈေးနှုန်းများ ဘယ်တော့မျှ ဖြစ်မည်မဟုတ်ဟု ဆွေးနွေးကြသည် ။
နောက်ထပ်တခြားဆွေးနွေးကြသည့် အကြောင်းအရာမှာ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းသည့် မူဝါဒပိုင်းဆိုင်ရာအကြောင်းဖြစ်သည် ။ ပြည်မကြီး၏ ငွေကြေးဖောင်းပွမှု အဓိကအခြေခံမှာ ဘတ်ဂျတ်နှင့် ဘဏ္ဍာရေးလိုငွေပြမှုကြောင့်ဖြစ်ပြီး ဤပြဿနာဖြေရှင်းရေးအတွက် အဓိကလိုအပ်ချက်မှာ မြင့်တက်လာသည့် ဈေးနှုန်းအညွှန်းကိန်းကို ကျော်လွန်သည်အထိ ဘဏ်တိုးနှုန်းများကို မြှင့်ပေးပြီး ငွေကြေးကို ဈေးကွက်၏ ရောင်းလိုအားနှင့် ဝယ်လိုအားတို.အတိုင်း လွတ်လပ်စွာ မျှောထားဖို.လိုအပ်သည်ဟု သူတို.က ယုံကြည်ကြသည် ။ ဤနည်းသည် တိုးပွါးလာသည့် စုဆောင်းမှုများမှ အကျိုးအမြတ်များ ရရှိစေပြီးလျှင် ချေးငွေပမာဏကိုလည်း ထိန်းချုပ်ပြီးသားဖြစ်သွားမည်ဟု သူတို.ကဆွေးနွေးခဲ့ကြသည် ။
ရှန်ရှိုချီနှင့် တခြားသူများ၏ ထောက်ခံချက်များကို ကျွန်တော်ဖတ်ပြီးနောက် အကျဉ်းချုပ်ကို ရဲဘော်ရှောင်ပင်းထံသို. ရည်ညွှန်းပေးပို.ခဲ့ပြီး ဤအကြောင်းအရာကို ဆွေးနွေးရန်အတွက် သင့်လျော်သည့် အဖွဲ.အစည်းများကို စုစည်းရန် နိုင်ငံတော် စီးပွါးရေး ပြုပြင်ပြောင်းလဲရေးကော်မရှင်ကို ကျွန်တော်က ညွှန်ကြားခဲ့သည် ။
စီးပွါးရေးနှင့် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးတို.နှင့်ပက်သက်၍ ကျွန်တော်တို.၏ ချဉ်းကပ်ပုံ တစ်ခုလုံးကို ပြန်လည်သုံးသပ်ရန် ကျွန်တော်ရည်ရွယ်ခဲ့သည် ။ သို.သော်လည်း ကျောင်းသားဆန္ဒပြမှုများကြောင့် ဤအကြောင်းအရာကို ဘေးချိတ်ထားလိုက်ရသည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 8 The Economy Gets Too Hot ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

Saturday, June 19, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၇ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွဲ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၇
တစ်ကြိမ်တွင် ခြေတစ်လှမ်း
ဆိုရှယ်လစ်တိုင်းပြည်များ၏ စီးပွါးရေးကို ပြုပြင်ပြောင်းလဲရေးလုပ်ကြရာတွင် ချဉ်းကပ်နည်း ၂
မျိုးရှိသည် ။ တစ်နည်းမှာ “ရှော.ရိုက်ကုထုံး”နည်းဖြစ်ပြီး တစ်ပြိုင်တည်း တစ်ချိန်တည်းဖြင့်
စည်းမျဉ်းစည်းကမ်းအားလုံးကို ပြောင်းလဲသည့်နည်းဖြစ်သည် ။ နောက်တစ်နည်းမှာ
တစ်ဖြည်းဖြည်းချင်း အချိန်ယူ ပြောင်းလဲသည့်နည်းဖြစ်သည် ။ တစ်ဆင့်ပြီးမှတစ်ဆင့်လှမ်းသည့်
ချဉ်းကပ်နည်းကို ကျင့်သုံးခြင်းဖြင့် တရုတ်ပြည်သည် ယခင် ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ.ဥရောပ
နိုင်ငံများတွင် ကြုံတွေ.ခဲ့ရသည့် စီးပွါးရေး ကမောက်ကမဖြစ်မှုများကို ရှောင်လွှဲနိုင်ခဲ့သည် ။
တရုတ်ပြည်သည် ဤချဉ်းကပ်နည်းကို မည်သို.ရွေးချယ်ခဲ့ကြောင်း ကျောက်က ဖော်ပြထားသည် ။
တရုတ်ပြည်သည် တစ်ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲယူသည့်နည်းကို မည်ကဲ့သို. လက်ခံကျင့်သုံးခဲ့ပါသနည်း။
ဗဟိုကော်မတီတွင် ၁၀နှစ်ခန်.မျှ ကျွန်တော် (ကျွန်တော် ရာထူးမှ ဆင်းသည့်အချိန်အထိ) စီးပွါးရေးကို စီမံခန်.ခွဲခဲ့သည့် ကာလအတွင်း၌ ဖြည်းဖြည်းချင်း ပြောင်းလဲသည့်နည်းကို ကျွန်တော်တို. ကျင့်သုံးခဲ့သည် ။ ဤနေရာတွင် သဘောသဘာဝ သွင်ပြင်လက္ခဏာ ကဏ္ဍ ၂ မျိုးရှိသည် ။ ပထမတစ်ချက်မှာ စီမံကိန်းစနစ်၏ဘောင်ကို ကျော်လွန်၍ ဖြည်းဖြည်းချင်း ရင့်ကျက်ဖွံ.ဖြိုးလာသည့် ဈေးကွက်စီးပွါးရေး ပုံစံသစ်တစ်ရပ် ပေါ်ထွန်းလာခြင်းဖြစ်သည် ။ ဥပမာအားဖြင့် ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေး အရှိန်ရလာသည်နှင့်အမျှ နိုင်ငံတော်သို. မဖြစ်မနေ ရောင်းချရမည့်ခွဲတမ်းတို. လျော့ကျလာသည် ။ မဖြစ်မနေရောင်းချရမည့်ခွဲတမ်းတို. လျော့ကျလာသည်နှင့်အမျှ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်လာနိုင်သည်၊ ထို.ကြောင့် နိုင်ငံတော်သို. ရောင်းချရမည့် ခွဲတမ်းများ ၁နှစ်ပြီး၁နှစ် လျော့ကျသွားသည် ။ ဈေးကွက်တွင်းသို. ရောင်းချသည့် ထွက်ကုန်များ ပို၍ပို၍ တိုးလာခဲ့သည် ။
၁၉၈၅ ခုနှစ်တွင် တစ်ဆင့်ထပ်တက်ခဲ့သည် ။ စိုက်ပျိုးရေးကဏ္ဍတွင် ဝါဂွမ်းမှလွဲ၍ အခြားထွက်ကုန်တို.အား မရောင်းမနေရ စနစ်ကို ကျွန်တော်တို. ပယ်ဖျက်ခဲ့ပြီး စီမံကိန်းစနစ်မှ လွတ်ကင်းသော ဈေးကွက်စနစ်သို. အခြေခံအားဖြင့် ပြောင်းလဲခဲ့သည် ။
ကျေးရွာနှင့်မြို.နယ် လုပ်ငန်းစုများ ပေါ်ထွက်လာခြင်း ၊ ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းများနှင့် စီးပွါးရေးလုပ်ငန်းများ ၊ ဖက်စပ်လုပ်ငန်းများနှင့် နိုင်ငံခြားသားပိုင် စီးပွါးရေးလုပ်ငန်းများ အားလုံးသည် စီမံကိန်းစီးပွါးရေးစနစ်၏ အပြင်ဖက်တွင် သီးခြားရပ်တည်နေကြသည် ။ ၎င်းတို.အားလုံးပေါင်းစည်း၍ စီးပွါးရေး ကဏ္ဍသစ်တစ်ရပ် ဖြစ်ပေါ်လာပြီး ဈေးကွက်အင်အားစုများ၏ တောင်းဆိုမှုအတိုင်း တုံ.ပြန်ကြသည် ။ ဤကဏ္ဍသည် သုညမှစတင်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမှီ နှစ်များအတွင်း၌ အကြီးအကျယ် ဖွံ.ဖြိုးလာခဲ့ပြီးလျှင် နိုင်ငံတော်ပိုင် သို.မဟုတ် စုပေါင်းဘုံပိုင် စီးပွါးရေး ကဏ္ဍကို ကျော်လွန်သွားခဲ့သည် ။ ၎င်းသည် တရုတ်စီးပွါးရေးကို ကြွယ်ဝချမ်းသာမှုများ ဆောင်ကြဉ်းပေးခဲ့ပြီး ဈေးကွက်စီးပွါးရေး စီးပွါးရေး ကဏ္ဍသစ်တစ်ရပ်ကိုလည်း သယ်ဆောင်လာခဲ့သည် ။
ဈေးကွက်စီးပွါးရေးကဏ္ဍ တစ်နေ.ထက်တစ်နေ. ပို၍ကြီးထွားလာသည်နှင့်အမျှ မူလရှိရင်းစွဲ နိုင်ငံတော် စီမံကိန်းစီးပွါးရေးစနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါပဲနှင့်ပင် တရုတ်ပြည်၏ စီးပွါးရေးစနစ်သည် အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲလာခဲ့သည် ။ ဤသည်မှာ တရုတ်ပြည်၏ စီးပွါးရေးပြုပြင်ပြောင်းလဲမှုသည် ကြွယ်ဝချမ်းသာမှုကို မြှင့်တင်နိုင်ရုံမျှမက နိုင်ငံရေးတည်ငြိမ်မှုကိုလည်း ထိန်းသိမ်းထားနိုင်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည် ။
တခြားအရေးကြီးသည့် အချက်တစ်ခုမှာ စီမံကိန်းစီးပွါးရေးကဏ္ဍကို လျှော့ချနိုင်ခြင်းဖြစ်သည် ။ အပြောင်းအလဲမှာ ချက်ချင်းကြီး အကောင်အထည်ပေါ်လာသည်တော့ မဟုတ်ပေ ။ ဤအစား သေးငယ်သည့် ပြောင်းလဲမှုအနည်းငယ်ဖြင့် ဖြည်းဖြည်းချင်း စတင်ခဲ့ခြင်းဖြစ်သည် ။ သို.သော် ဖြည်းဖြည်းချင်းဖြင့် ပို၍ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည် ။
