Saturday, August 28, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၁၀ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေးဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၁၀
လယ်ယာမြေ လွတ်လပ်ရေး
တရုတ်ပြည်၏ အဆင်းရဲဆုံး ဒေသများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရေးအတွက်
ပြုပြင်ပြောင်းလဲရေး၏ အစောပိုင်းနှစ်ကာလများအတွင်း၌ အစိုးရက ကျေးလက်ဒေသ လယ်ယာမြေ
ကန်ထရိုက်စနစ်ကို၁ ပြန်လည်၍ အကောင်အထည်ဖော်ခဲ့သည် ။ ဤအစီအစဉ်က
စီးပွါးရေးမက်လုံးများကို ပြန်လည်ဆောင်ကြဉ်းပေးခဲ့ပြီး တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး၏
အလွန်အရေးပါသော အဆင့်တစ်ခုဖြစ်သည် ။ ဤအစီအစဉ်၏ အခြေခံသဘောမှာ ရေမြေအားလုံးကို
အစိုးရက ပိုင်ဆိုင်သည့်အတွက် လယ်ယာစိုက်ပျိုးသည့် မိသားစုများအား လယ်မြေကို
ကန်ထရိုက်ချပေးခြင်းဖြင့် အတိုင်းအတာတစ်ခုထိ လွတ်လပ်ခွင့်ပေးပြီး လယ်ယာစိုက်ပျိုးရေးအတွက်
မက်လုံးတစ်ခုပေးခြင်းဖြစ်သည် ။
ပြည်သူ.ဘုံအဖွဲ.များ တည်ထောင်သည့် မော်၏အစွန်းရောက်မူဝါဒများ၏ အကျိုးဆက်များကို
တန်ပြန်ရန်အတွက် ဝါရင့်ပါတီဝင်ဟောင်းကြီး လျူရှောက်ချီသည်လည်း ဤအယူအဆများကို
တစ်ချိန်က ထောက်ခံခဲ့ဖူးသည် ။ အဆုံးအဖြတ် နောက်ဆုံးပိတ် နိုင်ငံရေးတိုက်ပွဲ၌ လျူက
မော်ကိုရှုံ့းနိမ့်သွားသည့်အတွက် ကျေးလက်ဒေသ လယ်ယာမြေ ကန်ထရိုက်အစီအစဉ်မှာ
အမှားအယွင်း အတိမ်းအစောင်းမခံသည့် မူဝါဒရေးရာ ကိစ္စရပ်တစ်ခုဖြစ်သည် ။ ဤအစီအစဉ်က
စိုက်ပျိုးရေးထွက်ကုန်များကို မြှင့်တင်ပေးနိုင်ကြောင်း ပါတီကေဒါအများအပြားက
တွေ.ကြုံနားလည်ထားသော်လည်း လူအနည်းငယ်ကသာ ဤအစီအစဉ်ကို ပေါ်ပေါ်ထင်ထင်
ထောက်ခံရဲသည် ။
ကျေးလက်ဒေသ စီးပွါးရေးအတွက် ဖော်ဆောင်ခဲ့သည့် ဤအစီအစဉ်၏ အကျိုးဆက်မှာ မော်၏
ပြည်သူ.ဘုံအဖွဲ.များကို လုံးဝအပြီးတိုင် ဖြိုဖျက်ပစ်လိုက်ခြင်းဖြစ်ပြီး လယ်သမား သန်း ၈၀၀အား
လွတ်မြောက်သွားစေခဲ့သည် ။ ဤအစီအစဉ်ကို စောစီးစွာ ထောက်ခံမှုက ကျောက်အား
ပြုပြင်ပြောင်းလဲရေးကို ကြီးကြပ်ကွပ်ကဲရသည့် အချက်အချာကျသည့် နေရာသို.
ရာထူးတိုးမြှင့်ရေးအတွက် တံခါးပွင့်သွားအောင် အထောက်အကူပြုခဲ့သည် ။
ရလာဒ်များ မည်မျှကောင်းမွန်လိမ့်မည် ၊ သို.မဟုတ် အပြောင်းအလဲများမှာ မည်မျှထိ အံ့ဩဖွယ်ကောင်းလိမ့်မည်ကို မည်သူမျှ ကြိုတင်မသိခဲ့ပါ ။ ကျေးလက်ဒေသ လယ်ယာမြေ ကန်ထရိုက်အစီအစဉ်ကို တစ်နိုင်ငံလုံးအနှံ. အကောင်အထည်ဖော်ဖို. သို.မဟုတ် ကျေးလက်ဒေသ အများစုသို.တိုင် ဖြန်.ကြတ်အကောင်အထည်ဖော်ဖို. မည်သူကမျှ အစီအစဉ်မဆွဲခဲ့ပါ ။ ၎င်းမှာ ကျွန်တော်တို.၏ နားလည်လက်ခံနိုင်စွမ်းကို လေးနက်လာအောင် စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနေသည့် တစ်ဆင့်ပြီးတစ်ဆင့်သွားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည် ။
၁၁ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းဝေး (၁၉၇၈ ခုနှစ်တွင်ကျင်းပခဲ့သည်)မှ ပြန်လည်ပြင်ဆင် အတည်ပြုထားသည့် “စည်းမျဉ်း အချက် ၆၀” ဟုခေါ်သည့် ပြည်သူ.ဘုံအဖွဲ.များ၏ လုပ်ငန်းဖော်ဆောင်ရေးဆိုင်ရာ စည်းမျဉ်းများ၌ စီမံခန်.ခွဲရေးနှင့် လုပ်ငန်းဖော်ဆောင်ရေးနှင့် ပက်သက်၍ မည်သည့် မြေယာကန်ထရိုက်ချထားခြင်းကိုမျှ ခွင့်မပြုဟု ရှင်းလင်းစွာ ဖော်ပြထားသည် ၊ ဆိုလိုသည်မှာ မြေယာကို ပုဂ္ဂလိကများမှ ခွဲဝေမှုမပြုရဟု ဆိုလိုခြင်းဖြစ်သည် ။
