Tuesday, November 3, 2009

ကောလိပ်ကျောင်းသားတို.မသိတာတွေ

၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ.ထုတ် Time မဂ္ဂဇင်းမှာပါတဲ့ David McNew နဲ. Getty တို.ရေးထားတဲ့ What College Students Don't Know ဆိုတဲ့ Essay လေးကို ဘာသာပြန်ထားတာပါ ။ နှစ်စဉ်နှစ်တိုင်း မောင်မယ်သစ်လွင် ကျောင်းသားလေးတွေ ကောလိပ်ကို ဝင်လာချိန်မှာ Beloit College ကထုတ်ဝေလေ့ရှိတဲ့ Mindset List အကြောင်းကနေ အစတည်ပြီး ၊ နောက်ဆုံးမှာ နောက်မျိုးဆက်တွေက ကျွန်တော်တို.ကို ဘယ်လိုအကဲဖြတ်လေမလဲ ဆိုတဲ့ထိ သယ်ဆောင်ရေးသားသွားပုံလေးကို ကြိုက်လည်းကြိုက်မိ ၊ အကဲဖြတ်ခံရမှာကို ကြောက်လည်း ကြောက်မိနဲ.ပဲ ဒီရသစာတမ်းလေးကို ဘာသာပြန်လိုက်မိပါတယ် ။ ကဲကြည့်ကြဦးစို.ရဲ. ။