အောက်ခြေအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ဋ္ဌါနများသို. လုပ်ပိုင်ခွင့်များ ပိုပေးနိုင်ရန်နှင့် စီးပွါးရေးလုပ်ငန်းများကို ကိုယ်ပိုင်လုပ်ပိုင်ပြဋ္ဌါန်းခွင့် ပိုပေးနိုင်ရန်အတွက် မူဝါဒများနှင့် အရေးယူဆောင်ရွက်မှုများကို ချမှတ်ခဲ့သည် ။ စီမံကိန်းစီးပွါးရေးကို ပြုပြင်ပြောင်းလဲရန်အတွက် တိုက်ရိုက်စီမံကိန်းများကို လျှော့ချခြင်း ၊ တစ်ဆင့်ခံသွယ်ဝိုက် စီမံကိန်းများကို တိုးချဲ.ခြင်း ၊ နိုင်ငံတော်မှ ခွဲဝေသတ်မှတ်ပေးသည့် ပစ္စည်းအင်အား ရင်းမြစ်တို.ကို လျှော့ချခြင်းနှင့် နိုင်ငံတော်ပိုင် လုပ်ငန်းများမှ ၎င်းတို.ဘာသာ ရောင်းဝယ်သည့် ကုန်စည်တို.၏ အမျိုးအစားနှင့် အရေအတွက်ကို တိုးချဲ.ခြင်း စသည်တို. ပြုလုပ်ခဲ့သည် ။ သတ်မှတ်ထားသည့် နိုင်ငံတော်ခွဲတမ်းကို ကျော်လွန်သော အဓိက ပစ္စည်းရင်းမြစ်တို.ကို ရောင်းဝယ်ခွင့် ပြုခဲ့ပြီး ခွဲတမ်းအတွင်းမှပင်လျှင် တချို.သော အတိုင်းအတာထိ တိုက်ရိုက်ရောင်းဝယ်ခွင့်ပြုခဲ့သည် ။ ထို.ပြင် စီးပွါးရေးလုပ်ငန်းများနှင့် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးအတွက် ကန်ထရိုက်စနစ်ကိုလည်း ကျင့်သုံးခဲ့သည် ။ ဤဆောင်ရွက်မှုအားလုံးသည် ကြီးမားစွာ အထောက်အကူပြုခဲ့ပြီး ဈေးကွက်ကဏ္ဍသည် ဆက်လက်တိုးတက်လာခဲ့သည် ။
ထိုစဉ်က ဈေးကွက်ကဏ္ဍ၏ အဓိကအစိတ်အပိုင်းများမှာ စိုက်ပျိုးရေး ၊ ကျေးလက်ဒေသ ထုတ်လုပ်ရေး ၊ အသေးစား စက်မှုလုပ်ငန်းများ ၊ ချည်မျှင်လုပ်ငန်းနှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတို.ဖြစ်သည် ။ ကုန်ထုတ်လုပ်ရေး နည်းစနစ်များ အတိအကျလိုအပ်သည့် ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းအများစုမှာမူ နိုင်ငံတော်ပိုင် လုပ်ငန်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည် ။
ထိုစဉ်က အသွင်ကူးပြောင်းရေး ချဉ်းကပ်မှုနှင့် ပက်သက်၍ ဝေဖန်မှုများ ရှိခဲ့သည် ။ “အားလုံးကို ခြုံငုံမိသည့် မဟာဗျူဟာမရှိ” ၊ “တစ်ကွက်ရွှေ.ပြီး ဘာဖြစ်လာမလဲ စောင့်ကြည့်နေတယ်” ၊ “ရေရှည်ကို ရှုမြင်မှုမရှိ” ၊ “မျက်ကန်းများ” စသည်ဖြင့် ဝေဖန်ခဲ့ကြသည် ။ ယနေ.ခေတ်တွင်မူ ဤသို.သောဝေဖန်မှုမျိုး နည်းပါးသွားပြီဖြစ်သည် ။
သို.သော်လည်း စနစ် ၂ ခုကို တစ်ပြိုင်တည်းကျင့်သုံးခြင်းကြောင့် ဖြစ်ပေါ်လာသည့် အားနည်းချက်များရှိသည် ၊ ဤအချက်ကို လျှော့မတွက်သင့်ပေ ။ ဆိုးဝါးသည့် အကျိုးဆက်များ လူ.အဖွဲ.အစည်းက သည်းခံနိုင်သည်ထက် ကျော်လွန်လာပါက ပြဿနာများ ပေါ်ထွက်လာမည်ဖြစ်သည် ။ စီးပွါးရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ပို၍နက်ရှိုင်းစွာ တိုးတက်ဖော်ဆောင်ခြင်းဖြင့်သာလျှင် ဤသို.သော ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည် ။ အစောပိုင်းကာလများ၌ ဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲသည့်နည်းကို လက်ခံကျင့်သုံးခြင်းမှာ မှန်ကန်သော်လည်း ရေရှည်အတွက်မူ ဤနည်းဖြင့် ဆက်လက်သွားဖို. မဖြစ်နိုင်ပေ ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3 , Chapter 7 One Step at a Time ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

Sunday, June 13, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၆ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၆
ပြိုင်ဘက်တစ်ယောက်အပေါ် ဥပါယ်တံမျဉ်သုံးခြင်း
ပါတီခေါင်းဆောင်များကြားတွင် “တကျက်ကျက် စကားများ အငြင်းပွါးခြင်း”ကို မနှစ်သက်ကြောင်း
တိန်.ရှောင်ပင်းက လူသိရှင်ကြား ပြောကြားခဲ့ဖူးသည် ။ သို.သော်လည်း ပြုပြင်ပြောင်းလဲရေး၏
အရှိန်နှုန်း ၊ ဦးတည်ရာတို.နှင့်ပက်သက်၍ အခြေခံကျသည့် ကွဲပြားမှုများမှာ
တည်ရှိမြဲတည်ရှိနေဆဲဖြစ်သည် ။ ပွင့်လင်းသည့် ငြင်းခုန်ဆွေးနွေးမှုများကို ခွင့်မပြုသောကြောင့်
သဘောထားကွဲပြားမှုများကို ဖြေရှင်းရာတွင် တစ်ဆင့်ခံသွယ်ဝိုက်သည့် နည်းလမ်းများလိုအပ်ကြောင်း
ကျောက်ကဖော်ပြထားသည် ။
ဤစာစုတွင် ကျောက်က လက်ဝဲဝါဒီ ပါတီဝါရင့်ကြီး ချန်ယန်း၏ ဆန်.ကျင်မှုများကို ကျော်လွှားနိုင်ဖို.
စကားလုံးအသုံးအနှုန်း လှလှပပသုံး၍ ဥပါယ်တံမျဉ်ဖြင့် မည်သို.လှည့်စားခဲ့ကြောင်း ပြောပြထားသည်။
ဤနည်းအားဖြင့် စီးပွါးရေးကဏ္ဍတွင် စီမံကိန်းစနစ်ကို အဓိကဦးစားပေးလိုသည့် ချန်ယန်း၏ ဆန္ဒကို
သူ.အနေဖြင့် လျစ်လျူရှုနိုင်ခဲ့သည် ။ တရုတ်ပြည်၏ ဖွံ.ဖြိုးရေးအတွက် သူ.အနေဖြင့် မှန်ကန်သည့်
လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ထားသည့်အတွက် ကျောက်သည်နောင်တမရခဲ့ပေ။
ရဲဘော်တိန်.ရှောင်ပင်းသည် ဈေးကွက်၏စွမ်းအားကို နှစ်ကာလကြာရှည်စွာကတည်းကပင် အလေးပေးခဲ့သည် ။ “ဆိုရှယ်လစ်စနစ်ဟာ ဈေးကွက်စီးပွါးရေးရဲ. အခန်းကဏ္ဍကို မပစ်ပယ်ဘူး”ဟု သူကပြောခဲ့သည် ။ သူသည် ထိုသတင်းစကားကို အခါများစွာပင် ထပ်ခါထပ်ခါ ပြောကြားခဲ့သည် ။ စီမံကိန်းစီးပွါးရေးနှင့် ဈေးကွက်စီးပွါးရေးကို ပေါင်းစပ်ရာ၌ အခြေအနေပေါ်မူတည်၍ မည်သည့်ကဏ္ဍက ဦးဆောင်နေသည်ဆိုသည့် အနေအထားအပေါ်မူတည်၍ ပြောင်းလွယ်ပြင်လွယ် ရှိရမည်ဟု သူကပြောသည် ။ ၁၂ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး (၁၉၈၄ ခုနှစ်တွင် ကျင်းပခဲ့သည်)တွင် ချမှတ်ခဲ့သည့် စီးပွါးရေးပြုပြင်ပြောင်းလဲရေး ဆုံးဖြတ်ချက်တွင် ဈေးကွက်အလိုအတိုင်းဖြစ်ပေါ်နေသည့် ဝယ်လိုအားနှင့်ရောင်းလိုအားတို.၏ သဘာဝအလျှောက် ဆက်စပ်နေမှုနှင့် ဈေးကွက်စွမ်းအားတို.၏ အရေးပါမှုတို.ကို အလေးပေးဖော်ပြထားခဲ့သည် ။ ဤဆုံးဖြတ်ချက်၌ ဆိုရှယ်လစ်စီးပွါးရေးစနစ်ကို “လူသုံးကုန်ပစ္စည်း စီးပွါးရေးစနစ်၁”ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည် ။
တိန်.သည် ဤဆုံးဖြတ်ချက်ကို လွန်စွာသဘောကျနှစ်သက်ခဲ့ပြီး “နိုင်ငံရေးရာစီးပွါးရေးစနစ်အတွက် သီအိုရီအသစ်”ဟုပင် သဘောထားယူဆခဲ့သည် ။ ၁၉၈၈ ခုနှစ်အတွင်းက တိန်.နှင့်ကျွန်တော် ဆွေးနွေးဖြစ်ခဲ့သည့် သီးသန်.စကားဝိုင်းတစ်ခု၌ ပါတီဝါရင့်ကြီး ချန်ယန်းနှင့် လီရှန်နင်းတို.၏ အယူအဆများနှင့်ပက်သက်၍ စကားစပ်မိရာ၌ ကျွန်တော်တို.၏ စီးပွါးရေးစနစ်သည် ဆိုဗီယက်ယူနီယံ၏ စီးပွါးရေးပုံစံကို အတုယူထားခြင်းဖြစ်ကြောင်း တိန်.ကပြောကြားခဲ့သည် ။ သို.သော် ဆိုဗီယက်တို.ကိုယ်တိုင်သည်ပင်လျှင် ဤပုံစံကို စွန်.လွှတ်ခဲ့ချိန်၌ ကျွန်တော်တို.က မည်သည့်အတွက်ကြောင့် တင်းကျပ်စွာ ဖက်တွယ်ထားသင့်ပါသနည်း ။ ၁၉၉၂ ခုနှစ်၌ သူ၏ပြောကြားမှုများတွင် တိန်.က ဤအယူအဆကို အတိအလင်းပင် ဖော်ပြခဲ့ပါသည် ။ သူသည် အခြေအနေ အချိန်အခါ ကွဲပြားမှုများအပေါ်မူတည်၍ မတူခြားနားသည့် အကြောင်းအရာများကို ပြောကြားခဲ့သည့်တိုင်အောင် လူသုံးကုန်ပစ္စည်း စီးပွါးရေး ၊ ရောင်းလိုအားနှင့် ဝယ်လိုအား၏ သဘောသဘာဝနှင့် ဈေးကွက်စီးပွါးရေးတို.ကို အမြဲလိုပင် တိမ်းညွတ်ဦးတည်ခဲ့ပေသည် ။
ရဲဘော်ဟူယောင်ဘန်းသည်လည်း စီမံကိန်းစီးပွါးရေးစနစ်နှင့်ပက်သက်၍ အလားတူပင် အားတက်သရောမရှိလှပေ ။ ကျွန်တော်၏ အမြင်အရ သူသည် စီမံကိန်းစီးပွါးရေးကို အပေါ်-အောက် လွန်မင်းစွာ ထိန်းချုပ်ထားသည့် ပုံစံတစ်ရပ်ဖြစ်ပြီး လူအများ၏ လုပ်ကိုင်လိုစိတ်နှင့် တီထွင်ဖန်တီးလိုစိတ်တို.ကို ကန်.သတ်ထားပြီး ဒေသဆိုင်ရာအဆင့်နှင့် စီးပွါးရေးလုပ်ငန်းနယ်ပယ်တို.၌ ကိုယ်တိုင်စတင်ပြီး ရှေးဦးလုပ်ဆောင်လိုစိတ်တို.ကို ထိန်းချုပ်ကန်.သတ်ထားသည့် စနစ်ဖြစ်သည်ဟု သူက ယုံကြည်ထားသည်ဟု ကျွန်တော်ထင်သည် ။ ဆိုရှယ်လစ်လူ.အဖွဲ.အစည်းတစ်ခု တည်ဆောက်ရာတွင် လူများ ၊ စီးပွါးရေးလုပ်ငန်းများနှင့် ဒေသဆိုင်ရာ အစိုးရများအား လွတ်လပ်အမှီအခိုကင်းစွာ လှုပ်ရှားခွင့်ပြုဖို. လိုအပ်ပြီးလျှင် နိုင်ငံတော်က လူမှုလှုပ်ရှားမှုကန်ပိန်းများဖြင့် လှုံ.ဆော်ပြီး ၎င်းတို.၏ အင်အားတို.ကို စုစည်ပြီး လမ်းညွှန်မှုပေးရမည်ဟု သူက ယုံကြည်သည် ။
