Friday, March 5, 2010

အကျဉ်းသား ကျောက် (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၂
 
နေအိမ်အကျယ်ချုပ်
 
အခန်း ၁
 
အကျဉ်းသား ကျောက်
 
ဇွန်လ ၄ရက် လူသတ်ပွဲအပြီး ရက်ပိုင်းအတွင်း၌ ကျောက်သည် သူ၏ အိမ်ဝင်းကို ကာရံထားသည့်
 
နံရံမြင့်မြင့်များ၏ အတွင်းတွင် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။ သူ.ဘဝ၏ နောက်ဆုံး
 
ဆယ့်ခြောက်နှစ်လုံး ဤနေအိမ်ဝင်းအတွင်း၌ ကုန်ဆုံးခဲ့ရသည်။ ဂေါက်ရိုက်ထွက်ဖို. ကြိုးစားခြင်းကဲ့သို.သော
 
သေးဖွဲလှသည့် ကိစ္စလေးများမှာပင် ပြည်သူလူထု၏ မြင်ကွင်းမှ သူ.ကို ဖယ်ထားလိုသည့် အာဏာပိုင်တို.နှင့်
 
အခြေအတင်ဖြစ်ရသည်မှာ ဝမ်းနည်းစရာ ရယ်ချင်စရာပင်ဖြစ်သည်။
 
     ကျောက်၏အမှုကို စုံစမ်းစစ်ဆေးဖို. အချိန်များစွာ ကြာမြင့်လှသည့်အချက်(သုံးနှစ်ကျော်မျှ
 
ကြာခဲ့သည်)က ခေါင်းဆောင်မှုအစိတ်အပိုင်း(အထူးသဖြင့် တိန်.ရှောင်ပင်း)အတွက် ကျောက်၏ကံကြမ္မာကို
 
ဆုံးဖြတ်စီရင်ဖို. မည်မျှခက်ခဲကြောင်း ပေါ်လွင်စေသည်။ ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ.အုပ်စုတို.
 
မရှေးမနှောင်းမှာပင် ပြိုကျသွားခဲ့ခြင်းက ဘေဂျင်း၏ ခေါင်းဆောင်တို.၏ သဘောထားကို
 
ပို၍မာကျောသွားစေခဲ့ပြီး သူတို.က အာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခြင်းသည်
 
ကွန်မြူနစ်ပါတီ၏ ရှင်သန်ရေးအတွက် အဓိကအချက်ဖြစ်ကြောင်း ယူဆခဲ့ကြသည်။
 
တိန်အန်မင်အရေးအခင်းကို အင်အားသုံး၍ ရက်ရက်စက်စက် ဖြိုခွဲခဲ့ခြင်းသည်
 
မှန်ကန်၍လိုအပ်သည့်အချက်ဖြစ်ကြောင်း သူတို.က ခုခံချေပပါလိမ့်မည်။
 
     သို.သော် ကျောက်၏အမှုကို စုံစမ်းစစ်ဆေးမှုသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ပုံစံဖြင့်
 
ပြီးဆုံးသွားခဲ့သည်မဟုတ်ပါ။ အမှုကို ပေါ်ပေါ်ထင်ထင် စီရင်ချက်ချခဲ့ပါက တိန်အန်မင်ရင်ပြင်
 
အရေးအခင်းကဲ့သို.ပင် အကြီးအကျယ် အငြင်းပွားဖွယ် ဖြစ်လာနိုင်ကြောင်း ခေါင်းဆောင်တို.
 
ရှင်းရှင်းလင်းလင်း သိမြင်ထားခဲ့သည်။ ကျောက်အားစွပ်စွဲခဲ့သည့် စွဲချက်များကို သေသေချာချာ
 
လေ့လာခြင်းဖြင့် (အသေးစိတ်ကို ကျောက်က ဤအခန်း၌ ဖော်ပြထားသည်) အပေါ်ယံအားဖြင့် ကျောက်ကို
 
စွဲချက်များစွာတင်၍ ရှုတ်ချခဲ့သော်လည်း တစ်နည်းအားဖြင့် သုံးသပ်ကြည့်ပါက ဤစွပ်စွဲချက်များသည်ပင်
 
ကျောက်၏လုပ်ရပ်များကို ချီးမွမ်းအရောင်တင်ပေးသလိုဖြစ်စေကာ ရာဇဝတ်မှုများဖြင့် စွဲချက်တင်ဖို.
 
လုံးဝမခိုင်လုံကြောင်း ဖော်ပြနေသကဲ့သို. ရှိတော့သည်။ စာရွက်စာတမ်း အထောက်အထားတို.ကိုလည်း
 
ပြည်သူလူထုအား ဘယ်တုန်းကမှ တရားဝင် ထုတ်ပြန်ခဲ့ခြင်းမရှိပါ။
 

     ကျွန်တော်၏ ရာထူးအားလုံးကို ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် အစည်းအဝေးက ဖယ်ရှားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဤသည်မှာ သမိုင်းတစ်လျှောက် တစ်ခါမှ မကြုံဖူးသည့် အချက်ဖြစ်သည်။ ပြင်းထန်သည့် အုပ်ချုပ်ရေးဆိုင်ရာ အပြစ်ပေးမှုကို ပြုလုပ်ပြီးဖြစ်သည့်အားလျှော်စွာ စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်ရန် မလိုအပ်တော့ပါ။ အမှုကို မရှင်းလင်းသဖြင့် ဆက်လက်စုံစမ်းစစ်ဆေးရန် လိုအပ်ပါက နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ စီရင်ဆုံးဖြတ်ချက်ကို မချမှတ်သင့်ပါ။ ဤအချက်ကို ကျွန်တော့်အပေါ် "အထူးဂရုပြု ဦးစားပေး ဆက်ဆံမှု"ဟု ခေါ်ဆိုသင့်သည်ဟု ကျွန်တော်ထင်ပါသည် ။

 

     စုံစမ်းစစ်ဆေးမှုသည် ၁၉၈၉ ခုနှစ် ဇွန်လမှ ၁၉၉၂ ခုနှစ် အောက်တိုဘာလထိ သုံးနှစ်နှင့် လေးလမျှ ကြာမြင့်ခဲ့သည်။ ဤကာလအတွင်းတွင် ကျွန်တော်၏ သွားလာလှုပ်ရှားမှုများကို ပိတ်ပင်ခံခဲ့ရသည်။ တခြားတစ်ဖက်တွင် သူတို.က စုံစမ်းစစ်ဆေးမှုသည် ပါတီတွင်း စုံစမ်းစစ်ဆေးမှုသာဖြစ်ကြောင်း ပြောကြပြီး တစ်ဖက်၌မူ သူတို.သည် နိုင်ငံတော်၏ တရားဥပဒေကို မျက်ကွယ်ပြု၍ ကျွန်တော့်ကို နေအိမ်အကျယ်ချုပ် ချခဲ့ကြသည်။ အမှားအယွင်း ပြစ်မှုကျူးလွန်ခဲ့သည့် ပါတီဝင်တစ်ယောက် အပေါ်တွင်တောင်မှ တရားဥပဒေနှင့် ဆန်.ကျင်သည့် အပြုအမူမျိုး မပြုလုပ်ရန် "ပါတီတွင်းနိုင်ငံရေးတွင် လိုက်နာရမည့်စည်းကမ်းများ"ဟူသည့် ပဋိဥာဉ်တွင် ရှင်းရှင်းလင်းလင်း ပြဌါန်းထားသည်။ ဤကဲ့သို. ပါတီစည်းမျဉ်းနှင့် နိုင်ငံတော်၏ တရားဥပဒေကို ရိုင်းစိုင်းစွာ နင်းချေစော်ကားမှုကို အနာဂတ်ကာလတွင် သူတို.မည်သို. ရှင်းလင်းမည်ဆိုသည်ကိုမူ ကျွန်တော် မသိပါ။

 

     ၁၉၈၉ ခု စက်တင်ဘာလ ၃ ရက်နေ.တွင် တရုတ်ပြည်သူ. နိုင်ငံရေးရာ အကြံပေးအဖွဲ. ဒုဥက္ကဌ ဝမ်ရန်ဇန်းနှင့် စီမံကိန်းဝန်ကြီးဌါန ဒုတိယ ဝန်ကြီး တင်ကွမ်ကျင်တို.က ကျွန်တော့်ကို ဇူနန်ဟိုင်(ပါတီဌါနချုပ်)ရှိ ဟွေရန်တန်ခန်းမသို. ခေါ်ဆောင်၍ ဆွေးနွေးခဲ့သည်။ သူတို.က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ.တစ်ခုဖွဲ.ရန် ဆုံးဖြတ်ခဲ့သည့် ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ စတုတ္ထအကြိမ် စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်ကို ကျွန်တော့်အား တရားဝင် အသိပေးခဲ့သည်။ ဝမ်ရန်ဇန်းက ခေါင်းဆောင်၍ အဖွဲ.အစည်းများဆိုင်ရာ ဝန်ကြီးဌါန ဝန်ကြီး ချန်ယိပင်နှင့် ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မရှင် ဒုတိယ အတွင်းရေးမှုး လီဇန်တင် တို.က အဖွဲ.ဝင်များအဖြစ် ပါဝင်ကြမည်ဖြစ်သည်။

 

     စက်တင်ဘာလ ၂၉ ရက်နေ.၌ ဝမ်၊ချန်နှင့် လီတို. သုံးဦးက ကျွန်တော့်ကို လုံခြုံရေးဗျူရို အစည်းအဝေးခန်းမသို. ခေါ်ဆောင်၍ စစ်ဆေးခဲ့သည်။ ၎င်းမှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ.နှင့် ကျွန်တော် ပထမဦးဆုံး တွေ.ဆုံမှုဖြစ်သည်။ ချန်ယိပင်နှင့် လီဇန်တင်တို.ကို နောက်ပိုင်း၌ ဘယ်တော့မှ ကျွန်တော် မတွေ.ရတော့ပေ။ အဖွဲ.ကို ပြန်လည်ဖွဲ.စည်းခဲ့ပြီး ချန်နှင့် လီတို.မပါဝင်တော့ဟု ကျွန်တော် ကြားရသည်။ ဘာကြောင့် ပြန်လည်ဖွဲ.စည်းရသည်ကို ကျွန်တော် မသိပါ။

 

     နောက်ပိုင်း၌ ဝမ်ရန်ဇန်းတစ်ယောက်တည်းသာ ကျွန်တော်နှင့် သုံးကြိမ်တွေ.ဆုံခဲ့သည်၊ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်၊ ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၉၉၀ ခုနှစ် မတ်လ ၂ ရက်နေ.တို.တွင်ဖြစ်သည်။ သူက ကျွန်တော့်ဆီသို. စာသုံးစောင်လည်း ပို.ခဲ့သေးသည်၊ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၆ ရက်၊ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၈ ရက်နှင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တို.တွင်ဖြစ်သည်။ ကျွန်တော်ကလည်း သူ.ဆီသို. စာသုံးကြိမ် ပြန်ပို.ခဲ့သည်၊ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၅ ရက်၊ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နှင့် ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ.တို.တွင်ဖြစ်သည်။ ဤစစ်ဆေးဆွေးနွေးမှုများနှင့် စာများမှတစ်ဆင့် သူတို.က ကျွန်တော့်ကို မေးခွန်းများ မေးခဲ့ကြသည်။ ကျွန်တော်က ပြန်လည်၍ ဖြေဆိုရှင်းလင်းခဲ့သည်။

 

     ဆူပူအုံကြွမှုကို ကျွန်တော်က တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ကြိုးကိုင်ခဲ့သလား သို.မဟုတ် ပြင်ပသို. သတင်းများ ပေးပို.ပေါက်ကြားစေခဲ့သလား ဆိုသည့်အချက်အပြင် သူတို.အဓိကထား၍ စစ်ဆေးခဲ့သည်မှာ ကျွန်တော်သည် အဘယ့်ကြောင့် တိန်.နှင့်ဆန်.ကျင်သည့် ရပ်တည်ချက်များနှင့် မူဝါဒများကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရသနည်း ဆိုသည့်အချက်ဖြစ်သည် ။ ကျွန်တော်၏ ရည်ရွယ်ချက်က ဘာလဲ။ သူတို.က ကျွန်တော့်ကို ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံခိုင်းသည်။ ကျွန်တော် ရာထူးလက်ရှိကာလအတွင်းက ကိစ္စများကိုလည်း သူတို.က ဖြေရှင်းစေလိုကြသည်၊ အချို.သော ကိစ္စများကို အလွန်အကျွံ ခွင့်လွှတ်သည်းခံမှုများနှင့် ဘူဇွာလစ်ဘရယ်ဟု ယူဆရသူများကို ရာထူးတိုးပေးခဲ့မှု စသည်တို.ဖြစ်သည်။

 

     သူတို.သည် ကျွန်တော်၏ "မပြောပြနိုင်သည့် ရည်ရွယ်ချက်"နှင့် "ပုဂ္ဂိုလ်ရေး ရည်မှန်းချက်"တို.ကို အထူးတလည် စိတ်ဝင်စားမှု ပြသကြသည်။ သူတို.သည် ပြည်ပမှထုတ်ဝေသည့် စာစောင်များမှ မသက်ဆိုင်သည့် အရေးအသားတို.ကို ကိုးကားကြ၍ သူတို.၏ ထင်မြင်ယူဆချက်များကို ဖြည့်စွက်ထည့်သွင်းခဲ့ပြီးလျှင် ၁၉၈၈ ခုနှစ်မှစတင်၍ "တိန်.ကို ဖြုတ်ချပြီး ကျောက်ကိုထောက်ခံ"သည့် လှုပ်ရှားမှုများကို တိန်.ကို ဖယ်ရှား၍ ကျွန်တော့်ကို အာဏာလွှဲပေးဖို. ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့သည်ဟု ကောက်ချက်ချခဲ့ကြသည်။ အရင်းရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို. ပြည်တွင်းပြည်ပမှ တန်ပြန်တော်လှန်ရေးအင်အားစုများကို ဦးဆောင်ရန် ကျွန်တော်သည် အကောင်းဆုံး အသင့်တော်ဆုံး လူတစ်ယောက်ဖြစ်သည် ဟုယူဆရသည် ။ ထို.ကြောင့် "မျှော်လင့်ချက်များကို ကျွန်တော့်အပေါ် ပုံထားလိုက်သည်။"

