Saturday, May 15, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၂ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၂
အစဦးပိုင်းကာလ ဆုတ်ဆိုင်းမှု
ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ကျောက်ရင်ဆိုင်ရသည့် ကြီးမားသည့် စိန်ခေါ်မှုမှာ ပါတီ၏ ဝါရင့်ကြီး ၂
ဦးမှ စတင်ပြောကြားလာသည့် ငွေကြေးဖောင်းပွမှုကို တားဆီးကာကွယ်ဖို.အတွက် စီးပွါးရေး
တိုးတက်မှုနှုန်းကို လျှော့ချရန် ဆိုသည့်အချက်ဖြစ်သည် ။ ယျေဘုယျအားဖြင့် ကျောက်သည်
ဤအရေးယူ ဆောင်ရွက်မှုကို သဘောတူသော်လည်း ဗဟိုစီမံကိန်းစနစ်အတွင်းရှိ
အုပ်ချုပ်ရေးယန္တရားသည် မည်မျှတင်းကျပ်ကြောင်း ပထမဆုံးအကြိမ် မြည်းစမ်းလိုက်ရလေသည် ။
၁၉၇၉ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်များအတွင်းတွင် စီးပွါးရေးဟန်ချက်မညီမျှမှုများကို တည့်မတ်ရန်အတွက်ရဲဘော်ချန်ယန်း၏ ဦးဆောင်မှုဖြင့် ပြန်လည်ထိန်းညှိရေးကို ဆောင်ရွက်ခဲ့သည် ။ ဗဟိုကော်မတီက ဘဏ္ဍာရေးနှင့် စီးပွါးရေး ကော်မရှင်ကို ဖွဲ.စည်းခဲ့ပြီး ရဲဘော်တိန်.ရှောင်ပင်းက ချန်ယန်းကို ဦးစီးကွပ်ကဲရန် တိုက်တွန်းခဲ့သည် ။ ဤသည်တို.မှာ ကျွန်တော် ဘေဂျင်းသို. မရောက်မှီက အဖြစ်အပျက်များဖြစ်သည် ။ နောက်ပိုင်း၌ ကျွန်တော်၏ ဦးဆောင်မှုအောက်တွင် အဖွဲ.၏ အမည်ကို ဗဟိုဟီးပွါးရေးနှင့် ဘဏ္ဍာရေး ဦးဆောင်အဖွဲ.ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည် ။
၂ နှစ်တာ စီးပွါးရေး ပြန်လည်ထိန်းညှိမှု၏ ရည်ရွယ်ချက်မှာ စီးပွါးရေးရာတာဝန်ခံ လက်ထောက်ဝန်ကြီးချုပ် လီရှန်နင်းနှင့် လက်ထောက်ဝန်ကြီးချုပ် ယူကျိလီတို. ဦးဆောင်ခဲ့သည့် အချိန်ကာလများအတွင်းက ပေါ်ပေါက်ခဲ့သည့် ပြဿနာများကို ပြန်လည်တည့်မတ်ရန်ဖြစ်သည် ။ ယူကျိလီနှင့် (နောက်ထပ် တခြား လက်ထောက်ဝန်ကြီးချုပ်တစ်ယောက် ဖြစ်သည့်) ကန်ရှိအန်းတို.က ပြန်လည်ထိန်းညှိရေးကို ဝေဖန်ကန်.ကွက်ကြသည် ။ ဤအချက်ကြောင့်ပင် နောက်ပိုင်းတွင် ယူကျိလီကို စီးပွါးရေး စီမံကိန်းကော်မရှင်မှ ထုတ်ပယ်ခဲ့ပြီး ယော်ယိလင်နှင့် အစားထိုးခဲ့ခြင်းဖြစ်သည် ။
၁၉၇၉ နှင့် ၁၉၈၀ ခုနှစ် ၂ နှစ်ကြာ ပြန်လည်ထိန်းညှိမှု အစီအစဉ် ပြီးဆုံးသွားပြီးနောက် ၁၉၈၁ ခုနှစ် အတွက် နောက်ထပ်ပြန်လည်ထိန်းညှိရေးကို အဆိုပြုကြသည် ။ ဤသည်မှာ နိုင်ငံတော်ကောင်စီအား ဦးစီးဦးဆောင်အဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် ကျွန်တော်တွေ.ကြုံရသည့် အရေးကြီးပြဿနာတစ်ခုဖြစ်သည် ။
၁၉၈၀ ခုနှစ် မေလနှင့် ဇွန်လများအတွင်း ၆ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို ဆွေးနွေးကြစဉ်က ၁၀ နှစ်အတွင်း စီးပွါးရေးကို ၂ ဆတိုးရန် ကျွန်တော် မျှော်လင့်ထားခဲ့သည် ။ ရည်ရွယ်ချက်မှာ ၁၉၈၀ မှ ၁၉၈၅ ခုနှစ်အတွင်း၌ ၁ နှစ်လျှင် ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား စီးပွါးရေးတိုးတက်နေစေရန်ဖြစ်ပြီး နောက်ထပ် ၅ နှစ်အတွင်း၌ ထို.ထက်ပို၍ တိုးတက်စေရန်ဖြစ်သည် ။
သို.သော်လည်း စီမံကိန်းရေးဆွဲရေးကော်မရှင်က ၁၉၈၁ ခုနှစ်အတွက် စီမံကိန်းမူကြမ်း ရေးဆွဲပြင်ဆင်ရာ၌ ၁၉၇၉ နှင့် ၁၉၈၀ ခုနှစ်များအတွက် ဘဏ္ဍာရေးလိုငွေမှာ ၁၀ ဘီလီယံယွမ်ထက် ကျော်လွန်နေကြောင်း တွေ.ရှိခဲ့ပြီး ၁၉၈၁ ခုနှစ် လိုငွေပြမှုသည်လည်း မြင့်မားလိမ့်မည်ဟု ကြိုတင်ခန်.မှန်းခဲ့သည် ။ တစ်ပြိုင်တည်းလိုမှာပင် ဈေးနှုန်းများမှာ မြင့်တက်နေပြီး မကျေနပ်ချက်များ ကျယ်ပြန်.စွာ ထွက်ပေါ်လာနေသည် ။
အခြေအနေကို ချန်ယန်းသိသွားသောအခါ ကျွန်တော်တို.သည် ၁၉၈၁ ခုနှစ်အတွင်း၌ ဘဏ္ဍာရေးနှင့် ငွေစာရင်းတို. ဟန်ချက်ညီ မျှတနေအောင် ပြုလုပ်ရမည်ဟု သူက အကြံပြုသည် ။ ဘဏ္ဍာရေးရှင်းတမ်း ဟန်ချက်ညီ မျှတနေစေရန်အတွက် စီးပွါးရေး အလျှင်အမြန် တိုးတက်နေမှုကို စွန်.လွှတ်ခြင်းက ပို၍ကောင်းမွန်သည်ဟု သူကယုံကြည်နေသည် ။ နှစ်စဉ်နှစ်စဉ် ထပ်ဆင့်၍ ဘဏ္ဍာရေးလိုငွေပြနေမှုက ငွေကြေးဖောင်းပွမှုအား ပိုပြီးဆိုးဝါးစေလိမ့်မည်ကို သူကစိုးရိမ်သည် ။ လီရှန်နင်းက ပို၍ကဲသေးသည် သူက ဘတ်ဂျတ်ရှင်းတမ်း မျှတရုံသာမက ဘတ်ဂျတ်ရှင်းတမ်း ပိုငွေပြအောင်ပင် ရည်မှန်းသင့်သည်ဟု ဆိုနေသေးသည် ။ သူတို.နှစ်ဦးသည် စီးပွါးရေးမူဝါဒများ ချမှတ်သည့် အတွေ.အကြုံ များစွာရှိထားသောကြောင့် ၁၉၈၁ ခုနှစ်အတွင်း နောက်ထပ် စီးပွါးရေးပြန်လည် ထိန်းညှိမှု အစီအစဉ်များ ချမှတ်တော့မည်မှာ သေချာသလောက်ရှိနေပေသည် ။ ဤသည်၏ အဓိပ္ပါယ်မှာ တည်ဆောက်ရေး စီမံကိန်းများ၏ အချိုးအစားကို လျှော့ချရမည်ဖြစ်ပြီး ဖွံ.ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို နှေးကွေးသွားစေလိမ့်မည်ဆိုသည့် သဘောပင်ဖြစ်သည် ။
စီမံကိန်းရေးဆွဲရေး ကော်မရှင်မှ ပြန်လည်ရေးဆွဲထားသည့် အစီအစဉ်ကို ဆွေးနွေးသုံးသပ်နိုင်ရန်အတွက် နိုဝင်ဘာလ ၂၈ ရက်နေ.တွင် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. တင်သွင်းခဲ့သည် ။ တိန်.ရှောင်ပင်း ၊ ချန်ယန်းနှင့် လီရှန်နင်းတို. အတည်ပြုပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၆ ရက်နေ.တွင် ပြည်နယ်နှင့် ဒေသဆိုင်ရာ မြူနီစီပယ်ခေါင်းဆောင်များ တက်ရောက်သည့် ဗဟိုကော်မတီ အလုပ်အဖွဲ. အစည်းအဝေးမှတစ်ဆင့် တစ်နိုင်ငံလုံးသို. ဖြန်.ချိခဲ့သည် ။
ပြုပြင်ပြောင်းလဲရေးနှင့်အတူ နှစ်များစွာ ဆက်တိုက်ဆိုသလို သီးနှံအထွက်နှုန်းကောင်းပြီး ဈေးကွက်သည်လည်း အသက်ဝင်လှုပ်ရှားလာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းမှာလည်း မြင့်မားလာခဲ့သည် ။ ဤသို.သော အခြေအနေကောင်းများ ရှိနေသည့်အချိန်တွင် တစ်နိုင်ငံလုံးမှ ရဲဘော်များစွာသည် ပြန်လည်ထိန်းညှိရေးအစီအစဉ်များကို မလိုအပ်ဟု ရှုမြင်ကြသည် ။ ပြန်လည်ထိန်းညှိရေးဆိုသည်မှာ နိုင်ငံခြားကုမ္ပဏီတို.နှင့် ချုပ်ဆိုထားသည့် စာချုပ်တချို.ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုရမည် ၊ တချို.သော စီမံကိန်းများအတွက် လုပ်ငန်းခွင်သို. ပို.ဆောင်ထားပြီးဖြစ်သည့် စက်ယန္တရားတို.ကို ဂိုဒေါင်ထဲထည့်၍ ပြန်သိမ်းထားရတော့မည်ဟု သဘောအဓိပ္ပါယ် သက်ရောက်ပေသည် ။
အကျိုးဆက်အားဖြင့် တရုတ်ပြည်၏ စီးပွါးရေးသည် ဒုက္ခရောက်နေပြီဟု ပြည်ပနိုင်ငံများတွင် ပြောဆိုမှုများ ပေါ်ထွက်လာသည် ။ တရုတ်ပြည်၏ စီးပွါးရေး ဖွံ.ဖြိုးမှုများနှင့် ပက်သက်၍ နေရာအနှံ.တွင် ချီးကျူးသံများ ကြားနေရသည်။ ကျွန်တော်ဖတ်မိသလောက် စာများအနက်မှ ဂျပန်တစ်နိုင်ငံတည်းသာလျှင် စီးပွါးရေးကို လမ်းကြောင်းမှန်ပေါ်သို. ပြန်တင်နိုင်ရန်အတွက် ပြန်လည်ထိန်းညှိရေး လုပ်ဆောင်ဖို. လိုအပ်သည်ဟု ယုံကြည်သည် ။
ပြန်လည်ထိန်းညှိရေးအစီအစဉ်ကို ချန်ယန်းနှင့် လီရှန်နင်းတို.က အဆိုပြုတင်ပြကြသည် ။ တိန်.ရှောင်ပင်းသည် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အစည်းအဝေး၌ ဤအချက်ကို သဘောတူခဲ့ပြီး ဗဟိုကော်မတီ အလုပ်အဖွဲ. အစည်းအဝေး၌ အကျိုးဆက်များနှင့် ပက်သက်၍ မိန်.ခွန်းပြောကြားခဲ့သော်လည်း ဤအစီအစဉ်မှာ သူအမှန်တကယ် လိုချင်သည့်အချက်မဟုတ်ပေ ။ အဓိက သွင်းကုန်စီမံကိန်းများကို ဖျက်သိမ်းပြီး စက်ယန္တရားများကို ဂိုဒေါင်ထဲထည့်၍ သိမ်းထားရမည်ကို သူစိတ်မချမ်းသာပေ ။ ချန်ယန်းနှင့် လီရှန်နင်းတို.၏ အယူအဆကို သဘောတူခဲ့ခြင်းမှာ ချန်ယန်းကို ထောက်ခံကြောင်း ပြသရုံမျှသာဖြစ်သည် ။
တိန်.ရှောင်ပင်းသည် ထိုအချိန်ထိ စီးပွါးရေးရာ ကိစ္စရပ်များနှင့် ပက်သက်လျှင် ချန်ယန်းကို အဓိက ဆုံးဖြတ်ချက် ချမှတ်သူအဖြစ် စဉ်းစားယုံကြည်နေဆဲဖြစ်သည် ။ သူ၏စိတ်ထဲ၌ ချန်ယန်းသည် ဆယ်စုနှစ်ပေါင်းများစွာ အတွေ.အကြုံများအရ စီးပွါးရေးနှင့်ပက်သက်၍ အနက်ရှိုင်းဆုံး သိမြင်နားလည်သူ တစ်ဦးဖြစ်ပြီး သူထက်ပို၍ သိရှိကျွမ်းကျင်သည်ဟု ယူဆနေသည် ။ အခြေအနေများသည် သူနှစ်သက်သည့် ပုံစံအတိုင်းမဟုတ်သော်လည်း ချန်ယန်းအပေါ်ထောက်ခံမှုကို ပြသခဲ့သည် ။
ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး ဟူယောင်ဘန်းသည် အစည်းအဝေး၌ ဘာမျှ မပြောခဲ့ပေ ။ ကျွန်တော့်အမြင်၌ သူသည် အလုံးစုံကို သဘောမတူသော်လည်း ပါတီဝါရင့်ကြီး ၂ ယောက်က အစီအစဉ်ကို အဆိုပြုတင်ပြခဲ့ပြီး နောက်တစ်ယောက်က သဘောတူထောက်ခံနေသည့် အနေအထား၌ သူ.အနေဖြင့် သဘောမတူ ကန်.ကွက်ကြောင်းပြသဖို. ခက်ခဲနေသည်ဟု ကျွန်တော်ထင်သည် ။ သို.သော်လည်း ၁ နှစ်တာကာလ လွန်မြောက်သွားပြီး ၁၉၈၂ ခုနှစ် နွေဦး၌ ပြည်နယ်များသို. စစ်ဆေးရေးသွားစဉ်အတွင်း “၁၉၈၁ ခုနှစ် ပြန်လည်ထိန်းညှိရေး အစီအစဉ်ဟာ စီးပွါးရေးကို နိမ့်ကျသွားစေခဲ့တယ်”ဟု သူကပြောခဲ့သည် ။ ဤစကားများ ချန်ယန်း၏ နားသို.ပြန်ရောက်သွားချိန်၌ သဘာဝကျစွာပင် သူက မကျေနပ်ပေ ။
ကျွန်တော်သည် ဗဟိုစီးပွါးရေးနှင့် ဘဏ္ဍာရေး ဦးဆောင်အဖွဲ.၏ ခေါင်းဆောင်ဖြစ်သော်လည်း ဗဟိုခေါင်းဆောင်မှု အဝန်းအဝိုင်းသို. စတင်ဝင်ရောက်ခါစဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ စီးပွါးရေးအခြေအနေနှင့် ပက်သက်၍ ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ ။ ချန်ယန်းအပေါ်တွင် ပကတိရိုးသားစွာပင် ကျွန်တော် ယုံကြည်ခဲ့သည် ။ သူ၏ အယူအဆများက ကျွန်တော်၏ “ဆယ်နှစ်အတွင်း စီးပွါးရေး နှစ်ဆတိုးတက်ရေး” အယူအဆနှင့် ကွဲပြားနေသည့်တိုင် ရဲဘော်ချန်ယန်း၏ အယူအဆကို ကျွန်တော်သဘောတူ ထောက်ခံခဲ့သည် ။ ပြန်လည်စဉ်းစားသုံးသပ်ကြည့်သောအခါ၌ နောက်ထပ်ပြန်လည်ထိန်းညှိရေး အစီအစဉ်မှာ လိုအပ်ပြီး အဆုံးသတ်ရလာဒ်များမှာ ကောင်းမွန်ပေသည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအပြီး ကာလများအတွင်းက ကျွန်တော်တို.၏ စီးပွါးရေးမှာ တွင်းထဲ၌ ကျရောက်နေဆဲဖြစ်သည် ။ နှစ်ပေါင်းများစွာကြာအောင် (ယဉ်ကျေးမှုတော်လှန်ရေး မတိုင်မှီနှင့် ယဉ်ကျေးမှုတော်လှန်ရေး ကာလများအတွင်း) မြို.ပြတည်ဆောက်ရေး ၊ စိုက်ပျိုးရေးနှင့် ပြည်သူတို.၏ လူနေမှုအဆင့်အတန်း အပါအဝင် နယ်ပယ်အသီးသီးတွင် ခေတ်နောက်ကျ ကျန်နေခဲ့သည် ။ ပို၍ ခိုင်မာတောင့်တင်းသည့် စီးပွါးရေးအဆင့်အတန်း အနေအထားသို. ရောက်ရှိစေရန်အတွက် ကျွန်တော်တို.သည် “ပြန်လည်လေ့လာရေး” ဖြစ်စဉ်ကို ကျော်ဖြတ်ရပေမည် ။ ဤသို.သော အနေအထား၌ စီးပွါးရေး အလျှင်အမြန် ဖွံ.ဖြိုးတိုးတက်ဖို. မဖြစ်နိုင်ပေ ။ ကြီးမားကျယ်ပြန်.သည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးများကိုလည်း ပြုလုပ်နိုင်မည်မဟုတ်ပေ ။
ဥပမာအားဖြင့် ကျေးလက်ဒေသ စီးပွါးရေးကို ပြန်လည်အားသစ်လောင်းရန်နှင့် လယ်သမားများကို မက်လုံးပေးရန်အတွက် စိုက်ပျိုးရေးထွက်ကုန်များ၏ဈေးကို မြှင့်တင်ခဲ့သည် ။ ရည်ရွယ်ချက်မှာ မြို.ပြနှင့် ကျေးလက်ကြား ဝင်ငွေကွာဟမှုကို လျှော့ချရန်ဖြစ်သည် ။ ဤမူဝါဒ ချမှတ်စဉ်က ကျွန်တော်သည် စီချွမ်ပြည်နယ်၌ ရှိနေဆဲဖြစ်ပြီး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည် ။ ဤနေရာ၌ ပြောစရာ ၂ ချက်ရှိသည် ။ ပထမအချက်အနေဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ထွက်ကုန်များ၏ ဈေးနှုန်းကို မြှင့်ပေးရမည် သို.မဟုတ်ပါက လယ်သမားတို.အနေဖြင့် စိုက်ပျိုးထုတ်လုပ်ရန် မက်လုံးမရှိပေ ။ ဒုတိယအချက်အနေဖြင့် ထိုစဉ်က စိုက်ပျိုးရေးနှင့် တခြားကျေးလက်ဒေသ ထွက်ကုန်များတွင် နိုင်ငံတော်၏ ချုပ်ကိုင်ချယ်လှယ်မှုကို ဖယ်ရှားရန် မဖြစ်နိုင်သော်လည်း အထူးသဖြင့် ဂျုံ ၊ စပါး အဓိက စိုက်ပျိုးထုတ်လုပ်သည့် ဒေသများတွင် ပြဋ္ဌါန်းချက်အရ မဖြစ်မနေ ဝယ်ယူရမည့် အချိုးအစားကို လျှော့ချရမည် ။ နှစ်ပေါင်းများစွာကြာအောင် ဤအချိုးအစားမှာ အလွန်မြင့်မားခဲ့သည် ။ လယ်သမားတို.မှာ ဤသတ်မှတ်ချက်ကို ပြည့်မှီအောင် အလွန်အမင်းပင် ကြိုးစားကြရသည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအပြီး၌ ၁၉၇၉ ၊ ၁၉၈၀ ၊ ၁၉၈၁ ၊ ၁၉၈၂ ၊ ၁၉၈၃ နှင့် ၁၉၈၄ စသည်ဖြင့် နှစ်ပေါင်းများစွာ ဆက်တိုက်ပင် သီးနှံအထွက်နှုန်းများ တိုးလာခဲ့သည် ။ “ကျေးလက်ဒေသ မြေယာကန်ထရိုက်” မူဝါဒကို ချမှတ်ကျင့်သုံးခြင်းဖြင့် “လယ်လုပ်သူ လယ်ပိုင်ရမည်” ဟူသည့် ပြဿနာကိုဖြေရှင်းနိုင်ခဲ့သောကြောင့် ကျေးလက်ဒေသတို.သည် ကြွယ်ဝချမ်းသာမှုအသစ်တို.ကို ခံစားလာခဲ့ကြရသည်။ “လယ်သမားတို.သည် ကုန်ထုတ်လုပ်ရေး အသင်း၏ အလုပ်သမားများဖြစ်သည်” ဆိုသည့် စနစ်ဟောင်းသည် ပြောင်းလဲသွားခဲ့ပြီး လယ်သမားတို.သည် သူတို.အတွက်သူတို.ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်လာနိုင်ခဲ့ကြသည် ။
