Saturday, December 19, 2009

၃ ။ အာဏာလွန်ဆွဲပွဲ (နိုင်ငံတော်အကျဉ်းသား)

အပိုင်း ၁
အခန်း ၃
အာဏာလွန်ဆွဲပွဲ
ဆန္ဒပြပွဲများ အရှိန်မြင့်လာသည်နှင့်အမျှ နိုင်ငံရေးအရလည်း ကြေးကြီးလာသည် ။ ကျောက်သည် ဘေဂျင်းသို.ပြန်လာပြီး အခြေအနေများ ငြိမ်သက်သွားဖို. ကြိုးစားသည် ။ ဆှိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့၏ ခရီးစဉ်ကို ဆိုင်းငံ့ထားခြင်းက ဆန္ဒပြသူများကို လူးသာလွန်.သာ ဖြစ်သွားစေသည်။ ဤခရီးစဉ်မတိုင်မှီ အတွင်း၌ ပါတီအနေဖြင့် အကြမ်းဖက် နှိမ်နင်းဖွယ် မရှိသောကြောင့် ဖြစ်သည် ။ သဘောထားတင်းမာသည့် ဝန်ကြီးချုပ် လီပန်းက အခြေအနေများကို သက်သက်ညှာညှာ ဖြေရှင်းလိုသည့် ကျောက်၏ လုပ်ရပ်များကို သဘောမတူပေ ။ နှစ်ဖက်စလုံးက ထိပ်တန်းခေါင်းဆောင်ကြီး တိန်.ရှောင်ပင်းကို သူတို.ဖက်မှရပ်တည်အောင် ကြိုးစားကြသည် ။ ရှန်ဟိုင်းမှ အရာရှိများက ဆန္ဒပြမှုများနှင့်ပက်သက်၍ အလွန်အကျွံရေးသားသည့် သတင်းစာတစ်စောင်အား ပိတ်ပင်လိုက်သည့်အခါ တင်းမာမှုများ မြင့်တက်လာသည်။
ကျွန်တော်မြောက်ကိုရီးယား၌ ရှိနေစဉ် ကျောင်းသားဆန္ဒပြမှုများကို ကိုင်တွယ်ရမည့် လမ်းညွှန်ချက်များအား ပြည်တွင်း၌ လီပန်းနှင့် အခြားသူများက မည်သို.ပြောင်းပစ်လိုက်ကြကြောင်း အထက်၌ တင်ပြခဲ့ပြီးဖြစ်သည် ။ ယခုအခန်း၌ မြောက်ကိုရီးယားမှ ကျွန်တော် ပြန်ရောက်ပြီးနောက် ကျောင်းသားဆန္ဒပြမှုများကို ဖြေရှင်းနည်းနှင့် ပက်သက်၍ သိသိသာသာ အငြင်းပွါးဖွယ်ဖြစ်သည့် ချဉ်းကပ်ပုံ ၂ မျိုးကြားမှ အားပြိုင်မှုများ အကြောင်းကို တင်ပြပါမည် ။
ဧပြီ ၂၅ နှင့် ၂၆ နေ.များ၌ တိန်.ရှောင်ပင်း၏ မှတ်ချက်ကို ဘေဂျင်းနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌါန အဆင့်အသီးသီးသို. ဖြန်.ချိရန် ဆုံးဖြတ်ခဲ့သည့် လီပန်း၏ ဆုံးဖြတ်ချက်သည် တိန်.အပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လာစေခဲ့သည် ။ ဤအချက်က တိန်.နှင့်သူ၏မိသားစုကို အမှန်ပင် စိတ်မသက်မသာ ဖြစ်စေခဲ့သည် ။ တိန်.၏မိသားစုက လီပန်းအား တိန်.ကို ရှေ.တန်းသို. ရုတ်ခြည်းအတင်းတွန်းပို.ပြီး သူကိုယ်တိုင်ကမူ လူကောင်းအဖြစ် အပြစ်မရှိသည့်သဖွယ် သရုပ်ဆောင်နေကြောင်းဖြင့် စွပ်စွဲကြသည် ။
အထက်ပါ အခြေအနေများနှင့်တကွ အယ်ဒီတာ့အာဘော်က ဧပြီ ၂၇ ရက်နေ.၌ ကြီးမားသည့် ဆန္ဒပြပွဲများနှင့် ဝေဖန်ချက်များ ကျယ်ကျယ်ပြန်.ပြန်. ထွက်ပေါ်လာအောင် ဆွပေးသကဲ့သို. ဖြစ်ခဲ့သောကြောင့် လီပန်းသည် ဖိအားများစွာ ရင်ဆိုင်ရပြီး (တည်ဆဲပေါ်လစ်ဗျူရို နိုင်ငံရေးဆိုင်ရာ အတွင်းရေးမှုး) ပေါက်တုန်ကို အယ်ဒီတာ့အာဘော် မူကြမ်းတစ်ခုရေးရန် တောင်းဆိုပြီး (နိုင်ငံတော်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်) ယွန်မူနှင့် (နိုင်ငံတော် ပညာရေးကော်မရှင် ဒုတိယဝန်ကြီး) ဟီဒုန်ချန်းတို.အား ကျောင်းသားများနှင့် တွေ.ဆုံဆွေးနွေးရန် မေတ္တာရပ်ခံခဲ့သည် ။
တွေ.ဆုံဆွေးနွေးမှုများ၌ သူတို.(ယွန်မူနှင့်ဟီဒုန်ချန်း)က ကျောင်းသားတို.၏ တောင်းဆိုမှုများစွာကို အပြုသဘော တုံ.ပြန်ခဲ့ကြသည် ။ ကျောင်းသားတို.၏ ရည်မှန်းချက်များစွာသည် ပါတီနှင့် အစိုးရ၏ ရည်မှန်းချက်များနှင့် တူညီကြောင်း ၊ အယ်ဒီတာ့အာဘော်သည် ကျောင်းသားများကို ရည်ရွယ်ခြင်းမဟုတ်ကြောင်း ရှင်းပြခဲ့ကြသည် ။ သူတို.က ၉၉.၉ ရာခိုင်နှုန်းသော ကျောင်းသားများသည် လူကောင်းလူရည်မွန်များဖြစ်ကြောင်း ၊ အနည်းတကာ့ အနည်းစုသာလျှင် ပါတီဆန်.ကျင်ရေးနှင့် ဆိုရှယ်လစ်ဆန်.ကျင်ရေး အယူအဆ ရှိကြကြောင်းဖြင့်ပင် ကြေငြာချက်ထုတ်ခဲ့ကြသည် ။ ဤသည်တို.မှာ ကျောင်းသားများ ငြိမ်သက်သွားစေရန် အားထုတ်ခဲ့သည့် အရေးယူ ဆောင်ရွက်မှုများဖြစ်သည် ။
တစ်ပြိုင်တည်းမှာပင် သူတို.သည် ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ကို ပယ်ဖျက်လိုက်မည်ကို အလွန်အမင်း စိတ်ပူနေကြသည် ။ အထူးသဖြင့် ကျွန်တော်ပြန်ရောက်လျှင် သူတို.၏ လုပ်ရပ်များကို ကျွန်တော်က မထောက်ခံမည်ကို စိုးရိမ်ကြသည် ။ ကျွန်တော်ပြန်ရောက်၍ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ကို ကျွန်တော်က မထောက်ခံပါက သူ.အနေဖြင့် နှုတ်ထွက်ရုံမှလွဲ၍ အခြားရွေးစရာ မရှိတော့ကြောင်း လီပန်းက သူ.ကိုပြောသည်ဟု (ညှိနှိုင်းဆက်သွယ်ရေးဝန်ကြီး) ယန်မင်ဖူးက ကျွန်တော့်ကို အစီရင်ခံသည် ။ လီပန်းနှင့် (တည်ဆဲပေါ်လစ်ဗျူရိုအဖွဲ.ဝင်) ယော်ယီလင်တို.က ကျွန်တော့်ထံမှ ထောက်ခံချက်ရဖို. ကျွန်တော့်ကို သွေးဆောင်ကြရန် ပူးပေါင်းကြံစည်ကြသည် ။ သူတို.သည် မေလ ၄ရက် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအတွက် ကျွန်တော်ပြင်ဆင်နေသည့် မိန်.ခွန်း၌ “ဆူပူအုံကြွမှု ဆန်.ကျင်ရေး” ၊ “ဘူဇွာလစ်ဘရယ် ဆန်.ကျင်ရေး” စသည့် စကားစုတို. ထည့်သွင်းရန် ထပ်ခါထပ်ခါ တောင်းပန်ကြသည် ။ မိန်.ခွန်းမူကြမ်းကို မှတ်ချက်ရေးရန် သူတို.ဆီသို. ပို.လိုက်ချိန်၌ လီနှင့်ယော်တို. ၂ယောက်လုံးက ဘူဇွာလစ်ဘရယ် ရှုတ်ချရေးမှတ်ချက် ထည့်သွင်းရန် တောင်းဆိုကြသည် ။
ထို.ပြင် တိန်.ရှောင်ပင်း၏ မှတ်ချက်ကို ကျယ်ကျယ်ပြန်.ပြန်. ဖြန်.ချိလိုက်သောကြောင့် လူငယ်တို.အကြား၌ သူ၏ပုံရိပ် ပျက်စီးသွားပြီဟု တိန်.ကခံစားနေရသည်။ တိန်.သည် လူငယ်များကို ချစ်မြတ်နိုး၍ အကာအကွယ်ပေးသည့် အကြောင်းများကို ကျွန်တော်၏ မိန်.ခွန်း၌ ထည့်သွင်းပေးရန် တိန်.ရွန်(တိန်.၏သမီး ၊ မော်မော်ဟုလည်း ခေါ်ကြသည်)က ပေါက်တုန်မှတစ်ဆင့် ကျွန်တော့်ကို ပြောခဲ့သည် ။ အခြေအနေများအရ တိန်.သည် လူငယ်များကို မည်မျှချစ်မြတ်နိုး၍ အကာအကွယ်ပေးကြောင်း ရည်ညွှန်းသည့် စာပိုဒ်တစ်ပိုဒ် မိန်.ခွန်း၌ ထည့်သွင်းရန် ကျွန်တော် ဆုံးဖြတ်ခဲ့သည် ။
ကျွန်တော် မြောက်ကိုရီးယားမှ ပြန်ရောက်ရောက်ချင်းပင် ဧပြီ ၃၀ ရက်နေ. နံနက်ခင်း၌ လီပန်းသည် စိုးရိမ်ပူပန်စွာဖြင့် ဘေဂျင်းပါတီကော်မရှင်၏ အစီရင်ခံစာကို ကြားနာရန် အစည်းအဝေးတစ်ခုခေါ်ဖို. ကျွန်တော့်အား ပြောလာသည် ။ သူ၏ရည်ရွယ်ချက်မှာ သူတို.လုပ်ခဲ့ပြီးသားဖြစ်သည့် လုပ်ရပ်များကို ထောက်ခံဖို. ကျွန်တော့်အား ဖိအားပေးရန်ဖြစ်သည် ။
မေလ ၁ ရက်နေ. တည်ဆဲကော်မတီ အဖွဲ.ဝင်များ ဆုံမိရာ၌ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ကို အပြင်းအထန် ဆန်.ကျင်ကြသည်ကို ကျွန်တော် သတိပြုမိသည် ။ သို.သော် ကျွန်တော်ကိုယ်တိုင်ကလည်း တကယ့်အခြေအနေမှန်အကြောင်း အနည်းငယ်မျှသာ သိရှိသေးပြီး မူဝါဒအပြောင်းအလဲ ရုတ်တရက်လုပ်ခြင်းကိုလည်း ရှောင်ကြဉ်လိုသည့်အတွက် လီပန်း၏ လုပ်ရပ်ကို ထောက်ခံကြောင်း(အနည်းဆုံးတော့ မယုတ်သာမလွန်သာ) ပြသဖို.လိုအပ်ပါသည်
သို.သော်လည်း ကျွန်တော်က အဓိကလူများစုကြီး၏ ထောက်ခံမှုရရှိရန် အရေးကြီးကြောင်း အလေးပေးပြောခဲ့သည် ။ ကျွန်တော်တို.သည် လူနည်းစုလေးကို လူများစုကြီးနှင့် ခွဲခြားပြီးမြင်ဖို. ၊ ပြည်သူအများစုကို ဆန်.ကျင်ဖက်သို. တွန်းမပို.မိစေဖို. လိုအပ်သည် ။ ဆိုလိုသည်မှာ လူထုကြီးသည် ကျွန်တော်တို.က သူတို.ကို ဖိနှိပ်ဖို. ကြိုးစားနေသည်ဟု ထင်မြင်ခံစားမိစေမည့် အခြေအနေမျိုး မဖန်တီးမိရန် လိုအပ်ပါသည်။ မည်သည့်အကြောင်းပြချက်ပင် ရှိသည်ဖြစ်စေ ဧပြီ ၂၆ ရက် အယ်ဒီတာ့အာဘော်သည် ပြည်သူလူထု အများစု အထူးသဖြင့် ကျောင်းသားများ ၊ ပညာတတ်များနှင့် အခြား နိုင်ငံရေးအဖွဲ.အစည်းများ၏ အမြင်နှင့် အကြီးအကျယ် ကွဲလွဲနေကြောင်း ကျွန်တော်တို. တည်တည်ငြိမ်ငြိမ် အသိအမှတ်ပြုဖို. လိုအပ်ပါသည် ။ ကျယ်ပြန်.သည့် တွေ.ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကျွန်တော် ထောက်ပြခဲ့သည် ။ ကျွန်တော်တို.သည် ကျောင်းသားများနှင့်သာမက ဆရာများ ၊ အလုပ်သမားများနှင့်လည်း တွေ.ဆုံ၍ အကြံဥာဏ်များ ရယူသင့်သည် ။
ဆွေးနွေးရမည့် အကြောင်းအရာ ရွေးချယ်မှုနှင့် ပက်သက်၍ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်၏ စကားလုံးများကို ရှင်းလင်းရာ၌ လူနည်းစုကသာလျှင် အမှန်တကယ် ပါတီဆန်.ကျင်ရေး ၊ ဆိုရှယ်လစ် ဆန်.ကျင်ရေး ရည်ရွယ်ချက်ရှိပြီး ဝရုန်းသုန်းကားဖြစ်ရန် တွန်းပို.နေကြောင်း ပုံစံသစ်ဖြင့် ရှင်းလင်းပြဖို. ကျွန်တော်က အလေးအနက်ထား၍ ပြောကြားခဲ့သည် ။ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်၏ အကျိုးဆက်များကို လျော့ပါးသွားရန် ကျွန်တော် မျှော်လင့်ပါသည်။ စာသင်ခန်းများသို. ပြန်တက်ရန် ထောက်ခံရမည်ဟုလည်း ကျွန်တော်က ထောက်ပြခဲ့သည် ၊ အဘယ်ကြောင့်ဆိုသော် ဤလုပ်ရပ်မှာ ကျောင်းသားမိဘများ ၊ သူတို.၏ဆရာများနှင့် ပြည်သူအများ သဘောတူ ထောက်ခံနိုင်သောကြောင့် ဖြစ်သည် ။ စာသင်ကြားမှုများ ပြန်လည်စတင်နိုင်သည်နှင့်အမျှ အခြေအနေများ ပြန်လည် တည်ငြိမ်၍ စိတ်ခံစားမှုများ အေးဆေးသွားနိုင်သောကြောင့်ဖြစ်သည် ။ ဤနည်းအားဖြင့် ကျန်သည့်အခြားကိစ္စအားလုံး ပြေလည်သွားနိုင်ပေသည် ။
မြောက်ကိုရီးယားမှ ပြန်ရောက်သည်နှင့် ဘက်အားလုံးမှ အချက်အလက်များ ရရှိရန် ကျွန်တော် ကြိုးစားခဲ့သည် ။ ဧပြီ ၂၇ ရက် ဆန္ဒပြပွဲ ရုပ်သံသွင်းမှတ်တမ်းကို ပထမဦးဆုံး ကြည့်ခဲ့သည် ။ မေလ ၂ ရက်နေ.၌ အခြားနိုင်ငံရေး အဖွဲ.အစည်းများမှ ခေါင်းဆောင်များ (ဖေးရှားတုန် ၊ ဆန်ကျိမင်နှင့် လိုင်ကျိကျန်)၏ ကျောင်းသားဆန္ဒမှုများနှင့် ပက်သက်သည့် အစည်းအဝေးတစ်ခုထိုင်ဖို. တောင်းဆိုချက်ကို ကျွန်တော် အကြောင်းပြန်ခဲ့သည် ။ မေလ ၅ ရက်နေ. နံနက်ခင်း၌ ပီကင်းတက္ကသိုလ် ကျောင်းအုပ်ကြီး တင်ရှီးရှန်နှင့် ဘေဂျင်းပုံမှန်တက္ကသိုလ် လက်ထောက်ကျောင်းအုပ်ကြီး ရှုကျားလူတို.ကို အစည်းအဝေးတစ်ခု ကျင်းပဖို. ဖိတ်ခေါ်ခဲ့သည် ။ သူတို.ကျောင်းများ၏ အခြေအနေအကျဉ်းချုပ်နှင့် သူတို.၏ အကဲဖြတ်ချက်များကို တင်ပြဖို. ကျွန်တော် တောင်းဆိုခဲ့သည် ။ နေ.လည်ခင်း၌ တရုတ်ပြည် ဒီမိုကရက်တစ်အဖွဲ.ချုပ် ဗဟိုကော်မတီမှ သူတို.အဖွဲ.အစည်းအတွင်းရှိ တက္ကသိုလ် ဝန်ထမ်းများအတွက် ကျင်းပသည့် ဆွေးနွေးပွဲသို. ကျွန်တော် တက်ရောက်ခဲ့သည် ။
အချက်အလက်အားလုံးကို စုစည်းပြီး၍ ၊ အခြေအနေကို သုံးသပ်ပြီးချိန်၌ ကျောင်းသားတို.၏ ဆန္ဒပြမှုများသည် လူထုလူတန်းစားအသီးသီး၏ ကျယ်ပြန်.သည့် ဂရုဏာသက်မှုကို ရရှိထားပြီး ဧပြီ ၂၆ အယ်ဒီတာ့အာဘော်နှင့် ဗဟိုကော်မတီ၏ ဆန္ဒပြမှုများကို ကိုင်တွယ်အရေးယူပုံများမှာ ပြည်သူများ၏ဆန္ဒနှင့် ဆန်.ကျင်နေကြောင်း ပို၍ပင် ယုံကြည်လာမိသည် ။ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ကြောင့် ဖြစ်လာသည့် တင်းမာမှုများကို လျော့သွားအောင် မဆောင်ရွက်ပါက ကျောင်းသားများသည် ခြိမ်းခြောက်ခံနေရသည်ဟု ဆက်လက်ခံစားနေရဦးမည်ဖြစ်ပြီး တင်းမာမှုများသည်လည်း လျော့မသွားပဲ ရှိနေဦးမည်ဖြစ်သည် ။
ကျောင်းသားဆန္ဒပြမှုများကို တွေ.ဆုံဆွေးနွေးခြင်းနှင့် တင်းမာမှုလျှော့ချရေး နည်းလမ်းများမှတစ်ဆင့် ဒီမိုကရေစီ အခြေခံသဘောတရားများနှင့်အညီ တရားဥပဒေနှင့်အညီ ဖြေရှင်းနိုင်ခဲ့လျှင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အပါအဝင် တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟုလည်း ကျွန်တော် ယုံကြည်မိသည်။ အခြားတစ်ဖက်တွင်မူ ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွင်းပါက နောက်ထပ် ဘူဇွာလစ်ဘရယ်ဆန်.ကျင်ရေး လှုပ်ရှားမှုတစ်ခု သေချာပေါက်ဆင်နွှဲလိမ့်မည် ၊ ယခင်ကထက်ပင် ပို၍ကြီးမားကျယ်ပြန်.သည့် အတိုင်းအတာဖြင့် ဆင်နွှဲလိမ့်မည် ။ ကွန်ဆာဗေးတစ်များ တစ်ကျော့ပြန်လာပြီး ပြုပြင်ပြောင်းလဲရေး အစီအစဉ်များသည် ရပ်တန်. သို.မဟုတ် နောက်ပြန်ပင် လှည့်သွားနိုင်သည် ။တရုတ်သမိုင်းသည်လည်း နောက်ထပ် မြွေလိမ်မြွေကောက် အချိုးအကွေ. ကာလတစ်ခုကို ဖြတ်သန်းရပေလိမ့်မည် ။ ဖြေရှင်းနည်း ၂မျိုးမှ လုံးဝဆန်.ကျင်နေသည့် ရလာဒ် ၂မျိုး ပေါ်ထွက်လာပေလိမ့်မည် ။
သို.သော် အရာအားလုံး၏ အခရာမှာ တိန်.ရှောင်ပင်း ကိုယ်တိုင်ပင်ဖြစ်သည် ။ သူသည် အခြေအနေကို အနည်းငယ် ပြေလျှော့သွားအောင် လုပ်နိုင်လိမ့်မည်ဟု ထိုအချိန်က ကျွန်တော် မျှော်လင့်ခဲ့သည် ။ ဥပမာအားဖြင့် “ဧပြီ ၂၅ ရက်နေ. လီပန်း အစီရင်ခံတင်ပြစဉ်က အခြေအနေများကို ကျွန်တော်တို. လွန်လွန်ကဲကဲ တုံ.ပြန်မိခဲ့သည် ။ ယခုအခါ၌မူ ကျောင်းသားဆန္ဒပြပွဲများမှာ ဤမျှလောက်ထိ ကြီးမားသည့် ပြဿနာများ မဟုတ်ကြောင်း ပေါ်လွင်လာသည်” စသည်ကဲ့သို. တစ်စုံတစ်ရာ ပြောကြားခြင်းဖြင့် တင်းမာမှုကို လျှော့ချနိုင်သည် ။ ဤကဲ့သို.သော အနေအထားဖြင့်သာ လုပ်ရကိုင်ရပါက ကျွန်တော်သည် တိန်.အပေါ်သို. မည်သည့်တာဝန်မျှ မကျရောက်စေပဲ အခြေအနေများကို ပြန်လှည့်၍ ထိန်းသိမ်းသွားနိုင်ပေလိမ့်မည် ။ ကျွန်တော်နှင့် တည်ဆဲပေါ်လစ်ဗျူရိုက တာဝန်ယူနိုင်ပါသည် ။
သို.သော် တိန်.က သူ၏အနေအထားကို လျှော့ချဖို. ငြင်းဆန်ခဲ့ပါက ကျွန်တော့်အနေဖြင့် တရားသေသမား ၂ယောက် (လီပန်းနှင့် ယော်ယီလင်)၏ သဘောထားကို မည်သို.မျှ ပြောင်းလဲနိုင်စွမ်းရှိမည် မဟုတ်ပါ ။သူတို.၏ သဘောထားကို မပြောင်းလဲပါက တည်ဆဲကော်မတီ အနေဖြင့် တင်းမာမှုများကို လျှော့ချဖို.နှင့် တွေ.ဆုံဆွေးနွေးမှုများ ပြုလုပ်ဖို. အခြေခံမူများကို အကောင်အထည်ဖော်ရန် ခက်ခဲပေလိမ့်မည် ။ တိန်.သည် ဤသို.သော ကိစ္စများနှင့်ပက်သက်၍ အမြဲတမ်းပင် တင်းမာသည့် သဘောထားရှိသည်ကို ကျွန်တော် ကောင်းစွာသတိပြုမိခဲ့သည် ။ ထို.အပြင် သူသည် လီပန်း၏ အစီရင်ခံစာကြောင့် အမှန်ကို မမြင်နိုင်ဘဲ မျက်စိမှိတ် ဘက်လိုက်နေရာ သူ၏အနေအထားကို ပြောင်းဖို. ကျွန်တော့်အတွက် အလွန်ပင် ခက်ခဲပါလိမ့်မည် ။
ကျွန်တော်သည် တိန်.နှင့်စကားပြောရန် ၊ သူ၏ထောက်ခံမှုကို ရရှိရန် စိတ်အားထက်သန်နေခဲ့သည် ။ တိန်.၏ အတွင်းရေးမှုး ဝမ်ရူလင်ထံသို. ဖုန်းဆက်၍ တိန်.နှင့်တွေ.ဆုံဆွေးနွေးခွင့် တောင်းခံရာ ဝမ်က တိန်.သည် သိပ်မကြာသေးခင်က နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း သူ၏ကျန်းမာရေး အခြေအနေကြောင့် ဂေါ်ဘာချော့ကို ကြိုဆိုခြင်း မပြုနိုင်မည့်အရေးကို စိတ်ပူမိကြောင်း ပြန်လည်ဖြေကြားခဲ့သည် ။ ဤသည်မှာ အမှန်တကယ်ပင် စိုးရိမ်စရာ ကိစ္စဖြစ်သည် ။ ထို.ကြောင့် ထိုအချိန်က တိန်.ထံသို. မည်သည့်အကြောင်းမျှ မတင်ပြရန် သူက ကျွန်တော့်ကို တောင်းဆိုခဲ့သည် ။ ကျွန်တော်သည် ယနေ.အချိန်ထိတိုင် ဝမ်ပြောခဲ့သည်တို.မှာ အမှန်ပင်ဖြစ်ကြောင်း ယုံကြည်နေဆဲရှိပါသေးသည် ။ တိန်.သည် ထိုစဉ်က အမှန်ပင် ကျန်းမာရေး မကောင်းခဲ့ပါ ။