 

     သူတို.က "အာဏာရှင်လက်သစ်ဝါဒ၁"ဟု ခေါ်ဆိုသည့် အယူအဆတစ်မျိုးအတွက်လည်း ကျွန်တော့်ကို တိုက်ခိုက်ခဲ့ကြပြီး ဘူဇွာလစ်ဘရယ်တို.က ကျွန်တော့်ကို ၎င်းတို.၏ "အာဏာရှင်လက်သစ်"အဖြစ် မှတ်ယူထားကြကြောင်းနှင့် "အယ်လ်ဂျီမြစ်၂" ရုပ်သံဇာတ်လမ်းတွဲသည် ကျွန်တော့်ကို ဂုဏ်ပြု၍ ထုတ်လွှင့်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ကြသည်။ သူတို.က ကျွန်တော်သည် တိန်.ရှောင်ပင်း၏ အယူအဆများကို လက်ခံဖို. ငြင်းဆန်မှုတစ်ခုတည်း ကျူးလွန်ခဲ့ရုံသာမက အဆိုပါ အာဏာရှင်လက်သစ်ဝါဒ လှုပ်ရှားမှုတွင် ပါဝင်သည့်သူများနှင့် တစ်လျှောက်လုံး စာပေးစာယူလုပ်၍ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ယူဆကြသည်။ သူတို.က ကျွန်တော်သည် စီးပွါးရေးနှင့် နိုင်ငံရေး အခက်အခဲများကြောင့် ကျွန်တော်၏ ရာထူးသည် မခိုင်မြဲနိုင်တော့ဟု ခံစားနေရသည်ဟု ယူဆကြပြီး ကျောင်းသားဆန္ဒပြမှုများကို ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ရန်အသုံးချ၍ တာဝန်များကို ခေါင်းရှောင်ပြီး နိုင်ငံရေးအမြတ်ထုတ်သည်ဟု စွပ်စွဲခဲ့ကြသည်။

 

     ဆယ့်သုံးကြိမ်မြောက် ဗဟိုကော်မတီ စတုတ္ထအကြိမ် စုံညီအစည်းအဝေး၌ ဖြန်.ဝေခဲ့သည့် "နောက်ခံအချက်အလက်များ"ဟုခေါ်သည့် စာတမ်းနှင့် ပြည်သူ.ကွန်ဂရက်သို. နိုင်ငံတော်ကောင်စီ၏ ကိုယ်စား ဘေဂျင်းမြို.တော်ဝင် ချန်စစ်တုန် တင်သွင်းခဲ့သည့် "ဇွန်လ ၄ ရက် အစီရင်ခံစာ" ၊ ဩဇာတိက္ကမ ကြီးမားသည့် ပါတီဝါရင့်ကြီး လီရှန်နင်းနှင့် အခြားသူများ ပြောကြားခဲ့သည့် မိန်.ခွန်းများအပါအဝင် ကျွန်တော့်ထံသို. ဝမ်ရန်ဇန်း ရေးခဲ့သည့်စာများ အားလုံးသည် ဤမေးခွန်းများနှင့် စွပ်စွဲချက်များကို ဦးတည်၍ စစ်မေးခဲ့ခြင်းဖြစ်သည်။

 

     ဝမ်ရန်ဇန်းနှင့် ဆွေးနွေးမှုများ အပြန်အလှန် ပေးပို.ခဲ့သည့် စာများ၌ ဤစွပ်စွဲချက်များကို ကျွန်တော်က အပြင်းအထန် ချေပခဲ့ပြီး ရှင်းလင်းခဲ့သည်။

 

     ပထမအချက် စွပ်စွဲခဲ့သလို ၁၉၈၈ ခုနှစ်မှစတင်၍ "တိန်.ကို ဖြုတ်ချ၍ ကျောက်ကို ထောက်ခံ"သည့် လှုပ်ရှားမှုမျိုး မရှိခဲ့ပါ။ တစ်စုံတစ်ယောက်က ရည်ရွယ်ချက် တစ်ခုခုဖြင့် ဤကိစ္စကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ တကယ်တမ်း၌ ဤကာလအတွင်းတွင် ကောလာဟလ အများအပြားပျံ.နှံ.နေပါသည် သို.သော် သူတို.ပြောသလို "တိန်.ကိုဖြုတ်ချဖို." မဟုတ်ပါ ဤအစား "ကျောက်ကိုဖြုတ်ချဖို."ဆိုသည့် ကောလာဟလဖြစ်သည်။ ပြည်တွင်းပြည်ပ၌ ကျွန်တော်၏ အနေအထား မတည်ငြိမ်တော့ကြောင်း၊ ကျွန်တော်၏ လုပ်ပိုင်ခွင့်များ လျှော့ချခံရကြောင်းနှင့် ရှေးရိုးစွဲဝါဒီတို.က တိန်.ကို ဖိအားပေး၍ ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ရန် တောင်းဆိုနေကြကြောင်း ဆွေးနွေးနေကြသည်။ ပြည်တွင်းပြည်ပမှ လူအများ၏ ထင်မြင်ချက် အယူအဆများသည် အမြဲတမ်းပင် ကျွန်တော်၏ ကံကြမ္မာနှင့် ကျွန်တော်၏ အနာဂတ် နိုင်ငံရေးအလားအလာတို.ကို တိန်.နှင့် ဆက်နွှယ်၍ ရေးသား ယူဆနေကြောင်း ကျွန်တော်က သူတို.ထံသို. တုံ.ပြန်ရေးသားခဲ့သည်။ "တိန်.ကိုဖြုတ်ချ"နှင့် "ကျောက်ကိုထောက်ခံကြ" ဆိုသည့် စကားစုတို.သည် အတူတကွ ယှဉ်တွဲ၍ မဖော်ပြနိုင်သည့် စကားစုများဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် "တိန်.ကိုဖြုတ်ချ"ဖို. ဆိုပါက တစ်ပြိုင်တည်းတွင် "ကျောက်ကိုထောက်ခံ"ဖို. မဖြစ်နိုင်သလို ပြောင်းပြန်လည်း မဖြစ်နိုင်ပါ။

 

     ဒုတိယအချက် တစ်ပြိုင်တည်းမှာပင် "ကျောက်ရဲ. ရာထူးက လှုပ်နေပြီ" "သူ.ရဲ. လုပ်ပိုင်ခွင့်တွေကို လျှော့ချလိုက်ပြီ" "စီးပွါးရေးကိစ္စတွေကို သူတိုက်ရိုက် ကိုင်တွယ်ခွင့်မရှိတော့ဘူး" အစရှိသည့် ကောလာဟလများမှာ နေရာတိုင်းတွင် ပျံ.နှံ.လျှက်ရှိသည်။ တိန်.က ကျွန်တော့်အပေါ်ထောက်ခံမှုကို အကြိမ်များစွာပြသခဲ့သည်။ သူက ခေါင်းဆောင်မှု တည်ဆောက်ပုံကို ပြောင်းလဲဖို. ရည်ရွယ်ချက်မရှိကြောင်း အတည်ပြုရုံသာမက ကျွန်တော့်ကို အထွေထွေအတွင်းရေးမှုးအဖြစ် နောက်ထပ်သက်တမ်းနှစ်ခုထိ သူက ဆက်လက်တာဝန်ပေးလိုသည်။

 

     ၁၉၈၉ ခုနှစ် နှစ်သစ်ကူးရက်များ အလွန်လေး၌ ကျန်သည့် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အဖွဲ.ဝင်များအား ဤသတင်းစကားကို ထပ်ဆင့်၍ ပြန်လည်ပြောပြရန် တိန်.က လီပန်းအား ပြောခဲ့သည်။ ဤသည်မှာ ၁၉၈၉ ခု နှစ်ဆန်းပိုင်း၌ ပြုလုပ်ခဲ့သည့် တည်ဆဲပေါ်လစ်ဗျူရို အုပ်ချုပ်ရေးဆိုင်ရာ အစည်းအဝေးတွင် ကျွန်တော့်အား ဝေဖန်ခဲ့သည့် လီပန်းနှင့် ယော်ယီလင်တို.၏ ဝေဖန်ချက်နှင့် စီးပွါးရေးနှင့်ပက်သက်၍ ကျွန်တော့်အပေါ် စွပ်စွဲမှုများကို ပြန်လည်တုံ.ပြန်ခဲ့ခြင်းဖြစ်သည်။ လီပန်းက အဖြစ်အပျက်ကို တိန်.အား ရှင်းလင်းတင်ပြစဉ်၌ တိန်.က ကျွန်တော့်ဖက်မှ ရပ်တည်သည့် သူ.သဘောထားကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ သူတို.ကိုလည်း ကျွန်တော့်အား ထောက်ခံကြရန် သူက တိုက်တွန်းခဲ့သည်။

 

     တိန်.သည် ၁၉၈၉ ခုနှစ် ဇန်နဝါရီလအကုန် နွေဦးပွဲတော်အားလပ်ရက်အတွင်း ရှန်ဟိုင်းသို.မထွက်ခွါမှီ၌ ကျွန်တော်နှင့် တစ်ဦးချင်းကိုယ်တိုင်ကိုယ်ကျ တွေ.ဆုံ၍ သူသည် လောလောဆယ်၌ ဗဟိုစစ်ကော်မရှင်ဥက္ကဌ ရာထူးမှ နုတ်ထွက်သင့်မသင့် စဉ်းစားနေပြီး ထိုရာထူးကို ကျွန်တော့်အား လွှဲပေးဖို. စဉ်းစားနေကြောင်း အရိုးခံနှင့် ပြောပြခဲ့သည်။ "ငါအဲလိုလုပ်ရင် မင်းအလုပ်တွေကို ပိုပြီးကောင်းအောင် လုပ်နိုင်မှာပဲ"ဟု သူကပြောသည်။

 

     သူ၏ ဆုံးဖြတ်ချက်နှင့် ကျွန်တော့်အပေါ် ယုံကြည်မှုကို သူက ပြသခဲ့သည်။ သူမနုတ်ထွက်ပါက အခြားပါတီဝါရင့်များကလည်း နုတ်ထွက်မည်မဟုတ်ကြောင်း၊ လုပ်ရကိုင်ရ ပို၍ခက်ခဲမည်ဖြစ်ကြောင်းလည်း သူကပြောသည်။ သူကိုယ်တိုင် နုတ်ထွက်ခြင်းဖြင့် အခြားသူများကိုလည်း ဤသို.နုတ်ထွက်ဖို.ဆွဲဆောင်ရန် ပို၍လွယ်ကူမည်ဖြစ်သည်။ ကျွန်တော်ကလည်း သူ.ကို ဘယ်လိုပင်ဖြစ်ဖြစ် သူ.အနေနှင့် ထိုသို.မလုပ်သင့်ကြောင်း ရိုးသားစွာ ပြန်၍ပြောခဲ့သည်။ "သင်ရှိနေခြင်းသည် ကျွန်တော့်အတွက် အများကြီး အထောက်အပံ့ဖြစ်ပါသည်"ဟု ကျွန်တော်ပြောခဲ့သည်။ ကျွန်တော်တို.သည် ကုန်ဈေးနှုန်းများကြီးသည့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်၊ ထို.ကြောင့် ဤသို.လုပ်ရမည့် အချိန်မဟုတ်ပေ။ ထိုအချိန်ကရှိခဲ့သည့် ပါတီဝါရင့်များနှင့် ကျွန်တော်၏ကြားက အခင်းအကျင်းသည် ကျွန်တော့်အလုပ်အတွက် များစွာအထောက်အကူဖြစ်ခဲ့သည်။ ဤသည်မှာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ အကုန်၌ ကျွန်တော်တို. ဆွေးနွေးခဲ့သည့် အကြောင်းအရာများဖြစ်သည်။

 

     ၁၉၈၉ ခုနှစ် ဧပြီလ မြောက်ကိုရီးယားသို. ကျွန်တော်ခရီးမထွက်မှီ သူ.အိမ်သို.သွားရောက်တွေ.ဆုံစဉ်ကပင်လျှင် မြောက်ကိုရီးယားခရီးမှ ကျွန်တော်ပြန်ရောက်ပါက အစည်းအဝေးခေါ်၍ ကျွန်တော်၏ နောက်ထပ်သက်တမ်းနှစ်ဆက်အတွက် ဆွေးနွေးမည်ဖြစ်ကြောင်း ခေါင်းဆောင်မှုပုံစံကို အပြောင်းအလဲမလုပ်ရုံမျှမက နောက်သက်တမ်းအတွက်လည်း ကျွန်တော်က ဆက်လက်တာဝန်ယူရမည်ဖြစ်ကြောင်း သူကပြောခဲ့သေးသည်။ ပါတီဝါရင့်ကြီးများဖြစ်သည့် ချန်ယန်း၊ လီရှန်နင်းတို.နှင့်လည်း သူကဆွေးနွေးခဲ့ရာ သူတို.ကလည်း သဘောတူ ထောက်ခံခဲ့ကြသည်။

 