ထိုနှစ်ကာလများအတွင်းက ကျေးလက်ဒေသများမှ ပေါ်ထွန်းလာသည့် စွမ်းအားမှာ လူအများ ခန်.မှန်းတွေးဆနိုင်သည်ထက်ပင် ကျော်လွန်နေခဲ့ပြီး မယုံနိုင်စရာပင်ဖြစ်သည် ။ ဖြေရှင်းနိုင်ဖွယ်မရှိတော့ဟု ယူဆထားသည့် ပြဿနာတစ်ခုကို နှစ်အနည်းငယ်အတွင်း သူ.ဘာသာ ဖြေရှင်းပြီးသားဖြစ်သွားသည် ။ ယခင်က စိုးရိမ်ဖွယ်ကောင်းလှသည့် အစားအသောက် ရှားပါးသည့်ပြဿနာမှာ ၁၉၈၄ ခုနှစ်အတွင်း၌ လယ်သမားတို.သည် သူတို.ရောင်းချနိုင်သည်ထက် ပိုလျှံလာသည့် အနေအထားသို. ပြောင်းလဲသွားသည် ။ နှစ်စဉ်ဝယ်ယူမှုများကြောင့် နိုင်ငံတော်၏ ကောက်ပဲသီးနှံ သိုလှောင်မှုမှာ ပြည့်လျှံလာခဲ့သည် ။
အပြောင်းအလဲကို တခြားအကြောင်းရင် ၂ ခုကလည်း ပံ့ပိုးပေးခဲ့သည် ။ တစ်ခုမှာ စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည် ။ လယ်သမားတို.သည် လယ်ယာစိုက်ပျိုးရေးမှ အကျိုးအမြတ် ခံစားလာရသည် ။ နောက်ထပ် တခြားအချက်မှာ ပြဋ္ဌါန်းချက်အရ နိုင်ငံတော်သို. မဖြစ်မနေ ရောင်းချရမည့် အချိုးအစားကို လျှော့ချနိုင်မှုဖြစ်သည် ။ ဤအချက်၏ ဆိုလိုချက်မှာ လယ်သမားတို.၏ ပါးစပ်ပေါက်မှအစာကို လျှော့ယူလိုက်ခြင်းဖြစ်သည် ။
ဆယ်စုနှစ် ၂ ခုကျော်ကြာမျှ နှစ်စဉ် သီးနှံရိတ်သိမ်းပြီးချိန်တွင် သူတို.ထုတ်လုပ်လိုက်သည့် သီးနှံတို.ကို နိုင်ငံတော်သို. ရောင်းချပြီးချိန်၌ လယ်သမားတို.မှာ စားဖို.ပင် မကျန်တော့ပေ ။ ဤမူဝါဒ အသစ်ကို ချမှတ်နိုင်ခဲ့သည့်အကြောင်းမှာ ၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှ တရုတ်ပြည်သည် ကောက်ပဲသီးနှံများကို တင်သွင်းနိုင်သည်ဟု ဆုံးဖြတ်ခဲ့သောကြောင့်သာဖြစ်သည် ။ စက်မှုလုပ်ငန်းသုံး သီးနှံများကို ထိန်းထားနိုင်ရန်အတွက် ဤသို.တင်သွင်းခြင်းကို ခွင့်ပြုခဲ့သည်ဟု ရဲဘော်ချန်ယန်းကပြောသည် သို.သော်လည်း တကယ်တမ်းတွင် တင်သွင်းလာသည့် သီးနှံပမာဏမှာ မြို.ပြဒေသ စားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည် ။ ဤသို.ဖြင့် မြို.ပြစားသုံးမှုအတွက် တစ်စိတ်တစ်ပိုင်းပါဝင်သည့် ကျေးလက်ဒေသမှ နိုင်ငံတော်သို. မဖြစ်မနေ ရောင်းချရသည့် အချိုးအစားကို လျှော့ချနိုင်ခဲ့သည် ။ ထိုနှစ်ကာလများအတွင်းက တင်သွင်းခဲ့သည့် သီးနှံပမာဏမှာ တန်ချိန် ၁၀ သန်းမှ တန်ချိန်သန်း ၂၀ ရှိသည်အထိ များပြားခဲ့သည် ။ ကောက်ပဲသီးနှံ အဓိကစိုက်ပျိုးသည့် ဒေသများမှာ သူတို.ပိုလျှံသည့် သီးနှံတို.ကို ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်ပြီး အကျိုးအမြတ်များစွာ ရရှိခဲ့သည် ။ ဤအချက်များ၏ စုပေါင်းရလာဒ်မှာ ကျေးလက်ဒေသတို. အလျှင်အမြန် ကြွယ်ဝလာခြင်းဖြစ်သည် ။
ဤမူဝါဒကို အကောင်အထည်ဖော်ဖို.အတွက် အရင်းအနှီးများ ပေးဆပ်ရသည် ။ စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းများ မြင့်တက်လာချိန်တွင် မြို.ပြနေ အလုပ်သမားများ၏ ဝယ်နိုင်စွမ်းအားမှာ အကန်.အသတ်ရှိသဖြင့် မြို.ပြဒေသ စားကုန်ဈေးနှုန်းများကို ချက်ချင်းမြှင့်မပေးနိုင်ပေ ။ ထို.ကြောင့် ကျွန်တော်တို.သည် စိုက်ပျိုးရေးနှင့် တခြားကျေးလက်ဒေသ ထွက်ကုန်များအတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ရသည် ။ တစ်ပြိုင်တည်းမှာပင် သီးနှံများ တင်သွင်းရန်အတွက် နိုင်ငံခြားငွေ လိုအပ်သည် ။ ဤအချက်က စက်ယန္တရား တင်သွင်းမှုကို ထိခိုက်စေသည် ။ ထို.ပြင် မြို.ပြအိမ်ယာ တည်ဆောက်ရေးကိုလည်း တိုးချဲ.ရသည် ။ ယခုအခါ စက်ရုံများသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပိုရှိလာသောကြောင့် အလုပ်သမားတို.၏ လုပ်ခနှင့်ဆုကြေးတို.ကို တိုးပေးကြသည် ။ ဤကိစ္စများအားလုံးအတွက် ငွေပိုပြီး ကုန်ကျခံသုံးစွဲရသည် ။ သို.သော်လည်း ဤအချက်အားလုံးမှာ ပြန်လည်နလံထူရေးဖြစ်စဉ်၏ အစိတ်အပိုင်းသာဖြစ်ပြီး နောက်ပိုင်းနှစ်ကာလများအတွင်း အခြေအနေကောင်းများ ပေါ်ထွန်းလာရေးအတွက် လမ်းကြောင်းပေးခဲ့သည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအပြီး၌ ကျွန်တော်တို.နိုင်ငံ၏ အခွန်ဝင်ငွေမှာ အမျိုးသားအသားတင်ထုတ်ကုန် အချိုးအစားနှင့်နှိုင်းယှဉ်လျှင် တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့ပြီး အသုံးစာရိတ်များက မှန်မှန်ကြီး တိုးလာခဲ့သည် ။ ရလာဒ်မှာ ဘဏ္ဍာရေးလိုငွေ ပြလာခြင်းဖြစ်သည် ။ ဤသည်မှာ ကျွန်တော်တို. ပြန်ပေးရမည့် တန်ဖိုးဖြစ်၍ ဖြစ်လေ့ဖြစ်ထရှိသည့် ပြဿနာသာဖြစ်၍ ဖြေရှင်းနိုင်သည့် ပြဿနာသာဖြစ်သည် ။ ၁၉၈၄ ခုနှစ်၌ အခွန်ဝင်ငွေနှင့် အမျိုးသားအသားတင်ထုတ်ကုန်အချိုးအစားကို ဖြည်းဖြည်းချင်း မြှင့်တင်ရန် ကျွန်တော် အဆိုပြုခဲ့သည် ။ လိုငွေပြမှုကို လျှော့ချရန်အတွက် ကျွန်တော်တို.သည် ယာယီအားဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အချိုးအစားလျှော့ချခဲ့ပြီး စီးပွါးရေး ဖွံ.ဖြိုးမှု အရှိန်ကို လျှော့ချခဲ့ရသည် ။ တခြားရွေးချယ်စရာ မရှိပေ ။
ကျွန်တော်တို.သည် အကယ်၍ အခြေအနေများကို မျက်ကွယ်ပြု၍ “အားလုံးအစွမ်းကုန် တိုးတက်ရေး”ကို ဆင်နွှဲခဲ့ပါက စိုးရိမ်ဖွယ်ကောင်းလောက်အောင် မြင့်မားသည့် ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ရပြီး လယ်သမား ၊ အလုပ်သမားတို.အပေါ်တွင် ပို၍ဝန်ပိစေလိမ့်မည်ဖြစ်သည် ။ ၁၉၇၉ ၊ ၁၉၈၀ နှင့်နောက်ထပ် ၁၉၈၁ ခုနှစ် စီးပွါးရေး ပြန်လည်ထိန်းညှိမှု အစီအစဉ်များမှာ လိုအပ်ပေသည် ။ ၁၉၈၁ ခုနှစ် ပြန်လည်ထိန်းညှိရေး အစီအစဉ်၏ ရလာဒ်အဖြစ် စိုက်ပျိုးရေးနယ်ပယ်၏ သီးနှံထွက်နှုန်းမှာ ဆက်လက်၍ တိုးတက်ခဲ့သည် ၊ ဈေးကွက်သည်လည်း ဆက်လက်၍ ကြွယ်ဝခဲ့ပြီး နိုင်ငံ၏ စီးပွါးရေးသည်လည်း အနှုတ်လက္ခဏာ မပြခဲ့ပေ ။ ဤသည်နှင့်ဆန်.ကျင်စွာပင် စီးပွါးရေးသည် ၁ နှစ်လျှင် ၄ ရာခိုင်နှုန်းမျှ တိုးတက်ခဲ့သည် ။ ၁၉၈၁ ခုနှစ်တွင် ပြန်လည်ထိန်းညှိရေး အရှိန်ရလာသည်နှင့်အမျှ ပို၍တိုးတက်လာသည် ။ ပထမ သုံးလပတ်အတွင်း တိုးတက်မှုမှာ နှိုင်းယှဉ်ခြင်းအားဖြင့် နှေးကွေးသည် ၊ ဒုတိယ သုံးလပတ်၌ အခြေအနေ ပိုကောင်းလာသည် ၊ တတိယ သုံးလပတ်၌ တိုးတက်မှုနှုန်းမြင့်လာပြီးလျှင် စတုတ္ထ သုံးလပတ်တွင် သိသိသာသာပင် တိုးတက်လာသည် ။ ဤအချက်က ပြန်လည်ထိန်းညှိရေးသည် ကောင်းမွန်မှန်ကန်ပြီး စီးပွါးရေး ပြန်လည်နလံထူလာခြင်းကို ပြသနေသည် ။
စီးပွါးရေး တိုးတက်မြဲတိုးတက်နေစေရန် ကျွန်တော်တို. ယခုလိုလုပ်ခဲ့ကြသည် ။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အချိုးအစား လျှော့ချခဲ့ပြီး အကြီးစား စက်မှုလုပ်ငန်း ၊ သံနှင့် စတီးထုတ်လုပ်သည့်လုပ်ငန်းနှင့် စက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းတို.ကို လျှော့ချခဲ့သည် ၊ ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းတို. လုပ်ကိုင်စေရန် အားပေးခဲ့ပြီး လူအများ သုံးစွဲသည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်း ကဲ့သို.သော အသေးစား လုပ်ငန်းတို.ကို တိုးချဲ.ခဲ့သည် ၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးခဲ့သည် ။ ဤနည်းများဖြင့် စီးပွါးရေးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည် ။ မြို.ပြများသည် ဆက်လက်၍ ကြွယ်ဝမြဲကြွယ်ဝခဲ့ပြီး လူနေမှုအဆင့်အတန်းသည်လည်း ဆက်လက်၍ မြင့်မြဲမြင့်တက်နေခဲ့သည် ။ အလုပ်အကိုင် ရရှိမှုနှုန်း မြင့်တက်ခဲ့သည် ။ အဆုံး၌ ကျွန်တော်တို.၏ ဘတ်ဂျတ်ရှင်းတမ်းသည် ဟန်ချက်ညီ မျှတလာပြီး ယျေဘုယျအားဖြင့် ပြည်သူတို.သည်လည်း ပို၍ကျေနပ်လာသည် ။
ဤအချက်က ကျွန်တော်တို.၏ မူဝါဒတွင် အားနည်းချို.ယွင်းချက်များ ရှိနေသည်ကို ပြသနေသည် ။ ကျွန်တော်တို.သည် စီမံကိန်းရေးဆွဲရေး ကော်မရှင်မှ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကို ဖျက်သိမ်းသည့် အစဉ်အလာနည်းလမ်းများကို လုံးဝအပြီးတိုင် မတည့်မတ်နိုင်သေးပေ ။ တစ်နည်းအားဖြင့် “ဘုတ်အဖွဲ.မှ တိုက်ရိုက်ပယ်ဖျက်သည်” ဆိုသည့်နည်းလမ်းကို မပယ်ဖျက်နိုင်သေးပေ ။ စနစ်ဟောင်းသည် ဆက်လက်၍ ရှိနေမြဲဖြစ်သည့်အတွက် ဤသို.မလုပ်ရန်မှာ မလွယ်ကူလှပါ ။ ထို.ကြောင့် ကျွန်တော်တို.သည် ဒေသအသီးသီးအတွက် ခွဲတမ်းများ ချမှတ်ပေးခဲ့သည် ။
သို.သော်လည်း အမှန်တကယ် မဖျက်သိမ်းသင့်သည့် စီမံကိန်းများအတွက် ဘတ်ဂျတ်မှ အစိတ်အပိုင်းတစ်ချို.ကို ပြောင်းလွယ်ပြင်လွယ် သုံးစွဲ၍ စီမံကိန်းတစ်ချို.ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကျွန်တော်က စီမံကိန်းရေးစွဲရေးကော်မရှင်ကို တောင်းဆိုခဲ့သည် ။ အထွေထွေ အသုံးစားရိတ်များကို ဖြတ်တောက်လျှော့ချပြီးနောက် မည်သည့်ဖြတ်တောက်မှုက ပို၍အထိနာစေမည်နည်း သို.မဟုတ် မည်သည့် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခြင်းသည် ပို၍အကျိုးရှိမည်နည်း ဆိုသည့်အချက်များကို ကျွန်တော်တို. ပြန်လည်သုံးသပ်ကြသည် ။ သိကြသည့်အတိုင်းပင် ချွင်းချက်များများ ရှိနေသည်မဟုတ်ပါ ။ မည်သို.ပင်ဆိုစေ “ဘုတ်အဖွဲ.မှ တိုက်ရိုက်ဖြတ်တောက်သည်”၏ ဆိုးကျိုးတို.ကို ကျွန်တော်တို. လျှော့ချနိုင်ခဲ့ပါသည် ။
ပြန်ပြောင်း၍ တွေးကြည့်လိုက်တိုင်းပင် ပြန်လည်ထိန်းညှိရေး အစီအစဉ်သည် အထိနာစေခဲ့ပါသည် ။ စက်ယန္တရားများ လက်ခံရရှိပြီးဖြစ်သည့် သို.မဟုတ် အလျှင်အမြန်ပြီးဆုံးရန် လိုအပ်နေပြီး တပ်ဆင်လည်ပတ်နိုင်၍ ကုန်ပစ္စည်းများကိုလည်း မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်သည့် စီမံကိန်းအားလုံးအတွက် ချွင်းချက်များ သတ်မှတ်ပေးခဲ့သင့်သည် ။ အထူးသဖြင့် ဂိုဒေါင်ထဲထည့်၍ သိမ်းထားသည့် စားရိတ်နှင့် နှိုင်းယှဉ်တွက်ကြည့်ပါက ဤသို.ပြုလုပ်ခြင်းက် ပို၍တွက်ခြေကိုက်ပေမည်။ အချို.သော စီမံကိန်းများကို နောက် ၁ နှစ်အကြာတွင် ပြန်လည်၍ စတင်နိုင်ခဲ့သော်လည်း အချိန်နှင့် ငွေကြေးတို. ဆုံးရှုံးခဲ့သည် ။ အချို.စီမံကိန်းများမှာ ပြန်လည်အရှိန်ရရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည် ။
ပို၍ပြုလွယ်ပြောင်းလွယ်သည့် ဆောင်ရွက်မှုများ မပြုလုပ်ခဲ့သည့် အကြောင်းမှာ ဤစီမံကိန်းများအတွက် စားရိတ်ကျခံရန် ကျွန်တော်တို.တွင် ပြည်တွင်းအရံငွေကြေး အလုံအလောက်မရှိသောကြောင့်ဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်း ဟန်ချက်ညီမျှတစေရန် လိုငွေပြမှုကို လျှော့ချဖို.လိုအပ်နေသောကြောင့်ဖြစ်သည် ။ ဤအရာအားလုံးမှာ ကျိုးကြောင်းဆက်စပ်နေသည် ။
ဥပမာအားဖြင့် အကယ်၍ လိုငွေပြမှုကို ချက်ချင်းမပယ်ဖျက်ပဲ ဘတ်ဂျတ်ငွေတချို.ကို တန်ဖိုးရှိသည့် စီမံကိန်းများတွင် အသုံးပြုခဲ့ပါက ၁ နှစ် သို.မဟုတ် နှစ်အနည်းငယ်အတွင်း အရင်းပြန်ကျေနိုင်သည် ။ တံခါးဖွင့် စီးပွါးရေးမူဝါဒတွင်ဆိုပါက နိုင်ငံခြားမှ ချေးငွေယူခြင်းဖြင့် ပြဿနာကို ကျွန်တော်တို. ဖြေရှင်းနိုင်ပေလိမ့်မည် ။
သို.သော် ချန်ယန်းက စိုးရိမ်နေပြီး သူ၏အယူအဆကို စွဲမြဲစွာ ဆုပ်ကိုင်နေသည် ။ သူသည် အလွန်တရာ ကြီးမားလှသည့် စီမံကိန်းများကို စိုးရိမ်ကြောက်လန်.နေပြီး စားရိတ်လျှော့ချရန်သာ တောင်းဆိုနေခဲ့သည် ။ ထိုစဉ်က ကျွန်တော်တို.တွင် လုံလောက်သည့် အတွေ.အကြုံ မရှိသေးသည့်အတွက် ကျွန်တော်တို. နားမလည် သဘောမပေါက်ခဲ့သည့် အရာများမှာ မြောက်များစွာရှိနေခဲ့သည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ် Part 3, Chapter 2 An Early Setback ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

Friday, May 7, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ(နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၁
ထိပ်ပိုင်းမှ မတူကွဲလွဲသည့် အယူအဆများ
ကျောက်မည်ကဲ့သို. ထင်ပေါ်ကျော်ကြားသည့် အဆင့်သို. တက်လှမ်းရောက်ရှိလာပါသနည်း ။
၁၉၇၀ ခုနှစ်များ၏ အလယ်ပိုင်းနှစ်ကာလများအတွင်း စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှုးအဖြစ်
ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲမှုများကို ထိုးထွင်းတီထွင်မှုအပြည့်ဖြင့် ဆင်နွှဲနိုင်ခဲ့ရာမှ
ကျယ်ပြန်.သည့် ချီးမွမ်းထောက်ခံမှုများ ရရှိလာခဲ့ပြီးနောက် နိုင်ငံတော်အဆင့်
နိုင်ငံရေးအသိုင်းအဝိုင်းလောကသို. စတင်ရောက်ရှိလာခဲ့သည် ။ ၁၉၇၇ ခုနှစ်တွင် အလှည့်ကျ
ပေါ်လစ်ဗျူရိုအဖွဲ.ဝင် ဖြစ်လာခဲ့ပြီး နောက်သုံးနှစ်အတွင်း၌ နိုင်ငံ၏ စီးပွါးရေးဆိုင်ရာ ကိစ္စရပ်များကို
စီမံခန်.ခွဲရသည့် တရုတ်ပြည်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည် ။
မော်၏မူဝါဒများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တရုတ်ပြည်၏ စီးပွါးရေးကို ပြန်လည်နလံထူလာဖို.