မေလ ၂ ရက်နေ.၌ ကျွန်တော်၏ အကြံအစည်ကို ယန်မင်ဖူးအား ရှင်းပြပြီး ယန်ရှန်ကွမ်းအပါအဝင် အခြား တိန်.နှင့် နီးစပ်သူများမှတစ်ဆင့် တိန်.ထံသို. ဆက်သွယ်ရန် ပြောခဲ့သည် ။
ကျွန်တော်သည် မေလ ၃ ရက်နေ.တွင် ယန်ရှန်ကွမ်းအား သူ၏နေအိမ်၌ သွားရောက်တွေ.ဆုံခဲ့သည် ။ ယန်က ဝမ်ရူလင်နှင့် တိန်.၏ သားသမီးများနှင့် သူစကားပြောပြီးဖြစ်ကြောင်း ၊ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်၏ အနေအထားကို ပြောင်းပြန် ပြန်လှည့်ဖို. ခက်ခဲလိမ့်မည်ဟု သူတို.ကယူဆကြောင်း ၊ သို.သော် ၎င်းကို ထပ်၍မဖော်ပြတော့ဘဲ တဖြည်းဖြည်း ဖဲခွါခြင်းဖြင့် ၎င်းကို မှေးမှိန်သွားစေနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သူတို.က သူ.အားပြောခဲ့သည်ဟု ဆိုသည် ။ အကယ်၍ ကျွန်တော်က တိန်.အား ဖြောင်းဖြဖို. ကြိုးစားခဲ့ပါလျှင် သူ၏ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုရုံမျှသာရှိလိမ့်မည် ၊ ထိုသို.ဖြစ်ခဲ့ပါက နောင်အချိန်တွင် အခြေအနေများကို ပြန်လှည့်ဖို. ပို၍ပင် ခက်ခဲသွားနိုင်သည်ဟု သူတို.က ပြောကြသည် ။
“ခင်ဗျားတို.လို ရှေ.တန်းမျက်နှာစာမှာ ရှိနေတဲ့ လူတွေက အခြေအနေတွေကို တဖြည်းဖြည်းချင်း ပြန်လှည့်သွားနိုင်ပါတယ်”ဟု ယန်က ပြောခဲ့သည် ။ ယန်ရှန်ကွမ်းက အခြား တည်ဆဲကော်မတီ အဖွဲ.ဝင်များကို မေတ္တာရပ်ခံမည်ဟုလည်း ပြောသည် ။ ထိုနေ.၌ပင် ကျွန်တော့်အိမ်သို. ယန်မင်ဖူး ရောက်လာပြီး ဗဟိုကော်မတီမှ တာဝန်ရှိသူများ အနေဖြင့် အခြေအနေပေါ်မူတည်၍ ကျောင်းသားလှုပ်ရှားမှုများကို ၎င်းတို.သင့်တော်မည်ထင်သည့် နည်းလမ်းများဖြင့် ဖြေရှင်းသင့်သည်ဟု ဝမ်ရူလင်နှင့် တိန်.၏ သားသမီးများက ပြောကြားကြောင်း သူက ကျွန်တော့်ကို ပြောပြသည် ။ အကယ်၍ ထိုစဉ်က တိန်.နှင့်ဆွေးနွေးဖြစ်လျှင်လည်း သူ.အနေဖြင့် သဘောမတူရုံမျှသာ ရှိလိမ့်မည်။ ထိုသို.ဖြစ်ခဲ့ပါက ကျွန်တော်တို.သည် အခြေအနေကို ပို၍ဆိုးသွားစေရန် လုပ်လိုက်သလိုသာ ဖြစ်ပေလိမ့်မည် ။
ထို.နောက်ပိုင်း နေ.ရက်များ၌ အခြေအနေ အရပ်ရပ်သည် ဤမှေးမှိန်သွားစေခြင်းနှင့် တဖြည်းဖြည်းချင်း ပြောင်းလဲယူခြင်းဆိုသည့် အယူအဆအတိုင်း မှန်မှန်တိုးတက်လာခဲ့သည် ။ ကျွန်တော်၏ မေလ ၄ ရက် မိန်.ခွန်းသည်လည်း ဤအယူအဆအပေါ် အခြေခံထားသည် ၊ မိန်.ခွန်း၏ သဘောသွားသည် ဧပြီ ၂၆ အယ်ဒီတာ့အာဘော်နှင့် သိသိသာသာ ကွဲပြားသည် ၊ သို.သော် ၎င်းနှင့် တိုက်ရိုက်ဆန်.ကျင်သည့် စကားလုံးတို.ကို ကျွန်တော် မသုံးစွဲခဲ့ပေ ။
မေလ ၄ရက် မိန်.ခွန်းအပြီး၌ ယန်ရှန်ကွမ်းက အခြားတည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အဖွဲ.ဝင်များနှင့် သူဆွေးနွေးခဲ့သည့် ရလာဒ်များကို ကျွန်တော့်အား ပြောပြသည် ။ ဟူကျိလီနှင့် ကျိုရှီတို.က ဖြေရှင်းနည်းအသစ်ကို သဘောတူကြပြီး လီပန်းနှင့် ယော်ယီလင်တို.က ကန်.ကွက်ကြသည် ။ ရဲဘော်ဝမ်လီ(သူ.ကို ကျွန်တော် တိုက်ရိုက်ဆွေးနွေးခဲ့သည်)က ဖြေရှင်းနည်း အသစ်ကို လုံးဝသဘောတူသည် ။ ဤအချက်က တည်ဆဲကော်မတီ အဖွဲ.ဝင်များနှင့် တည်ဆဲကော်မတီ အစည်းအဝေး တက်ရောက်ကြသူများအနက် အများစုက ကျွန်တော့်ကို ထောက်ခံကြောင်း ဆိုလိုပေသည် ။
ယန်က (ဩဇာကြီးမားသည့် ပါတီဝါရင့်ကြီး) ပန်ဇန်းနှင့်လည်း ဆွေးနွေးခဲ့ကြောင်း ၊ သူက ကျွန်တော်၏ ရပ်တည်ချက်ကို ခြွင်းချက်မရှိ ထောက်ခံကြောင်းလည်း ကျွန်တော့်ကို ပြောပြသည် ။ နောက်ပိုင်း၌ အကယ်၍ တိန်.က တစ်ယောက်ယောက်ကို အပြစ်ပုံချဖို. ရှာဖွေခဲ့ပါက “တာဝန်အားလုံးကို ကျိယန်တစ်ယောက်တည်း ခေါင်းခံဖို. ပစ်မထားသင့်ကြောင်း” ၊ သူနှင့်ယန်တို.လည်း တာဝန်ကို မျှယူသင့်ကြောင်း ပန်ကသူ.ကို ပြောခဲ့သည်ဟု ဆိုသည် ။ ဤသည်မှာ ကျွန်တော့်အပေါ်ထောက်ခံကြောင်း ဆုံးဖြတ်ချက်ကို သူဖော်ပြသည့်နည်းဖြစ်ပေသည် ။
ကျွန်တော်ပြန်မလာခင် ဘေဂျင်းပါတီကော်မရှင်က မာရှယ်လောထုတ်ပြန်ဖို. အဆိုပြုချိန်၌ “ကျွန်တော်တို.ရဲ. မြို.တော်မှာ မာရှယ်လောထုတ်တာကို ကျန်တဲ့ကမ္ဘာကြီးကို ဘယ်လိုရှင်းပြကြမလဲ”ဟု ယန်ရှန်ကွမ်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည် ။ ယန်ရှန်ကွမ်းသည် မာရှယ်လောထုတ်ပြန်ဖို. တိန်.မဆုံးဖြတ်မှီက ကျောင်းသားဆန္ဒပြမှုများ အပေါ်တွင် အလယ်အလတ် သဘောထားရှိခဲ့သည်ဟု ကျွန်တော်ယုံကြည်ပါသည် ။
မေလ ၄ရက်နေ.၌ အာရှဖွံ.ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်အဖွဲ.ကို ကျောင်းသားဆန္ဒပြမှုများနှင့် ပက်သက်၍ မိန်.ခွန်းတစ်ခု ကျွန်တော် ပြောခဲ့သည် ။ မိန်.ခွန်းကို ပေါက်တုန်က ကျွန်တော့် အမြင်များနှင့်အညီ ရေးသားခဲ့သည် ။
ဤမိန်.ခွန်း၌ ပြဿနာများကို တည်ငြိမ်စွာ ၊ ကျိုးကြောင်းဆီလျော်စွာ ၊ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဒီမိုကရေစီ၏ အခြေခံသဘောတရားများနှင့်အညီ၊ တရားဥပဒေနှင့်အညီ စနစ်တကျ ဖြေရှင်းရန် လိုအပ်ကြောင်း သတင်းစကားပါးခဲ့သည် ။ ကျောင်းသားဆန္ဒပြသူများသည် ပါတီနှင့်ပက်သက်၍ သူတို.၏ ထောက်ခံမှုနှင့် အားမလိုအားမရ မကျေနပ်မှု နှစ်ခုစလုံးကို ဖော်ထုတ်ခဲ့ကြကြောင်း ၊ သူတို.သည် ကျွန်တော်တို. စနစ်ကြီးတစ်ခုလုံး၏ အခြေခံများကို ဆန်.ကျင်နေခြင်းမဟုတ်ကြောင်း ကျွန်တော်က ထောက်ပြခဲ့သည် ။ ဤအစား သူတို.သည် ကျွန်တော်တို.၏ ချွက်ယွင်းချက်များကို ပြုပြင်ဖို. တောင်းဆိုနေခြင်းမျှသာဖြစ်သည် ။ ဤမျှအတိုင်းအတာထိကြီးမားသည့် ဆန္ဒပြမှုများ၌ အချို.သောသူများက သူတို.၏ ကိုယ်ပိုင်အကျိုးစီးပွါးအတွက် အခြေအနေများကို ကြိုးကိုင်ထိန်းချုပ်လိုကြမည်ကို ထည့်မတွက်၍ မရကြောင်း သို.သော် ဤအချက်က တရုတ်ပြည်အတွင်း အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ကြောင်းဖြင့်လည်း ကျွန်တော်ပြောခဲ့သည်။
ဤမိန်.ခွန်းအပြီး၌ ပြည်တွင်းပြည်ပ နေရာအသီးသီးမှ ကျယ်ပြန်.၍ အပြုသဘောဆောင်သည့် တုံ.ပြန်ချက်များ လက်ခံရရှိခဲ့သည် ။
မေလ ၅ရက်နှင့် ထို.နောက်ပိုင်းနေ.ရက်များ၌ ဘေဂျင်းရှိ တက္ကသိုလ်များတွင် အတန်းများ ပြန်စတက်ကြသည်။ ဟောင်ကောင်ရှိ စင်ဟွာသတင်းဌါန၏ ဒါရိုက်တာ ဇူကြားတန်(ထိုအချိန်က သူ ဘေဂျင်းတွင် ရောက်နေသည်)က ကျွန်တော့်ထံသို. လက်ရေးဖြင့်ရေးထားသည့် စာတစ်စောင် ပို.လာသည် ။ ထိုစာ၌ မေလ ၄ရက်နေ.တွင် ယန်ရှန်ကွမ်းနှင့်သူ တွေ.ခဲ့ကြစဉ် ယန်က ကျွန်တော်၏ မိန်.ခွန်းကို အပြည့်အဝ ထောက်ခံကြောင်း ပြောသည်ဟု သူက ရေးထားသည်။
ဤကဲ့သို. ကျယ်ကျယ်ပြန်.ပြန်. ထောက်ခံမှု ရရှိနေသည့် အချိန်၌ မေလ ၄ရက်နေ. ညနေခင်းတွင် ကျွန်တော့်အိမ်သို. လီပန်းရောက်လာပြီး ကျွန်တော်၏ မိန်.ခွန်းကို ချီးကျူးသည် ။ သူက အာရှဖွံ.ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များနှင့်သူ တွေ.ဆုံသည့်အခါ၌ ကျွန်တော်ဖော်ပြခဲ့သည့် အချို.အကြောင်းအရာများကို ဆက်လက်၍ ရှင်းလင်းသွားမည်ဟု ပြောသည်။ သို.သော် ကျွန်တော်က ဧပြီ ၂၆ အယ်ဒီတာ့အာဘော်သည် ပြဿနာဖြစ်ကြောင်း ပြောရာ သူက သဘောမတူပေ။
အထက်တွင် ဖော်ပြခဲ့သကဲ့သို. တိန်.ရှောင်ပင်းကို ကျွန်တော် တွေ.ခွင့်မရနိုင်သောကြောင့် အခြားရဲဘော်များနှင့် ဆွေးနွေးတိုင်ပင်၍ အခြေအနေကို ဖြည်းဖြည်းချင်း ပြန်လှည့်ဖို. ကြိုးစားခဲ့သည်။ အမှန်တကယ်လည်း အခြေအနေက တဖြည်းဖြည်းချင်း ပြန်ကောင်းလာခဲ့သည်။ ဤဖြေရှင်းနည်းကို ကျင့်သုံးချိန်မှစ၍ အခြေအနေက ပို၍ငြိမ်သက်လာပြီး ကျောင်းသားများ သူတို.၏ စာသင်ခန်းများသို. ပြန်လည်တက်ရောက်လာကြသည်။ သို.သော်လည်း သူတို.က နောက်ထပ်ဘာဖြစ်လာမည်လဲဟု စောင့်နေကြခြင်းသာဖြစ်သည်။ ဆိုလိုသည်မှာ မေလ ၄ရက် မိန်.ခွန်း၌ ဖော်ပြခဲ့သော ကတိစကားတို.ကို မည်ကဲ့သို. အကောင်အထည် ဖော်မည်လဲဟု စောင့်နေကြခြင်း ဖြစ်ပေသည်။
ဤကဲ့သို. ငြိမ်သက်နေသည့် အချိန်သည် ကျောင်းသားများ အခြားလူမှုရေးအဖွဲ.များနှင့် တွေ.ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်၊ ကျောင်းသားများ နက်နက်ရှိုင်းရှိုင်း ပူပန်နေသည့် ကိစ္စများအား တုံ.ပြန်ရန် ၊ ကျောင်းသားများ၏ ကျိုးကြောင်းဆီလျော်သည့် အချို.သော အယူအဆများကို လက်ခံအကောင်အထည်ဖော်ရန် စသည့် တက်ကြွသည့် လှုပ်ရှားမှုများ ပြုလုပ်ရန် အကောင်းဆုံး အချိန်ဖြစ်သည်ဟု ကျွန်တော် တွေးမိသည်။ ဤသည်တို.မှာ ပွင့်လင်းသည့် တွေ.ဆုံဆွေးနွေးမှုများနှင့် တင်းမာမှုများ လျှော့ချရေးသို. ဦးတည်နေသည့် ခိုင်မာသော လုပ်ဆောင်ချက်များ ဖြစ်ပေလိမ့်မည်။
ကျွန်တော်နှင့် အခြား တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အဖွဲ.ဝင်များ ၊ တည်ဆဲကော်မတီ အစည်းအဝေး တက်ရောက်ခဲ့သူများက ဤအလှည့်အပြောင်းကို အကျိုးသက်ရောက်မှုရှိစေဖို. တက်တက်ကြွကြွ ကြိုးစားနေကြစဉ်၌ လီပန်းနှင့် သူ၏အဖွဲ.က မေလ ၄ရက် မိန်.ခွန်း၌ အဆိုပြုခဲ့သည့် တွေ.ဆုံဆွေးနွေးမှုများနှင့် တင်းမာမှုများ လျှော့ချရန် နည်းလမ်းများကို အကောင်အထည် မဖော်နိုင်စေရန် ဤဖြစ်စဉ်ကို ဟန်.တားဖို.၊ နှောင့်နှေးကြန်.ကြာစေဖို.၊ တမင်ဖျက်ဆီးဖို.ပင် တက်ကြွစွာ ကြိုးစားနေကြသည်။
ထိုအတောအတွင်း အကျင့်ပျက်ခြစားမှု၊ အစိုးရ၏ မြင်သာထင်သာရှိမှု၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးမှု၊ ပြည်သူလူထုက အစိုးရကို စိစစ်နိုင်မှု အစရှိသည့် ပြည်သူအများ၏ စိုးရိမ်ပူပန်မှုများ၊ ကျောင်းသားများ တင်ပြလာသည့် ပြဿနာများနှင့် ပက်သက်၍ တက်ကြွသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဖို. လိုအပ်သည်။ ကျွန်တော်က ပြည်သူ.ကွန်ဂရက်၏ လက်အောက်၌ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ.စည်းရန် အကြံပြုခဲ့သည် ။ ထိုကော်မရှင်က တိုင်ကြားစာများကို လွတ်လပ်စွာ လက်ခံပြီး ပါတီထိပ်ပိုင်း ခေါင်းဆောင်မိသားစုများ၏ တရားဥပဒေနှင့် မညီသည့် လုပ်ရပ်များကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။ ဤနည်းအားဖြင့် အစိုးရကို စိစစ်နိုင်မည့် ပြည်သူလူထု၏ အခွင့်အရေးကို ပို၍အားကောင်းလာစေမည်၊ အစိုးရ၏ မြင်သာထင်သာရှိမှု တိုးတက်လာစေပြီး သတင်းမီဒီယာနှင့် ဆန္ဒပြမှုများနှင့် ပက်သက်သည့် ဥပဒေများ ထုတ်ပြန်သည့် လုပ်ငန်းစဉ်များ မြန်ဆန်လာစေမည်၊ ပြည်သူလူထု၏ ဒီမိုကရက်တစ် အခွင့်အရေးများကို သီးသန်.ဥပဒေများဖြင့် အကာအကွယ်ပေးထားသည့် ကမ္ဘာတစ်လွှား လက်ခံကျင့်သုံးနေသည့် အလေ့အထကိုလည်း လက်ခံဖော်ဆောင်နိုင်မည်ဖြစ်သည်။
ထို.ပြင် ကျွန်တော်က အကျင့်ပျက်ခြစားမှုများဖြင့် ပြည့်နေသည်ဟု ယူဆရသည့် အဓိကကော်ပိုရေးရှင်းကြီးများ၏ စာရင်းစစ်ဆေးမှုများကို ကြားနာဖို. တည်ဆဲ ပြည်သူ.ကွန်ဂရက် အစည်းအဝေးခေါ်ရန် အဆိုပြုခဲ့သည်။ ပြည်သူများ၏ စိတ်ထဲ၌ ပြည်သူ.ကွန်ဂရက်သည် ပါတီနှင့် အစိုးရထက်ပို၍ မြင်သာထင်သာရှိသည်ဟု ယုံကြည်ကြသောကြောင့် ကျန်သည့် အစီအစဉ်အားလုံးနှင့် စုံစမ်းစစ်ဆေးမှုများကို ပြည်သူ.ကွန်ဂရက်က စီမံခန်.ခွဲရန် ကျွန်တော်က တင်ပြခဲ့သည်။
ကျွန်တော်၏ ယေဘုယျ ဖြေရှင်းနည်းသည် ပြည်သူအများ ပူပန်နေသည့် ကဏ္ဍများ၌ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန်ဖြစ်သည်။ ဤနည်းအားဖြင့် ပြည်သူများနှင့် ကျောင်းသားများ အကြား၌ ရှိနေသည့် မကျေနပ်မှုများကို လျှော့ချနိုင်မည်၊ ကျောင်းသား ဆန္ဒပြမှုများကို လျှော့ချ၍ အဆုံးသတ်နိုင်မည် တစ်ပြိုင်တည်းမှာပင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်နိုင်မည့် အခွင့်ကောင်းတစ်ခုကိုလည်း ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။ ဤပြဿနာများကို သီးသန်.ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် ပြည်သူ.ကွန်ဂရက်ကို နိုင်ငံ၏ အမြင့်ဆုံးအာဏာပိုင်အဖြစ် ၎င်း၏ရှိသင့်ရှိထိုက်သော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နိုင်စေမည်ဖြစ်ပြီး ကျောင်းသားတို.၏ အာရုံကိုလည်း အခြားနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဆီသို. ဦးတည်ပေးနိုင်ပေလိမ့်မည်။
မေလ ၁၃ရက်နေ.၌ ယန်ရှန်ကွမ်းနှင့်ကျွန်တော် တိန်.ရှောင်ပင်း၏ ဂေဟာသို. ဂေါ်ဘာချော့၏ ခရီးစဉ်ကိစ္စ သွားရောက်ဆွေးနွေးကြစဉ်အတွင်း ကျောင်းသားဆန္ဒပြမှုများနှင့် ပက်သက်သည့် နောက်ဆုံးအခြေအနေများကိုလည်း ကျွန်တော် တင်ပြခဲ့သည်။ တွေ.ဆုံဆွေးနွေးရေး၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာရှိရေး တို.နှင့်ပက်သက်သည့် ကျွန်တော့်အယူအဆများကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။ မူအားဖြင့် သူသဘောတူပြီး “စုပေါင်းအားထုတ်မှုတစ်ခု ဖြစ်လာစေရန်၊ အကျင့်ပျက် ခြစားမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အခွင့်အလမ်းကို ဆုပ်ကိုင်ဖို. လိုအပ်ကြောင်း”သူက ပြောခဲ့သည်။ ပွင့်လင်းမြင်သာရှိမှုကို မြှင့်တင်ဖို. လိုအပ်ကြောင်းလည်း သူကပြောသည်။
ထိုအချိန်က ထိပ်ပိုင်းခေါင်းဆောင်များ၏ သားသမီးများက အစိုးရဌါနပိုင် ရင်းမြစ်များကို အသုံးပြု၍ စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း ကောလာဟလများ ပြန်.နှံ.နေသည်။ ကောလာဟလ အများအပြားက ကျွန်တော်၏ သားသမီးများကို စွပ်စွဲကြသည်။ ထို.အကြောင်းကြောင့် မေလ ၁ရက်နေ. နေ.ခင်းပိုင်း၌ပြုလုပ်သည့် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အစည်းအဝေး၌ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင်နှင့် ကြီးကြပ်ရေးဝန်ကြီးဌါနတို.အား ကျွန်တော်၏ မိသားစုဝင်များကို စုံစမ်းစစ်ဆေးရေး အမှုဖွင့်ဖို. ပေါ်လစ်ဗျူရိုမှ အမိန်.ထုတ်ပြန်ရန် ကျွန်တော် အဆိုပြုခဲ့သည်။ နောက်ပိုင်း၌ ပေါ်လစ်ဗျူရိုသို. ကျွန်တော်၏ အဆိုပြုချက်အား အတည်ပြုပေးဖို. တောင်းဆိုသည့် စာတစ်စောင်ကို တရားဝင် ပို.ခဲ့သည်။