     ဝမ်ရန်ဇန်းထံသို. ကျွန်တော်စာရေးခဲ့စဉ်က တိန်.သည် သက်ရှိထင်ရှားရှိနေဆဲဖြစ်ရာ ဤအချက်တို.၏ မှန်ကန်မှုကို သူအတည်ပြုနိုင်ပါသည်။ ဤကဲ့သို.သော အခြေအနေမျိုး၌ ကျွန်တော်၏ ရာထူးမှာ မတည်ငြိမ်တော့ကြောင်း ကျွန်တော်မခံစားရသည်မှာ ထင်ရှားပါသည်။

 

     တတိယအချက် စီးပွါးရေးအခြေအနေမှာ အလွန်အမင်း ဆိုးဝါးနေသည်ဟု ကျွန်တော်မယူဆပါ။ ပြုပြင်ပြောင်းလဲရေးကာလ ဆယ်နှစ်အတွင်း၌ ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့သည်ကို အသိအမှတ်ပြုရပါမည်။ နိုင်ငံ၏ စီးပွါးရေးအင်အားသည် အလွန်ပင် ကျယ်ပြန်.လာခဲ့သည်။ လူနေမှုအဆင့်အတန်း သိသိသာသာ မြင့်တက်လာသည်။ ၁၉၈၈ ခုနှစ်၌ ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အခြေအနေမှာ ထင်သလောက်မဆိုးပါ မဖြေရှင်းနိုင်လောက်အောင်လည်း ခက်ခဲခြင်းမရှိဟု ကျွန်တော် ယုံကြည်သည်။ စီးပွါးရေးကို စီမံခန်.ခွဲနိုင်စွမ်း မရှိသည့်အတွက် ကျွန်တော်၏ ပုံရိပ်ကို စွန်းထင်းစေသည် ဆိုသည့်အချက်မှာ မမှန်ကန်ပါ၊ ဤအတွက်ကြောင့်မို. ကျောင်းသားလှုပ်ရှားမှုများကို ကြိုးကိုင်ထိန်းချုပ်၍ ကျွန်တော်၏ ပုံရိပ်ကို ပြန်လည်ကောင်းမွန်လာစေရန် နိုင်ငံရေးအမြတ်ထုတ်ခဲ့သည် ဆိုသည့်အချက်သည် မမှန်ကန်ပါ။ (တကယ်တမ်းတွင် ထိုနှစ်၌ စီးပွါးရေးနှင့်ပက်သက်သည့် ပြဿနာများစွာ ရှိခဲ့သည်။ သို.သော်လည်း ၁၉၉၀ ခုနှစ်နွေဦးကာလ၌ စီးပွါးရေးနှေးကွေးလာခြင်းက ဤပြဿနာတို.မှာ ထိုမျှမဆိုးဝါးကြောင်း သက်သေပြနေသည်ဟု ယနေ.ထိတိုင် ကျွန်တော်ယုံကြည်နေဆဲဖြစ်သည်။ ဤအကြောင်းကို ကျွန်တော် နောက်ပိုင်း အကျယ်တဝင့် ဆွေးနွေးပါမည်။)

 

     စတုတ္ထအချက် ကျွန်တော်သည် ပါတီတာဝန်များကို ထမ်းဆောင်လာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း ကျွန်တော်၏ စာထဲ၌ ဝမ်ရန်ဇန်းကို သတိပေးခဲ့သည်။ ကျွန်တော့်အတွက် ပါတီတွင်းရှိ အဆင့်မြင့် နိုင်ငံရေးလုပ်ငန်းစဉ်များကို နားမလည်နိုင်စရာ အကြောင်းမရှိပါ။ ကျောင်းသားလှုပ်ရှားမှုများကို ကျွန်တော်၏ ကိုယ်ပိုင်အကျိုးစီးပွါးအတွက် ကြိုးကိုင်ထိန်းချုပ်သတဲ့လား။ ဤမျှလောက်ထိ ကျွန်တော့်အသိဥာဏ်မနုံနဲ.ပါ၊ ငယ်ရွယ်သည့်အရွယ်လည်း မဟုတ်ပါ။

 

     ပဉ္စမအချက် တိန်.၏ ကျောင်းသားလှုပ်ရှားမှုများအပေါ် တုံ.ပြန်ချက်ကို လက်ခံဖို. ကျွန်တော်ငြင်းဆန်ရခြင်း၏ အကြောင်းရင်းမှာ အထက်၌ ပြောခဲ့သလို ဆန္ဒပြပွဲများ၏ သဘောသဘာဝနှင့် အင်အားသုံးဖြိုခွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များနှင့်ပက်သက်၍ သဘောထားကွဲလွဲမှုသာဖြစ်သည်။ သမိုင်းကို တာဝန်ကျေရမည်ဟု ကျွန်တော်ခံစားရသည်။ ကျောင်းသားများကို အင်အားသုံးဖြိုခွဲသည့် အထွေထွေအတွင်းရေးမှုး တစ်ယောက်ဟု ကျွန်တော့်ကိုယ်ကျွန်တော် အဖြစ်မခံနိုင်ပါ။

 

     ဝမ်ရန်ဇန်း၏ အပြင်းထန်ဆုံး စွပ်စွဲချက်မှာ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ.က သူ.စာထဲတွင် ပါရှိခဲ့ပြီး ဤကိစ္စကို ဒီဇင်ဘာလ ၈ ရက်နေ.၌ ဆက်လက်၍ ဆွေးနွေးခဲ့သည်။ ထို.နောက်ပိုင်း၌ အခြေအနေများမှာ ပြင်းအားလျော့သွားသည်ဟု ယူဆရသည်။ နှစ်ဝက်ခန်.မျှ စုံစမ်းစစ်ဆေးပြီးသွားချိန်၌ အချက်အလက်များသည် သူတို.၏ မူလဝေဖန်ချက်နှင့် သုံးသပ်ချက်များကို အထောက်အကူ မဖြစ်ကြောင်း သူတို.တွေ.ရှိသွားသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

 

၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ.၌ ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ.ဥရောပတို.တွင် ဖြစ်ပျက်ခဲ့သည့် အင်အားကြီးမားသည့် အပြောင်းအလဲများနှင့်ပက်သက်၍ ကျွန်တော့်အမြင်များကို အသေးစိတ် ဖော်ပြပေးရန် ဝမ်ရန်ဇန်းက တောင်းဆိုခဲ့သည်။ စီစဉ်ထားသည့် ဆွေးနွေးပွဲမတိုင်မှီ၌ ထိုဖြစ်ရပ်များနှင့်ပက်သက်၍ ဗဟိုကော်မတီ သုတေသနဌါနမှ ထုတ်ဝေသည့် စာရွက်စာတမ်းများကို ကျွန်တော့်ဆီသို. ပေးပို.ခဲ့သည်။ တခြားသူများက ကျွန်တော့်ကို ပါတီမှ ထုတ်ပယ်ပစ်ဖို. အကြံပြုကြသည်ဟု ပြောကြား၍ မိမိကိုယ်မိမိ ဝေဖန်ရေးစစ်တမ်းတစ်စောင် ရေးသားရန် ဝမ်ကသွေးဆောင်ကြိုးစားခဲ့သည်။ ကျွန်တော်၏ မိမိကိုယ်မိမိ ဝေဖန်ချက်စစ်တမ်း ရှိနေခြင်းအားဖြင့် သူ.အတွက် အခြားသူများကို စိတ်ပြောင်းသွားအောင် သိမ်းသွင်းနိုင်ပေလိမ့်မည်။

 

     ကျွန်တော်က ကြာမြင့်လှပြီဖြစ်သည့် စုံစမ်းစစ်ဆေးရေးသည် မကြာမှီအတွင်း ပြီးဆုံးတော့မည်ဟု ကျွန်တော်မျှော်လင့်ကြောင်း ပြောခဲ့သည်။ ကျွန်တော်ကျူးလွန်ခဲ့သည့် အမှားအယွင်းတစ်စုံတစ်ရာ ရှိပါက စတုတ္ထအကြိမ် စုံညီအစည်းအဝေး၌ ကျွန်တော် ဝန်ခံခဲ့ပြီးဖြစ်သည်။ နောက်ထပ် မိမိကိုယ်မိမိ ဝေဖန်ချက်စစ်တမ်းတစ်စောင် ထပ်မံ၍ ရေးပါကလည်း ယခင်က ကျွန်တော်ဝန်ခံထားသည့်အတိုင်း တစ်သဝေမတိမ်းတူညီနေပေလိမ့်မည်။

 

     ကျွန်တော်က စုံစမ်းစစ်ဆေးမှုသည် အချက်အလက်များကို ရှာဖွေဖို.၊ သုတေသနပြု စူးစမ်းလေ့လာမှုကို ဦးစားပေးဖို.နှင့် ကျွန်တော်၏ "သဘောထားပြဿနာ"ဟု ခေါ်သည့် အချက်တွင်သာ ပိတ်မိမနေစေသင့်ကြောင်း အကြံပေးခဲ့သေးသည်။ အကျယ်ချဲ.ပေါ်လစ်ဗျူရိုအစည်းအဝေးသည် ကျွန်တော့်မိန်.ခွန်း၏ သဘောထားကို လက်မခံမကျေနပ်နိုင်သဖြင့် ပို၍ပြင်းထန်သည့် ပြစ်ဒဏ်များကို ချမှတ်ခဲ့ပြီးဖြစ်သည်။ ယခုအခါမှတော့ ကျွန်တော်၏ သဘောထားနှင့်ပက်သက်၍ သူတို.အနေနှင့် ဘာများထူး၍လုပ်နိုင်ပါမည်နည်း။

 

     ဝမ်ရန်ဇန်းမှ ကျွန်တော်နှင့် တွေ.ဆုံဖို. နောက်ဆုံးအကြိမ် တောင်းဆိုခဲ့သည်မှာ ၁၉၉၀ ခုနှစ် မေလ ၂ ရက်နေ.ဖြစ်သည်။ ဤတွေ.ဆုံမှုမတိုင်မှီ ဖေဖော်ဝါရီလ ၂၀ ရက်နေ.က ကျွန်တော်သည် တိန်.ထံသို. တတိယမြောက် စာတစ်စောင်ကို ရေးသားပေးပို.ခဲ့သည်။ တိန်.ထံသို. ပို.ခဲ့သည်စာများအနက် ပထမစာမှာ ပါတီဝါရင့်များက ကျောင်းသားဆန္ဒပြမှုများကို တုံ.ပြန်ရာတွင် ပျော့ပျော့ပျောင်းပျောင်း တုံ.ပြန်ဖို. တောင်းပန်ထားသည့် စာများကို သူ.ထံသို. ထပ်ဆင့်ပေးပို.ခဲ့သည့်စာဖြစ်ပြီး၊ ဒုတိယစာသည် ဂေါ်ဘာချော့ကို ပြောခဲ့သည့် ကျွန်တော်၏ မှတ်ချက်ကို ရှင်းပြသည့်စာဖြစ်သည်။ ဤတတိယစာသည် ကျွန်တော့်အပေါ် စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး အဆုံးသတ်ပေးဖို. တောင်းဆိုသည့်စာဖြစ်သည်။

 

     ကျွန်တော်တို. တွေ.ဆုံကြသည့်အခါ ဝမ်က တိန်.ထံသို. ကျွန်တော်ပို.ခဲ့သည့် စာကိုသူသိကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။ ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ ဆဌမအကြိမ် စုံညီအစည်းအဝေး(၁၉၉၀ ခုနှစ် မတ်လ ၉ ရက်မှ ၁၂ ရက်နေ.ထိ ကျင်းပခဲ့သည်)ကို မကြာမှီ ကျင်းပတော့မည်ဖြစ်သည်၊ သို.သော် ကျွန်တော့်အမှုကို စုံညီအစည်းအဝေးမှ ဖြေရှင်းရန်မဖြစ်နိုင်ကြောင်း သူကပြောသည်။ အမှုကို ပါတီစုံညီအစည်းအဝေးမှ ဖြေရှင်းဖို. မလိုအပ်ဟုပင် သူကပြောသေးသည်။ သူဘာကိုပြောချင်မှန်း ကျွန်တော်မသိပါ။ မည်သို.ပင်ဖြစ်စေ အမှုကို ထိုအချိန်က ဖြေရှင်းရန် မဖြစ်နိုင်ကြောင်း သူဆိုလိုခြင်းဖြစ်ပေသည်။ ဆွေးနွေးပွဲသည် အေးတိအေးစက်ပင်။

 

     ဇွန်လ ၂၁ ရက်နေ.တွင် ဝမ်ရန်ဇန်းက "ရဲဘော်ကျောက်ကျိယန်နှင့် ၁၉၈၉ ခုနှစ် နိုင်ငံရေးဆူပူအုံကြွမှုကြားက ဆက်စပ်မှုများ"ဟု ခေါင်းစဉ်တပ်ထားသည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ကျွန်တော့်ထံသို. ထပ်ဆင့်ပေးပို.ခဲ့သည်။ အစီရင်ခံစာတွင် အချက်သုံးဆယ်ပါဝင်ပြီး ကျွန်တော့်ထံမှ တုံ.ပြန်ချက်ကို သူက တောင်းခံထားသည်။

 

     အကယ်၍ တစ်စုံတစ်ယောက်သည် အမှုနှင့် မသက်ဆိုင်သည့် အချက်အလက်များအား ကိုးကားထားခြင်းကို မမြင်ယောင်ပြု မျက်စိလျှမ်းသွားသည့်တိုင်အောင်၊ အချက်အလက်များကို မူရင်းအဓိပ္ပါယ်နှင့် ဖြောင့်ဖြောင့်ကြီးဆန်.ကျင်နေအောင် ပုံဖျက်ထားသည့်တိုင်အောင်၊ ဆိုကြပါစို.အချက်သုံးဆယ်လုံး အတိအကျ တိကျမှန်ကန်နေသည့်တိုင်အောင်၊ အစီရင်ခံစာပါ အချက်အလက်များသည် "ဆူပူအုံကြွမှုကို ထောက်ခံခဲ့သည်" "ပါတီပြိုကွဲအောင် သွေးခွဲခဲ့သည်".စသည်ဖြင့် စွပ်စွဲ၍ စီရင်ဆုံးဖြတ်နိုင်လောက်အောင် ခိုင်လုံခြင်းမရှိပါ။