ဆောင်းဦးပေါက်ရာသီရောက်တိုင်း ဘဲလွိုက်ကောလိပ်မှ ပါမောက္ခများသည် အတန်းသစ်သို.ဝင်လာမည့် ကျောင်းသူကျောင်းသားအသစ်တို.၏ ဘဝနှင့် တွေးခေါ်ပုံအပေါ် ဩဇာသက်ရောက်နိုင်ဖွယ်ရှိသည့် ဖြစ်ရပ်များနှင့် အတွေ.အကြုံများကို စာရင်းပြုစုထားသည့် စိတ်နေစိတ်ထားစာရင်းကို ထုတ်ဝေလေ့ရှိသည် ။ ထိုစာရင်းသည် အရိုးစွဲနေသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို စာရင်းပြုစုထားခြင်းဖြစ်ပြီး တောက်ပသောမျက်လုံးလေးများနှင့် ကျောင်းသားသစ်လေးများအတွက် မည်သို.မျှ အဓိပ္ပါယ်မရှိပါ ။ ၎င်းသည် ကျွန်တော်တို. မည်မျှထိခရီးပေါက်ခဲ့ပြီဖြစ်ကြောင်း ၊ အချိန်ကာလအားဖြင့် မည်မျှဖြတ်သန်းခဲ့ပြီဖြစ်ကြောင်း ညွှန်ပြနေသည့် စာရင်းတစ်ခုသာဖြစ်သည် ။ ယခုနှစ် အတန်းသစ်သို. ဝင်ရောက်လာမည့် ကျောင်းသားများမှာ ပုံမှန်အားဖြင့် တစ်ထောင့်ကိုးရာကိုးဆယ့်တစ် ခုနှစ်က မွေးဖွားခဲ့သူများ ဖြစ်သည် ။ ဤစာရင်းကို ပြုစုရာတွင် (စာရင်းပြုစုသူတို.ကလည်း ရှင်းပြထားသည်) သူတို.သည် စာအုပ်တစ်အုပ်ကို ရှာသကဲ့သို. ကတ်တလောက်အညွှန်းနှင့် စနစ်တကျ ရှာဖွေ ပြုစုခဲ့ခြင်းမျိုးမဟုတ်ပါ ။ မက္ကဆီကိုဆော့၏ ရောင်းအားသည် မလေးရှားဆော့၏ ရောင်းအားကို ဖြတ်ကျော်တက်သွားသည် ၊ ကောလိပ်များတွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေကို ကျော်လွန်နေသည် ။ ဂျယ်လိုတံဆိပ် ကျောက်ကျောပြာကမူ အမြဲရှိနေသည် မဟုတ်လော ။
ကျွန်တော်တို.သည် တစ်ထောင့်ကိုးရာကိုးဆယ့်တစ် ခုနှစ်အတွင်းက အီရတ်တွင် စစ်ပွဲတစ်ပွဲ တိုက်ခဲ့ကြသည် ၊ ယခုလည်း တိုက်နေဆဲပင် ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ရန် ကြိုးစားခဲ့ကြသည် ၊ ယခုချိန်ထိလည်း ပြုပြင်ပြောင်းလဲရေး လုပ်နေရဆဲပင် ။ သို.သော် မပြောင်းလဲသည့် အရာတစ်ချို.ကို ကြည့်၍ စိတ်ဓာတ်ကျမသွားပါနှင့် အခြားပြောင်းလဲသွားသည့် နယ်ပယ်များ၌ မည်မျှထိ ပြောင်းလဲသွားခဲ့သည်ကို စဉ်းစားကြည့်ပါဦး ။ ကမ္ဘာကြီးသည် တစ်ထောင့်ကိုးရာကိုးဆယ့်တစ် ခုနှစ်၌ လူမည်းမော်တော်ဆိုင်ကယ်သမား ရော့ဒနီကင်းကို လော့စ်အိန်ဂျလိစ် ရဲအဖွဲ.က ဝိုင်း၍ရိုက်သည်ကို ကြည့်ခဲ့ကြရသည် ၊ ထိုရဲများကို တရားသေလွှတ်ပေးခဲ့သည်။ လူမျိုးခြားနှင့် လက်ထပ်ခြင်းကို လူဖြူအများစုက သဘောမတူနိုင်ကြသေးပါ ။ ထိုခေတ်ကာလက ကျွန်တော်တို.ပြည်သူများသည် လူဖြူ-လူမည်းကပြား သမ္မတနှင့် လူမည်းသမ္မတကတော်တို.ကို မဲပေးဖွယ်ရှိပါသလောဟု သင့်ဘာသာ ပြန်မေးခွန်းထုတ်ကြည့်ပါ ။
ထိုနှစ်အတွင်း၌ တောင်အာဖရိကနိုင်ငံတွင် အသားအရောင် ခွဲခြားမှုစနစ် အဆုံးသတ်သွားခဲ့သည် ၊ ဆိုဗီယက်ယူနီယံ ပြိုကျသွားခဲ့ပြီး ဒေါင်ဂျုန်းအညွှန်းကိန်းမှာ သုံးထောင်ခန်.ထိထိုးဆင်း ပြုတ်ကျသွားခဲ့သည်။ နောက်တစ်နှစ်အကြာ၌ လက်ကိုင်ဖုန်းမှတစ်ဆင့် ပို.နိုင်သည့် စာတိုတစ်စောင်ကို ပထမဆုံးအကြိမ် ပို.နိုင်ခဲ့သည် ၊ ယနေ.ချိန်ခါတွင်မူ ကမ္ဘာ.လူဦးရေထက်ပိုသော စာတိုများကို နေ.စဉ်နှင့်အမျှ ပို.နေကြလေပြီ ။ ကျွန်တော်တို.သည် ကလေးတစ်ယောက် လမ်းလျှောက်တတ်စ အရွယ်မှ ဆယ်ကျော်သက်အရွယ် ရောက်သွားသည့် အချိန်ကာလအတွင်း၌ လူသား၏ မျိုးရိုးဗီဇဂျင်းကို အဓိပ္ပါယ် ဖော်ထုတ်နိုင်ခဲ့သည် ၊ လူတိုင်း၌ အိုင်ပေါ့ ဂျီပီအက်စ် နှင့် ဒီဗွီအာ စက်တို. ပိုင်ဆိုင်နေကြလေပြီ ။ နှစ်ထောင့်တစ်ဆယ် ခုနှစ်အတွင်း၌ ခေတ်အစားဆုံးဖြစ်မည့် ထိပ်တန်းအလုပ်အကိုင် ဆယ်မျိုးမှာ လွန်ခဲ့သည့် ခြောက်နှစ်အကြာက မရှိသေးသည့် အလုပ်မျိုးဖြစ်သည် ။ ဆိုလိုသည်မှာ ကျွန်တော်တို.သည် ကလေးများကို မရှိသေးသည့် အလုပ်အကိုင် အမျိုးအစားများအတွက် မတီထွင်ရသေးသည့် နည်းပညာများကို အသုံးပြု၍ လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သည် ။
ကျွန်တော်တို.သည် ကျွန်တော်တို. မျှော်လင့်ခန်.မှန်းထားသည်ထက်ပိုသော အပြောင်းအလဲများကို (အတော်အသင့် ဣနြေ္ဒရှိစွာ) ဖြေရှင်းနိုင်ခဲ့ကြသည် ။ ဤအချက်က ဘာကိုပြနေသနည်းဆိုသော် အတိတ်ကာလက အနာဂတ်နှင့် ပက်သက်သည့် ကျွန်တော်တို.၏ မြော်မြင်မှန်းဆမှုများမှာ အမြော်အမြင် ရှိသင့်သလောက်ရှိခဲ့ပုံမရဟု ညွှန်းဆိုနေခြင်းဖြစ်သည် ။ ဖြစ်တော့ဖြစ်တတ်ပါသည် ၊ လက်တွေ.အဖြစ်အပျက်များက ကြိုတင်ဟောကိန်းထုတ်ထားသည်များကို ပျက်ရယ်ပြုလှောင်ပြောင်၍ အရှက်ရစေတတ်သည် ။ “စဉ်းစားချင့်ချိန်တတ်၍ တာဝန်သိသော မည်သည့်မိန်းမမျှ မဲပေးလိမ့်မည်မဟုတ်ပါ” ဟု ဂရိုဗာ ကလိဗ်လင်းက တစ်ထောင့်ကိုးရာငါးခုနှစ်က ပြောခဲ့ဖူးသည် ။ တစ်ထောင့်ကိုးရာငါးဆယ်ခုနှစ် ထောင်စုနှစ်လယ်အထိမ်းအမှတ် ပြည်ထောင်စုအခြေပြမိန်.ခွန်း၌ “ခုချိန်ကစပြီးတွက်လို. နောက်နှစ်ငါးဆယ်ဆိုရင် ကျွန်တော်တို.ရဲ. အမျိုးသားထုတ်ကုန်တန်ဖိုးဟာ ခုလက်ရှိထက် လေးဆတိုးလာမည်”ဟု ဟယ်ရီထရူးမင်းက ပြောခဲ့သည် ။ တကယ်တမ်း၌ သုံးဆယ့်သုံးဆ မျှတိုးတက်ခဲ့သည် ။ “အမျိုးသမီးတစ်ယောက် ဝန်ကြီးချုပ်ဖြစ်လာဖို.ဆိုတာ ကျွန်မဘဝရဲ. သက်တမ်းတစ်လျှောက်တင်မကပါဘူး နှစ်ကာလပေါင်း အတော်ကြာအုံးမှာပါ” ဟု တစ်ထောင့်ကိုးရာခြောက်ဆယ့်ကိုး ခုနှစ်၌ မာဂရက်သက်ချာက ပြောခဲ့ဖူးသည် ။
ခေါင်းဆောင်တို.သည် အနာဂတ်ကို ပစ္စုပ္ပန်အတွက် ကာကွယ်ဆေးအဖြစ် အားကိုးအားထားပြုတတ်ကြသည် ။ ဆိုဗီယက်တွေ အာကာသထဲကို လူလွှတ်တင်ပြီတဲ့လား ။ “လကမ္ဘာကို လူလွှတ်သင့်ပြီလို. ကျွန်တော်ယုံကြည်တယ်” ဟု သမ္မတကနေဒီက ကြေညာလိုက်သည် ။ သူ.ပတ်ဝန်းကျင်ကမ္ဘာတစ်ခုလုံး ဒုက္ခရောက်နေချိန်၌ သိက္ခာတော်ရ ဆရာတော် မာတင်လူသာကင်း ဂျူနီယာက “ကျွန်တော့်မှာ မျှော်လင့်ချက် အိပ်မက်တွေရှိတယ်” ဟု ကြေညာခဲ့သည် ။ ကတိစကားတို.ကို အကောင်အထည် ဖော်ကောင်းဖော်ပါလိမ့်မည် ၊ ရည်မှန်းထားသည်ထက်ပို၍ ဖြည့်ဆည်းနိုင်ကောင်း ဖြည့်ဆည်းနိုင်ပါလိမ့်မည် ၊ သို.တည်းမဟုတ် ကျွန်တော်တို.ကို ဒရွတ်တိုက်ဆွဲခေါ်၍ ဆုတ်ယုတ်သွားသည်လည်း ဖြစ်နိုင်ပါသေးသည် ။ “အနာဂတ်နဲ.ပက်သက်တဲ့ အကောင်းဆုံးအချက်က ၎င်းဟာ တစ်ကြိမ်မှာ တစ်ရက်ပဲ ဆိုက်ရောက်လာတဲ့အချက်ဖြစ်တယ်” ဟု အေဗရာဟမ်လင်ကွန်းက ဆိုခဲ့ဖူးသည် ။ ထိုအချက်မှာ အနာဂတ်ကို ဖန်တီးနေသူများအဖို. မှန်ကောင်းမှန်လိမ့်မည် ဖြစ်သော်လည်း ကျွန်တော်တို.အတွက်မူ မှန်နိုင်လိမ့်မည်မဟုတ်ပါ ။ ခဏမျှပြန်လည်၍ ငဲ့စောင်းကြည့်ပါက အတိတ်ကာလ၏ အနာဂတ်ကို ကျွန်တော်တို. ကြည့်မြင်နိုင်ကြပါသည် ၊ ဇာတ်လမ်းဇာတ်ကွက်တို. မည်သို.မည်ပုံ ပြောင်းလဲသွားသည်ကို မြင်နိုင်ကြသည် ။ အခက်အခဲတို.ကို ကျွန်တော်တို. ကြံ့ကြံ့ခံနိုင်ခဲ့ကြပါ၏လော ။ အောင်မြင်မှုရခဲ့ပါ၏လော ။ အခက်အခဲ ပြဿနာတို.ကို ကျွန်တော်တို. မမြင်ယောင်ပြု လစ်လျူရှုခဲ့ကြပါသလော ။
အတိတ်၏ အင်အားသည် အတွေ.အကြုံမှ ပေါ်ထွက်လာသည် ၊ ဒီတစ်ကြိမ်မှာတော့ အခြေအနေတွေဟာ အရင်ကနဲ.တူကောင်းမှတူမှာပါဟု ငြင်းပယ်ရဲစေသည် ။ အနာဂတ်၏ အင်အားသည် စမ်းသပ်ချက်များမှလည်းကောင်း ၊ အကြောက်တရားနှင့် မြော်လင့်ခြင်းတို.အကြား၌ အဆုံးမဲ့ အငြိုးတကြီး အာဃာတတရားဖြင့် ယှဉ်ပြိုင်ရာမှလည်းကောင်း ထွက်ပေါ်လာခြင်းဖြစ်သည် ။ ယခုလောလောဆယ်တွင် ကျွန်တော်တို.သည် အပြောင်းအလဲနှင့် ပက်သက်၍ တစ်ဒါဇင်မျှသော ဆွေးနွေးမှုများကို ပြုလုပ်နေကြသည်၊ ကျွန်တော်တို.၏ အဖွဲ.အစည်းများ ၊ ကျွန်တော်တို.၏ ယဉ်ကျေးမှု ၊ ကမ္ဘာမြေအပေါ် ပြုမူနေသည့် ကျွန်တော်တို.၏ အပြုအမူများ ၊ ကျွန်တော်တို.လူသားအချင်းချင်းကြားရှိ အပြုအမူများနှင့် ပက်သက်၍ ဆွေးနွေးငြင်းခုန်နေကြသည် ။
မျက်လုံးကိုစေ့စေ့ပိတ် ၊ တုပ်တုပ်မျှမလှုပ်ပဲ သူ.အလိုလို ဖြတ်သန်းပြီးဆုံးသွားချိန်ကို စောင့်ဆိုင်းနေရန် သို.မဟုတ် စည်သွတ်အစားအစာတို.ကို သိုလှောင်သိမ်းဆည်း၍ အဆိုးဆုံးကို မြော်လင့် လက်ခံလိုက်ရန် သွေးဆောင်ဖြားယောင်းနေသည် ။ ဤနွေရာသီသည် အငြင်းအခုန်တို.ဖြင့် ပြည့်နေသည့် အလွန်အရုပ်ဆိုးသည့် နွေရာသီဖြစ်သည် ၊ တစ်ခုခုကို ရင်ဆိုင်ရဲသည့် သို.မဟုတ် ထိုတစ်ခုခုကို ဖြေရှင်းရဲသည့် စိတ်အင်အားတွေ ကျွန်တော်တို.တွင် ပျောက်ဆုံးသွားပြီဟု ကောက်ချက်ချသည့်အတွက် သင့်ကို အပြစ်တင်လိမ့်မည်မဟုတ်ပါ ၊ ခွင့်လွှတ်ကြပါလိမ့်မည် ။ ကျွန်တော်တို. သိပြီးသားဖြစ်သည့် ၊ ကျွန်တော်တို.နှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့် မကောင်းဆိုးရွားနှင့်အတူ ကခုန်နေကြရုံသာ ရှိတော့သည် ၊ ကျေးဇူးတင်ပါသည် ။ သို.သော် ဝါရှင်တန်ကို ကြည့်လိုက်ပါ ၊ ဝေါလမ်းမကို ကြည့်လိုက်ပါ ၊ ငြင်းခုန်နေတာတွေကိုရပ် ၊ အပြင်ထွက် လမ်းလေးလျှောက်ကြည့်လိုက်ပါ ၊ ကျက်သရေရှိမှု အဖြာဖြာ ၊ တီထွင်ထိုးထွင်းဥာဏ်ရှိမှု အစုစုကို သင်တွေ.ရပါလိမ့်မည် ။ အပြောင်းအလဲကို စကိတ်ဘုတ်ပမာ စီးနေကြသည့် လူတွေကို တွေ.ရလိမ့်မည် - လျှောလမ်းတစ်လျှောက် အရှိန်မြင့်သွားသည် ၊ လှည့်သည် ၊ ခုန်ပျံထွက်သွားသည် ၊ လေ၏အလျှင်ကဲ့သို. လျှင်မြန်ဖျတ်လတ်၍ သေသေသပ်သပ် ရပ်တန်.လိုက်သည် ။ ကျွန်တော်တို.ကို တစ်နည်းနည်းနဲ. အသေသတ်မပစ်သေးပါလားဟု တွေးမိပါလိမ့်မည် ။
သက္ကရာဇ် နှစ်ထောင့်နှစ်ဆယ့်ခုနှစ် ခုနှစ် မောင်မယ်သစ်လွင်တန်းမှ ကျောင်းသားသစ်လေးများ ကျွန်တော်တို.၏ အနာဂတ်ကို ပြန်၍ကြည့်မိပါက မည်သည့်အရာကများ သူတို.ကို အံ့ဩမဆုံး ဖြစ်စေမည်နည်း ။ တစ်ခါတုန်းက ဂေးအချင်းချင်း လက်ထပ်ခွင့် မပြုသည်ကိုလား သို.မဟုတ် ဂေးတွေလက်ထပ်ကြသည်ကို အံ့ဩနေကြမည်လား ။ ကမ္ဘာကြီး ပူနွေးလာသည်ကို ထိုင်စောင့်ကြည့်နေသည်ကိုလား သို.မဟုတ် ကမ္ဘာကြီးကို ကယ်တင်ခဲ့သည်ကို အံ့ဩနေကြမည်လား ။ ဆင်းရဲသားတွေကို အကာအကွယ်ပေးခဲ့သည်ကိုလား သို.မဟုတ် သူတို.ကို အားပေးမြှင့်တင်ခဲ့သည်ကိုလား သို.တည်းမဟုတ် လစ်လျူရှု ဥပေက္ခာပြုခဲ့သည်ကိုပဲ အံ့ဩနေကြမည်လား ။ ကျွန်တော်တို.သည် ကျွန်တော်တို.တတ်နိုင်သည့် အတိုင်းအတာအတွင်းတွင်ပဲ နေထိုင်ခဲ့ကြသည်ကိုလား သို.မဟုတ် တတ်နိုင်သည့် အတိုင်းအတာထက်ကျော်လွန်၍ နေထိုင်ခဲ့ကြသည်ကိုပဲ အံ့ဩနေကြလေမည်လား ။ ကျွန်တော်တို.သည် တစ်ကြိမ်လျှင် တစ်ရက်မျှ ရွေးချယ်နိုင်ကြပါသည် ၊ သို.သော် ကျွန်တော်တို.၏ ကလေးငယ်များသည် ကျွန်တော်တို. ထုတ်လုပ်ပြုလုပ်ခဲ့သည့် အရာများနှင့် ကျွန်တော်တို. မလုပ်ပဲချန်ထားခဲ့သည်များကို အခြေခံ၍ ကျွန်တော်တို.မျိုးဆက်ကို ဆုံးဖြတ်ကြပါလိမ့်မည် ။