အားထုတ်မှုများအကြောင်းကို ကျောက်ကပြောပြထားသည် ။ တရုတ်ပြည် စီးပွါးရေးပြုပြင်ပြောင်းလဲမှု၏
ဗိသုကာဖြစ်သည့် ထိပ်တန်းခေါင်းဆောင် တိန်.ရှောင်ပင်းနှင့် ပြုပြင်ပြောင်းလဲရေးကို ဖြည်းဖြည်းနှင့်
သတိရှိရှိ လုပ်ဆောင်လိုသည့် ပါတီဝင်များလေးစားသည့် ဝါရင့်ကြီး ချန်ယန်းတို.အကြားရှိ
သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဖျန်ဖြေပေးသည့် သူ၏အခန်းကဏ္ဍကိုလည်း ဆွေးနွေးထားသည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး (၁၉၇၈ ခုနှစ်တွင် ကျင်းပခဲ့ပြီး ပြုပြင်ပြောင်းလဲရေး မူဝါဒများကို စတင်ချမှတ်ခဲ့သည်) အပြီးတွင် ဗဟိုခေါင်းဆောင်မှုအတွင်း၌ သဘောထားအယူအဆ ၂ မျိုးပေါ်ထွက်လာခဲ့သည် ။ တကယ်တမ်း၌ ထို.မတိုင်မှီကပင် အယူအဆ ၂ မျိုးရှိနေသည်ဟု ပြော၍ရသည် ။ တစ်ခုမှာ တိန်.ရှောင်ပင်း၏ အယူအဆဖြစ်ပြီး နောက်တစ်ခုမှာ ချန်ယန်း၏ အယူအဆဖြစ်သည် ။
တိန်.က စီးပွါးရေးပြုပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်ပြုလုပ်၍ ပြင်ပကမ္ဘာသို. လမ်းဖွင့်ရမည်ဟု ယုံကြည်ပြီး ပြုပြင်ပြောင်းလဲရေးကို ဈေးကွက်စီးပွါးရေးစနစ်ဆီသို. ဦးတည်ဖော်ဆောင်လိုသည် ။ ချန်ယန်းက ၁၉၅၀ ခုနှစ်များအတွင်းက ချမှတ်ခဲ့သည့် ပထမ ၅ နှစ် စီမံကိန်းတွင်ပါရှိသည့် နည်းလမ်းများအတိုင်း ချဉ်းကပ်လုပ်ဆောင်လိုသည်။ ထိုအုပ်စုက စီမံကိန်း စီးပွါးရေးစနစ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီးလျှုင် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များနှင့်ပက်သက်၍ ဖြည်းဖြည်းချင်းသာ ထိန်းထိန်းသိမ်းသိမ်း ဖော်ဆောင်လိုကြသည် ။
ဆယ်နှစ်ကျော်ကြာမျှ ဤအယူအဆ ၂ ခုအကြား အပြန်ပြန်အလှန်လှန် အားပြိုင်ကြပြီးနောက် တိန်.၏ အယူအဆက အောင်ပွဲခံခဲ့ပြီး လူအများက ပို၍ပို၍ လက်ခံလာခဲ့သည် ။ လက်တွေ.အချက်အလက်များက ဤအယူအဆ မှန်ကန်ကြောင်း သက်သေပြနေသည် ။
ဟူယောင်ဘန်းနှင့် ကျွန်တော်သည် အခြေခံအားဖြင့် တိန်.ရှောင်ပင်း၏ အယူအဆများဖက်တွင်ရှိသည် ။ ဩဇာတိက္ကမကြီးမားသည့် ပါတီဝါရင့်ကြီး လီရှန်နင်းက ချန်ယန်းဖက်မှ အပြည့်အဝရှိပြီး ပို၍ပင် အစွန်းရောက် ခေါင်းမာသည် ။ သူနှင့် ချန်ယန်းကြားရှိ အဓိကကွာခြားချက်မှာ ချန်ယန်းက သူ၏အယူအဆများကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်ပြီး လီရှန်နင်းကမူ မည်သည့်ချဉ်းကပ်နည်းက သူ.အတွက် အကျိုးရှိမည် သို.မဟုတ် ပုဂ္ဂိုလ်ရေးအရ သူ.ကိုထိခိုက်လိမ့်မည်ဟု တွက်ဆ၍ လက်ခံခြင်းဖြစ်သည် ။ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း သူသည် အခြေခံအားဖြင့် စီးပွါးရေးဆိုင်ရာ ကိစ္စရပ်များကို ကွပ်ကဲရသူဖြစ်သည် ။ ယူကျိလီ (သူသည် နိုင်ငံတော် စီမံကိန်းကော်မရှင်ကို ကာလကြာမြင့်စွာ ဦးဆောင်ခဲ့သည်)နှင့်သူသည် စီးပွါးရေးကို စီမံကွပ်ကဲခဲ့ရသည် ။
လေးဦးဂိုဏ်း ကျဆုံးအပြီး (၁၉၇၆ခုနှစ်) ၂ နှစ်တာကာလအတွင်း ဖြစ်ရပ်များကိုလည်း သူတို.ပင် ကြီးကြပ်ခဲ့ခြင်းဖြစ်သည် ။ စီးပွါးရေးမျှခြေများကို ပျက်ယွင်းစေခဲ့သည့် “အားလုံးအစွမ်းကုန် အလျှင်အမြန်ဆုံး တက်လှမ်းရေး လှုပ်ရှားမှု” နှင့် “သွင်းကုန်ခုန်ပျံတိုးမြှုင့်ရေး”ဟု ခေါ်ဆိုသည့် အရေးကြီး စီမံကိန်းသွင်းကုန်များ တင်သွင်းရေးအတွက် လက်တွေ.မအောင်မြင်နိုင်သည့် ရည်မှန်းချက်များ ချမှတ်ခြင်း စသည်တို.ကို ဤ ၂နှစ်တာကာလအတွင်း ပြုလုပ်ခဲ့ကြသည် ။ အားလုံးမှာ သူနှင့် ယူကျိလီတို.၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည် ။
ပြုပြင်ပြောင်းလဲရေး အရှိန်ရ တိုးတက်လာသည်နှင့်အမျှ လီရှန်နင်းသည် သူ၏လုပ်ရပ်များကို အသိအမှတ်မပြု ငြင်းပယ်ခံရသည်ဟု ခံစားလာရပြီး “အခုလက်ရှိ လုပ်နေသမျှအားလုံးမှန်ကန်တယ်လို.ဆိုရင် အရင်အတိတ်က လုပ်ခဲ့သမျှအားလုံး မှားနေသလား” ဟု ပြောကြား၍ သူ၏မကျေနပ်မှုကို မကြာခဏ ထုတ်ဖော်ပြသခဲ့သည် ။ သူသည် ပြုပြင်ပြောင်းလဲရေးကို အမြဲပင် ဆန်.ကျင်ခဲ့ပြီး မကြာခဏဆိုသလို ပြစ်တင်ဝေဖန်ခဲ့သည် ။
ချန်ယန်း၏ အယူအဆများကို ထောက်ခံသည့် နောက်ထပ်တခြားလူတို.တွင် ယော်ယိလင်လည်း ပါဝင်သည် ။ နောက်ပိုင်းတွင် သူသည် ယူကျိလီ၏ နေရာကို ဆက်ခံခဲ့ပြီး နိုင်ငံတော် စီမံကိန်းရေးဆွဲရေးကော်မရှင်၏ ဦးဆောင်ညွှန်ကြားရေးမှုး ဖြစ်လာခဲ့သည် ။ သူသည် နိုင်ငံတော်ကောင်စီတွင် အထွေထွေစီးပွါးရေး မူဝါဒများကို တာဝန်ယူ ကြီးကြပ်ကွပ်ကဲရသည့် လက်ထောက်ဝန်ကြီးချုပ်ဖြစ်သည် ။
ကျွန်တော်သည် တိန်.၏ ပြုပြင်ပြောင်းလဲရေးကို အမြဲထောက်ခံခဲ့သည် ။ တကယ်တမ်း၌ ကျွန်တော်သည် အထူးပင် စိတ်ဝင်စားပြီး ပြုပြင်ပြောင်းလဲရေး အကောင်အထည်ပေါ်အောင် ကြိုးစားအားထုတ်ခဲ့သည် ။ သို.သော်လည်း ကျွန်တော်သည် တိန်.၏ အမြန်နှုန်းအပေါ်တွင် အလေးပေးခြင်းနှင့်ပက်သက်၍မူ စောင့်စောင့်စည်းစည်းရှိသည် ။ အကယ်၍ အရာအားလုံး ကောင်းမွန်စွာ အလုပ်လုပ်နေပြီး စီးပွါးရေးသည်လည်း ချောချောမွေ.မွေ. လည်ပတ်နေပါက ပို၍မြန်လေ ပိုပြီးကောင်းလေဖြစ်သည် ။ ဤအချက်ကို မည်သူကမှလည်း ငြင်းလိမ့်မည်မဟုတ်ပါ ။ သို.သော်လည်း အတိတ်ကာလက ပြုလုပ်ခဲ့သည့် ထွက်ကုန်တိုးမြှုင့်ရေးကို အလေးပေးအာရုံစိုက်လွန်းသည့် မှားယွင်းသည့် တိမ်းညွတ်မှုများက အမြန်နှုန်းအပေါ် အလွန်အကျွံ အလေးပေးခြင်းသည် မြင့်မားလွန်းသည့် ရည်ရွယ်ချက်များနှင့် အမြန်နှုန်းမြှုင့်တင်ရေးကို မျက်စိစုံမှိတ်၍ အကောင်အထည်ဖော်ရာရောက်ပြီးလျှင် စွမ်းဆောင်ရည်ကို ပစ်ပယ်ရာရောက်ကြောင်း ကျွန်တော်တို.ကို သင်ခန်းစာပေးခဲ့ပြီးဖြစ်သည် ။
ကုန်ထုတ်လုပ်ရေးနှင့် ပက်သက်ပြီး ကျွန်တော်ချမှတ်သည့် ရည်မှန်းချက်များမှာ အသင့်အတင့်မျှသာဖြစ်ပြီး စီးပွါးရေးအကျိုးအမြတ် စွမ်းဆောင်ရည်ထက်မြက်ရေးကို ကျွန်တော်က ပို၍အလေးပေးသည် ။ ဤကိစ္စနှင့်ပက်သက်သည့် ကျွန်တော်၏ အမြင်ကို တိန်.ကနားလည်သည် ။ ဤကိစ္စနှင့်ပက်သက်၍ ပြဿနာမရှိပေ ။
ဟူယောင်ဘန်းနှင့် ကျွန်တော်သည် ပြုပြင်ပြောင်းလဲရေးနှင့်ပက်သက်၍ အခြေခံအားဖြင့် တူညီသည့် ယုံကြည်ချက်ရှိကြသည် ။ ကျွန်တော်တို.နှစ်ယောက်စလုံး စိတ်ဝင်စား၍ တက်တက်ကြွကြွရှိကြသည် ။ သို.သော်လည်း အချို.သောအဆင့်များ ၊ ချဉ်းကပ်နည်းများနှင့် လုပ်ကိုင်နည်းများတွင်မူ အထူးသဖြင့် အမြန်နှုန်းနှင့်ပက်သက်သည့် သဘောထားတွင်မူ ယောင်ဘန်းသည် တိန်.ထက်ပင် ပို၍တက်ကြွပြင်းထန်နေသည် ။ တိန်.က အခြေအနေများ အနေအထားများကို မြန်မြန်သွက်သွက် အကောင်အထည်ပေါ်စေချင်ရုံမျှသာဖြစ်သည် ။ ယောင်ဘန်းကမူ ဤအယူအဆကို နေရာတိုင်းတွင် တက်ကြွစွာမြှုင့်တင်နေပြီး “လေးဆတိုးအောင်လုပ်ကြ၊ သတ်မှတ်ထားတဲ့အချိန်ထက်စောပြီး ပြီးစီးအောင်လုပ်ကြ” စသည်ဖြင့် လူအများအား တောင်းဆိုစေခိုင်းနေသည် ။ စီးပွါးရေး ကိစ္စရပ်အားလုံးကို ကျွန်တော်က တာဝန်ယူထားရသည့်အတွက် ကျွန်တော်တို.နှစ်ဦးကြားမှ မတူကွဲပြားသည့် ချဉ်းကပ်မှုပုံစံမှာ ထင်ရှားနေသည် ။
ရဲဘော်ချန်ယန်းနှင့်ပက်သက်၍မူ ဗဟိုခေါင်းဆောင်မှု အဝန်းအဝိုင်းတွင် ကျွန်တော်စတင်​၍ တာဝန်ယူသည့် အစပိုင်းနှစ်ကာလများအတွင်း၌ သူ.အပေါ်တွင် ကျွန်တော်လေးစားမှုများစွာရှိသည် ။ အသက်ကြီးဝါရင့်မျိုးဆက် ခေါင်းဆောင်များအနက် ချန်ယန်းသည် စီးပွါးရေးနှင့်ပက်သက်သည့် အသိအမြင်ဗဟုသုတ အမြော်အမြင် အရှိဆုံးလူတစ်ယောက်ဖြစ်ပြီး ပြိုင်ဖက်ကင်း၍ ထိုးထွင်းသိမြင်သည့် အမြင်ရှိသူဖြစ်သည် ။
သူ၏ ပထမ၅နှစ် စီမံကိန်းမှာ အလွန်အောင်မြင်ခဲ့သည် ။ ၎င်းသည် ဆိုဗီယက် စီးပွါးရေး ပုံစံကို အခြေခံထားသည့် ပုံစံဖြစ်သည် ။ ၁၉၅၇ ခုနှစ်နောက်ပိုင်း၌ သူသည် အမှီအခိုကင်းစွာ လွတ်လွတ်လပ်လပ် စဉ်းစားမှုကို အခိုင်အမာ စွဲကိုင်ခဲ့ပြီး ဥက္ကဋ္ဌကြီးမော်၏ ရှေ.သို.ခုန်ပျံတိုးတက်ရေး၁ လှုပ်ရှားမှုကို ဆန်.ကျင်ခဲ့သည် ။ ပါတီတစ်ခုလုံး အတွေးအခေါ် မှားယွင်းလွဲချော်နေသည့် အချိန်မျိုး၌ သူ၏ကိုယ်ပိုင် အယူအဆကို စွဲမြဲစွာဆုပ်ကိုင်ထားဖို.ဆိုသည်မှာ လွယ်ကူသည်မဟုတ်ပါ ။ ထို.အပြင် အသွင်ပြောင်းရေး ၃ မျိုး၂ အပြီး ၁၉၅၀ ခုနှစ်များအတွင်း၌ စီမံကိန်းစီးပွါးရေးကို အဓိကဦးစားပေးပြီး တစ်ပြိုင်တည်းမှာပင် ဤစနစ်အတွင်း၌ လွတ်လပ်မှု အနည်းငယ်ကိုလည်း ခွင့်ပြုလုပ်ကိုင်စေသင့်ကြောင်း ချန်က ပထမဆုံး အဆိုပြုခဲ့သည် ။ သူသည် စီမံကိန်းစီးပွါးရေးစနစ်၏ မူဘောင်အတွင်း၌ ဈေးကွက်ကို တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြုထားဖို. ယုံကြည်သူဖြစ်သည် ။
ပါတီအနေဖြင့် စီမံကိန်းစနစ်၏ အခန်းကဏ္ဍကို စီးပွါးရေးတစ်ခုလုံးထိ တိုးချဲ.သွားမည်ဟု ရည်မှန်းချက်ချမှတ်၍ အကောင်အထည်ဖော်နေသည့် အချိန်မျိုး၌ ဤကိစ္စမှာ လွယ်ကူလှသည်မဟုတ်ပါ ။ ၁၉၆၂ ခုနှစ် စီးပွါးရေး အကျပ်အတည်းတွင်လည်း အခြေအနေကို သူကပင် ကယ်တင်ခဲ့သည် ။ သကြားဈေးနှုန်းကို မြှုင့်တင်ခြင်း ၊ ပဲပိစပ် တင်သွင်းခြင်းနှင့် ငတ်မွတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ရေဖျင်းစွဲရောဂါကူးစက်မှုကို တိုက်ဖျက်ခြင်းစသည့် အလွန်ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည် ။ ဤနည်းအားဖြင့် သူသည် အခြေအနေများကို လျှင်မြန်စွာ ပြန်လှည့်ပစ်နိုင်ခဲ့သည် ။ ရဲဘော်လျှူရှောက်ချီ (၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ်ထိ တရုတ်ပြည်သမ္မတ)နှင့် ဝန်ကြီးချုပ် ချူအင်လိုင်း(၁၉၄၉ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ တရုတ်ပြည် ဝန်ကြီးချုပ်)တို.လည်း အားထုတ်ကြိုးပမ်းခဲ့ပါသည် သို.သော် အရေးယူဆောင်ရွက်မှု အများအပြားကို ရဲဘော်ချန်ယန်းမှ အဆိုပြုခဲ့ခြင်းဖြစ်သည် ။
ကျွန်တော် ဘေဂျင်းသို. ပြောင်းရွှေ.လာပြီးနောက်၌ စီးပွါးရေး အတက်အကျ အကြီးအကျယ်ဖြစ်ပွါးခြင်းကို ရှောင်ရှားနိုင်ရန်အတွက် အမြန်နှုန်းအပေါ် အလေးပေးလွန်းမှုကို ဆန်.ကျင်သည့် သူ.ရပ်တည်ချက်ကို ကျွန်တော်ထောက်ခံသဘောတူခဲ့သည် ။ အလုပ်အကိုင်အခွင့်အလမ်းအတွက် နိုင်ငံတော်အပေါ် အားကိုးရပ်တည်နေမှုကို လျှော့ချရန်ရည်ရွယ်၍ အကောင်အထည်ဖော်ခဲ့သည့် ကျွန်တော်၏ မြို.ပြစီးပွါးရေး ပြုပြင်ပြောင်းလဲမှုနှင့် စီးပွါးရေးလုပ်ငန်းများ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် တိုးချဲ.မှုတို.ကို သူက ထောက်ခံခဲ့သည် ။ အစောပိုင်း နှစ်ကာလများ၌ ကျွန်တော်တို. နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ နွေးထွေးကောင်းမွန်ခဲ့သည် ။ ကျွန်တော်သည် တိန်.နှင့် ချန်၏ကြားတွင် ဆက်ဆံရေးချောမွေ. လွယ်ကူစေရန်နှင့် ကြားဝင်စေ့စပ်မှုမျိုးကိုပင် လုပ်ကိုင်နိုင်ခဲ့သည် ။ ကျွန်တော်သည် စီးပွါးရေးကို တာဝန်ယူစီမံခန်.ခွဲရသည့်အတွက် သူတို.နှစ်ယောက်စလုံး၏ အကြံဥာဏ်ကို တောင်းခံပြီးမှ ကျွန်တော်၏ ကိုယ်ပိုင်အယူအဆကို အဆိုပြုသည် ။ အကြံဥာဏ်အများစုမှာ တိန်.၏ အယူအဆများအပေါ်တွင် အခြေခံသော်လည်း ချန်ယန်း၏ သဘောထားကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ အကောင်အထည်ဖော်ခြင်းဖြစ်သည် ။ ရလာဒ်မှာ သူတို.နှစ်ဦးကြားတွင် သဘောတူညီမှု ရရှိနိုင်ခြင်းဖြစ်သည် ။
ပြုပြင်ပြောင်းလဲရေး အရှိန်ရနက်ရှိုင်းလာသည်နှင့်အမျှ ပြဿနာများ ပေါ်ထွက်လာခဲ့သည် ။ ရှေ.သို. ဆက်လက်ချီတက်လာသည်နှင့်အမျှ ပြဿနာအသစ်များ ပေါ်ထွက်လာသည် သို.သော်လည်း ချန်ယန်း၏ အယူအဆများကမူ ပြောင်းလဲမလာခဲ့ပေ ။ ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များအတွင်းကမူ ပါတီတွင်း၌ ရဲဘော်ချန်ယန်း၏ အယူအဆများမှာ လွတ်လပ်ပွင့်လင်းသည်ဟု ယူဆနိုင်ပေလိမ့်မည် ။ သို.သော်လည်း သူ၏ “စီမံကိန်းစီးပွါးရေး အဓိကဦးစားပေးတဲ့ စနစ်အတွင်းမှာ လွတ်လပ်မှု အနည်းငယ်ပေးထားရမယ်” သို.မဟုတ် “စီမံကိန်းစီးပွါးရေးက ပထမဦးစားပေး ၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထိန်းညှိရေးက အရန်အစီအစဉ်” ဆိုသည့် သူ၏အမြင်ကို ဆက်လက်၍ စွဲကိုင်ထားမြဲဖြစ်သည့်အတွက် သူသည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ခုလုံး၏ ရည်မှန်းချက်များနှင့် ထိုအချိန်က ဖြစ်ပျက်နေသည့် ပကတိအခြေအနေတို.နှင့် သဟဇာတ မဖြစ်တော့ပေ ။ ကျွန်တော်တို.ကြားရှိ ကွာခြားချက်မှာလည်း ကြီးမားကျယ်ပြန်.လာခဲ့သည် ။
-----------------------------------------------------------------------------------------------------------------
၁ ။ ။ ရှေ.သို.ခုန်ပျံ တိုးတက်ရေး လှုပ်ရှားမှုသည် ပြည်သူများကို ကပ်ဆိုက်စေခဲ့သည့် မော်၏လမ်းညွှန်မှုဖြင့် ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင် ဆင်နွှဲခဲ့သည် ။ ပြည်သူထူထုကို စီးပွါးရေး ဖွံ.ဖြိုးရေး စီမံကိန်းများတွင် ပါဝင်လုပ်ကိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ စီမံကိန်းများအတွက် ချမှတ်ထားသည့် အမြန်နှုန်းများမှာ မြန်နှုန်းမြင့်လွန်းသည့်အတွက် စီးပွါးရေး စနစ်တစ်ခုလုံး ပြိုလဲသွားခဲ့ပြီး လူသန်းပေါင်းများစွာကို ငတ်မွတ်စေခဲ့သည် ။
၂ ။ ။ အသွင်ပြောင်းရေး ၃ မျိုးမှာ စိုက်ပျိုးရေး ၊ လက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းနယ်ပယ်များကို ပြည်သူပိုင်ပြုလုပ်ရန်ရည်ရွယ်ပြီး ၁၉၅၀ ခုနှစ်များအတွင်းက ပြုလုပ်ခဲ့သည့် မော်၏ လူမှုအစီအစဉ် စီမံကိန်းတစ်ခုဖြစ်သည်။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ် Part 3, Chapter 1 Conflicting Views at the Top ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

Friday, April 30, 2010

ကျောက်၏ တစ်ကိုယ်တော် ရုန်းကန်မှု (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၂
အခန်း ၂
ကျောက်၏ တစ်ကိုယ်တော် ရုန်းကန်မှု
ကွန်မြူနစ်ပါတီသည် တိန်အိန်မင် အရေးအခင်းကို သမိုင်းစာမျက်နှာမှ ဖျောက်ဖျက်ပစ်ဖို.
ရေရှည်လှုပ်ရှား လှုံ.ဆော်မှုတစ်ခု ဆင်နွှဲခဲ့ရသည် ။ ပထမဦးဆုံး အဆင့်အနေဖြင့်
အင်အားသုံးဖြိုခွင်းမှုကို ဆန်.ကျင်ခဲ့သည့် ထိုစဉ်က အထွေထွေအတွင်းရေးမှုး၏ လွတ်လပ်ခွင့်များကို
ချုပ်ချယ်ကန်.သတ်ခြင်းဖြင့် နိုင်ငံရေးအရ အညွန်.တုံးသွားအောင် (အန္တရာယ် မပေးနိုင်အောင်)
ပြုလုပ်ခဲ့ရသည် ။ ၁၉၉၇ ခုနှစ်၌ တိန်.ကွယ်လွန်အပြီးတွင် ကျောက်သည် ကွန်မြူနစ်ပါတီသို.
စာတစ်စောင်ရေး၍ သူ၏ ယခင်က လုပ်ဖော်ကိုင်ဖက်ဟောင်းများ (၎င်းတို.အနက်မှ လူများစွာသည်
ယခင်က သူ၏အနေအထားကို ထောက်ခံခဲ့ကြသည်)ထံသို. တိန်အန်မင် အရေးအခင်းအပေါ်တွင်
ချမှတ်စွဲချက်တင်ထားသည့် ပြင်းထန်သည့် ဆုံးဖြတ်ချက်များကို ပြောင်းပြန်လှန်ပေးဖို.
