Friday, October 8, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၁၂ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၁၂
အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
အစိုးရမူဝါဒအားလုံး၌ အောင်မြင်မှုအပြည့်ရသော မူဝါဒများပင်ဖြစ်စေကာမူ ပေးဆပ်ရသည့်
အရင်းအနှီးများရှိသည် ။ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး အားထုတ်မှု၏ ပေးဆပ်ရင်းနှီးရမှုများအနက်
တစ်ခုမှာ (ပြုပြင်ပြောင်းလဲရေး၏ အစောပိုင်းကာလများကတည်းကစ၍) အကျင့်ပျက်ခြစားမှုဖြစ်သည် ။
မည်သည့် ပြုပြင်ပြောင်းလဲရေးသမားမျှ ဤပြဿနာနှင့် ၎င်း၏အကျိုးဆက်များကို
လျစ်လျှူရှုမထားနိုင်ကြပေ ။ အကျင့်ပျက်ခြစားမှုသည် စီးပွါးရေးစနစ်အဟောင်းမှ အသစ်သို.
ကူးပြောင်းခြင်း၏ ရလာဒ်တစ်ခုဖြစ်ပြီး တရားသေ အစွန်းရောက်တုံ.ပြန်မှုများ မလိုအပ်ဟု ကျောက်က
စောဒကတက်ထားသည် ။ အဖြေမှာ စီးပွါးရေး ၊ နိုင်ငံရေးနှင့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို
ပို၍လျှင်မြန်စွာ ဆက်လက်ဖော်ဆောင်သွားရန်ဖြစ်သည်ဟု သူကဆိုသည် ။
အကျင့်ပျက်ခြစားမှုသည် အရေးကြီးသည့် အကြောင်းအရာတစ်ခုအဖြစ် ၁၉၈၈ ခုနှစ်၌ ပေါ်ထွက်လာသည် ။ ဤပြဿနာကို မည်သို.အဓိပ္ပါယ်ဖွင့်ဆိုပြီး မည်သို.ဖြေရှင်းမည်နည်း ဆိုသည့်အချက် ၊ ပြုပြင်ပြောင်းလဲရေးကို ဆန်.ကျင်သူများက စနစ်ဟောင်းအား ပြန်လည်အသက်သွင်းနိုင်ရေးအတွက် ဤကိစ္စအား အခွင့်အရေးတစ်ရပ်အဖြစ် အမြတ်ထုတ် အသုံးချမည့် အဖြစ်မျိုး အရောက်မခံပဲ အကျင့်ပျက်ခြစားမှု ၊ သန်.ရှင်းသည့်အစိုးရတစ်ရပ် တည်ထောင်ဖွဲ.စည်းမှု စသည်တို.နှင့်ပက်သက်၍ စိုးရိမ်ပူပန်မှုများအား ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ရန်အတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် မည်သို.အသုံးချမည်နည်း ဆိုသည့်အချက်တို.မှာ ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည် ။
ရှေ.၌ ကျွန်တော်ပြောခဲ့သလိုပင် ၁၉၈၈ ခုနှစ် နွေဦးပွဲတော် အားလပ်ရက်၌ ဂွမ်ဒေါင်းတွင် ရောက်ရှိနေစဉ်က အာဏာနှင့်ငွေကြေးဖလှယ်မှုနှင့် ပက်သက်သည့် ရေးသားဖော်ပြချက် အများအပြားကို ကျွန်တော်ဖတ်ခဲ့ရသည် ။ ၎င်းတို.မှာ ပြုပြင်ပြောင်းလဲရေး၏ အကျိုးဆက်များဖြစ်သည်ဟု မယူဆနိုင်သော်လည်း စီးပွါးရေးအဝန်းအဝိုင်းတွင်း ပြောင်းလဲမှုများနှင့် ဆက်စပ်နေကြောင်းကိုမူ ကျွန်တော်တို. အသိအမှတ်ပြုရပေမည် ။ ပြဿနာကို ကျွန်တော်တို. လျစ်လျှူရှုမထားနိုင်ပေ ။ “စီးပွါးရေးအရ ကြီးပွါးအောင်မြင်ရမည် ၊ အစိုးရသည် သန်.ရှင်းမြဲ သန်.ရှင်းနေရမည်”ဟု ကျွန်တော်အဆိုပြုခဲ့သည် ။