(September 21, 2009 ခုနှစ်ထုတ် Time မဂ္ဂဇင်းမှ David McNew/Getty တို.၏ What College Students Don't Know ကိုသင့်လျော်အောင် ဘာသာပြန်ဆိုထားပါသည် ။)

Sunday, October 18, 2009

Phrasal Verbs and Idioms မှတ်စုများ ၂

အပျင်းနည်းနည်းထူနေတာကြောင့် Essay အသစ်ဘာသာမပြန်ဖြစ်သေးပါ ။ အရင်ပြန်ခဲ့တဲ့ 1. The Avenging Amateur 2. Raising a Child Costs Some $221,000 Before College ထဲက Phrasal Verbs တွေနဲ. Idioms တွေကိုဘဲ Post တစ်ခုအနေနဲ. တင်လိုက်ပါတယ် ။

1. come about (that) ~ (phrv)to happen ဖြစ်သည် ။

Can you tell me how the accident came about?
How did it come about that he knew where we were?
ဒီ phrasal verb ကို ဒီလိုရှင်းပြထားပါတယ် ။
When you say how something comes about, you explain how it happens.
The discovery of adrenalin came about through a mistake.
How did the invitation come about?
The financial crisis came about because we got complacent, depending on all-knowing financial experts – mortgage lenders, Wall Street sharpers, the Federal Reserve- to run our system expertly.

2. along/down the line ~ (idm) (informal) at some point during an activity or a process (လုပ်ရင်းကိုင်ရင်း ။ တစ်လျှောက်လုံး။)
Somewhere along the line a large amount of money went missing.
We obviously went wrong somewhere along the line.
He’s created problems all (ie at every stage) along the line.
We’ll make a decision on that further down the line.

3. turn out to be sb/sth; turn out that…~ (phrv) မြန်မာလိုအဓိပ္ပါယ်က “လက်စသတ်တော့..ဖြစ်သည်။” Collins Cobuild Dictionary of Phrasal Verbs အဘိဓာန်ထဲမှာတော့ ဒီလို ရှင်းပြထားပါတယ်။
If something or someone turns out to be a particular thing, they are discovered to be that thing. နမူနာ ဝါကျတွေအနေနဲ.

She turned out to be a friend of my sister.
It turned out that she was a friend of my sister.
The job turned out to be harder than we thought.
The Marvins’ house turned out to be an old converted barn.
Mrs Moffat had turned out to be the perfect landlady.
It turned out that the message sent to him had been intercepted.
Until finally the last expert down the line turned out to be just another greater fool, and the system crashed.

4. as it/things turned out ~ (idm) as was shown or proved by later events (ဖြစ်ချင်တော့)
I didn’t need my umbrella, as it turned out (= because it didn’t rain).

5. cobble sth together ~ (phrv) to produce sth quickly and without great care or effort, so that it can be used but is not perfect (ရရာနှင့် စပ်ဟပ်ပြုလုပ်သည် ။ လွယ်လွယ်နှင့် ဖြစ်ကတတ်ဆန်း လုပ်သည်။) အဘိဓာန်ထဲမှာ ဒီလိုရှင်းပြထားပါတယ်။
If you cobble something together, you make or produce it roughly or quickly, by using things that are available to you.

The essay was cobbled together from some old notes.
Its author has cobbled together a guide to the islands.
He hastily cobbled together an essay from some old lecture notes.
But we can no longer abdicate judgment to them or to the system they’ve cobbled together.


6. factor sth in/ factor sth into sth ~ (phr v) (technical) to include a particular fact or situation when you are thinking about or planning sth :
Remember to factor in staffing costs when you are planning the project.
It fails to factor in marginal expenditures on window-repairing, rug-cleaning, photo-processing, cell phones, sedatives.