နောက်ထပ် ကျောင်းသားတို. ကြောင့်ကြမကင်းသည့် အရာမှာ သတင်းစာ လွတ်လပ်ခွင့် ဖြစ်သည်။ မေလ ၆ရက် ရဲဘော်ဟူကျိလီ (တည်ဆဲပေါ်လစ်ဗျူရိုအဖွဲ.ဝင်)၊ ရဲဘော်ရူဇင်းဝမ် (ဗဟိုကော်မတီ အတွင်းရေးမှုးအဖွဲ.ဝင်) တို.နှင့် ပြုလုပ်သည့် သတင်းစာ မူဝါဒ ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်သည့် ဆွေးနွေးပွဲ၌ သတင်းစာဥပဒေသစ် ပြုစုချိန်၌ သတင်းရေးသားတင်ပြမှု၊ အယ်ဒီတာ့အာဘော်နှင့် သတင်းတိုက်ရိုက်ထုတ်လွှင့်မှု စသည်တို.နှင့် ပက်သက်သည့် ကန်.သတ်မှုများကို လျှော့ချဖို. ထည့်သွင်းစဉ်းစားရန် ကျွန်တော်က အဆိုပြုခဲ့သည်။
မေလ ၃ရက်နေ.၌ တည်ဆဲပြည်သူ.ကွန်ဂရက်ကော်မတီ ဥက္ကဌ ဝမ်လီ၏ နေအိမ်သို.သွားရောက်၍ ဆန္ဒပြမှုများအကြောင်း သူနှင့်ဆွေးနွေးခဲ့သည်။ ကျောင်းသားဆန္ဒပြမှုများကို ခေတ်မမှီတော့သည့် လူတန်းစားတိုက်ပွဲဦးစားပေး ကာလများအတွင်းက အတွေးအခေါ်များကို အခြေခံ၍ အချို.သော ခေါင်းဆောင်ပိုင်းမှ အလွန်အကျွံ တုံ.ပြန်ခဲ့ကြကြောင်း ကျွန်တော်က ဝေဖန်ခဲ့သည်။ အချိန်ကာလများ ပြောင်းလဲသွားခဲ့ပေပြီ၊ ခေတ်ကာလ၏ တောင်းဆိုချက်နှင့်အညီ ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးမှုကို အခြေခံသည့်ခေတ်၏ တိမ်းညွတ်မှုနှင့် တစ်ထပ်တည်းကျရန် ဤအတွေးအခေါ်တို.ကို ပြောင်းလဲပစ်ဖို. လိုအပ်သည်။ ကျွန်တော်၏ ဆွေးနွေးချက်ကို သူက လုံးဝထောက်ခံခဲ့ပြီး တီယန်ဂျင်းနှင့် ဘေဂျင်းမှ ခေါင်းဆောင်အများအပြားက ကျောင်းသားဆန္ဒပြမှုများနှင့် ပက်သက်၍ ဗဟိုကော်မတီသည် အလွန်ပျော့ညံ့လွန်းကြောင်း သူ.ထံသို. မကျေမနပ် တင်ပြကြသည်ဟု သူကပြောသည်။ အလုပ်ခွင်အတွင်းရှိ ဤအတွေးအခေါ်ဟောင်း၏ နောက်ထပ်ဥပမာတစ်ခုဖြစ်သည်။ ဤပြဿနာများကိုလည်း ဖြေရှင်းဖို.လိုအပ်ကြောင်း သူကအကြံပြုခဲ့သည်။
မေလ ၈ရက်နေ.တွင် ပြုလုပ်သည့် တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေး သို.မဟုတ် မေလ ၁၀ ရက်နေ. ပေါ်လစ်ဗျူရို အစည်းအဝေး (မည်သည့်အစည်းအဝေး ဆိုသည်ကို ကျွန်တော်မမှတ်မိတော့ပါ) အတွင်း၌ ဒီမိုကရေစီစနစ်သို. ဦးတည်သည့် ကမ္ဘာ.တိမ်းညွတ်မှုလမ်းကြောင်းကို လိုက်ရေး၊ ဆန္ဒပြမှုများအတွင်း ကျောင်းသားများ တောင်းဆိုသည့် အချက်များကို သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းရေးတို.နှင့် ပက်သက်၍ အလွန်ကောင်းသည့် အကြံဥာဏ်များ သူကပေးခဲ့သည်။ တည်ဆဲအမျိုးသားကွန်ဂရက်ကော်မတီ အစည်းအဝေးကို သူကျင်းပစဉ်၌ ပေါ်လစ်ဗျူရိုသို. တင်ပြခဲ့သည့် ကျွန်တော်၏ အဆိုပြုချက်ကို သူက အပြည့်အဝ ထောက်ခံကြောင်း ပြသခဲ့သည်။ သူက နောက်ထပ်အစည်းအဝေးကိုလည်း မကြာမှီအတွင်း၌ ကျင်းပရန် ရက်သတ်မှတ်ခဲ့ပြီး ဆွေးနွေးမည့် အကြောင်းအရာများ စာရင်း၌ ဤကိစ္စတို.ကို ထည့်သွင်းခဲ့သည်။
မေလ ၉ ရက်နေ.တွင် ကျွန်တော့်အိမ်သို. ဝမ်လီရောက်လာပြီး ကနေဒါနှင့် အမေရိကားသို. သူခရီးသွားရမည့်အကြောင်း ပြောသည်။ သူခရီးမထွက်မှီအတွင်း တိန်.ရှောင်ပင်းနှင့်တွေ.၍ ဤကိစ္စများအကြောင်း ဆွေးနွေးဖို. သူစဉ်းစားမိကြောင်း သို.သော် ဤသို.လုပ်ရန် အချိန်မရှိတော့ကြောင်း သူကဆိုသည်။ ကနေဒါနှင့် အမေရိကား၌ ရှိနေစဉ်အတွင်း အခါများစွာ၌ သူက ကျောင်းသားလှုပ်ရှားမှုများကို မျိုးချစ်စိတ်ရှိသော၊ ဒီမိုကရက်တစ်ဖြစ်သော လှုပ်ရှားမှုဟု ခေါ်ဝေါ်သုံးနှုန်းပြီး ချီးမွမ်းခဲ့သည်။
ကျောင်းသားဆန္ဒပြမှုများနှင့် ပက်သက်၍ ဝမ်လီနားလည် လက်ခံခဲ့သည့် သဘောထားမှာ မတော်တဆ တိုက်ဆိုင်မှု မဟုတ်ပါ။ သူသည် ဒီမိုကရေစီစနစ်သို. လမ်းဖွင့်ဖို. အမြဲတမ်း ယုံကြည်ခဲ့ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အစဉ်သဖြင့် ထောက်ခံခဲ့သူဖြစ်သည်။ သူသည် ၁၉၈၇ ခုနှစ်အတွင်းက ဆင်နွှဲခဲ့သည့် လစ်ဘရယ်ဝါဒ ဆန်.ကျင်ရေးလှုပ်ရှားမှုကို ကန်.ကွက်ခဲ့ပြီး ဒီမိုကရေစီနည်းလမ်းများကို ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကျင့်သုံးခြင်းနှင့် ပက်သက်သည့် အကြောင်းများကို မိန်.ခွန်းများစွာ ပြောခဲ့သူဖြစ်သည်။ ဗဟိုကော်မတီ၏ အသက်ကြီးပိုင်း ခေါင်းဆောင်များအကြား၌ သူသည် ပြုပြင်ပြောင်းလဲရေးကို အားတက်သရော ထောက်ခံသူ တစ်ဦးဖြစ်သည်။
လီပန်း၊ ယော်ယီလင်နင့် ဘေဂျင်းမြူနီစီပယ်မှ လီရှင်မင်းတို.သည် ကျွန်တော်၏ အဆိုပြုချက်များကို အကောင်အထည် မဖော်နိုင်စေရန် ပိတ်ဆို.၊ ဆန်.ကျင်၍ နှောင့်နှေးကြန်.ကြာစေရန် အပြင်းအထန် ကြိုးစားကြသည်။ သူတို.က ကျွန်တော်၏ မေ ၄ ရက်မိန်.ခွန်းကို ပေါ်ပေါ်ထင်ထင် ဆန်.ကျင်မှုမပြုကြပေ၊ ချီးကျူးသည့် စကားအနည်းငယ်ကိုပင် ပြောခဲ့ကြသေးသည်။ သို.သော် တကယ်တမ်းတွင် သူတို.က ၎င်းကို ပုံဖျက်ဖို. အပြင်းအထန် အားထုတ်နေကြပေသည်။
သူတို.က ကျွန်တော်၏ မိန်.ခွန်းသည် အမှန်စင်စစ်၌ သူတို.၏ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်နှင့် ရှုထောင့်အနည်းငယ် ပြောင်းကြည့်ရုံမှတစ်ပါး သဘောချင်းထပ်တူပင်ဖြစ်ကြောင်း အခိုင်အမာ ပြောကြသည်။ ထို.နောက် သူတို.က နိုင်ငံတော်ကောင်စီက ကြီးမှုးကျင်းပသည့် တက္ကသိုလ်များစွာမှ ပါတီအကြီးအကဲများ တက်ရောက်သည့် အစည်းအဝေး၌ ကျောက်၏မိန်.ခွန်းမှာ သူ၏ပုဂ္ဂိုလ်ရေးအမြင်ကို ကိုယ်စားပြုခြင်းသာဖြစ်ပြီး ဗဟိုကော်မတီ၏ သဘောထား မဟုတ်ကြောင်း မှတ်ချက်တစ်ခု ဖြန်.ချိရန် (နိုင်ငံတော် ပညာရေးကော်မရှင် ဒုတိယ ဝန်ကြီး) ဟီဒုန်ချန်းအား တောင်းဆိုကြသည်။ ဤသတင်းသည် ကျောင်းသားများ အကြား၌ လျှင်မြန်စွာ ပျံ.နှံ.သွားခဲ့သည်။
သူတို.သည် ကျောင်းသားများနှင့် ဆွေးနွေးသည့် မည်သည့် တွေ.ဆုံဆွေးနွေးမှုမျိုးကိုမဆို ဆန်.ကျင်ရန်၊ နှောင့်နှေးကြန်.ကြာစေရန် ပို၍ပင် ပြင်းထန်စွာ ကြိုးစားလာကြသည်။ နဂိုမူလက တွေ.ဆုံဆွေးနွေးမှုနှင့် ပက်သက်သည့် အစီအစဉ်မှာ ကျောင်းသားဆန္ဒပြသူများနှင့် တိုက်ရိုက် တွေ.ဆုံရန်ဖြစ်သည်။ သို.သော် သူတို.က ဆန္ဒပြပွဲများအတွင်းမှ ပေါ်ထွက်လာသည့် မည်သည့် ကျောင်းသားအဖွဲ.အစည်းကိုမျှ ပါဝင်ခွင့်မပြုနိုင်ဟု ငြင်းပယ်ရုံမျှသာမက ကျောင်းသားများအား သူတို.၏ ကိုယ်စားလှယ်များကို သူတို.ကိုယ်တိုင် ရွေးချယ်ခွင့်ကိုပင် ငြင်းပယ်ကြသည်။ သူတို.က တရားဝင် ကျောင်းသားအဖွဲ.အစည်းများမှ ကျောင်းသားများကိုသာ ပါဝင်ခွင့်ပြုနိုင်ကြောင်း အကျောက်အကန် ပြောကြသည်။ ဤသည်မှာ မည်သို.မျှ ကျောင်းသားဆန္ဒပြသူများ၏ ကိုယ်စားလှယ် မဖြစ်နိုင်တော့ပေ။ တွေ.ဆုံဆွေးနွေးရေးကို ဤနည်းဖြင့် ပြုလုပ်ခြင်းသည် တွေ.ဆုံဆွေးနွေးရေး တစ်ခုလုံးကို ငြင်းပယ်ခြင်းပင် မဟုတ်ပါလော။ တွေ.ဆုံဆွေးနွေးမှုများ ပြုလုပ်ရာ၌လည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု၊ သို.မဟုတ် ကွဲလွဲသော အယူအဆများကို ရိုးသားသည့် သဘောထားနှင့် ရှာဖွေခြင်းမျိုး မရှိကြပေ။ ထို.အစား သူတို.သည် ပါးစပ်ပြောမျှသာ လုပ်နေကြသည်၊ သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားသတင်းထောက်များအား ဆက်ဆံသည့်နည်းအတိုင်းပင် သူတို.အတွက် နိုင်ငံရေးအရ အကျိုးရှိအောင် ပုံဖမ်းပြနေခြင်းသာဖြစ်သည်။ ဤအချက်က ကျောင်းသားများအား သူတို.နှင့် တွေ.ဆုံဆွေးနွေးရန် အစိုးရ၏ ကမ်းလှမ်းမှုမှာ လုံးဝရိုးသားမှုမရှိဟု ထင်မြင်စေခဲ့သည်။
ဤအပြုအမူကို ကျွန်တော် အကြိမ်ပေါင်းများစွာ ဝေဖန်ခဲ့သည်၊ သို.သော် ဝေဖန်ချက်ကို လျစ်လျူရှုခဲ့ကြသည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ထင်သာမြင်သာရှိမှု မြှင့်တင်ရေးအတွက် ကြိုးစားမှုများ၌မူ သူတို.က ပို၍ပင် ပေါ့လျော့ကြသည်။ လီပန်းက တည်ဆဲပြည်သူ.ကွန်ဂရက် အစည်းအဝေး၌ ဤအစီအစဉ်တို.ကို ထည့်သွင်းဆွေးနွေးရန်ကိုပင် ကန်.ကွက်ခဲ့သည်။ သူက ကျွန်တော့်ကို သီးသန်.တကူးတက ဖုန်းဆက်၍ ဤအကြောင်းအရာတို.ကို အစီအစဉ်မှ ပယ်ဖျက်ရန် ပြောခဲ့သည်။
ထိုအကြောင်းများကြောင့်ပင် ကျောင်းသားများ ကျောင်းပြန်တက်ပြီး ရက်ပေါင်းများစွာ ကြာသည်အထိ အစိုးရက အရေးယူဆောင်ရွက်မှုများကို အမှန်တကယ် မည်သို.ပြုလုပ်မည်ကို ကျောင်းသားများ မသိနိုင်ကြခြင်းဖြစ်သည်။ တွေ.ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းသည်လည်း သူတို.ကို ဘေးဖယ်ထားဖို.သာ ရည်ရွယ်သည်ဟု ထင်ရသည်။ အမှန်တကယ်လည်း ပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်၍ ခိုင်မာသည့် အရေးယူမှုများ မပြုလုပ်ခဲ့ပါ။ ဤသို.ဖြင့် ကျွန်တော်၏ မေလ ၄ ရက် မိန်.ခွန်းအပေါ်တွင်လည်း သံသယများ ကြီးထွားလာခဲ့ပေသည်။ ပို၍ပြင်းထန်သည့် ထိပ်တိုက်တွေ.မှု တစ်ခုသည်လည်း ရှောင်လွှဲ၍ မရနိုင်တော့ပေ။
ယခုအခါ ကျွန်တော်တို.သည် “မည်သည့်အတွက်ကြောင့် ကျောင်းသားလှုပ်ရှားမှုများ ဤမျှထိ ကာလကြာရှည်စွာ ဆက်လက်ဖြစ်ပွါးနေရသနည်း”ဆိုသည့် မေးခွန်းကို ဖြေရပေတော့မည်။
သူတို.က ကျွန်တော်၏ မေလ ၄ ရက်မိန်.ခွန်းသည် ဗဟိုကော်မတီအတွင်း “အသံနှစ်သံထွက်နေပြီး” စိတ်ဝမ်းကွဲပြားမှုကို ဖော်ပြနေသည်ဟု ပြောကြသည်။ လုံးဝမမှန်ပါ။ တကယ့်အဖြစ်မှန်မှာ - တင်းမာမှုများ လျှော့ချရန်၊ တွေ.ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်၊ ပြဿနာများကို ဒီမိုကရေစီနည်းနှင့် တရားဥပဒေအရ ဖြေရှင်းရန်၊ အရေးတကြီး အပူတပြင်း ဆောင်ရွက်ရမည့် ကိစ္စများကို စတင်ကိုင်တွယ်၍ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဆက်လက်ဖော်ဆောင်ရန်-စသည့် ကျွန်တော် မြောက်ကိုရီးယားမှ ပြန်ရောက်အပြီး ချမှတ်ထားသည့် လမ်းညွှန်ချက်များကို လီပန်းနှင့်အဖွဲ.က ဟန်.တားပိတ်ဆို.၊ ဆန်.ကျင်ကန်.ကွက်ကြပြီး အဖျက်အမှောင့် လုပ်ခဲ့ကြသောကြောင့် ဖြစ်သည်။
ဂေါ်ဘာချော့ ရောက်မလာမှီ ရက်ပိုင်းလေးအလို၌ လီပန်းက “ကျောင်းသားဆန္ဒပြပွဲတွေကို ပျော့ပြောင်းတဲ့ နည်းတွေနဲ. ဆက်ပြီး မဖြေရှင်းတော့ဘူး မဟုတ်လား” ၊ “အချိန်တွေ ဒီလောက်ကြာလာတာတောင်မှဘဲ အဲဒီနည်းတွေကို သုံးလို.မရဘူးဆိုတာ သက်သေမပြနိုင်သေးဘူးလား” ဟု လီပန်းက ကျွန်တော့်ကို ပြောခဲ့သည်။
ဤဝေဖန်ချက်က ဖုံးကွယ်ထားသည့် သူ၏ ယုတ်မာသော ရည်ရွယ်ချက်ကို အပြည့်အဝ ဖော်ပြနေသည်။ သူသည် ဆန္ဒပြမှုများကို အကြမ်းဖက်ချေမှုန်းဖို. အကြောင်းပြချက် တစ်ခုအနေနှင့် အသုံးချရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသားဆန္ဒပြမှုများကို ဒီမိုကရေစီနှင့် တရားဥပဒေ၏ အခြေခံများနှင့်အညီ ဖြေရှင်းခြင်းသည် မအောင်မြင်ကြောင်း သေချာစေဖို. ဆန်.ကျင်ကန်.ကွက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်း စသည့်နည်းလမ်းတို.ကို ကျင့်သုံးခဲ့သည်။
ကျွန်တော်၏ မြောက်ကိုရီးယား ခရီးစဉ်အတွင်း၌ ရှန်ဟိုင်းရှိ ကမ္ဘာ.စီးပွါးရေးသံတော်ဆင့် သတင်းစာနှင့်ပက်သက်သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွါးခဲ့သေးသည်။ ဤဖြစ်ရပ်မှာ ဟူယောင်ဘန်းကို အောက်မေ့တသခြင်း အထိမ်းအမှတ် လှုပ်ရှားမှုများအကြောင်း သတင်းစာ၌ ဖော်ပြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ရှန်ဟိုင်းပါတီ ကော်မရှင်က သတင်းပါ အကြောင်းအရာမှာ ဖော်ပြရန်မသင့်တော်ကြောင်း တွေ.ရှိရ၍ ထိုသတင်းကို ဖြုတ်ပစ်ရန် ညွှန်ကြားခဲ့သော်လည်း သတင်းစာက ထိုသို.လုပ်ရန် ပယ်ချခဲ့သည်။ ထို.ကြောင့် ရှန်ဟိုင်းပါတီကော်မရှင်က သတင်းစာတိုက်ကို ပြန်လည်ဖွဲ.စည်းဖို. ပိတ်ပစ်ရန်ဆုံးဖြတ်ခဲ့ပြီး အယ်ဒီတာချုပ် ကျင်ဘန်လီကို ခေတ္တရာထူးချခဲ့သည်။
ကျွန်တော်ကြားသိရသည့် သတင်းများအရ (ရှန်ဟိုင်းပါတီအကြီးအကဲ) ကျန်ဇီမင်းက ထိုကိစ္စနှင့်ပက်သက်၍ တိန်.ရှောင်ပင်း၏ ရုံးသို.ဖုန်းဆက်ပြီး ညွှန်ကြားချက်တောင်းခံခဲ့သည်။ ထိုအချိန်က ကျောင်းသားများနှင့် ပြည်သူများသည် အကြီးအကျယ် စိတ်လှုပ်ရှား တက်ကြွနေသည့် အချိန်ဖြစ်သည်။ ဤသို.ပြုလုပ်လိုက်ခြင်းဖြင့် (ရှန်ဟိုင်းပါတီကော်မရှင်သည်) သံတော်ဆင့်သတင်းစာ ဝန်ထမ်းများကို ဒေါသထွက်စေခဲ့ရုံသာမက ဘေဂျင်း၊ ရှန်ဟိုင်းနှင့် နိုင်ငံအနှံ.ရှိ အခြားသတင်းဌါနများမှ ဝန်ထမ်းများကိုလည်း ဆန်.ကျင်ကန်.ကွက်လာစေရန် ဆွပေးလိုက်သည်။ ဝန်ထမ်းများစွာ လမ်းပေါ်ထွက်လာကြ၍ သံတော်ဆင့်သတင်းစာကို ထောက်ခံမှုပြသခဲ့ကြပြီး ရှန်ဟိုင်းပါတီကော်မရှင်၏ ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းဖို. တောင်းဆိုကြသည်။ သူတို.၏ လုပ်ရပ်က ကျောင်းသားဆန္ဒပြမှုများနှင့် တိုက်ဆိုင်ခဲ့ပြီး အုပ်စု ၂ စုသည် တစ်စုနှင့်တစ်စု အပြန်အလှန် အားဖြည့်ပေးခဲ့သလိုရှိသည်။
တိုင်းပြည်သို. ပြန်ရောက်သည့် အချိန်၌ ရှန်ဟိုင်းပါတီကော်မရှင်သည် ပြဿနာကို ကိုင်တွယ်ရာတွင် မာကျောလွန်း၊ အလွယ်လမ်းလိုက်လွန်း အားကြီးသည်ဟု ခံစားရပြီး အလွန်ဆိုးဝါးသည့် အချိန်၌ ဤသို.ပြုလုပ်ခဲ့သည်ဟု ယူဆမိသည်။ သို.သော် ပြဿနာကလည်း ပြီးသွားပြီဖြစ်သည့်အတွက် ကျွန်တော် မဝေဖန်ခဲ့ပါ။ ကျွန်တော့်အနေဖြင့် ရှန်ဟိုင်းပါတီကော်မရှင်ကို သတိပေး ဆိုဆုံးမပြီး၊ သတင်းအဖွဲ.အစည်း ဝန်ထမ်းများဘက်မှ ရပ်တည်ရန် မသင့်တော်ဟု ထင်မြင်မိသည်။ ထို.ကြောင့် ဗဟိုကော်မတီသည် ဝင်ရောက်မစွက်ဖက်ပဲ သူတို.ကိုယ်တိုင်သာလျှင် ပြဿနာကို ဖြေရှင်းရန် ရှန်ဟိုင်းပါတီကော်မရှင်ကို လွှတ်ထားခဲ့သည်။
မေလ ၂ ရက်နေ.တွင် ကျွန်တော် အခြားနိုင်ငံရေးအဖွဲ.များနှင့် အစည်းအဝေး ကျင်းပနေစဉ်၌ ညီညွတ်သောရှန်ဟိုင်း အလုပ်အဖွဲ.တပ်ဦးမှ ကိုယ်စားလှယ်တစ်ဦးက ရှန်ဟိုင်းပါတီကော်မရှင်သည် သူတို.၏ မူလအနေအထား(မူလဆုံးဖြတ်ချက်)ကို ပြန်လည်ရုတ်သိမ်းလိုကြောင်း သူ.အားပြောသည်ဟု ယန်မင်ဖူးက သတင်းပို.လာသည်။ ဗဟိုအလုပ်အဖွဲ.တပ်ဦးမှ သူတို.ကို အကူအညီပေးလိမ့်မည်ဟု သူတို.က မျှော်လင့်နေကြသည်။ ကွန်တော်က “ရှန်ဟိုင်းပါတီကော်မရှင်က ဒီလိုတောင်းဆိုလာတဲ့အတွက် ဖြေရှင်းနည်းတစ်ခုရလာအောင် သူတို.ကို ခင်ဗျားကူညီပေးလိုက်ပါ”ဟု ပြန်ပြောခဲ့သည်။
မေလ ၁၀ ရက်နေ.၌ ဘေဂျင်းသို. ကျန်ဇီမင်းရောက်လာပြီး တင်းမာမှုများ လျှော့ချမည့် အစီအစဉ်များအကြောင်း ကျွန်တော့်ကို ပြောခဲ့သည်။ ပြဿနာကို ဗဟိုကော်မတီ၏ စွက်ဖက်မှုမပါပဲ ရှန်ဟိုင်းတွင်ပင် ဖြေရှင်းသင့်ကြောင်း၊ ဤနည်းအားဖြင့် ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ.သည် ဗဟိုကော်မတီ၏ ဖိအားကို ဦးညွတ်ရုံမျှသာတတ်နိုင်ကြောင်း သံသယများကို ဖန်တီးမိမည့် အရေးမှ ရှောင်ရှားနိုင်လိမ့်မည်ဟု ကျွန်တော်က ပြန်ပြောခဲ့သည်။ ကျန်ဇီမင်းသည် ကျွန်တော်၏ အကြံပေးချက်ကို ကျေနပ်ပုံမရှိခဲ့ပေ၊ ဇွန်လ ၄ ရက် အလွန်၌မူ ကျွန်တော့်အား စွပ်စွဲချက်များ၌ ဤကိစ္စကို အချက်တစ်ချက်အနေဖြင့် ထည့်သွင်း၍ စွပ်စွဲခဲ့ကြသည်။