“သန်.ရှင်းမြဲသန်.ရှင်းရေး”သည် အဓိကကျသည့် ကိစ္စဖြစ်ကြောင်း ကျွန်တော်ပို၍ပို၍ သဘောပေါက်လာသည် ။ ၎င်းကို လျစ်လျှူရှုထားပါက ပြုပြင်ပြောင်းလဲရေးကို ဆန်.ကျင်သူများအတွက် အကြောင်းပြစရာတစ်ခု ရရှိသွားစေနိုင်ပြီး ပြည်သူများအား မကျေမချမ်းဖြစ်စေလိမ့်မည် ။ အကျိုးဆက်များမှာ ကြောက်မက်ဖွယ်ကောင်းလှပေမည် ။ တစ်ချိန်တည်းမှာပင် ကျွန်တော်တို.သည် အကျင့်ပျက်ခြစားမှု ဆန်.ကျင်ရေးအား ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ရန်အတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချနိုင်ပေမည် ။ ဤပြဿနာများသည် ပတ်ဝန်းကျင်အသစ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများဖြစ်သည့်အတွက် နည်းလမ်းဟောင်းများကို အသုံးပြု၍ ဖြေရှင်းနိုင်မည်မဟုတ်ပေ ။ ပထမဦးစွာ ဤပြဿနာများ၏ အကြောင်းရင်းများကို နားလည်သဘောပေါက်ရန်လိုသည် ။ သို.မှသာလျှင် ၎င်းတို.ကို ဖြေရှင်းနိုင်မည့် ထိရောက်သည့် နည်းလမ်းများကို ကျွန်တော်တို. ရှာဖွေနိုင်ပေလိမ့်မည် ။
ဥပမာအားဖြင့် ဟောင်ကောင်တွင် ၁၉၆၀ ခုနှစ်များအတွင်းက အကျင့်ပျက်ခြစားမှုများမှာ အလွန်ပင်စိုးရိမ်ဖွယ်ရာဖြစ်သည် ။ ဥပဒေစိုးမိုးရေး အေဂျင်စီများသည် စိုးရိမ်စရာကောင်းလောက်အောင် အကျင့်ပျက်နေကြသည် ။ ထို.နောက် ၁၉၇၀ ခုနှစ်များအတွင်း၌ လွတ်လပ်သော အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ကို စတင်ဖွဲ.စည်းခဲ့သည် ။ “အကျင့်ပျက်ခြစားမှု ဆန်.ကျင်ရေးမုန်တိုင်း”ဟူသော ရုပ်ရှင်ဇာတ်ကားပင် ရိုက်ကူးခဲ့သည် ။ ထို.နောက်ပိုင်း၌မူ အခြေအနေများ သိသိသာသာ တိုးတက်လာခဲ့သည် ။