သို.သော် ချန်ယန်းနှင့် လီရှန်နင်းတို.ကမူ စီမံကိန်းစီးပွါးရေးစနစ်၏ အရေးပါမှုကို အလေးပေးကြသည် ။ အထူးသဖြင့် ချန်ယန်းဖြစ်သည် သူ၏အယူအဆများသည် ၁၉၅၀ ခုနှစ်က အယူအဆများအတိုင်း မပြောင်းမလဲရှိနေဆဲဖြစ်သည် ။ သူပြောသမျှ မိန်.ခွန်းတိုင်း၌ “စီမံကိန်းစီးပွါးရေးက ပထမဦးစားပေး ၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထိန်းညှိရေးက အရန်အစီအစဉ်”ဆိုသည့် စကားစုကို အမြဲလိုထည့်ပြောလေ့ရှိသည် ။ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ အရှိန်ကောင်းစွာရပြီးသည့်တိုင်အောင်ပင် သူ.မိန်.ခွန်းများ၏ လေသံအသွားအလာမှာ ပြောင်းလဲမသွားပေ ။ သူ၏အယူအဆအရ စီးပွါးရေးကို ကိုင်တွယ်ထိန်းချုပ်ခြင်းသည် ငှက်မွေးရသည်နှင့်တူသည် ၊ ငှက်ကလေးကို တင်းကျပ်စွာကိုင်တွယ်၍ မဖြစ်နိုင်ပေ ဤသို.ကိုင်တွယ်ပါက ငှက်သည်အသက်ရှုကျပ်သွားမည်ဖြစ်သည် ထို.အတူပင် ငှက်ကိုလွှတ်ပေးရန်လည်း မဖြစ်နိုင်ပြန်ပေ အဘယ့်ကြောင့်ဆိုသော် သူတို.ကပျံသန်းသွားမည်ဖြစ်သောကြောင့်ဖြစ်သည် ထို.ကြောင့် ငှက်ကိုလှောင်အိမ်တွင်းထည့်၍ မွေးခြင်းသည် အကောင်းဆုံးပင်ဖြစ်သည် ။ ဤသည်မှာ သူ၏နာမည်ကျော် “ငှက်လှောင်အိမ် စီးပွါးရေးမော်ဒယ်”၏ နောက်ကွယ်ရှိ အခြေခံအယူအဆဖြစ်သည် ။
သူက တရုတ်ပြည်၏ ပထမ ငါးနှစ်စီမံကိန်းသည် အောင်မြင်ရုံမျှသာမက စီမံကိန်းစီးပွါးရေးစနစ်သည် ဆယ်စုနှစ်အနည်းငယ်အတွင်း ဆိုဗီယက်ပြည်ထောင်စုကို ဖွံ.ဖြိုးမှုနိမ့်ကျသည့် နိုင်ငံတစ်ခုအဖြစ်မှ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအင်အားအကြီးဆုံး နိုင်ငံတစ်ခုအဖြစ်သို. ပြောင်းလဲပေးနိုင်ခဲ့သည်ဟု ၁၉၈၀ ခုနှစ်များ၏ နောက်ပိုင်းကာလများအထိ ယုံကြည်နေဆဲဖြစ်သည် ။ ဤအချက်သည် စီမံကိန်းစီးပွါးရေးစနစ် အောင်မြင်နိုင်ကြောင်း သက်သေတစ်ခုဖြစ်သည်ဟု သူကရှုမြင်သည် ။ တရုတ်ပြည်သည် စီမံကိန်းစီးပွါးရေးစနစ်အောက်တွင် ကောင်းစွာမအောင်မြင်ရခြင်းမှာ မော်၏မူဝါဒများနှင့် ယဉ်ကျေးမှုတော်လှန်ရေး၏ အဖျက်စွမ်းအားများကြောင့်ဖြစ်သည်ဟု သူကယူဆသည် ။ အကယ်၍ အခြေအနေအရပ်ရပ်သည် ပထမ ငါးနှစ်စီမံကိန်းအတိုင်း ဆက်လက်ဖြစ်ပေါ်ခဲ့ပါက ရလာဒ်များသည် အလွန်ကောင်းမွန်ဖွယ်ရာရှိနေလိမ့်မည်ဟု သူကယုံကြည်သည် ။
နိုင်ငံခြားရေးနှင့်ပက်သက်ပါက ချန်ယန်သည် ဆိုဗီယက်ပြည်ထောင်စုကို လှိုက်လှိုက်လှဲလှဲ သဘောကျပြီး အမေရိကန်ပြည်ထောင်စုကိုမူ ယုံကြည်မှုမရှိပေ ။ သူ၏ရှုမြင်ပုံမှာ တိန်.ရှောင်ပင်း၏ အမြင်များနှင့် အလွန်ပင် ကွဲပြားနေပြီး သူတို.နှစ်ဦးကြားတွင် သဘောထားကွဲလွဲမှုရှိနေသည် ။
၁၉၈၀ ခုနှစ်များအတွင်းက စီပွါးရေးအကြံပေး အိုင်ဗန်အာခီပေါ့ဗ် တရုတ်ပြည်သို. ရောက်လာခဲ့သည် ။ သူ.ကို ဆိုဗီယက်ပြည်ထောင်စုက စီးပွါးရေး စီမံကိန်းရေးဆွဲမှုများတွင် တရုတ်ပြည်ကို ကူညီရန်အတွက် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး သူသည် ချန်ယန်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည် ။ တိန်.က ချန်ယန်းကို ဆွေးနွေးရာတွင် ပြောကြားရမည့် အချက်များကို ချပြပြီး ၎င်းတို.ကို လိုက်နာရန် အမိန်.ပေးခဲ့သည် ။ ရှောင်ပင်းသည် အာခီပေါ့ဗ်နှင့် တွေ.ဆုံရာတွင် ချန်ယန်းပြောကြားမည့် စကားများနှင့် ပက်သက်၍ စိုးရိမ်ပူပန်ပြီး ဆွေးနွေးပွဲကြောင့် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာမည်ကို ပူပင်ကြောင့်ကျခဲ့သည် ။ ချန်ယန်းက အင်တင်တင်ဖြစ်နေသော်လည်း အမိန်.ကို လိုက်နာခဲ့သည် ။ ပြည်သူ.လွတ်မြောက်ရေးတပ်မတော် ဦးစီးချုပ် ဇူရှင်းကျန်သည်လည်း အလားတူအမြင်မျိုးရှိသူဖြစ်သည် ။ တကယ်တမ်း၌ ဆိုဗီယက်ပြည်ထောင်စုသည် ဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကမူ နယ်ချဲ.နိုင်ငံတစ်ခုသာဖြစ်သည်ဟု သူကယုံကြည်သည် ။
ကျွန်တော်တို.သည် ကျေးလက်ဒေသ မြေယာကန်ထရိုက်စနစ်ကို စတင်အကောင်အထည်ဖော်ဖို. ပြင်ဆင်နေချိန်ဖြစ်ရာ ချန်ယန်းက ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် ကျေးလက်ဒေသ အလုပ်အဖွဲ. အစည်းအဝေး၌ မိန်.ခွန်းပြောကြားခဲ့သည် ။ ကျေးလက်စီးပွါးရေးသည်လည်း စီမံကိန်းစနစ်ဖြင့် အဓိက အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ဈေးကွက်ထိန်းညှိမှုသည် အရံအစီအစဉ်မျှသာဖြစ်ကြောင်း သူကပြောကြားခဲ့သည် ။ ကောက်ပဲသီးနှံ ၊ ဝါဂွမ်း ၊ ဆေးရွက်ကြီးနှင့် အခြားသီးနှံတို.ကို စိုက်ပျိုးရန် မြေနေရာကို ခွဲတမ်းများဖြင့် ချမှတ်သင့်သည် ။ ဝက်မွေးမြူရေးကိုလည်း ဦးတည်ချက်ခွဲတမ်းများ ချမှတ်ထားဖို. လိုအပ်ကြောင်း သူကပြောခဲ့သည် ။
၁၉၈၁ ခုနှစ် ဇန်နဝါရီလ တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း၌ နိုင်ငံတော်စီမံကိန်းရေးဆွဲရေးကော်မှရှင်မှ ခေါင်းဆောင်များကို ချန်ယန်းက စုစည်းစေခဲ့ပြီး စီမံကိန်းစီးပွါးရေးစနစ်ကို အားပေးမြှုင့်တင်ဖို. ဆွေးနွေးခဲ့ပြီး ဤသတင်းကို သတင်းဋ္ဌာနများသို. ထုတ်ပြန်ခဲ့သည် ။ စီမံကိန်းစီးပွါးရေးသည် လူကြိုက်မများသောကြောင့် စီမံကိန်းရေးဆွဲရေးကော်မရှင်၏ အလုပ်တို.ကို အကောင်အထည်ဖော်ရန်ခက်ခဲနေကြောင်း သို.သော် စီမံကိန်းစီးပွါးရေးကို ကျောခိုင်းစွန်.ပစ်ဖို. မဖြစ်နိုင်ကြောင်း သူကပြောသည် ။
၁၉၈၄ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအတွက် သဘောထားထုတ်ပြန်တစ်စောင် ရေးသားတင်သွင်းခဲ့သည် ။ ကျွန်တော်တို.သည် ၁၉၅၀ ခုနှစ်များအတွင်းက စားသောက်ကုန်ထုတ်လုပ်ရေးမူဝါဒများ၌ ရောင်းလိုအားနှင့် ဝယ်လိုအားတို.၏ သဘောသဘာဝတို.ကို လျစ်လျူရှုခဲ့သည်မှာ မှန်ကန်သည်ဟု သူကဆိုနေဆဲဖြစ်သော်လည်း ကွန်ဂရက်သို.တင်သွင်းအဆိုပြုခဲ့သည့် စီးပွါးရေးပြုပြင်ပြောင်းလဲမှု ဆုံးဖြတ်ချက်မူကြမ်းကိုမူ သူကထောက်ခံခဲ့သည် ။
မူကြမ်းကို ပါတီကွန်ဂရက်သို.မတင်သွင်းမှီတွင် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. ကျွန်တော်က စီးပွါးရေးပြုပြင်ပြောင်းလဲမှုနှင့် ပက်သက်၍ စာတစ်စောင်ရေးသားခဲ့သည် ။ တိန်.ရှောင်ပင်း ၊ ချန်ယန်းနှင့် လီရှန်နင်းတို. အားလုံးက သူတို.၏ သဘောတူညီမှုကို ဖော်ပြခဲ့ကြသည် ။ သူ၏သဘောထားထုတ်ပြန်ချက်ထဲ၌ ကျွန်တော်တို.၏ စီးပွါးရေးပမာဏ တိုးတက်ချဲ.ထွင်လာသည်နှင့်အမျှ ၁၉၅၀ ခုနှစ်များအတွင်းက ကျင့်သုံးခဲ့သည့် မူဝါဒများမှာ လက်တွေ.အလုပ်မဖြစ်နိုင်တော့ဟုပင် ချန်ယန်းက ရေးသားခဲ့သည် ။ သူ၏ ထုတ်ပြန်ချက်မှာ ကောင်းမွန်သင့်တော်သည် ၊ သူသည် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသည်ဟု ကျွန်တော်ထင်သည် ။ သို.သော်လည်း ၁၉၈၅ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် အမျိုးသားကွန်ဖရင့်တွင် “စီးပွါးရေးကို ‘စီမံကိန်းစီးပွါးရေးက ပထမဦးစားပေး ၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထိန်းညှိရေးက အရန်အစီအစဉ်’ဆိုတဲ့ မူအပေါ်မှာ အခြေတည်ရမယ် ၊ ဒီစကားစုဟာ ခုချိန်ထိ ခေတ်မတိမ်သေးတဲ့ စကားတွေဖြစ်တယ်”ဟု သူက ထပ်မံ၍ ပြောလာခဲ့ပြန်သည် ။