နောက်ဆုံးအကြိမ်အဖြစ် တောင်းပန်ခဲ့သည် ။ သို.သော် တရုတ်ပြည်၏ နိုင်ငံရေးသည်
ဦးတည်ရာအသစ်တစ်ခုဆီသို. သွားနေပေပြီ ။ ကျောက်၏နေရာကို အစားထိုးခဲ့သည့် ကျန်ဇီမင်း (၁၉၈၉
ခုနှစ်က အဖြစ်အပျက်များ၏ ကျေးဇူးကြောင့် ဤရာထူးသို. ရောက်လာခဲ့သည်)က ထိုစာကို သူ၏
အာဏာအား ထိပါးစိမ်ခေါ်မှု တစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး ကျောက်၏လွတ်လပ်ခွင့်များကို
ပို၍ကန်.သတ်ချုပ်ချယ်ခြင်းဖြင့် လက်တုံ.ပြန်ခဲ့သည် ။
သူတို.သည် စုံစမ်းစစ်ဆေးရေးအပြီး၌ ကျွန်တော့်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ချထားကာ ကျွန်တော်၏ လွတ်လပ်ခွင့်တို.ကို ကန်.သတ်ထားခဲ့သည် ။
စုံစမ်းစစ်ဆေးရေး ပြုလုပ်နေစဉ်အတွင်း၌ သူတို.သည် ကျွန်တော့်ကို ၃ နှစ်လုံးလုံး နေအိမ်တွင် ထိန်းသိမ်းထားခဲ့သည် ။ ယခုအခါ စုံစမ်းစစ်ဆေးရေး ပြီးဆုံးသွားသည်နှင့်အညီ အခြေခံအားဖြင့် ကျွန်တော်၏ လွတ်လပ်ခွင့်တို. ပြန်လည်၍ရရှိသင့်ပြီဖြစ်သည် ။ ကျိုရှီနှင့် စုံပင်းတို. ကျွန်တော့်ထံလာရောက်၍ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာစဉ်ကပင် ကျွန်တော်၏ လွတ်လပ်ခွင့်တို.ကို ပြန်လည်​၍ ပေးအပ်ရန်ကိစ္စကို တင်ပြခဲ့ပြီးဖြစ်သည် ။ ထိုစဉ်က သူတို.သည် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန်အတွက် ကျွန်တော်၏ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုတို.ကို ဖြည်းဖြည်းချင်း ပြန်လည်ပေးအပ်သွားမည် ဆိုသည့်အချက်မှလွဲ၍ ဘာမျှပြောမသွားခဲ့ကြပါ ။
တကယ်တမ်း၌မူ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်လိုက်ကြောင်း ကြေညာပြီးသည်နှင့် သူတို.သည် ကျွန်တော်၏ လှုပ်ရှားသွားလာမှုများကို ကန်.သတ်ချုပ်ချယ်ရန် စည်းကမ်း ၆ ခုကို ချက်ချင်းပင် ထုတ်ပြန်ခဲ့ကြသည် ။ သို.သော် စည်ကမ်း၆ခု ထုတ်ပြန်ရာတွင်မူ သူတို.က ကျွန်တော့်ကို စာရွက်စာတမ်းအားဖြင့်လည်း မပြသခဲ့သလို မျက်နှာချင်းဆိုင်၍လည်း ပြောကြားခြင်းမရှိခဲ့ပေ ။ သူတို.အနေဖြင့် ကိုယ့်အပြစ်ကိုယ်မလုံမလဲဖြစ်ပြီး သက်သေခံအချက်အလက်နှင့်တကွ ပြင်ပကမ္ဘာလောကသို. ပေါက်ကြားသွားပြီး နိုင်ငံတကာနှင့် ပြည်တွင်းသတင်းလောက၏ အာရုံစိုက်မှု ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ပေသည် ။
ထိုသို.ပြုလုပ်ရမည့်အစား သူတို.သည် အထွေထွေရုံး လုံခြုံရေးဗျူရိုနှင့် ကျွန်တော့်အိမ်မှ ဝန်ထမ်းများအား ဤကန်.သတ်ချက်တို.ကို အကောင်အထည်ဖော်ဆောင်ရန် ညွှန်ကြားခဲ့ကြသည် ။ သိကြပြီးသည့်အတိုင်းပင် ကျွန်တော့်အိမ်မှ တာဝန်ကျသည့် ပါတီဝင် ရဲဘော်များမှာ အထက်မှညွှန်ကြားချက်များကို လိုက်နာရန် အတင်းအကျပ် စေခိုင်းခံကြရသည် ။ သို.သော် သူတို.အနေဖြင့် ၎င်းတို.မှာ အထက်အရာရှိများက ထုတ်ပြန်ထားသည့် စည်းကမ်းများဖြစ်ကြောင်း ပြောကြားခွင့်မရှိသည့်အတွက် လုပ်ဇာတ်ခင်းထားသည့် ဆင်ခြေများဖြင့် ကျွန်တော့်ကို တစ်ချိန်လုံး ဒုက္ခပေးနေတော့သည် ။ သူတို.က ကျိုးကြောင်းဆီလျော်မှုကင်းမဲ့စွာ ပြုမူကြသဖြင့် အချိန်အတော်ကြာသည်အထိပင် ကျွန်တော်နှင့် သူတို.ကြားတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိခဲ့သည် ။ နောက်ပိုင်းတွင် သူတို.သည် အထက်မှ ညွှန်ကြားချက်များကို အကောင်အထည် ဖော်နေခြင်းသာဖြစ်သဖြင့် သူတို.ကို အပြစ်တင်၍ မဖြစ်နိုင်ကြောင်း ကျွန်တော် စဉ်းစားမိခဲ့သည် ။
သူတို.သည် စည်းမျဉ်းစည်းကမ်းများက မည်သည့်အရာများဖြစ်ကြောင်း (မည်သည့်အချက်ကို ခွင့်ပြု၍ မည်သည့်အချက်ကို ခွင့်မပြုကြောင်း) တိတိကျကျ ပြောကြားသင့်သည် ၊ သို.မှသာ ကျွန်တော် နားလည်နိုင်လိမ့်မည်ဟု ကျွန်တော်ခံစားရသည် ။ ဥပမာအားဖြင့် စုံစမ်းစစ်ဆေးရေး ပြီးဆုံးသွားသောအခါ ကျွန်တော်၏ အဆုတ်လေပြွှန် ရောဂါကို ကုစားဖို. ဂွမ်ဒေါင်းသို. သွားခွင့်တောင်းသည် (ဤရောဂါသည် မြောက်ပိုင်း၏ ခြောက်သွေ.သော ဆောင်းရာသီတွင် အပြင်းအထန် ချောင်းဆိုးစေပြီး တောင်ပိုင်းမှ ရာသီဥတုမျိုးတွင် များစွာ သက်သာသည်) ။ သူတို.က (ဟောင်ကောင်၏ နောက်ဆုံး ကိုလိုနီအုပ်ချုပ်ရေးမှုး) ခရစ်စပတ်တန်သည် ဟောင်ကောင်ကို အခြေပြု၍ ဒီမိုကရက်တစ် ရွေးကောက်ပွဲများကို (ဂွမ်ဒေါင်းမှတစ်ဆင့် နယ်စပ်တစ်လျှောက်) တိုးချဲ.ပြုလုပ်၍ မြှင့်တင်နိုင်ရန် ကြိုးစားနေကြောင်း ၊ အခြေအနေမှာ အလွန်သိမ်မွေ.ကြောင်း ၊ ထို.ကြောင့် ကျွန်တော့်အတွက် ဂွမ်ဒေါင်းသို. သွားရောက်ရန် မသင့်လျော်ကြောင်း တုံ.ပြန်ခဲ့ကြသည်။
ဤအချက်မှာ ရယ်ဖွယ်ရာကြီးဖြစ်သည်ဟု ကျွန်တော်ထင်သည် ။ ခရစ်စပတ်တန် ဟောင်ကောင်တွင် လုပ်နေသည့် အရာအားလုံးမှာ သံတမန်ရေးရာ ကိစ္စများသာဖြစ်ပြီး ဂွမ်ဒေါင်းတွင် ကျွန်တော်ရှိနေခြင်းနှင့် မည်သို.များ ပက်သက်ပါသနည်း ။ သို.သော် သူတို.က “ခင်ဗျား ဂွမ်ဒေါင်းကို မသွားသင့်ဘူး ၊ ဒါပေမယ့် ဂွမ်ဇီ ၊ ယူနန် ဒါမှမဟုတ် ဂွမ်ကျိုး တို.ကိုတော့ သွားနိုင်တယ်”ဟု ဇွတ်ပြောကြသည် ။
ဂွမ်ဇီသို.သွားရန် ကျွန်တော်ဆုံးဖြတ်ခဲ့သည် ။ သို.သော် ခရီးထွက်ခွါဖို. ပြင်ဆင်နေချိန်မှာပင် သူတို.က ဂွမ်ဇီပြည်နယ်မြို.တော် နန်နင်းကိုသာ သွားခွင့်ပြုသည်ဟု နောက်ထပ် ကန်.သတ်မှုတစ်ခု ထပ်မံဖြည့်စွက်ခဲ့သည် ။ တကယ်တမ်းတွင် နန်နင်းသို. ကျွန်တော်ရောက်သွားချိန်၌ သူတို.သည် ကျွန်တော့်ကို အခြားမည်သည့်နေရာကိုမှ မသွားနိုင်ရန် သူတို.တတ်နိုင်သမျှ အစွမ်းကုန် ပိတ်ဆို.တားဆီးခဲ့သည် ။
ဘေဂျင်းသို.ပြန်ရောက်ပြီးနောက်၌ ချန်ပင်းဂေါက်ကွင်းတွင် ဂေါက်ရိုက်ချင်လာသည် သို.သော် ၎င်းကို ခွင့်မပြုနိုင်ကြောင်း ပြောသည် ။ ကျွန်တော်က ဤကန်.သတ်ချက်များ ဘယ်ကလာသနည်းဟု မေးသည် ။ သူတို.က မည်သို.မျှ ပြန်မပြောပဲ ကျွန်တော့်ကို သွားခွင့်မပြုနိုင်ကြောင်းသာ ဆက်၍ ပြောနေခဲ့သည် ။ ကျွန်တော်သည် လုံခြုံရေးအရာရှိ ဝမ်တုန်ဟိုင်ကိုခေါ်၍ တောင်းဆိုချက်တစ်စောင် ထုန်ပြန်လိုကြောင်း ပြောခဲ့သည် ။ ကြေညာချက်ပါ အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည် ။
လုံခြုံရေးဗျူရိုသည် ယနေ. ချန်ပင်းဂေါက်ကွင်းသို. ကျွန်တော်သွားရောက်၍ ဂေါက်ရိုက်ခြင်းကို တားဆီးခဲ့သည် ။ လွန်ခဲ့သည့် ဒီဇင်ဘာလက သွားရောက်ခဲ့သည့် ရှန်ယီ ဂေါက်ကွင်းသို.ပင် ကျွန်တော့်အား သွားရောက်ခွင့်မပြုခဲ့ပေ ။ ဤကိစ္စမှာ လုံခြုံရေးဗျူရိုသည် ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ လုပ်ကိုင်ခြင်းဖြစ်ပြီး ဗဟိုကော်မတီမှ ချမှတ်ထားသည့် စည်းမျဉ်းများကို ဖောက်ဖျက်သည်ဟု ကျွန်တော်ယူဆသည် ။ သူတို.က ကျွန်တော့်ကို အမြင်ကျယ်ကျယ် စဉ်းစားရန်ပင် သတိပေးကြိမ်းမောင်းကြသည် ။ ဤကိစ္စကို မည်သို.ဖြေရှင်းမည်နည်း ။ လွန်ခဲ့သည့်နှစ် ၁၄ ကြိမ်မြောက် ပါတီကွန်ဂရက်အတွင်း ကျိုရှီအပါအဝင် ဝါရင့်ရဲဘော် ၄ ယောက် ကျွန်တော့်ထံလာရောက်၍ ဆွေးနွေးခဲ့စဉ်က စုံစမ်းစစ်ဆေးရေး ပြီးဆုံးသွားလျှင် ကျွန်တော်၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တို.ကို ပြန်လည်ခွင့်ပြုရန် ကျွန်တော် ရှင်းရှင်းလင်းလင်း တောင်းဆိုခဲ့ပြီးဖြစ်သည် ။ ကျွန်တော်၏ သွားလာလှုပ်ရှားမှုများနှင့်ပက်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကိုတွေးဆ၍ ချင့်ချင့်ချိန်ချိန် နေထိုင်မည်ဟု ကျွန်တော် လိုလိုလားလား လက်ခံခဲ့ပြီးဖြစ်သည် ။ ဗဟိုခေါင်းဆောင်မှုအပိုင်းမှ အကြံပြုချက်များ ရှိပါက ၎င်းတို.ကို ကျွန်တော် လိုက်နာမည် ၊ သို.သော် ကျွန်တော်၏ လွတ်လပ်ခွင့်ကို အတင်းအဓမ္မ ချုပ်ချယ်ကန်.သတ်မှုများကိုမူ ကျွန်တော် လုံးဝလက်ခံမည်မဟုတ်ပါ ။ ထိုစဉ်က ဝါရင့်ရဲဘော် ၄ ယောက်သည် ကျွန်တော်၏ တောင်းဆိုချက်ကို ကန်.ကွက်ခြင်းမရှိခဲ့ပါ ။ လုံခြုံရေးဗျူရိုအနေဖြင့် ကျွန်တော် ယနေ. ဂေါက်ရိုက်သွားခြင်းကို မည်သို.သော လုပ်ပိုင်ခွင့်အာဏာဖြင့် ပိတ်ပင်ခဲ့ပါသနည်းဆိုသည်ကို ကျွန်တော် နားမလည်နိုင်ပါ ။ ကျွန်တော့်အနေဖြင့် ဤကဲ့သို.သော ကန်.သတ်ချုပ်ချယ်မှုမျိုးကို နောက်နောင်တွင် လက်ခံမည်မဟုတ်ပါ ။
ဤတောင်းဆိုချက်တစ်ခုလုံးကို သူ၏အထက်အရာရှိများထံ ထပ်ဆင့်ပေးပို.ရန် ဝမ်တုန်ဟိုင်အား ကျွန်တော်ပြောခဲ့သည် ။
နောက်တစ်ကြိမ်တွင်မူ ကျွန်တော်က ယန်ဖန်ကျားဒေါင်ကလပ်သို. ပူးလ်ကစားဖို.သွားမည်ဟု တောင်းဆိုသည် ။ အစပိုင်းပထမပိုင်းတွင် သူတို.က ငြင်းဆိုကြသည် ၊ သို.သော် ကျွန်တော်က ဇွတ်အတင်း တောင်းဆိုသည် ။ ကျွန်တော့်ကို ဒရိုင်ဘာက လိုက်ပို.ပေးနိုင်လိမ့်မည်မဟုတ်ကြောင်း သူတို.ကပြောရာ ကျွန်တော်က ဘတ်စကားဖြင့် သွားနိုင်ကြောင်းပြောသည် ။ နောက်ဆုံးတွင် သူတို.က သဘောတူခွင့်ပြုခဲ့သည် ၊ သို.သော် ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်မျှသာ နံနက်ခင်းပိုင်း၌ သွားနိုင်သည်ဟု သူတို.က ကန်.သတ်ထားသည် ။ ကျွန်တော် နှစ်ကြိမ်သုံးကြိမ်မျှ သွားရောက်ခဲ့သည့်အတွင်း ကလပ်၌ မည်သူ.ကိုမှ မတွေ.မြင်မိခဲ့ပေ ။ နောက်ပိုင်း၌ ကျွန်တော်ပြန်သိခဲ့ရသည်မှာ သူတို.က ကလပ်ကို လူအများ မလာစေရန် ရှင်းထားသည် ၊ ဤနည်းအားဖြင့် အခြားရဲဘော်များကို တားဆီးထားပြီး ကျွန်တော်တစ်ဦးတည်းအတွက် “သီးသန်. အစီအစဉ်”အဖြစ် ဖန်တီးထားခဲ့ခြင်းဖြစ်သည် ။ အဘယ့်ကြောင့်နည်း ။ ယန်ဖန်ကျားဒေါင်ကလပ်သည် ဝါရင့်ကေဒါများ၏ ကလပ်ဖြစ်သည့်အတွက် ကျွန်တော်၏ မိတ်ဆွေဟောင်းများ၊ သူစိမ်းတရံများနှင့် တွေ.ဆုံမည်ကို သူတို.စိုးရိမ်သောကြောင့်ဖြစ်သည် ။ ဤလူများအတွင်းတွင် ကျင်လည်ခြင်းဖြင့် ကျွန်တော်အနေဖြင့် လှုံ.ဆော်နှိုးဆွသော စကားများပြောကြားနိုင်ပြီး ၊ ကွန်ရက်အစုအဖွဲ.အဖြစ် စည်းရုံးလိမ့်မည်ဟု သူတို.မတွေးမိနိုင်လောက်အောင် ထုံထိုင်းနုံအ လိမ့်မည်မဟုတ်ဟု ယုံကြည်ရပေသည် ။
အပြင်ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို စိုးရိမ်သည်ဟု ဆိုခြင်းမှာ လူထုမျက်နှာစာ၌ ကျွန်တော်နောက်ထပ် ဘယ်သောအခါမှ ပေါ်ထွက်မလာစေဖို. ချမှတ်ထားသည့် သူတို.၏ အစီအစဉ်ကို ဖုံးကွယ်ထားသည့် အကြောင်းပြချက်မျှသာဖြစ်သည် ။ ဤသို.ဖြင့် ကျွန်တော့်ကို ပြည်သူထူထုက တစ်ဖြည်းဖြည်း မေ့ပျောက်သွားပေလိမ့်မည် ၊ ကျွန်တော့်အသံကို တိတ်ဆိတ်သွားစေခြင်းဖြင့် လူထု၏ မြင်ကွင်းမှ ကွယ်ပျောက်သွားရန် ချောင်ထိုးထားခြင်းဖြစ်သည် ။ “အကျိုးသက်ရောက်မှုများကို စိုးရိမ်ထိတ်လန်.သည်” ဆိုခြင်းမှာ ကျွန်တော်၏ သတင်းကြောင့် လူမှုရေးရာမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုလိုခြင်းသာဖြစ်သည် ။
နောက်ဆုံးတွင် ဤပုံစံအတိုင်း ဆက်၍စခန်းသွားဖို. လက်တွေ.မဖြစ်နိုင်ကြောင်းနှင့် ဤပြဿနာကို ရှင်းလင်းခြင်းသည် ပိုကောင်းမည်ဖြစ်ကြောင်း သူတို.သဘောပေါက်သွားပုံရပါသည် ။ ပါတီဗဟိုကော်မတီ အထွေထွေရုံးမှ မန်ဇင်ဟွန်းကို အထွေထွေရုံး၏ သဘောထား(ကျွန်တော်၏ သွားလာလှုပ်ရှားမှုများကို ကန်.သတ်သည့် စည်းကမ်း၆ချက်)ကို အကြောင်းကြားဖို. ကျွန်တော့်ထံသို. စေလွှတ်ခဲ့သည် ။
အချက် ၄ ချက်မှာ ကျွန်တော်၏ သွားလာလှုရှားမှုကို အထူးပင်ကန်.သတ်ထားသည် ။
၁ ။ ဧည့်သည်များကို အိမ်တွင်လက်ခံတွေ.ဆုံနိုင်သည် ။ သို.သော် သတင်းထောက်များနှင့် နိုင်ငံခြားသားများကို ခွင့်မပြု ။
၂ ။ နေအိမ်ပြင်ပ သွားလာရာတွင် လုံခြုံရေးဗျူရိုမှ လုံခြုံရေးအစောင့်ဖြင့် သွားလာရမည် ။ ဆင်ခြေဖုံးရှိ ဥယျာဉ်ပန်းခြံများတွင် လမ်းလျှောက်ခွင့်ရှိသည် ။ သို.သော် လုံခြုံရေးအစောင့်သည် လူစုလူဝေး နေရာများကို သွားရောက်ခြင်းအား တားဆီးရမည် ။
၃ ။ ဘေဂျင်းဧရိယာအတွင်းရှိ ဂေါက်ကွင်းအားလုံးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ သို.မဟုတ် ဖက်စပ်ကုမ္ပဏီများက စီမံခန်.ခွဲနေခြင်းဖြစ်ပြီး လာရောက်ကစားသူများမှာလည်း နိုင်ငံခြားသားများ သို.မဟုတ် ဟောင်ကောင်နှင့် မကာအိုမှ လူများဖြစ်သည် ။ ထို.ကြောင့် သိပ်မဝေးလှသည့် အနာဂတ်ကာလအတွင်း၌ ဤဂေါက်ကွင်းများသို. သွားရောက်ကစားခြင်းကို ရှောင်ရှားဖို. အကြံပြုလိုသည် ။ အခြားရွေးချယ်စရာအနေဖြင့် ဒေသခံတရုတ်လယ်သမားများ စီမံခန်.ခွဲနေသည့် ရှန်ယီဂေါက်ကွင်းကို သွားရောက်ကစားနိုင်သည် ။
၎ ။ ဘေဂျင်းအပြင်သို. ခရီးထွက်ခြင်းကို စီစဉ်ပေးနိုင်သည် ။ သို.သော်လတ်တလောတွင် ကုန်းတွင်းပိုင်းဒေသများသို.သာ သွားခွင့်ပြုနိုင်သည် ။ ကမ်းရိုးတန်းဒေသများ သို.မဟုတ် အတိမ်းအစောင်းမခံသော ဒေသများသို. သွားလာခြင်းကို ရှောင်ရှားစေလိုသည် ။ ခရီးစဉ်အသေးစိတ်ကို ဗဟိုကော်မတီထံမှ အတည်ပြုချက်ရယူရမည် ။
၎င်းတို.မှာ ကျွန်တော်၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကန်.သတ်ရန်ရည်ရွယ်၍ ဗဟိုကော်မတီမှ ထုတ်ပြန်သော စည်းကမ်းများဖြစ်သဖြင့် ကျန်ဇီမင်းနှင့် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. စာတစ်စောင်ရေးသား၍ ကျွန်တော်က တုံ.ပြန်ခဲ့သည် ။ ကျွန်တော်၏ စာပါအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည် ။