အကျင့်ပျက်ခြစားမှုသည် စီးပွါးရေးယဉ်ကျေးမှု အတိုင်းအတာတစ်ခုထိ ဖွံ.ဖြိုးလာသည့်အဆင့်ထိတိုင် ဖြစ်ပေါ်နေတက်သည် ။ သို.သော် နောက်ပိုင်း၌ အစိုးရဝန်ထမ်းများနှင့် ဥပဒေစိုးမိုးရေး ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်လာပြီး သူတို.၏ လစာနှင့်အခြားခံစားခွင့်များ မြင့်တက်လာသည်နှင့်အမျှ အခြေအနေများ ပြောင်းလဲလာသည် ။ ယနေ.ခေတ် ဟောင်ကောင်သည် ယခင်ကနှင့်မတူ များစွာခြားနားသွားပြီဖြစ်သည် ။ တခြားဖွံ.ဖြိုးဆဲတိုင်းပြည်များ၌လည်း အလားတူအခြေအနေများ တည်ရှိခဲ့သည် ။ ဈေးကွက်စီးပွါးရေး၏ အစောပိုင်းအဆင့်များ၌ အာဏာနှင့်ငွေကြေး ဖလှယ်မှုများ ပါဝင်နေတတ်သည် ။ စီးပွါးရေး ဖွံ.ဖြိုးလာပြီး တရားဥပဒေစနစ်အား ပြုပြင်မွမ်းမံမှုနှင့် ဒီမိုကရက်တစ်စနစ် ထွန်းကားလာမှုတို.နှင့်အတူ အခြေအနေများ တိုးတက်လာသည် ။ အာဆီယံနိုင်ငံတချို.၌ အလားတူ အတွေ.အကြုံများ ရှိခဲ့ဖူးသည် ။
၁၉၈၉ ခုနှစ် ဇန်နဝါရီလအတွင်းက ဟောင်ကောင်ရှိ “တကန်ပေါင်”သတင်းစာတွင် “ပြည်မကြီးမှ ခြစားမှုများကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားကြည့်ခြင်း” ဆိုသည့်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင် ပါရှိခဲ့သည် ။ ၎င်းသည် ကျွန်တော်တို.၏ အကျင့်ပျက်ခြစားမှုများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာလေ့လာထားခြင်းဖြစ်သည် ။ ကျွန်တော်က ၎င်းဆောင်းပါးကို အောက်ပါအတိုင်း မှတ်ချက်ရေး၍ (နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု သုတေသနဋ္ဌါန ညွှန်ကြားရေးမှုးချုပ်) ပေါက်တုန်ထံသို. ထပ်ဆင့်ပေးပို.ခဲ့သည် ။ “ဤဆောင်းပါးသည် အကျင့်ပျက်ခြစားမှုကို လေ့လာထားသည့် ဆောင်းပါးတစ်စောင်ဖြစ်သည် ။ ကျွန်တော်တို.အနေဖြင့် အကျင့်ပျက်ခြစားမှုကို စူးစူးစိုက်စိုက် လေ့လာသုတေသနပြုသည့် အဖွဲ.တစ်ခု ဖွဲ.စည်းရန်လိုအပ်ပြီး ကျွန်တော်တို.၏ ဗျူဟာကို အဆိုပြုချပြကာ ဆွဲဆောင်နိုင်စွမ်းရှိသည့် ဆောင်းပါးများဖြင့် ရှင်းလင်းတင်ပြရမည်”ဟု မှတ်ချက်ရေးသားခဲ့သည် ။
ထိုစဉ်က ဤအကြောင်းအရာကို စနစ်တကျလေ့လာရန် လိုအပ်သည်ဟု ကျွန်တော်ယုံကြည်နေခဲ့သည် ။ ၎င်းကို စူးစမ်းလေ့လာပြီးမှသာလျှင် အဖြေတစ်ခုကို အဆိုပြုချပြနိုင်ပေလိမ့်မည် ။ ခေတ်ဟောင်းက နည်းလမ်းဟောင်းများကို ပြန်လည်အသုံးချခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ ။ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်အတွက်ဟု ဆိုစေဦးတော့ တင်းကျပ်ပြင်းထန်လွန်းသည့် ဗဟိုဦးစီး စီမံကိန်းစီးပွါးရေးစနစ်ကို ပြန်လည်ကျင့်သုံးခြင်းသည် ကောင်းမွန်မှန်ကန်မည်မဟုတ်ပေ ။ ၎င်းမှာ ဆို.