Saturday, October 10, 2009

ဧဝံမေသုတံ (Idioms & Phrasal Verbs မှတ်စုများ1)

ဒီနေ.တော့ ကျွန်တော် ဘာသာပြန်ခဲ့တဲ့ 1. Emptying Pandora’s Box, 2. Real Patriots Don’t Spend နှင့်
3. Barack Obama and the Voice of God ထိ Essay ၃ ပုဒ်ထဲကနေ ကျွန်တော်ထုတ်နုတ်ထားတဲ့ Idioms နှင့် Phrasal Verbs တွေကို ပဲ တစ်ချို.ရှင်းလင်းချက်လေးတွေနှင့်အတူ Post တစ်ခု အဖြစ်တင်လိုက်ပါတယ် ။ Oxford Advanced Learner's Dictionary, Collins Cobuild Dictionary of Phrasal Verbs နဲ. မြန်မာစာအဖွဲ.ကထုတ်တဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် တို.ကို ကိုးကားပါတယ်။

1. wish sth away ~ (phr v) to try to get rid of sth by wishing it did not exist (မေ့ပျောက် ပစ်ချင်သည် ။):
ဒီ phrasal verb ကို ဒီလိုရှင်းပြထားပါတယ် ။ If you wish something away, you hope to get rid of it although you do not do anything practical to remove it.

It seems unlikely that the statistical errors can be wished away.

Wishing them away won’t get rid of your problems.

These problems can’t be wished away, you know.

You can’t wish away debt with a magic wand.

2. I wish ~ (idm) (infml) used to say that sth is impossible or very unlikely, although you wish it were possible :

He’s dead and it’s no use wishing him alive again.

I wish you hadn’t told me all this.


3. take a heavy toll (on sb/sth) / take its toll (on sb/sth) ~ (idm) to have a bad effect on sb/sth; to cause a lot of damage, deaths, suffering, etc.(ထိခိုက်သေဆုံးမှု ဖြစ်ပေါ်စေသည် ။):

Illness had taken a heavy toll on her.

The recession is taking its toll on the housing markets.

The civil war has taken its toll on both sides.

4. reach out to sb ~ (phr v) to show sb that you are interested in them and/or want to help them: ဒီလိုရှင်းပြထားတယ် ။If you reach out to people, you give them help, advice, or comfort, or ask them for it.

His phenomenal capacity to reach out to people……

They may reach out to another person for reassurance.

The church needs to find new ways of reaching out to young people.

I’ve had countless uplifting e-mails in recent days that, in different ways, have been about a moral reorientation, a reaching out, the rediscovery of the ways in which we can be our brother’s and our sister’s keepers.

5(a). beyond the pale ~ (idm) considered by most people to be unacceptable or unreasonable: လက်မခံနိုင်ဖွယ် ။

His remarks were clearly beyond the pale.

5(b). pale beside/next to sth/pale in/by comparison (with/to sth)/pale into insignificance ~ (idm) to seem less important when compared with sth else:

Last year’s riots pale in comparison with this latest outburst of violence.

Diana Strelow, 73, of Portsmouth, Virginia, put it this way: “My vote for Obama was and is about my hope that an intelligent, self-respecting president will lead to a renewal of civility on the part of all of us – perhaps a renewal even of the love that Americans once had for each other.”
Significant as economic anxieties were, she said, they paled beside deeper yearning.

5(c). pale beside/ in comparison with sth ~ (phrv) သေးနုပ်သွားသည် ။ သေးသိမ်သွားသည် ။ မှေးမှိန်သွားသည်။

Investment in British Rail pales in comparison with the amount invested in continental railways.

Their other problems paled into insignificance beside this latest catastrophe.

6. tide sb over (sth) ~ (phr v) to help sb during a difficult period by providing what they need : လောလောဆယ် အကျပ်အတည်း ကျော်လွှားရန် ။ If you give someone money or help in order to tide them over, you do it so that they can get through a period of time when they are having problems.

I only want to borrow enough to tide me over till Monday.

if you need a few dollars to tide you over……

the huge grain surpluses that helped tide the world over the 1972-74 shortages.

Can you lend me some money to tide me over until I get paid?

Only when migrating tribes learned to settle down and farm did they need to save and plan, storing seeds and surpluses to tide them over from season to season.

7. pick out ~ (phrv) 1. choose specially; 2. see among others, esp, with difficulty: ရှင်းလင်းချက် ၂ ခုရှိပါတယ် ။ 7(a). If you pick out someone or something when they are difficult to see or recognize, you manage to see or recognize them

See if you can pick me out in this photo.

A White House report in 1931 urged parents to let children pick out their own clothes and furniture, thereby creating in the child “a sense of personal as well as family pride in ownership, and eventually teaching him that his personality can be expressed through things.

Irene Burns picked out Meehan as one of the two men who gave her a lift.
ဒီ Sentence တွေမှာ pick out ရဲ. အဓိပ္ပါယ်က အများထဲမှာ ရောထွေးနေတဲ့ အထဲကနေ ခက်ခက်ခဲခဲ ရှာဖွေတွေ.မှု ၊ မှတ်မိမှု ဆိုတဲ့ သဘောရှိပါတယ် ။

7(b) If you pick out one person or thing from a group, you choose them.

He picks out a flat spot without any rocks on it.

She was picked out from dozens of applicants for the job.
He picked out the ripest peach for me.
ဒီ Sentence တွေမှာတော့ pick out = အများစုထဲက တစ်ခုကို ရွေးချယ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ပါ ။

8. live up ~ (phrv) If you live it up, you have a very enjoyable and exciting time, usually spending a lot of money and dong all the things that you want to do

Next week we report to camp. We are going to live it up meanwhile.

We spent a week living it up in the luxury of the Intercontinental Hotel.

We had little chance of living it up on our meager expense accounts.

Somewhere along the way, THRIFT did not just stop being a value; it became a folly. Saving was for suckers; you’d miss the ride, die leaving money on the table when you could have lived it up.

9. resort to sth ~ (phr v) to make use of sth bad, as a means of achieving sth, often because there is no other possible solution ဒီလိုရှင်းပြထားပါတယ် ။ If you resort to a course of action that you do not really think is right or acceptable, you adopt it because you cannot see any other way of achieving what you want

Eventually the police resorted to CS gas to quell the rioters.

Some factions have resorted to terrorism.

If you're a casting director looking for a voice whose very timbre communicates authority, dignity, power, you might even go to Queen Latifah before you resort to Jeremy Irons.


10. above all ~ (idm) most important of all; especially :

Above all, keep in touch.

Above all, black American ministers have replaced British politicians, at least in perception, as the world's most eloquent public users of the English language.

11. knock sb off their pedestal/perch ~ (idm) to make sb lose their position as sb/sth successful or admired ဖြုတ်ချသည် ။

Our homegrown Martin Luther King Jr. has knocked Winston Churchill off his perch as the ideal.

knock the market leaders off their pedestal

Saturday, October 3, 2009

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရန် နောက်ဆက်တွဲ

အရင် အပတ်ကတင်ခဲ့တဲ့ ဘာသာပြန် Essay ရဲ.မူရင်းပါ ။ တကယ်လို.စိတ်ဝင်စားမိလို.များ ကျွန်တော်ဘာသာပြန်ထားတာနဲ. မူရင်းနဲ.ကိုများ ယှဉ်ပြီးတိုက်ကြည့်ခဲ့သူများ ရှိများရှိခဲ့ရင် ကျွန်တော်ဘာသာပြန်တာ ဘယ်လောက်ထိရှော်နေလဲဆိုတာကို တွေ.နိုင်ကြပါလိမ့်မယ် ။
Raising a Child Costs Some $221,000, Before College
By NANCY GIBBS
Time (Monday, Aug. 24, 2009)