ဤထုတ်ပြန်ချက်သည် ပြဿနာတက်နိုင်သည်။ ဤစကားလုံးတို.ကို ၁၂ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမတိုင်မှီ နှစ်ကာလများအတွင်းက သုံးနှုန်းခဲ့ဖူးသည် ။ သို.သော် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မည်ဟု ဆုံးဖြတ်ခဲ့ပြီးချိန်မှစ၍ ဆိုရှယ်လစ်စီးပွါးရေးစနစ်သည် လူသုံးကုန်ပစ္စည်း စီးပွါးရေးစနစ်ဖြစ်ပြီး ဈေးကွက်၏ အလားအလာကို အပြည့်အဝ ဖော်ဆောင်သွားရမည်ဟု သဘောတူခဲ့ကြသည် ။ ကျွန်တော်တို.သည် မော်လက်ခံကျင့်သုံးခဲ့သည့် “စီမံကိန်းက အရင်လာ ၊ ဈေးနှုန်းကို နောက်မှညှိ” ဟူသည့် အယူအဆကိုလည်း စွန်.လွှတ်ခဲ့ကြသည် ။ ထို.ကြောင့် “စီမံကိန်းစီးပွါးရေးက ပထမ ၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထိန်းညှိရေးက ဒုတိယ”ဟု မည်ကဲ့သို.ပြောနေနိုင်ပါဦးမည်နည်း ။ ဤထုတ်ပြန်ချက်ကို ဖြန်.ဝေပါက ၁၂ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှ ဆုံးဖြတ်ချက်နှင့် ဆန်.ကျင်ကွဲလွဲနေမည်မှာ ထင်ရှားနေပေသည် ။
ချန်ယန်းက သူ၏မိန်.ခွန်းကို ဝေဖန်သုံးသပ်ရန် ကျွန်တော့်ထံသို. ပေးပို.ခဲ့ရာ ကျွန်တော့်မှာ ၎င်းကိုဖတ်ပြီး စိတ်မသက်မသာဖြစ်ရသည် ။ သူ၏မိန်.ခွန်းမှာ လွန်ခဲ့သည့် ၁ နှစ်အကြာက ကျင်းပခဲ့သည့် ပါတီကွန်ဂရက်တွင် ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက်မှ သိသိသာသာ နောက်ပြန်ဆုတ်နေပေသည် ။ အကယ်၍​ သူသည် ဤမိန်.ခွန်းအတိုင်း ရှေ.ဆက်နေပါက ကွန်ဖရင့်တွင် သဘောထားရှုပ်ထွေးမှုများ ဖြစ်ပေါ်တော့မည်မှာ သေချာနေပေသည်။ သို.သော် သူသည်၎င်းကို ရေးသားပြီးဖြစ်သောကြောင့် ၎င်းကို ဖြန်.ဝေခြင်းမပြုသည့်တိုင်အောင် သူ၏အယူအဆကို ပြောင်းလဲအောင် သိမ်းသွင်းဖြောင့်ဖျဖို. မဖြစ်နိုင်သည်မှာလည်း သေချာနေသည်ကို ကျွန်တော်သိနေသည် ။
သူ.အိမ်သို. ကျွန်တော်သွားရောက်ခဲ့ပြီး “ (ဈေးကွက်လိုအပ်ချက်အတိုင်း ထိန်းညှိရေးက ဒုတိယ)ဟူသည့် စကားစုသည် စီမံကိန်းရေးဆွဲရေးနှင့် မသက်ဆိုင်ပဲ ဈေးကွက်တောင်းဆိုမှုအတိုင်း လိုအပ်သည့်ပမာဏကို ထုတ်လုပ်နေသည့် ကုန်စည်တို.ကို ဆိုလိုသည် ။ ဤသည်မှာ စီမံကိန်းရေးဆွဲရေးမှ ကင်းလွတ်သည့် ထိန်းညှိမှုပင်ဖြစ်သည်”ဆိုသည့် စာပိုဒ်ကို ဖြည့်စွက်ဖို. ကျွန်တော်က အကြံပြုခဲ့သည် ။ အလားတူဖော်ပြချက်မျိုးကို ၁၉၅၀ ခုနှစ်များအတွင်းက သူကိုယ်တိုင် အသုံးပြုခဲ့ဖူးသည် ။ ထို.ကြောင့် သူက ကျွန်တော်၏ အကြံပြုချက်ကို လှိုက်လှိုက်လှဲလှဲပင် လက်ခံခဲ့ပြီး သူ၏အတွင်းရေးမှုးအား ဤစာပိုဒ်ကို သူ၏မိန်.ခွန်းတွင် ထည့်သွင်းဖို. ချက်ချင်းပင် စေခိုင်းခဲ့သည် ။
ဤကဲ့သို.သော အကြံပြုချက်မျိုးကို မည်သည့်အတွက်ကြောင့် ကျွန်တော်ပြုလုပ်ခဲ့ပါသနည်း ။ အဘယ်ကြောင့်ဆိုသော် ဤစာစုကို ဖြည့်စွက်ထည့်သွင်းလိုက်ခြင်းအားဖြင့် “ဈေးကွက်လိုအပ်ချက်အတိုင်း ထိန်းညှိရေးက ဒုတိယ”ဟူသည့် စကားစု၏အတိုင်းအတာကို နိုင်ငံတော်စီမံကိန်းမှ ကင်းလွတ်သည့် လူသုံးကုန်စည် တချို.အပေါ်တွင်သာ သက်ရောက်စေရန် ကန်.သတ်နိုင်သည် ။ ၁၂ ကြိမ်မြောက် ပါတီကွန်ဂရက် တတိယအကြိမ် စုံညီအစည်းအဝေးမှ သတ်မှတ်ခဲ့သည့် “တစ်ဆင့်ခံ စီမံချက်”ဟု ခေါ်ဆိုသည့် ကုန်စည်အများစုကို ဤစကားစုတွင် ကျွန်တော်တို. မထည့်သွင်းပေ ။ ၎င်းတို.သည် ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နေခြင်းဖြစ်သည် ။
ဤစကားစုကို ဖြည့်စွက်လိုက်ခြင်းဖြင့် ကုန်ပစ္စည်းတို.ကို အမျိုးအစား သုံးခု ခွဲခြားလိုက်နိုင်သည် ။ ပထမ အမျိုးအစားမှာ “စီမံကိန်း ကုန်စည်များ” ၊ ဒုတိယမှာ လူသုံးကုန်ပစ္စည်းအများစု ပါဝင်သည့် “တစ်ဆင့်ခံစီမံကိန်း ကုန်စည်များ” ဖြစ်ပြီး တတိယမှာ သာမန် ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နေသည့် “ဆင့်ပွါး ဈေးကွက်ထိန်းညှိခံ ထုတ်ကုန်များ”ဟု ခေါ်ဆိုသည့် လူသုံးကုန်စည် အနည်းငယ်တို.ဖြစ်သည် ။ နောက်ဆုံးအုပ်စု ၂ မျိုး(ဤ ၂ မျိုးလုံးပေါင်းလိုက်ပါက စုစုပေါင်း ထုတ်ကုန်အားလုံး၏ တစ်ဝက်ခန်.မျှရှိသည်)မှာ ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နေခြင်းဖြစ်သည် ။ ဤစကားစုကို ထည့်သွင်းလိုက်ခြင်းဖြင့် ဤအချက်အားလုံးကို ရှင်းလင်းပြနိုင်ပြီး စီးပွါးရေး ပြုပြင်ပြောင်းလဲရေး ဆုံးဖြတ်ချက်နှင့်လည်း သိသိသာသာ ကွဲလွဲမှုမရှိတော့ပေ ။
ရဲဘော်ချန်ယန်းကမူ ဤအတိုင်း ဆိုလိုခြင်းမဟုတ်သည်မှာ ထင်ရှားပေသည် ။ သူက အားလုံးကို ဖြောင့်ဖြောင့်ကြီး ဆန်.ကျင်စွာ ဆိုလိုခြင်းဖြစ်သည် ။ သို.သော် ကျွန်တော်တို.အနေဖြင့် ၎င်းတို.အားလုံးကို ဤသို.ဖွင့်ဆိုပြနိုင်ပေသည် ။ ထိုစကားစုသာ မပါဝင်ပါက ကျွန်တော်တို.အနေဖြင့် “စီမံကိန်းစီးပွါးရေးက ပထမ ၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထိန်းညှိရေးက ဒုတိယ”ဟု အော်နေရုံမျှသာရှိပြီး ထိန်းညှိရေး၏ အတိုင်းအတာကို ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်ရေးဟု ကန်.သတ်ရုံမျှသာရှိပေလိမ့်မည် ။
အားလုံးမှာ စကားလုံးများနှင့် ကစားနေသည့်အလားဖြစ်သည် သို.သော် ဤနည်းမှလွဲ၍ တခြားလုပ်နိုင်သည့်အရာ မရှိခဲ့ပေ ။ ချန်ယန်းသည် ကွန်မြူနစ်ပါတီအတွင်းနှင့် စီးပွါးရေးမူဝါဒများ အပေါ်တွင် လွန်စွာဩဇာသက်ရောက်ပေသည် ။ အကယ်၍ သူ၏ထုတ်ပြန်ချက်ကို မွမ်းမံပြုပြင်မှုမပြုပဲ ဖြန်.ဝေပါက ပါတီအတွင်း၌ အကြီးအကျယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ပေသည် ။
၁၉၈၇ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် ပါတီကွန်ဂရက်၌ နိုင်ငံရေးအစီရင်ခံစာတွင် ကျွန်တော်က စီးပွါးရေး ယန္တရားသည် “နိုင်ငံတော်က ဈေးကွက်ကို ချုပ်ကိုင်၍ ၊ ဈေးကွက်က စီးပွါးရေးလုပ်ငန်းများကို လည်ပတ်မောင်းနှင်” သင့်သည်ဟု ပြောခဲ့သည် ။ အထွေထွေ နိုင်ငံရေးအခြေအနေအားလုံးမှာ ပြုပြင်ပြောင်းလဲရေးအတွက် အလွန်ကောင်းမွန်နေသည့်အတွက် ကျွန်တော်၏ အစီရင်ခံစာမူကြမ်းတို.ကို ချန်ယန်းထံသို. ပေးပို.၍ သူ၏အယူအဆကို တောင်းခံခဲ့သည် ။ သူသည် သဘောမတူမှုကို ထင်ထင်ရှားရှား မပြသလို အတည်ပြုခြင်းမျိုးလည်း မရှိခဲ့ပေ ။
သူသည် ၁၂ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးတုန်းက ဖော်ပြခဲ့သည့် ပုံမှန်ထောက်ခံမှုမျိုးကို ဘယ်တော့မှ ပြန်လည်မပြသခဲ့ပေ ။ ၁၃ကြိမ်မြောက်ပါတီကွန်ဂရက် ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံရေးအစီရင်ခံစာဖတ်ကြားဖို. ကျွန်တော်စတင်ပြင်ဆင်နေချိန်တွင် သူသည် အစည်းအဝေးပွဲ အခန်းအပြင်သို. ထွက်သွားခဲ့သည် ။ ဤသည်မှာ ကျွန်တော်၏ အစီရင်ခံစာကို ကန်.ကွက်ကြောင်းပြသသည့် သူ၏နည်းလမ်းဖြစ်သည် ။ ဤကဲ့သို. ကျွန်တော် မည်သို.ထင်မြင်မိပါသနည်း ။ ထိုစဉ်က သူသည် မကျန်းမမာဖြစ်မနေပါ ၊ ထို.ကြောင့် ထိုင်၍နားထောင်နေဖို. သူ.အနေဖြင့် ပြဿနာမရှိနိုင်ပါ ။ ဤသည်နှင့်ဆန်.ကျင်စွာပင် ၁၉၈၁ ခုနှစ် ကျွန်တော် ဝန်ကြီးချုပ်ဖြစ်ပြီးချိန်က တင်သွင်းခဲ့သည့် စီးပွါးရေး ဖွံ.ဖြိုးရေး မဟာဗျူဟာ အချက် ၁၀ ချက်ကို ဖတ်ကြားခဲ့စဉ်က ကျန်းမာရေးမကောင်းဖြစ်နေသည့် သူ.ကို လူအများက အစည်းအဝေးခန်းအပြင်ထွက်၍ အနားယူဖို. လူအများက ဖြောင့်ဖျတိုက်တွန်းချိန်၌ သူကအပြင်ထွက်ဖို. ငြင်းဆန်ခဲ့ပြီး “ကျိယန်ရဲ. အစီရင်ခံစာအပြီးထိ ငါနားထောင်ဖို. လိုအပ်တယ်”ဟု သူကပြောကြားခဲ့သည် ။ သူ၏ ထိုစဉ်က လုပ်ရပ်မှာ ထောက်ခံမှုကို ပြသသည့်သဘောဖြစ်သည် ။ ယေဘုယျအားဖြင့် ပါတီဝါရင့်များသည် အစည်းအဝေးကျင်းပနေစဉ်၌ အခန်းအပြင်သို. မကြာခဏဆိုသလို ထွက်ခွါလေ့ရှိကြသည် ၊ သို.သော် ဤလုပ်ရပ်နှစ်ခုကို ချိန်ထိုးယှဉ်ကြည့်ခြင်းဖြင့် သူ၏သဘောထားမှာ ထင်ရှားလှပေသည်။