နင့်မည်ကို စိုးရိမ်ကြောက်လန်.သဖြင့် နောက်ထပ်ဘယ်တော့မှ မစားသောက်တော့သည့်နှယ်ဖြစ်ပေလိမ့်မည် ။ ပြည်သူ.သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည့် အစောပိုင်းနှစ်ကာလများအတွင်းက ကျင့်သုံးခဲ့သည့် လူထုလှုပ်ရှားမှု ၊ လူတန်းစားတိုက်ပွဲ စသည့်နည်းစနစ်များ ဥပမာအားဖြင့် ပြစ်မှုကျူးလွန်သူများကို သေဒဏ်စီရင်ခြင်း စသည့်နည်းလမ်းများကို ကျင့်သုံးခြင်းသည် အလုပ်မဖြစ်နိုင်ပေ။
ဤကဲ့သို.သော အကျင့်ပျက်မှုများသည် စီးပွါးရေးနှင့် လူမှုရေးစနစ် အပြောင်းအလဲကာလများ၌ ပေါ်ပေါက်တတ်သည်။ စနစ်ဟောင်းက အားနည်းပြီး ယိုယွင်းနေသည် သို.သော် စနစ်သစ်သည်လည်း ကောင်းမွန်စွာ မတည်ထောင်ရသေးပေ ။ ထိုအကြောင်းကြောင့်ပင် ဤပြဿနာကို အခြေခံကျကျ ဖြေရှင်းရန်အတွက် စီးပွါးရေးနှင့် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှုကို ပို၍နက်ရှိုင်းစွာ အကောင်အထည်ဖော်ဖို. လိုအပ်ခြင်းဖြစ်သည် ။
အာဏာနှင့်ငွေကြေး ဖလှယ်မှုကို ဥပမာအနေဖြင့်ကြည့်ပါ ။ ယခုအခါ စီးပွါးရေးမှာ ပို၍လွတ်လပ်လာသည် ၊ လူသုံးကုန်ပစ္စည်းများနှင့် ဈေးကွက်များ ၊ များစွာသော စီးပွါးရေးလုပ်ငန်းကြီးများနှင့် အဖွဲ.အစည်းများသည် ဈေးကွက်အတွင်း ယှဉ်ပြိုင်နေကြသည် ။ သို.သော် အာဏာကိုမူ အစိုးရအေဂျင်စီများက တစ်ဦးတည်းချုပ်ကိုင်ထားသည်။ တစ်နည်းအားဖြင့်ဆိုရသော် စီးပွါးရေး ပြုပြင်ပြောင်းလဲမှုသည် လွတ်လပ်သည့် ဈေးကွက်အဖြစ်သို. ပီပီပြင်ပြင် အကောင်အထည်မပေါ်သေးပေ ။ စီမံကိန်း စီးပွါးရေးစနစ်၏ အကြွင်းအကျန်များမှာ တည်ရှိနေဆဲဖြစ်သည် ။ အကယ်၍ အသည်းအသန် ယှဉ်ပြိုင်နေသည့် ဈေးကွက်အတွင်းမှ တချို.သောယှဉ်ပြိုင်သူများအနေဖြင့် အာဏာပိုင်အဖွဲ.အစည်းများ၏ မျက်နှာသာပေးမှုကို ရရှိပါက သူတို.အနေဖြင့် တခြားသူများနှင့် မညီမျှသည့် အကျိုးအမြတ် အများအပြား ရရှိပေမည် ။
ဥပမာအားဖြင့် စီမံကိန်းစီးပွါးရေး စနစ်အတွင်းမှ ကုန်စည်များကို ၎င်း၏ပြင်ပသို. ပြောင်းလဲခြင်းဖြင့် ဆိုလိုသည်မှာ ကုန်ပစ္စည်းများကို စီမံကိန်းစီးပွါးရေးစနစ်အတွင်းရှိ ကုန်စည်အရောင်းဆိုင်တို.မှ လျှော့ချထားသော ဈေးနှုန်းဖြင့် ဝယ်ယူပြီး ဈေးကွက်ပေါက်ဈေးဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ် ကြီးမားစွာ ရရှိနိုင်သည် ။ နောက်ထပ်တခြား ဥပမာတစ်ခုမှာ တချို.