 

     ကျွန်တော်သည် ဇွန်လ ၂၇ ရက်နေ.၌ အထက်ပါ အစီရင်ခံစာကို ပြန်လည်သုံးသပ်ဖို. အကြံပြုထားသည့် စာတစ်စောင်ကို ဝမ်ရန်ဇန်းထံသို. ပေးပို.အကြောင်းပြန်ခဲ့သည်။ အချက်သုံးဆယ်အနက်မှ ဆယ့်နှစ်ချက်ကို ကျွန်တော်က ပြန်လည်ချေပခဲ့သည်။ သို.သော် ထို.နောက်ပိုင်း၌ ဝမ်ရန်ဇန်းသည် ကျွန်တော့်ကို ထပ်မံမဆက်သွယ်တော့ပါ၊ အခြားမည်သူမျှလည်း အချက်အလက်များကို ကျွန်တော်နှင့် တိုက်ဆိုင်စစ်ဆေးရန် ရောက်မလာခဲ့တော့ပါ။ အမှန်တကယ်၌ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်နိဂုံးမချုပ်ပဲ ဖျက်သိမ်းခဲ့ကြသည်။

 

     အထူးစုံစမ်းစစ်ဆေးရေးအဖွဲ.က သူတို.၏ အစီရင်ခံစာကို တင်သွင်းခဲ့သည့်အခါ၌ ဗဟိုကော်မတီ ခေါင်းဆောင်များက ၁၉၉၀ ခုနှစ် အာရှအားကစားပြိုင်ပွဲ (ထိုနှစ်က ဘေဂျင်းတွင် ကျင်းပခဲ့သည်)မတိုင်မှီတွင် စုံစမ်းစစ်ဆေးရေး ပြီးဆုံးကြောင်း ကြေညာရန် စဉ်းစားခဲ့ကြသည်။ သို.သော်လည်း ထိုသို.ကြေညာလိုက်ပါက ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ပြည်တွင်းပြည်ပမှ တုံ.ပြန်မှုများကို တွေးမိကြပြီး စိုးရိမ်လာခဲ့ကြသည်။ ကျွန်တော် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာမည်ကိုလည်းကောင်း၊ လှုပ်ရှားမှု အခမ်းအနားများသို. တက်ရောက်မည်ကိုလည်းကောင်း သူတို.က စိုးရိမ်ကြသည်။ ထို.ပြင် ပါတီဝါရင့် အများအပြားကလည်း အပြင်းအထန် ကန်.ကွက်ကြသည်။ သူတို.က စုံစမ်းစစ်ဆေးမှုကို အဆုံးမသတ်ပဲ ဒရွတ်ဆွဲထားဖို. ဆုံးဖြတ်ခဲ့ကြသည်။ ဤသို. အဆုံးမသတ်ပဲ တန်းလန်းထားခြင်းဖြင့် စုံစမ်းစစ်ဆေးရေး အမည်ခံပြီး ကျွန်တော့်ကို နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ထိန်းသိမ်းထားနိုင်ပေသည်။

 

     ကျွန်တော်သည် ၁၉၉၀ ခုနှစ် ဩဂုတ်လ ၂၈ ရက်၊ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နှင့် ၁၉၉၁ ခုနှစ် မေလ ၉ ရက် နေ.စွဲများဖြင့် စာသုံးစောင်ရေးသားပြီး ကျန်ဇီမင်း (သူ.ကို ပါတီအထွေထွေအတွင်းရေးမှုးအဖြစ် ကျောက်၏နေရာကို အစားထိုးရန် ရှန်ဟိုင်းမှ ခေါ်ယူခဲ့သည်)၊ လီပန်းနှင့် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီတို.သို. အသီးသီး ပေးပို.ခဲ့သည်။ ဤစာသုံးစောင်၏ အဓိကအချက်မှာ စုံစမ်းစစ်ဆေးရေးနှင့် နေအိမ်အကျယ်ချုပ်ကို ရပ်ဆိုင်းပေးဖို.နှင့် ကျွန်တော်၏ ကိုယ်ပိုင်လွတ်လပ်ခွင်တို.ကို အမြန်ဆုံး ပြန်လည်ပေးအပ်ဖို. တောင်းပန်ထားခြင်းဖြစ်သည်။

 

     ထိုစာများထဲတွင် ကျွန်တော်က ၁၃ကြိမ်မြောက် ဗဟိုကော်မတီ စတုတ္ထအကြိမ် စုံညီအစည်းအဝေးမှ စတင်ခဲ့သည့် စုံစမ်းစစ်ဆေးမှုသည် ကြာမြင့်လှပြီဖြစ်သည့်အတွက် နောက်ထပ်ဖြေဆိုရှင်းလင်းရမည့် အကြောင်းအရာများ ကျန်ရှိနေဆဲဖြစ်သည်ဟု ကျွန်တော်မယူဆကြောင်းဖြင့်လည်း ဖော်ပြခဲ့သည်။ မည်သည့်အရာက စုံစမ်းစစ်ဆေးမှုကို ဤမျှထိ ရှည်ကြာနေစေကြောင်း အမှန်တကယ်ပင် ကျွန်တော်နားမလည်နိုင်ပါ။ ၁၉၉၀ ခုနှစ် ဇွန်လမှစပြီး စုံစမ်းစစ်ဆေးရေးနှင့်ပက်သက်၍ စစ်ဆေးရန် မည်သူမျှ ကျွန်တော့်ထံရောက်မလာခဲ့ပါ၊ အချက်အလက်များကို တိုင်ဆိုင်စစ်ဆေးရန်လည်း မည်သူမျှ မရောက်လာခဲ့ပါ။ အကယ်၍ မရှင်းလင်းသည့် အချက်များ ကျန်ရှိနေဆဲဖြစ်ပါက မည်သည့်အတွက်ကြောင့် ကျွန်တော့်ကို မမေးမြန်းကြပါသနည်း။ အချက်အလက်များကို ကျွန်တော်ကူညီ ဖြေရှင်းပေးနိုင်ပါသည်။ စုံစမ်းစစ်ဆေးမှုကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု အမည်ခံကာ မည်သည့်ဆုံးဖြတ်ချက်မျှ မချမှတ်ပဲ အခြေအနေများကို ဒရွတ်ဆွဲနေခြင်းသည် ကျွန်တော့်အတွက်သော်လည်းကောင်း ပါတီအတွက်သော်လည်းကောင်း အကျိုးမရှိပါ။

 

     စတုတ္ထအကြိမ် စုံညီအစည်းအဝေးမှစ၍ ဗဟိုကော်မတီခေါင်းဆောင်များက ပြည်တွင်းပြည်ပ သတင်းထောက်များအား ကျွန်တော်သည် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ကြောင်း၊ နေအိမ်အကျယ်ချုပ် သော်လည်းကောင်း ကန်.သတ်နေအိမ်အကျယ်ချုပ်မျှသော်လည်းကောင်း ချမှတ်ထားခြင်းမရှိကြောင်း အကြိမ်ကြိမ် ကြေညာခဲ့သည့်အချက်ကိုလည်း ကျွန်တော် ထောက်ပြခဲ့သည်။ သို.သော်လည်း အမှန်တရားက မည်သည့်အရာနည်း။ တကယ်တမ်း၌ စတုတ္ထအကြိမ် စုံညီအစည်းအဝေးမှစ၍ ကျွန်တော့်ကို နေအိမ်အတွင်း၌ တောက်လျှောက်ထိန်းသိမ်းလာခဲ့ပေသည်။

 

     အတိတ်ကာလတုန်းကမူ အထူးသဖြင့် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းက အမှားအယွင်းပြုလုပ်မိသူနှင့် ဆန်.ကျင်ဖက် အယူအဆရှိသည့် ပါတီဝါရင့်များ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ကန်.သတ်လျှော့ချသည်မှာ မြင်တွေ.နေကျဖြစ်သည်။ သို.သော်လည်း ၁၁ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးက အတိတ်၏ ဤသင်ခန်းစာများကို အသိအမှတ်ပြုခဲ့သည်။ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ ဆယ်နှစ်ကျော်မျှကြာမြင့်ခဲ့ပြီး တရားဥပဒေ၏ စိုးမိုးဖြန်.ကျက်နိုင်မှုကို အထူးဦးစားပေးနေသည့် ယနေ.ခေတ်လို အခြေအနေမျိုး၌မူ ဤအပြုအမူမျိုး ထပ်မံမပြုလုပ်သင့်ပါ။

 

     ထို.ကြောင့် ကျွန်တော်က စုံစမ်းစစ်ဆေးရေး ပြီးဆုံးသွားပြီဖြစ်စေ မပြီးသေးသည်ဖြစ်စေ နေအိမ်အကျယ်ချုပ်မှ ချက်ချင်းလွှတ်ပေးဖို.နှင့် ကျွန်တော်၏ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို ပြန်လည်ပေးအပ်ဖို. တောင်းဆိုခြင်းဖြစ်သည်။

 

     ကျွန်တော်ပို.ခဲ့သည့် ဤစာအားလုံးသည် ပင်လယ်ထဲသို. ခဲတစ်လုံး ပစ်လိုက်သည့်ပမာ ခြေရာခံမရအောင်ပင် ပျောက်သွားခဲ့သည်။ သူတို.၏ နည်းဗျူဟာမှာ ဘယ်တော့မှ မတုံ.ပြန်သည့်နည်းဖြစ်၍ အလွန်ပင် ရိုးရှင်းပါသည်။

 

     တကယ်တမ်း၌ ကျွန်တော်၏ လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ခွင့်ကို ကန်.သတ်တားမြစ်သည်မှာ ၁၉၈၉ ခုနှစ် ဇွန်လကတည်းကဖြစ်သည်။ သို.သော်လည်း ကျွန်တော့်ကို တရားဝင် အသိပေးခြင်းမရှိခဲ့သလို စာရွက်စာတမ်း မှတ်တမ်းမှတ်ရာလည်း မရှိပါ။ ဤကန်.သတ်ချက် အမှန်တကယ်တည်ရှိနေကြောင်း သက်သေပြရန်နှင့် ကျွန်တော်ကိုယ်တိုင်ကလည်း နေအိမ်အကျယ်ချုပ်ကြောင့် စိတ်ဓာတ်ကျသလို ခံစားနေရသဖြင့် ၁၉၉၀ ခုနှစ် အောက်တိုဘာလအတွင်း အာရှအားကစားပြိုင်ပွဲမတိုင်မှီကလေး၌ အပြင်ထွက်၍ ဂေါက်သီးရိုက်ရန်ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့သည်။

 

     ပါတီအထွေထွေရုံးရှိ လုံခြုံရေးဗျူရိုသည် အပြင်ထွက်၍ ဂေါက်ရိုက်မည့် ကျွန်တော့်အစီအစဉ်ကို သိသွားသောအခါ ကျွန်တော့်အိမ်မှ အတွင်းရေးမှုးအား အစီအစဉ်ကို ဆန်.ကျင်တားဆီးဖို. သူတို.က ညွှန်ကြားခဲ့သည်။ "အပြင်ထွက်တာကို ခွင့်ပြုတယ်လို. ဘယ်တုန်းကမှ မပြောထားဘူး"ဟု သူတို.က ကျွန်တော့်ကိုပြောသည်။ "အပြင်ထွက်ခွင့် မရှိဘူးလို. ဘယ်သူကမှ ငါ့ကိုလာပြောမထားဘူး"ဟု ကျွန်တော်က ပြန်ပြောခဲ့သည်။ အကယ်၍ ဤသို.သော ကန်.သတ်ချက်ရှိပါက ကျွန်တော့်ကို သူတို.ပြထားသင့်သည်။ သူတို.က ဤကဲ့သို. တားမြစ်ပိတ်ပင်သော စာရွက်စာတမ်းကို ကျွန်တော့်အား မပြသလို အပြင်ထွက်ခြင်းကိုလည်း ခွင့်မပြုပါ။

 

     သူတို.က ဒရိုင်ဘာကို ထိုအချိန်ကျလျှင် မောင်းမပို.ရန် ညွှန်ကြားခဲ့သည်။ အကယ်၍ ဒရိုင်ဘာက မောင်းမပို.ပါက ဘတ်စကားစီး၍ သွားမည့်ပုံ ကျွန်တော်ကပြသခဲ့သည်။ ဤကိစ္စသည် ပြည်သူလူထုအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားမည်ကို သူတို. အမှန်ပင် စိုးရိမ်ကြသည်။

 

     ထိုအချိန်က ကျန်ဇီမင်းနှင့်လီပန်းတို. နှစ်ယောက်လုံး ဘေဂျင်းတွင် ရှိမနေပါ။ သူတို.က ကျိုရှီ (လုံခြုံရေးတာဝန်ခံ ပေါ်လစ်ဗျူရိုအဖွဲ.ဝင်)ကို ညွှန်ကြားချက်ပေးရန် ပြောခဲ့ကြသည်၊ သို.သော် ကျိုရှီကိုယ်တိုင်လည်း ဆုံးဖြတ်ချက်မချနိုင်ပါ။ သူက လုံခြုံရေးဗျူရိုကို အခြေအနေနှင့် ကိုက်ညီမည့် ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်ရန်သာ ညွှန်ကြားခဲ့သည်။  

 