၁၉၇၉ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် စုံညီအစည်းအဝေး၏ “ကျေးလက်ဒေသဖွံ.ဖြိုးမှု အရှိန်မြှင့်တင်ရေး ဆုံဖြတ်ချက်”တွင်လည်း အလားတူပင်ဖော်ပြထားသည် ။ “ အချို.သော စက်မှုသီးနှံများအတွက် လိုအပ်သည့် အထူးအခြေအနေများ သို.မဟုတ် အိမ်မြေယာခြေတစ်ခုသည် ဝေးလံသီခေါင်သည့် တောင်ပေါ်ဒေသတွင် တည်ရှိနေ၍ သင့်လျော်အဆင်ပြေသည့် သယ်ယူပို.ဆောင်ရေးစနစ် မရှိသည့်အခြေအနေများမှလွဲ၍ မြေယာကို အိမ်ထောင်စုများမှ ခွဲဝေခြင်းကိုသော်လည်းကောင်း သို.မဟုတ် မြေယာကန်ထရိုက်များကိုသော်လည်းကောင်း ခွင့်မပြု”ဟု ဖော်ပြထားသည် ။ ကျွန်တော်၏ အကြံပြုချက်အရ နဂိုမူလ “ခွင့်မပြု”ဆိုသည့် စကားလုံးမှာ “အားမပေး”ဟု ပြောင်းသွားသည် ။ အသုံးအနှုန်းမှာ မမာကျောတော့သော်လည်း ယေဘုယျအားဖြင့် ကျွန်တော်တို.သည် အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို ကျင့်သုံးမှုမပြုသင့်ဟု ယုံကြည်နေကြဆဲရှိသည် ။
အိမ်ထောင်စုအုပ်စုများနှင့် အိမ်ထောင်တစ်ခုချင်းအား မြေယာကန်ထရိုက်ချထားသည့်စနစ်ကို ဆင်းရဲသည့် ဒေသများတွင် လယ်သမားများကိုယ်တိုင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည် ။ ၎င်းကို အန်ဟွေနှင့် စီချွမ်ပြည်နယ်များတွင် စတင်ခဲ့သည် ။ ထိုစဉ်အချိန်က ဆင်းရဲသည့်ဒေသများတွင် ဤသို.သော ကန်ထရိုက်ချပေးမှုများနှင့်ပက်သက်၍ အငြင်းပွားမှု သိပ်မရှိလှပေ ။
စီးပွါးရေးကျပ်တည်းမှုကို တွေ.ကြုံရသည့် ၁၉၆၀ ခုနှစ်အတွင်း၌ အန်ဟွေဒေသတွင် “မြေယာလျာထားချက် တာဝန်ယူမှုစနစ်”ကို အန်ဟွေပါတီအကြီးအကဲ ဇန်ဇီရှန်က ကျင့်သုံးခဲ့သည် ။ ကျွန်တော်က ဂွမ်ဒေါင်းဒေသတွင် “ကုန်ထုတ်လုပ်မှုအချိုးအစားနှင့် လျော်ညီသည့် အကျိုးခံစားခွင့်စနစ်”ကို ကျင့်သုံးခဲ့သည် (ထိုစဉ်က ကျောက်သည် ဂွမ်ဒေါင်းဒေသတွင် အဆင့်မြင့်အရာရှိဖြစ်သည်) ။ ဟီနန်ပြည်နယ်တွင် “မြေယာအငှါးချထားမှုစနစ်” ၊ ဟီဘေပြည်နယ် ဇန်ကျားကို ဒေသတွင် “အစုလိုက်မြေယာ ကန်ထရိုက်စနစ်”နှင့် တခြားဒေသများတွင် အမျိုးမျိုးသော အယူအဆများကို ကျင့်သုံးခဲ့ကြသည် ။ ဤဒေသအားလုံးတွင် ထုတ်လုပ်မှုတိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ကြပြီး ပြင်းထန်လှသည့် အစာရေစာ ရှားပါးမှုကို သက်သာရာရစေနိုင်ခဲ့သည် ။ ထို.ကြောင့် ဤအစီအစဉ်များကို ထုတ်လုပ်မှုတိုးတက်စေပြီး ခက်ခဲသည့် အခြေအနေကို တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းအတွက် အစိုးရအရာရှိ အများအပြားက အသိအမှတ်ပြုခဲ့ကြသည် ။ ယဉ်ကျေးမှုတော်လှန်ရေး ပြီးဆုံးသွားခဲ့ပြီး ကျွန်တော်တို.၏ မူဝါဒမှာလည်း စီးပွါးရေးဖွံ.ဖြိုးမှုနှင့် “အတွေးအခေါ် လွတ်လပ်မှု”ကို အားပေးမြှင့်တင်၍ “လက်တွေ.ဘဝသည်သာ အမှန်တရားကို သတ်သေပြုနိုင်သည်”ဟု နှိုးဆော်နေသည့် အချိန်ဖြစ်ရာ လူအများသည် ကြောက်ရွံ.မှုများ နည်းပါးလာ၍ လက်တွေ.ကျကျ တွေးခေါ်နိုင်စွမ်း ရှိလာကြသည် ။
နိုင်ငံတော်၏ ကျေးလက်ဒေသများကို အမျိုးအစားသုံးခု ခွဲခြားနိုင်သည်ဟု ထိုစဉ်က ကျွန်တော်တွေးမျှော်မိသည် ။ ပထမ အမျိုးအစားမှာ ပြည်သူပိုင် အခန်းကဏ္ဍ တည်ငြိမ်ခိုင်မာပြီး ထုတ်လုပ်မှုနှုန်းနှင့် လူနေမှုအဆင့်အတန်း မြင့်မား၍ ပြည်သူပိုင် မြေယာအဆောက်အအုံတို.၏ အချိုးအစားကြီးမားပြီး အများစုပေါင်းပိုင်ဆိုင်သည့် ဘုံပိုင်ဆိုင်သည့် လုပ်ငန်းများ ဖွံ.ဖြိုးသည့် ဒေသဖြစ်သည် ။ ဒုတိယအမျိုးအစားမှာ အလယ်အလတ်တန်း အုပ်စုဖြစ်၍ တတိယအမျိုးအစားမှာ ကုန်ထုတ်စွမ်းအားစုများ အကြီးအကျယ် ယိုယွင်းပျက်စီးနေပြီး လူအများမှာ ငတ်မွတ်ခေါင်းပါးသည့် အခြေအနေတွင် ရှိနေသည့် ဒေသများဖြစ်သည် ။