(စကားချပ် ။ ။ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက် ဖြစ်ရပ်အပြီး၌ ချန်ယန်းကို စီးပွါးရေးနှင့်ပက်သက်၍ သူ၏ဆရာဟု ယူဆသူ ယော်ယိလင်က “နိုင်ငံတော်က ဈေးကွက်ကို ချုပ်ကိုင်၍ ၊ ဈေးကွက်က စီးပွါးရေးလုပ်ငန်းများကို လည်ပတ်မောင်းနှင်”ဟူသည့် ဖော်ပြချက်ကို လူသိထင်ရှား ရှုတ်ချခြင်းဖြင့် “ကျောက်ကျိယန်၏ မူဝါဒဆိုင်ရာ လွှမ်းမိုးမှုကို ချိုးဖျက်ခြင်း”ဟူ၍ အဆိုပြုတင်ပြခဲ့သေးသည် ။)
စီမံကိန်းစီးပွါးရေးနှင့်ပက်သက်သည့် ကျွန်တော်၏ နားလည်မှုများသည်လည်း အဆင့်များစွာကို ဖြတ်သန်းပြီးမှ နားလည်လာခဲ့ခြင်းဖြစ်သည် ။ အစပိုင်း၌ တရုတ်ပြည်ကဲ့သို. မတူကွဲပြားသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးနှင့် သယ်ယူပို.ဆောင်ရေး ကွန်ယက်တို.သည်လည်း အဆင့်နိမ့်ကျလွန်းလှပြီး ကြီးမားလွန်းလှသည့် တိုင်းပြည်တစ်ခုအနေဖြင့် ကုန်စည်အားလုံးကို ထုတ်လုပ်ရေးမှ ဖြန်.ဖြူးရေးထိတိုင်အောင် အစစအရာရာ ဗဟိုမှ ချုပ်ကိုင်ညွှန်ကြား၍ စီမံချက်ချ လုပ်ဆောင်ပါက ဗျူရိုကရေစီ ကြိုးနီစနစ် ၊ ချို.ယွင်းမှုများနှင့် အမှားအယွင်းများကို ရှောင်လွှဲ၍ ရနိုင်ဖွယ်ရာမရှိဟု ကျွန်တော်စိတ်ပူပန်ခဲ့သည် ။
နောက်ပိုင်း ဗဟိုကော်မတီတွင် ကျွန်တော်ပါဝင်လုပ်ဆောင်လာခဲ့ပြီးချိန်၌ စီးပွါးရေး စွမ်းဆောင်ရည် ညံ့ဖျင်းမှုနှင့် ကုန်စည်ထုတ်လုပ်မှုနှင့်စားသုံးမှုကြား ချို.ယွင်းပျက်တောက်နေမှုများတွင် မွေးရာပါအကြောင်းရင်းတစ်ခုရှိနေကြောင်း ၎င်းမှာ စီမံကိန်းစီးပွါးရေးစနစ်ကိုယ်တိုင်ပင်ဖြစ်ကြောင်း သိနားလည်လာခဲ့သည် ။ တစ်ခုတည်းသော ထွက်ပေါက်မှာ ရောင်းလိုအားနှင့် ဝယ်လိုအားတို.၏ သဘောသဘာဝအတိုင်းသာလျှင် ဈေးကွက်၏အလားအလာကို အကောင်အထည်ဖော်ပေးရန်သာဖြစ်သည် ။ သို.သော်လည်း ကျွန်တော်တို.ကဲ့သို. ဆိုရှယ်လစ်နိုင်ငံတစ်ခုတွင် အနောက်တိုင်းနိုင်ငံများ၏ လွတ်လပ်သည့် ဈေးကွက်စီးပွါးရေးစနစ်၏ အခြေခံများကို လက်ခံကျင့်သုံးဖို. ဖြစ်နိုင်မဖြစ်နိုင်ဆိုသည်ကို ကျွန်တော်မသိပါ။
ကျွန်တော်၏ သေသေချာချာ မသိနားမလည်သေးမှုကြောင့် ၁၉၈၁ ခုနှစ်က တင်ပြခဲ့သည့် “စီးပွါးရေး ဖွံ.ဖြိုးရေး မဟာဗျူဟာ အချက် ၁၀ ချက်” ဟူသည့် အစိုးရအဖွဲ. အလုပ်အစီရင်ခံစာတွင် စီးပွါးရေးလုပ်ငန်းနှင့် လူသုံးကုန်စည်တို.၏ အမျိုးအစားအပေါ်လိုက်၍ ကျွန်တော်က စီမံကိန်းစီးပွါးရေးစနစ်ကို ကဏ္ဍ ၄ ရပ်ခွဲခြား၍ တင်ပြခဲ့သည် ။ ပထမကဏ္ဍမှာ စီးပွါးရေး၏ အဓိကကျောရိုးဖြစ်သည့် လုပ်ငန်းများနှင့် ပြည်သူလူထု၏ အသက်မွေးမှုအတွက် လိုအပ်သည့် အဓိက မရှိမဖြစ် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နိုင်ငံတော်မှ လုံးဝထိန်းချုပ်ထားသည့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများဖြစ်သည် ။ ဒုတိယကဏ္ဍမှာ ဈေးကွက်အင်အားစုများ၏ လိုအပ်ချက်အတိုင်း တုံ.ပြန်နေသည့် ထုတ်လုပ်သူများနှင့် ကုန်စည်ဖြန်.ဖြူးသူများကိုယ်တိုင် သူတို.၏ကိုယ်ပိုင်အစီအစဉ်များဖြင့် ထုတ်လုပ်နေသော အသေးစားလူသုံးကုန်စည် ထုတ်လုပ်သည့်လုပ်ငန်းများဖြစ်သည် ။ တခြားကဏ္ဍနှစ်ခုကိုလည်း ကျွန်တော်က ပိုင်းခြားသတ်မှတ်ခဲ့သေးသည် ။ တစ်ခုမှာ စီမံကိန်းရေးဆွဲရေးက အဓိကလွှမ်းမိုးပြီး ဈေးကွက်တောင်းဆိုမှုက ထိန်းညှိရေး အခန်းကဏ္ဍအနေဖြင့်ရှိနေသော ကဏ္ဍဖြစ်သည် ။ နောက်တစ်ခုမှာ ဈေးကွက်အင်အားစုများက အဓိကအခန်းကဏ္ဍအနေဖြင့် ရှိနေပြီး နိုင်ငံတော်၏ စီမံချက်က သာမညအခန်းကဏ္ဍအနေဖြင့် ရှိနေသော ကဏ္ဍဖြစ်သည်။ ဤအမျိုးအစား ခွဲခြားမှုကို ထိုစဉ်က ချန်ယန်းကိုယ်တိုင်ကလည်း ထောက်ခံခဲ့သည် ။
၁၂ ကြိမ်မြာက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအတွက် စာတမ်းမူကြမ်းများ ပြင်ဆင်ရေးဆွဲနေစဉ်က မူကြမ်းရေးဆွဲသည့်အဖွဲ.သို. သဘောထားအယူအဆများစွာကို ကျွန်တော်ချပြခဲ့ပြီး နောက်ပိုင်း၌ တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. ပေးပို.ခဲ့သည့်စာတွင်လည်း ဖော်ပြခဲ့သည် ။ ဤအယူအဆများမှာ အောက်ပါအတိုင်းဖြစ်သည် ။
၁။တရုတ်ပြည်၏ စီးပွါးရေးစနစ်သည် စီမံကိန်းစီးပွါးရေးစနစ်ဖြစ်ပြီး အနောက်တိုင်း၏ လွတ်လပ်သည့် ဈေးကွက်စီးပွါးရေးစနစ်မဟုတ်ပါ ။
၂ ။တရုတ်ပြည်စီးပွါးရေး၏ သဘောလက္ခဏာမှာ “လူသုံးကုန်ပစ္စည်း စီးပွါးရေး”ဖြစ်သည် ။ “ကုန်ပစ္စည်းထုတ်လုပ်ရေး စီးပွါးရေးမဟုတ်၂”။
၃။စီမံကိန်းရေးဆွဲရေး၌ တိုက်ရိုက်စီမံချက်နှင့် တစ်ဆင့်ခံသွယ်ဝိုက်စီမံချက်တို. ပါရှိသည် ။ တစ်ဆင့်ခံသွယ်ဝိုက် စီမံချက်ကို ချဲ.ထွင်လာသည်နှင့်အမျှ တိုက်ရိုက်စီမံချက်ကို လျှော့ချရမည် ။
၎။တစ်ဆင့်ခံသွယ်ဝိုက် စီမံချက်သည် ဈေးကွက်လိုအပ်ချက်ကို စီးပွါးရေးနည်းနာများနှင့်အညီ ဝင်ရောက်တုံ.ပြန်ခြင်းဖြစ်ပြီး ၊ တိုက်ရိုက်စီမံချက်သည်လည်း ရောင်းလိုအားနှင့် ဝယ်လိုအားတို.၏ ဥပဒေသတို.ကို လေးစားလိုက်နာရမည် ။
ဤအယူအဆများကို ၁၂ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးတွင် ချမှတ်ခဲ့သည့် စီးပွါးရေးပြုပြင်ပြောင်းလဲရေး ဆုံးဖြတ်ချက်တွင် အတည်ပြုခဲ့သည် ။ ထို.နောက်ပိုင်း၌ “လူသုံးကုန်ပစ္စည်း စီးပွါးရေး”ကို ရှင်းလင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ခဲ့သည် ။ စီမံချက်ချမှတ်ခြင်းနှင့် မသက်ဆိုင်သည့် အသေးစား လူသုံးကုန်စည် ထုတ်လုပ်ရေးလုပ်ငန်းများပြီးလျှင် ဈေးကွက်အလိုအတိုင်း ထိန်းညှိတုံ.ပြန်နေသည့် “တစ်ဆင့်ခံသွယ်ဝိုက် စီမံချက်”ကဏ္ဍကို ဆက်လက်၍ ချဲ.ထွင်ရမည် ။ ဤနည်းအားဖြင့် တရုတ်ပြည်စီးပွါးရေး၏ ဈေးကွက်လိုအပ်ချက်အတိုင်း လိုက်နာတုံ.ပြန်သည့် အစိတ်အပိုင်းတို.၏ အချိုးအစားသည် ကျယ်ပြန်.တိုးချဲ.လာပေမည် ။
၁၃ ကြိမ်မြောက် ပါတီကွန်ဂရက်သို. ကျွန်တော်အစီရင်ခံတင်ပြသည့် အချိန်ကာလတွင် တရုတ်ပြည်၏ စီးပွါးရေးသည် “နိုင်ငံတော်က ဈေးကွက်ကို ချုပ်ကိုင်၍ ၊ ဈေးကွက်က စီးပွါးရေးလုပ်ငန်းများကို လည်ပတ်မောင်းနှင်”ဟူသည့် ယန္တရားအတိုင်း လည်ပတ်နေသည်မှာ ထင်ရှာနေပေပြီ ။ တစ်နည်းအားဖြင့်ဆိုရပါက ကျွန်တော်တို.သည် လွတ်လပ်သည့် ဈေးကွက်စီးပွါးရေး၏ စည်းမျဉ်များနှင့်အညီ လည်ပတ်နေသည့် စီးပွါးရေးစနစ်တစ်ခုကို တည်ထောင်ခဲ့ပြီးဖြစ်သည် ။ အယူအဆ မူဝါဒရေးရာ အခုအခံသဘောများအရ “လွတ်လပ်သည့် ဈေးကွက်”ဆိုသည့် အသုံးအနှုန်းကို တရားဝင်မသုံးစွဲခြင်းသာဖြစ်သည် ။
-----------------------------------------------------------------------------------------------------------------