This is the time of year — second only to December, maybe — when we're reminded how much kids cost. It's nice when states suspend their sales tax for a week of back-to-school shopping, but it doesn't change the fact that somehow we have to start over in September: new sneakers, new notebooks, maybe a new lunch box, because SpongeBob is so last season. Even in hard times, economists have found, children are "recession resistant." As investments, they are living proof of irrational exuberance, a leading indicator of our loss of fiscal discipline.
BabyCenter.com offers a calculator to help determine the cost of raising a child; I wonder how great a deterrent this represents. It uses figures from an annual report from the U.S. Department of Agriculture, which I suppose would be the expert in growing corn — or kids. This year's report says a typical family will spend about $221,000 raising a child through age 17; that's 21% more than families spent the year I was born. Food and clothing are cheaper now, but housing and health care cost more. Turns out parents get a bulk discount: people with only one child spend 25% more per child than families with two, and by the time you have three or more, you are spending 22% less on each one.
The government can't begin to measure the hidden costs, of course, of sleep or sanity or solitude. It fails to factor in marginal expenditures on window-repairing, rug-cleaning, photo-processing, cell phones, sedatives. I'm thinking the bureaucrats have not been to a mall lately, since their tables allow about $60 a month for kids' shoes and clothes. It is true that globalization has driven apparel prices down over the years, but if you have daughters, you confront the annual phenomenon whereby the clothes shrink as the prices rise, leaving you wildly grateful for a school dress code requiring that shoulders and navels be covered.
And then, of course, there is the time spent, whose dollar figure is incalculable, though one study says it's worth more than the cash laid out. Parenthood means never really being alone, until the day the kids leave home and you're left with no idea what to do with all the time and energy you used to spend chasing after them. Maybe I'll finally learn to knit. Or cook something with more than three ingredients. Or slide the years of accumulated photographs into fresh, matching albums, the images incubating as memory to hatch as history.
The economist behind this year's report is used to hearing people marvel at how much kids cost. "I tell them children also have many benefits," he says, "so you have to keep that in mind." There are, for instance, all the things parents probably don't do as often when the kids are grown. Will we still make bonfires on the beach, collect driftwood and fairy glass, make s'mores even though no one really likes them, since marshmallows surpass superglue for stickiness? Will we still carve jack-o'-lanterns, color Easter eggs — or will holidays feel like formalities? I wonder if I'll miss Cheez Doodles and Jelly Bellies. I'm pretty sure I won't be buying them anymore.
Children cost a lot up front, but with the right management strategies, you can get a decent return on investment. Helping with homework lets you learn all the math now that you never learned then. Kids give you an excuse to work on your fastball. They're excellent bed warmers, and small fingers can untie hopeless knots. They remind you to be brave and trusting, and that few things worth accomplishing are ever achieved without making a mess first. They often say better prayers than you could ever think to. They smell really good, at least when they're clean.
And yes, they are reminders of our mortality — in fact, I know I'm going gray a lot faster than I would have had I been childless, especially now that I have a teenager. But it's a cosmic gift that, in letting us grow up with them, they keep us young, so that sometime maybe we pass each other, the student becoming the teacher, the parent the child, and we will sit back and marvel at who they've become, knowing they are now smarter and stronger than we are. We'll savor their company and feel safe in their hands. Care to put a price on that?

Notes :
exuberant ~ (adj)
1. full of energy, excitement and happiness : She gave an exuberant performance.; an exuberant personality/ imagination; a picture painted in reds and yellows
2. (of plants, etc.,) strong and healthy; growing quickly and well

be living proof of sth/that ~ (idm) to show by your actions or qualities that a particular fact is true: He is living proof that not all engineers are boring. These figures are living proof of their incompetence.

factor sth in/ factor sth into sth ~ (phr v) (technical) to include a particular fact or situation when you are thinking about or planning sth : Remember to factor in staffing costs when you are planning the project.

whereby ~ (adv) (formal) by which; because of which : They have introduced a new system whereby all employees must undergo regular training. a new system whereby all staff have to carry identification cards.

marvel at sth ~ (v) to be very surprised or impressed by sth: Everyone marveled at his courage.

jack-o’-lantern ~ (n) a pumpkin(a large orange vegetable) with a face cut into it and a candle put inside to shine through the holes

Easter eggs are specially decorated eggs given to celebrate the Easter holiday or springtime

up front ~ (adv) as an initial investment, beginning capital, or an advance payment: They’ll need a half-million dollars up-front before opening the business.

fastball ~ (n) (in baseball) a ball that is thrown at the pitcher’s fastest speed

have~ Had I known that (ie If I had known that) I would never have come.

Saturday, September 19, 2009

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရန် ဒေါ်လာ နှစ်သိန်းနှစ်သောင်း တစ်ထောင်မျှ ကုန်ကျသည်



၂၀၀၉ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ.ထုတ် Time မဂ္ဂဇင်းမှာ ပါတဲ့ Nancy Gibbs ရဲ. Raising a Child Costs Some $221,000 Before College ဆိုတဲ့ Essay လေးကို ဘာသာပြန်ထားတာပါ ။ ကလေးတစ်ယောက်ရဲ. တန်ဖိုးကို သိလာစေနိုင်တဲ့ ၊ မိခင်တစ်ယောက်ရဲ. ရှုထောင့်ကနေ ရေးထားတဲ့ ချစ်စရာကောင်းတဲ့ Essay လေးပါ ။ မူရင်း စာရေးဆရာရဲ. Essay ကတော့ ကောင်းမှကောင်း ဆိုတဲ့ထဲကပါပဲ။ ဘာသာပြန်ကို ဖတ်ကြည်ပြီး စိတ်တိုင်းမကျခဲ့ကြရင် ကျွန်တော့်မှာပဲ တာဝန်ရှိပါလိမ့်မယ်။ ဒီဘာသာပြန် Essay လေးနဲ. မိခင်ရဲ. ဂုဏ်ကျေးဇူးကို ပူဇော်ကန်တော့ မိပါတယ် ။