(ကျောက်ကျိယန်၏ Prisoner of The State စာအုပ် Part 1, Chapter 3 Power Struggle ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

(တောင်းပန်ချက် ။ ။ ဤဘာသာပြန်ကို ကူးယူဖော်ပြပါက "သရပါ" ဘလော့မှ ကူးယူခြင်းဖြစ်ကြောင်း ဖော်ပြစေလိုပါသည်။ အလျှဉ်းသင့်ပါက စာအုပ်အဖြစ် ထုတ်ဝေမည်ဟု စိတ်ကူးရှိသောကြောင့် ဤသို.တောင်းပန်ရခြင်းဖြစ်ပါသည်။)

Saturday, December 12, 2009

၂ ။ အယ်ဒီတာ့ အာဘော်က အခြေအနေများကို ပို၍ဆိုးသွားစေသည် (နိုင်ငံတော်အကျဉ်းသား)

အပိုင်း ၁
အခန်း ၂
အယ်ဒီတာ့ အာဘော်က အခြေအနေများကို ပို၍ဆိုးသွားစေသည်
 
ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းသည် ကြီးထွားလာသည့် ကျောင်းသားဆန္ဒပြပွဲများကို
မည်သို.တုံ.ပြန်ရမည်မသိ ဖြစ်နေသည် ။ မြောက်ကိုရီးယားသို. ကျောက်ခရီးထွက်နေစဉ်တွင်
သူ၏ပြုပြင်ပြောင်းလဲရေးကို ဆန်.ကျင်သည့် သဘောထားတင်းမာသူများက သူမရှိသည်ကို
အခွင့်ကောင်းယူ၍ ခေါင်းဆောင်ကြီးတိန်.ရှောင်ပင်းကို လှည့်စားကာ သူတို.ဖက်ပါအောင်
ဆန္ဒပြပွဲများကို ဒေါသတကြီးရှုတ်ချအောင် ဆောင်ရွက်ခဲ့ကြသည် ။
     ဧပြီလ ၂၆ ရက်နေ.၌ ဆန္ဒပြပွဲများနှင့် ပက်သက်၍ ပါတီ၏
တရားဝင်သဘောထားထုတ်ပြန်ချက်အား ပြည်သူ.နေ.စဉ်သတင်းစာ၏
အယ်ဒီတာ့အာဘော်တွင် ဖော်ပြလိုက်သောအခါ အခြေအနေများ ငြိမ်သက်သွားဖို.
မျှော်လင့်ချက်အားလုံးမှာ ပျောက်ကွယ်သွားခဲ့သည် ။ အယ်ဒီတာ့အာဘော်၌
တိန်.ရှောင်ပင်း၏ ပြင်းထန်သော စကားလုံးများကို ဖော်ပြခဲ့သည် ။ သူ၏သုံးသပ်ချက်များအား
ပုံနှိပ်ထုတ်ဝေလိုက်သည်ကို သိရှိသောအခါ တိန်.မှာ တုန်လှုပ်သွားခဲ့သည် ။ သို.သော်
အာဘော်ကို ပြန်ရုပ်သိမ်းခြင်းသည် တရုတ်ပြည်၏ ထိပ်တန်းခေါင်းဆောင်ကြီးက
အမှားတစ်ရပ် ပြုလုပ်လိုက်သည့် သဘောသက်ရောက်သွားနိုင်သည် ။ ဤသည်မှာ ပါတီက
မလုပ်လိုသည့် လုပ်ရပ်ဖြစ်သည် ။ ယခုအခါ ပါတီနှင့် ဆန္ဒပြသူတို.သည် ထိပ်တိုက်တွေ.မည့်
လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပေသည် ။ ကျောက်သည် ပြုံယမ်းသို. မသွားမှီတွင်
အန္တရာယ်၏ အတိုင်းအဆကို မရိပ်မိခဲ့ပေ ။
 
 

သို.ဖြစ်လျှင် ကျောင်းသားဆန္ဒပြပွဲများသည် မည်သည့်အတွက်ကြောင့် ဤကဲ့သို. ရှုပ်ထွေးသွားရပါသနည်း ။ အခြေအနေအားလုံး၏ အဓိကကျဆုံးအချက်မှာ ဧပြီလ ၂၆ ရက်နေ. အယ်ဒီတာ့အာဘော်ဖြစ်သည် ။ ကျောင်းသားများသည် မကျေနပ်သည့် ခံစားချက်များ ရှိနေသည်ဖြစ်ရာ တစ်နည်းနည်းဖြင့် ဖော်ထုတ်ကြမည်သာဖြစ်သည် ။ ဆန္ဒပြပွဲများကို ထိုစဉ်က မလုပ်ခဲ့လျှင်လည်း နောက်တစ်ချိန်ချိန်၌ သူတို. ဆန္ဒပြကြမည်သာဖြစ်သည် ။ သူတို.သည် အမှန်တကယ်ပင် မကျေမနပ်ဖြစ်နေကြသည် ။

     သို.သော် ဆန္ဒပြပွဲများ၏ အတိုင်းအတာ ၊ အရှုပ်အထွေးအဖြစ် ပြောင်းလဲသွားမှုနှင့် မည်သည့်အတွက်ကြောင့် ထိုသို.ဖြစ်သွားရသည်ဆိုသည့် အကြောင်းရင်းမှာ ဧပြီလ ၂၆ ရက်နေ. အယ်ဒီတာ့အာဘော်၏ အကျိုးဆက်များသာဖြစ်သည် ။ အယ်ဒီတာ့အာဘော်ကို မထုတ်ဝေမှီက အခြေအနေများနှင့် ထုတ်ဝေပြီး အခြေအနေများမှာ မတူကြပေ ။ အခြေအနေကို ထိန်သိမ်းရန် မှန်ကန်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါက ဤကဲ့သို. ကြောက်မက်ဖွယ်ရာ အကျိုးဆက်များ ပေါ်ပေါက်ခဲ့မည် မဟုတ်ပေ ။

     ကျွန်တော်သည် ဧပြီလ ၁၉ ရက်နေ.၌ မြောက်ကိုရီးယားခရီးစဉ် အကြောင်းဆွေးနွေးရန် ၊ ကျောင်းသားဆန္ဒပြမှုများ အကြောင်းပြောကြားရန် ၊ အခြေအနေများကို မည်သို.ကိုင်တွယ်ထိန်းသိမ်းသင့်ကြောင်း ကျွန်တော့်အမြင်များကို ရှင်းလင်းတင်ပြရန် တိန်.ရှောင်ပင်းထံသို. သွားရောက်တွေ.ဆုံခဲ့သည် ။ ထိုစဉ်က ကျွန်တော့်အပေါ်ထောက်ခံမှုကို တိန်.က ပြသခဲ့သည် ။ သို.သော် နောက်ပိုင်းတွင်မူ အနေအထားမှာ ထူးဆန်းစွာ ပြောင်းလဲသွားခဲ့သည် ။

     ဘေဂျင်းမှ ကျွန်တော်ထွက်ခွါသည့် ညနေခင်း၌ပင် ဘေဂျင်းပါတီကော်မရှင်မှ လီရှင်မင်းနှင့် ချန်စစ်တုန်တို.က သူတို.၏ အစီရင်ခံစာကို ကြားနာရန် (တည်ဆဲပြည်သူ.ကွန်ဂရက်ကော်မတီ ဥက္ကဌ) ဝမ်လီကို ပေါ်လစ်ဗျူရို အစည်းအဝေးခေါ်ဖို. တောင်းဆိုကြသည် ။ သူတို.၏ ပရိယာယ်အတွင်းသို. ဝမ်လီကျရောက်သွားခဲ့သည် ။ (ဝမ်လီနှင့် ကျွန်တော်သည် ကျောင်းသားဆန္ဒပြပွဲများ အပေါ်တွင် လုံးဝသဘောထားတူညီကြသည် ။) သူတို.၏ တောင်းဆိုမှုကို ဝမ်လီက လီပန်းထံသို. ညွှန်ကြားလိုက်သည် ။ ကျွန်တော် ပြည်ပတွင်ရှိနေစဉ်တွင် လီပန်းသည် တည်ဆဲကော်မတီ၏ လှုပ်ရှားမှုများကို ယာယီတာဝန်ယူ ကြီးကြပ်ရသူဖြစ်သည့်အတွက် သူ.ထံသို. ညွှန်ကြားလိုက်ခြင်းဖြစ်သည် ။ လီပန်းက တည်ဆဲကော်မတီ အစည်းအဝေးကို နောက်နေ.ညနေခင်းတွင်ပင် စီစဉ်လိုက်သည် ။

     လီပန်းသဘာပတိလုပ်သည့် ထိုအစည်းအဝေး၌ ကျောင်းသားဆန္ဒပြပွဲများကို စိုးရိမ်ဖွယ်အနေအထားအဖြစ် လီရှင်မင်းနှင့် ချန်စစ်တုန်တို.က အားတက်သရော တင်ပြကြသည် ။ ကျောင်းသားဆန္ဒပြပွဲများသည် တကယ်တမ်း၌ ငြိမ်သက်သွားပြီ ဆိုသည့်အချက်ကို သူတို.ကလျစ်လျူရှုထားကြသည် ။ တကယ်တမ်း၌ ကျောင်းသားများမှာ သဘောထားကွဲလွဲနေကြပြီဖြစ်သည် ။

     ကျောင်းသားအနည်းစုက ကျောင်းပြန်တက်ဖို. ဆန်.ကျင်နေကြချိန်တွင် အချို.ကျောင်းသားများက စာသင်ခန်းများသို. ပြန်ဝင်သင့်ပြီဟု ယုံကြည်ကြ၍ အတန်းများ ပြန်တက်နေပြီဖြစ်သည်။ အချို.ကျောင်းများတွင် သူတို.၏ အတွင်းပဋိပက္ခက ထင်ထင်ရှားရှား ပေါ်ထွက်လာသည် ။ အချို.ကျောင်းသားများက အတန်းပြန်တက်ဖို. ကြိုးစားကြစဉ်တွင် ပို၍အစွန်းရောက်သည့် ကျောင်းသားများက စာသင်ခန်းအတွင်းသို. သူတို.မဝင်နိုင်အောင် ဝင်ပေါက်များကို ပိတ်ဆို.ထားကြသည် ။ ဤအချက်က ဘာကိုဖော်ပြနေသနည်းဆိုသော် ကျောင်းသားအချို.အတွက် သူတို.၏ ဒေါသကို ထွက်ပေါက်ပေးရန် လှုပ်ရှားမှုက သူတို.၏ လိုလားချက်များကို အပြည့်အဝ ဖြည့်ဆည်းမပေးနိုင်ကြောင်း ပြနေခြင်းဖြစ်သည် ။ တင်းမာမှုများကို လျှော့ချရန် ၊ အပြန်အလှန်ဆွေးနွေးရန် ၊ ကျောင်းသားများကို ကျိုးကြောင်းဆီလျော်သည့် အချို.သော အချက်များ အဆိုပြုတင်ပြခွင့်ပြုရန်အတွက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဆိုပါက ယခုအချိန်မှာ အကောင်းဆုံး အနေအထားဖြစ်သည် ။