တတိယ အမျိုးအစားတွင်ပါဝင်နေသည့် ပြည်သူများမှာ အိမ်ခြံမြေယာ ကန်ထရိုက်စနစ် အစီအစဉ်ကို အရေးတကြီးလိုအပ်နေသည့် အုပ်စုဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည် ။ ဤအစီအစဉ်ကသာလျှင် အခြေအနေများကို အလျှင်မြန်ဆုံးနှင့် အထိရောက်ဆုံး ပြောင်းလဲပေးနိုင်သည် ။ ၁၉၈၀ ခုနှစ်၌ ဗဟိုအစိုးရအဖွဲ.အတွင်း ကျွန်တော်တာဝန် စတင်ထမ်းဆောင်ပြီးနောက် အစည်းအဝေးတစ်ခု၌ အဆင်းရဲဆုံး ကျေးလက်ဘုံအဖွဲ.များတွင် အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို စတင်ကျင့်သုံးဖို. ကျွန်တော်အကြံပြုခဲ့သည် ။ ဤအစီအစဉ်အရ လူဦးရေ သန်း၁၀၀ ခန်.မျှ အကျိုးခံစားရမည်ဖြစ်သည် ။ ဤအချက်မှာ မူဝါဒရေးရာအရ အဓိကကျသည့် ဆုံးဖြတ်ချက်ဖြစ်၍ ကျေးလက်ဒေသများကို တည်ငြိမ်မှုရှိစေပြီး လယ်သမားများကို ထူထူထောင်ထောင် ဖြစ်သွားစေမည်ဖြစ်သည် ။ ထိုအစီအစဉ်သည် နိုင်ငံတော် စီမံကိန်းရေးဆွဲရေး ကော်မရှင် ညွှန်ကြားရေးမှုးချုပ် ယော်ယိလင်၏ ထောက်ခံမှုကိုပင် ရရှိခဲ့သည် ။ ဒုတိယ အမျိုးအစား အုပ်စုအတွက်မူ ဤအစီအစဉ်ကို အကောင်အထည်ဖော်သင့် မဖော်သင့် စောင့်ကြည့်နိုင်သည်ဟု ကျွန်တော်ယုံကြည်သည်။ ပထမ အမျိုးအစား အုပ်စုအတွက်မူ ၎င်းအစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ကျွန်တော်မယူဆခဲ့ပေ ။
အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်နှင့်ပက်သက်၍ ပါတီတွင်း ငြင်းခုန်ဆွေးနွေးမှုမှာ ကျေးလက်ဒေသ တတိယအုပ်စုမှ ဒုတိယအုပ်စုသို. တိုးချဲ.ကျင့်သုံးဖို. ဆွေးနွေးလာသောအခါ၌ လူသိရှင်ကြားဖြစ်လာသည် ။ အစီအစဉ်ကို ကန်.ကွက်သူများက အခြေခံ စည်းမျဉ်းများနှင့်ပက်သက်သည့် အချက်များကို တင်ပြဆွေးနွေးလာသည် ။
ပေါ်လစ်ဗျူရိုအဖွဲ.ဝင် ဟူကျားမူက ကျွန်တော့်ကို သတိရှိဖို.ပြောသည် ။ “အန်ဟွေပြည်နယ်ရဲ. အိမ်ခြံယာမြေ ကန်ထရိုက် အစီအစဉ်ဟာ ဟွေမြစ်ရဲ. မြောက်ပိုင်းကနေ တောင်ပိုင်းကို ပျံ.နှံ.သွားတယ် ။ အလျှံပယ် ပေါကြွယ်ဝတဲ့ ဝူဟူခရိုင်မှာတောင်မှပဲ အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တယ်”ဟု သူကပြောသည် ။ သူက ပြတ်ပြတ်သားသားပင် ဆန်.ကျင်သည် ။ ပါတီဝါရင့်ကြီး လီရှန်နင်းသည် ဂျန်စုပြည်နယ်မှ ပြန်ရောက်လာပြီးနောက် ဂျန်စုပြည်နယ် ပါတီကော်မရှင်၏ အယူအဆများကို အစီရင်ခံခြင်းဟူသော ခေါင်းစဉ်အောက်မှနေ၍ အန်ဟွေပြည်နယ်၏ အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို ဆန်.ကျင်ကန်.ကွက်ခဲ့သည် ။ ဒုတိယဝန်ကြီးချုပ် ဝမ်ရန်ဇန်းသည်လည်း အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို ဆန်.ကျင်သည် ။ သူသည် ယခင်က ဗဟိုကျေးလက်ဒေသကော်မရှင်၏ အကြီးအကဲဖြစ်ပြီး ၁၉၇၉ခုနှစ်လောက်ကတည်းကပင် ဟီနန်ပြည်နယ် လျိုယန်မြို.သားတစ်ယောက်အဖြစ် ဟန်ဆောင်၍ တစ်ဦးချင်းနှင့် အုပ်စုလိုက် အိမ်ခြံယာမြေ ကန်ထရိုက်ချထားသည့် စနစ်ကို ပြစ်တင်ဝေဖန်သည့် စာတစ်စောင်ကို ပြည်သူ.နေ.စဉ်သတင်းစာမှနေ၍ ထုတ်ဝေခဲ့ဖူးသည် ။ ရှန်ဇီပြည်နယ်ကမူ ကျေးလက်ဒေသ မြေယာမူဝါဒများကို ဖြေလျော့ပေးခြင်းကို ဆန်.ကျင်ခဲ့ပြီး အန်ဟွေနှင့်စီချွမ်ပြည်နယ်တို.၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို အစောကြီးကတည်းကပင် ဝေဖန်ခဲ့သည် ။ ၁၉၇၈နှင့် ၁၉၇၉ ခုနှစ်များ၌ သတင်းစာများတွင် ဤအစီအစဉ်ကို ဝေဖန်ကန်.ကွက်သည့် ဆောင်းပါးများကို သူတို.က ကျယ်ကျယ်ပြန်.ပြန်. ထည့်သွင်းစေခဲ့သည် ။
ထိုအချိန်က မော်၏နေရာကို ခေတ္တမျှဆက်ခံခဲ့သည့် ဟွကိုဖုန်းကလည်း အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို မထောက်ခံခဲ့ပေ ။ သူက ကျေးလက်ဒေသများသည် အထူးသဖြင့် တောင်ပိုင်းဒေသများသည် ကောက်ပဲသီးနှံများကို ကွင်းထဲတွင် ရိတ်သိမ်းခြင်း ၊ တလင်းနယ်ခြင်း ၊ အခြောက်လှန်းခြင်းမှစ၍ သယ်ယူပို.ဆောင်ခြင်းအထိ လုပ်ငန်းဆောင်တာ အားလုံးကိုဆောင်ရွက်ရန်အတွက် အားလုံးစုပေါင်း၍ ဘုံလုပ်ကိုင်ရမည်ဟု ယုံကြည်သည် ။