     နောက်ဆုံး၌ လုံခြုံရေးဗျူရိုက ဒရိုင်ဘာကို မောင်းပို.ပေးရန် ခွင့်ပြုလိုက်ပြီး ကျွန်တော်တို.အတွက် လုံခြုံရေးယူပေးရန် ရဲကားတစ်စီး လွှတ်လိုက်သည်။ ချန်ပင်းဂေါက်ကွင်း(တရုတ်-ဂျပန် ဖက်စပ်)၌ ကျွန်တော် ဂေါက်ရိုက်အပြီးတွင် ဂေါက်ကွင်းရှိ ဂျပန်ဝန်ထမ်းများက ဂျပန်သံရုံးသို. သတင်းပို.ခဲ့သည်။ ဤသတင်းသည် မကြာမှီအတွင်း၌ ဂျပန်သတင်းထောက်များနှင့် နိုင်ငံခြားသတင်းဌါနများသို. ပျံ.နှံ.သွားခဲ့သည်။ သတင်းဌါနများသည် သတင်းကို နေ.ချင်းပင် ထုတ်ပြန်ခဲ့ကြ၍ ဟောင်ကောင်နှင့်ထိုင်ဝမ်ရှိ သတင်းဌါနများအပါအဝင် နိုင်ငံတကာရှိ သတင်းဌါနများက မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြကြခဲ့ကြသည်။ ဟောင်ကောင်ရှိ ရုပ်မြင်သံကြားသတင်းဌါနတစ်ခုသည် သတင်းကြေညာနေစဉ်တွင် ယခင်က ကျွန်တော်ဂေါက်ရိုက်နေသည့် ဗွီဒီယိုမှတ်တမ်းတို အဟောင်းလေးတစ်ခုကိုပင် ထုတ်လွှင့်ပြသခဲ့သည်။

 

     ကျန်ဇီမင်းနှင့် လီပန်း နှစ်ယောက်လုံး အလွန်စိုးရိမ်သွားခဲ့ကြသည်။ သူတို.က ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချကြပြီး ကျွန်တော့်ကို အပြင်ထွက် ဂေါက်ရိုက်ရန် မည်သူကခွင့်ပြုခဲ့သည်ကို စုံစမ်းစစ်ဆေးကြသည်။ ဤအနှောင့်အယှက်ဖြစ်ဖွယ် ကိစ္စပြီးသွားပြီးနောက်၌ ဗဟိုကော်မတီနာမည်ဖြင့် သူတို.က ကျွန်တော့်ကို စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း၌ ပြင်ပသွားလာခြင်းကို တားမြစ်ကြောင်း နုတ်ဖြင့်အသိပေးခဲ့သည်။ ဤနည်းအားဖြင့် ကျွန်တော်၏ လွတ်လပ်မှုကို ကန်.သတ်ထားကြောင်းနှင့် ကျွန်တော့်အား နေအိမ်အကျယ်ချုပ် ချထားကြောင်းကို သက်သေခံစေမည့်  အထောက်အထား အစအနတစ်ခု  နောက်ဆုံးတွင် တရားဝင် ကျန်ရှိနေခဲ့စေသည်။  

 

     သို.သော်လည်း ပြည်တွင်းပြည်ပ သတင်းထောက်များ၏ ရှေ.၌မူ ကျွန်တော်သည် လွတ်လွတ်လပ်လပ်ရှိကြောင်း ဆက်လက်ပြောဆိုနေဆဲဖြစ်သည်။ သူတို.သည် မမှန်မကန် လုပ်နေကြမှန်း သူတို.ကိုယ်သူတို. သိနေသဖြင့် အမှန်တရားကို ပြည်သူလူထုအား အသိပေးရမည်ကို တွန်.ဆုတ်နေမှန်း သိသာပါသည်။

 

     ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ.၌ (တည်ဆဲပေါ်လစ်ဗျူရိုအဖွဲ.ဝင်) ကျိုရှီနှင့် ဆုန်ပင်းတို.က ကျွန်တော့်ကို ဇူနန်ဟိုင်ရှိ ဟွေရန်တန်ခန်းမသို. ခေါ်ဆောင်၍ ဆွေးနွေးခဲ့သည်။ တင်ကွမ်ကျင်နှင့် လီတိုင်ယင်းတို.လည်း ရှိနေကြသည်။ ကျိုရှီက ဗဟိုကော်မတီသည် ကျွန်တော့်အမှုအား စုံစမ်းစစ်ဆေးမှုကို ပြီးဆုံးပြီဟု ဆုံးဖြတ်ကြောင်း၊ ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ စတုတ္ထအကြိမ် စုံညီအစည်းအဝေးမှ ချမှတ်ခဲ့သည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ပြစ်ဒဏ်များကိုမူ ဆက်လက်၍ ကျခံရမည်ဖြစ်ကြောင်း ဗဟိုကော်မတီကို ကိုယ်စားပြု၍ ကြေညာသည်။ ကြေညာချက်ကို ဗဟိုကော်မတီ အစည်းဝေး၏ အများပြည်သူသို. ထုတ်ပြန်ချက်တွင် စုံစမ်းစစ်ဆေးမှုကို ရုတ်သိမ်းတော့မည်ဖြစ်ကြောင်း ထည့်သွင်းကြေညာမည်ဖြစ်သည်။ ကြေညာချက်မထုတ်ပြန်မှီ တစ်ရက်အလို၌ သူတို.က ကျွန်တော့်ကို အသိပေးခြင်းဖြစ်သည်။

 

သူတို.ပြောသည်ကို နားထောင်ပြီးနောက် ကျွန်တော်က အချက်သုံးချက်ကို ထောက်ပြသည်။

 

     ပထမအချက် စတုတ္ထအကြိမ် စုံညီအစည်းအဝေး၌ ကျွန်တော့်ကို "ဆူပူအုံကြွမှုကို ထောက်ခံခဲ့သည်" "ပါတီပြိုကွဲအောင် သွေးခွဲခဲ့သည်"ဟု စွဲချက်တင်၍ စီရင်ဆုံးဖြတ်ခဲ့ခြင်းနှင့်ပက်သက်၍ ၎င်းကိုကျွန်တော် ကန်.ကွက်ကြောင်းနှင့် ကျွန်တော်၏ သံသယကို ထုတ်ဖော်ကြေညာခဲ့သည်။ ကျွန်တော်၏ စိတ်ကို မပြောင်းလဲကြောင်းနှင့် သံသယကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်ကြောင်း သူတို.ကို ပြောခဲ့သည်။

 

     ဒုတိယအချက် ဆုံးဖြတ်ချက်ကို ကြေညာသည့်အခါတွင် ဗဟိုကော်မတီအနေဖြင့် ပါတီအတွင်း သင့်လျော်သည့် အဆင့်မှ ပါတီဝင်များကို တရားဝင် စာရွက်စာတမ်းများဖြင့် ကြေညာပေးရန်နှင့် မူလချမှတ်ခဲ့သည့် ပြစ်ဒဏ်များကို ဆက်လက်ကျခံစေရန် ကြေညာသည့်အခါတွင် မည်သည့်အချက်အလက်များကို အခြေခံ၍ စီရင်ဆုံးဖြတ်ခဲ့ကြောင်းကိုလည်း ချပြရန် ကျွန်တော်က တောင်းဆိုခဲ့သည်။ မူလစီရင်ချက်ကို ထောက်ခံပံ့ပိုးသည့် အချက်အလက်များက မည်သည့်အရာများနည်း။ ၎င်းတို.က စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အချက်သုံးဆယ်ကို ပေါ်ပေါက်လာစေခဲ့ပါသလော။ ဤသို.ဖြစ်ပါက အချက်အလက်အကြောင်းအရာ အားလုံးကို တရားဝင်ရုံးစာများ၌ ထည့်သွင်းရန် ကျွန်တော်က တောင်းဆိုခဲ့သည်။

 

     တတိယအချက် စုံစမ်းစစ်ဆေးရေး ပြီးဆုံးခါနီးပြီ ဖြစ်သည့်အတွက် ကျွန်တော်၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အပြည့်အဝချက်ချင်း ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။ ကျွန်တော်၏ လှုပ်ရှားသွားလာမှုနှင့်ပက်သက်၍ မည်သည့်အချက်များကို ဂရုပြုဖို.လိုအပ်ကြောင်းကို ဗဟိုကော်မတီမှ အကြံပြုနိုင်ပြီး ကျွန်တော်က ၎င်းတို.ကို လေးစားအသိအမှတ်ပြုမည် သို.သော် ကျိုးကြောင်းဆီလျော်မှုမရှိသည့် အချက်များနှင့် ကျွန်တော်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို နိုင်ထက်စီးနင်း ကန်.သတ်မှုများကိုမူ ကျွန်တော် လုံးဝလက်ခံမည်မဟုတ်ပါ။

 

     ကျိုရှီနင့် အခြားသူများက ကျွန်တော်၏ တုံ.ပြန်မှုများကို ဗဟိုကော်မတီသို. တင်ပြပေးမည်၊ ရလာဒ်များကို ကျွန်တော့်အား ပြန်လည်၍ အသိပေးမည်ဟု ပြောကြသည်။

 

     ကျွန်တော်က ဒုတိယအချက်(စီရင်ဆုံးဖြတ်ချက်ကို အများပြည်သူသို. ကြေညာဖို. တောင်းဆိုမှု)ကို တောင်းဆိုနေစဉ်၌ ကျိုရှီက "တည်ငြိမ်မှုကို အနှောင့်အယှတ် မဖြစ်ဖို. ခင်ဗျားသေသေချာချာ စဉ်းစားသင့်တယ်"ဟု ကြားဖြတ်ပြောသည်။ တတိယအချက်ဖြစ်သည့် ကျွန်တော်၏ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ကို တောင်းဆိုစဉ်၌ ၁၄ ကြိမ်မြောက် ပါတီကွန်ဂရက်သည် နိုင်ငံခြားသတင်းထောက်အများအပြားကို ဆွဲဆောင်နိုင်ကြောင်း သူတို.ကပြောသည်။ "ခင်ဗျားရဲ. အမှုက အလွန်ကို သိမ်မွေ.ပြီးအထိမခံနိုင်တဲ့ အမှုဖြစ်တယ်။ အများပြည်သူကို သတင်းထုတ်ပြန်ပြီးရင် ခင်ဗျားအိမ်နားမှာ နိုင်ငံခြားသတင်းထောက်တွေ ရစ်ဝဲစုံစမ်းနေကြမှာပဲ"ဟု သူတို.ကပြောသည်။ သူတို.က ကျွန်တော့်ကို ပါတီစည်းမျဉ်းများကို ဂရုပြုဖို.နှင့် ကျယ်ကျယ်ပြန်.ပြန်. စဉ်းစားဖို. ပြောသည်။ 

 

     အပြန်အလှန်အားဖြင့် ကျွန်တော်က ၁၄ ကြိမ်မြောက် ပါတီကွန်ဂရက် ကာလအတွင်း အပြင်ထွက်ခြင်းကို ရှောင်ကြဉ်မည်ဟု ကမ်းလှမ်းခဲ့သည်။ သူတို.သည် ဤအချက်ကို ကြားသည်နှင့် စိတ်သက်သာရာရသွားပုံပေါ်သည်။ ဆုန်ပင်းက ကျွန်တော့်အမှု၏ အခြေအနေများကို အချိန်ယူ၍ ဖြည်းဖြည်းချင်း မှေးမှိန်သွားရန်အတွက် ပါတီကွန်ဂရက်ပြီးသွားပါက ကျွန်တော်၏ ပြင်ပသွားလာလှုပ်ရှားမှုများကို ဖြည်းဖြည်းချင်း တိုး၍ပေးသွားမည်ဟု ပြောသည်။ စကားဝိုင်းသည် ဤသို.အဆုံးသတ်သွားခဲ့သည်။

 

     စုံစမ်းစစ်ဆေးရေးကို အဆုံးသတ်လိုက်ကြောင်းနှင့် မူလစီရင်ချက်များကို ဆက်လက်ကျခံစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာစဉ်၌ သူတို.က ဘာမျှမပြောခဲ့ကြကြောင်း နောက်ပိုင်း၌ ကျွန်တော်ပြန်ကြားရသည်။ ပေါ်လစ်ဗျူရို အစည်းအဝေး၌ပင် ပြောကြားခြင်းမရှိခဲ့ပေ။ သူတို.သည် စုံစမ်းစစ်ဆေးရေးအဖွဲ.၏ အစီရင်ခံစာကို မဖြန်.ဝေခဲ့ပေ။ ဆိုလိုသည်မှာ သုံးနှစ်ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေး ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်ရုံမျှဖြင့် ဘာကိုရှာတွေ.ခဲ့သည် ဆိုသည့်အချက်နှင့် ကျွန်တော့်အပေါ် စီရင်ခဲ့သည့် ဆုံးဖြတ်ချက်နှစ်ခုကို သက်သေခံနိုင်သည့် အချက်များက မည်သည့်အချက်များဖြစ်သည် စသည်တို.ကို ထုတ်ပြန်ခြင်းမပြုပဲ ကျော်လွှားရှောင်တိမ်းခဲ့ကြလေသည်။ စုံညီအစည်းအဝေး၏ အများပြည်သူသို. ထုတ်ပြန်ကြေညာချက်တွင် "စုံစမ်းစစ်ဆေးရေးကို ရပ်ဆိုင်းလိုက်ပြီး စီရင်ချက်များကို ဆက်လက်ကျခံစေရမည်" ဆိုသည့် ဝါကျတစ်ကြောင်းသာ ပါရှိပြီး ကန်ကွက်မှုမရှိ အတည်ပြုခဲ့ကြသည်။ အခြားမည်သည့် အထောက်အထားမျှ ထုတ်ပြန်ခြင်းမရှိပေ။ ဗဟိုကော်မတီ စုံညီအဖွဲ.သည် စုံစမ်းစစ်ဆေးရေး စတင်ဖို. ဆုံးဖြတ်ချက်ချမှတ်ခဲ့သဖြင့် စစ်ဆေးရေး ရပ်ဆိုင်းကြောင်း ကြေညာရာ၌ စုံညီအဖွဲ.သို. အဆုံးသတ်အစီရင်ခံစာတစ်စောင် တင်သွင်းသင့်သည်။ သို.သော် အစီရင်ခံစာ မတင်သွင်းခဲ့ပေ။ ဤအချက်နှင့် ဆန်.ကျင်စွာပင် ဗဟိုကော်မတီ စုံညီအဖွဲ.အစည်းအဝေး ခေါ်ယူဖို. ကြိုတင်ညှိနှိုင်းတိုင်ပင်သည့် အစည်းအဝေး၌ ဤကိစ္စကို အစုအဖွဲ.တစ်ခုချင်းအတွင်း၌ ဖော်ပြရုံမျှသာ ဖော်ပြခြင်းသည် လုံလောက်ကြောင်းနှင့် နောက်ထပ်ဆွေးနွေးခြင်း မပြုလုပ်ကြဖို. သူတို.က ပြောကြားခဲ့ကြသည်။