၁ ။ ။ “လူသုံးကုန်ပစ္စည်း စီးပွါးရေးစနစ်” ဆိုသည့်စကားလုံးမှာ “ဈေးကွက်စီးပွါးရေးစနစ်”ကို စကားလုံးလှလှ သုံးထားခြင်းဖြစ်သည် ။ တရုတ်ပြည် စီးပွါးရေးပြုပြင်ပြောင်းလဲမှု၏ အစောပိုင်းကာလများအတွင်းက အယူအဆရေးရာ ရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်ရန်ရည်ရွယ်၍ ဤသို.သုံးနှုန်းခဲ့ခြင်းဖြစ်သည် ။
၂ ။ ။ ဤအချက်သည် “၁၂ ကြိမ်မြောက် ပါတီကွန်ဂရက်မှ လက်ရွေးစင် အရေးကြီးစာရွက်စာတမ်းများ” (ရန်မင်ချူဘန်းရှီ) ၁၉၈၆ ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၃၅ တွင်ဖော်ပြထားသည့်အချက်များနှင့် မကိုက်ညီပေ ။ “လွတ်လပ်သည့် ဈေးကွက်အလိုအတိုင်း ကိုယ်တိုင်ကမကထပြု စီမံကွပ်ကဲထိန်းညှိသည့် ကုန်ထုတ်လုပ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတို.ကို သတ်မှတ်ပြဋ္ဌာန်းထားသည့် စိုက်ပျိုးရေး ၊ ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုစသည့် အသေးစား လုပ်ငန်းနယ်ပယ် သုံးရပ်တွင်သာ လုပ်ကိုင်ဆောင်ရွက်ရန် ကန်.သတ်ထားသည်။ ၎င်းတို.အားလုံးမှာ စီးပွါးရေး၏ အရံအစိတ်အပိုင်းများဖြစ်သည်။”ဟု ၎င်းတွင် ဖော်ပြထားသည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 6 Playing a Trick on a Rival ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

Sunday, June 6, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၅ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၅
ကျောက်နှင့်ဟူကြားမှ ပဋိပက္ခ
၁၉၈၀လွန် အစောပိုင်းနှစ်ကာလများအတွင်းက တရုတ်ပြည်၏ စီးပွါးရေးသည် ပုံစံကျ
ဆိုရှယ်လစ်စီးပွါးရေးစနစ်၏ လက္ခဏာရပ်များ ရှိနေဆဲဖြစ်သည် ။ ကုန်ထုတ်လုပ်ရေး ခွဲတမ်းများကို
ယူနစ်အသီးသီးသို. ဗဟိုမှချမှတ်ပေးသည် ။ ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ကျောက်ကျိယန်သည်
ဤခေတ်မမှီတော့သော လုပ်နည်းလုပ်ဟန်များမှ ခွဲထွက်ရန် ကြိုးစားသည် ။ သို.သော်
ဤသို.လုပ်ဆောင်ရာ၌ သူ၏မဟာမိတ် ပါတီအထွေထွေအတွင်းရေးမှုး ဟူယောင်ဘန်းနှင့်
သဘောထားကွဲလွဲခဲ့ရသည် ။
ပါတီခေါင်းဆောင်၏ တာဝန်ဝတ္တရားများနှင့် အစိုးရအဖွဲ.ခေါင်းဆောင် ဝန်ကြီးချုပ်၏
တာဝန်ဝတ္တရားများကြားတွင် တိကျသည့် အသေးစိတ်တာဝန်ခွဲဝေမှု မရှိကြောင်း ဤပဋိပက္ခက
မီးမောင်းထိုးပြနေသည် ။ သဘောတရားအားဖြင့်ဆိုပါက နိုင်ငံတော်ကောင်စီ အကြီးအကဲအနေဖြင့်
ကျောက်သည် စီးပွါးရေးဆိုင်ရာ အရေးကိစ္စများကို စီမံခန်.ခွဲရမည်ဖြစ်သည် ။ လက်တွေ.တွင်မူ ပါတီက
ဝင်ရောက်စွက်ဖက်နေဆဲဖြစ်သည် ။ နောက်ပိုင်းတွင် ကျောက်ကျိယန်
ပါတီအထွေထွေအတွင်းရေးမှုးဖြစ်လာပြီး လီပန်းက ဝန်ကြီးချုပ်ဖြစ်လာချိန်၌လည်း ဤပြဿနာသည်
ပြန်လည်၍ ပေါ်ထွက်လာခဲ့ပြန်သည် ။
ကုန်ထုတ်လုပ်ရေး ကိန်းဂဏန်းများနှင့် စီးပွါးရေးဖွံ.ဖြိုးမှု အရှိန်နှုန်း တိုးတက်ရေးကို ဦးစားပေးသည့် နည်းလမ်းဟောင်းများကို သဘောမတူပဲ စီးပွါးရေး စွမ်းဆောင်ရည်ကို အလေးပေးသည့် ကျွန်တော်၏ ရပ်တည်ချက်သည် ဘေဂျင်းသို. ကျွန်တော်ရောက်လာပြီးနောက်၌ ဟူယောင်ဘန်းနှင့် ကျွန်တော် ပဋိပက္ခဖြစ်ရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည် ။
အယူအဆကွဲပြားမှုမှာ ၁၉၈၂ ခုနှစ်ကတည်းကပင် စတင်ပေါ်ထွက်ခဲ့ခြင်းဖြစ်သည် ။ ၁၂ ကြိမ်မြောက် ပါတီကွန်ဂရက်အတွက် နိုင်ငံရေးအစီရင်ခံစာမူကြမ်းကို ယောင်ဘန်းကကြီးကြပ်၍ ပြင်ဆင်ရေးသားချိန်၌ စီးပွါးရေးနှင့် ပက်သက်၍ မည်သို.တင်ပြမည်နည်းဟူသည့် မေးခွန်းပေါ်ထွက်လာသည် ။ အစပိုင်း၌ အစီရင်ခံစာရေးသားရေး ကော်မတီဝင် အတော်များများက ကျွန်တော်၏ ၁၉၈၁ ခုနှစ် အစိုးရအဖွဲ. အလုပ်အစီရင်ခံစာပါ အခြေခံအချက်များနှင့်အညီ ရေးသားဖို. ပြင်ဆင်ထားခဲ့ကြသည် ။ သို.သော် ယောင်ဘန်းက သဘောမတူခဲ့ပေ ။ သူက ကွဲပြားသည့် ချဉ်းကပ်နည်းကို အဆိုပြုခဲ့သည် ။ စီးပွါးရေးကဏ္ဍနှင့် ပက်သက်သည့် မူကြမ်းရေးဆွဲရေးမှာ တစ်ဆို.နေတော့သည် ။
ပြဿနာကို တိန်.ရှောင်ပင်းထံသို. တင်ပြလိုက်သောအခါ စီးပွါးရေးကဏ္ဍကို အစိုးရအဖွဲ. အလုပ်အစီရင်ခံစာနှင့်အညီ ရေးဆွဲသင့်သည်ဟု သူကဆုံးဖြတ်ခဲ့သည် ။ ယောင်ဘန်းက အင်တင်တင်ဖြင့် လက်ခံခဲ့ရသည် ။
အစီရင်ခံစာရေးသားသည့် လုပ်ငန်းစဉ်တွင် ကျွန်တော်မပါဝင်သဖြင့် သဘောထားကွဲလွဲသည့် အယူအဆများ မည်၍မည်မျှရှိကြောင်း ကျွန်တော်မသိခဲ့ပါ ။ ဤအကြောင်းအရာကို တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အစည်းအဝေး၌ သော်လည်းကောင်း အတွင်းဝန်များ အစည်းအဝေး၌ သော်လည်းကောင်း တင်ပြဆွေးနွေးခဲ့ခြင်းမရှိပါ ။ ထို.ကြောင့် ယောင်ဘန်း၌ မည်သည့်အယူအဆရှိကြောင်း သို.မဟုတ် ကျွန်တော်၏ အစိုးရအဖွဲ. အလုပ်အစီရင်ခံစာကို မည်သည့်အကြောင်းကြောင့် သူသဘောမတူကြောင်း ကျွန်တော် သေသေချာချာ မသိပါ ။
သို.သော်လည်း သူ၏မှတ်ချက်များနှင့် လုပ်ရပ်များအရ သူသည် ကုန်ထုတ်လုပ်ရေး ကိန်းဂဏန်းများနှင့် စီးပွါးရေး ဖွံ.ဖြိုးမှု အမြန်နှုန်းတို.အစား စီးပွါးရေးစွမ်းဆောင်ရည် အပေါ်တွင် အလေးပေးသည့် ကျွန်တော်၏ အယူအဆကို အဓိက သဘောမတူခြင်း ဖြစ်ဟန်တူသည် ။ သူသည် စီးပွါးရေးနှင့်ပက်သက်၍ ပြောဆိုသည့်အခါတိုင်း၌ စီးပွါးရေးတိုးတက်နှုန်းကို ထုတ်လုပ်မှုပမာဏနှင့် ထုတ်လုပ်မှု အရှိန်နှုန်းတို.ဖြင့် တိုင်းတာ၍ အဓိကဇောင်းပေးပြောလေ့ရှိပြီး စွမ်းဆောင်ရည်ကိုမူ မပြောသလောက်ပင်ဖြစ်သည် ။ သူသည် မကြာခဏဆိုသလိုပင် “လေးဆတိုး ထုတ်လုပ်ရေး” သို.မဟုတ် “သတ်မှတ်ထားသည့် အစီအစဉ်ထက် လေးဆစော၍ ပြီးစီးရေး” စသည်ဖြင့် ပြောကြားလေ့ရှိသည် ။
ဆဋ္ဌမ ငါးနှစ်စီမံကိန်း၌ “၄ ရာခိုင်နှုန်း တိုးတက်ဖို. အာမခံပြီး ၅ ရာခိုင်နှုန်း တိုးတက်အောင် အားထုတ်ကြ”ဟူသည့် ကျွန်တော်၏ အဆိုပြုချက်သည် သင့်တင့်လျှောက်ပက်သည့် ရည်မှန်းချက်ဖြစ်သည် ။ ရဲဘော်ရှောင်ပင်းသည်ပင်လျှင် ကုန်ထုတ်လုပ်မှု ကိန်းဂဏန်းများကို အလွန်အရေးကြီးသည်ဟု ခံယူပြီး နှစ်စဉ်ဖွံ.ဖြိုးမှုနှုန်းကို မကြာခဏ မေးမြန်းလေ့ရှိသည့်တိုင်အောင် စွမ်းဆောင်ရည်အပေါ်တွင် အာရုံစိုက်သည့် ကျွန်တော်၏ အယူအဆအပေါ် နားလည်မှုရှိကြောင်း ပြသလေ့ရှိသည် ။ သို.ဖြစ်ပါလျှက် ယောင်ဘန်းကမူ သဘောမတူပေ ။ ၁၂ ကြိမ်မြောက် ပါတီကွန်ဂရက်သို. တင်သွင်းသည့် အစီရင်ခံစာကို တိန်.၏လမ်းညွှန်ချက်အတိုင်း အစိုးရအဖွဲ.အလုပ်အစီရင်ခံစာပါ အခြေခံအချက်များနှင့်အညီ ရေးသားပြုစုခဲ့သော်လည်း သူ၏စိတ်ကမူ မပြောင်းလဲပေ ။
၁၂ ကြိမ်မြောက် ပါတီကွန်ဂရက်အပြီး ပြည်နယ်များသို. သူခရီးထွက်စဉ်၌ ကုန်ထုတ်လုပ်ရေး ရည်မှန်းချက်များ မြှုင့်တင်ရေးကို အလေးပေးရန် သူကပို၍ ခိုင်မာစွာ ဆုံးဖြတ်ခဲ့သည် ။ သူသွားလေရာ နေရာတိုင်း၌ “သတ်မှတ်ထားသည့် အစီအစဉ်ထက် လေးဆစော၍ ပြီးစီးရေး” ကို သူက တောင်းဆိုခဲ့သည် ။ သူသည် စီးပွါးရေးစွမ်းဆောင်ရည်အပေါ်တွင် လုံးဝအရေးမစိုက်ပဲ သို.မဟုတ် တိုးတက်မှုနှုန်း မတူညီရခြင်း၏ အကြောင်းရင်းများကို စိစစ်ခြင်းမရှိပဲ ထုတ်လုပ်မှုရည်မှန်းချက်များ မြင့်မားသည့် နေရာအားလုံး အခြေအနေအားလုံးကို ချီးမွမ်းပြီး ဤသို.မဟုတ်သည့် အခြေအနေအားလုံးကို ပြင်းထန်စွာ ဝေဖန်ခဲ့သည် ။