     သို.သော် လီရှင်မင်းနှင့် ချန်စစ်တုန် တို.သည် သူတို.၏အစီရင်ခံစာတွင် "အထက်တန်းကျောင်းသားများနှင့် အလုပ်သမားများ ပါဝင်သည့် တစ်ပြည်လုံးအနှံ. ကြီးမားသည့် ဆန္ဒပြပွဲများဖြစ်ပေါ်အောင် စည်းရုံးလှုံ.ဆော်သွေးထိုးပေးနေကြကြောင်း"ဖြင့် အလွန်အကျွံ ဖော်ပြခဲ့သည် ။ "ဘေဂျင်းရှိ တက္ကသိုလ်ကျောင်းသားများသည် တစ်နိုင်ငံလုံးသို. သူတို.၏ အဆက်အသွယ်များကို စေလွှတ်ထားသည် ၊ ပို၍ကြီးမားကျယ်ပြန်.သည့် လှုပ်ရှားမှုများပြုလုပ်ဖို.အတွက် ရံပုံငွေများ ကောက်ခံနေကြသည်" ဟုလည်း တင်ပြထားသည် ။ သူတို.က ကျောင်းသားအနည်းစု၏ အစွန်းရောက်သည့် အယူအဆများ အထူးသဖြင့် တိန်.ရှောင်ပင်းကို ဝေဖန်ထားသည့် မှတ်ချက်များကို ရှုတ်ချကြသည် ။ သူတို.သည် ဆန္ဒပြမှုများကို ကွန်မြူနစ်ပါတီကို ဆန်.ကျင်မှု ၊ တိန်.ရှောင်ပင်းကို ပုဂ္ဂိုလ်ရေးအရ ဦးတည်တိုက်ခိုက်မှုများအဖြစ် ပုံဖော်တင်ပြခဲ့ကြသည် ။

     ပြုပြင်ပြောင်းလဲရေး စတင်လိုက်ခြင်းနှင့်အတူ ကျောင်းသားများ အထူးသဖြင့် ကောလိပ်ကျောင်းသားများသည် အနောက်တိုင်း အလေ့အထတို.နှင့် ထိတွေ.မိလာကြသည် ။ နိုင်ငံရေးခေါင်းဆောင်များကို ဝေဖန်ဆန်းစစ်မှုများ လုပ်လေ့လုပ်ထရှိလာကြပြီး အထူးအဆန်းအဖြစ် မယူဆကြတော့ ၊ ယဉ်ကျေးမှုတော်လှန်ရေး အတွင်းက ရှိခဲ့သော သိပ်သည်းလှသည့် အကြောက်တရားများသည်လည်း မရှိတော့ပေ ။ ကျောင်းသားများ၏ မှတ်ချက် အတော်များများမှာ ကျွန်တော့်ကို ဦးတည်ဝေဖန်ထားကြသည် ။ ဥပမာ - ကျွန်တော့်သားသမီးများသည် နိုင်ငံတော်ပိုင် ရင်းမြစ်များကို အသုံးပြု၍ စီးပွါးရေးလုပ်နေကြသည် ၊ ရထားတစ်စင်းအပြည့် ဓာတ်မြေဩဇာများ ကျွန်တော့်ဇာတိမြို.သို. သယ်ဆောင်သွားသည် စသည့် စွပ်စွဲမှုမျိုးဖြစ်သည် ။

     ထောင်ပေါင်းများစွာသော လူများပါဝင်နေသည့်အားလျော်စွာ အစွန်းရောက် သို.မဟုတ် တစ်ဖက်သတ် ဆန်သည့် ဝေဖန်ချက်များ လုံးဝမပါဖို. မဖြစ်နိုင်ပါ ။ လူအားလုံး၏ ထုတ်ဖော်ပြောဆိုချက် ထောင်ပေါင်းများစွာထဲမှ အစွန်းရောက်ဆုံး ဝေဖန်ချက် ဆယ်ခုကို ရွေးချယ်လိုက်ရုံမျှဖြင့် အခြေအနေမှာ စိုးရိမ်ဖွယ်ရာကောင်းလှကြောင်း ထင်မြင်လာစေနိုင်ပါသည် ။ လီရှင်မင်းနှင့် ချန်စစ်တုန်တို. အပြုမူ၏ နောက်ကွယ်၌ ဘာရှိကြောင်း ကျွန်တော်မသိပါ ၊ သူတို.၏ လူတန်းစားတိုက်ပွဲအတွေးအခေါ်ဟောင်းကပဲ စေ့ဆော်နေသည်လား သို.မဟုတ် အခြားရည်ရွယ်ချက် တစ်စုံတစ်ရာများ ရှိနေသေးသလား ကျွန်တော်မသိပါ ။

     ကျောင်းသားဆန္ဒပြပွဲများသည် "စုစည်းထားသည့် သေသေချာချာ အကွက်ချစီစဉ်ထားသည့် နိုင်ငံရေးလှုပ်ရှားမှု" ဖြစ်သည်ဟု ဆင်ခြင်သုံးသပ်၍ အစည်းအဝေးမှတ်တမ်း၌ ထိုအတိုင်းမှတ်တမ်းတင်ထားကြသည် ။ လီပန်း ၊ လီရှင်မင်းနှင့် ချန်စစ်တုန်တို.သည် ဤကိစ္စအတွက် ပထမဦးဆုံး တာဝန်ရှိသူများ ဖြစ်ကြသည် ။

     ဧပြီလ ၂၅ ရက်နေ.၌ လီပန်းနှင့် သမ္မတ ယန်ရှန်ကွမ်းတို.က တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေးအကြောင်း တိန်.ရှောင်ပင်းထံသို. အစီရင်ခံလိုက်ကြသည် ။ တိန်.ရှောင်ပင်းသည် ဆန္ဒပြမှုများက တည်ငြိမ်ရေးကို ပျက်စီးစေသည်ဟု ယုံကြည်ထားသည်နှင့်အညီ အမြဲတမ်းလိုပင် ကျောင်းသားဆန္ဒပြပွဲများနှင့် ပက်သက်၍ ပြင်းပြင်းထန်ထန် ကိုင်တွယ်ဆောင်ရွက်လိုသူဖြစ်သည် ။ တိန်.သည် သူတို.အစီရင်ခံသည်ကို နားထောင်ပြီးနောက် ချက်ချင်းပင် ကျောင်းသားဆန္ဒပြပွဲများကို "ပါတီဆန်.ကျင်ရေး ၊ ဆိုရှယ်လစ်စနစ် ဆန်.ကျင်ရေးအုံကြွမှု"အဖြစ် တံဆိပ်တပ်ဖို. သဘောတူတော့သည်  ။ "ဓားထက်ထက်ကိုသုံး၍ ထုံးနေသည့် လျော်စည်းကို ဖြတ်ချသကဲ့သို." အခြေနေများကို အမြန်ဆုံး ဖြေရှင်းရန်လည်း အဆိုပြုခဲ့သည် ။

    သူသည် ဧပြီလ ၁၉ ရက်နေ. ကျွန်တော်သွားရောက်တွေ.ဆုံခဲ့စဉ်က ကျွန်တော့်အယူအဆကို သဘောတူခဲ့ပြီးဖြစ်သည် ။ ၂၅ ရက်နေ. လီပန်းနှင့် ယန်ရှန်ကွမ်းတို. အစီရင်ခံတင်ပြပြီးနောက်၌ သူတို.၏ သုံးသပ်ချက်ကို လက်ခံသဘောတူဖို. သူ.စိတ်ပြောင်းသွားခဲ့သည် ။ အရေးကြီးဆုံး အချက်မှာ သူတို.၏ အစီရင်ခံစာသည် သူတစ်လျှောက်လုံး အမှန်တကယ် ယုံကြည်ခဲ့သည့် အချက်နှင့် တိုက်ဆိုင်တူညီနေခြင်းဖြစ်သည် ။

     ဧပြီ ၂၅ ရက် တိန်.နှင့်လီပန်းတို.အဖွဲ.၏ ဆွေးနွေးပွဲမှာ အတွင်းရေးကိစ္စသာ ဖြစ်သင့်သည် ။ သို.သော်လည်း တိန်.၏မှတ်ချက်ကို အဆင့်အားလုံးမှ ပါတီကေဒါများထံသို. ထိုနေ.ညနေခင်း၌ပင် ဖြန်.ချိရန် လီပန်းက ဆုံးဖြတ်ခဲ့သည် ။ ဧပြီ ၂၆ ပြည်သူ.နေ.စဉ်သတင်းစာ အယ်ဒီတာ့အာဘော်၌ ကျောင်းသားဆန္ဒပြပွဲများကို "ပါတီဆန်.ကျင်ရေး ၊ ဆိုရှယ်လစ်ဆန်.ကျင်ရေး ရည်ရွယ်ချက်များဖြင့် ကြိုတင်စီစဉ် စုစည်းထားသည့် ဆူပူအုံကြွမှု"ဟု တရားဝင်ထုတ်ပြန်လိုက်ခြင်းဖြင့် သူတို.၏ ဆွေးနွေးပွဲကို အဓိပ္ပါယ်ဖွင့်ပြခဲ့သည် ။

     ကျွန်တော် မြောက်ကိုရီးယားသို. ခရီးမထွက်မှီက လီပန်းကသော်လည်းကောင်း ဘေဂျင်းပါတီကေဒါများက သော်လည်းကောင်း ဤအမြင်ကို ကျွန်တော့်အား မပြောခဲ့ကြပါ ။ သူတို.သည် ဘေဂျင်းမှ ကျွန်တော် ထွက်ခွါပြီဆိုသည်နှင့် ချက်ချင်းဆိုသလိုပင် တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေး ထိုင်ခဲ့ကြပြီး တိန်.ရှောင်ပင်း၏ ထောက်ခံမှုကို အရယူခဲ့ကြသည် ။ ဤသည်မှာ တည်ဆဲကော်မတီက ယခင်ချမှတ်ထားသည့် ရပ်တည်ချက်နှင့် မူများမှ သွေဖည်ခြင်းဖြစ်သည် ။

     တိန်.သည် လီပန်းက သူ၏မှတ်ချက်အား လူထုသို. ထုတ်ပြန်လိုက်ပုံနှင့် ပက်သက်၍ စိတ်မချမ်းသာခဲ့ပေ ။ တိန်.အား လူထုနှင့် တိုက်ရိုက်ထိပ်တိုက်တွေ.စေမည့် အနေအထားသို. တွန်းပို.လိုက်ခြင်းအပေါ် တိန်.၏သားသမီးများကလည်း စိတ်အနှောင့်အယှက် ဖြစ်ကြသည် ။ ကျွန်တော်သည် မေ ၄ ရက် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအတွက် မိန်.ခွန်းပြောဖို. ပြင်ဆင်နေသည်ဖြစ်ရာ (တိန်.၏သမီး) မော်မော်က (ကျောက်၏ အကြံပေးအရာရှိ) ပေါက်တုန်(သူက မိန်.ခွန်းမူကြမ်းရေးနေသည်)သို. ဖုန်းဆက်၍ လူငယ်များကို တိန်.မည်မျှ မြတ်နိုး၍ မည်သို.ကာကွယ်ကြောင်း မိန်.ခွန်း၌ ထည့်သွင်းရေးသားပေးရန် ပြောလာသည် ။

     ထို.နောက်ပိုင်း မေလ ၁၇ ရက် တိန်.၏နေအိမ်၌ ပြုလုပ်သည့် မာရှယ်လောထုတ်ဖို. ဆုံးဖြတ်ခဲ့ကြသည့် အစည်းအဝေး၌ "မင်းအရင်လုပ်ခဲ့တဲ့ အလုပ်မျိုး ထပ်မလုပ်နဲ. ။ မာရှယ်လောထုတ်ဖို.ဆုံးဖြတ်တဲ့လူဟာ ငါပဲဆိုတဲ့အကြောင်း ဖွင့်မချနဲ."ဟု တိန်.က လီပန်းကို ပြောသည် ။ လီပန်းက "မလုပ်တော့ပါဘူး ၊ မလုပ်တော့ပါဘူး"ဟု ထပ်ခါထပ်ခါ ပြောခဲ့သည် ။

     လူအချို.က ကျောင်းသားအနည်းစု၏ အစွန်းရောက်သည့် မှတ်ချက်တို.ကို အသုံးပြုကာ အခြေအနေကို ပို၍ဆိုးဝါးစေရန်နှင့် အစိုးရကို တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းပေါ်သို. တွန်းပို.ဖို. ကြိုးစားခဲ့သည်မှာ ထင်ရှားပါသည် ။ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်နေသည့် ကာလ၌ ခေါင်းဆောင်တို.ကို ကျောင်းသားများက ဝေဖန်ခြင်းအတွက် ဤမျှထိ ရေးကြီးခွင်ကျယ် မဖြစ်သင့်ပါချေ ။ ၎င်းတို.မှာ မကျေနပ်ချက်များကို ဖော်ထုတ်ခြင်းသာဖြစ်၍ ကျွန်တော်တို.၏ နိုင်ငံရေးစနစ်ကြီးတစ်ခုလုံးကို စိန်ခေါ်နေခြင်းမဟုတ်ပါ ။

     သို.သော်လည်း ကိုယ်ရေးကိုယ်တာ ဝေဖန်ချက်အားလုံးကို ရွေးချယ်၍ တိန်.ရှေ.၌ ကျယ်ကျယ်လောင်လောင် ဖတ်ပြလိုက်ခြင်းသည် အဖိုးကြီးအတွက် အကြီးအကျယ် စော်ကားခံလိုက်ရသည့်သဖွယ် ဖြစ်သွားစေခဲ့သည် ။ ဤလူစုသည် အနည်းတကာ့ အနည်းစုသာဖြစ်သည့် အစွန်းရောက်အယူအဆရှိသည့် ကျောင်းသားအနည်းစု၏ ဝေဖန်ချက်များကို ဟိုမှသည်မှ စုစည်း၍ လှုပ်ရှားမှုကြီးတစ်ခုလုံး၏ အဓိကဦးတည်ရာ လမ်းကြောင်းအဖြစ်၊ တိန်.ရှောင်ပင်းကို အဓိက ဦးတည်တိုက်ခိုက်မှုအဖြစ် ပုံဖော်တင်ပြခဲ့ကြသည် ။ တိန်.သည် လူတန်းစားတိုက်ပွဲကို အဓိကဦးစားပေး ရည်မှန်းချက်အဖြစ် သတ်မှတ်သည့် နှစ်ကာလများအတွင်းက တွေးခေါ်ပုံများဖြင့် လုပ်တတ်ကိုင်တတ်သည် ၊ ထို.ကြောင့်ပင် လီပန်း၏ အစီရင်ခံတင်ပြမှုကို ကြားသည်နှင့်တစ်ပြိုင်နက် ထိုအတိုင်းတုံ.ပြန်ခဲ့ခြင်းဖြစ်သည်။ အားတော့နာပါသည် ဤအချက်မှာ သူ.ဆုံးဖြတ်ချက်၏ အဓိက အကြောင်းတစ်ခု ဖြစ်သည် ။

     ကျွန်တော် မြောက်ကိုရီးယား၌ ရှိနေစဉ်အတွင်း တည်ဆဲကော်မတီ၏ ဧပြီ ၂၄ အစည်းအဝေးမှတ်တမ်းနှင့် တိန်.ရှောင်ပင်း၏ မှတ်ချက်တို. သံရုံးမှတစ်ဆင့် ကျွန်တော့်ထံ ရောက်လာသည်။ "လက်ရှိဆူပူမှုများနှင့်သက်ဆိုင်သည့် မူဝါဒများနှင့် ပက်သက်၍ ရဲဘော်တိန်.ရှောင်ပင်း၏ ဆုံးဖြတ်ချက်ကို ကျွန်တော်လုံးဝ သဘောတူပါသည်"ဟု ကြေးနန်းဖြင့် ကျွန်တော်    အကြောင်းပြန်ခဲ့သည် ။

     ကျွန်တော့်အဖို. ဤစာရွက်စာတမ်းတို.ကို လက်ခံရရှိချိန်တွင် အကြောင်းပြန်ရမည် ၊ ထို.ပြင် သဘောမတူမှုကို ပြနိုင်သည့် အနေအထား ကျွန်တော့်၌ မရှိပါ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် နိုင်ငံရပ်ခြား၌ ရှိနေ၍ မိမိတိုင်းပြည်၏ အခြေအနေကို တိုက်ရိုက်မသိနိုင်သောကြောင့် ဖြစ်သည် ။ သို.သော် တည်ဆဲကော်မတီ အစည်းအဝေးမှတ်တမ်းနှင့် ပက်သက်၍မူ ကျွန်တော့်အယူအဆကို မဖော်ပြခဲ့ပါ ။ တိန်.ရှောင်ပင်း၏ မှတ်ချက်ကို ဖတ်ပြီးချိန်၌ ကျောင်းသားများကို အရေးယူမှုများ ချက်ချင်းလုပ်လိမ့်မည်ဟု ကျွန်တော်မထင်ခဲ့ပါ ။ ကျွန်တော်ပထမဆုံး တွေးမိသည်မှာ နောက်ထပ် လစ်ဘရယ်ဝါဒ ဆန်.ကျင်ရေးလှုပ်ရှားမှုတစ်ခု စတင်လာတော့မည် ၊ ယခင်ကထက်ပင် ပို၍ကြီးမားကျယ်ပြန်.သော အတိုင်းအတာဖြင့် ဖြစ်ကောင်းဖြစ်နိုင်သည် ဟူသော အတွေးဖြစ်သည် ။ (ကျောင်းသားဆန္ဒပြမှုများ ငြိမ်မသွားနိုင်သေး ဆိုသောအတွေးတော့ ကျွန်တော့်တွင် ပေါ်မလာခဲ့ပါ ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို.ကို အဓိက ပြဿနာအဖြစ် ကျွန်တော် မတွေးခဲ့သောကြောင့်ဖြစ်သည် ။) လှုပ်ရှားမှု အသစ်သည် ၁၃ ကြိမ်မြောက် ပါတီကွန်ဂရက်(၁၉၈၇ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည်။)မှ စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးမှ ရရှိလာသည့် အရှိန်အဟုန်ကို ပျက်စီးသွားစေနိုင်သည် ၊ အထူးသဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် ဖြစ်သည် ။ အဘယ့်ကြောင့်ဆိုသော် ကျောင်းသားဆန္ဒပြမှုများသည် ဘူဇွာတော်လှန်ရေးကို လျော့တိလျော့ရဲပြုလုပ်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သည်ဟု တိန်.ကယုံကြည်နေသောကြောင့် ဖြစ်သည် ။

     သို.သော်လည်း ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ကို ထုတ်ဝေလိုက်ချိန်မှစ၍ အခြေအနေက ချက်ချင်းပြောင်းသွားခဲ့သည် ၊ ထိပ်တိုက်တွေ.မှုက အရှိန်မြင့်လာသည် ။ ကျောင်းသားများက အယ်ဒီတာ့အာဘော်၏ စကားလုံး အသုံးအနှုန်းနှင့် နိုင်ငံရေးစွပ်စွဲချက်တို.ကို ဒေါသထွက်နေကြသည် ။ "ပါတီဆန်.ကျင်ရေး ၊ ဆိုရှယ်လစ်စနစ် ဆန်.ကျင်ရေး ၊ ကြိုတင်စီစဉ်ထားသည့် အကွက်ချ လှုပ်ရှားမှု" စသည့် အသုံးအနှုန်းများကို မကြားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည် ၊ ထို.ကြောင့် ၎င်းစကားလုံးတို.က ပြင်းထန်သည့် စိတ်လှုပ်ရှားမှုများကို နှိုးဆွပေးလိုက်သကဲ့သို.ရှိသည် ။ ယခင်က သဘောထား အလယ်အလတ်ရှိသူများကို အစွန်းရောက်သူများနှင့် ပူးပေါင်းသွားစေရန် တွန်းပို.လိုက်သည် ။

     မြောက်ကိုရီးယားမှ ပြန်ရောက်သည်နှင့် တက္ကသိုလ်များမှ လူများစွာကို ဆွေးနွေးရန် ကျွန်တော် ဖိတ်ခေါ်ခဲ့သည် ။ အားလုံးက ဤအခြေအနေအကြောင်း ပြောကြသည် ။ ဧပြီ ၂၆ အယ်ဒီတာ့အာဘော် ထုတ်ဝေခြင်းအပေါ် အစိုးရဌါန အသီးသီးမှလူများအပါအဝင် လူပေါင်းများစွာသည် စိတ်မသက်မသာ ဖြစ်နေကြသည် ။ လူများစွာက "ဘယ်လိုဖြစ်လို. ငါတို. အဲဒီဟာတွေနဲ. အဆုံးသတ်လိုက်ရတာလဲ" ဟု အံ့အားသင့်စွာ ပြောကြသည် ။

     ဧပြီလ ၂၇ ရက်နေ.၌ လမ်းပေါ်မှ ဆန္ဒပြသူ ဦးရေမှာ တစ်သောင်းမျှထိ တိုးလာသည် ။ အယ်ဒီတာ့အာဘော်မှ ပြင်းထန်သည့် စကားလုံးများက သူတို.၏ လှုပ်ရှားမှုကို ဖြိုခွင်းတော့မည်ဟု ကျောင်းသားများကို ခံစားလာရစေသည် ။ အချို.ဆိုလျှင် လမ်းပေါ်သို.မထွက်မှီ သေတမ်းစာနှင့် သူတို.၏မိသားစုများသို. နှုတ်ဆက်စာများပင် ရေးသားထားကြသည် ။