သောကုန်စည်တို.ကို တင်ပို.ခွင့် တင်သွင်းခွင့် ရရှိထားသူတို.အနေဖြင့် ဈေးနှုန်းကွာဟမှုကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်နိုင်သည် ။ ဤသို.သော အခြေအနေမျိုး၌ အာဏာနှင့်ငွေကြေးမှာ ဆက်စပ်နေပြီး လဲလှယ်ဖလှယ်နိုင်ပြီး တချို.သော စီးပွါးရေးလုပ်ငန်းများအနေဖြင့် မညီမျှသည့် ယှဉ်ပြိုင်မှုမှ အကျိုးအမြတ် များစွာရရှိနိုင်သည် ။ ရရှိလာသည့် အကျိုးအမြတ်များစွာအနက်မှ တစ်စိတ်တစ်ပိုင်းကို လာဘ်ငွေတံစိုးလက်ဆောင်ပေးရာတွင် ပြန်လည်သုံးစွဲနိုင်သည် ။
ဤပြဿနာကို ဖြေရှင်းရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ အစိုးရ လုပ်ငန်းများကို ခွဲခြားပစ်ရန် ၊ လက်ရှိအချိန်တွင် အစိုးရမှ ရယူထားသည့် လုပ်ပိုင်ခွင့် အာဏာများကို စီးပွါးရေးလုပ်ငန်းများကို အုပ်ချုပ်နေသူများသို. လွှဲပြောင်းပေးရန်နှင့် လုပ်ပိုင်ခွင့်အာဏာကို တစ်ဦးတည်းချုပ်ကိုင်ထားခြင်း သို.မဟုတ် တစ်ဦးတစ်ယောက်တည်း၌ လုပ်ပိုင်ခွင့်အာဏာများ အလွန်အကျွံ ရယူထားခြင်းကို ဖြေရှင်းရန်အတွက် ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာ ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်သည် ။ ဤသို.ပြုလုပ်ခြင်းသည် အာဏာနှင့်ငွေကြေး လဲလှယ်ဖလှယ်သည့် ပတ်ဝန်းကျင်အခြေအနေကို ကန်.သတ်ရာရောက်ပေသည် ။ ဤသို.သော ပြဿနာမျိုးကို နောက်ထပ်ပို၍ ပြုပြင်ပြောင်းလဲခြင်းဖြင့်သာ ဖြေရှင်းနိုင်သည် ။
အဖွဲ.အစည်းများ တည်ထောင်ခြင်းမှာ နောက်ထပ်အရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်သည် ။ “လူသုံးကုန့်ပစ္စည်း စီးပွါးရေးစနစ်”တွင် စည်းမျဉ်းစည်းကမ်းများ သက်ဝင်လှုပ်ရှားနေစေရန်နှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အခွန်ရုံး ၊ ရဲဋ္ဌွါန ၊ ဘဏ်လုပ်ငန်းများနှင့် တခြားအေဂျင်စီအမျိုးမျိုး အစရှိသည့် သင့်တင့်လျှောက်ပတ်သည့် အဖွဲ.အစည်းများ ရှိရန်လိုသည် ။ အကယ်၍ လုပ်ထုံးလုပ်နည်းများမှာ မြင်သာထင်သာရှိ၍ အကျိုးရလာဒ်များကို လူအများသိစေရန် ထုတ်ပြန်ပေးပါက အကျင့်ပျက်မှုများတွင် ပါဝင်ပက်သက်မှုများ လျော့နည်းသွားနိုင်ရာသည် ။