ချန်ယန်းကမူ အစီအစဉ်ကို ထောက်ခံမှု သို.မဟုတ် ကန်.ကွက်မှုကို တိုက်ရိုက်မပြသခဲ့ပေ ။ တစ်ကြိမ်တွင်မူ ကျွန်တော့်ထံသို. လူအချို.စေလွှတ်၍ တောင်ပိုင်းဒေသတွင် ကောက်ရိတ်သိမ်းချိန်အတွင်း၌ မိုးမကြာခဏရွာကြောင်း ၊ အခြောက်လှမ်းသည့် လုပ်ငန်းစဉ်မှာ မှိုတက်ခြင်းကို ကာကွယ်နိုင်သည်အထိ မမြန်ဆန်ကြောင်း ၊ အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်အရ ဤပြဿနာကို မရှောင်ရှားနိုင်ဘူးပေလောဟု သူကမေးမြန်းစေခဲ့သည် ။ ကန်ထရိုက်အစီအစဉ်ကို အကောင်အထည်ဖော်ပြီးနောက် ဤလုပ်ငန်းစဉ်မှာ ယခင်ကထက်ပို၍ လျှင်မြန်ချောမွေ.လာကြောင်း ကျွန်တော်က အကြောင်းပြန်ကြားခဲ့သည် ။ သူက နောက်ထပ်မည်သည့်မှတ်ချက်မျှ မပေးခဲ့ပေ ။
ဟေလုံဂျန်းပြည်နယ်၏ ပထမအတွင်းရေးမှုးသည်လည်း အိမ်ခြံမြေယာ ကန်ထရိုက်အစီအစဉ်ကို ဆန်.ကျင်သည် ။ ဗဟိုကော်မတီမှ ကျင်းပသည့် ကျေးလက်ဒေသ အုပ်ချုပ်ရေးအစည်းအဝေးတစ်ခုတွင် ဤအစီအစဉ်ကို ပြည်နယ်ခေါင်းဆောင်အများအပြားက ထောက်ခံနေကြချိန်၌ သူက “ခင်ဗျားတို.ရဲ. အဝေးပြေးလမ်းမကြီးပေါ်မှာ ခင်ဗျားတို.သာ ဆက်ပြီးလျှောက်ကြ ၊ ကျွန်တော်ကတော့ ကျွန်တော့်ရဲ. ပျဉ်ပြားလေးတစ်ချပ်သာခင်းထားတဲ့ တံတားလေးပေါ်မှာပဲ ဆက်လျှောက်မယ်”ဟု လူသိထင်ရှား ပြောကြားခဲ့သည် ။ တခြားပြည်နယ်အားလုံး အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို လက်ခံကျင့်သုံးနေသည့်တိုင်အောင် ဟေလုံဂျန်းပြည်နယ်ကမူ လက်ခံကျင့်သုံးမည်မဟုတ်ကြောင်း သူကဆိုလိုခြင်းဖြစ်သည် ။
ဖူကျန်းပြည်နယ် ပထမအတွင်းရေးမှုးသည်လည်း အစီအစဉ်ကို ကန်.ကွက်ခဲ့သည် ၊ အကျိုးဆက်မှာ သူ၏ပြည်နယ်အတွင်းရှိ ရာထူးလက်ရှိ တခြားအတွင်းရေးမှုးများနှင့် နက်ရှိုင်းစွာ သဘောကွဲလွဲခဲ့ခြင်းဖြစ်သည် ။ ရှန်ဇီပြည်နယ်၏ ပထမအတွင်းရေးမှုးက ပြည်နယ်၏ ဂွမ်ဇောင်းဒေသတွင် အစီအစဉ်အား အကောင်အထည်ဖော်ခြင်းကို တားမြစ်ခဲ့သည် ။ ဟီဘေပြည်နယ်၏ ပထမအတွင်းရေးမှုးနှင့် အုပ်ချုပ်ရေးမှုး ၂ ယောက်လုံးက အစီအစဉ်ကို ဆန်.ကျင်ကြသည် ။ ဟီဘေပြည်နယ် အုပ်ချုပ်ရေးမှုးသည် ယခင်က ရှန်ဇီပြည်နယ်၏ တည်ဆဲအတွင်းရေးမှုးဖြစ်သည် ။ ရှန်ဇီပြည်နယ်တွင် ဤရဲဘော်အမှုထမ်းနေစဉ်အတွင်း တခြားဒေသများက ကျေးလက်ဒေသ မူဝါဒများကို ဖြေလျှော့ပေးနေစဉ်၌ သူကမူ အများနှင့်ဆန်.ကျင်လျှက် စာရင်းအင်းခန်.ခွဲမှုဋ္ဌါနကို ထုတ်လုပ်ရေးအဆင့်မှစ၍ ဋ္ဌါနခွဲအဆင့်ထိတိုင်အောင် ရွှေ.ပြောင်းခဲ့သည် ။
တိန်.ရှောင်ပင်း၏ ထောက်ခံမှုမရရှိခဲ့လျှင် အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို တစ်နိုင်ငံလုံးအနှံ. အကောင်အထည်ဖော်နိုင်လိမ့်မည်မဟုတ်ပါ ။ ဗဟိုခေါင်းဆောင်မှုအတွင်းမှ ဆန်.ကျင်မှုကြီးကြီးမားမား မကြုံတွေ.ရခြင်းမှာ တကယ်တမ်းအားဖြင့် တိန်.၏သဘောထားပေါ်တွင် များစွာမူတည်နေသည် ။ သူက ဤကိစ္စအပေါ်တွင် များများစားစား မပြောကြားသော်လည်း သူက ကျွန်တော် ၊ ဟူယောင်ဘန်းနှင့် ဝမ်လီတို.၏ အယူအဆများကို အမြဲတမ်းပင် ထောက်ခံခဲ့သည် ။ အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို ချမှတ်အကောင်အထည်ဖော်ပြီးနောက် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများနှင့်ပက်သက်၍ ကျေနပ်အားရကြောင်း သူကပြောခဲ့သည် ။ ၁၉၈၁ ခုနှစ်အတွင်း၌ အငတ်ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ရှန်ဒေါင်းပြည်နယ် ဒေါင်မင်းခရိုင်မှ လယ်သမားတချို.က အိမ်ယာခြံမြေ ကန်ထရိုက်အစီအစဉ်၏ အကျိုးကျေးဇူးကြောင့် ယခုအခါ သူတို.တွင် စားစရာ အလုံအလောက်ရှိနေပြီဖြစ်ကြောင်း ထို.အတွက် သူတို.အနေဖြင့် ကျေးဇူးတင်ကြောင်း စာတစ်စောင်ရေးသား၍ တိန်.ရှောင်ပင်းထံသို. ပေးပို.ခဲ့သည် ။ ဤစာကို သူက ဗဟိုခေါင်းဆောင်များထံသို. ထပ်ဆင့်ပေးပို.ခဲ့သည် ။