၁ ။ ဇွန်လ ၂၅ ရက်နေ.တွင် ပါတီအထွေထွေရုံးမှ လက်ထောက်အတွင်းရေးမှုး ရဲဘော်မန်ဇင်ဟွန်းသည် ဗဟိုကော်မတီမှ အတည်ပြုထားသော ကျွန်တော်၏ လှုပ်ရှားသွားလာမှုများကို ကန်.သတ်သည့် စည်းကမ်းများစွာကို ဖတ်ပြခဲ့သည် ။ ကျွန်တော့်အပေါ်စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသွားသည့်တိုင် ကျွန်တော်၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသည့် ကန်.သတ်ချက်များစွာ ဆက်လက်၍ တည်ရှိနေဆဲဖြစ်ကြောင်းနှင့် ဗဟိုကော်မတီမှ အတည်ပြုထားသော စည်းကမ်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ထိုအခါမှသာ ကျွန်တော်သိနားလည်လိုက်ရပါသည် ။ သို.သော် ဤစည်းကမ်းများသည် ဖွဲ.စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေအရ အပ်နှင်းထားသည့် ပါတီ၏ လုပ်ပိုင်ခွင့်များနှင့် သဟဇာတမဖြစ်ဟု ကျွန်တော်ယုံကြည်သည် ။ ၎င်းတို.သည် “ပါတီ၏ စည်းကမ်းနှင့်ဥပဒေတို.ကို ဖောက်ဖျက်သည့် ပါတီဝင်တစ်ယောက်ကို အရေးမယူရ” (ဗဟိုကော်မတီမှထုတ်ဝေသည့် “ပါတီတွင်းနိုင်ငံရေးတွင် လိုက်နာရမည့်စည်းကမ်းများ” အပိုဒ်ခွဲ ၁၀ အရ)ဆိုသည့် စည်းမျဉ်းနှင့်လည်း ဆန်.ကျင်နေသည် ။ ထို.ကြောင့် ဗဟိုကော်မတီအနေဖြင့် ဤစည်းကမ်းတို.ကို ပြန်လည်းသုံးသပ်ရန်နှင့် ရုပ်သိမ်းပေးရန် ကျွန်တော်တောင်းဆိုသည် ။
၂ ။ စည်းကမ်းချက်များ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သို.မဟုတ် ဖက်စပ်လုပ်ကိုင်နေသော ဂေါက်ကွင်းများသို. “မဝေးလှသည့် အနာဂတ်ကာလ”အတွင်း သွားရောက်ခြင်းကို တားမြစ်ထားသည် ။ ကျွန်တော့်အား “လက်တလောကာလတွင်” ကမ်းရိုးတန်းဒေသများသို. သွားရောက်ခြင်းကိုလည်း ခွင့်မပြုနိုင်ဟု ဆိုထားသည် ။ “မဝေးလှသည့် အနာဂတ်ကာလ” ဆိုသည့် စကားလုံးနှင့် “လတ်တလောကာလ”ဆိုသည့် စကားလုံးများသည် ဘာကိုဆိုလိုကြောင်း ကျွန်တော်နားမလည်ပါ ။ ဤစည်းမျဉ်းစည်းကမ်းများကို လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်သည် ထိုစဉ်အချိန်ကစ၍ တွက်ပါက ၈ လမျှ ကြာမြင့်ခဲ့ပြီဖြစ်သည် ။ “မဝေးလှသည့် အနာဂတ်ကာလ” သို.မဟုတ် “လတ်တလောကာလ”ဆိုသည့် စကားလုံးများသည် ယခုအခါတွင် မည်သို. အဓိပ္ပါယ် သက်ရောက်ပါသနည်း ။
၃ ။ လွန်ခဲ့သည့်နှစ်ဝက်ကာလအတွင်း ကျွန်တော်၏ လွတ်လပ်ခွင့်များကို လက်တွေ.ကန်.သတ်ခဲ့မှုများမှာ ဤစည်းမျဉ်းစည်းကမ်းများ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေခဲ့သည် ။ ဥပမာအားဖြင့် ဤစည်းကမ်းများသည် ကမ်းရိုးတန်းဒေသများသို. ကျွန်တော်သွားရောက်ခြင်းကို တားမြစ်ထားပါက ယခုနှစ်အစောပိုင်းတွင် ဂွမ်ဇီသို. ကျွန်တော်သွားရောက်စဉ်က အဘယ့်ကြောင့်နန်နင်းတစ်မြို.တည်းသို.သာ သွားရောက်ခွင့်ပြုခဲ့ပါသနည်း ။ တဖန် ဘေဂျင်းရှိ လူစည်ကားရာနေရာများသို. သွားရောက်ခြင်းကို တားမြစ်ထားသည်ဆိုပါက ယန်ဖန်ကျားဒေါင်ကလပ်သို. ကျွန်တော်သွားရောက်မည်ဟု ဆိုခဲ့စဉ်က အဘယ်ကြောင့် တားမြစ်ပိတ်ပင်ရပါသနည်း ။ ပါတီဝါရင့်ကေဒါများ၏ ကလပ်ကို လူစည်ကားရာနေရာဟု ယူဆပါသလော ။ ဤအချက်ကို မည်သူမျှ နားမလည်နိုင်လောက်သည်မှာ သေချာပါသည် ။
စာကို ပေးပို.ပြီးနောက်၌ သဘာဝကျစွာပင် မည်သို.မျှ အကြောင်းမပြန်ပါ ။
သူတို.သည် ဤကဲ့သို.သော ပြဿနာများကို ဖြေရှင်းရာ၌ အမြဲတမ်းပင် အလွန်တုန်လှုပ်ခြောက်ခြားကြသည် ။ စည်းကမ်း ၆ ချက်ကို ဖတ်ကြားကြေငြာရန် မန်ဇင်ဟွန်းကို စေလွှတ်ခဲ့စဉ်က စာရွက်စာတမ်းများကို ကြည့်ရှုလိုသည်ဟု ကျွန်တော်က တောင်းဆိုခဲ့သည် ။ ကျွန်တော်ကြားနိုင်ရန် အသံကျယ်ကျယ်ဖြင့် ဖတ်ကြားပြမည် ၊ သို.သော် စာရွက်စာတမ်းကိုမူ မပြနိုင်ဟု သူကပြောသည် ။ အတွင်းရေးမှုးအား သူဖတ်ကြားပြသည်တို.ကို လိုက်၍ရေးမှတ်ထားဖို. ကျွန်တော်က ခိုင်းခဲ့သည် ။ ဤလုပ်ရပ်ကို သူ.အနေဖြင့် ဟန်.တားနိုင်ရန် ခက်ခဲပေသည် ။ လိုက်လံရေးမှတ်ထားသည်တို.ကို အတည်ပြုပေးရန် သူ.အားကျွန်တော်ဖိတ်ခေါ်ရာ သူကငြင်းဆန်ခဲ့ပြီး “ခင်ဗျားဟာခင်ဗျား ချရေးမှတ်ထားတာတွေက ခင်ဗျားရဲ.တာဝန်ပဲ ။ ကျွန်တော် ဖတ်မကြည့်နိုင်ဘူး”ဟု သူကပြန်ပြောသည် ။
ပြင်ပကမ္ဘာသို. ဤသတင်း ပေါက်ကြားသွားပြီး ဖွင့်ချလိုက်မည်ကို သူတို.စိုးရိမ်သည် ။ ဤနည်းအားဖြင့် ကြိုတင်မခန်.မှန်းနိုင်သည့် အကျိုးဆက်များ ဖြစ်ပွါးလာပါက တာဝန်ခံရမည့်အရေးကို ရှောင်ရှားနိုင်ပေလိမ့်မည် ။ ဤအချက်မှာ မူမမှန်ပေ ။
ကျွန်တော်သည် သတင်းထောက်နှင့် နိုင်ငံခြားသားများမှလွဲ၍ ဧည့်သည်များကို နေအိမ်တွင် လက်ခံတွေ.ဆုံနိုင်သည်ဟု သူတို.ကပြောသည် ။ သို.သော် လက်တွေ.တွင်မူ ကြိုတင်တွေ.ခွင့်မတောင်းပါက မည်သူ.ကိုမျှ တွေ.ဆုံခွင့်မပြုပေ ။ သူတို.သည် ကျွန်တော့်ကို အသိမပေးပဲ လာသမျှလူအားလုံးကို နှင်လွှတ်နေခဲ့ကြသည် ။ မည်သူလာမှန်းပင် ကျွန်တော်မသိခဲ့ပါ ။ ကျွန်တော့်ထံသို. အချို.ဧည့်သည်များ (ကျွန်တော့်ထံသို. လာရောက်လည်ပတ်မည်ဟု မျှော်လင့်ထားသော ဧည့်သည်များ) လာရောက်မည်ကို သူတို.ထံသို. ကြိုတင်၍ အသိပေးထားသည့်တိုင် အတည်ပြုချက် ရယူနေရဆဲဖြစ်သည် ။ ရောက်လာပြန်ပါကလည်း သူတို.၏ မှတ်ပုံတင်ကို စစ်ဆေး၍ ဧည့်သည်စာရင်းတွင် စာရင်းသွင်းမှတ်တမ်းတင်ခံကြရသည် ။ အလည်လာခြင်းကို ဟန်.တားဖို.ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည် ။ စည်းမျဉ်းစည်းကမ်းများ ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ထားခြင်းဖြင့် ကျွန်တော့်နေအိမ်သည် အမြဲတမ်းပင် အတိမ်းအစောင်းမခံသည့် နေရာတစ်ခုဖြစ်နေပြီး လာရောက်သူများစွာအတွက် ကသိကအောက်ဖြစ်အောင် ဒုက္ခပေးသည့် နေရာတစ်ခုဖြစ်နေပေသည် ။ အကျိုးဆက်အားဖြင့် ကျွန်တော့်နေအိမ် ဝင်းတံခါးသည် ခြောက်ကပ်၍ လူသူကင်းမဲ့နေပေသည် ။
ဘေဂျင်းမြို.ပြင်ပသို. ခရီးထွက်သောအခါများတွင် ကျွန်တော်တွေ.ခွင့်ရသည့် ဧည့်သည်အရေအတွက်မှာ ပို၍ပင် နည်းပါးသွားသည် ။ ကျွန်တော်ရောက်ရှိနေကြောင်းကို တာဝန်ရှိသူများနှင့် ဒေသန္တရဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တို.မှအပ မည်သူ.ကိုမျှ အသိမပေးကြပါ ။ ၎င်းတို.ကို လျှို.ဝှက်ထားကြသည် ။
ဥပမာအားဖြင့် မိတ်ဆွေဟောင်းတစ်ဦးဖြစ်သူ ရဲဘော်ဟီယီရန်က ကျွန်တော့်ထံသို. ရောက်လာပြီး ကျွန်တော်နှင့်တွေ.ခွင့်တောင်းရာ ခွင့်မပြုခဲ့ပေ ။ အခြားဥပမာများမှာ - အန်ဟွေမြို.မှ ကျွန်တော်၏ သူငယ်ချင်းဟောင်း လျူဇင်းဝမ်ဖြစ်သည် ။ သူသည် ထိုစဉ်ကတည်းက ကွယ်လွန်သွားခဲ့ပေပြီ ။ ဟီဖေမြို.သို. ကျွန်တော်ရောက်နေစဉ်၌ ကျွန်တော့်ထံသို. လာရောက်လည်ပတ်ရန် သူကြိုးစားခဲ့သည် ။ ကျွန်တော့်ထံသို. သူဖုန်းဆက်ရာ ကျွန်တော်အပြင်ရောက်နေသည်ဟု ပြန်ဖြေခဲ့သည် ။ ဒုတိယအကြိမ်သူဖုန်းပြန်ဆက်ရာ ကျွန်တော်ပြန်သွားပြီဟု သူ.ကိုပြန်ဖြေခဲ့သည် ။ လူတွေနှင့် ကျွန်တော်တွေ.ဆုံမည်ကို သူတို.ကြောက်ရွံ.နေကြသည် ။
တစ်ခါတွင်လည်း ကျွန်တော်သည် စီချွမ်သို.ရောက်နေရာ မြို.နယ်နှင့်စီရင်စုအဆင့် ခေါင်းဆောင်တချို.က သိရှိသွားကြပြီး ကျွန်တော်နှင့် တွေ.ဆုံခွင့်တောင်းကြသည် ။ နောက်ပိုင်းတွင် ဗဟိုကော်မတီသို. ဤကိစ္စကို အစီရင်ခံရာ ဗဟိုကော်မတီမှ စီချွမ်ပြည်နယ် ခေါင်းဆောင်များကို ပြစ်တင်ဝေဖန်ခဲ့ပြီး ကျောက်ထံသို. လူများစွာက လည်ပတ်ခွင့်တောင်းရလောက်အောင် အဘယ့်ကြောင့် လျှို.ဝှက်ချက်ကို တင်းကျပ်စွာမထိန်းသိမ်းခဲ့သနည်းဟု ထုချေလွှာတောင်းခဲ့သည် ။
၁၉၉၇ နှင့် ၁၉၉၈ ခုနှစ်များမှလွဲ၍ ဆောင်းရာသီတိုင်း ကျွန်တော်ခရီးထွက်ခဲ့သည် ။ ဂွမ်ဒေါင်းသို. သွားရောက်ဖို.အတွက် ကျန်ဇီမင်းနှင့် ပေါ်လစ်ဗျူရိုသို. စာ ၇ စောင်ရေးခဲ့ရာ လုံးဝအကြောင်းမပြန်ခဲ့ပေ ။ ဂွမ်ဒေါင်းကို သွားရောက်ခွင့်မပြုနိုင်ကြောင်း သို.သော် တခြားဒေသများသို. သွားနိုင်ကြောင်း တုံ.ပြန်ချက်အဖြေတစ်ခုကို အထွေထွေရုံးမှတစ်ဆင့်သာလျှင် ရရှိခဲ့သည် ။ ၁၉၉၃ ခုနှစ် ဇန်နဝါရီလတွင် ဂွမ်ဇီပြည်နယ် နန်နင်းသို.သွားခဲ့ပြီး အပြန်တွင် ချန်းရှာမှ ဖြတ်၍ပြန်ခဲ့သည် ၊ ၁၉၉၄ ခုနှစ်တွင် ဂွေဇောင်းသို.သွားခဲ့ပြီး ချန်ဒူးတွင် ရက်သတ္တတစ်ပတ် နေခဲ့သည် ၊ ၁၉၉၃ ခုနှစ်တွင် ဟေလုံကျန်းတွင် ကျွန်တော်နေခဲ့သည် ၊ ၁၉၉၄ ခုနှစ်တွင် ချန်ချမ်းနှင့် ဟာဘင်သို.သွားခဲ့သည် ၊ ၁၉၉၅ ခုနှစ်တွင် ကျန်ဇီနှင့် အန်းဟူသို.လည်းကောင်း ၊ ၁၉၉၆ ခုနှစ်တွင် ကျန်စုပြည်နယ် ဂျန်စူနှင့် ဇန်ဂျင်းသို.လည်းကောင်း ၊ ၁၉၉၇ တွင် ဟန်ဇောင်းနှင့် စီချွမ်သို.လည်းကောင်း သွားခဲ့ပြီး ၁၉၉၇ ခုနှစ် နွေးဦးပေါက်မှ ၁၉၉၈ နွေဦးထိ ဘေဂျင်းတွင်သာ နေခဲ့သည် ။ ၁၉၉၉ ခုနှစ်တွင် ဟန်ဇောင်းသို. ပထမသွားခဲ့ပြီးလျှင် ထိုမှတဆင့် ယန်တိုင်သို. ဆက်၍သွားခဲ့သည် ။ ယခုနှစ် (သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်) ဇန်နဝါရီလအတွင်းတွင် ဂူလင်နှင့် စီချွမ်သို. ကျွန်တော်သွားခဲ့သည် ။ သွားလာသည့် နယ်ပယ်အဝန်းအဝိုင်းကို တဖြည်းဖြည်း ချဲ.လာခဲ့သည် ။
နှစ်စဉ်နှစ်တိုင်း ကျွန်တော်၏ ဂွမ်ဒေါင်းနှင့် ဟိုင်နန်သို. သွားခွင့်တောင်းခံမှုကို ငြင်းဆန်ခဲ့သည့်အပြင် ၁၉၉၅ ခုနှစ်တွင် ဝူဇီနှင့် စူဇောင်းသို. သွားခွင့်ကိုလည်း ပယ်ချခဲ့သည် ။ ထို.အတူ ဂွမ်ဒေါင်း ၊ ဟိုင်နန်နှင့် ဖူကျင်း ဒေသတို.သို. သွားခွင့်ကိုလည်း ၁၉၉၉ နှင့် ၂၀၀၀ ခုနှစ် ဆောင်းရာသီတွင်ပယ်ချခဲ့သည် ။ ထိုအစား ဂွမ်ဇီသို.သွားခဲ့ပြီး အပြန်တွင် စီချွမ်ကို ဖြတ်၍ပြန်ခဲ့သည် ။
ထို.ကြောင့် “ကမ်းရိုးတန်းဒေသများသို. သွားခွင့်မပြု”ဟု ဆိုခြင်းမှာ ဂွမ်ဒေါင်းသို. ကျွန်တော်သွားရောက်ခြင်းကို တားမြစ်လိုသည့် သူတို.၏ ရည်ရွယ်ချက်ကို ဖုံးကွယ်သည့် နည်းလမ်းတစ်ခုသာဖြစ်သည်ဟု ကျွန်တော် ကောက်ချက်ချမိသည် ။ သူတို.အနေဖြင့် ဂွမ်ဒေါင်းတစ်ခုတည်းကိုသာ ဖော်ပြပါက ဗြောင်ကျကျကြီး ရွေးချယ်ကန်.သတ်ရာရောက်ပေလိမ့်မည် ။ သို.သော် ယန်တိုင်နှင့် ဟန်ဇောင်း ဒေသနှစ်ခုလုံးသည်လည်း ကမ်းရိုးတန်းဒေသများပင်မဟုတ်လော ။ ထိုဒေသများသို.မူ ကျွန်တော့်ကို သွားခွင့်ပြုသည် ၊ သို.သော် ဂွမ်ဒေါင်းကိုမူ သွားခွင့်မပြုပေ ။ အဘယ့်ကြောင့် ဂွမ်ဒေါင်းကို ဖယ်ထိုထားကြောင်းကိုမူ ကျွန်တော် မပြောတတ်ပါ ။
၁၉၉၅ ခုနှစ်ဆောင်းဦးပေါက်တွင် ရဲဘော်ချန်ယန်း ကွယ်လွန်ခဲ့သည် ။ ထိုအချိန်က ကျွန်တော် ဘေဂျင်းတွင်ရှိနေသည် ။ ဤသတင်းကို ကြားသောအခါ ကျွန်တော် အလွန်ပင် စိတ်မကောင်းဖြစ်ခဲ့သည် ။ ပြုပြင်ပြောင်းလဲရေးနှင့်ပက်သက်သည့် သူ၏သဘောထားများကို ကျွန်တော် အမြဲသဘောမတူနိုင်သည့်တိုင်အောင် သူသည် အရာများစွာတွင် လေးစားထိုက်သည့်သူဖြစ်ကြောင်း ကျွန်တော်ခံစားရသည် ။ ကျွန်တော်သည် ချန်၏မိသားစုထံသို. သွားရောက်ပြီး ဝမ်းနည်းစကားပြောကြား၍ ကျွန်တော်၏ ခံစားချက်ကို ပြသလိုစိတ် ပြင်းပြနေခဲ့သည် ။ အထွေထွေရုံးသို. ကျွန်တော် ခွင့်တောင်းရာ အဆင်မပြေကြောင်းဖြင့် အကြောင်းပြန်လာသည် ။ နောက်ဆုံးတွင် ကျွန်တော့်ကို သွားရောက်ခွင့်မပြုပေ ။ နောက်ပိုင်း၌ ကျွန်တော်ပြန်ကြားရသည်မှာ ကျွန်တော် ခွင့်တောင်းခံပြီးနောက် အထွေထွေရုံးသည် သူတို.ထံမှ ကျွန်တော့်ကို မလာရောက်စေလိုကြောင်း ဖော်ပြလိမ့်မည်ဟု မျှော်လင့်လျှက် ရဲဘော်ချန်ယန်း၏ မိသားစုသို. ဆက်သွယ်ခဲ့သည် ။ ထို.အစား ချန်၏မိသားစုက ကျွန်တော့်ကို လက်ခံတွေ.ဆုံဖို. လိုလိုလားလားရှိကြောင်း ဖော်ပြခဲ့ကြသည် ။ ထို.ကြောင့် အထွေထွေရုံးအနေဖြင့် ကျွန်တော့်ကို “အဆင်မပြေကြောင်း” အကြောင်းပြန်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ ။ ဤကဲ့သို.သော ဖြစ်ရပ်များသို. သွားလာနိုင်သည့် ကျွန်တော်၏ အခွင့်အရေးကို အမြဲတမ်းပင် ငြင်းဆန်သည့်အပြင် တစ်ပြိုင်နက်တည်းမှာပင် ဤကဲ့သို.သော ကန်.သတ်ချက်များ ချမှတ်ထားကြောင်း ပြင်ပလောကကို မသိစေလိုကြပေ ။
ရဲဘော်တိန်.ရှောင်ပင်း ကွယ်လွန်သည့်အချိန် (၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ)၌ ဟန်ဇောင်းတွင် ကျွန်တော်အနားယူနေသည် ။ ဤသတင်းကို ကြားရသည့်အခါ၌ ကျွန်တော် အလွန်ပင်စိတ်မကောင်းဖြစ်မိသည် ။ အထွေထွေရုံးသို. ချက်ချင်းပင် ဖုန်းဆက်ပြီးလျှင် ပထမအချက်အနေနှင့် ကျွန်တော်၏ ဝမ်းနည်းစကားကို ပြောပြပေးရန်နှင့် ဒုတိယအချက်အနေနှင့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားသို. တက်ရောက်ရန်အတွက် ကျွန်တော့်ကို ဘေဂျင်းသို. ချက်ချင်းပြန်လာခွင့်ပြုဖို. ဗဟိုကော်မတီသို. ထပ်ဆင့်တင်ပြပေးရန် ကျွန်တော်တောင်းဆိုခဲ့သည် ။ ကွယ်လွန်သူအတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ဘေဂျင်းသို. ကျွန်တော်ပြန်မလာရန် ဗဟိုကော်မတီက ချက်ချင်းပင် အကြောင်းပြန်လာသည် ။
၁၉၉၇ ခုနှစ် မေလတွင် ချန်ဒူးကိုဖြတ်၍ ဘေဂျင်းသို.အပြန် လမ်းခရီး၌ ရဲဘော်ပန်ဇန်း ကွယ်လွန်သွားကြောင်း ကျွန်တော် သိရသည် ။ ဘေဂျင်းသို. ပြန်ရောက်ရောက်ချင်းပင် ပန်ဇန်း၏ မိသားစုထံသို. ဖုန်းဆက်၍ ဂါရဝပြုရန်အတွက် သူတို.အိမ်သို. ကျွန်တော်လာရောက်မည်ဟု ပြောခဲ့သည် ။ ထို.နောက်တွင် ကျွန်တော်က လုံခြုံရေးဗျူရိုသို. ဖုန်းဆက်၍ ပန်ဇန်း၏ နေအိမ်သို. ကျွန်တော်သွားရောက်မည့်အကြောင်း သတင်းပို.လိုက်သည် ။ အထွေထွေရုံးသည် ဤကိစ္စကို သိသွားသည်နှင့်တစ်ပြိင်နက် ကျွန်တော်မသွားရောက်ဖို. ဖြောင်းဖြရန်အတွက် မန်ဇင်ဟွန်းကို ကျွန်တော့်အိမ်သို.စေလွှတ်ခဲ့သည် ။ မန်က “ပန်ဇန်းရဲ.မိသားစုက ခုချိန်ထိ ဝမ်းနည်းပူဆွေးမှု အခမ်းအနားအတွက် မပြင်ဆင်ရသေးဘူး”ဟုပြောပြီး ကျွန်တော့်ကို “ကျယ်ကျယ်ပြန်.ပြန်. စဉ်းစားရန်”နှင့် “ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို စဉ်းစားရန်” ဖြောင်းဖြသည် ။
ကျွန်တော်သည် မျက်နှာပြောင်တိုက်၍ လိမ်လည်ပြောကြားသည့် မန်ကို အလွန်ပင်ဒေါသထွက်မိပြီး ကျွန်တော်တို.နှစ်ယောက် စကားများကြသည် ။ ရဲဘော်ဟောင်းတစ်ယောက်ကို အောက်မေ့ဂုဏ်ပြုရန်အတွက် အဘယ့်ကြောင့် ကျွန်တော့်အား ခွင့်မပြုနိုင်ရပါသနည်း ။ မည်သည့်အရာကို ကြောက်ရွံ.စိုးရိမ်နေသနည်း ။
၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ.တွင် ၁၅ ကြိမ်မြောက်ပါတီ ကွန်ဂရက်နှင့် တခြားလူ ၉ ဦးဆီသို. အထွေထွေရုံး လုပ်ငန်းဝန်ဆောင်မှု ဋ္ဌါနမှတစ်ဆင့် စာတစ်စောင်ရေးသား ပေးပို.ခဲ့သည် ။ တည်ဆဲပေါ်လစ်ဗျူရို အဖွဲ.ဝင် ၇ ယောက်အပြင် ယန်ရှန်ကွမ်းထံသို. တစ်စောင်နှင့် ဝမ်လီထံသို.တစ်စောင် ပေးပို.ခဲ့သည် ၊ အဘယ့်ကြောင့်ဆိုသော် သူတို.လည်း ပါဝင်ပက်သက်နေသောကြောင့်ဖြစ်သည် ။ စာများကို အထွေထွေရုံး လုပ်ငန်းဝန်ဆောင်မှု ဋ္ဌါနမှတစ်ဆင့် ပေးပို.ခဲ့သည် ။ နောက်ပိုင်း၌ ကျွန်တော်ပြန်သိရသည်မှာ လူ ၉ ယောက်အနက် အနည်းဆုံး ၂ ယောက်(ယန်ရှန်ကွမ်းနှင့် ရဲဘော်ဝမ်လီ)သည် ကျွန်တော်၏စာကို မရရှိခဲ့ဟု သိခဲ့သည် ။ တည်ဆဲကော်မတီ အဖွဲ.ဝင်များအနေဖြင့်မူ လက်ခံရရှိကြလိမ့်မည်ဟု ကျွန်တော်ထင်သည် ။ စာမိတ္တူကို ကွန်ဂရက်တစ်ခုလုံးသို. ဖြန်.ဝေရန် ကျွန်တော်တောင်းဆိုခဲ့သော်လည်း ခွင့်မပြုပဲ ပိတ်ဆို.ခဲ့သည် ။
စာတွင်ပါသည့် အကြောင်းအရာနှင့်ပက်သက်၍ လူထုအတွင်း၌ ကောလာဟလများ ပျံ.နှံ.နေပြီး အချက်အလက်များမှာလည်း မတိကျသဖြင့် စာ၏အကြောင်းအရာကို ကျွန်တော် ယခု ဖော်ပြပါမည် ။ မူရင်းစာမှာ အောက်ပါအတိုင်းဖြစ်သည် ။
၁၅ ကြိမ်မြောက် ပါတီကွန်ဂရက် သဘာပတိကြီးနှင့် ရဲဘော်ကိုယ်စားလှယ်အားလုံးခင်ဗျား…………
၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်သည် ကျွန်တော်တို.ပါတီ၏ ၂၀ ရာစုအတွင်း နောက်ဆုံးအကြိမ် ကျင်းပသည့် ကွန်ဂရက် ဖြစ်ပါသည် ။ နောင်လာမည့် ၂ နှစ်တာကာလအတွင်း၌ အချိန်ကာလသည် ၂၁ ရာစုသို. ဝင်ရောက်ချီတက်သွားတော့မည်ဖြစ်ပါသည် ။ အတိတ်ကို ပြန်လည်ထင်ဟပ်၍ အနာဂတ်ကို ဦးတည်ချီတက်နေသည့် အခါသမယတွင် ကွန်ဂရက်အနေဖြင့် အောင်မြင်မှုရရှိပါစေဟု ကျွန်တော် ဆန္ဒပြုပါသည် ။ ဇွန်လ ၄ ရက်နေ. အရေးအခင်းနှင့် ပက်သက်၍ ပြန်လည်အကဲဖြတ်ဖို. ကျေးဇူးပြု၍ ကျွန်တော့်ကို အဆိုတင်သွင်းခွင့်ပြုပါ ။ ဤကိစ္စကို ဆွေးနွေးကြလိမ့်မည်ဟု ကျွန်တော်မျှော်လင့်ပါသည် ။
ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားစေခဲ့သော ဇွန်လ ၄ ရက် အရေးအခင်းသည် ယခုအခါ ၈ နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည် ။ ဖြစ်ပျက်ခဲ့သည်တို.ကို ပြန်လည်ဆင်ခြင်ကြည့်ပါက အချက်အလက်မှန်များကို အသိအမှတ်ပြုရန်အတွက် မေးခွန်း ၂ ခုကို ဖြေဆိုရှင်းလင်းသင့်ပါသည် ။
ပထမအချက်အနေဖြင့် မည်သည့်အစွန်းသို.ရောက်သည်ဖြစ်နေပါစေ ၊ ကျောင်းသားဆန္ဒပြပွဲ ကာလများအတွင်းက မှားယွင်းမှုများ ၊ သဘောထားမတိုက်ဆိုင်စရာများ မည်သို.ပင်ရှိနေပါစေ စွပ်စွဲထားသကဲ့သို. “တန်ပြန်တော်လှန်ရေး ပုန်ကန်မှုများ”ဟု ပြောနိုင်လောက်သည့် မည်သည့်အထောက်အထားမျှ ဘယ်တုန်းကမှ မရှိခဲ့ပါ ။ “တန်ပြန်တော်လှန်ရေး ပုန်ကန်မှု” မဟုတ်ပါက စစ်အင်အားသုံး ဖိနှိပ်သည့်နည်းလမ်းကို ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းတစ်ရပ်အဖြစ် အသုံးမပြုသင့်ပါ ။
စစ်အင်အားဖြင့် ဖိနှိပ်ဖြေရှင်းမှုသည် အခြေအနေကို လျှင်မြန်စွာ ငြိမ်သက်သွားစေခဲ့သည့်တိုင်အောင် ပြည်သူလူထု ၊ စစ်တပ် ၊ ပါတီနှင့် အစိုးရအနေဖြင့် တကယ်တမ်းပြောရပါလျှင် တစ်တိုင်းပြည်လုံးအနေဖြင့် ထိုဆုံးဖြတ်ချက်နှင့် ထိုလုပ်ရပ်အတွက် နင့်နင့်နာနာ ပေးဆပ်ခဲ့ရသည်ကို ကျွန်တော်တို. ဝန်ခံရုံမှလွဲ၍ အခြားမရှိပါ ။ ဤအတွက် ဆိုးကျိုးသက်ရောက်မှုသည် ကျွန်တော်တို. ပါတီနှင့် ပြည်သူလူထုအကြားရှိ ဆက်ဆံရေး ၊ တိုင်ဝမ်ရေလက်ကြား၏ နှစ်ဖက်ရှိ ဆက်ဆံရေးနှင့် ကျွန်တော်တို.နိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်များကြားရှိ ဆက်ဆံရေးတို.အပေါ်တွင် သက်ရောက်နေဆဲဖြစ်သည် ။
ဤဖြစ်ရပ်၏ သက်ရောက်မှုကြောင့် ၁၃ ကြိမ်မြောက် ပါတီကွန်ဂရက်မှ စတင်ခဲ့သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် နုနယ်သည့်အချိန် လမ်းတစ်ဝက်မှာပင် သေဆုံးသွားခဲ့ပြီး နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာကောင်းလောက်အောင်ပင် နောက်ကျကျန်နေခဲ့သည် ။ ဤစိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေ၏ ရလာဒ်အဖြစ် ကျွန်တော်တို.နိုင်ငံ၏ စီးပွါးရေးပြုပြင်ပြောင်းလဲမှုသည် သိသိသာသာ တိုးတက်လာစဉ်၌ လူမှုရေးဆိုင်ရာ ချို.ယွင်းမှု ပုံစံအားလုံး ဖြစ်ထွန်းပေါ်ထွက်လာခဲ့ပြီး လျှင်မြန်စွာ ပျံ.နှံ.နေပေသည် ။ လူမှု ပဋိပက္ခများသည် ပိုဆိုးလာ၍ ပါတီတွင်းနှင့် ပါတီပြင်ပ အကျင့်ပျက်ခြစားမှုများမှာ တားဆီး၍ မရနိုင်တော့လောက်အောင် ပျံ.နှံ.လာသည်။
ဒုတိယအချက်အနေဖြင့် ကျောင်းသားဆန္ဒပြမှုများကို တုံ.ပြန်ရာတွင် အခြေအနေများကို ငြိမ်သက်သွားစေပြီး သွေးထွက်သံယိုဖြစ်မှုများကို ရှောင်ရှားနိုင်မည့် ပို၍ကောင်းမွန်သည့် နည်းလမ်းတစ်ခုခုကို ရှာမတွေ.နိုင်တော့ပြီလော ။ ထိုစဉ်က “ပြဿနာများကို ဒီမိုကရေစီနှင့် တရားဥပဒေအရ ဖြေရှင်းရန်” ကျွန်တော် အဆိုပြုတင်ပြခဲ့ပြီး ဤကဲ့သို.သော ရလာဒ်များ ထွက်ပေါ်လာစေရန် ကျွန်တော်အမှန်တကယ်ပင် ကြိုးပမ်းခဲ့ပါသည် ။ ယနေ.အချိန်ထိတိုင် ဤနည်းလမ်းများကို အသုံးပြုခြင်းဖြင့် သွေးထွက်သံယိုမှုများ မဖြစ်ခဲ့ပဲ အခြေအနေကို အေးချမ်းစွာဖြေရှင်းနိင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်နေဆဲဖြစ်ပါသည် ။ အနည်းဆုံးအားဖြင့် ထိတ်လန်.ဖွယ်ကောင်းပြီး သွေးထွက်သံယိုဖြစ်ပွါးစေခဲ့သည့် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ခဲ့ပါလိမ့်မည် ။
အားလုံးသိကြသည့်အတိုင်းပင် ကျောင်းသားအများစုသည် အကျင့်ပျက်ခြစားမှုများကို အရေးယူရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မြှင့်တင်ရေးတို.ကို တောင်းဆိုနေခြင်းဖြစ်ပြီး ကွန်မြူနစ်ပါတီ ဖြုတ်ချရေးကိုသော်လည်းကောင်း သမ္မတနိုင်ငံတော် ဖြိုခွဲရေးကိုသော်လည်းကောင်း ထောက်ခံတောင်းဆိုနေကြခြင်းမဟုတ်ပါ ။ ကျောင်းသားများ၏ လှုပ်ရှားမှုကို ပါတီဆန်.ကျင်ရေး ၊ ဆိုရှယ်လစ်ဆန်.ကျင်ရေးအဖြစ် အဓိပ္ပါယ်မကောက်ပဲ သူတို.၏ ကျိုးကြောင်းဆီလျော်သည့် တောင်းဆိုမှုများကို လက်ခံ၍ စိတ်ရှည်စွာ ဆွေးနွေးခြင်း ၊ အပြန်အလှန်စကားပြောခြင်းနှင့် တင်းမာမှုများကို လျှော့ချခြင်း စသည့်နည်းလမ်းများကို ကျင့်သုံးခဲ့ပါက အခြေအနေများသည် ငြိမ်သက်သွားခဲ့ပါလိမ့်မည် ။
ဤသို.ဆိုလျှင် သွေးထွက်သံယို ထိပ်တိုက်ရင်ဆိုင်မှု၏ ဆိုးကျိုးသက်ရောက်မှုများကို ရှောင်ရှားနိုင်ရုံသာမက နိုင်ငံရေးအဖွဲ.အစည်းများ အချင်းချင်းအကြား ၊ အစိုးရနှင့်ပြည်သူအကြားတွင် ဆက်ဆံရေးပုံစံအသစ်တစ်မျိုးနှင့် တက်ကြွသည့် ပုံစံတစ်မျိုး ပေါ်ထွက်လာနိုင်ပြီး နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်နိုင်ခဲ့ပါလိမ့်မည် ။ ထို.ကြောင့် ကျွန်တော်တို.သည် စီးပွါးရေးပြုပြင်ပြောင်းလဲမှုကို သိသိသာသာ တိုးတက်အောင် လုပ်နိုင်ခဲ့ရုံသာမက ကျွန်တော်တို. နိုင်ငံ၏ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုအတွက်လည်း အလားအလာအသစ်များကို ဖော်ဆောင်နိုင်ခဲ့ပါလိမ့်မည် ။
ဇွန်လ ၄ ရက် ပြဿနာအား ပြန်လည်အကဲဖြတ်ဖို.ကိစ္စကို အနှေးနှင့်အမြန်ဆိုသလို ဖြေရှင်းရပါလိမ့်မည် ။ ဤကိစ္စကို အချိန်ကြာမြင့်စွာ အချိန်ဆွဲရွှေ.ဆိုင်းခဲ့သည့်တိုင်အောင် ပြည်သူလူထုက မေ့သွားလိမ့်မည်မဟုတ်ပါ ။ ဤကိစ္စကို နောက်ကျမှဖြေရှင်းသည်ထက် စောစောစီးစီးဖြေရှင်းခြင်းက ပိုကောင်းပါသည် ၊ နှေးကွေးလေးလံစွာမဟုတ်ပဲ တက်ကြွစွာကြိုတင်၍ ဖြေရှင်းသင့်ပြီး ပြဿနာများဖြင့် အကျပ်အတည်းဆိုက်နေချိန်တွင် ဖြေရှင်းခြင်းထက် တည်ငြိမ်နေသည့် အချိန်တွင် ဖြေရှင်းသင့်ပါသည် ။
ယခုအချိန်သည် နိုင်ငံ့အရေးအရာအားလုံး တည်ငြိမ်နေသည့်အချိန်ဖြစ်ပြီး ပြည်သူအများ၏ ဆန္ဒကလည်း ဆူပူအုံကြွမှုများကို မလိုလားပဲ ၊ တည်ငြိမ်မှုကိုသာ လိုလားနေသည့် အချိန်ဖြစ်ပါသည် ။ အတိတ်ကာလနှင့်ပက်သက်၍ မြင့်တက်နေခဲ့သည့် စိတ်လှုပ်ရှားခံစားမှုများသည်လည်း ငြိမ်သက်သွားပြီဖြစ်ပါသည် ။ ဤအခြေအနေများကို နောက်ခံထား၍ ကျွန်တော်တို.ပါတီအနေဖြင့် ဇွန်လ၄ရက် အရေးအခင်းကို ပြန်လည်အကဲဖြတ်ဖို. အဆိုပြုပါက နေရာကဏ္ဍမျိုးစုံမှ အစွန်းရောက်သည့် စိတ်လှုပ်ရှားတုံ.ပြန်မှုများ၏ အကျိုးသက်ရောက်မှုများ ပေါ်ပေါက်လာနိုင်ဖို. အခြေအနေ အလွန်နည်းပါးပြီး ဖြေရှင်းရခက်သည့် သမိုင်းဆိုင်ရာ ပြဿနာတစ်ခုကို ကျိုးကြောင်းဆီလျော်၍ သဘောထားကြီးမားသည့် မှန်ကန်သည့် လမ်းကြောင်းမှဖြေရှင်းဖို. လမ်းပွင့်သွားပါလိမ့်မည် ။ “အရေးမကြီးသည့် အသေးစိတ်များကို မသုံးသပ်တော့ခြင်း” ၊ “လူတစ်ဦးချင်းစီကို အပြစ်တင်နေမည့်အစား ၊ သင်ခန်းစာရယူမှုအပေါ်တွင်သာ အာရုံစိုက်ခြင်း” စသည့် သမိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းသည့် နည်းလမ်းများကိုလည်း အသုံးချနိုင်ပါလိမ့်မည် ။
ဤသို.ပြုလုပ်ပါက ခက်ခဲသည့် သမိုင်းဆိုင်ရာ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ရုံမျှမက တည်ငြိမ်နေသည့် အခြေအနေကို ဆက်လက်ထိန်သိမ်းထားနိုင်ပြီး တစ်ပြိုင်တည်းမှာပင် ကျွန်တော်တို.နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမှုအတွက် ပိုမိုကောင်းမွန်သည့် နိုင်ငံတကာ အခင်းအကျင်းတစ်ခုကိုလည်း ဖန်တီးနိုင်ပါလိမ့်မည် ။
ကျွန်တော်တို.သည် အခြေအနေများကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ်ချက်တစ်ခု မကြာမှီချမှတ်နိုင်လိမ့်မည်ဟု ကျွန်တော်မျှော်လင့်ပါသည် ။ ကွန်ဂရက်မှ ဆုံးဖြတ်နိုင်ရန် အထက်ပါ အကြံပြုချက်များကို တင်ပြအပ်ပါသည် ။
ကျောက်ကျိယန်
စက်တင်ဘာ ၁၂ ၊ ၁၉၉၇ ခုနှစ်
ဤစာကို ကျွန်တော်ဖြန်.လည်းမဖြန်.ဝေခဲ့ပါ ၊ တစ်ယောက်ယောက်မှတစ်ဆင့်လည်း အများသိစေရန် မစီစဉ်ခဲ့ပါ။ သို.သော်လည်း ပြည်ပသတင်းဋ္ဌါနများက ဤစာအကြောင်းသိရှိသွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည် ။
မန်ဇင်ဟွန်းသည် ကျွန်တော်နှင့်တွေ.ရန် ချက်ချင်းရောက်လာခဲ့သည် ။ တစ်နိုင်ငံလုံး၏ အခြေအနေမှာ ကောင်းမွန်နေသည့် အချိန်ဖြစ်ကြောင်းနှင့် ဤအနေအထားကို အခြေပျက်အောင်မလုပ်ဖို. သူက ကျွန်တော့်ကို တောင်းဆိုပြီး ပါတီစည်းမျဉ်းကို လိုက်နာရန် သတိပေးသည် ။ သူက ကျွန်တော့်အား ဤစည်းမျဉ်းကို မလိုက်နာကြောင်း သွယ်ဝိုက်၍ပြောခြင်းဖြစ်သည် ။ ကျွန်တော်သည် ကွန်မြူနစ်ပါတီဝင် တစ်ဦးဖြစ်ကြောင်းနှင့် ပါတီပဋိဥာဉ်၌ ပါတီဝင်များကို ပါတီကွန်ဂရက်သို. အကြံပြုချက်များ ပေးနိုင်သည့် အခွင့်အရေးကို ရှင်းရှင်းလင်းလင်း ပေးအပ်ထားကြောင်း ကျွန်တော်က ချက်ချင်းပင် တုံ.ပြန်လိုက်သည် ။ ဇွန်လ ၄ ရက်နှင့်ပက်သက်၍ နိဂုံးချုပ်ချက် ချမှတ်ထားပြီးဖြစ်ကြောင်း သူကပြန်ပြောသည် ။ ပါတီကွန်ဂရက်သည် ပါတီ၏အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ.အစည်း ဖြစ်သည့်အတွက် ဇွန်လ ၄ ရက်ကို ပြန်လည်အကဲဖြတ်ရန် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ကျွန်တော် ပြောလိုက်သည် ။ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးဖြစ်သည့်တိုင်အောင် ပြန်လည်၍ အကဲဖြတ်သုံးသပ်နိုင်ဆဲဖြစ်သည် ။ ကွန်ဂရက်အနေဖြင့် ယခင်ချမှတ်ပြီးဖြစ်သည့် ဆုံးဖြတ်ချက်ကိုပင် ထပ်မံအတည်ပြုနိုင်သည် ၊ သို.သော်လည်း ဤသည်မှာ ကွန်ဂရက်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှဖြစ်သည် ။ ပါတီ၏ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ကွန်ဂရက်မှ ဆွေးနွေးနိုင်သည် ။
ကျွန်တော့်အနေနှင့် စာကိုမဖြန်.ဝေသင့်ကြောင်း သူကပြောရာ ဤစာကို လုပ်ငန်းဝန်ဆောင်မှု ဗျူရိုမှတစ်ဆင့် လူ၉ဦးထံသို.သာ ပေးပို.ခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော်က ပြန်ပြောခဲ့သည် ။ တကယ်တမ်း၌ ကျွန်တော့်စာကို မည်သူ.ထံသို. ထပ်ဆင့်ပေးပို.ခဲ့သနည်း ဆိုသည်ကို ကျွန်တော် သိချင်လှပါသည် ။ စကားဝိုင်းသည် သဘာဝကျစွာပင် စိတ်ချမ်းမြေ.ဖွယ် မကောင်းလှပါ ။
ဤကာလဝန်းကျင်မှာပင် ရဲဘော်ယွန်ဝမ်တောင်း ကွယ်လွန်ခဲ့သည် ။ ကျွန်တော်တို.သည် လုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး ဂွမ်ဒေါင်းတွင် အတူလုပ်ကိုင်ခဲ့ကြဖူးသည် ။ သူ၏ အသုဘသို. တက်ရောက်ခွင့် ကျွန်တော်တောင်းဆိုခဲ့သည် ။ ယခင်က ဗဟိုခေါင်းဆောင်မှု အဆင့်မှအဖွဲ.ဝင်များ အတွက်မဟုတ်သော်လည်း ဝန်ကြီးအဆင့်ရှိသူများ၏ အသုဘများသို. တက်ရောက်ခွင့်ပြုခဲ့သည် ။ သို.သော် ဤအကြိမ်၌မူ ပါတီစည်းကမ်းကို မလိုက်နာသောကြောင့်ဟုဆိုကာ ကျွန်တော့်ကို တက်ရောက်ခွင့်မပြုခဲ့ပေ ။
အောက်ပါတို.မှာ ကျွန်တော့်အိမ်ကို အဝင်အထွက်လုပ်သူများအပေါ် ချမှတ်ထားသည့် တားမြစ်ချက်များဖြစ်သည်။ တားမြစ်ချက်များ၏ ပြင်းထန်မှုမှာ စုံစမ်းစစ်ဆေးရေးကာလကထက်ပင် ပို၍ပြင်းထန်ဆိုးရွားလှသည် ။ ကျွန်တော့်အိမ်တွင် အလုပ်လုပ်ခဲ့ဖူးသည့် ဂွမ်ဒေါင်းမှ အမျိုးသမီးကြီးတစ်ဦးမှာ ကျွန်တော်နှင့် တွေ.ဆုံနိုင်ရန် ကီလိုမီတာ ထောင်ချီ၍ လာခဲ့ရသော်လည်း ကျွန်တော့်အိမ်အပြင်ဖက်တွင် နာရီပေါင်းများစွာကြာအောင် စောင့်ဆိုင်းခိုင်းထားသည် ။ ဈေးဝယ်ပြန်လာသည့် ကျွန်တော့်ဇနီးသည်ပင်လျှင် သူမ၏ ပိုက်ဆံအိတ်ကို ဂိတ်စောင့်မှ ရှာဖွေစစ်ဆေးခံရသည် ။ ဤအတွက် အစောင့်စစ်သားတွင် တာဝန်မရှိသည်မှာ ထင်ရှားပါသည် ။ အမိန်.သည် အနည်းဆုံး ဗဟိုကော်မတီ၏ အထွေထွေရုံး အဆင့်လောက်မှ လာခြင်းဖြစ်သည် ။ ထို.ကြောင့် ကျွန်တော်သည် အထွေထွေရုံးသို. အောက်ပါအတိုင်း စာတစ်စောင် ပေးပို.ခဲ့သည် ။