နှစ်တစ်နှစ်၏ ယခုလိုအချိန်သည် (ဒီဇင်ဘာရောက်ရန် ၂လတာမျှသာလိုတော့သည်) ကလေးများ၏ ကုန်ကျစရိတ် မည်မျှရှိကြောင်း သတိပေးသည့် အချိန်ဖြစ်ပါသည် ။ ပြည်နယ်အစိုးရတို.က ကျောင်းပြန်ဖွင့်ချိန် ဈေးဝယ်ကာလ တစ်ပတ်အတွက် အရောင်းခွန်များကို ဆိုင်းငံ့ထားခြင်းမှာ အဆင်ပြေသော်လည်း စက်တင်ဘာလဆိုလျှင် ရှုးဖိနပ်အသစ် ၊ မှတ်စုစာအုပ်အသစ် ၊ ဖြစ်နိုင်လျှင် ထမင်းဘူးအသစ် စသည်ဖြင့် ပြန်လည်၍ ဝယ်ရတော့မည် ဆိုသည့်အချက်များကိုတော့ဖြင့် ပြောင်းလဲမသွားစေနိုင်ပါ ။ ကလေးများသည် ခက်ခဲကျပ်တည်းလှသည့် အချိန်များမှာပင် “စီးပွါးရေးကျဆင်းမှုကို ခံနိုင်စွမ်းရှိကြောင်း” စီးပွါးရေးပညာရှင်တို. တွေ.ရှိလာကြပါသည် ။ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဆိုပါက သူတို.သည် ယုတ္တိမတန်သော စိတ်လှုပ်ရှားမှုများ၏ ခိုင်လုံသော သက်သေအထောက်အထားတစ်ခု ၊ ငွေကြေးနှင့် ပက်သက်သည့် စည်းကမ်းများကို ချိုးဖျက်မိစေသည့် ပြယုတ်တစ်ခု ဖြစ်သည် ။
ဘေဘီစင်တာဒေါ့ကွမ်းတွင် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်သည့် စားရိတ်မည်မျှကုန်ကျသည်ကို ခန်.မှန်းတွက်ချက်သည့် ဂဏန်းတွက်စက်တစ်ခု ထည့်သွင်းထားသည် ။ ထိုစက်ကလေးက ဘယ်လောက်ထိများ အဟန်.အတား ဖြစ်စေပါသနည်း ဆိုသည်ကိုတော့ သိချင်စမ်းလှပါသည် ။ ထိုဂဏန်းတွက်စက်တွင် တွက်ချက်ထားသည့် ကိန်းဂဏန်းများမှာ အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဋ္ဌါနမှ ထုတ်ပြန်သည့် နှစ်စဉ်အစီရင်ခံစာကို အခြေခံ၍ တွက်ထားခြင်းဖြစ်သည် ၊ ထိုဋ္ဌါနသည် ဂျုံစိုက်ပျိုးမှု သို.မဟုတ်လျင်လည်း ကလေးပြုစုပျိုးထောင်မှု ကျွမ်းကျင်သည့်ဋ္ဌါနတစ်ခု ဖြစ်လိမ့်မည်ဟု ထင်ပါသည် ။ ကလေးတစ်ယောက်ကို တစ်ဆယ့်ခုနှစ်နှစ် အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ရန်အတွက် ပုံမှန်မိသားစုတစ်ခုသည် ဒေါ်လာ နှစ်သိန်းနှစ်သောင်းတစ်ထောင်မျှ သုံးစွဲကြောင်း ယခုနှစ်အစီရင်ခံစာက ဆိုထားသည် ။ ထိုပမာဏမှာ ကျွန်မကို မွေးဖွားခဲ့စဉ်ကထက် နှစ်ဆယ့်တစ် ရာခိုင်နှုန်းမျှ ပိုပါသည် ။ ယခုခေတ်တွင် အစားအသောက်နှင့် အဝတ်အစားများမှာ ဈေးသက်သာသော်လည်း အိုးအိမ်နှင့် ကျန်းမာရေးစားရိတ်များက ပို၍ဈေးကြီးလာပါသည် ။ ဤသည်မှာ မိဘများအတွက် လျှော့ဈေးအကြီးအကျယ် ရလိုက်သည့်နှယ်ဖြစ်သည် ။ ကလေးတစ်ယောက်ရှိသော မိသားစုသည် ကလေးနှစ်ယောက်ရှိသော မိသားစုထက် နှစ်ဆယ့်ငါးရာခိုင်နှုန်းမျှ ပို၍သုံးစွဲပြီး သင့်တွင်ကလေးသုံးယောက် သို.မဟုတ် ထို.ထက်ပို၍ ရှိပါက သင်သည် ကလေးတစ်ယောက်ချင်းစီအတွက် နှစ်ဆယ့်နှစ် ရာခိုင်နှုန်းမျှ ပို၍သက်သာသွားပါသည် ။
အစိုးရသည် အိပ်စက်ခြင်း ၊ စိတ်နှလုံး ကြည်လင်ခြင်း ၊ အထီးကျန်ခြင်း စသည့် မမြင်သာသည့် စာရင်းပျောက် တန်ဖိုးတို.ကို ထည့်၍ မတွက်နိုင်သေးပါ ။ ပြတင်းပေါက်များကို ပြုပြင်ရခြင်း ၊ ဓာတ်ပုံကူးရခြင်း ၊ လက်ကိုင်ဖုန်းခ ၊ စိတ်ငြိမ်ဆေးဖိုး အစရှိသည့် အသေးသုံး ကုန်ကျစားရိတ်တို.ကို ထည့်သွင်းတွက်ချက်ရန်လိုပါသေးသည် ။ အစိုးရ၏ စာရင်းဇယားတွင် ကလေး၏ အဝတ်အစားနှင့် ရှုးဖိနပ်ဖိုးအတွက် တစ်လလျှင် ဒေါ်လာခြောက်ဆယ်မျှ သုံးစွဲကြောင်း ဖော်ပြထားသည် ၊ ကြည့်ရသည်မှာ အရာရှိမင်းတို.သည် ယခုလတ်တလောကာလအတွင်း ဈေးဝယ်ထွက်ဖြစ်ပုံမရပါ ။ ဂလိုဘယ်လိုက်ဇေးရှင်းသည် အဝတ်အစားဈေးနှုန်းတို.ကို ကျဆင်းသွားစေသည်မှာ အမှန်ပင်ဖြစ်ပါသည် ။ သို.သော် သင့်တွင်သမီးများရှိပါက နှစ်စဉ်နှစ်တိုင်း ကြုံတွေ.နေကြဖြစ်သည့် ဈေးနှုန်းကြီးလာသည်နှင့်အမျှ အဝတ်အစားတို. သေးကျုံ.လာသည့် ဖြစ်ရပ်နှင့် ရင်ဆိုင်တွေ.ရဖို.ရှိပါသည် ။ ပုခုံးနှင့်ချက်ကို လုံခြုံစွာ ကာကွယ်ဖုံးအုပ်ထားရမည်ဟု သတ်မှတ်ထားသည့် ကျောင်းဝတ်စုံစည်းကမ်းကိုသာ အကြီးအကျယ်ကျေးဇူးတင် ရပေတော့သည် ။
ဒါတွင်မကသေးပါ ပေးလိုက်ရသည့် အချိန်တို.လည်း ရှိပါသေးသည် ။ လေ့လာမှုတစ်ခုက ငွေကြေးထက်ပို၍ တန်ဖိုးကြီးမားသည်ဟု ဆိုသော်လည်း ထိုအချိန်တို.ကို ငွေကြေးဖြင့် တွက်၍ ရနိုင်မည်မဟုတ်ပါ ။ မိဘဘဝဆိုသည်မှာ ဘယ်သောအခါမှ ထီးတည်းမဟုတ်ပါ ။ ကလေးတို.အိမ်ကိုစွန်.ခွါထွက်သွား၍ သူတို.ကို ထိန်းကျောင်းပြုစုပျိုးထောင်ရာတွင် သုံးစွဲလိုက်ရသည့် အချိန်နှင့်အင်အားတို.အတွက် မည်သို.ရှေ.ဆက်ရမည်ကို မသိနိုင်တော့သည့် နေ.အထိတိုင် မိဘတို.၏ဘဝသည် ထီးတည်းမဟုတ်ပါ ။ ကျွန်မသည် နောက်ဆုံးတွင် သိုးမွှေးထိုးနည်းကို သင်ယူကောင်းသင်ယူ ဖြစ်ပါလိမ့်မည် ။ သို.မဟုတ် အနည်းဆုံး အမယ်သုံးမျိုးပါသည့်ဟင်းကို ချက်မိပါလိမ့်မည် ။ သို.မဟုတ်လျှင်လည်း နှစ်စဉ်နှစ်တိုင်း ရိုက်ကူးလာခဲ့သည့် သူတို.လေးတွေ၏ ဓာတ်ပုံတို.ကို ပြန်လှန်ကြည့်၍ အယ်လဘမ်အတွင်းသို. အစီအစဉ်အတိုင်း ပြန်၍ ထည့်သွင်းကောင်းထည့်သွင်း မိပါလိမ့်မည် ။ ပုံရိပ်တို.က မှတ်ဥာဏ်ကို သမိုင်းအဖြစ် ပြန်လည်၍ နွေးထွေးလာစေပါသည် ။
ယခုနှစ် အစီရင်ခံစာကို ပြုစုသည့် စီးပွါးရေးပညာရှင်သည် ကလေးစားရိတ်မည်မျှကုန်ကျကြောင်း လူတွေတအံ့တဩ ပြောကြဆိုကြသည်ကို အကျွမ်းတဝင်ရှိနေပုံရပါသည် ။ “ကလေးတွေနဲ.ပတ်သက်တဲ့ အကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါတယ် ၊ ဒါ့ကြောင့် အဲဒီအချက်ကိုလည်း ထည့်ပြီးစဉ်းစားရမယ်လို. ကျွန်တော်က မိဘတွေကို ပြောပြပါတယ်” ဟု သူကဆိုပါသည် ။ ဥပမာအားဖြင့် ဆိုပါက ကလေးတို.ကြီးပြင်းလာသည်နှင့်အမျှ မိဘတို.မပြုလုပ်တော့သည့် အလေ့အထတို. ရှိပါသည် ။ ပင်လယ်ကမ်းခြေသို.သွားကာ မီးပုံပွဲလုပ်နေကြပါဦးမည်လော ။ ရေထဲတွင်မျောပါလာသည့် သစ်တိုသစ်စတို.ကို ဆယ်ယူကြပါဦးမည်လော ။ မည်သူမျှမကြိုက်ကြသော မာ့ရှ်မဲလိုး မီးကင်တို.ကို ပြုလုပ်ကြပါဦးမည်လော ။ ဂျက်အိုမီးအိမ်တို.ကို ထွင်းထုနေကြပါဦးမည်လော ။ အီစတာကြက်ဥတို.ကို ဆေးရောင်ချယ်သ နေကြပါဦးမည်လော ။ သို.တည်းမဟုတ် အားလပ်ရက်ရှည်များကို ပုံမှန်အတိုင်းပင် အလည်အပတ် ခရီးထွက်နေကြပါဦးမည်လော ။ ချိစ်ဒူးဒယ်နှင့် ဂျယ်လီဘယ်လီတို.ကို အောက်မေ့တသ နေပါဦးမည်လော ဆိုသည်ကို ကျွန်မ သိချင်လှပါသည် ။ ကျွန်မအတွက်တော့မူ ၎င်းတို.ကို နောက်ထပ် ဝယ်ယူတော့မည် မဟုတ်သည်မှာ သေချာလှပါသည် ။
ကလေးများသည် အစဦးနေဖြင့် အကုန်အကျ များပြားပါသည် ၊ သို.သော် မှန်ကန်စွာ စီမံခန်.ခွဲပါက သင်၏ရင်းနှီးမြှုပ်နှံမှုအတွက် သင့်တင့်လျှောက်ပတ်သော အကျိုးအမြတ်တို. ပြန်ရနိုင်ပါသည် ။ သူတို.၏ အိမ်စာများကို ကူညီဖြေရှင်းပေးခြင်းဖြင့် သင်မလေ့လာတော့သည်မှာကြာပြီဖြစ်သည့် ဂဏန်းသင်္ချာတို.ကို ပြန်လည်၍လေ့လာ မိစေပါသည် ။ ကလေးငယ်တို.က သင့်ကို လျှင်မြန်သွက်လက်စွာ လုပ်ကိုင်တတ်လာစေပါသည် ။ သူတို.သည် အိပ်ယာပေါ်တွင် အနွေးဓာတ်ကို အကောင်းဆုံးပေးနိုင်ကြသည် ၊ သူတို.၏ သေးငယ်သည့် လက်ချောင်းလေးများသည် ဘယ်လိုမှ ဖြည်၍ရနိုင်ဖွယ်မရှိသည့် ကြိုးထုံးတို.ကို ဖြည်နိုင်စွမ်းရှိကြပါသည် ။ သူတို.သည် သင့်ကို သတ္တိပိုရှိလာစေပြီး ယုံကြည်စိတ်ရှိလာစေရန် သတိပေးနိုင်စွမ်းလည်း ရှိကြပါသည် ။ သူတို.သည် သင်ထင်ထားသည်ထက်ပို၍ ကောင်းမွန်စွာ ဘုရားရှိခိုး ဆုမွန်များ တောင်းတတ်ကြပါသေးသည် ။ သူတို.၏ ကိုယ်နံ.လေးမှာ မွှေးလှပါသည် (အနည်းဆုံးတော့ သူတို. သန်.သန်.ရှင်းရှင်း ရှိနေချိန်တွေမှာပေါ့လေ ။)
သူတို.သည် ကျွန်မတို.၏ အိုမင်းရင့်ရော်လာမှုကိုလည်း သတိပြုလာစေပါသည် ။ ကလေးသာမရှိပါက ကျွန်မ၏ဆံပင်တို.သည် ယခုထက်ပို၍ အဖြူမြန်လာမည်ကို ကျွန်မသိနေပါသည် ။ သူတို.နှင့်အတူ နေထိုင်၍ ဘဝကို ဖြတ်သန်းကြီးပြင်းရသည်မှာ အလွန်ပင်ကြီးကျယ်သော ဆုလာဘ်တစ်ခု ဖြစ်ပါသည် ။ သူတို.က ကျွန်မတို.ကို နုပျိုလန်းဆန်းစေသည် ၊ တစ်ယောက်ကို တစ်ယောက် ဖြတ်သွားသည့်နှယ်ပင်ဖြစ်သည် ။ ကျောင်းသားက ဆရာဖြစ်သွားသည် ၊ မိဘက ကလေးဖြစ်သွားသည် ။ သူတို.သည် ကျွန်မတို.ထက်ပို၍ စမတ်ကျကာ ပို၍ ကြံ.ခိုင်တောင့်တင်း လာပုံတို.ကို ကြည့်ကာ ၊သူတို.မည်သို.မည်ပုံ ရင့်ကျက်လာပုံတို.ကို တအံ့တဩ ဖြစ်ရပါသည်။ ကျွန်မတို.သည် သူတို.နှင့် အတူတူ နေထိုင်ရသည်ကို တစိမ့်စိမ့် အရသာခံနိုင်လာ၍ သူတို.၏ လက်တွင် နေထိုင်ရသည်မှာ စိတ်ချလုံခြုံမှုကို ခံစားနိုင်ကြပါသည် ။ ဤတန်ဖိုးတို.ကိုလည်း ထည့်တွက်ရန်မေ့မနေစေချင်ပါ ။