၁၉၈၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း၌ ဟီနန်ပြည်နယ် လန်ကောင်းဒေသ ၊ ရှန်ဒေါင်းပြည်နယ် ဒေါင်မင်းဒေသနှင့် ဆင်းရဲသည့် တခြားကျေးလက်ဒေသများသို. ခရီးထွက်ခဲ့သည် ။ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်၏ အကျိုးဆက်ကြောင့် ပေါ်ပေါက်လာသည့် အပြောင်းအလဲများကို ကျွန်တော်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ.ခဲ့ရပြီး ဒေသခံ ပါတီကေဒါများနှင့် ပြည်သူများ၏ လှိုက်လှဲနွေးထွေးသည့် ထောက်ခံမှုများကို တွေ.ကြုံခဲ့ရသည် ။ ၎င်းက ကျွန်တော့်အပေါ်တွင် နက်ရှိုင်းလေးနက်သည့် ခံစားမှုများဖြစ်ပေါ်စေခဲ့သည် ။ ပြည်သူများက အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို နောက်ထပ်သက်တမ်း ၃ နှစ်အထိတိုးမြှင့်ပေးစေလိုသည့် သဘောထားရှိကြောင်း ကေဒါများက တင်ပြလာသောအခါ ကျွန်တော်က ချက်ချင်းပင် “ရတယ် ၊ လုပ်ပေးမယ်”ဟု ပြန်ပြောခဲ့သည် ။ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်သည် ယာယီဖြေရှင်းသည့် နည်းလမ်းတစ်ရပ်မျှသာဖြစ်သည်ဟူသည့် ကျွန်တော်၏ အခြေခံသဘောထားကို ချက်ချင်းမပြောင်းလဲသေးသည့်တိုင်အောင် ဤကိစ္စကို ပြန်လည်သုံးသပ်ရမည်ဟု ကျွန်တော်ယုံကြည်ခဲ့သည် ။
ဘေဂျင်းသို.ပြန်ရောက်ပြီးနောက် တိန်.ရှောင်ပင်း ၊ ဟူယောင်ဘန်းနှင့် တခြားဗဟိုခေါင်းဆောင်များအား ကျွန်တော်မြင်တွေ.ခဲ့သည်တို.ကို ပြန်လည်ရှင်းလင်းတင်ပြခဲ့သည် ။ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်သည် ထုတ်လုပ်မှုကို တိုးတက်စေပြီး လယ်သမားတို.၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့သည်မှာ သံသယရှိစရာမလိုပေ ။
သို.သော်လည်း မိသားစု လုပ်ငန်းအဖြစ်လည်ပတ်သည့် အသေးစားလုပ်ငန်းများဖြင့် စိုက်ပျိုးရေးကဏ္ဍ၏ ဖွံ.ဖြိုးတိုးတက်မှုကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်ပါမည်လောဆိုသည့်အချက်ကို ပြန်လည်မသုံးသပ်ပဲနေဖို. မဖြစ်နိုင်ပါ ။ အဓိကကျသည့်အချက်မှာ စိုက်ပျိုးရေးကဏ္ဍအား အသေးစား လယ်ယာစီးပွါးရေး လုပ်ငန်းအဖြစ် ပြောင်းလဲသွားခြင်းကို ရှောင်လွှဲနိုင်ရန်အတွက် ကန်ထရိုက်ပိုင်ဆိုင်သူ တစ်ဦးချင်းစီ၏ စိတ်အားတက်ကြွမှုကို စီးပွါးဖြစ်နှင့် ပမာဏကြီးမားသည့် ထုတ်လုပ်ရေး လုပ်ငန်းများအဖြစ်သို. ဖွံ.ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် မည်သို.စည်းရုံးပေါင်းစပ်မည်နည်း ဟူသည့်အချက်ဖြစ်သည် ။ မိသားစု ကန်ထရိုက် စီးပွါးရေးစနစ်မှာ အဖြေဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည် ။ ဤအစီအစဉ်မှာ ကေဒါများနှင့် ပြည်သူများ၏ လက်တွေ.အတွေ.အကြုံများမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းကို “ပူးပေါင်းဆောင်ရွက်သည့် တစ်ဦးချင်းကန်ထရိုက်စနစ်”ဟု ခေါ်ဆိုခဲ့သည် ။
နောက်ထပ်တခြားအကြောင်းအရာတစ်ခုမှာ ကျေးလက်ဒေသ မိသားစုစီးပွါးရေးလုပ်ငန်းများ ပေါ်ထွန်းလာမှုဖြစ်သည် ။ ၁၉၈၈ ခုနှစ်အတွင်း အနောက်ဥရောပသို. ကျွန်တော်ခရီးထွက်ခဲ့စဉ်က ထိုဒေသများ၏ စိုက်ပျိုးရေးလုပ်ငန်း လည်ပတ်မှုများမှာ သိပ်ပြီးပမာဏမကြီးမားလှကြောင်း ကျွန်တော်သတိပြုခဲ့မိသည် ။ အများစုမှာ သေးငယ်သည့် လယ်ယာများသာဖြစ်သည် ။ သူတို.ဘာသာသူတို. မဖြေရှင်းနိုင်သည့် ပြဿနာများကို စုပေါင်းသမဝါယမ အသင်းများမှတဆင့် ဖြေရှင်းကြသည် ။ ရလာဒ်များမှာ အကြီးစားလုပ်ငန်းများကဲ့သို.ပင် ကောင်းမွန်လှသည် ။ အထူးသဖြင့် ဆွစ်ဇာလန်နိုင်ငံက ကျွန်တော့်ကို များစွာစွဲဆောင်နိုင်ခဲ့သည် ။ စိုက်ပျိုးရေးထွက်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် အကြီးစား လုပ်ငန်းများလိုအပ်သည်ဟု ယုံကြည်ခဲ့သည့် ကျွန်တော်၏ အယူအဆများ စတင်ပြောင်းလဲစပြုလာခဲ့သည် ။ ကျေးလက်ဒေသများ၌် ကုန်ထုတ်လုပ်မှုတွင် အိမ်ယာခြံမြေကန်ထရိုက်စနစ်ဖြင့် ပူးပေါင်းထုတ်လုပ်ခြင်းကို အတိတ်ကာလ၏ အသေးစား စိုက်ပျိုးရေးလုပ်ငန်းများအဖြစ်သို. ပြန်လည်ဦးတည်သွားမှုအဖြစ် ကျွန်တော်မယူဆတော့ပေ ။