     ဧပြီ ၂၆ အယ်ဒီတာ့အာဘော်သည် ကျောင်းသားများကို ဆွပေးရုံမျှသာမကပါ အစိုးရဌါနအသီးသီး ၊ အဖွဲ.အစည်းအသီးသီးနှင့် နိုင်ငံရေး အသင်းအဖွဲ.များကိုလည်း မကျေမနပ်ဖြစ်ကျန်ရစ်ခဲ့စေသည် ။ သူတို.သည် ၎င်းကို နားမလည်နိုင် ၊ မကျေနပ်နိုင် ၊ ဒေါသပင် ထွက်နေကြသည် ။ သူတို.က ကျောင်းသားများသည် နိုင်ငံ၏ အရေးကြီးသော ကိစ္စရပ်များနှင့် ပြုပြင်ပြောင်းလဲရေး၏ ကံကြမ္မာနှင့် ပက်သက်၍ ရိုးရိုးသားသား စိုးရိမ်ပူပန်၍ ပြုမူကြခြင်းသာ ဖြစ်သည်ဟု ယုံကြည်ကြပြီး ၊ အချို.သော လူမှုအရေးကိစ္စများနှင့် ပက်သက်၍ စေတနာမှန်နှင့် မျိုးချစ်စိတ်အပေါ် အခြေခံပြီး သူတို.၏ အမြင်ကို ဖော်ထုတ်ခြင်းသာ ဖြစ်သည်ဟု ယုံကြည်ကြသည် ။ အစိုးရသည် ထောက်ခံဖို. ၊ လမ်းညွှန်ချက်များ ချမှတ်ပေးဖို. ပျက်ကွက်ခဲ့ရုံသာမက ကျောင်းသားများကို "ပါတီဆန်.ကျင်ရေး" နှင့် "ဆိုရှယ်လစ်ဆန်.ကျင်ရေး" စသည့် တံဆိပ်တပ်ပေးလိုက်သည့် ပြင်းထန်သော အသုံးအနှုန်းများ ပါဝင်သည့် အယ်ဒီတာ့အာဘော်ကို ထုတ်ဝေခဲ့ခြင်းဖြင့် ကျောင်းသားများနှင့် ဆန်.ကျင်ဖက်မှ ရပ်တည်ခဲ့သည် ။ ပညာတတ်များ၏ တုံ.ပြန်မှုများမှာ အထူးပင် အရေးကြီးပါသည် ။

     အစိုးရ၏ တုံ.ပြန်မှုသည် ကျောင်းသားများအပေါ် ပြည်သူလူထု၏ ထောက်ခံမှုနှင့် စာနှာစိတ်များ ပိုမိုမြင့်တက် သွားစေခဲ့သည် ။ ဗီဒီယိုမှတ်တမ်းများတွင် ကျောင်းသားများ သွားလေရာ လမ်းတစ်လျှောက်၌ စီတန်းနေသည့် လူအုပ်များက လက်ခုပ်တီး၍ သူတို.ကို ကြိုဆိုကြသည်ကို တွေ.ရသည် ။ အချို.ဆိုလျှင် သူတို.နှင့်ပင် ပူးပေါင်း၍ ဆန္ဒပြကြသည် ။ တန်းစီ၍ ပိတ်ဆို.ထားသည့် ရဲတပ်ဖွဲ.ဝင်များသည်ပင် အပေါ်ယံ ဟန်ပြလောက်သာ တားဆီးဖို. ကြိုးစားကြ၍ နောက်ပိုင်းတွင် အားလုံးကို ဖြတ်သွားခွင့်ပြုလိုက်ကြသည် ။ ကျောင်းသားများ ရောက်လာသည့်နှင့် ကြိုတင်၍ ချထားသော လမ်းဆို.များကို ချက်ချင်းပင် ဖယ်ရှားပေးလိုက်ကြသည်မှာ သူတို.ကို တားဆီးဖို. ဘယ်တုန်းကမှ မရည်ရွယ်ခဲ့သည့် အလားဖြစ်သည် ။

    ဝါရင့်ကေဒါများသည် ကျောင်းသားဆန္ဒပြပွဲများနှင့် ပက်သက်၍ စိုးရိမ်ပူပန်စိတ် ကြီးထွားလာကြသည် ။ တိန်.ရှောင်ပင်း၏ မှတ်ချက်အပြီး၌ ပို၍မြင့်တက်လာသည့် ထိပ်တိုက်တွေ.မှုသည် သွေးထွက်သံယိုနှင့် အဆုံးသတ်တော့မည်ဟု စိတ်ပူလာကြသည် ။ သူတို.သည် ဗဟိုကော်မတီကို ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်နှင့် အင်အားအသုံးပြုခြင်းကို ရှောင်ကြဉ်ရန် ထပ်ခါထပ်ခါ သတိပေးခဲ့ကြသည် ။ (ပါတီ၏ ဩဇာကြီးမားသည့် ဝါရင့်ကြီး) ပန်ဇန်းသည် ဗဟိုကော်မတီ အထွေထွေရုံးသို. အကြိမ်ပေါင်းများစွာ တိုက်ရိုက်ဖုန်းဆက်၍ မည်သည့်အခြေအနေတွင်မှ အင်အားမသုံးသင့်ကြောင်း ပြောခဲ့သည် ။ ဗဟိုကော်မတီသည် အခြေအနေကို ပို၍ဆိုးဝါးသွားစေရန် လုပ်လိမ့်မည် မဟုတ်ဟု သူက ယုံကြည်ခဲ့သည် ။

     ခြွင်းချက်တစ်ခုမှာမူ (တရုတ်ပြည်သူ. နိုင်ငံရေး အကြံပေးအဖွဲ. ဥက္ကဌနှင့် ပါတီဝါရင့်ကြီး) လီရှန်နင်း ဖြစ်သည် ။ သူက တိန်.၏ မှတ်ချက်ကို ကြားပြီးသည်နှင့် တိန်.ထံသို.ဖုန်းဆက်၍ "ကျွန်တော်တို. ဆုံးဖြတ်ချက်ချရမယ် ၊ လူထောင်ပေါင်းများစွာကို ဖမ်းဖို. အသင့်ပြင်ထားရမယ်"ဟု ပြောခဲ့သည် ။ ထိုစကား မည်မျှထိ တိကျမှုရှိသည်ကို ကျွန်တော်မသိကြောင်း ဝန်ခံပါသည် ။ ဝမ်ဇန်း(ဒုသမ္မတနှင့် ပါတီဝါရင့်)ကလည်း လူပေါင်းများစွာကို ပို၍ဖမ်းဆီးရန် အဆိုပြုခဲ့သည် ။

     ထောင်ပေါင်းများစွာသော ဆန္ဒပြသူများကတစ်ဖက် ဝါရင့်ကေဒါကြီးများ၏ အနူးအညွတ် တောင်းပန်မှုများကတစ်ဖက် ရင်ဆိုင်နေရသဖြင့် ဘေဂျင်းပါတီကော်မရှင်နှင့် လီပန်းတို.ကဲ့သို.သော ဆန္ဒပြမှုများကို နှိမ်နှင်းမည်ဟု ဆုံးဖြတ်ထားကြသူများမှာ ရုတ်တရက် မည်သို.ရှေ.ဆက်ရမည်မသိ ဖြစ်သွားခဲ့ကြသည် ။ ဤသည်မှာ ကောင်းမွန်သည့် အခြေအနေဖြစ်သည် ။ ကျောင်းသားများက ဖြိုခွင်းခံရမည်ဟု မျှော်လင့်ထားကြသည် ။ သို.သော် ဤသို.ဖြစ်မလာသည့်အခါ သူတို.၏ ကျောင်းများသို. ပြန်သွားကြ၍ အောင်ပွဲအထိမ်းအမှတ် ကျင်းပကြပြီး ယခင်ကထက်ပို၍ တက်ကြွကာ အကြောက်အလန်.နည်းလာကြသည် ။

     တိန်.၏မှတ်ချက်ကို ကျောင်းအုပ်ချုပ်ရေးဌါနများသို. ပို.ထားပြီး အယ်ဒီတာ့အာဘော်ကိုလည်း ထုတ်ဝေထားသဖြင့် ပါတီအဖွဲ.အစည်းများမှ အသင်းဝင်များ ၊ တက္ကသိုလ်ကျောင်းအုပ်ကြီးများနှင့် ဆရာများသည် အစပိုင်းက  ကျောင်းသားများကို လမ်းပေါ်သို.မထွက်ရန်တောင်းပန်ကြ၍ ဆန္ဒပြပွဲများ၌ မပါဝင်ကြရန် အပြင်းအထန် အားထုတ်ထားခဲ့ကြသည် ။ ကျောင်းသားများ အထိအခိုက်မရှိ ပြန်ရောက်လာကြသည့်အခါ သူတို.သည် အရှက်ကွဲသလို ခံစားကြရသည် ။ လှည့်စားခံခဲ့ရလေခြင်း ဟူသည့် ခံစားချက်ကို သူတို. မကြိုက်ကြပါ ။ သူတို.သည် အချည်းနှီးကိစ္စတစ်ခုအတွက် သူတို.ကိုသူတို. ပေးဆပ်ခဲ့ကြရသည် ။

     ဘေဂျင်းမြို.တော်ဝင် ချန်စစ်တုန်နှင့် အခြားသူကဲ့သို. သဘောထားရှိသူများသည် ထိုသို.ခံစားကြရသည် ။ မေလ ၁ ရက်နေ. တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေးတွင် ဘေဂျင်းပါတီကော်မရှင်မှ အစီရင်ခံစာတင်ပြချိန်၌ ချန်စစ်တုန်မှာ ဒေါသတကြီးဖြစ်နေသည် ။ တက္ကသိုလ် ဝန်ထမ်းများသည် သူတို.ကို "ရောင်းစား"သကဲ့သို. ခံစားရသည်ဟု သူကပြောသည် ။ သူ၏မှတ်ချက်ကို ကျွန်တော်က ရှုတ်ချ၍ "ဘယ်သူက ဘယ်သူ.ကို ရောင်းစားတာလဲ"ဟု သူ.ကို မေးခဲ့သည် ။

     ဧပြီ ၂၇ ရက်နေ. ကြီးမားကျယ်ပြန်.လှသည့် ဆန္ဒပြပွဲများက အခြေအနေအချို.ကို ရှင်ရှင်းလင်းလင်း ဖြစ်သွားအောင် ပြုလုပ်ပေးလိုက်သည် ။ ဧပြီ ၂၆ ရက် "ပါတီဆန်.ကျင်ရေး" ၊ "ဆိုရှယ်လစ်ဆန်.ကျင်ရေး" ဟု တံဆိပ်ကပ်ပေးသည့် အယ်ဒီတာ့အာဘော်၏ မူလရည်ရွယ်ချက်မှာ ကျောင်းသားများကို တားဆီးဖို. ဖြစ်သည် ။ သို.သော် ရလာဒ်မှာ ဆန်.ကျင်ဖက် ဖြစ်သည် ။ ဆန္ဒပြပွဲများက ပို၍ကြီးထွားလာသည် ။ ဤအချက်သည် ယခင်က အလုပ်ဖြစ်ခဲ့သည့် နိုင်ငံရေး တံဆိပ်တပ်မှုများက အလုပ်မဖြစ်တော့ကြောင်း ပြနေခြင်းဖြစ်သည် ။

     ဒုတိယအချက်မှာ တိန်.ရှောင်ပင်း၏ ဧပြီ ၂၅ ရက် အတွင်းစည်း မှတ်ချက်ကို ကျယ်ကျယ်ပြန်.ပြန်. ဖြန်.ချိလိုက်ချိန်မှစ၍ အယ်ဒီတာ့အာဘော်ကို တိန်.ရှောင်ပင်းက ထောက်ခံကြောင်း ကျောင်းသားများက သတိပြုမိခဲ့ကြသည် ။ မည်သို.ပင်ဖြစ်စေ သူတို. ဆန္ဒပြခဲ့ကြသည် ၊ ထိပ်တန်းခေါင်းဆောင်ကြီး၏ သင်္ကေတသည်ပင်လျှင် မထိရောက်တော့ကြောင်း သက်သေပြနေသည် ။

     တတိယအချက် ဘေဂျင်းမြူနီစီပါယ် အစိုးရသည် မကြာသေးမှီ ကာလအတွင်းကပင် ဆန္ဒပြပွဲများနှင့် ပက်သက်၍ တင်းကျပ်သောကန်.သတ်ချက်များနှင့် တန်ပြန်ရေး အစီအမံများပါဝင်သည့် စည်းမျဉ်းစည်းကမ်း အသစ်များကို ထုတ်ပြန်ခဲ့သည် ။ ၎င်းတို.သည်လည်း လျစ်လျူရှုခြင်း ခံခဲ့ရသည် ၊ စည်းကမ်းအသစ်တို.သည် စက္ကူစုတ်ပမာ ဖြစ်သွားရသည် ။ ရဲတပ်ဖွဲ.၏ အတားအဆီးတို.သည်ပင်လျှင် အလုပ်မဖြစ်ခဲ့ပေ ။

     ဘေဂျင်းသို. ပြန်လာပြီးနောက် အခြေအနေ အရပ်ရပ်ကို ခြုံငုံမိသွားသည်နှင့် တင်းမာမှုများကို လျှော့မချနိုင်ပဲ ထိုအတိုင်းဆက်သွားနေပါက ပြင်းထန်သည့် ဖြေရှင်းနည်းတစ်ခုသည် လုံးဝနီးပါး သေချာသလောက်ရှိပြီဟု ကျွန်တော် သဘောပေါက်လာမိတော့သည် ။ လက်ရှိအခြေအနေမှာ ဧပြီ ၂၇ ၇က် မတိုင်မှီကနှင့် လုံးဝကွဲပြားသွားပြီဖြစ်သည် ၊ ကျောင်းသားများသည် အကြောက်တရား မရှိတော့ပေ ။ အစိုးရသည် ၎င်းတွင်ရှိသည့်နည်းလမ်းအားလုံးကို အစွမ်းကုန် အသုံးပြုခဲ့ပြီးဖြစ်သည်ဟု သူတို.က ယုံကြည်နေကြသည် ။ နည်းလမ်းအားလုံး မထိရောက်တော့ပေ ၊ စစ်တပ်အင်အားကို အသုံးပြုသည့် နည်းလမ်းတစ်ခုသာ ကျန်တော့သည် ။ သို.သော် သူတို.ကိုနှိမ်နင်းရန် စစ်တပ်ကို အသုံးပြုလိမ့်မည်ဟု ကျောင်းသားများ မတွေးနိုင်ကြပါ ။

     မြောက်ကိုရီးယားမှအပြန် (အရှေ.မြောက်မြို.တော်) ရှန်ယန်းမြို.ကို ကျွန်တော်ရောက်ရှိချိန်၌ ရှန်ယန်းမြို. အစိုးရဝန်ထမ်းများက တိန်.ရှောင်ပင်း၏ မှတ်ချက်ကို အကြောင်းပြန်ထားသည့် အစီရင်ခံစာကို ကျွန်တော့်အား ပေးအပ်ကြသည် ။ "ဤသို.သော အရေးယူမှုမျိုးကို ယခုထိတိုင် သုံးနိုင်သေးသလား"ဟု သူတို.၏ သံသယကို ဖော်ပြထားကြသည် ။ သူ၏မှတ်ချက်ကို ကြားရပြီးနောက် ပြည်သူများစွာက တိန်.ကို ဝေဖန်နေကြကြောင်း သူတို.က ကျွန်တော့်ကို ပြောသည် ။

     ထို.ကြောင့် ကျွန်တော် မြောက်ကိုရီးယားမှ အပြန်၌ အခြေအနေမှာ အန္တရာယ်ကြီးနေပြီဖြစ်သည် ။ သွေးထွက်သံယို အကြီးအကျယ်ဖြစ်ဖို. နီးစပ်နေပြီဖြစ်သည် ။

 

-------------------------------------------------------------------------------------------------------

 

၁ ။ စာရေးဆရာက "တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ" ကို "တည်ဆဲကော်မတီ"ဟု အတိုကောက်ခေါ်ဝေါ် သုံးစွဲသည် ။

၂ ။ မဟာ ပစ္စည်းမဲ့အလုပ်သမား ယဉ်ကျေးမှု တော်လှန်ရေးသည် တရုတ်ပြည်၏ အပြောင်းအလဲကာလကြီးဖြစ်ပြီး ၊ ၁၉၆၆ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ကြာမြင့်ခဲ့သည် ။ ဥက္ကဌကြီး မော်စီတုန်းမှ ဆင်နွှဲခဲ့သည် ၊ သူ၏အစွန်းရောက် စီးပွါးရေးမူဝါဒများ ၊ လက်ဝဲစွန်းလှုပ်ရှားမှုများကြောင့် လူသန်းပေါင်းများစွာ ကွပ်မျက်ခံခဲ့ရပြီး ကွန်မြူနစ်ပါတီဝင် အရာရှိ ထောင်ပေါင်းများစွာကိုလည်း ထုတ်ပယ်ခဲ့သည် ။

၃ ။ မေ ၄ ရက် လှုပ်ရှားမှုမှာ ၁၉၁၉ ခုနှစ်အတွင်းက ဗာဆိုင်းစာချုပ် (ယင်းစာချုပ်သည် တရုတ်ပြည်အပေါ် မမျှမတ ချုပ်ဆိုထားသည်ဟု ယူဆကြသည်။)ကို မကျေနပ်သောကြောင့် နိုင်ငံတစ်ဝှမ်းလုံး ကန်.ကွက်ဆန္ဒပြမှုများကို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်သည် ။ ဆန္ဒပြမှုများက ခေတ်သစ်တရုတ်ပြည်၏ ပညာတတ်လှုပ်ရှားမှုကို အနောက်တိုင်း လစ်ဘရယ်ဝါဒကို စွန်.လွှတ်၍ ရုရှတော်လှန်ရေး၏ သဘောတရားတို.ကို လက်ခံလာစေခဲ့သည်. အမှတ်အသားဖြစ်သည် ။ တရုတ်ကွန်မြူနစ်ပါတီက ထိုလှုပ်ရှားမှုကို ၎င်း၏ သဘောတရားရေးရာ ရေသောက်မြစ် စတင်ရာအဖြစ် သတ်မှတ်ထားသည် ။

 

 

(ကျောက်ကျိယန်၏ Prisoner of The State စာအုပ် Part 1, Chapter 2 An Editorial Make Things Worse ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

 

(တောင်းပန်ချက် ။     ။ ဤဘာသာပြန်ကို ကူးယူဖော်ပြပါက "သရပါ" ဘလော့မှ ကူးယူခြင်းဖြစ်ကြောင်း ဖော်ပြစေလိုပါသည်။ အလျှဉ်းသင့်ပါက စာအုပ်အဖြစ် ထုတ်ဝေမည်ဟု စိတ်ကူးရှိသောကြောင့် ဤသို.တောင်းပန်ရခြင်းဖြစ်ပါသည်။)