 

     ဤကိစ္စများကို မည်သို.ကိုင်တွယ်ကြသည်ကို ကြည့်ခြင်းအားဖြင့် သူတို.သည် ကျွန်တော့်အမှုကို ကိုင်တွယ်ရာတွင် မည်မျှထိ စိုးရိမ်ထိတ်လန်.နေကြောင်း ကျွန်တော် သုံးသပ်နိုင်ပါသည်။ သူတို.သည် များစွာစိုးရိမ်နေကြပြီး သတိကြီးစွာထား၍ ပြောဆိုနေကြသည်။

 

     ကျိုရှီက ကျွန်တော့်အား ပေါ်လစ်ဗျူရို၏ ဆုံးဖြတ်ချက်ကို ကြေညာရာ၌ အဆင်သင့်ရေးလာခဲ့သည့် ထုတ်ပြန်ချက်တစ်ခုကို ကျယ်လောင်စွာဖတ်ပြနေခြင်းသာဖြစ်သည် ။ ကျွန်တော်သည် နဂိုမူလက သူဖတ်ပြနေစဉ်၌ မှတ်စုအဖြစ်ချရေးမှတ်ထားမည်ဟု စိတ်ကူးထားသော်လည်း သူက လျှင်မြန်စွာဖတ်ပြနေသဖြင့် အားလုံးကို လိုက်မမှတ်နိုင်မည်ကို ကျွန်တော်စိုးရိမ်သောကြောင့် ကျွန်တော့်အား ကြေညာချက် မိတ္တူတစ်စောင်ပေးရန် ကျိုရှီကို တောင်းဆိုခဲ့သည် ။ ကျိုရှီက "ကောင်းပြီလေ ၊ ရဲဘော်ကျိယန်ကို ကြေညာချက်မိတ္တူတစ်စောင် ပေးလိုက်ပါ"ဟု မှတ်စုလိုက်ရေးနေသည့် ရဲဘော်လေးကို ပြောလိုက်သည် ။ သို.သော်နောက်ပိုင်း၌ ကျွန်တော့်အတွင်းရေးမှုးအား သူတို.ထံသို.ဆက်သွယ်၍ ကြေညာချက်မိတ္တူပေးဖို. တောင်းဆိုသောအခါ သူတို.က ငြင်းပယ်ခဲ့ကြသည် ။ သူတို.သည် မည်သည့်ဖြေရှင်းချက်မှလည်း မပေးခဲ့ကြပေ ။ သူတို. ဘာကိုစိုးရိမ်ကြောက်ရွံ.နေကြမှန်း ကျွန်တော်မသိပါ ။

 

     အခြေအနေများကို ထောက်ရှု၍ ကျွန်တော်ပြောခဲ့သလိုပင် ကျွန်တော်၏ တောင်းဆိုချက် ၃ ချက်လုံးကို သူတို. မတင်ပြမည်ကို ကျွန်တော်စိုးရိမ်မိသည် ။ အထူးသဖြင့် အချက် ၃ ချက်မှာ သူတို.အတွက် နှစ်လိုဖွယ် မရှိသောကြောင့်ဖြစ်သည် ။ ထို.ကြောင့် တွေ.ဆုံဆွေးနွေးပွဲမှ ပြန်လာပြီးနောက် ကျွန်တော်၏ တောင်းဆိုချက် ၃ ခုကို မှတ်တမ်းသဖွယ်ရေး၍ သူတို.ထံသို.ပေးပို.ခဲ့သည် ။ ထုံးစံအတိုင်းပင် မည်သို.မျှ အကြောင်းမပြန်ခဲ့ပါ ။

 

     မည်သို.ပင်ဖြစ်စေ သူတို.သည် ပေါ်လစ်ဗျူရို သို.မဟုတ် ဗဟိုကော်မတီသို. မည်သည့်စာရွက်စာတမ်း အ ထောက်အထားမျှ ထုတ်ပြန်တင်ပြခြင်းမပြုပဲ စုံစမ်းစစ်ဆေးရေးကို အဆုံးသတ်ခဲ့ကြသည် ။ သုံးနှစ်ကြာမျှ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ရာ၌ တွေ.ရှိရသည့် အချက်အလက်များကို ပြည်သူလူထုသို. အဘယ့်ကြောင့် မထုတ်ပြန်ရပါသနည်း ။ တကယ်တမ်း၌ သူတို. စိုးရိမ်ထိတ်လန်.နေခြင်းကြောင့်သာဖြစ်သည် ။

 

သူတို.၏ ၃ နှစ်ကြာ စုံစမ်းစစ်ဆေးမှုအတွင်း၌ မည်သည့်ပြဿနာတို.ကို သူတို.ဖော်ထုတ်နိုင်ခဲ့ပါသနည်း ။ ၁၉၉၀ ခုနှစ် ဇွန်လ ၂၁ ရက်၌ ဝမ်ရန်ဇန်းက အချက် ၃၀ ပါရှိသည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမူကြမ်းကို စာတစ်စောင်နှင့်အတူတွဲလျှက် ကျွန်တော့်ကို ပေးခဲ့သည် ။ ထိုစာ၌ အကယ်၍ ကျွန်တော့်၌ ကန်.ကွက်စရာ တစ်စုံတစ်ရာရှိခဲ့ပါက အဆိုပါမူကြမ်း၌ မှတ်ချက်ရေး၍ သူထံသို. ပြန်ပို.ပေးရန် ဆိုထားသည် ။

 

 

 

---------------------------------------------------------------------------------------------------------------------------

၁ ။     ။ အာဏာရှင်လက်သစ်ဝါဒသည် လစ်ဘရယ်တွေးခေါ်ရှင်များမှ ရှေ.တန်းတင် သုံးနှုန်းလာသည့် သီအိုရီတစ်ခုဖြစ်သည် ။ သူတို.က တရုတ်ပြည်၏ စီးပွါးရေးနှင့် နိုင်ငံရေးစနစ် ခေတ်မှီလာစေရန်အတွက် ခိုင်မာ၍ပြင်းထန်သည့် "ဥာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံသော အကြွင်းမဲ့အာဏာရှင်" တစ်ဦးက အုပ်ချုပ်ဖို. လိုအပ်သည်ဟု ယူဆကြသည် ။ လူများစွာက ကျောက်ကို သီအိုရီက အဆိုပြုထားသည့် အာဏာရှင်အဖြစ် လွဲမှားစွာ ယုံကြည်ကြသည် ။

 

၂ ။     ။ အယ်လ်ဂျီမြစ် ရုပ်သံဇာတ်လမ်းတွဲသည် တရုတ်ပြည်အတွင်း ထုတ်လွှင့်ပြသခဲ့သည့် အခန်းဆက် ရုပ်သံဇာတ်လမ်းရှည် မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ပြီး ၁၉၈၈ ခုနှစ်၌ ပထမဦးဆုံး ထုတ်လွှင့်ခဲ့သည် ။ အဆိုပါ ဇာတ်လမ်းတွဲ၌ တရုတ်ပြည်၏ အစဉ်အလာ အထီးကျန်နေမှုကို ဝေဖန်ထားပြီး အနောက်တိုင်း၏ လွတ်လပ်ပွင့်လင်းမှုကို ထွေးပိုက်ကြိုဆိုထားသည် ။ ဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသမှုကို နောက်ပိုင်း၌ ပါတီက ရှုတ်ချခဲ့ပြီး ၁၉၈၉ ခုနှစ် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာစေရန် လှုံ.ဆော်နှိုးဆွခဲ့သည်ဟု အပြစ်တင်ခဲ့သည် ။  

 

(ကျောက်ကျိယန်၏ Prisoner of The State စာအုပ် Part 2, Chapter 1 Zhao Becomes a Prisoner ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

Saturday, February 6, 2010

ဂေါ်ဘာချော့နှင့် စကားစမြည် (နိုင်ငံတော်အကျဉ်းသား)

အပိုင်း ၁

အခန်း ၇

ဂေါ်ဘာချော့နှင့် စကားစမြည်

 
 
တိန်အန်မင်လူသတ်ပွဲ ဖြစ်ပေါ်လာစေသည့် အချက်များစွာအနက် ပဟေဠိဆန်သည့်
အချက်တစ်ခုမှာ တိန်.ရှောင်ပင်းက သူ၏  ပြုပြင်ပြောင်းလဲရေး မဟာမိတ် ကျောက်ကျိယန်နှင့်
လမ်းခွဲဖို. ဆုံးဖြတ်လိုက်သည့် အချိန်ပင်ဖြစ်သည်။ ကျောက်သည် ဂေါ်ဘာချော့နှင့်
တွေ.ဆုံစဉ်၌ တိန်.သည် တရားဝင်ရာထူး မရှိတော့သော်လည်း
ဦးဆောင်မှုပေးနေဆဲဖြစ်ကြောင်း ပြောခဲ့သည်။ ကျောက်ပြောခဲ့စဉ်က ဂေါ်ဘာချော့အနေဖြင့်
တိန်.နှင့်တွေ.ဆုံဖို. အစီအစဉ်၏ အရေးပါပုံကို ထင်ထင်ရှားရှား သိစေလို၍
ပြောခဲ့ခြင်းဖြစ်သော်လည်း သူတို.လိုရာကို ဆွဲယူတတ်သော သူ၏ ပြိုင်ဖက်များက
နိုင်ငံရေးအရ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုများအတွက် တိန်.အပေါ် အပြစ်အားလုံးပုံချဖို.
သိမ်မွေ.စွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ကြသည်။ ကျောက်၏ ဤစကားကြောင့်
တိန်.၏ယုံကြည်စိတ်ချမှု ပျက်ပျယ်သွားစေခဲ့သည်လား ဆိုသည်ကိုတော့ ကွဲကွဲပြားပြား
မသိရပါ။ သို.သော် ဤစကားမှန်ခဲ့ပါက လူ.အသက် ရာပေါင်းများစွာ ဆုံးရှုံးခဲ့ခြင်းအတွက်
လူတစ်ယောက်၏(တိန်.၏) ယုံမှားလွန်စိတ်ဝေဒနာနှင့် အကျပ်အတည်းကာလအတွင်း
ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့မှုများကို ပြန်၍ ခြေရာခံရပေမည်။ ကျောက်၏ အတွင်းကျကျ
ရေးသားဖော်ပြမှုများသည် သူနှင့်တိန်.၏ကြားက နားလည်မှုလွဲမှားမှုများအတွက်
သူ၏နက်ရှိုင်းသည့် စိတ်မကောင်းမှုများနှင့် တိန်.အပေါ်ဆက်လက်ထားရှိမြဲဖြစ်သည့်
သူ၏ကျေးဇူးတင်ရှိမှုကို ဖော်ပြထားသော်လည်း ဤပဟေဠိကိုမူ ရှင်းလင်းထားခြင်းမရှိပါ။
 
 

     ဤအခန်း၌ မေလ ၁၆ ရက်နေ. ဂေါ်ဘာချော့နှင့်တွေ.ဆုံစဉ်က ဆွေးနွေးခဲ့သည့် အကြောင်းအရာတို.ကို ကျွန်တော်ဖော်ပြလိုသည်။

 

     တိန်.သည် ကျွန်တော်၏ မေလ ၄ ရက် အာရှဖွံ.ဖြိုးရေးဘဏ် အစည်းအဝေးမိန်.ခွန်းအပေါ် အတော်ပင် စိတ်မသက်မသာ ဖြစ်နေသည်။ သို.သော်လည်း ဂေါ်ဘာချော့နှင့် တွေ.ဆုံစဉ်အတွင်း ကျွန်တော်ပြောကြားခဲ့သည့် အကြောင်းအရာတို.သည် သူ.ကိုစိတ်ဆိုးဒေါသထွက်စေခဲ့သည်သာမက သူ.ကို ထိခိုက်စေမည်ကိုလည်း ကျွန်တော်စိုးရိမ်မိပါသည်။ ဇွန်လ ၄ ရက်နောက်၌ နိုဘယ်ဆုရ အမေရိကန်ပြည်သား တရုတ်လူမျိုး ပါမောက္ခ စွန်တောင်လီအား ကျောင်းသားဆန္ဒပြမှုများအတွင်း၌ ကျွန်တော်က သူ.ကို ရှေ.သို.တွန်းလွှတ်ခဲ့ကြောင်း တိန်.က ပြောခဲ့သည်။ သူအမှန်တကယ်ပြောလိုသည့် အဓိပ္ပါယ်မှာ သူတစ်ယောက်တည်း လူထုနှင့် ထိပ်တိုက်တွေ.စေဖို. သူ.ကိုကျွန်တော်က စွန်.ပစ်ခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤမှတ်ချက်သည် ပြည်သူလူထုအတွင်း၌လည်း ပျံ.နှံ.လျှက်ရှိသည်။