ကျွန်တော်သည် စီချွမ်ပြည်နယ်တွင် ရှိနေစဉ်ကတည်းကပင် ငါးမွေးမြူရေး ၊ ပန်းပင် ၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးဖက်ဝင်အပင် စိုက်ပျိုးရေးလုပ်ငန်းတို.ကို အထူးကျွမ်းကျင်ပြီး စီမံခန်.ခွဲနိုင်သူများအား ကန်ထရိုက်ချပေးခြင်းကို အားပေးမြှင့်တင်ခဲ့သည် ။ နောက်ပိုင်းတွင် ကြက် ၊ ဝက်မွေးမြူရေးလုပ်ငန်း ၊ နို.စားနွားမွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးထွက်ကုန် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းနှင့် ကျေးလက်ဒေသ အထည်ချုပ်လုပ်ငန်းများသို. ကျွန်တော်သွားရောက် လေ့လာခဲ့သည် ။ ၁၉၈၁ ခုနှစ်တွင် ရှန်ဇီဒေသသို. စစ်ဆေးရေးခရီး သွားရောက်ခဲ့စဉ်၌ ကျေးလက်ဒေသ မိသားစု ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းများ ပေါ်ထွန်းလာခြင်းသည် ကျေးလက်ဒေသ ကုန်သွယ်စီးပွါးရေး၏ အစဦးအဆင့်ပင်ဖြစ်ကြောင်း ကျွန်တော်က မှတ်ချက်ပေးခဲ့သည် ။
တစ်နိုင်ငံလုံးအနှံ. အသားကျနေသည့် သုံးဦးဆိုင်ပိုင် ပြည်သူ.ဘုံအဖွဲ.များကို၂ ကျေးလက်ဒေသ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်အဖြစ်သို. ပြောင်းလဲခြင်းမှာ အဓိကကျသည့် မူဝါဒဆိုင်ရာ အပြောင်းအလဲတစ်ခုဖြစ်ပြီး လေးနက်သည့် တော်လှန်မှုတစ်ခုဖြစ်သည် ။ ဤပြောင်းလဲမှုချောချောမွေ.မွေ. ဖြစ်စေရန် သုံးနှစ်နီးပါးမျှ အချိန်ယူခဲ့ရသည် ။ ပါတီခေါင်းဆောင်ပိုင်းနှင့် ကေဒါအများစုတွင် သံသယဝင်သည့်စိတ် တည်ရှိနေဆဲကာလတွင်ပင် ၎င်းကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည် ။ သို.သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်ပေး အရေးယူခံရခြင်းသော်လည်းကောင်း ၊ မည်သည့် ဝါရင့်ခေါင်းဆောင်ကမှသော်လည်းကောင်း ပွင့်လင်းစွာကန်.ကွက် ဝေဖန်မှု မရှိခဲ့ပေ ။ စတင်အကောင်အထည်ဖော်ပြီး ၂ နှစ်မျှအကြာတွင် အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို အကောင်အထည်ဖော်ခြင်းအား ကန်.ကွက်မှုများ ရှိနေဆဲဖြစ်သည် ။ သို.သော်လည်း ဤအခြေအနေတွင်မူ သူတို.အား ရပ်တန်.ရန် အုပ်ချုပ်ရေးဆိုင်ရာ အမိန်.စာများ ကျွန်တော်တို.က ထုတ်ပြန်ညွှန်ကြားခဲ့သည် ။
အောက်ခြေအခြေခံအဆင့်မှစ၍ အထက်အဆင့်ဆင့်သို.တိုင် ကျယ်ပြန်.လာသည့် ကျေးလက်ဒေသ အိမ်ယာခြံမြေ ကန်ထရိုက်အစီအစဉ် အကောင်အထည်ဖော်မှုများ အရှိန်ရကျယ်ပြန်.လာသည်နှင့်အမျှ စနစ်တစ်ရပ်အဖြစ် ၎င်း၏ ထူးခြားသာလွန်မှုများမှာ ထင်ရှားလာသည် ။ ခေါင်းဆောင်နှင့် ကေဒါအများစုသည် ၎င်းတို.၏ မူလက ကန်.ကွက်သည့် အနေအထားမှ အတွေးအမြင်များ ပြောင်းလဲလာကြသည် ။ ဤအချက်မှာ အရေးပါသည့် ဖြစ်ပေါ်တိုးတက်မှုတစ်ခုဖြစ်ပြီး သင်ယူလေ့လာဖွယ်ကောင်းသည့် အတွေ.အကြုံတစ်ခုဖြစ်သည် ။