Tuesday, December 8, 2009

နိုင်ငံတော် အကျဉ်းသား

အပိုင်း ၁
တိန်အန်မင် လူသတ်ပွဲ
အခန်း ၁
ကျောင်းသားဆန္ဒပြမှုများ စတင်ခြင်း
၁၉၈၉ ခုနှစ် ကျောင်းသားလှုပ်ရှားမှုသည် ကျောက်ကျိယန်၏ နိုင်ငံရေးဘဝအပေါ် အဆုံးအဖြတ်ပေးသည့် အချိန်ကာလတစ်ခုဖြစ်သည် ။ ဧပြီလ ၁၅ ရက်နေ.၌ ဟူယောင်ဘန်း (လွန်ခဲ့သည့် ၂ နှစ်က ပါတီအထွေထွေအတွင်းရေးမှုး ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် အလယ်အလတ်သဘောထားရှိသည့် ပြုပြင်ပြောင်းလဲရေးသမား) ကွယ်လွန်သည့်သတင်းက ကောလိပ်ကျောင်းသားများကို ဘေဂျင်းမြို.၏ လမ်းများပေါ်သို. ထွက်လာကာ ဝမ်းနည်းမှု အထိမ်းအမှတ်ပွဲများ ပြုလုပ်လာစေခဲ့သည် ။ ဤသည်မှာ ဟူကိုဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည့် ထိပ်တန်းခေါင်းဆောင်ကြီး တိန်.ရှောင်ပင်းနှင့် ပါတီ၏ အသက်ကြီးပိုင်း ဝါရင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ပေါ်ပေါ်ထင်ထင် အံတုသည့် လုပ်ရပ်ဖြစ်သည် ။
ကုန်ဈေးနှုန်းများ တက်လာခြင်း ၊ တစ်ပိုင်းတစ်စမျှ ပြုပြင်ပြောင်းလဲရေး လုပ်ထားသည့် စီးပွါးရေးစနစ်အတွင်း အကျင့်ပျက်ခြစားမှုများ များပြားလာခြင်းတို.နှင့်ပက်သက်၍ တရုတ်ပြည်သူတို. စိုးရိမ်စိတ်များ ကြီးထွားလာချိန်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည် ။ အကျိုးဆက်အားဖြင့် တရုတ်လူမျိုး ထောင်ပေါင်းများစွာတို. ဆန္ဒပြသူတို.နှင့် ပူးပေါင်းလာခဲ့သည် ။
ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းအတွင်း၌ သဘောထားကွဲလွဲမှုများ ရှိလာသည် ။ ဟူကိုဖယ်ရှားဖို. ထောက်ခံသည့် ရှေးရိုးစွဲဝါဒီများက ဆန္ဒပြမှုများကို ဖြိုခွင်းဖို. တိုက်တွန်းကြသည် ။ သို.သော် ပါတီအကြီးအကဲအဖြစ် ဟူ၏နေရာကို ဆက်ခံသည့် ကျောက်က ပြင်းထန်သည့် တုံ.ပြန်မှုများမှပေါ်ထွက်လာမည့် နိုင်ငံရေးအကျိုးဆက်များကို စိုးရိမ်ပူပန်သည် ၊ သဘောထားတင်းမာသည့် တုံ.ပြန်မှုများက စီးပွါးရေးပြုပြင်ပြောင်းလဲမှုကို လမ်းချော်သွားစေမည့် အရေးကိုလည်း စိတ်ပူသည် ။ ဆန္ဒပြမှုများ ရှည်ကြာလာသည့်နှင့်အမျှ နိုင်ငံရေးဩဇာ အားပြိုင်မှုကလည်း သည်းထန်လာသည် ။
ဆန္ဒပြပွဲများ ပေါ်ပေါက်လာ၍ မကြာခင်အတွင်း၌ ကျောက်သည် မြောက်ကိုရီးယားနိုင်ငံသို. တရားဝင်ခရီးထွက်ဖို. ဖြစ်လာသည် ။ ဤခရီးစဉ်က ဆန္ဒပြပွဲများနှင့်ပက်သက်သည့် ပါတီ၏ တုံ.ပြန်မှုများတွင် သက်ရောက်နိုင်သည့် သူ၏စွမ်းရည်ကို ကန်.သတ်လိုက်သလိုရှိသည် ။ သူအဝေးသို.ရောက်နေစဉ် ဧပြီလ ၂၆ ရက်နေ.၌ အစိုးရက ပြည်သူ.နေ.စဉ် သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ဆန္ဒပြပွဲများအပေါ်ထားရှိသည့် အစိုးရ၏ သဘောထားကို ဖော်ပြခွင့် ပြုလိုက်သည် ။ အာဘော်တွင်ရေးထားသည့် ရန်လိုသည့် အသုံးအနှုန်းများက အခြေအနေကို ပိုမိုရှုပ်ထွေး ဆိုးဝါးစေပြီး ကျောက်၏ ကိုင်တွယ်ထိန်းသိမ်းမှုကို သေးသိမ်စေခဲ့သည် ။
ဤအခန်း၌ ဆန္ဒပြပွဲများဖြစ်ပေါ်ရသည့် အကြောင်းရင်းကို ပထမဆုံးအကြိမ်အဖြစ် ကျောက်က ထုတ်ဖော်ပြောကြားခဲ့သည် ။ ဆန္ဒပြပွဲများက မည်သည့်အတွက်ကြောင့် အစိုးရကို တိုက်ရိုက် မခြိမ်းခြောက်ဟု သူခံစားရသည့်အကြောင်းနှင့် ဇွန်လ ၄ ရက်နေ. အကြမ်းဖက် နှိမ်နှင်းမှုများ မပြုလုပ်မှီ အစောကြီးကတည်းက ၎င်းတို.ကို မည်သို.ဖြေရှင်းနိုင်သည့် အကြောင်းများကို သူကရှင်းပြထားသည် ။
ကျွန်တော်သည် လွန်ခဲ့သည့် ၇ နှစ် (၁၉၉၂ ခုနှစ်) အတွင်း၌ ဇွန် ၄ ရက် အဖြစ်အပျက်နှင့် ပက်သက်သည့် အကြောင်းများကို မှတ်စုများ ချရေးနေခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် တစ်ချို.သော အသေးစိတ် ဖြစ်ရပ်များကို မေ့လျော့သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည် ။ ထိုမှတ်စုများသည် သမိုင်းနှင့် ပက်သက်သည့် မှတ်တမ်းတစ်မျိုး အဖြစ် ကျန်ရစ်ခဲ့မည်ဟု ကျွန်တော် မျှော်လင့်ပါသည် ။
အဖြစ်အပျက်များကို ဤမှတ်စုများ အနေနှင့် ပြောပါမည် ။ အချို.သောအကြောင်းအရာများကို ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေး(၁၉၈၉ခုနှစ် ဇွန်လ ၂၃-၂၄ ရက်နေ.များ၌ ကျင်းပခဲ့သည်။ ထိုအချိန်၌ ကျောက်မှာ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ဖြစ်သည် ။ ထိုအစည်းအဝေး၌ ဆန္ဒပြပွဲကာလအတွင်းက သူ၏အခန်းကဏ္ဍကို ခုခံချေပခဲ့သည်။)၌ ကျွန်တော် ပြောကြားခဲ့ပြီးဖြစ်သည် ။ သို.သော် ထိုစဉ်က ကျွန်တော်မပြောခဲ့သည့် အခြားအကြောင်းအရာများလည်း ရှိပါသေးသည် ။ ထိုအကြောင်းအရာအားလုံးကို ကျွန်တော် ယခု ပြောပါမည် ။
ပထမဆုံးအနေဖြင့် ကျောင်းသားဆန္ဒပြပွဲများ ဖြစ်ပေါ်လာစေရန် မည်သည့်အကြောင်းအရာက အစပျိုးလိုက်သည်ကို ဖော်ပြလိုပါသည် ။ အစောပိုင်းကာလ ကျောင်းသားဆန္ဒပြပွဲအားလုံးမှာ ဟူယောင်ဘန်းကွယ်လွန်သည့်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲများဖြစ်သည် ။
၁၉၈၉ခု ဧပြီလ ၁၅ ရက်နေ.၌ ယောင်ဘန်းကွယ်လွန်သည် ။ ကြေညာချက်ကို အသံလွှင့်ပြီး ချက်ချင်းဆိုသလိုပင် ကောလိပ်ကျောင်းသားတစ်ချို.က ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲများကို စတင်ခဲ့ကြသည် ။ ထိုမှစတင်၍ လမ်းများပေါ်သို. သူတို.တက်ကြတော့သည် ၊ ပါဝင်သည့် လူဦးရေလည်း တစ်စတစ်စ တိုးလာခဲ့သည် ။ ထိုအချိန်က ပြင်းထန်သည့် စိတ်လှုပ်ရှားမှုကြောင့် ကျောင်းသားအချို.၏ အစွန်းရောက်သည့် လုပ်ရပ်များ ရှိခဲ့သော်လည်း ခြုံငုံ၍သုံးသပ်ပါက သူတို.၏ လှုပ်ရှားမှုမှာ စနစ်တကျရှိ၍ အလွန်အကျွံ လုပ်ရပ်များ မရှိခဲ့ပေ ။
ဧပြီလ ၁၈ နှင့် ၁၉ ရက်ညများ၌ ရာပေါင်းများစွာသော ပြည်သူများ စင်ဟွာဂိတ် (ပါတီရုံးချုပ်၏ အပြင်ဖက်)၌ စုရုံးခဲ့ကြသည် ။ နောက်ပိုင်း၌ ကျွန်တော်ရောက်သွားခဲ့၍ ပြည်သူ.လုံခြုံရေးဝန်ကြီးဋ္ဌါနမှရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကို ကြည်.ခဲ့သည် ။ “ကျောင်းသားတို. စင်ဟွာဂိတ်ကို ပိတ်ဆို. ဆူပူမှု” ဆိုသည့်ဗီဒီယိုမှတ်တမ်း၌ “စည်းကမ်းရှိကြပါ ၊ စည်းမဲ့ကမ်းမဲ့ မလုပ်ကြပါနဲ.”ဟု လူစု၏ ရှေ.ပိုင်းရှိ ကျောင်းသားအချို.က ထပ်ခါထပ်ခါ အော်ဟစ်နေကြသည် ။ သူတို.၏နောက်၌ လူအုပ်ကြီးက ဝိုင်းကြည့်နေကြသည် ။ ကျောင်းသားတို.က ခေါင်းဆောင်အချို.နှင့် တွေ.ဆုံခွင့် အပါအဝင် တောင်းဆိုမှုများစွာကို အော်ဟစ်တောင်းဆိုကြသည် ။ ထိုစဉ်တွင် နောက်မှလူအုပ်က တွန်းနေကြသည့်အတွက် အနည်းငယ် ဖရိုဖရဲဖြစ်သွားသည် ။ ထို.နောက် ကျောင်းသားတို.က လူအုပ်ကို ထိန်းရန်အတွက် အဖွဲ.တစ်ဖွဲ. ဖွဲ.လိုက်ကြသည် ။
ဧပြီလ ၂၂ ရက်နေ.၌ ဟူယောင်ဘန်းအတွက် အစိုးရ၏ ဝမ်းနည်းခြင်း အခမ်းအနားကျင်းပနေစဉ် တိန်အန်မင်ရင်ပြင်တွင် ကျောင်းသားထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည် ။ ဤစုဝေးမှုကို တရားဝင် ခွင့်ပြုခဲ့သည် ။ ရင်ပြင်အတွင်းရှိ အသံချဲ.စက်များက ပြည်သူ.ခန်းမအတွင်း ကျင်းပနေသည့် အခမ်းအနားကို ထုတ်လွှင့်နေသည်.အတွက် သူတို.အားလုံးနားထောင်နိုင်ကြသည် ။
ဤသည်မှာ ဧပြီလ ၂၆ ရက် ပြည်သူ.နေ.စဉ် သတင်းစာ အယ်ဒီတာ့အာဘော် မထုတ်ဝေမှီက အခြေအနေ ဖြစ်သည် ။
မည်သည့်အတွက် ကျောင်းသားများက ဟူယောင်ဘန်းကွယ်လွန်မှု ဝမ်းနည်းခြင်း အခမ်းအနားကို ဤမျှထိ ပြင်းပြင်းထန်ထန် တုံ.ပြန်ရပါသနည်း ။ အကြောင်းရင်းများက ရှုပ်ထွေးလှပါသည် ။
ပထမအချက်မှာ လူထုအတွင်း၌ ဟူယောင်ဘန်း၏ ပုံရိပ်အလွန်ကောင်းခြင်းဖြစ်သည် ။ သူသည် မော်၏လက်ထက်အတွင်း မမျှမတ တရားစွဲထားသည့်အမှု အများအပြားကို ပြောင်းပြန်လှန်ပြင်ဆင်ခဲ့သည် ။ ပြုပြင်ပြောင်းလဲရေးကို အမြဲထောက်ခံသူဖြစ်သည် ။ အရေးကြီးဆုံးအချက်မှာ သူသည် အာဏာရှိနေစဉ်အတွင်း အကျင့်ပျက်ခြစားမှု မရှိခြင်းဖြစ်သည် ။ ထိုစဉ်ကာလက အကျင့်ပျက်ခြစားမှုများကို မကျေနပ်မှု အများအပြားရှိနေသည် ။ ဟူယောင်ဘန်းအတွက် အခမ်းအနားများ ကျင်းပခြင်းဖြင့် ထိုမကျေနပ်မှုများကို ထုတ်ဖော်ပြသနိုင်သည့် အခွင့်အလမ်းတစ်ခု ရရှိသည် ။
ဒုတိယအချက်မှာ ၁၉၈၇ ခုနှစ်အတွင်းက ဟူယောင်ဘန်းအား ရာထူးချလိုက်သည်ကို ပြည်သူအများစုက ဒေါသထွက်မကျေမနပ် ဖြစ်နေကြသည် ။ ပြည်သူအများအပြားက ဘူဇွာဆန်.ကျင်ရေးလှုပ်ရှားမှု (၁၉၈၇-၈၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည်။)ကို မကြိုက်ကြပဲ ၎င်းကိုဆန်.ကျင်ကြသည် ။ ထို.ပြင် ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပုံလုပ်နည်းကိုလည်း လက်မခံနိုင်ကြချေ ။ ယေဘုယျအားဖြင့် ပြည်သူတို.သည် ဟူယောင်ဘန်းအပေါ်ပြုမူပုံကို ဒေါသထွက်နာကြည်းနေမှုကို ဖော်ထုတ်နေကြခြင်းဖြစ်သည် ။
တတိယအချက်မှာ ၁၉၈၈ ခုနှစ် ဆောင်းဦးပိုင်း၌ အစိုးရပြန်လည်ဖွဲ.စည်းပုံကို အဆိုပြုရာတွင် နယ်ပယ်အများစု၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ဖြတ်တောက်လျှော့ချခဲ့သည် ။ စီးပွါးရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်များ ရပ်တန်. သို.မဟုတ် နောက်ပြန်ဆုတ် သွားစဉ်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်ပက်သက်၍ မည်သည့် အရေးယူဆောင်ရွက်မှုမှ မရှိခဲ့ပေ ။ ကျောင်းသားများသည် အခြေအနေအရပ်ရပ်အပေါ် သူတို.၏ အားမလိုအားမရဖြစ်မှုနှင့် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်စေလိုသည့် သူတို.၏ ဆန္ဒကို ဟူယောင်ဘန်းကို အောက်မေ့မှု အခမ်းအနားများမှတစ်ဆင့် ထုတ်ဖော်ပြသနေကြသည် ။
လမ်းပေါ်ထွက် ဆန္ဒပြရာတွင် ပါဝင်သည့် ပြည်သူများမှာ အမျိုးအစား သုံးမျိုးရှိသည် ။ ပြည်သူအများစုကြီးမှာ အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် အမျိုးအစား၌ အကျုံးဝင်သည် ။ ကျွန်တော်တို.၏ အတိတ်ကာလ မူဝါဒများကို နာကြည်းမကျေနပ်သည့် ပြည်သူများလည်း ရှိသေးသည် ၊ သူတို.က ထိုအခွင့်အလမ်းကို အရယူ၍ သူတို.၏ မကျေနပ်ချက်များကို ဖော်ထုတ်ကြသည် ။ ပါတီနှင့် ဆိုရှယ်လစ်စနစ်ကို မနှစ်သက် ဆန်.ကျင်သည့် ပြည်သူအနည်းစုလည်း အမှန်တကယ်ရှိပါသည် ၊ သူတို.က အခြေအနေများ ပိုမိုဆိုးဝါးကာ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားစေရန် မျှော်လင့်ကြသည် ။
တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အစည်းအဝေးတစ်ခု(ရက်စွဲမသေချာတော့ပါ)၌ ဗဟိုကော်မတီက ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပနေစဉ်တွင် ကျောင်းသားများက သူတို.၏ ကိုယ်ပိုင်အောက်မေ့တသခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်းကို မတားမြစ်သင့်ကြောင်း ကျွန်တော်ပြောခဲ့သည် ။ ဟူကိုအောက်မေ့တသရန် ကျွန်တော်တို.အတွက် အထူးသီးသန်. အခွင့်အရေးအဖြစ် မောင်ပိုင်စီးထား၍ ကျောင်းသားများကိုမူ ထိုသို.ကျင်းပခွင့် တားမြစ်ပိတ်ပင်ရန် အကြောင်းမရှိပါ ။
ရိုက်နှက်ထိုးကြိတ်ခြင်း ၊ ချိုးဖဲ့ဖျက်ဆီးခြင်း ၊ လုယက်ခြင်း ၊ မီးရှို.ခြင်း ၊ ကျူးကျော်ဝင်ရောက်ခြင်း စသည့် ပြစ်မှု ၅ မျိုး ကျူးလွန်သူများကိုသာလျှင် တရားဥပဒေအတိုင်း အပြစ်ပေးရန် ကျွန်တော် အကြံပေးခဲ့သည် ။ ကျန်သည့်အခြား ကိစ္စရပ်များ၌ တင်းမာမှု လျှော့ချရန်သာ အားထုတ်သင့်သည် ။
ဟူယောင်ဘန်းအား အောက်မေ့ခြင်း အခမ်းအနား အပြီး၌ အချက် ၃ ချက်ပါဝင်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အဆိုပြုခဲ့သည် ။
၁ ။ ယခုအခါ အောက်မေ့ခြင်း အခမ်းအနား ပြီးဆုံးသွားပြီ ဖြစ်သည့်အားလျော်စွာ လူမှုလှုပ်ရှားမှုများသည် ပုံမှန်အခြေအနေသို. ပြန်ရောက်သင့်သည် ။ ကျောင်းသားများကို လမ်းပေါ်ဆန္ဒပြမှုများမှ ရပ်တန်.၍ စာသင်ခန်းများသို. ပြန်ဝင်ရန် ဖျောင်းဖျဖို.လိုသည် ။ (သူတို.၏ ရည်ရွယ်ချက်များမည်သို.ရှိစေကာမူ ကျောင်းသားများသည် ဟူယောင်ဘန်းကို အောက်မေ့တသခြင်းထက် မပိုခဲ့ဟု ထိုအချိန်က ကျွန်တော် ခံစားရသည် ။ ထို.ကြောင့် အောက်မေ့ခြင်း အခမ်းအနား ပြီးဆုံးသွားပြီး-သူတို.ကိုယ်တိုင်လည်း အခမ်းအနားများ ကျင်းပခွင့် ရခဲ့သည့်အားလျော်စွာ-ဆန္ဒပြပွဲများကို ဆက်လက်ပြုလုပ်ရန် မည်သည့်အကြောင်းမျှ မရှိတော့ပါ။စာသင်ခန်းများသို. ပြန်ဝင်ရန် အချိန်တန်ပေပြီ။)
၂ ။ တင်းမာမှုများကို လျှော့ချရန် အဓိကရည်ရွယ်ချက် ရှိသည်နှင့်အညီ အပြန်အလှန်နားလည်မှု ရရှိရန်နှင့် အယူအဆ အမျိုးမျိုးကို သိရှိနားလည်နိုင်ရန် တွေ.ဆုံဆွေးနွေးမှုများကို လူမှုအလွှာအသီးသီး၌ ပုံစံမျိုးစုံ ၊ လမ်းကြောင်းမျိုးစုံနှင့် ပြုလုပ်ရန်လိုသည် ။ သူတို.၌ မည်သည့် အယူအဆများ ရှိသည်ဖြစ်စေ ကျောင်းသားအားလုံး ၊ ဆရာအားလုံးနှင့် ပညာတတ်အားလုံးကို သူတို.၏ အယူအဆများကို လွတ်လပ်စွာ ဖော်ပြခွင့် ပြုသင့်သည် ။
၃ ။ သွေးမြေကျမှုများကို မည်သည့်နည်းနှင့်မဆို ရှောင်ကြဉ်ရမည် ။ သို.သော် ရိုက်နှက်ထိုးကြိတ်ခြင်း ၊ ချိုးဖဲ့ဖျက်ဆီးခြင်း ၊ လုယက်ခြင်း ၊ မီးရှို.ခြင်း ၊ ကျူးကျော်ဝင်ရောက်ခြင်း စသည့် - ပြစ်မှု ၅ မျိုး ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အပြစ်ပေးသင့်သည် ။
ကျွန်တော်၏ အကြံပြုချက်အားလုံးကို ဝန်ကြီးချုပ် လီပန်းနှင့် တည်ဆဲပေါ်လစ်ဗျူရိုအဖွဲ.ဝင် အားလုံးက လက်ခံကြပြီး တရားဝင် အတည်ပြု မှတ်တမ်းတင်ထားကြသည် ။
ဖော်ပြခဲ့သည့် အခြေအနေ အရပ်ရပ်အပေါ် သုံးသပ်မှုနှင့် အရေးယူဆောင်ရွက်ရေးဆိုင်ရာမူများကို ဒေသဆိုင်ရာ အစိုးရဌါနခွဲများသို. လမ်းကြောင်းအသီးသီးမှတစ်ဆင့် ဖြန်.ချိခဲ့သည် ။ ၎င်းတို.မှာ ကျွန်တော်၏ မြောက်ကိုရီးယား ခရီးစဉ် မတိုင်မှီ အဆိုပြုတင်ပြခဲ့သည့် အချက်သုံးချက်ဖြစ်သည် ။ အောက်မေ့ဖွယ်အခမ်းအနားအပြီး ဓာတ်လှေကားဖြင့် ဆင်းလာချိန်၌ အဓိကကျသည့် ဗဟိုကော်မတီ ခေါင်းဆောင်များကို အထက်ပါ အချက်သုံးချက်အကြောင်းကို ကျွန်တော် ပြောပြခဲ့ပြီး နောက်ပိုင်း၌လည်း ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ထပ်မံ ရှင်းလင်းတင်ပြခဲ့သည် ။
ဧပြီလ ၂၃ ရက်မွန်းလွဲပိုင်းတွင် ဘေဂျင်းဘူတာရုံ၌ မြောက်ကိုရီးယားသို. သွားရန်ပြင်ဆင်နေစဉ် လီပန်းရောက်လာပြီး ကျွန်တော့်ကို ပို.ဆောင်သည် ။ သူက အခြားနောက်ထပ် ထပ်မံဖြည့်စွက်ရန် ရှိမရှိမေးသည် ။ အထက်ပါ အချက်သုံးချက်သည် ကျွန်တော့်အယူအဆများကို အကျဉ်းချုပ်ထားခြင်းဖြစ်ကြောင်း ကျွန်တော်က ပြောခဲ့သည် ။ နောက်ပိုင်း၌ လီပန်းက အချက်သုံးချက်ကို တိန်.ရှောင်ပင်းထံသို. တင်ပြကြောင်း ၊ သူကလည်း အချက်သုံးချက်ကို သဘောတူကြောင်း ကျွန်တော်ကြားရသည် ။
တည်ဆဲပေါ်လစ်ဗျူရို အဖွဲ.ဝင်များမှ သဘောမတူမှုများ (အနည်းဆုံးတော့ ပေါ်ပေါ်ထင်ထင် သဘောမတူမှုများ) လုံးဝမရှိခဲ့ပေ ။ တစ်ခုကိုသာ ကျွန်တော်မှတ်မိသည် ၊ ဧပြီလ ၁၉ ရက်နေ. ညနေခင်း၌ မမျှော်လင့်ပဲ လီပန်းက ဖုန်းဆက်လာပြီး အပြစ်တင်သည့်ပုံမျိုး ပြောသည် “ကျောင်းသားတွေက စင်ဟွာဂိတ်ကို ဖျက်ဆီးဖို. ကြိုးစားနေကြတယ် ။ ဘာဖြစ်လို. တားဆီးအရေးယူဖို. မလုပ်တာလဲ”ဟု သူကပြောသည် ။ ပေါ်လစ်ဗျူရိုအဖွဲ.ဝင် လုံခြုံရေးတာဝန်ခံ ကျူရှီတွင် တာဝန်ရှိကြောင်း ၊ သူ.အနေဖြင့် ပေါ်ပေါက်လာနိုင်သည့် အရေးတကြီး ကိစ္စများကို လက်ရှိအရေးပေါ်တုံ.ပြန်ရေး အစီအစဉ်များနှင့်အညီ ကိုင်တွယ်ဆောင်ရွက် နိုင်စွမ်းရှိလိမ့်မည်ဟု ယူဆကြောင်း ကျွန်တော်က ပြန်ပြောခဲ့သည် ။
နောက်ပိုင်း၌ လီပန်းဖုန်းခေါ်သည့်အကြောင်း ကျူရှီကို ကျွန်တော် အကြောင်းကြားခဲ့သည် ။ တကယ်တမ်းတွင် ၂၀ ရက်နေ. နံနက်ခင်း၌ ကျောင်းသားအများစုသည် စင်ဟွာဂိတ်မှ ထွက်ခွါသွားကြပြီဖြစ်သည် ။ ကျန်နေသေးသည့် ကျောင်းသားအနည်းစုကို ရဲတပ်ဖွဲ.က ဖယ်ရှားခဲ့သည် ။ သူတို.ကို ဘတ်စကားများဖြင့် သူတို.၏ ကျောင်းများသို. ပြန်ပို.ပေးခဲ့သည် ။
ဤသည်တို.မှာ ကျွန်တော် မြောက်ကိုရီးယားသို. ခရီးမထွက်မှီက ရှိခဲ့သည့် ကျောင်းသားဆန္ဒပြပွဲများ၏ အခြေအနေနှင့် တည်ဆဲကော်မတီ၏ ထိုစဉ်က ရှိခဲ့သည့် မူဝါဒဖြစ်သည် ။
(တောင်းပန်ချက်။ ။ ဤဘာသာပြန်စာမူကို ကူးယူဖော်ပြပါက "သရပါ" ဘလော့မှ ကူးယူခြင်းဖြစ်ကြောင်း ဖော်ပြစေလိုပါသည်။ နောက်နောင် အလျှဉ်းသင့်ပါက စာအုပ်အဖြစ်ထုတ်ဝေမည်ဟု စိတ်ကူးရှိခြင်းကြောင့် ဤသို. တောင်းပန်ခြင်းဖြစ်ပါသည်။)