(August 24, 2009 ခုနှစ်ထုတ် Time မဂ္ဂဇင်းမှ Nancy Gibbs ၏ Raising a Child Costs Some $221,000 Before College ကို သင့်လျော်အောင် ဘာသာပြန်ဆိုထားပါသည် ။)

Sunday, September 13, 2009

ဖတ်မိသမျှလေးတွေ ( get)

Get ကို Spoken English မှာ အသုံးများကြပါတယ် ။ Informal ဖြစ်ပြီး Writing မှာတော့ မသုံးကြပါဘူး ။
သူ.ရဲ.နောက်မှာရှိနေတဲ့ စကားလုံးအပေါ်မူတည်ပြီး အဓိပ္ပါယ်တွေလည်း လိုက်ပြီးပြောင်းလဲသွားပါသတဲ့ ။

1. get + noun/pronoun

ဒီပုံစံမှာတော့ get ရဲ. အဓိပ္ပါယ်က ‘receive’, ‘fetch’, ‘obtain’ စတဲ့ အဓိပ္ပါယ်တွေ ရှိပါသတဲံ ။
I got a letter from Lusy this morning.
Can you come and get me from the station when I arrive?
I’m going out to get some bread.

2. get + adjective

get ရဲ. အဓိပ္ပါယ် ‘become’ ဖြစ်ပါတယ် ။
As you get old your memory gets worse.
My feet are getting cold
.
get + object + adjective (=’make something become…..’ )
လို. အဓိပ္ပါယ်ရပါသတဲ့ ။

I can’t get my hands warm.
We must get the house clean before Mother arrives.

3. get + adverb particle or preposition

up, away, out စတဲ့ adverb particle တွေရဲ. ရှေ.မှာဆိုရင်တော့ get ဟာ များသောအားဖြင့် movement ကို ပြပါသတဲ့ ။

I often get up at five o’clock.
I went to see him, but he told me to get out.
Would you mind getting off my foot?

အဲဒီ Structure ကို ဘဲ Object နဲ. ယှဉ်တွဲပြီးသုံးရင်တော့ somebody / something ကို move လုပ်ခိုင်းတဲ့ အဓိပ္ပါယ် ရှိပါတယ် ။

You can’t get her out of the bedroom in the morning.
Would you mind getting your papers off my desk?
Have you ever tried to get toothpaste back into the tube?

4. get (+ object) + verb-form

4 (a) get + object + infinitive

I can’t get the car to start.

4 (b) get + object + -ing

Don’t get him talking about his illnesses, please.

အောက်က Sentence တွေမှာတော့ get + infinitive structure ဟာ တစ်စုံတစ်ဦးကို တစ်ခုခု ပြုလုပ်ရန် စွဲဆောင်ခြင်းဆိုတဲ့ အဓိပ္ပါယ် ရှိပါတယ် ။

Get John to help us ,if you can.
I can’t get that child to go to bed.

5. get + object + past participle ဆိုတဲ့ Structure ကတော့ ပြုလုပ်ဖို.ရန်ရှိတဲ့ အလုပ်တွေကို စီစဉ်ခြင်း ဆိုတဲ့ အဓိပ္ပါယ် ရှိပါသတဲ့ ။ Passive Meaning ပါတဲ့ ။

I must get my hair cut.
You ought to get your watch repaired.

5. Passive structure တွေမှာ be အစား get ကို သုံးလို.ရပါတယ် ။ မျှော်လင့်မထားဘဲ ရုတ်တရက်ဖြစ်လာတဲ့ ဖြစ်စဉ်တွေမှာ သုံးလေ့ရှိပါတယ် ။

My watch got broken while I was playing with the children.
He got caught by the police driving at 160km an hour.

6. get and go : movement

Get ကို movement ရဲ. အဆုံးသတ်အဖြစ်သုံးနိုင်ပါတယ် ။ the arrival လို. အဓိပ္ပါယ်ရတယ် ။
Go ကတော့ the whole movement ကို ပြောတဲ့အခါမှာ သုံးပါတယ် ။ အောက်က sentence တွေကို ကြည့်ပါ
I go to work by car and Lucy goes by train. I usually get there first.
I went to Bristol yesterday. I got to Bristol at about eight o’clock.