ဤအဓိကကျသည့် မူဝါဒအပြောင်းအလဲကာလအတွင်း၌ ဗဟိုအစိုးရသည် လုပ်ထုံးလုပ်နည်း စံညွှန်းများကို တပြေးညီကျင့်သုံးခြင်း ၊ အတိအကျ ပြဋ္ဌါန်းထားသည့် ညွှန်ကြားချက်များဖြင့် ထုတ်ပြန်ညွှန်ကြားခြင်း စသည်တို. မရှိခဲ့ပေ ။ ချမှတ်ကျင့်သုံးခြင်း ၊ မကျင့်သုံးခြင်းနှင့် မည်သို.ချမှတ်အကောင်အထည်ဖော်မည် စသည်တို.ကို ဒေသဆိုင်ရာ အစိုးရများက လွတ်လပ်စွာ ရွေးချယ်ကျင့်သုံးနိုင်ကြသည် ။ “အမြန်လမ်းမကျယ်ကြီး”နှင့် “ပျဉ်ပြားလေးတစ်ချပ်သာ ခင်းထားသည့် တံတားလေး” နှစ်မျိုးစလုံးကို ကျင့်သုံးခွင့်ပြုခဲ့သည် ။ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို ပြည်သူများက သူတို.ဘာသာသူတို. စတင်ကျင့်သုံးလာပါက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ဒေသဆိုင်ရာ ခေါင်းဆောင်များကို ညွှန်ကြားထားသည် ။ ထိုစဉ်အတွင်း၌ ဗဟိုအစိုးရသည် လမ်းညွှန်ချက်များ ချမှတ်မပေးမှီ အခြေအနေအားလုံးကို ခြုံငုံသုံးသပ်လေ့လာသည့်အလုပ်ကို လုပ်နေခဲ့သည် ။
ဤနည်းလမ်းကို လက်ခံကျင့်သုံးခြင်းသည် ကြီးမားသည့် အကျိုးအမြတ်များ ရရှိစေပြီးလျှင် အပြောင်းအလဲများ ပြုလုပ်နေသည့် အရှိန်ကိုလည်း နှေးကွေးမသွားစေခဲ့ပေ ။ ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် ကေဒါများအား ရွေးချယ်နိုင်သည့် အခွင့်အာဏာနှင့် ရွေးချယ်ဖို.အချိန် (လိုလိုလားလား မရှိခြင်းမှ လိုလိုလားလား လက်ခံလာခြင်းသို. ပြောင်းလဲရန် လုံလောက်သည့်အချိန်) ပေးထားသည့်အတွက် ပြောင်းလဲမှုများမှာ ဆန္ဒအလျှောက် ဖြစ်ပေါ်လာကြသည်။ ဤအချက်က သဘောထားကွဲလွဲမှုများနှင့် မလိုလားအပ်သည့် အကျိုးဆက်များ ပေါ်ထွက်လာနိုင်ခြေရှိမှုကို လျော့ကျသွားစေခဲ့သည် ။ ၎င်းက ဒေသဆိုင်ရာ အာဏာပိုင်များကို ဤစနစ်၏ အားသာချက်များကို သိရှိနားလည် သဘောပေါက်လာစေပြီး သူတို.ဒေသ၏ အခြေအနေနှင့် လိုက်လျောညီထွေရှိမည့် ဖွံ.ုဖြိုးရေးနည်းလမ်းများကို မည်သို.ချမှတ်ကျင့်သုံးမည် စသည်တို.ကို ရွေးချယ်နိုင်စေရန် လုံလောက်သည့် အချိန်ပေးထားခဲ့သည် ။ အဆင်းရဲဆုံးဒေသများမှ စတင်၍ ပုံမှန်အလယ်အလတ်ဒေသများနှင့် ချမ်းသာသည့် ဒေသများသို.တိုင် ဤစနစ် ပျံ.နှံ.ကျယ်ပြန်.သွားသည်နှင့်အမျှ ဤမူဝါဒမှာလည်း ဖြည်းဖြည်းချင်း အသားကျ ချောမွေ.လာခဲ့သည် ။
ကျွန်တော်သည် ကျေးလက်ဒေသ မြေယာကန်ထရိုက်စနစ်နှင့်ပက်သက်၍ အားတက်သရောရှိကြောင်း အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည် ။ ဤစနစ်အပေါ်ထားရှိသည့် ကျွန်တော်၏ အမြင်များကို ၁၉၈၀ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပြည်နယ်နှင့် မြူနီစပယ် ပထမအတွင်းရေးမှုးများ၏ အိမ်ယာခြံမြေ ကန်ထရိုက်စနစ် အစည်းအဝေးတွင် ပြည့်စုံစွာဖော်ပြခဲ့သည် ။ အကျဉ်းချုပ်ကို ဗဟိုကော်မတီမှ ၁၉၈၀ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ.တွင် တစ်နိုင်ငံလုံးသို. ဖြန်.ချိခဲ့သည် ။
“အထူးလယ်ယာခြံမြေ ကန်ထရိုက်စနစ်သည် ကုန်ထုတ်လုပ်ရေးအဖွဲ.၏ စီမံခန်.ခွဲမှုအောက်တွင် လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူများကို မြေယာအငှါးကန်ထရိုက်ချပေးမည် ၊ သစ်ပင်ပန်းမန် စိုက်ပျိုးရေး ၊ တိရိစ္ဆာန်မွေးမြူရေး ၊ ငါးမွေးမြူရေးနှင့် ကုန်သွယ်ရောင်းဝယ်ရေး ကျွမ်းကျင်သူများကို သူတို.၏ အစုအဖွဲ. သို.မဟုတ် မိသားစုများအတွက် အထူးကန်ထရိုက်များ ချမှတ်ငှါးရမ်းပေးမည်”ဟု အကျဉ်းချုပ်တွင် ဖော်ပြထားသည် ။ လမ်းညွှန်မူဝါဒမှာ ကန်ထရိုက်တစ်ခုချင်းမှ ရရှိလာနိုင်မည့် အကျိုးအမြတ်ဆိုင်ရာ မက်လုံးများကို အသုံးချနိုင်ရန်ဖြစ်ပြီး တစ်ပြိုင်တည်းမှာပင် လက်ခံနိုင်ဖွယ်ရာမရှိသည့် မိသားစုတစ်စုလုံးက အားလုံးကို လုပ်ကိုင်သည့် အသေးစားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ စီးပွါးရေးလုပ်ငန်းငယ်များအဖြစ်သို. ပြန်လည်ဦးတည်သွားခြင်းကို ရှောင်ရှားနိုင်ရန်ဖြစ်သည် ။