ဟေလုံကျန်းပြည်နယ်အတွင်း၌ စိုက်ပျိုးရေးဆိုင်ရာ ဘဏ်ချေးငွေများကို နှစ်စဉ် လူအများသို. ကြေညာသည့် ဒေသတစ်ခုရှိကြောင်း ကျွန်တော်ကြားဖူးသည် ။ မည်သူကချေးငွေရ၍ အကျိုးအမြတ်မည်မျှ ပြန်လည်ရရှိကြောင်းကို တရားဝင် ထုတ်ပြန်ကြေညာသည် ။ ဤသို.ဖြင့် အာဏာနှင့်လုပ်ပိုင်ခွင့်တို.ကို ပြန်လည်စိစစ်သည့်လုပ်ငန်း၌ ပြည်သူအများ ပါဝင်လာနိုင်သည် ။ မြင်သာထင်သာမှုနည်းလေ မသမာမှုပြုလုပ်ရန် ပို၍လွယ်ကူလေဖြစ်သည် ။ ဤအချက်ကြောင့်ပင် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရန်အတွက် အဖွဲ.အစည်းများ ဖွဲ.စည်းရခြင်းဖြစ်သည် ။ ဘေဂျင်းမြူနီစီပယ်အတွင်းရှိ ဒေါင်ချန်ခရိုင်သည် ဤအချက်တွင် နာမည်ကောင်းဖြင့် ကျော်ကြားသည် ။ ဤသို.လုပ်ခြင်းသည် လူထု၏ ထောက်ခံမှုကို လွယ်ကူစွာ ရရှိစေသည် ။
အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ရမည် ။ ထွန်းသစ်စ နိုင်ငံများ၌ ဖွံ.ဖြိုးရေး၏ အစောပိုင်းကာလများတွင် အကျင့်ပျက်မှုများ ကျယ်ကျယ်ပြန်.ပြန်. ပျံ.နှံ.သည့်ကာလများ ရှိခဲ့သည်။ စီးပွါးရေးက လျှင်မြန်သည့် အမြန်နှုန်းဖြင့် ကြီးထားလာချိန်တွင် နိုင်ငံရေး အာဏာမှာ တစ်နေရာတည်း၌ လွန်မင်းစွာ စုစည်းနေသည် ။ အစိုးရအရာရှိများ၏ အပြုအမူများကို ပြည်သူလူထုက မစီစစ်နိုင်ပေ ။ အကယ်၍ နိုင်ငံရေးပါတီတစ်ခုသည် ၎င်း၏အာဏာကို ပြန်လည်မစစ်ဆေးပါက အရာရှိများသည် လွယ်ကူစွာ အကျင့်ပျက်ခြစားနိုင်ကြသည် ။ နောက်ဆုံး၌ ဒီမိုကရက်တစ် နိုင်ငံရေးစနစ်ကို တည်ထောင်ခြင်း ၊ ပို၍အမျိုးအစားစုံလင် ကျယ်ပြန်.သော နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ဖော်ဆောင်ခြင်း ၊ နိုင်ငံရေး ဖြစ်စဉ်များတွင် ပြည်သူလူထု ပို၍့ပါဝင်ပက်သက်လာခြင်းနှင့် လုပ်ပိုင်ခွင့်နှင့်အာဏာတို.ကို ပြည်သူလူထု၏ အမြင်ဖြင့် ပြန်လည်စစ်ဆေးနိုင်ခြင်း စသည့်နည်းလမ်းများဖြင့် အခြေအနေများ ပို၍ကောင်းမွန်တိုးတက်လာစေသည် ။ အာဆီယံနိုင်ငံတချို.နှင့် တိုင်ဝမ်တို.သည် ဤနည်းဖြင့် ဖြတ်သန်းခဲ့ကြသည် ။ စီးပွါးရေး အခြေခံများ ပြောင်းလဲလာသည်နှင့်အမျှ နိုင်ငံရေးစနစ်ကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်လာသည် ။