အကျိုးဆက်အားဖြင့် ဒေသဆိုင်ရာ အရာရှိများသည် ယောင်ဘန်း၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ကြပြီး ဘတ်ဂျတ်ငွေများ ၊ စီမံကိန်းများအတွက် ခွင့်ပြုချက်များ ၊ လောင်စာဆီများအပါအဝင် ကုန်ကြမ်းပစ္စည်းများနှင့် ထောက်ပံ့မှုများကို စီမံကိန်းရေးဆွဲရေးကော်မရှင်နှင့် နိုင်ငံတော်ကောင်စီထံမှ ပိုမိုတောင်းခံလာကြသည် ။ ဒေသအသီးသီးကြားတွင် အလျှင်အမြန် တိုးတက်ရေးအတွက် ယှဉ်ပြိုင်မှုမှာ အချိန်အတော်ကြာသည်အထိ ပြင်းထန်နေခဲ့ပြီး ကုန်ကြမ်းပစ္စည်းနှင့် ဘဏ္ဍာငွေတို.ကို အလုအယက် ယှဉ်ပြိုင်တောင်းခံခဲ့ကြသည် ။ ကျွန်တော့်အတွက် ဤအခြေအနေများကို စီမံခန်.ခွဲရန် အခက်တွေ.ခဲ့သည် ။
၁၉၈၃ ခုနှစ်၌ ယောင်ဘန်းနှင့် ကျွန်တော်၏ကြားမှ ဤကွဲပြားမှုမှာ ပို၍ထင်ရှားလာခဲ့သည် ။ စီးပွါးရေးဖွံ.ဖြိုးရေး လူထုလှုပ်ရှားမှု အစီအစဉ်ကိုပင် သူကဆင်နွှဲခဲ့သည် ။ ဥပမာအားဖြင့် သူသွားလေရာနေရာတိုင်း၌ “နှစ်စဉ်ကျေးလက်ဒေသ လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေကို ယွမ်တစ်ရာမျှ တိုးမြှုင့်ကြ” လှုပ်ရှားမှုကို သူကတက်ကြွှစွာ အားပေးမြှုင့်တင်သည် ။ ဤလှုပ်ရှားမှုကို ဟီဘေပြည်နယ် ဘိုဒင်းခရိုင်တွင် စတင်ခဲ့သည် ။ သူက လှုပ်ရှားမှု ပြုလုပ်နေသရွေ. ဝင်ငွေသည် နှစ်စဉ် ယွမ်ငွေတစ်ရာနှုန်းဖြင့် တိုးတက်နေလိမ့်မည်ဟု ယုံကြည်သည် ။ အနှစ်သာရမပါရှိပဲ အပေါ်ယံဆန်သည့် လုပ်ရပ်များအဖြစ် လွယ်လွယ်ကူကူ ပြောင်းလဲသွားနိုင်သည့် ဤကဲ့သို.သော နည်းလမ်းများကြောင့်ပင် ကျွန်တော်တို.သည် အတိတ်ကာလက နစ်နာမှုများ တွေ.ကြုံခံစားခဲ့ရခြင်းဖြစ်သည် ။
၁၉၈၃ ခုနှစ် ဇန်နဝါရီလအတွင်း အာဖရိကသို. ကျွန်တော်ခရီးသွားနေစဉ်၌ ယောင်ဘန်းက မြို.ပြဒေသ ပြုပြင်ပြောင်းလဲရေးအတွက် ကျေးလက်ဒေသ မြေယာကန်ထရိုက်စနစ်အတိုင်း လိုက်နာလုပ်ဆောင်ရန် အစီရင်ခံစာတစ်စောင် အဆိုပြုတင်ပြခဲ့သည် ။ ၎င်းမှာ မူအားဖြင့် ကောင်းမွန်ပေသည် ။ သို.သော် မြို.ပြဒေသ အခြေအနေများမှာ ပို၍သိမ်မွေ.ရှုပ်ထွေးလှသည် ။ တစ်ခုနှင့်တစ်ခု မတူခြားနားနေသည့် စက်မှုလုပ်ငန်းများနှင့် စီးပွါးရေးလုပ်ငန်းများအတွက် မည်သည့်ပုံစံဖြင့် ကန်ထရိုက်ကို အကောင်အထည်ပြီး ကန်ထရိုက်ကို မည်သို.ချုပ်ဆိုမည်နည်း ။ ဤအရာအားလုံးမှာ လက်တွေ.စမ်းသပ်ခြင်းနှင့် တဖြည်းဖြည်းချင်း အချိန်ယူဆောင်ရွက်သွားရမည့် အရာများဖြစ်သည် ။ ကျွန်တော်တို.သည် တစ်ချိန်တည်းတစ်ပြိုင်တည်းအတွင်း၌ အာလုံးကို ကန်ထရိုက်ချပေးဖို. မဖြစ်နိုင်သလို စစ်မျက်နှာအားလုံး၌ တစ်ပြိုင်တည်းရွေ.လျှားဖို.လည်း မဖြစ်နိုင်ပါ ။
ယောင်ဘန်း၏ မိန်.ခွန်းအပြီး၌ ဘေဂျင်းရှိ နိုင်ငံပိုင် စတိုးဆိုင်ကြီးများသည် ကန်ထရိုက်များ စတင်ချပေးလာသည် ။ ဈေးနှုန်းများတက်ခြင်းနှင့် “အစုအပုံလိုက် အကြီးအကျယ် ရောင်းချခြင်း”များ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည် ။ မည်သည့်အရာတို.ကို အစုအပုံလိုက် အကြီးအကျယ်ရောင်းချပါသနည်း ။ ၎င်းတို.မှာ နိုင်ငံပိုင် စတိုးဆိုင်ကြီးများမှ လက်လီရောင်းချသူများသို. အစုလိုက်အပုံလိုက် လက်ကားဈေးဖြင့် ရောင်းချခြင်းဖြစ်ပြီး သူတို.သည် စားသုံးသူများသို. ဈေးနှုန်းကြီးကြီးဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ် များစွာရရှိနိုင်သည်ဟု ရည်ညွှန်းနေခြင်းဖြစ်ပေသည် ။ နိုင်ငံပိုင်စတိုးဆိုင်ကြီးများသည် ထုတ်ကုန်ပမာဏများစွာကို လျှင်မြန်စွာရောင်းချနိုင်ပြီး ကန်ထရိုက်ချပေးရမည့် အလုပ်ကို လျှင်မြန်စွာ ပြီးစီးအောင်လုပ်နိင်သည်ဟု ထင်မြင်ဖွယ်ဖြစ်သည် ။ ၎င်းသည် ကုန်စည်ရောင်းဝယ်မှုကို မှန်ကန်စွာ လုပ်ကိုင်သည့် နည်းလမ်းမဟုတ်ပေ ။
အာဖရိကမှပြန်ရောက်ရောက်ချင်းပင် ကွန်တော်က ဤလုပ်ရပ်တို.ကို ရပ်တန်.စေခဲ့သည် ။ မြို.ပြပြုပြင်ပြောင်းလဲရေးကို စမ်းသပ်ချက်များမှတစ်ဆင့် ဖြည်းဖြည်းချင်း ဖော်ဆောင်သွားရမည်ဟု ကျွန်တော်က အကြံပြုခဲ့သည် ။ ထိုနှစ်၌ပင် ၁၉၈၃ ခုနှစ် နွေဦးပွဲတော် အခမ်းအနားစုဝေးပွဲ၌ ဤအကြောင်းကို ကျွန်တော်ပြောခဲ့သေးသည် ။ ထိုစဉ်က ယောင်ဘန်းသည် ဟိုင်နန်၌ နွေဦးပွဲတော် အားလပ်ရက် အပန်းဖြေနေသည် ။ ထိုဒေသရှိ ကေဒါတို.ကို “အားလုံးကိုတစ်ပြိုင်တည်းလုပ်ရမယ် ဟုတ်လား” “တကယ်တမ်းကျတော့ အခြေအနေတွေက ခင်ဗျားတို.ကမှ မတွန်းရင် ဘယ်သူမှ ရွေ.ကြတဲ့ပုံမရှိဘူး”ဟု သူကပြောခဲ့သည် ။
ဤကာလအတွင်း ပြည်နယ်များသို. စစ်ဆေးရေးထွက်သည့် ခရီးစဉ်များ၌ သူက(ဟူယောင်ဘန်းက) နိုင်ငံတော်ကောင်စီမှ ဆောင်ရွက်သည့် စီးပွါးရေးနှင့်ပက်သက်သည့် အလုပ်များကို သွယ်ဝိုက်ဝေဖန်သည့် သဘောသက်ရောက်သည့် ဝေဖန်ချက်များနှင့် မှတ်ချက်များကို မကြာခဏပြောကြားခဲ့သည် ။ ဤမှတ်ချက်များကို ရေးမှတ်ထားပြီး ဖြန်.ဝေခဲ့သည် ။ ဆိုလိုသည်မှာ စီးပွါးရေးနှင့်ပက်သက်ပြီး ယောင်ဘန်းနှင့် ကျွန်တော့်ကြားမှ ကွဲပြားမှုများကို လူအများက သတိပြုလာသည်ဟု ဆိုလိုခြင်းဖြစ်သည် ။
ဤအခြေအနေကို တိန်.ရှောင်ပင်း သိရှိသွားသည် ။ ၁၉၈၃ ခုနှစ် မတ်လ ၁၅ ရက်နေ.တွင် ယောင်ဘန်းနှင့် ကျွန်တော့်အား သူ.အိမ်သို.လာရောက်ပြီး ပြောဆိုဆွေးနွေးဖို. သူကတောင်းဆိုခဲ့သည် ။ ယောင်ဘန်းက တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေစဉ်၌ ကျွန်တော်၏ အယူအဆများကို ပြောပြခဲ့ပြီး စီးပွါးရေးနှင့်ပက်သက်ပြီး အစီရင်ခံတင်ပြခဲ့သည် ။ သူက ကျွန်တော်၏ အယူအဆ တချို.ကို ထောက်ခံကြောင်း ပြသခဲ့ပြီး တချို.အချက်များကို ဖြည့်စွက်ရှင်းပြခဲ့သည် ။ ဆွေးနွေးပွဲမှာ ချောချောမွေ.မွေ.ရှိလှသည် ။ နောက်ဆုံး၌ တိန်.ရှောင်ပင်းက စီးပွါးရေးနှင့် ပက်သက်သည့် ကိစ္စရပ်များတွင် ကျွန်တော်၏ အယူအဆများကို ထောက်ခံသည်ဟု ပြောကြားခဲ့သည် ။ သူက ယောင်ဘန်းကို လက်လွတ်စပယ် ပြောကြားခဲ့မှုများနှင့် အဆင်ခြင်မဲ့ လုပ်ရပ်များအတွက် ပြစ်တင်ဝေဖန်ခဲ့ပြီးလျှင် အထွေထွေအတွင်းရေးမှုးတစ်ယောက်အနေဖြင့် စတန်.ထွင်ခြင်းမှာ စိုးရိမ်ဖွယ်ကောင်းသည့် အားနည်းချက်ဖြစ်ကြောင်း ပြောကြားခဲ့သည် ။
တိန်.က “ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာတွင် လူထုလှုပ်ရှားမှုများကို အသုံးမပြုသင့်ကြောင်း ။ ပြုပြင်ပြောင်းလဲရေးကို ခေတ်မှီရေးလုပ်ငန်းစဉ်လေးရပ်၁နှင့်အညီ အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ။ ၎င်းမှာ နှစ်ကာလ အချိန်တိုတိုလေးအတွင်း၌ ဖြေရှင်းနိုင်သည့် ကိစ္စမဟုတ်ကြောင်း” ပြောကြားခဲ့သည် ။ “အခြေအနေတွေက အလွန်ကောင်းနေတယ် ၊ ဒါပေမယ့် ငါတို.ခေါင်းအေးအေးထားရမယ်”ဟု သူကဆက်လက်ပြောကြားခဲ့သေးသည် ။