 

     ဂေါ်ဘာချော့နှင့် တွေ.ဆုံစဉ်၌ ကျွန်တော်တို. တိုင်းပြည်နှင့် ပါတီအတွင်းရှိ တိန်.ရှောင်ပင်း၏ အခန်းကဏ္ဍကို ကျွန်တော်က ပြောခဲ့သည်။ ဤမှတ်ချက်တို.မှာ တိန်.၏ဂုဏ်သိက္ခာကို မြှုင့်တင်ရန်ရည်ရွယ်၍ ပြောခဲ့ခြင်းဖြစ်သော်လည်း ရလာဒ်ကမူ အကြီးအကျယ် နားလည်မှုလွဲမှားခြင်းများသာ ရရှိခဲ့သည်။ ကျွန်တော်သည် တာဝန်များကို ရှောင်လွှဲနေသည်ဟု လူအများက ထင်နေကြပြီး ဤကဲ့သို.သော အကျဉ်းအကျပ်ကာလအတွင်းတွင် လူထုနှင့်ထိပ်တိုက်တွေ.စေရန် တိန်.ရှောင်ပင်းကို တွန်းလွှတ်နေသည်ဟု ယူဆကြသည်။ ဤအချက်ကို ကျွန်တော် လုံးဝကြိုတင်၍ တွက်ဆမထားမိချေ။

 

     ၁၃ ကြိမ်မြောက် ပါတီကွန်ဂရက် (၁၉၈၇ တွင် ကျင်းပခဲ့သည်)မှစ၍ နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များနှင့် တွေ.ဆုံတိုင်း အထူးသဖြင့် ကွန်မြူနစ်ပါတီခေါင်းဆောင်များနှင့် တွေ.ဆုံတိုင်း၌ တိန်.သည် တည်ဆဲပေါ်လစ်ဗျူရို အဖွဲ.ဝင်မဟုတ်တော့သော်လည်း ကျွန်တော်တို.ပါတီအတွင်း အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ချမှတ်သည့် သူ၏အခန်းကဏ္ဍကမူ ပြောင်းလဲခြင်းမရှိကြောင်း သူတို.ကို ကျွန်တော် အမြဲပြောလေ့ရှိသည်။ ဤအချက်မှာ အစဉ်အလာတစ်ခုကဲ့သို.ပင် ဖြစ်နေသည်။ ဧပြီလအတွင်း မြောက်ကိုရီးယားတွင်လည်း ကင်အီစွန်းကို ဤအတိုင်း ကျွန်တော်ပြောခဲ့သည်။ ဤဆွေးနွေးပွဲနှင့် အဓိက ကွာခြားချက်မှာ ဤသတင်းသည် ရုပ်မြင်သံကြားနှင့် သတင်းစာမျက်နှာဖုံး သတင်းများအဖြစ် ပျံ.နှံ.သွားခြင်းဖြစ်သည်။

 

ကျွန်တော် အဘယ့်ကြောင့် ဤသို.လုပ်ရပါသနည်း။

 

လီပန်းနှင့်အဖွဲ.က ဖြန်.ဝေခဲ့သည့် တိန်.၏ ဧပြီ ၂၅ ရက်နေ. ဝေဖန်ချက်သည် ပြည်သူလူထု တစ်ရပ်လုံး၏ အုတ်အော်သောင်းသဲ ကန်.ကွက်မှုကို ခံခဲ့ရသည်။ အထူးသဖြင့် ကျောင်းသားများနှင့် လူငယ်တို.သည် တိန်.ကို မကျေနပ်ကြပေ။ သူ.မှတ်ချက်ကို မကျေနပ်ကြသောကြောင့် သူတို.သည် တိန်.၏ အထူးသီးသန်. အနေအထားကို အာရုံစိုက်လာကြပြီး မေးခွန်းထုတ်လာကြသည်။ "တည်ဆဲပေါ်လစ်ဗျူရိုကော်မတီက ဘာဖြစ်လို. တိန်.ရှောင်ပင်းကို အစီရင်ခံဖို. လိုအပ်ရတာလဲ။ သူက အဖွဲ.ဝင်မှမဟုတ်ပဲ။ ဒါဟာ ပါတီအဖွဲ.အစည်းရဲ. စည်းမျဉ်းစည်းကမ်းနဲ. မကိုက်ညီဘူး" အစရှိသည့် မှတ်ချက်များကို ကျွန်တော် ကြားရသည်။ "တိုင်းပြည်ရဲ. အရေးကိစ္စတွေကို စီမံခန်.ခွဲဖို. ကန်.လန်.ကာ/ခန်းဆီးချသည်" ဆိုသည့် စကားစုသည်လည်း လူအများအကြား ပျံ.နှံ.နေသည်။ ဤအခြေအနေ၌ ကျွန်တော်အနေနှင့် ရှင်းလင်းချက်တစ်ခု အဖြေတစ်ခု ရှိနေသင့်သည်ဟု ကျွန်တော်တွေးမိသည်။

 

     ကျွန်တော်သည် ဂေါ်ဘာချော့ ရောက်မလာမှီ နှစ်ရက်မျှအလို မေလ ၁၃ ရက်နေ.၌ အလုပ်သမားသမဂ္ဂမှ အလုပ်သမားကိုယ်စားလှယ်များ၊ ကေဒါများနှင့် ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့သည်။ ဤအစည်းအဝေး၌ တက်ရောက်သူတစ်ဦးက အထက်ပါသဘောမျိုး အဓိပ္ပါယ်သက်ရောက်သည့် မေးခွန်းတစ်ခု မေးခဲ့သည်။ ကျွန်တော်က ဤအချက်သည် ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ၏ ပထမအကြိမ် စုံညီအစည်းအဝေးမှ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ကျွန်တော်တို.သည် တိုင်းပြည်အတွက် အရေးကြီးသည့် ကိစ္စရပ်များ၌ တိန်.နှင့်တိုင်ပင်ဆွေးနွေးရမည်ဟု ဤစုံညီအစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။ ဤအချက်သည် ပါတီတစ်ခုလုံး၏ အကျိုးစီးပွါးအတွက်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် တိန်.၏ နိုင်ငံရေးအတွေးအခေါ်နှင့် အတွေ.အကြုံတို.သည် ကျန်သည့် တည်ဆဲပေါ်လစ်ဗျူရို အဖွဲ.ဝင်အားလုံးထက် ပို၍ အတွေ.အကြုံ ကြွယ်ဝသောကြောင့်ဖြစ်သည်။ ထိုအလုပ်သမားကိုယ်စားလှယ်သည် နောက်ထပ်ပြန်၍ မမေးတော့သဖြင့် အဖြေကို ကျေနပ်သွားသည်ဟု ယူဆရသည်။ ထို.ကြောင့် ကျွန်တော်တို.သည် သတင်းမီဒီယာများမှတစ်ဆင့် ဤအတိုင်းရှင်းလင်းချက်ပေးပါက လူထုအကြားရှိ တိန်.၏ ပုံရိပ်မှာ ကောင်းလာလိမ့်မည်ဟု ကျွန်တော်တွေးမိခဲ့သည်။ ဤအချက်သည် အနည်းဆုံးတော့ တိန်.က အာဏာကို ချုပ်ကိုင်ထားခြင်းမဟုတ်ပဲ ဗဟိုကော်မတီ၏ ပထမအကြိမ် စုံညီအစည်းအဝေးတွင် အားလုံးစုပေါင်း၍ ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း ဖြေရှင်းနိုင်ပါလိမ့်မည်။

 

     ထို.ကြောင့် ဂေါ်ဘာချော့နှင့် တွေ.ဆုံစဉ်၌ ပါတီ၏ ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ ပထမအကြိမ် စုံညီအစည်းအဝေး၌ ကျွန်တော်တို.သည် အဓိကကျသည့် ကိစ္စရပ်များ၌ တိန်.ကို ဦးဆောင်မှုနေရာ၌ ဆက်လက်ထားရှိဖို. ဆုံးဖြတ်ခဲ့ကြကြောင်း ကျွန်တော်က ပြောခဲ့သည်။ ၁၃ ကြိမ်မြောက် ပါတီကွန်ဂရက်မှစ၍ ကျွန်တော်တို.သည် သူ.ကို အမြဲတမ်းတိုင်ပင်ခဲ့ကြပြီး အဓိကကျသည့် ကိစ္စရပ်များ၌ သူ.အကြံဥာဏ်ကို ရယူခဲ့ကြသည်။ တိန်.သည် ကျွန်တော်တို.၏ အလုပ်များနှင့် စုပေါင်းဆုံးဖြတ်ချက်များကို အမြဲတမ်းပင် ထောက်ခံခဲ့သည်။ တကယ်တမ်း၌ မူရင်းဆုံးဖြတ်ချက်တွင် သူ.ကို အသိပေးအစီရင်ခံရုံ၊ သူ.ထံမှ အကြံဥာဏ်ရယူရုံမျှသာမက သူအနေနှင့် အစည်းအဝေးခေါ်ယူနိုင်ပြီး အဓိကကိစ္စရပ်များကို နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သည် ဟုပင်ပြဌါန်းထားသည်။ ပြည်သူလူထု၏ လက်ခံနိုင်စွမ်းကို ထည့်သွင်းစဉ်းစားမိသောကြောင့် ကျွန်တော်က ဆုံးဖြတ်ချက်၏ နောက်ဆုံးအပိုင်းကို တမင်ပင် မပြောပဲ ချန်လှပ်ထားခဲ့သည်။ လူထုအားရှင်းပြခဲ့သည့် ကျွန်တော်၏ ရှင်းလင်းချက်သည် တိန်.အတွက် အကျိုးရှိလိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။ အနည်းဆုံးတော့ ဤအချက်သည် တရားမဝင်လုပ်နေခြင်းမဟုတ်ပဲ တရားဥပဒေအတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းတော့ ရှင်းပြနိုင်ပါလိမ့်မည်။

 

     ဤမှတ်ချက်များပေးရခြင်း၏ အခြားအကြောင်းတစ်ရပ်မှာ ဂေါ်ဘာချော့၏ ခရီးစဉ်သည် တရုတ်-ဆိုဗီယက် ထိပ်သီးဆွေးနွေးပွဲအတွက် လာခြင်းဖြစ်သည်။ မည်သူနှင့် ဂေါ်ဘာချော့ တွေ.ဆုံသည် ဆိုသည့်အချက်သည် ဤသို.သော ထိပ်သီးဆွေးနွေးပွဲအတွက် အထူးအရေးကြီးသည့် ပြယုဂ်သင်္ကေတတစ်ခုဖြစ်သည်။ တကယ်တမ်းတွင် "တရုတ်-ဆိုဗီယက် ထိပ်သီးစည်းဝေးပွဲ"ဟုခေါ်သည့် ဆွေးနွေးပွဲသည် စင်စစ် ဂေါ်ဘာချော့နှင့် တိန်.ရှောင်ပင်း၏ ဆွေးနွေးပွဲပင်ဖြစ်ကြောင်း ပြည်တွင်းပြည်ပမှ အားလုံးကသိရှိပြီးဖြစ်သည်။ သို.သော် ဂေါ်ဘာချော့က ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ခေါင်းဆောင်နှင့် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှုးဖြစ်ပြီး တိန်.ကမူ နိုင်ငံခေါင်းဆောင်လည်းမဟုတ် ပါတီအထွေထွေအတွင်းရေးမှုးလည်းမဟုတ်ပဲ ဗဟိုစစ်ကော်မရှင် ဥက္ကဌမျှသာ ဖြစ်သည်။ ကျွန်တော်၏ ရိုးစင်းလှသည့် ရည်ရွယ်ချက်မှာ ထိပ်သီးဆွေးနွေးပွဲသည် အခြားသူများ၏ ဆွေးနွေးပွဲမဟုတ်ပဲ ဂေါ်ဘာချော့နှင့် တိန်.၏ ဆွေးနွေးပွဲသာဖြစ်ကြောင်း အထင်အရှားကြေညာရန်ဖြစ်သည်။

 

     ကနဦး၌ နိုင်ငံခြားရေးဝန်ကြီးဌါနက ဤသတင်းကို ပုံမှန်အတိုင်းသာ ဖော်ပြဖို. စီစဉ်ထားသည်။ ဤအကြောင်းအရာကို ရှောင်ရှားသည်လည်းမဟုတ် အလွန်အမင်း ပုံမှန်ကြီးလည်းမဟုတ်ပဲ ဖော်ပြရန်ဖြစ်သည်။ ဤအချက်ကို ကြေညာချက်တွင် ထည့်သွင်းမည်လည်းမဟုတ် ပါတီနှစ်ခုအတွင်း ဆွေးနွေးပွဲတွင်လည်း ထည့်သွင်းဆွေးနွေးမည်မဟုတ်ပါ။ "သက်ဆိုင်ရာပါတီနှစ်ခုရဲ. အထွေထွေအတွင်းရေးမှုးတွေအဖြစ် တွေ.ဆုံဆွေးနွေးကြတဲ့ ကျွန်တော်တို.နှစ်ယောက်ရဲ. ဆွေးနွေးပွဲဟာ ကျွန်တော်တို. ပါတီနှစ်ခုကြား ပြန်လည်ဆက်ဆံလာတဲ့ အထိမ်းအမှတ်ကို ရည်ညွှန်းဖော်ပြနေပါတယ်"ဟု ကျွန်တော်က ဂေါ်ဘာချော့ကိုပြောရန် သူတို.က ပြောကြသည်။ သို.သော် ဂေါ်ဘာချော့မလာမှီ နှစ်ရက်မျှအလို မေလ ၁၃ ရက်နေ. တိန်.၏နေအိမ်တွင် ဂေါ်ဘာချော့၏ ခရီးစဉ်ကိစ္စဆွေးနွေးကြစဉ်၌ သူနှင့်ဂေါ်ဘာချော့ တွေ.ဆုံပြီးမှ ပါတီနှစ်ခု၏ ဆက်ဆံရေး ပြန်လည်စတင်မည်ဖြစ်ကြောင်း တိန်.ကပြောသည်။ ဤအချက်သည် နိုင်ငံခြားရေးဝန်ကြီးဌါန၏ မူရင်းအစီအစဉ်နှင့် ကွဲလွဲသွားစေခဲ့သည်။ ကျွန်တော်သည် တိန်.၏ ဤမှတ်ချက်ကို အထူးအရေးပေးခဲ့သည်။