နောက်ထပ်တခြားအရေးကြီးသည့် (အရေးအပါဆုံး မရှိမဖြစ်ဟု ဆိုရမည့်) အချက်တစ်ခုမှာ တရားရေးစနစ်နှင့် လွတ်လပ်၍ အမှီအခိုကင်းသည့် ဥပဒေစိုးမိုးရေးတို.ဖြစ်သည် ။ အကယ်၍ လွတ်လပ်သည့် တရားဥပဒေ စိုးမိုးမှုမရှိပဲ အာဏာရ နိုင်ငံရေးပါတီက ဝင်ရောက်စွက်ဖက်နိုင်စွမ်းရှိနေပါက အကျင့်ပျက်ခြစားမှုကို ဘယ်သောအခါမျှ ထိရောက်စွာ ဖြေရှင်းနိုင်မည်မဟုတ်ပေ ။
ဤအချက်အားလုံးကို ဗဟိုကော်မတီ အတွင်းရေးမှုးများ အစည်းအဝေး၌ ကျွန်တော်တင်ပြခဲ့သည် ။ သို.သော်လည်း ယနေ.အချိန်ထိတိုင်အောင် ဤပြဿနာကို ထိရောက်စွာ ဖြေရှင်းပုံမရှိပေ ။
ဇွန်လ ၄ ရက်နောက်ပိုင်း လီပင်းနှင့်အပေါင်းအပါများက ကျွန်တော့်အား ဝေဖန်နေကြချိန်က ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၌ အကျင့်ပျက်ခြစားမှုကို ရှောင်လွှဲ၍ မရနိုင်ကြောင်း ပြောကြားသည့်အတွက် အကျင့်ပျက်မှုနှင့်ပက်သက်၍ ကျွန်တော်သည် ဖြစ်ချင်ရာဖြစ်စေ လွှတ်ပေးထားသည့် သဘောထားရှိသည်ဟု ကျွန်တော့်အား စွပ်စွဲကြသည် ။ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် ကျွန်တော့်အား စွပ်စွဲရန်အတွက် သူတို.အတွက် ဘယ်သောအခါမျှ စကားလုံး ရှားပါးမည့်ပုံမရှိပေ ။
တကယ်တမ်း၌ ကျွန်တော့်စိတ်တွင် အကျင့်ပျက်ခြစားမှုကို များစွာ ကိုင်တွယ်ဖြေရှင်းလိုသည် ။ အကျင့်ပျက်မှု ဆန်.ကျင်တိုက်ဖျက်ရေးနှင့်ပက်သက်၍ ၁၉၈၈ ခုနှစ် မတ်လအတွင်းကျင်းပခဲ့သည့် ဗဟိုကော်မတီစုံညီအစည်းအဝေးနှင့် ဇွန်လအတွင်း ကျင်းပခဲ့သည့် ပေါ်လစ်ဗျူရို အစည်းအဝေး ၂ ရပ်လုံး၌ ကျွန်တော် တင်ပြဆွေးနွေးခဲ့သည် ။ အောက်ခြေအဆင့် အုပ်ချုပ်ရေးမှုးများ၏ အတွေ.အကြုံများကို ကြားနာသည့် ဆွေးနွေးပွဲများစွာကိုလည်း ကျွန်တော် ကျင်းပခဲ့သည် ။ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းနိုင်သည့် အဖြေတစ်ရပ် ရှာဖွေတွေ.ရှိနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အကျင့်ပျက်ခြစားမှု ဆန်.ကျင်တိုက်ဖျက်ရေးကို စိတ်အားတက်ကြွစွာ ကျွန်တော် လေ့လာခဲ့သည် ။ ကျွန်တော်သည် အပြစ်ကျူးလွန်ကြောင်း သက်သေခံထွက်ဆိုရန်အတွက် ကျွန်တော့်စကားလုံးတို.ကို လီပင်းနှင့် အပေါင်းအပါများက ထုတ်နှုတ်ကိုးကားကြခြင်းသည် လုံးဝမတရားပေ ။
ဤပြဿနာမှာ ယနေ.ထိတိုင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု ယူဆရသည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 12 Coping with Corruption ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)