ဗဟိုကော်မတီ အထွေထွေရုံး ခေါင်းဆောင်များခင်ဗျား……
မကြာသေးမှီကာလအတွင်းက အထွေထွေရုံး လုံခြုံရေးဗျူရိုမှ ကျွန်တော့်နေအိမ် အစောင့်များအား ကျွန်တော့်ကို ဧည့်သည်များအား လက်ခံတွေ.ဆုံခြင်း ၊ ပြင်ပသို. သွားလာခြင်းနှင့် ဂေါက်ရိုက်ထွက်ခြင်းတို.ကို တားဆီးရန် ညွှန်ကြားချက် ထုတ်ပြန်လာပါသည် ။
ရဲဘော်ရဲဘက်တစ်ဦး၏ အသုဘအခမ်းအနားသို. တက်ရောက်ခြင်းကိုလည်း တားမြစ်လာပါသည် ။ ရပ်ဝေးမှလာရောက်သည့် ဆွေမျိုးသားချင်းများကိုပင် နေအိမ်ဂိတ်ပေါက်၌ ရပ်တန်.၍ စစ်ဆေးလာပါသည် ။ သို.သော်လည်း ၁၄ကြိမ်မြောက် ပါတီကွန်ဂရက်အပြီး၌ ကျွန်တော်၏ လွတ်လပ်စွာသွားလာခွင့်ကို ကန်.သတ်ရန် ချမှတ်ခဲ့သည့် စည်းမျဉ်း ၆ ချက်၌ပင် ဤအချက်အားလုံးကို ခွင့်ပြုထားပြီးဖြစ်သည် ။ ဆိုလိုသည်မှာ ၅နှစ်ခွဲကြာ တစ်ဝက်တစ်ပျက် နေအိမ်အကျယ်ချုပ်ကျနေခဲ့ရာမှ ယခုအခါ ကျွန်တော်သည် တင်းပြည့်ကျပ်ပြည့် နေအိမ်အကျယ်ချုပ် ကျခံနေရခြင်းဖြစ်သည် ။ ဤအချက်မှာ စိုးရိမ်ဖွယ်ကောင်းသည့် ဥပဒေ ချိုးဖောက်မှု ဖြစ်ပါသည်။ လုံခြုံရေးဗျူရိုသည်လည်းကောင်း အစောင့်စစ်သားများသည်လည်းကောင်း ဤသို.သောဆုံးဖြတ်ချက်ကို သူတို.ဘာသာ ချမှတ်ခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားပါသည် ။ ဤအတွက် အကြောင်းရင်းအစစ်အမှန်မှာ မည်သည့်အရာပါနည်း ။ နဂိုချမှတ်ထားသည့် စည်းမျဉ်းများကို ဖျက်သိမ်းလိုက်ပြီး စည်းမျဉ်းအသစ်များ ချမှတ်လိုက်ကြပြီလော ။ မည်သို.ဖြစ်စေ ကျွန်တော့်ကို အသိမပေးခဲ့ပါ ။
ဤကဲ့သို. တရားဝင်မကြေငြာပဲ နေအိမ်အကျယ်ချုပ်ချထားခြင်းအား ဆိုရှယ်လစ်တရားဥပဒေစနစ်ကို ရိုင်းစိုင်းစွာ နင်းခြေဖျက်ဆီးမှုဟု ယူဆရန်မှတစ်ပါး အခြားမရှိပါ ။ ကျွန်တော်သည် ပါတီဝင်တစ်ယောက်အနေဖြင့် ပါတီစည်းမျဉ်းကို ချိုးဖောက်ခဲ့ပါက ပါတီအုပ်ချုပ်ရေးဋ္ဌါနသည် ကျွန်တော့်ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းအပါအဝင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူပိုင်ခွင့်ရှိပါသည် ၊ သို.သော် ကျွန်တော်၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကိုသော်လည်းကောင်း ကျွန်တော် ရပိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့် အခွင့်အရေးများကိုသော်လည်းကောင်း ဖယ်ရှားကန်.သတ်ခွင့်မရှိပါ ။ ပါတီပဋိဥာဉ်ကိုသော်လည်းကောင်း ၊ နိုင်ငံတော်၏ တရားဥပဒေကိုသော်လည်းကောင်း ချိုးဖောက်သည့် နည်းလမ်းများကို အသုံးပြု၍ ပါတီဝင်တစ်ယောက်ကို အရေးမယူရန် ပါတီပဋိဥာဉ်၌ တင်းကျပ်စွာ တားမြစ်ထားပြီးဖြစ်သည် ။ ဤစည်းမျဉ်းများကိုဖောက်ဖျက်သည့် အဖွဲ.အစည်းများ ၊ လူပုဂ္ဂိုလ်များကို ပါတီစည်းမျဉ်းများ နိုင်ငံတော်တရားဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူရပါမည် ။
နိုင်ငံသားတစ်ယောက်အနေနှင့် အကယ်၍ ကျွန်တော်သည် တရားဥပဒေကို ချိုးဖောက်ခဲ့ပါက ကျွန်တော်၏ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ကန်.သတ်မှုသည် တရားဥပဒေပါ လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေး အဖွဲ.အစည်းများသာလျှင် ဤအချက်တို.ကို ကြီးကြပ်စီမံနိုင်သည့် အခွင့်အာဏာရှိပါသည် ။ ဤအချက်များကို နိုင်ငံတော်၏ တရားဥပဒေများတွင် အတိအလင်း ပြဋ္ဌါန်းထားပြီးဖြစ်သည် ။ အထွေထွေရုံးသည် ဗဟိုကော်မတီ၏ အထူးအရေးပါသည့် အဖွဲ.အစည်းဖြစ်သော်လည်း ၎င်းသည် နိုင်ငံတော်တရားဥပဒေ စိုးမိုးရေး အဖွဲ.အစည်းမဟုတ်ပါ ။ နိုင်ငံတော်တရားဥပဒေ စိုးမိုးရေးအဖွဲ.အစည်းများတွင်ရှိသည့် လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခွင့်လည်း မရှိပါ ။
“တရားဥပဒေကိုသော်လည်းကောင်း ၊ ဘုရားသခင်ကိုသော်လည်းကောင်း အသိအမှတ်မပြု”ခဲ့သည့် အတိတ်ကာလများအတွင်းက အထက်တွင်ဖော်ပြထားသည့် ဖြစ်ရပ်မျိုးနှင့် အလာသဏ္ဍာန်တူသည့် အဖြစ်များ ပေါ်ပေါက်ခဲ့ပြီး လူတစ်ချို.၌ စိတ်ပိုင်းဆိုင်ရာ ပုံစံတစ်မျိုးနှင့် အပြုအမူပိုင်းဆိုင်ရာ ပုံစံတစ်မျိုး ဖြစ်ပေါ်စေခဲ့သည် ။ မည်သို.ပင်ဖြစ်စေ ထိုခေတ်သည် ကာလကြာမြင့်စွာကပင် ကွယ်ပျောက်သွားခဲ့ပြီဖြစ်ပါသည် ။
ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ စတင်အကောင်အထည်ဖော်ခဲ့စဉ်ကတည်းက ကျွန်တော်တို.၏ ပါတီနှင့် နိုင်ငံတော်သည် တရားဥပဒေ စိုးမိုးမှုကို အထူးအလေးထားခဲ့ပါသည် ။ အထူးသဖြင့် မကြာမှီက ပြီးဆုံးသွားသည့် ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်၏ နောက်ပိုင်းတွင် ဤကဲ့သို.သော အဖြစ်အပျက်မျိုး ဆက်လက်၍ အဖြစ်မခံသင့်ပါ ။
၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်သို. တင်သွင်းသည့် ရဲဘော်ကျန်ဇီမင်း၏ နိုင်ငံရေးအစီရင်ခံစာတွင် နိုင်ငံ့ရေးရာအားလုံးကို ဥပဒေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားဖို. အာမခံသည် ၊ ဥပဒေအားလုံးအတိုင်း ကျင့်သုံးလိုက်နာသွားမည် ၊ ချိုးဖောက်သူများကို အရေးယူ အပြစ်ပေးသွားပြီး မည်သည့်လူပုဂ္ဂိုလ် သို.မဟုတ် မည်သည့်အဖွဲ.အစည်းမျှ တရားဥပဒေအထက်တွင်မရှိစေရန် အာမခံသည် ၊ အစိုးရ အဖွဲ.အစည်းအားလုံးသည် ၎င်းတို.၏ လုပ်ငန်းဆောင်တာများကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည် ၊ နိုင်ငံသားတို.၏ အခွင့်အရေးများကို အခိုင်အမာ ကာကွယ်ပေးသွားပြီး တရားဥပဒေ စည်းမျဉ်းစည်းကမ်းများကို စွဲမြဲစွာ ဆုပ်ကိုင်ဖော်ဆောင်သွားမည် စသည့်အချက်များ အပါအဝင် ဆိုရှယ်လစ် တရားဥပဒေစနစ်ကို မွမ်းမံပြုပြင်သွားမည်ဟု ကမ္ဘာသို. အလေးအနက် ကတိပြုခဲ့ပြီးဖြစ်သည် ။ အထွေထွေအတွင်းရေးမှုး ကျန်ဇီမင်းသည် ပါးစပ်ပြောမျှသာမကပဲ ဤအချက်ကို အလေးအနက်ထားပြီး အကောင်အထည်ဖော်သွားလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည် ။
နေအိမ်ပြင်ပသို. သွားလာခွင့်နှင့် ဧည့်သည်များကို တွေ.ဆုံခွင့်တို.ကို ပိတ်ပင်ခံထားရပြီး အခြားသော အခွင့်အရေးများကိုလည်း ဖယ်ရှားခံထားရသည့် နိုင်ငံသားတစ်ယောက်အနေနှင့် ကျွန်တော့်ကို မေးခွင့်ပြုပါ ။ ဤလုပ်ရပ်များသည် တရားဥပဒေအတိုင်း ဆောင်ရွက်နေသည့် လုပ်ရပ်များဖြစ်ပါသလော။ သင်တို.သည် တရားဥပဒေအထက်မှ အထူးအခွင့်အရေးရှိသူများဖြစ်သည်ဟု ကိုယ့်ကိုကိုယ် မှတ်ယူနေကြပါသလော ။ အထွေထွေရုံးသည် ပါတီ၏ အဖွဲ.အစည်းတစ်ရပ်ဖြစ်ပြီး ဗဟိုမှခေါင်းဆောင်မှု၏ အောက်တွင်ရှိနေသည့် အဖွဲ.အစည်းဖြစ်သည် ။ သို.ဆိုလျှင် သင်တို.အနေဖြင့် မိမိတို.၏ လုပ်ရပ်အပြုအမူများသည် ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ကြေငြာခဲ့သည့် တရားဥပဒေ စိုးမိုးမှုဖော်ဆောင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် တိုက်ဆိုင်၍ အဘယ့်ကြောင့် ပြန်လည်ဆန်းစစ်မှု မပြုကြပါသနည်း ။
ထုံးစံအတိုင်းပင် ဤစာသည်လည်း မည်သည့်ရလာဒ်မှ ထွက်မလာခဲ့ပါ ။
ကျွန်တော်သည် မည်သည့်အကြောင်းပြန်ချက်မျှ မရသဖြင့် ရက်အနည်းငယ်အကြာတွင် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. ထပ်မံ၍ စာတစ်စောင်ရေးသား ပေးပို.ခဲ့ပြန်သည် ။ ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်မှ အသစ်ရွေးချယ်လိုက်သည့် တည်ဆဲကော်မတီဝင် ၇ ဦးလုံးထံသို. ပေးပို.ခဲ့ခြင်းဖြစ်သည် ။ ယခင်အကြိမ်များက တည်ဆဲကော်မတီသို. စာပို.လိုက်တိုင်း တစ်ယောက် သို.မဟုတ် နှစ်ယောက်ခန်.မျှသာ စာကိုလက်ခံရရှိခဲ့သည် ။ ထို.ကြောင့် ယခုအကြိမ်တွင်မူ တစ်ယောက်ချင်းစီသို. မိတ္တူတစ်စောင်စီ ပေးပို.ခဲ့သည် ။ စာမှာ အောက်ပါအတိုင်းဖြစ်သည် ။
ရဲဘော် ကျန်ဇီမင်း…….
စက်တင်ဘာလ ၁၂ ရက်နေ.က ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်သို. ဇွန်လ ၄ ရက် ဖြစ်စဉ်ကို ပြန်လည်အကဲဖြတ်ဖို. အကြံပြုသည့် စာတစ်စောင် ရေးသားပေးပို.ခဲ့ပါသည် ။ ဤစာကို သင်တို.အားလုံး ဖတ်ပြီးဖြစ်မည်ဟု ကျွန်တော်ယုံကြည်ပါသည် ။ စာပို.လိုက်သည့်အချိန်မှစ၍ ကျွန်တော့်ကို ဧည့်သည်လက်ခံတွေ.ဆုံခွင့်နှင့် နေအိမ်ပြင်ပသို. ထွက်ခွါခွင့်တို.ကို ပိတ်ပင်တားမြစ်ထားပါသည် ။ ကျွန်တော့်၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို လုံးဝကန်.သတ်ထားပါသည် ။ ယခင်က တစ်ဝက်တစ်ပျက် နေအိမ်အကျယ်ချုပ်ကျသည့် အနေအထားမှ လုံးဝနေအိမ်အကျယ်ချုပ်ကျသည့် အနေအထားသို. ပြောင်းလဲသွားခဲ့ပါသည် ။
ဤစိုးရိမ်ဖွယ်ကောင်းလှသည့် ဥပဒေ ချိုးဖောက်မှုနှင့်ပက်သက်၍ ဗဟိုကော်မတီ အထွေထွေရုံးသို. စာရေးပေးပို.ပြီး ဤပြဿနာကို ဖြေရှင်းပေးဖို. တောင်းဆိုခဲ့ပါသည် ။ သို.သော်လည်း ကျွန်တော်၏ နေအိမ်အကျယ်ချုပ်သည် ယနေ.ထိတိုင် တည်ရှိနေဆဲဖြစ်ပါသည် ။ ဤအကြောင်းကြောင့်ပင် ကျွန်တော့်အနေဖြင့် အခြားရွေးချယ်စရာမရှိတော့ပဲ ဤကိစ္စကို သင့်ထံသို. တင်ပြရခြင်းဖြစ်ပါသည် ။
ပါတီဝင်တစ်ယောက်အနေဖြင့် ပါတီကွန်ဂရက်သို. အကြံပြုခြင်းမှာ ပါတီဝင်အခွင့်အရေးကို ကျင့်သုံးခြင်းသာဖြစ်ပါသည် ။ ဤအချက်ကို ပါတီပဋိဥာဉ်တွင်လည်း အတိအလင်း ဖော်ပြထားသည် ။ ကျွန်တော်၏ အကြံပြုချက်များ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ၊ ပါတီကွန်ဂရက်မှ ၎င်းကို ဆွေးနွေးသည်ဖြစ်စေ မဆွေးနွေးသည်ဖြစ်စေ ကျွန်တော်သည် ပါတီပဋိဥာဉ်နှင့် နိုင်ငံတော်၏ တရားဥပဒေတို.ကို ချိုးဖောက်ခြင်းမရှိပါ ။ သို.သော်လည်း နေအိမ်အကျယ်ချုပ်ချထားခြင်းနှင့် နိုင်ငံသားတစ်ယောက်အနေဖြင့် ကျွန်တော်၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တို.ကို ပယ်ဖျက်ခံထားရခြင်းသည် ရာဇဝတ်သားတစ်ယောက်သဖွယ် ပြုမူဆက်ဆံခံရခြင်းဖြစ်သည် ။ ကျွန်တော်အနေဖြင့် မည်သည့်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ကျွန်တော် သိပင်မသိပါ ။ မည်သည့် ဥပဒေစိုးမိုးရေး အဖွဲ.အစည်းနှင့် မည်သည့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ နေအိမ်အကျယ်ချုပ်ချထားရသည်ကိုလည်း မသိရှိရပါ ။ လူတစ်ယောက်ကို ဤကဲ့သို. တရားဝင်မကြေငြာပဲ နေအိမ်အကျယ်ချုပ်ချထားခြင်းနှင့် နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့် အခွင့်အရေးများကို ဖယ်ရှားထားခြင်းသည် ဆိုရှယ်လစ်တရားဥပဒေ စနစ်ကို ရိုင်းစိုင်းစွာ နင်းခြေဖျက်ဆီးနေခြင်း မဟုတ်ပါသလော ။
ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှလွဲ၍ ကျွန်တော်တို.ပါတီ၏သမိုင်းတွင် မတူကွဲပြားသည့် အယူအဆရှိသူများကို ပုဂ္ဂိုလ်ရေးလွတ်လပ်မှု ဖယ်ရှားခြင်းနှင့် နေအိမ်အကျယ်ချုပ် ချထားခြင်းတို.မှာ ရှားပါးလှပါသည် ။ ၁၉၆၂ ခုနှစ်အတွင်းက ဥက္ကဋ္ဌကြီးမော် ဆင်နွှဲခဲ့သည့် လူတန်းစားတိုက်ပွဲ အရှိန်အမြင့်ဆုံးကာလမှာပင်လျှင် ဗိုလ်ချုပ်ပန်ဒီဟွေး၏ ရှည်လျှားလှသည့် ဝေဖန်ချက်များကို စိတ်ဆိုးဒေါသထွက်ခဲ့သော်လည်း ပန်၏ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို မပယ်ဖျက်ခဲ့ပါ ၊ ဖွံ.ဖြိုးရေး ကွပ်ကဲမှုဋ္ဌါနများသို.ပင်လျှင် စေလွှတ်ခြင်းမလုပ်ခဲ့ပါ ။ သို.သော်လည်း ကျွန်တော်တို.ပါတီအနေဖြင့် “လက်ဝဲစွန်း”ရောက်လွန်းခြင်း၏ သင်ခန်းစာများ ရရှိခဲ့ပြီးသည့်တိုင်အောင် ၊ လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ဆိုရှယ်လစ်တရားဥပဒေ စိုးမိုးမှုတည်ဆောက်ဖို. အကြိမ်ကြိမ် အလေးပေးကြိုးစားခဲ့သည့်တိုင်အောင် ၊ အထူးသဖြင့် အထွေထွေအတွင်းရေးမှုး ကျန်ဇီမင်းမှ ကျွန်တော်တို.ပါတီသည် နိုင်ငံကို တရားဥပဒေနှင့်အညီ စီမံခန်.ခွဲအုပ်ချုပ်သွားမည် ၊ တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်သွားမည်ဟု မကြာသေးမှီကမှ အလေးအနက် ကတိပြုကြေငြာသွားခဲ့သည့်တိုင်အောင် ဗဟိုကော်မတီ၏ ရှေ.မှောက်၌ပင် ဤကဲ့သို.သော ဆိုရှယ်လစ်တရားဥပဒေစနစ်ကို ရိုင်းစိုင်းစွာနင်းခြေမှုများ ဖြစ်ပွါးနေခြင်းကို စဉ်းစား၍ မရနိုင်လောက်အောင် နားမလည်နိုင်လောက်အောင် ဖြစ်ရပါသည် ။
ကျွန်တော်သည် ၁၉၈၉ ခုနှစ် ဇွန်လမှစ၍ တရားမဝင် တစ်ပိုင်းတစ်စ နေအိမ်အကျယ်ချုပ်သော်လည်းကောင်း လုံးဝနေအိမ်အကျယ်ချုပ်သော်လည်းကောင်း ကျရောက်ခဲ့ပါသည် ။ ယခုဆိုလျှင် ၈ နှစ်ခွဲမျှ ကြာမြင့်ခဲ့ပြီဖြစ်သည် ။ နောက်ထပ် မည်မျှကြာအောင် လွတ်လပ်ခွင့်များ ပိတ်ပင်ထားမည်လဲဆိုသည်ကို ကျွန်တော်မသိပါ ။ ဤကိစ္စသည် အသက် ၈၀ နားနီးလာပြီဖြစ်သည့်ကျွန်တော့်အား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအရ ဆိုးကျိုးကြီးမားစွာ သက်ရောက်သည်မှာ သံသယရှိစရာမလိုပါ ။
သို.သော်ငြားလည်း ပို၍ကြီးမားသည့် ဆိုးကျိုးသက်ရောက်သည်မှာ ကျွန်တော်တို.ပါတီနှင့် ပါတီဗဟိုကော်မတီ၏ ပုံရိပ်တို.အပေါ်သို.ဖြစ်သည် ။ ပြည်သူတို.သည် ကျွန်တော့်အပေါ် သက်ရောက်နေသည့် အဖြစ်အပျက်များကို ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ကြေငြာခဲ့သည့် စည်မျဉ်းဥပဒေများနှင့် တိုက်ဆိုင်ယှဉ်ထိုး၍ ဝေဖန်ဆန်းစစ်မှု မပြုကြတော့ပြီလော ။ ဤသို.ဆိုလျှင် လောလောလတ်လတ် ကြေငြာထားသည့် စည်းမျဉ်းဥပဒေတို.၏ ယုံကြည်စိတ်ချရမှုနှင့်ပက်သက်၍ သူတို.ဘာသာသူတို. မည်သို.ထင်မြင်ယူဆကြလေမည်နည်း ။ ထို.အပြင် နောက်မျိုးဆက်တို.က ပါတီ၏ လက်ရှိကာလ သမိုင်းကြောင်းကို အကဲဖြတ်ကြပါက မတူကွဲပြားသည့် အယူအဆများ ရှိနေသည့်အတွက် ပါတီဝင်တစ်ယောက်ကို ကာလရှည်ကြာစွာ နေအိမ်အကျယ်ချုပ်ချထားခြင်းနှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တို. ရုတ်သိမ်းတားမြစ်ထားသည့် ဤကာလကို မင်္ဂလာရှိ​၍ တင့်တယ်သည့် ကာလတစ်ခုဟု ယူဆကြလိမ့်မည် မဟုတ်ပါ ။