ဗဟိုခေါင်းဆောင်မှုစည်းအတွင်းမှ မတူကွဲပြားသည့် အသံများထွက်ပေါ်မှုကို ရှောင်ရှားနိုင်ရန်ရည်ရွယ်၍ လုပ်ပိုင်ခွင့်စည်းကန်.သတ်ချက်တို.ကို ဤဆွေးနွေးပွဲ၌ ချမှတ်ခဲ့သည် ။ နိုင်ငံတော်ကောင်စီနှင့် စီးပွါးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဗဟိုဦးဆောင်အဖွဲ.တို.က စီးပွါးရေးဆိုင်ရာ ကိစ္စရပ်တို.ကို စီမံခန်.ခွဲရမည်ဟု ဆုံးဖြတ်ခဲ့သည် ။ မည်သည်ကမှန်၍ မည်သည်ကမှားသည်စသည့် ဆုံးဖြတ်ချက်များအပါအဝင် အရေးကြီးသည့် ဆုံးဖြတ်ချက်နှင့် အမိန်.များကို ဦးဆောင်အဖွဲ.မှ ဆွေးနွေး၍ ၎င်း၏ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ထုတ်ပြန်သွားရမည် ။ နေရာအများအပြားမှ ပြောရေးဆိုခွင့်ရှိသူအများအပြား သို.မဟုတ် မူဝါဒအများအပြား ချမှတ်ပြောကြားနေခြင်းမျိုး နောက်နောင်တွင် မရှိစေရ ။ အတွင်းဝန်များအနေဖြင့် စီးပွါးရေးဆိုင်ရာ ကိစ္စရပ်တချို.ကို စီမံခန်.ခွဲနေရမည်မှာလည်း မလွဲမသွေပင်ဖြစ်သည် သို.သော်လည်း အဓိကအာရုံစိုက်ရမည်မှာ စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒများကိုသာ အလေးထားရပေမည် ။ စီးပွါးရေးကိစ္စရပ် တစ်ခုချင်းစီတွင် ဝင်ရောက်စွက်ဖက်နေခြင်းမျိုး မဖြစ်သင့်ပေ ။
ဤဆွေးနွေးပွဲအပြီး၌ နိုင်ငံတော်ကောင်စီ၏ စီးပွါးရေးဆိုင်ရာ ကိစ္စရပ်များတွင် ယောင်ဘန်း၏ တိုက်ရိုက်ဝင်ရောက် စွက်ဖက်မှုများမှာ သိသိသာသာ လျော့ကျသွားပြီး နိုင်ငံတော်ကောင်စီအပေါ် သူ၏ဝေဖန်မှုများ လျော့နည်းသွားခဲ့သည်။ သို.သော်လည်း စိတ်နှလုံးထဲ၌မူ သူသည် သူ၏အယူအဆများကို မစွန်.လွှတ်ပေ ။ သူ၏ ယူဆချက်များကို ဆက်လက်ပြောကြားဆဲသာရှိသည် ။
ရဲဘော်ရှောင်ပင်းနှင့် ဆွေးနွေးအပြီး၌ အခြေအနေများကို စီမံခန်.ခွဲရသည်မှာ ပို၍လွယ်ကူအဆင်ပြေလာသည်ဟု ကျွန်တော်ခံစားရသည် ။ ထိုစဉ်မှစ၍ ကျွန်တော်၏ ချဉ်းကပ်နည်းမှာ ကျွန်တော်လက်ခံနိုင်သမျှကို လက်ခံကျင့်သုံးခဲ့သည်။ ဆိုလိုသည်မှာ သူ၏(ဟူ၏)အယူအဆများကို မှန်ကန်သည်ဟု ကျွန်တော်ထင်လျှင် လက်ခံကျင့်သုံးသည် ။ သူပြောသည်မှာ လက်တွေ.မကျပါက သူ.တွင်လည်း သူ၏အယူအဆကို ပြောပိုင်ခွင့်ရှိသည် ။ သို.သော် သူ၏အမြင်သည် အများစု၏ သဘောထားဆုံးဖြတ်ချက်ကို ကိုယ်စားပြုခြင်းမရှိသောကြောင့် သူပြောသမျှအားလုံးကို မဖြစ်မနေ လိုက်နာဖို. မလိုအပ်ပေ ။ တိန်.နှင့် ဆွေးနွေးပွဲကြောင့် ဤသို.ဖြစ်ရသည်ကို ယောင်ဘန်းကသိသည် ။ သူ.တွင် ကျွန်တော်သဘောမတူသည့် အယူအဆများ ရှိနေဆဲဖြစ်သည် သို.သော် ကျွန်တော်တို.က ၎င်းတို.အတိုင်း လိုက်နာလုပ်ဆောင်ခြင်းမရှိပါ သူကအပြင်းအထန် ပြောမနေတော့ပေ ။
အရေးကြီးသည့် စီးပွါးရေးအဆိုပြုချက်များ သို.မဟုတ် နိုင်ငံတော်ကောင်စီလေ့လာရေးအဖွဲ.မှ အယူအဆများကို တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ သို.မဟုတ် အတွင်းဝန်များရုံးသို. တင်ပြ၍ ဆွေးနွေးစေသည် ။ တစ်ခါတစ်ရံ၌ ယောင်ဘန်းအနေဖြင့် သဘောမတူသည့်တိုင်အောင် ဆန်.ကျင်မှုကို ပြသဖို. မလွယ်ကူပေ ။ “ကောင်းပြီလေ ။ ဒီအတိုင်းပဲရှိပါစေတော့”ဟု သူကပြောလေ့ရှိသည် ။ သို.သော် နောက်ကွယ်တွင်မူ “ဒါဟာ အကျပ်ကိုင်ခံရပြီး ထိုးလိုက်တဲ့ လတ်မှတ်ပဲ ။ ဒီကိစ္စနှင့်ပက်သက်လို. နိုင်ငံတော်ကောင်စီက ဘာတွေဆွေးနွေးတယ်ဆိုတာကို ငါတို.သိတောင်မသိဘူး ဒါ့ကြောင့်ငါတို.မှာ သဘောတူလက်ခံရုံကလွဲလို. ဘာမှမတတ်နိုင်ဘူး”ဟု သူက တည်ဆဲပေါ်လစ်ဗျူရိုကော်မတီအဖွဲ.ဝင် ဟူကျိလီကိုပြောသည် ။ ၁၉၆၀ ခုနှစ်များအတွင်းက ဥက္ကဋ္ဌကြီးမော်သည် နိုင်ငံတော်စီမံကိန်းရေးဆွဲရေးကော်မရှင်နှင့် ပက်သက်၍ ကျေနပ်မှုမရှိသည့်အချိန်က “အကျပ်ကိုင်ခံရပြီး ထိုးလိုက်တဲ့ လတ်မှတ်”ဟူသည့် စကားမျိုး ပြောဆိုသုံးနှုန်းခဲ့ဖူးသည် ။ ယခု ယောင်ဘန်းသည်လည်း ဤသို.သောခံစားမှုမျိုး ဖော်ပြပြောဆိုလာသည့်အတွက် ကျွန်တော့်အနေဖြင့် သတိထားမှဖြစ်ပေတော့မည် ။
ယောင်ဘန်းနှင့် ဆက်ဆံရေး တိုးတက်အဆင်ပြေစေရန်အတွက် နိုင်ငံတော်ကောင်စီနှင့် စီးပွါးရေးနှင့်ဘဏ္ဍာရေး ဦးဆောင်အဖွဲ.မှ အစည်းအဝေးများ လုပ်သည့်အခါတိုင်း၌ ကျွန်တော်တို.က ဟူကျိလီ၊ နိုင်ငံတော်စီမံကိန်းရေးဆွဲရေးအဖွဲ. လက်ထောက်ညွှန်ကြားရေးမှုးချုပ် ဟိုဂျင်းရှုနှင့် အတွင်းဝန်များရုံးမှ တခြားရဲဘော်များကို ပါဝင်တက်ရောက်စေရန် ဖိတ်ကြားခဲ့သည် ဤသို.အားဖြင့် ဆွေးနွေးမှုကို ယောင်ဘန်းထံသို. သူတို.အစီရင်ခံတင်ပြနိုင်ပေလိမ့်မည် ။ နိုင်ငံတော်ကောင်စီနှင့် စီးပွါးရေးနှင့်ဘဏ္ဍာရေး ဦးဆောင်အဖွဲ.၏ အစည်းအဝေးများသို. သူ၏ဝန်ထမ်းများကို စေလွှတ်တက်ရောက်စေရန်လည်း ကျွန်တော်က ယောင်ဘန်းကို အကြံပြုခဲ့သည် ။ သို.သော် မည်သည့်အတွက်ကြောင့်မှန်းမသိ ယောင်ဘန်းက ဤသို.စေလွှတ်ခြင်းမရှိပေ ။
ဆက်ဆံရေးအဆင်ပြေတိုးတက်စေရန်နှင့် ယောင်ဘန်းအနေနှင့် အချိန်ယူ၍ သေချာစဉ်းစားသုံးသပ်နိုင်ရန်အတွက် အရေးကြီးသည့် စီးပွါးရေးကိစ္စရပ်များကို ပုံမှန်လုပ်ထုံးလုပ်နည်းများအရ တည်ဆဲကော်မတီနှင့် အတွင်းဝန်များရုံးသို. တင်ပြမဆွေးနွေးမှီတွင် ယောင်ဘန်းထံသို. ပုဂ္ဂိုလ်ရေးအနေနှင့် အစီရင်ခံဖို.ကိုလည်း ကျွန်တော်က အကြံပြုခဲ့သည် ။ တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. မတင်ပြမှီတွင် ကျွန်တော်တို.အနေဖြင့် သူ.ထံသို. ကြိုတင်အစီရင်ခံမည့် စိတ်ကူးကို ယောင်ဘန်းက သဘောတူသည် ။ အစပိုင်းတွင် သူကစိတ်ဝင်စားမှုရှိဟန်တူသော်လည်း နောက်ပိုင်းအကြိမ်များစွာ ကြာလာသောအခါ၌ စိတ်ဝင်စားမှုမရှိတော့ပဲ ရပ်တန်.လိုက်ရန် သူကတောင်းဆိုခဲ့သည် ။ ဤကိစ္စမှာ မည်သည့်အခါမျှ မပြေလည်ခဲ့ပေ ။
တစ်ယောက်နှင့်တစ်ယောက် လုပ်နည်းလုပ်ဟန်ကွဲလွဲမှု အပါအဝင် စီးပွါးရေးနှင့်ပက်သက်သည့် အတွေးအခေါ် ကွဲလွဲမှုများသည် ဤအကြောင်း၏ အခြေခံအချက်များ ဖြစ်ဟန်တူသည် ။ ရှောင်ပင်းက စည်းမျဉ်းကန်.သတ်လိုက်သောကြောင့် ယောင်ဘန်းသည် နိုင်ငံတော်ကောင်စီနှင့် စီးပွါးရေးနှင့်ဘဏ္ဍာရေး ဦးဆောင်အဖွဲ.အပေါ်တွင် သူ၏အယူအဆများကို အတင်းအကျပ် မပြဋ္ဌာန်းနိုင်တော့ပေ ။ ထို.ကြောင့် ပြဿနာကို ပို၍ကောင်းမွန်သည့် ဆက်ဆံရေးဖြင့် မဖြေရှင်းနိုင်တော့သည့်ပုံ သို.မဟုတ် စီးပွါးရေးနှင့်ပက်သက်သည့် နိုင်ငံတော်ကောင်စီ၏ ဆွေးနွေးမှုများတွင် သူ.အား ပါဝင်ခြင်း မပြုစေတော့သည့်ပုံ ရှိပေသည် ။
ဤပြဿနာသည် ဆက်လက်၍တည်ရှိနေဆဲ ဖြစ်သည့်တိုင် တိန်.ရှောင်ပင်း၏ နေအိမ်၌ ဆွေးနွေးအပြီး၌ ကျွန်တော်တို.နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံလုပ်ကိုင်ရာ၌ သတိကြီးစွာထားနေကြပြီး ဆက်ဆံရေးမှာလည်း လွန်မင်းစွာ တင်းမာမလာခဲ့ပေ ။ အနည်းဆုံးအားဖြင့်တော့ စီးပွါးရေးနှင့်ပက်သက်၍ ပြင်ပကမ္ဘာအနေဖြင့် သိသိသာသာ သတိထားမိစေမည့် အသံနှစ်သံ ထွက်နေသည့်ပုံမျိုး မရှိတော့ပေ ။
-----------------------------------------------------------------------------------------------------------------
၁ ။ ။ ခေတ်မှီရေး လုပ်ငန်းစဉ်လေးရပ်မှာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို တိုးတက်အကောင်အထည်ဖော်ရေးနှင့် တရုတ်ပြည်၏ စီးပွါးရေးဖွံ.ဖြိုးစေရေးအတွက် အဓိကကျသည့် နယ်ပယ်များဖြစ်သည်ဟု တိန်.ရှောင်ပင်းယူဆသည့် နယ်ပယ်လေးရပ်ဖြစ်သည် ။ ၎င်းတို.မှာ စိုက်ပျိုးရေး ၊ စက်မှုလုပ်ငန်း ၊ သိပ္ပံနည်းပညာနှင့် ကာကွယ်ရေးတို.ဖြစ်သည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 5 Zhao and Hu Clash ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။ )