Sunday, December 6, 2009

စာအုပ်မိတ်ဆက် (နိုင်ငံတော်အကျဉ်းသား)


စာအုပ်မိတ်ဆက်
Prisoner of the State ဆိုတဲ့ စာအုပ်ကို ကျွန်တော် ဘာသာပြန်နေပါတယ် ။ ဒီစာအုပ်ဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အတွင်း တရုတ်ပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့တဲ့ ကျောက်ကျိယန်ရေးတဲ့စာအုပ်ပါ။ ရေးတယ်ဆိုတာထက် နေအိမ်အကျယ်ချုပ် ဘဝမှာ သူအသံသွင်းထားခဲ့တဲ့ အသံသွင်းတိပ်ခွေတွေကို စာအုပ်အဖြစ်အသွင်ပြောင်းပြီး ၂၀၀၉ ခုနှစ်မေလအတွင်းမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ ၂၀၀၉ ခုနှစ် မေလ ၁၉ ရက်မှာ Simon & Schuster စာအုပ်တိုက်ကနေ ထုတ်ဝေခဲ့ပြီး စာမျက်နှာ သုံးရာကျော်ရှိပါတယ်။
ဒီစာအုပ်ဟာ ကျောက်ကျိယန်လိုမျိုး ပုဂ္ဂိုလ်တစ်ယောက်က တရုတ်ပြည်ခေါင်းဆောင်ပိုင်းတွေရဲ. ဘဝကို ပထမဆုံးအဖြစ် ပွင့်ပွင့်လင်းလင်း ရေးသားထားတဲ့စာအုပ်ပါ။ ကမ္ဘာ.အလျှို.ဝှက်ဆုံး တိုင်းပြည်တွေထဲက တစ်ခုဖြစ်တဲ့ တရုတ်ပြည်အကြောင်းကို ခေါင်းဆောင်ဟောင်းတစ်ယောက်ကိုယ်တိုင် ရေးသားထားခြင်းဟာ ဒီစာအုပ်ရဲ. ထူးခြားချက်တစ်ခုပါပဲ။
၁၉၈၉ ခုနှစ် တိန်အန်မင်ရင်ပြင် အရေးအခင်းမှာ ရာထူးကဖယ်ရှားခံခဲ့ရပြီးနောက် ကျောက်ကျိယန်ဟာ ၂၀၀၅ ခုနှစ် ကွယ်လွန်ချိန်ထိ နေအိမ်အကျယ်ချုပ်ဘဝနဲ.နေသွားခဲ့ရပါတယ်။ ဒီစာအုပ်ဟာ သူ.ရဲ.အထုပ္ပတ္တိ မဟုတ်ပါဘူး၊ သူရာထူးကမပြုတ်ခင် သုံးနှစ်အတွင်းက အဖြစ်အပျက်တွေကို ရေးထားခြင်းဖြစ်ပါတယ်။ ခေတ်သစ်တရုတ်ပြည်သမိုင်းကို တစ်စိတ်တစ်ပိုင်း လှစ်ဟပြနေတဲ့စာအုပ်တစ်အုပ်လို. ပြောရင်ရနိုင်လိမ့်မယ်ထင်ပါရဲ.။
ဒီစာအုပ်မှာ အပိုင်း ၆ ပိုင်းပါဝင်ပါတယ်။
၁။ The Tiananmen Massacre (တိန်အန်မင် လူသတ်ပွဲ)
၂။ House Arrest (နေအိမ်အကျယ်ချုပ်ဘဝ)
၃။ The Roots of China’s Economic Boom (တရုတ်ပြည်တိုးတက်ဖွံ.ဖြိုးမှုရဲ. အကြောင်းရင်းများ)
၎။ War in The Politburo (ပေါ်လစ်ဗျူရိုတွင်း နိုင်ငံရေးတိုက်ပွဲ)
၅။ A Tumultuous Year (ဗရုတ်ဗရက် ကာလ)
၆။ How China Must Change (တရုတ်ပြည်ကို ဘယ်လိုပြုပြင်ပြောင်းလဲရမလဲ) အစရှိသဖြင့် အပိုင်း၆ပိုင်းပါဝင်ပါတယ်။ အခုကျွန်တော်ဘာသာပြန်တာ အပိုင်း၁ ပြီးလုနီးပါပြီ။ ဒီအပက်ကနေစပြီး အပတ်စဉ် အနည်းဆုံး တစ်ပက်ကို တစ်ပုဒ်နှုန်းနဲ. ကျွန်တော့်ဘလော့မှာ တင်သွားပါမယ်။ တကယ်လို. နှစ်သက်တဲ့သူရှိလို. ဒီဘာသာပြန်ကို ကူးယူဖော်ပြမယ်ဆိုရင် ကျွန်တော့်ဘလော့ကနေ ကူးယူထားခြင်းဖြစ်ကြောင်း ဖော်ပြကြစေလိုပါတယ်။ အလျှဉ်းသင့်လို.ရှိရင် စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေဖို. စိတ်ကူးရှိလို. ခုလိုတောင်းပန်ရခြင်းဖြစ်ပါတယ်။
ဒီစာအုပ်ကိုဘာသာပြန်ရာမှာ မူရင်းစာအုပ်မှာပါတဲ့ အမှာစာနဲ. စကားချီးကို ချန်လှပ်ထားပြီး ကျောက်ကျိယန်ကိုယ်တိုင်ပြောတဲ့နေရာကနေစပြီး ပြန်ဆိုထားပါတယ်။ အမှာစာနဲ. စကားချီးကို ချန်လှပ်ထားခဲ့ခြင်းရဲ. အကြောင်းရင်းကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပျင်းစရာကောင်းပြီး စာလေးမှာစိုးလို.ဖြစ်ပါတယ်။ တကယ်တမ်းက ဒီစာအုပ်ကြီးကိုယ်၌သည်ပင်လျှင် စိတ်မဝင်စားရင် လေးလံပျင်းရိဖွယ်ကောင်းလှပါတယ်။
ဒီစာအုပ်ကို ဖတ်ကြည့်ခြင်းအားဖြင့် ခေတ်သစ်တရုတ်ပြည်ရဲ. သမိုင်းကြောင်းတစ်စိတ်တစ်ဒေသကို သိရှိသွားနိုင်မှာ ဖြစ်သလို၊ အထူးသဖြင့် သူတို.ပြည်ရဲ. တိုးတက်မှုလမ်းကြောင်းကိုလည်း တစ်စွန်းတစ်စမျှ ရိပ်စားနိုင်ပါလိမ့်မယ်။ ကဲ…….စလိုက်ကြရအောင်။

Friday, November 27, 2009

ကောလိပ်ကျောင်းသားတို.မသိတာတွေ နောက်ဆက်တွဲ

Post အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါပြီ ။ အရင် အပတ်က တင်ခဲ့တဲ့ “ကောလိပ်ကျောင်းသားတို. မသိတာလေးတွေ” ဆိုတဲ့ ရသစာတမ်းရဲ. မူရင်းEssay လေးကို တင်လိုက်ပါတယ်။ Essay လေးတွေရဲ. သဘောက မူရင်းစပြီး တွေးမိတဲ့ အတွေးစလေးတစ်ခု (ဦးစံရှားစကားနဲ.ဆိုရင်တော့ “တွေးလုံးလေးတစ်ခု”ပေါ့လေ။)ကနေ ဆက်စပ်ပြီး နောက်ဆုံးစာရေးသူ အဓိကတွေးမိတဲ့ အတွေးတစ်ခုကို ဆက်စပ်သီကုံးသွားတဲ့သဘောကို တွေ.မိပါတယ်။
Essay နဲ.ပက်သက်လို. ဆရာမြသန်းတင့်ရဲ. အောက်ပါစကားလေးတွေကို တန်ဖိုးထားမှတ်သားမိပါတယ်။
“လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်လောက်မှစ၍ တိုင်းမဂ္ဂဇင်းတွင် ‘အက်ဆေး’ ဆိုသည့် စာတမ်းအမျိုးအစားတစ်ခုကို ထည့်သွင်းလာခဲ့သည်။ ယခင်တုန်းကတော့ တိုင်းမဂ္ဂဇင်းတွင် ထိုအမျိုးအစားပါဝင်ခဲ့ခြင်းမရှိ။ အထူးသဖြင့် ၇၀ ပြည့်လွန်နှစ်များတွင် ‘အက်ဆေး’များကို ထည့်သွင်းလာခဲ့သည်။ ရေးသူများထဲတွင် အယ်ဒီတာအဖွဲ.ဝင်များ၊ စာရေးဆရာများ၊ ဝါရင့်သတင်းထောက်များ၊ သံတမန်များ၊ အစိုးရအဖွဲ. ခေါင်းဆောင်ဟောင်းများ စသည်တို. ပါဝင်တတ်သည်။ အများအားဖြင့်တော့ တိုင်းမဂ္ဂဇင်းမှ ဝါရင့်အယ်ဒီတာများ ဖြစ်ကြသည်။ ရေးသည့်အကြောင်းအရာကလည်း ကင်တာကီ ကြက်ကြော်မှအစ ကြယ်တာရာစစ်ပွဲအထိ၊ စစ်အေးတိုက်ပွဲမှ နန်တီယာဂိုဘောလုံးပွဲထိ၊ မာဖီယား လူဆိုးဂိုဏ်းများမှ မိုးဇာတ်၏ တေးဂီတအထိ၊ တင်းနစ်ရိုက်ခြင်း၏ အန္တရာယ်များမှသည် တူကို အသုံးပြုနည်းအထိ၊ အေအိုင်ဒီအက်စ်ရောဂါအကြောင်းမှသည် အာကာသသိပ္ပံအထိ နေမင်းကြီးအောက်တွင် ရှိသမျှသော အကြောင်းအရာများကို အလျဉ်းသင့်သလို ရေးသွားသည်။ အများအားဖြင့် လက်ရှိဖြစ်ပျက်နေသော ကမ္ဘာ့အခြေအနေ၊ အဖြစ်အပျက်တစ်ခုခုကို မူတည်ကာ ထိုမှနေ၍ ပေါ်ထွက်လာသော စဉ်းစားစရာ ပြဿနာများကို တင်ပြသွားသည်။ တိုင်းမဂ္ဂဇင်း၏ အက်ဆေးရေးဟန်သည် အခြားသောရေးဟန်များနှင့်မတူ။ အဝေးရိုက်ကြေးနန်းတစ်စောင်ကို ဖတ်ရသလို တိုတိုနှင့် ကျစ်လျစ်သည်။ တစ်ခါတစ်ရံတွင် တချို.သော စကားလုံးများကို အပြည့်မသုံးတော့ဘဲ မြှုပ်ထားပစ်သည်။ တချို.နေရာများတွင် ဝါကျကို အဆုံးမသတ်။ လက်ဝှေ.သမား၏ လက်သီးချက်တစ်ချက်လို မိလောက်သည့်နေရာကိုရောက်မှ တစ်လုံးတည်းဖြင့် ပစ်သွင်းလိုက်သည်။”
အခုတင်လိုက်တဲ့ “What College Students Don’t Know” ဆိုတဲ့ Essay လေးမှာလည်း ကောလိပ်တစ်ခုကနေ မောင်မယ်သစ်လွင် ကျောင်းသားလေးတွေရဲ. ဘဝနဲ.အတွေးအခေါ်အပေါ်ကို သက်ရောက်နိုင်ဖွယ်ရာရှိတဲ့ အဖြစ်အပျက်တွေကို စုစည်းထားတဲ့ Mindset List ဆိုတဲ့ စာရင်းလေးတစ်ခုကို ဖတ်မိရာကနေ အမေရိကရဲ. ပထမဆုံးလူမည်းသမ္မတကို မဲပေးရွေးချယ်ခဲ့ပုံ၊ ၁၉၉၁ ခုနှစ်မတိုင်မှီက အတွေးအခေါ်တွေနဲ. ခုခေတ်အတွေးအခေါ်တွေ ပြောင်းလဲသွားခဲ့ပုံ၊ နောက်ဆုံးမှာ အနာဂတ်နဲ.ပက်သက်တဲ့ ကျွန်တော်တို.လူသားတွေရဲ. အတွေးအခေါ် ခေါင်းပါးနေတတ်ပုံကနေတစ်ဆင့် ကျွန်တော်တို.ရဲ. နောက်မျိုးဆက်ကလေးငယ်တွေက ကျွန်တော်တို.တာဝန်ကျေခဲ့၊မကျေခဲ့ ဆုံးဖြတ်ကြမှာဖြစ်တဲ့အကြောင်းထိ အတွေးစဉ်ဖြာထွက်သွားပုံလေးကို နှစ်သက်မိလို. ဒီ Essay လေးကို ဘာသာပြန်ဖြစ်ခဲ့တာပါ။

What College Students Don't Know
Time (Monday, Sep. 21, 2009)
David McNew / Getty

Every fall the professors at Beloit College publish their Mindset List, a dictionary of all the deeply ingrained cultural references that will make no sense to the bright-eyed students of the incoming class. It's a kind of time travel, to remind us how far we've come. This year's freshmen were typically born in 1991. That means, the authors explain, they have never used a card catalog to find a book; salsa has always outsold ketchup; women have always outnumbered men in college. There has always been blue Jell-O.
In 1991 we were fighting a war in Iraq, and still are; health care needed reforming, and still does. But before despairing that some things never change, consider how much has. In 1991 the world watched a black motorist named Rodney King be beaten by L.A. cops, all of whom were acquitted; a majority of whites still disapproved of interracial marriage. Ask yourself, Would the people we were then have voted for a mixed-race President and a black First Lady?
That year, apartheid was repealed, the Soviet Union collapsed, the Dow broke 3000. The next year, the first commercial text message was sent; now there are more transmitted every day than there are people on the planet. In the time it took for toddlers to turn into teenagers, we decoded the human genome and everyone got a cell phone, an iPod, a GPS and a DVR. As the head-spinning viral video "Did You Know" informs us, the top 10 jobs in demand in 2010 did not exist six years ago, so "we're preparing kids for jobs that don't yet exist using technologies we haven't yet invented."
We have managed, rather gracefully, far more change than we predicted would come; it turns out that our past's vision of the future was not visionary enough. This is often the case: reality puts prophecy to shame. "Sensible and responsible women do not want to vote," declared Grover Cleveland in 1905. Harry Truman, in his 1950 State of the Union address to mark the midcentury, predicted that "our total national production 50 years from now will be four times as much as it is today." It turned out to be more than 33 times as large. "It will be gone by June," promised Variety in 1955 — talking about rock 'n' roll. "It will be years — not in my time — before a woman will become Prime Minister," declared Margaret Thatcher in 1969.
Leaders rely on the future as a vaccine against the present. The Soviets have put a man in space? "I believe we should go to the moon," President Kennedy announces. "I have a dream," the Rev. Martin Luther King Jr. declares as the world around him burns. Maybe the promise is realized, even surpassed; maybe it keeps receding, pulling us along. "The best thing about the future is that it comes only one day at a time," Abraham Lincoln supposedly observed. Which is true for those in charge of creating it but maybe not for the rest of us. When we pause and look back, we get to see the past's future, know how the story turned out. Did we rise to the occasion? Did we triumph? Did we blink?
The past's power comes from experience, the lessons it dares us to dismiss on the grounds that maybe things will be different this time. The future's power is born of experiment, and the endless grudge match between fear and hope. We are having a dozen simultaneous conversations right now about change: in our institutions, our culture, our treatment of the planet and of one another.
It's tempting to just stand stock-still and squeeze your eyes shut and wait for the moment to pass, or else hoard canned goods and assume the worst. This has been an awfully ugly summer of argument, and you'd be forgiven for concluding that we've lost our will to face or fix anything. We'll just dance with the devils we know, thank you. But if you look past Washington, past Wall Street, turn down the volume and go outside and walk around, you'll find the parcels of grace, of ingenuity and enterprise — people riding change like a skateboard, speeding off a ramp, twisting, flipping, somehow landing with a rush of wind and wheels — and wonder that it somehow hasn't killed us yet.
When members of the freshman class of 2027 look back at our future, what's likely to surprise them most? Will they marvel that gays were once not allowed to marry — or that they ever were? That we waited while the planet warmed, or that we acted to save it? That we protected the poor, or empowered them, or ignored them? That we lived within our means, or beyond them? We'll make our choices one day at a time, but our kids will judge our generation for what we generate, and what we leave undone.



Notes:

Mindset List ~ the observations that help to identify the experiences that have shaped the lives and formed the mindset of students starting their post-secondary education
salsa ~ (n) Mexican Cookery. a sauce, especially a hot sauce containing chilies
ketchup ~ (n) a condiment consisting of pureed tomatoes, onions, vinegar, sugar, spice, etc
acquit ~ (v) to relieve from a charge of fault or crime; declare not guilty
broke ~ (adj) 1. without money; penniless; 2. bankrupt
go broke ~ (idm) 1. to become destitute of money or possessions; 2. to go bankrupt; In that business people are forever going broke.rise to the occasion ~ (idm & phrase) show unexpected skill in dealing with a difficulty that arise; The leading man broke his leg n the first act but his understudy rose to the occasion and was rewarded with excellent reviews.
blink ~ (v) to ignore deliberately; evade; shirk
on the blink ~ (idm) not in proper working order, in need of repair; The washing machine is on the blink again.stock-still ~ (adj) တုတ်တုတ်မျှ မလှုပ်သော remain/stay/stand stock-still


ကြိုက်မိသော Sentence များ

It's a kind of time travel, to remind us how far we've come.
In 1991 we were fighting a war in Iraq, and still are; health care needed reforming, and still does.
Ask yourself, Would the people we were then have voted for a mixed-race President and a black First Lady?
As the head-spinning viral video "Did You Know" informs us, the top 10 jobs in demand in 2010 did not exist six years ago, so "we're preparing kids for jobs that don't yet exist using technologies we haven't yet invented."
We have managed, rather gracefully, far more change than we predicted would come; it turns out that our past's vision of the future was not visionary enough. This is often the case: reality puts prophecy to shame.
Leaders rely on the future as a vaccine against the present.
Maybe the promise is realized, even surpassed; maybe it keeps receding, pulling us along.
"The best thing about the future is that it comes only one day at a time," Abraham Lincoln supposedly observed.
When we pause and look back, we get to see the past's future, know how the story turned out. Did we rise to the occasion? Did we triumph? Did we blink?
The past's power comes from experience, the lessons it dares us to dismiss on the grounds that maybe things will be different this time.
The future's power is born of experiment, and the endless grudge match between fear and hope.
It's tempting to just stand stock-still and squeeze your eyes shut and wait for the moment to pass, or else hoard canned goods and assume the worst.
We'll make our choices one day at a time, but our kids will judge our generation for what we generate, and what we leave undone.