သို.သော်လည်း ဤအယူအဆ (အကြီးစားနှင့် စိုက်ပျိုးရေးဆိုင်ရာ အထူးလုပ်ငန်းများအတွက် ဆွဲဆောင်သည့် မက်လုံးပေးမှု)မှာ အကောင်အထည်ပေါ်မလာခဲ့ပေ ။ အဘယ့်ကြောင့်ဆိုသော် ကျေးလက်ဒေသ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ စီးပွါးရေးလုပ်ငန်းများ ကောင်းမွန်ပြည့်စုံစွာ ဖွံ.ဖြိုးခြင်းမရှိသေးသည့်အချက်ကို အသိအမှတ်မပြုခဲ့သောကြောင့်ဖြစ်သည် ။ လုပ်ငန်းများကို စီမံခန်.ခွဲလည်ပတ်မောင်းနှင်ခြင်း ၊ လုပ်ငန်းသဘာဝအလိုက် လုပ်ကိုင်ခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်း စသည်တို.ကို တစ်ခုချင်းစီ ခွဲခြားလုပ်ကိုင်မှုမှာ စတင်ခါစသာ ရှိသေးသည် ။ လူအများသည် အစဉ်အလာအတိုင်းသာ စဉ်းစားတွေးခေါ်သည့် အလေ့အထများ၌ အသားကျနေဆဲအချိန်အတွင်း၌ လု့ပ်ငန်းအမျိုးအစားအလိုက် အထူးကျွမ်းကျင်မှုများမှာ များများစားစား မရှိလှပေ ။ ထို.ကြောင့် အထူးပြုကျွမ်းကျင်သူ အနည်းငယ်နှင့် အဓိက ဂျုံစိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းအနည်းငယ်မှအပ ကျေးလက်ဒေသ မြေယာအများစုမှာ မိသားစုဦးရေအလိုက်သာ ကန်ထရိုက်ချပေးခဲ့ရသည် ။
အမှန်တကယ် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တို.မှာ ထိုစဉ်ကာလက တည်ရှိနေခဲ့သည့် ကျေးလက်ဒေသ စီးပွါးရေးဖွံ.ဖြိုးမှု ၊ ကုန်ထုတ်လုပ်မှု အဆင့်တို.နှင့် လိုက်လျောညီထွေစွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည် ။ ဤစနစ်သည် ကျေးလက်ဒေသ ကုန်ထုတ်လုပ်မှု ဖွံ.ဖြိုးတိုးတက်ရေးကို အတားအဆီး မဖြစ်စေခဲ့ပဲ ဤသည်နှင့်ဆန်.ကျင်စွာပင် ကျေးလက်ဒေသ၏ စီးပွါးရေးကို များစွာနှိုးဆွ လှုံ.ဆော်ပေးခဲ့ကြောင်း ရလာဒ်များက သက်သေပြနေသည် ။
မြေယာကို အညီအမျှခွဲဝေ၍ မိသားစုများသို. ကန်ထရိုက်ချပေးသည့် အစီအစဉ်သည် ကျေးလက်ဒေသ ကုန်စည်ထုတ်လုပ်မှု စွမ်းဆောင်ရည် ညံ့ဖျင်းရခြင်း၏ အခြေခံအကြောင်းရင်းများကို ပြောင်းလဲနိုင်ခြင်းမရှိကြောင်းမှာ အထူးပြောစရာမလိုပါ ။ ကျေးလက်ဒေသ ကုန်စည်ကူးသန်းရောင်းဝယ်မှု တိုးတက်လာသည်နှင့်အမျှ လုပ်ငန်းတစ်ခုချင်းအလိုက် အထူးပြုကျွမ်းကျင်မှုနှင့် ကျေးလက်ဒေသ စီးပွါးရေးလုပ်ငန်းများသည်လည်း ဖွံ.ဖြိုးတိုးတက်လာပေလိမ့်မည် ။ ကျွမ်းကျင်မှုအလိုက် အထူးပြုခြင်း ၊ လုပ်သားများ ရွှေ.ပြောင်းသွားလာ လုပ်ကိုင်ခြင်းနှင့် အကြီးစား လယ်ယာစိုက်ပျိုးရေး စသည်တို.ကို အဆုံးတစ်နေ.၌ ကိုင်တွယ်ဖြေရှင်းရမည်သာဖြစ်သည် ။ ထိုသို.ဖြေရှင်းရာတွင်မူ ၁၉၅၀ ခုနှစ်များအတွင်းက ကျင့်သုံးခဲ့သော စုပေါင်းဘုံပိုင် မူဝါဒမျိုးဖြင့် ဖြေရှင်းတော့မည်မဟုတ်ကြောင်း ပြောနေစရာမလိုတော့ပါ ။ မိသားစု လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပုံစံမျိုးသည် အသင့်တော်ဆုံး ပုံစံတစ်မျိုး ဖြစ်နိုင်ဖွယ်ရာရှိသည် ။ ဤကဲ့သို.သော အခြေအနေ၏ တောင်းဆိုမှုနှင့် လိုက်လျောညီထွေ လက်ခံကျင့်သုံးရန်အတွက် မြေယာကို လွတ်လပ်စွာ ရောင်းဝယ်ခြင်း ၊ ငှါးရမ်းခြင်းနှင့် ဆက်ခံပိုင်ခွင့် စသည်တို.ကို ခွင့်ပြုသင့်ပြီး ကျေးလက်ဒေသ ကုန်ထုတ်လုပ်မှုအတွက် အဓိကအကျဆုံး ရင်းမြစ်ဖြစ်သည့် မြေယာကို ဈေးကွက်တွင် လွတ်လပ်စွာ ရရှိနိုင်စေပြီး ဥပဒေနှင့် ကာကွယ်ပေးထားသင့်ပေသည် ။ ဤအချက်မှာ ထိပ်တိုက်တွေ.ရမည့် အကြောင်းအရာတစ်ရပ်ဖြစ်ပေသည် ။
---------------------------------------------------------------------------------------------------------------
၁ ။ ။ “ကျေးလက်ဒေသ မြေယာကန်ထရိုက် အစီအစဉ်”ကို “ကျေးလက်ဒေသ အိမ်ယာမြေ တာဝန်ခံမှုစနစ်”ဟုလည်း လူသိများသည် ။
၂ ။ ။ ပြည်သူ.ဘုံအဖွဲ.များကို (၁) ဘုံအဖွဲ. (၂) ကုန်ထုတ်လုပ်ရေး တပ်ဖွဲ.နှင့် (၃) ကုန်ထုတ်လုပ်ရေး အဖွဲ.တို.က စုပေါင်းပိုင်ဆိုင်ကြသည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 10 Freedom on the Farm ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)