ရောက်ရှိဖို.အတွက် အခက်အခဲ တစ်ခုခု ရှိတဲ့အခါမျိုးတွေမှာ Get ကို သုံးလေ့ရှိပါသတဲ့ ။ အောက်က sentence တွေကို ကြည့်လိုက်ရင် သဘောပေါက်သွားမယ်လို. ယူဆမိပါတယ် ။

It wasn’t easy to get through the crowd. (crowd ကို ဖြတ်ထွက်ဖို.အတွက် ခက်ခဲ။)
I don’t know how we are going to get over the river. (မြစ်ကို ဖြတ်ဖို.အတွက် ခက်ခဲ။)
Can you tell me how to get to the police station? (ရဲစခန်းကိုသွားတဲံ လမ်းကို မသိလို. ခက်ခဲ။)

Saturday, September 5, 2009

အပျော်တမ်းသမား နောက်ဆက်တွဲ

အရင်အပတ်က တင်ခဲ့တဲ့ အပျော်တမ်းသမား ရဲ.မူရင်းပါ ။ မူရင်းစာရေးဆရာရဲ. သရော်ကွက်လေးတွေကို နှစ်သက်မိပါတယ် ။
The Avenging Amateur
By KURT ANDERSEN
Time (Monday, Aug. 10, 2009)

The financial crisis came about because we got complacent, depending on all-knowing financial experts — mortgage lenders, Wall Street sharpers, the Federal Reserve — to run our system expertly. But then the experts did the same thing, imagining that they had laid off all their risks on other experts. Until finally the last expert down the line turned out to be just another greater fool, and the system crashed.
We still need experts. But we can no longer abdicate judgment to them or to the system they've cobbled together. This country, after all, was created by passionately engaged amateurs. The American spirit really is the amateur spirit. The great mass of European settlers were amateur explorers, and their grandchildren and great-grandchildren who created the U.S. were amateur politicians. "I see democracy," the late historian Daniel Boorstin wrote, as "government by amateurs, as a way of confessing the limits of our knowledge." In the early 19th century, Alexis de Tocqueville approvingly noted the absence of "public careers" in America — that is, the scarcity of professional politicians.
Back then, amateur was an entirely positive adjective. An amateur pursuit meant something that one pursued — a field of study, an artistic enterprise, a craft — not unseriously, but out of love rather than merely to earn a living.
Amateurs do the things they want to do in the ways they want to do them. They don't worry too much about breaking rules and aren't paralyzed by a fear of imperfection or even failure. Active citizenship is all about tapping into one's amateur spirit. "But hold on," you say. "I will never understand credit-default swaps or know how to determine the correct leverage ratio for banks." Me neither, and I don't want to depend on an amateur physician telling me how to manage my health. But we can trust our reality-based hunches about fishy-looking procedures and unsustainable projects and demand that the supposed experts explain their supposed expertise in ways we do understand The American character is two-sided to an extreme and paradoxical degree. On the one hand, we are sober and practical and commonsensical, but on the other hand, we are wild and crazy speculators. The full-blown amateur spirit derives from this same paradox. Even as we indulge our native chutzpah — Live the dream! To hell with the naysayers! — as a practical matter, it also requires a profound humility, since the amateur must throw himself into situations where he's uncertain and even ignorant, and therefore obliged to figure out new ways of seeing problems and fresh ways of solving them. At this particular American inflection point, after the crash and before the rebuild, frankly admitting that we aren't absolutely certain how to proceed is liberating, and crucial. I like paradoxes, which is why, even though I'm not particularly religious, Zen Buddhism has always appealed to me. Take the paradoxical state that Buddhists seek to achieve, what they call sho-shin, or "beginner's mind." The 20th century Japanese Zen master Shunryu Suzuki, who spent the last dozen years of his life in America, famously wrote that "in the beginner's mind there are many possibilities, but in the expert's mind there are few." Which sounds to me very much like the core of Boorstin's amateur spirit. "The greatest obstacle to discovery is not ignorance," Boorstin wrote, "but the illusion of knowledge."
This isn't just airy-fairy philosophy: it's real, and it works. A decade after Steve Jobs co-founded Apple, he was purged by his own board, but after the sense of betrayal passed, and he went on to build Pixar and oversee Apple's glorious renewal, he realized his personal reset had been a blessing in disguise. "The heaviness of being successful," Jobs has said of his firing, "was replaced by the lightness of being a beginner again, less sure about everything. It freed me to enter one of the most creative periods of my life." I happen to know what Jobs means: my sacking as editor of New York magazine 13 years ago freed me to reinvent myself as a novelist and public-radio host. Getting fired was traumatic. Finding my way since has been thrilling and immensely gratifying. May America and Americans have such good luck figuring out how to climb out of the holes we find ourselves in now.

Notes :
come about (that…….) ~ (phr v)
to happen : Can you tell me how the accident came about?
complacent (about sb/sth) ~ (adj) too satisfied with yourself or with a situation, so that you do not feel that any change is necessary; showing or feeling complacency: a dangerously complacent attitude to the increase in unemployment. We must not become complacent about progress.
sharper ~ (n) a professional gambler
abdicate ~ (v) to give up the position of being king or queen : He abdicated in favour of his son. She was forced to abdicate the throne of Spain. နန်းစွန်.သည် ။
cobble sth together~ (phr v) to produce sth quickly and without great care or efforts, so that it can be used but is not perfect: The essay was cobbled together from some old notes. ရရာနှင့် စပ်ဟပ်ပြုလုပ်သည် ။ လွယ်လွယ်နှင့် ဖြစ်ကတတ်ဆန်းလုပ်သည် ။
active citizen ~ (n) a person who is actively involved in trying to improve things in their local community
be all about sb/sth ~ used to say what the most important aspect of sth is
credit default swap ~ (CDS) is a swap contract in which the buyer of the CDS makes a series of payments to the seller and, in exchange, receives a payoff if a credit instrument – typically a bond or loan – goes into default ရှုံးနိုင်ခြေရှိမှုကို လက်လွှဲ ရောင်းဝယ်ခြင်း (သင့်လျော်သလို နားလည်လွယ်အောင် ဘာသာပြန်ထားခြင်းသာ ဖြစ်ပါသည် ။)
leverage ~ (n) အရင်းဆပွါးကိန်း (ငွေကြေးဈေးကွက်မှ စကားလုံးဖြစ်ပါသည် ။ မိမိဘာသာ သင့်လျော်အောင်ပြန်ဆိုထားခြင်းဖြစ်သည် ။ )
hold on ~ (infml) used to tell sb to wait or stop: Hold on a minute while I get my breath back. Hold on! This isn’t the right road.
fishy ~ (adj) that makes you suspicious because it seems dishonest
fishy-looking ~ မသင်္ကာဖွယ်ရာ ။ မဟုတ်တရုတ် ။
neither ~ (adv) used to show that a negative statement is also true of sb/sth else: He didn’t remember and neither did I. I hadn’t been to New york before and neither had Jane.
neither ~ (infml) I don’t know. Me neither.
hunches ~ ထင်မြင်ချက် ။
sober ~ (adj) တည်ကြည်သော ။ တည်ငြိမ်အေးဆေးသော ။ သင့်တင့်လျှောက်ပတ်သော ။ အလွန်အကျွံ မဟုတ်သော ။
chutzpah ~ (n) behaviour, or a person’s attitude, that is rude or shocking but so confident that people may feel forced to admire it သဲထိတ်ရင်ဖို ၊ ရင်တုန်ပန်းတုန် ။
profound ~ (adj) 1. very great; felt or experienced very strongly: profound changes in earth’s climate 2. showing great knowledge or understanding: profound insights; a profound book 3. needing a lot of study or thought: profound questions about life and death 4. (medical) very serious; complete: profound disability
indulge ~ (v) (~ in sth)(~yourself with sth) to allow yourself to have or do sth that you like, especially sth that is considered bad for you: They went into town to indulge in some serious shopping. Indulge myself with a long hot bath. အရသာတွေ.သည် ။ ကျူးလွန်သည် ။ မွေ.လျော်သည် ။ အလိုလိုက်သည် ။
naysayer ~ (n) a person who habitually express negative or pessimistic views: Despite a general feeling that things were going well, a few naysayers tried to cast gloom.
full-blown ~ (adj) fully or completely developed; an idea expanded into a full-blown novel
appeal to sb ~ (phr v) to attract or interest sb စိတ်ကို စွဲဆောင်နိုင်စွမ်းရှိသည် ။