 

     ဤအချက်များကို ထည့်သွင်းစဉ်းစား၍ ဂေါ်ဘာချော့နှင့်တိန်. တွေ.ဆုံအပြီး၌ ကျွန်တော်နှင့်သူတွေ.ဆုံရာတွင် သူနှင့်တိန်. တွေ.ဆုံခြင်းဖြင့် ကျွန်တော်တို. ပါတီနှစ်ခု၏ ဆက်ဆံရေးကို ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း၊ တိန်.နှင့် တွေ.ဆုံခြင်းသည် သူ.ခရီးစဉ်၏ အထွဋ်အထိပ်ပင်ဖြစ်ကြောင်း ကျွန်တော်က ပြောကြားခဲ့သည်။ ထိုသို.ပြောပြီးနောက်တွင်မူ သဘာဝကျစွာပင် ကျွန်တော်က ပါတီတွင်းရှိ တိန်.၏အနေအထားနှင့် ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ ပထမအကြိမ် စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်အကြောင်းတို.ကို ဂေါ်ဘာချော့အား ဆက်လက်ပြောပြခဲ့သည်။

 

ကျွန်တော်၏ မှတ်ချက်များသည် ပြဿနာနှစ်ရပ်ကို တစ်ပြိုင်တည်း ရှင်းလင်းနိုင်ဖို. ရည်ရွယ်ခဲ့သည်။ တိန်.နှင့်တွေ.ဆုံခဲ့သည့် ဂေါ်ဘာချော့၏ ဆွေးနွေးပွဲသည် မည်သည့်အတွက်ကြောင့် ထိပ်သီးတွေ.ဆုံမှု ဖြစ်သည်ဟု ရှင်းပြရန်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းဆုံးဖြတ်ချက်ချမှတ်သူအဖြစ် တိန်.က ဆက်လက်၍ တာဝန်ယူထားခြင်းသည် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရဖြစ်၍ တရားဝင်ပင်ဖြစ်ကြောင်း ရှင်းပြနိုင်ရန်တို.ဖြစ်သည်။ ကျွန်တော်၏ မှတ်ချက်သည် အလွန်ပင်သင့်လျှော်လျှောက်ပက်၍ ကျိုးကြောင်းဆီလျှော်ပြီး ပြဿနာများကို သဘာဝကျကျ ရှင်းလင်းနိုင်လိမ့်မည်ဟု ကျွန်တော်ခံစားခဲ့ရသည်။

 

     ဤမှတ်ချက်များကို ပြောကြားအပြီး အစဦး၌ အပြုသဘောဆောင်သည့် တုံ.ပြန်မှုများ ရရှိခဲ့သည်။ နောက်ပိုင်း၌ ဤအချက်နှင့်ဆန်.ကျင်စွာပင် တိန်.နှင့်မိသားစုသည် ကျွန်တော်၏ မှတ်ချက်နှင့်ပက်သက်၍ မကျေမနပ်ဖြစ်ရုံမျှမက အလွန်အမင်းပင် စိတ်ဆိုးဒေါသထွက်နေကြသည်ဟု ကျွန်တော်သိရသည်။ ၎င်းမှာ ကျွန်တော်ကြိုတင်၍ မသိနိုင်သည့် အချက်ပင်ဖြစ်သည်။ ကျွန်တော်သည် တာဝန်များမှ ခေါင်းရှောင်နေပြီး လူထုနှင့်ထိပ်တိုက်တွေ.စေရန် သူ.ကိုကျွန်တော်က တွန်းပို.ခဲ့သည် ဆိုသည့်အတွေးကို တိန်.မည်သို.ရခဲ့သနည်း။ တိန်.ကို မည်သူကများ သွား၍ ချောက်တွန်းခဲ့ပြီး စိတ်ဆိုးဒေါသထွက်အောင် ပြုလုပ်ခဲ့သနည်းဆိုသည်ကို ကျွန်တော်လေ့လာရပါဦးမည်။

 

ကျွန်တော်၏ ရည်ရွယ်ချက်များမှာ ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြစ်သည်။ သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ရန်နှင့် တာဝန်များကို ကျွန်တော်သာ ခေါင်းခံရန်ဖြစ်သည်။ သို.သော်လည်း မမျှော်လင့်စွာပင် ကြီးမားသည့် နာလည်မှုလွဲမှားခြင်းများကို ကြံတွေ.ခဲ့ရပြီး သူ.ကို ထိခိုက်နစ်နာစေရန် ကျွန်တော်က တမင်ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရတော့သည်။ ဤကိစ္စနှင့်ပက်သက်၍ ကျွန်တော် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်ခဲ့ရသည်။ ကျွန်တော့်အနေဖြင့် ဘာမှမလုပ်ပဲလည်း နေနိုင်ခဲ့ပါသည်။ တကယ်တမ်း၌ ဤသို.လုပ်ရန်လည်း မလိုပါ။ ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိပြီး ဝမ်းနည်းရပါသည်။

 

     ဤကိစ္စကို အဘယ့်ကြောင့် ကျွန်တော် ဤမျှအာရုံစိုက်ရပါသနည်း။ အခြားကိစ္စများသည် အယူအဆများနှင့် အမြင်များ ကွဲပြားမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ကျွန်တော်သည် အမြဲတမ်းပင် ကျွန်တော့်ရပ်တည်ချက်များကို မစွန်လွှတ်ခဲ့သောကြောင့် အထွေထွေအတွင်းရေးမှုးရာထူးမှ ဖယ်ရှားခဲ့သည့်တိုင် နားလည်နိုင်ပါသည်။ ကျွန်တော်သည် စေတနာကောင်းနှင့် စတင်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၄ ရက် အရေးကိစ္စနှင့်ပက်သက်၍ ကျွန်တော်နှင့်တိန်. မည်သို.ပင်သဘောထားကွဲလွဲစေကာမူ ဤကိစ္စသည် နိုင်ငံရေးအယူအဆအရ ကွဲပြားခြင်းသာဖြစ်သည်။

 

     ခြူံငုံ၍သုံးသပ်ရလျှင် ဇွန် ၄ရက် ဖြစ်ရပ်မတိုင်မှီက တိန်.သည် ကျွန်တော့်အပေါ် ကောင်းစွာဆက်ဆံ၍ ကျွန်တော့်ကို များစွာယုံကြည်မှု ရှိသည်ဟု ကျွန်တော်ခံစားရသည်။ ကျွန်တော်တို.၏ လူမှုဆက်ဆံရေးတွင် အကျင့်သိက္ခာ တည်ကြည်မှုနှင့် သစ္စာရှိမှုကို တန်ဖိုးထားခြင်းမှာ တရုတ်လူမျိုးတို.၏ ထုံးတမ်းစဉ်လာဖြစ်သည်။ အကယ်၍ အကျပ်အတည်းကာလအတွင်း အပြစ်အားလုံးကို ကျွန်တော်က တိန်.အပေါ်ပုံချဖို. ကြိုးစားသည်ဟု သူထင်မြင်သွားအောင် ကျွန်တော်ပြုလုပ်ခဲ့ပါက ၎င်းသည် ကျွန်တော်၏ ကြီးမားသည့်အမှား ဖြစ်ရုံမျှသာမက တိန်.အနေနှင့်လည်း အကြီးအကျယ် စိတ်မချမ်းမသာဖြစ်မည် သို.မဟုတ် အကြီးအကျယ်ပင် စိတ်ထိခိုက်သွားနိုင်ပေသည်။ ဤလောကကြီးမှ မကြာမှီအတွင်းတွင်ပင် ထွက်ခွာကောင်းထွက်ခွာသွားဖွယ်ရှိသည့် ဤအသက်အရွယ် အဖိုးအိုတစ်ယောက်အနေနှင့် ဤသို.ခံစားရမည်ကို ကျွန်တော်အတွက် မည်သို.မျှ လက်မခံနိုင်ပါ။

 

     ထို.ကြောင့် မေလ ၂၈ ရက်နေ.တွင် ကျွန်တော်သည် တိန်.ထံသို. စာရေး၍ ဂေါ်ဘာချော့နှင့် တွေ.ဆုံစဉ်က ကျွန်တော်ပြောခဲ့သည့် မှတ်ချက်ကို အလေးပေး၍ ရှင်းပြခဲ့သည်။ သို.သော်လည်း ကျွန်တော်စဉ်းစားမိသည့် အချက်တစ်ချက်ကိုသာ ပြောခဲ့သည်။ ရှေ.တွင်ဖော်ပြခဲ့သလိုပင် ထိပ်သီးဆွေးနွေးပွဲသည် တရားဝင်အားဖြင့် တိန်.နှင့်ဂေါ်ဘာချော့တို.၏ တွေ.ဆုံပွဲသာဖြစ်သည်။ ဤအကြောင်းကြောင့် တိန်.သည် အဓိက ဆုံးဖြတ်ချက်ချမှတ်သူအဖြစ် ဆက်လက်တည်ရှိဆဲဖြစ်ကြောင်း ကျွန်တော် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယအချက်ဖြစ်သည့် သူသည်အာဏာကို မက်မောကြောင်း၊ သူသည် အဖွဲ.ဝင်ပင် မဟုတ်ပါပဲနှင့် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီကို ဆက်လက်ထိန်းချုပ်နေကြောင်း စသည့် ပြည်သူတို.၏ အမြင်များကို ချေဖျက်လို၍ ဤသို.ပြောခဲ့ခြင်းဖြစ်ကြောင်းကိုမူ ကျွန်တော်မရှင်းပြခဲ့ပါ။ ဤကဲ့သို. ပြည်သူတို.က ဝေဖန်နေကြချိန်၌ တစ်စုံတစ်ရာသောနည်းလမ်းဖြင့် ရှင်းလင်းပြဖို. လိုအပ်ပါသည်။ ကျွန်တော်၏ စာကို အကြောင်းမပြန်ခဲ့ပါ။

 

     ဤကမ္ဘာလောကကြီးမှ သူထွက်ခွာမသွားမှီ၌(ဤစာစုကို ကျွန်တော် လွန်ခဲ့သည့် ၇ နှစ်(၁၉၉၂ခုနှစ်)က ရေးခဲ့ခြင်းဖြစ်သည်။) ဂေါ်ဘာချော့ကို ကျွန်တော်ပြောခဲ့သည့် စကားတို.၏ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကို သူနားလည်လာလိမ့်မည်ဟု ကျွန်တော် မျှော်လင့်နေဆဲ ဖြစ်ပါသည်။ ဤအချက်ကို သူသိသွားခြင်းဖြင့် ကျွန်တော့်အမှုကို လျှော့ပေါ့ပေးလိမ့်မည်ဟု မျှော်လင့်သောကြောင့်မဟုတ်ပါ။ ကျွန်တော့်၌ ဤဆန္ဒမျိုးမရှိပါ။ အမှန်တရားကို သူသိရှိသည့်တိုင်အောင် သူက အလျှော့ပေးလိမ့်မည်မဟုတ်ကြောင်း ကျွန်တော်သိပါသည်။ ကာလရှည်ကြာစွာ သူ၏ ယုံကြည်မှုနှင့် အားတက်သရော ထောက်ခံမှုများကို ရရှိခဲ့ပြီးနောက်၌ ကျောင်းသားဆန္ဒပြမှုများကို အင်အားသုံး၍ ဖြိုခွင်းဖို. ဆုံးဖြတ်ခဲ့သည့် သူ.ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောမတူ လက်မခံနိုင်သည့်တိုင်အောင် အကျပ်အတည်းကာလအတွင်း၌ ကျွန်တော်သည် ကိုယ်.ကိုယ်ကို ကာကွယ်ရန် အခြားသူများကို စွန်.ပစ်ထားခဲ့သည့် လူတစ်ယောက်မဟုတ်ကြောင်းမျှကိုသာ တိန်.အားသိစေချင်ပါသည်။

 

     အခြေအနေအရပ်ရပ်ကို ဤကဲ့သို. နားလည်ထားပါက သူ.အနေဖြင့် ပို၍ ခံသာလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိသည်။ ဤကမ္ဘာလောကကြီးမှ ဤကဲ့သို.သော အသိလွဲမှားမှုမျိုးနှင့် သူထွက်ခွါသွားမည်ကို ကျွန်တော် အမှန်တကယ်ပင် မလိုလားပါ။ သို.သော် ဤသည်ကို သူသိသွားဖို.ဆိုသည်မှာ အခွင့်အလမ်း အလွန်.အလွန် နည်းပါးကြောင်း ကျွန်တော်သိပါသည်။

 

(မှတ်ချက်။     ။ တိန်.သည် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကွယ်လွန်သွားခဲ့သည်။ ၁၉၈၉ ခုနှစ်နောက်၌ ကျောက်သည် သူ.ကို ဘယ်တော့မှ ပြန်မတွေ.ခဲ့ရပါ။)

 

 

 

(ကျောက်ကျိယန်၏ Prisoner of The State စာအုပ် Part 1, Chapter 7 The Zhao's Talk With Goverchov ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)