ဤစာကို အထွေထွေအတွင်းရေးမှုးနှင့် တည်ဆဲကော်မတီမှ ရဲဘော်များ အလေးဂရုပြုလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည် ။ ဗဟိုကော်မတီ၏ ရှေ.မှောက်တွင်ပင် တရားဥပဒေနှင့် လုပ်ထုံးလုပ်နည်းတို.ကို ဗြောင်ကျကျ ချိုးဖောက်နေသည့် ဤဖြစ်ရပ်သည် မကြာမှီအတွင်း၌ပင် ရပ်တန်.သွားလိမ့်မည်ဟု ကျွန်တော်မျှော်လင့်ပါသည် ။ ကျန်ရှိနေသေးသည့် ကျွန်တော့်ဘဝ၏ အချိန်များကို ဤအထီးကျန်၍ စိတ်မချမ်းမြေ.ဖွယ်ကောင်းသည့် အခြေအနေများတွင် ဆက်လက်မနေရတော့စေရန်အတွက် ကျွန်တော်၏ နေအိမ်အကျယ်ချုပ်ကို ရုတ်သိမ်းပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တို.ကို ပြန်လည်ပေးအပ်လိမ့်မည်ဟု ကျွန်တော်မျှော်လင့်ပါသည် ။
အလေးပြုလျှက်
ကျောက်ကျိယန်
ဤစာကို ပေးပို.ခဲ့သည် သို.သော် ယခင်ကကဲ့သို.ပင် အကြောင်းပြန်စာ မရခဲ့ပါ ။ နောက်ပိုင်း၌ အထွေထွေရုံးမှ ကျွန်တော့် အတွင်းရေးမှုးကို ဆင့်ခေါ်ပြီး စာကိုလက်ခံရရှိကြောင်း အတည်ပြုခဲ့သည် ။ သူတို.က ပထမအချက်အနေဖြင့် ဤသည်မှာ နေအိမ်အကျယ်ချုပ်မဟုတ်ကြောင်း (“နေအိမ်အကျယ်ချုပ်”ဟု ခေါ်ဝေါ်သုံးစွဲမည်ကို သူတို. အလွန်စိုးရိမ်ကြောက်ရွံ.ကြသည်) ၊ ဒုတိယအချက်အနေဖြင့် ဤကိစ္စကို ကျွန်တော့်ဘာသာကျွန်တော် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သူတို.က ပြောကြသည် ။ ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်သို. တင်သွင်းခဲ့သည့်စာ ပြည်ပသို. ပေါက်ကြားသွားမှုကို သူတို.က သွယ်ဝိုက်၍ ပြောနေခြင်းဖြစ်ပါလိမ့်မည် ။ ဤသည်မှာ
ကျွန်တော်၏ စာ ၂ စောင်နှင့်ပက်သက်၍ ရရှိခဲ့သည့် တစ်ခုတည်းသော တုံ.ပြန်မှုဖြစ်သည် ။ တကယ့်လက်တွေ.၌မူ ကျွန်တော်သည် နေအိမ်၌ပင် ဆက်လက်၍ ထိန်းသိမ်းခံရဆဲဖြစ်သည် ။
အမေရိကန်ပြည်ထောင်စုသို. ကျန်ဇီမင်း ခရီးမထွက်မှီအချိန်ထိ ကျွန်တော့်အပေါ်ချမှတ်ထားသည့် ကန်.သတ်ချက်များကို လျှော့ချပေးမည့် အရိပ်အရောင်မမြင်ရပဲ အချိန်ကာလတစ်ချို. ကုန်ဆုံးသွားခဲ့သည် ။ ထို.နောက် ထူးထူးခြားခြားပင် တစ်ရက်၌ ကျွန်တော့်ထံသို. ဇူနန်ဟိုင် (ပါတီဗဟို ရုံးချုပ်)ရှိ ကျန်းမာရေးဋ္ဌါနခွဲမှ ကျွန်တော့်အတွက် သတ်မှတ်ပေးထားသည့် မိသားစု ဆရာဝန် ရောက်ရှိလာပြီး ကျွန်တော့်အနေဖြင့် တစ်နေကုန် အိမ်တွင်းအောင်း၍ နေခြင်းသည် မကောင်းကြောင်း ရုတ်တရက် ပြောလာသည် ။
ကျွန်တော်က ရယ်၍ “ငါ့အတွက် ဘာများရွေးချယ်စရာရှိလို.လဲ”ဟု ပြန်ပြောလိုက်သည် ။
“အထွေထွေရုံးကို စာရေးပြီး ဒီကိစ္စကို တင်ပြမှာပေါ့ ၊ ဒါမှဆရာ အပြင်ကိုထွက်နိုင် ၊ ဂေါက်ရိုက်နိုင်မှာလေ”ဟု သူကပြောသည် ။
“ငါ့ကို အပြင်ထွက်ပြီး ဂေါက်ရိုက်ဖို.မဆိုထားနဲ. အိမ်ကိုလာတဲ့ ဧည့်သည်တောင်တွေ.ခွင့်ပေးတာမဟုတ်ဖူး”ဟု ကျွန်တော်ပြောလိုက်သည် ။
“ဒီကိစ္စကို ကျွန်တော်တို. တင်ပြကြည့်တာပေါ့”ဟု သူကပြန်ပြောသည် ။
ဤသည်မှာ ဇူနန်ဟိုင်ရှိ ကျန်းမာရေးဋ္ဌါနခွဲ အဖွဲ.ဝင်တစ်ယောက်အနေဖြင့် မကြုံစဖူး ထူးကဲသည့် အပြုအမူဖြစ်ပြီး အစဉ်အလာ လုပ်ထုံးလုပ်နည်းများနှင့် လုံးဝကိုက်ညီမှုမရှိပါ ။ ကျန်းမာရေးဋ္ဌါနခွဲ အဖွဲ.ဝင်များအား ဤကဲ့သို.သော ကိစ္စများတွင် ဝင်ရောက်ပြောဆိုဖို. ဘယ်တုန်းကမှ ခွင့်မပြုခဲ့ပါ ၊ ဤဆရာဝန်သည်လည်း ဤသို.သော အကြံပြုချက်မျိုး ဘယ်တုန်းကမှ မပေးခဲ့ဖူးပါ ။
ကျန်ဇီမင်းသည် သူ၏အမေရိကားခရီးစဉ်၌ အကယ်၍ တစ်စုံတစ်ယောက်က ကျောက်အကြောင်း သူ.အားမေးလာပါက ကျောက်ကို အကျယ်ချုပ်ချထားခြင်းမဟုတ်ကြောင်း မကြာသေးမှီကပင် ဂေါက်ကွင်း၌ ဂေါက်ရိုက်နေကြောင်း သူ.အနေဖြင့် ဖြေဆိုရှင်းလင်းပြဖို. မျှော်လင့်ထားပုံရသည်ဟု ကျွန်တော်ထင်မြင်လာမိသည် ။ ဤသို.ယူဆလျှက် “ဒီကိစ္စထဲမှာ မင်းဝင်ပြီးမပါသင့်ဘူး ။ ဘယ်လိုပဲဖြစ်စေ ငါအခုတစ်လော ဂေါက်ရိုက်ချင်စိတ်မရှိဘူး”ဟု ကျွန်တော်သူ.ကိုပြန်ပြောလိုက်သည် ။
ကျွန်တော်သူ.ကို အေးတိအေးစက် ပမာမခန်.ပင် တုံ.ပြန်ခဲ့သည် ။ ဆရာဝန်တစ်ယောက်သည် အဘယ့်ကြောင့် ဤကိစ္စမျိုးတွင် ဝင်ရောက်ပက်သက်ရပါသနည်း ။ အထွေထွေရုံး၏ အမိန်.အရသာ လုပ်ခြင်းဖြစ်သည် ။ ထို.နောက်တွင် ပါတီ အထွေထွေရုံးမှ ကျွန်တော့်အတွင်းရေးမှုးကို ဆင့်ခေါ်ပြီး ယခုအချိန်မှစ၍ ဂေါက်ရိုက်ခြင်းကို ခွင့်ပြုကြောင်း ပြောကြားခဲ့သည် ။ ကျွန်တော့်အား ယခင်က ယန်ဝမ်တောင်း၏ အသုဘပွဲသို. တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သော်လည်း နောက်နောင်တွင် ဤကဲ့သို.သော အသုဘပွဲများသို. တက်ရောက်ခြင်းကို ခွင့်ပြုမည်ဟု ဆိုသည် ။ ဧည့်သည်လက်ခံတွေ.ဆုံခြင်းနှင့်ပက်သက်၍မူ ဘာမှပြောကြားခြင်းမရှိပါ ။
ထို.ကြောင့် စည်းမျဉ်းစည်းကမ်းကန်.သတ်ချက်များကို လျှော့ချပေးလိုက်ကြောင်း ရှင်းလင်းလာပါသည် ။ ဧည့်သည်များနှင့် ပြင်ပသို. သွားလာခြင်းများကိုမူ ခွင့်မပြုပါ ။ သို.သော်လည်း လူထုနှင့်အများပြည်သူအကြားတွင် အပြကောင်းစေရန်အတွက် ကျွန်တော့်ကို ဂေါက်ရိုက်ခြင်းနှင့် အသုဘအခမ်းအနားတချို. တက်ရောက်ခြင်းတို.ကို ခွင့်ပြုလာသည် ။ ဤသို.သော နည်းဗျူဟာများကျင့်သုံးလာခြင်းကို ရယ်ရမလော ငိုရမလော ကျွန်တော်မပြောတတ်တော့ပါ ။ ကျွန်တော်သည် ဂေါက်သီးရိုက်ရန် အေးဆေးစွာပင် ငြင်းပယ်လိုက်ပြီး ပြင်ပထွက်၍ သွားလာရမည်ကိုလည်း လုံဝပင် ငြင်းဆန်ခဲ့သည် ။ မည်သည့် အသုဘ အခမ်းအနားမှလည်း တက်ရောက်ခြင်းမပြုခဲ့ပါ ။
ထို.ကြောင့်လည်း ၁၉၉၇ ခုနှစ်တွင် ဆောင်းရာသီအတွင်း၌ မည်သည့်နေရာကိုမှ မသွားခဲ့ပါ ။ ဆောင်းတွင်းတစ်လျှောက်လုံး ဘေဂျင်းတွင်ပင် ကျွန်တော် နေထိုင်ခဲ့သည် ။ ဘေဂျင်းသည် ခြောက်သွေ.၍ ဖုန်ထူပြီး ကျွန်တော်၏ အသက်ရှုလမ်းကြောင်းကို ဒုက္ခကြီးစွာပေး၍ ပြင်းထန်စွာ ချောင်းဆိုးစေသည့်တိုင်အောင်ပင် ဘေဂျင်းမှထွက်ခွါဖို. ကျွန်တော် ငြင်းဆန်ခဲ့ပါသည် ။
ဤသေးဖွဲသည့် အကြောင်းအရာလေးများကို ပြောနေရသည်မှာ အဓိပ္ပါယ်မရှိလှပါ ။ သို.သော်လည်း ဤအချက်သည် သူတို.၏ စိတ်ထားကို ဖော်ပြနေပါသည် ။ တစ်ဖက်တွင် သူတို.သည် တရားဥပဒေကို မျက်ကွယ်ပြု၍ ကျွန်တော်၏ လှုပ်ရှားသွားလာမှုများကို ကျိုးကြောင်းဆီလျော်မှုမရှိ ကန်.သတ်တားမြစ်နေပြီး အခြားတစ်ဖက်တွင်မူ သူတို.သည် ပြင်ပကမ္ဘာနှင့် သတင်းမီဒီယာတို.နှင့် ထိတွေ.ရမည်ကို စိုးရိမ်ထိတ်လန်.နေကြသည် ။
၁၉၉၇ ခုနှစ် အောက်တိုဘာလမှ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလအတွင်း မူလသတ်မှတ်ထားသည့် စည်းကမ်း ၆ ချက်ကို လျှော့မပေးရုံမျှသာမက ပို၍တင်းကျပ်သည့် ကန်.သတ်ချက်များပင် ထပ်မံဖြည့်စွက်ခဲ့ပြီး ဧည့်သည်တွေ.ဆုံခွင့်နှင့် နေအိမ်ပြင်ပသို. ထွက်ခွင့်တို.ကိုလည်း တားမြစ်ပိတ်ပင်ခဲ့ကြသည် ။ ဤအခြေအနေများသည် ၂ နှစ်ကျော်မျှ ကြာမြင့်တည်ရှိနေခဲ့သည် ။
အချိန်ကာလများ ကုန်ဆုံးလွန်မြောက်သွားသည်နှင့်အမျှ ကန်.သတ်ချက်များကို အနည်းငယ်မျှ လျှော့ချပေးလာခဲ့သည် ။ ဆွေမျိုးများလည်ပတ်ခြင်းကို ခွင့်ပြုလာသည် ၊ အငယ်တန်းရာထူးနေရာများရှိ ရဲဘော်တစ်ချို.နှင့် အငြိမ်းစားယူထားသည့် ဝါရင့်ရဲဘော်တစ်ချို.တို. ကျွန်တော့်အိမ်သို. လည်ပတ်ခြင်းကိုလည်း ခွင့်ပြုလာသည် ။ သို.သော် အငြိမ်းစားယူထားသည့် အဆင့်မြင့်ခေါင်းဆောင်(ဥပမာအားဖြင့် - ဝန်ကြီး သို.မဟုတ် ဒုတိယဝန်ကြီး ရာထူးများရှိခဲ့သူများ)များ လည်ပတ်ခြင်းကိုမူ ဆက်လက်၍ ပိတ်ပင်ထားမြဲဖြစ်သည် ။ သိကြသည့်အတိုင်းပင် ဤအချက်ကို သူတို.သည် မည်သည့်အခါမျှ ထုတ်ဖော်ပြောကြားခြင်းမရှိပါ ။
လွန်ခဲ့သည့်နှစ်(၁၉၉၉ ခုနှစ်)၏ နောက်ပိုင်းနှစ်ဝက်တွင် ရဲဘော် ကျောက်ကျန်မင်(ရှန်ဒေါင်းပြည်နယ် အုပ်ချုပ်ရေးမှုး)ကို ကျွန်တော့်ထံ အလည်လာခွင့်ပြုဖို. ကျွန်တော် တောင်းဆိုခဲ့သည် ။ သို.သော် အထွေထွေရုံးက သူ.ကို လာရောက်လည်ပတ်ခွင့် မပြုနိုင်ကြောင်း ချက်ချင်းပင် အကြောင်းပြန်လာသည် ။ နောက်တစ်ကြိမ်တွင် ကျွန်တော်က ရဲဘော် ရှားဟွန်ဒါး(ဗဟိုစစ်ကော်မရှင် အထွေထွေရုံး ညွှန်ကြားရေးမှုး)ကို လည်ပတ်ခွင့်ပြုဖို. တောင်းဆိုခဲ့ရာ ၊ ဤတောင်းဆိုချက်ကိုလည်း ဗဟိုကော်မတီ အထွေထွေရုံးမှ ပယ်ချခဲ့သည် ။
၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်တော်၏ ယခင်အတွင်းရေးမှုး ရဲဘော် ယန်ဝမ်ချောင်း အငြိမ်းစားယူရမည့် အချိန်ရောက်လာသဖြင့် အတွင်းရေးမှုး အသစ်တစ်ယောက် ခန်.အပ်သည် ။ အတွင်းရေးမှုးသစ် ခန်.အပ်ကြောင်း ကြေငြာရန် ပါတီကော်မရှင် အထွေထွေရုံးမှ ရဲဘော် ၂ ယောက်ကို ကျွန်တော်နှင့် ဆွေးနွေးရန် စေလွှတ်ခဲ့သည် ။
ကျွန်တော်က ကိစ္စရပ် ၂ ခုကို တောင်းဆိုရန် ဤအခွင့်အရေးကို အသုံးချခဲ့သည် ။ ပထမအချက်မှာ ဆောင်းရာသီ၌ ဘေဂျင်းမှထွက်ခွါ၍ ဂွမ်ဒေါင်း သို.မဟုတ် ဟိုင်နန်သို. သွားရောက်ခွင့်ပြုရန် တောင်းဆိုခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ၁၀ နှစ်မျှ ကြာမြင့်လာပြီဖြစ်သည့် နေအိမ်အကျယ်ချုပ် အထူးသဖြင့် ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက် အပြီးတွင် ချမှတ်ထားသည့် လုံးဝနေအိမ်အကျယ်ချုပ်ကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည် ။
ရက်အနည်းငယ်အကြာ၌ ကျွန်တော်၏ အတွင်းရေးမှုးမှတစ်ဆင့် ကျွန်တော့်ကို ဖူကျင့် ၊ ဂွမ်ဒေါင်းနှင့် ဟိုင်နန်တို.သို. သွားခွင့်မပြုနိုင်ကြောင်း သို.သော် တခြားနေရာဒေသတို.သို. သွားနိုင်ကြောင်း အကြောင်းပြန်လာသည် ။ ထို.ကြောင့် သူတို.၏ အနေအထားမှာ အနည်းငယ်မျှ အလျှော့ပေးလာဟန်ရှိသည် ။ ယေဘုယျအားဖြင့် ဧည့်သည်များလာရောက်ခြင်းကို ယခင်ကကဲ့သို. ခွင့်ပြုလာသည် ။ တစ်ချို.ကို ခွင့်ပြု၍ တစ်ချို.ကို ခွင့်မပြု ။
ကျွန်တော်က ချက်ချင်းပင် ရဲဘော်ကျောက်ကျန်မင်ကို အလည်လာခွင့်ပြုဖို. တောင်းဆိုခဲ့သည် ။ သူအလည်လာခြင်းကို ခွင့်ပြုခဲ့ပြီး ခေတ္တခဏမျှ လာရောက်လည်ပတ်ခဲ့သည် ။ နောက်ပိုင်းတွင် ရဲဘော် ရှားဟွန်ဒါး ၊ ဒူဒေါင်းဇန်(ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး အထွေထွေအုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှုး)နှင့် ယော်ဇင်ဟွား (ဂေါင်မင်း နေ.စဉ်သတင်းစာ အယ်ဒီတာချုပ်)တို.လည်း လာရောက်လည်ပတ်ခဲ့ကြသည် ။ ခြုံငုံ၍ သုံးသပ်ပါက နဂိုမူလ စည်းကမ်း ၆ ချက်သို. ပြန်လည်၍ လျှော့ချပေးလိုက်ဟန်ရှိသည် ။
(ကျောက်ကျိယန်၏ Prisoner of The State စာအုပ် Part 2, Chapter 2 Zhao’s Lonley Struggle ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

Friday, March 12, 2010

စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ (နိုင်ငံတော်အကျဉ်းသား)

အပိုင်း ၂
အခန်း ၁
စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ
အစီရင်ခံစာ မူကြမ်းကို “ရဲဘော်ကျောက်ကျိယန်နှင့် ၁၉၈၉ ခုနှစ် နိုင်ငံရေးဆူပူအုံကြွမှုကြားက ဆက်စပ်မှုများ”ဟု ခေါင်းစဉ်တပ်ထားသည် ။ အစီရင်ခံစာပါ အချက် ၃၀မှာ အောက်ပါအတိုင်းဖြစ်သည် ။

၁ ။ ဧပြီလ ၁၅ ရက်နေ. ညနေခင်းတွင် ရဲဘော်ဟူကျိလီနှင့် (ရှန်ဟိုင်းပါတီ အထွေထွေအတွင်းရေးမှုး) ရူဇင်းဝမ်တို.က ရဲဘော်ကျိယန်ကို ရဲဘော်ဟူယောင်ဘန်း ကွယ်လွန်အပြီး ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအခြေအနေများနှင့်ပက်သက်၍ လမ်းပေါ်ဆန္ဒပြမှုများနှင့် စုရုံးမှုများ ဖြစ်ပေါ်လာနိုင်သည့် အလားအလာရှိနေကြောင်းနှင့် တစ်စုံတစ်ယောက်က အခြေအနေကို အမြတ်ထုတ်အသုံးချ၍ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာရန် လုပ်ဆောင်ဖွယ်ရှိကြောင်းဖြင့် အစီရင်ခံကြသည် ။ သူတို.က ဒေသဆိုင်ရာ အစိုးရများကို နိုးနိုးကြားကြားသတိရှိနေကြဖို. ဗဟိုကော်မတီမှ သတိပေးချက်ထုတ်ပြန်ရန် အကြံပေးကြသည် ။ ကျိယန်သည် ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာနိုင်သည့် သတိပေးချက်ကို အလေးအနက် မထားခဲ့ပဲ သတိပေးချက် ထုတ်ပြန်ဖို. မလိုအပ်ဟု ယူဆခဲ့သည် ။ ဧပြီလ ၁၆ ရက်နေ.တွင် ပြည်သူ.လုံခြုံရေးဝန်ကြီးဋ္ဌါနမှ အခြေအနေမှာ ပို၍စိုးရိမ်ဖွယ်ကောင်းလာသည်ဟု ယူဆ၍ ဒေသအသီးသီးသို. သတိပေးချက်တစ်စောင်ကို ၎င်းဝန်ကြီးဋ္ဌါန၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ထုတ်ပြန်ခဲ့သည် ။

၂ ။ ရဲဘော်ဟူယောင်ဘန်းအား အောက်မေ့ခြင်းအထိမ်းအမှတ်ပွဲများ ကျင်းပနေသည့် အချိန်ကာလများ အတွင်း၌ ဆူပူအုံကြွမှု အရိပ်အယောင်များမှာ တစ်နေ.ထက်တစ်နေ. ပို၍ထင်ရှားလာသည် ။ ဗဟိုကော်မတီဝင် ရဲဘော်များစွာနှင့် ဘေဂျင်းမြူနီစီပယ်အစိုးရတို.က ဖြစ်စဉ်ဖြစ်ရပ်များ၏ သဘာဝမှာ ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည် ။ ဗဟိုကော်မတီအနေဖြင့် ရှင်းလင်းသည့် ဗျူဟာတစ်ရပ်ချမှတ်ဖို.နှင့် အခြေအနေများ ထို.ထက်ပို၍ ဖြစ်ပေါ်ပြောင်းလဲသွားခြင်းကို ရပ်တန်.ပစ်ဖို.အတွက် အရေးယူဆောင်ရွက်မှု အစီအစဉ်များ ချမှတ်ရန် မြောက်များစွာသော ဖြစ်စဉ်ဖြစ်ရပ်များက ကျောက်ကျိယန်အား တောင်းဆိုနေကြသည် ။ သို.သော်လည်း သူက ဤအကြောင်းကို အသေးစိတ်ဆွေးနွေးရန် အမြဲတမ်းရှောင်ရှားခဲ့သည် ။ ဧပြီလ ၂၃ ရက်နေ. မြောက်ကိုရီးယားသို. သူခရီးမထွက်မှီ၌ ဗဟိုကော်မတီဝင် ရဲဘော်များက အစည်းအဝေးတစ်ခု ခေါ်ယူဖို. သူ.အားထပ်မံတောင်းဆိုကြသည် ။ သို.သော် သူက ပယ်ချခဲ့သည် ။

၃ ။ ဧပြီလ ၁၉ ရက်နေ.၌ ရှန်ဟိုင်း ကမ္ဘာ.စီးပွါးရေး သံတော်ဆင့် သတင်းစာနှင့် အမြင်သစ် မဂ္ဂဇင်းတို. ပူးပေါင်း၍ ရဲဘော်ဟူယောင်ဘန်းကို အောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် စာတမ်းဖတ်ပွဲတွင် (၁၉၈၇ ခုနှစ်က ပြုလုပ်ခဲ့သည့်) ဘူဇွာလစ်ဘရယ်ဆန်.ကျင်ရေး လှုပ်ရှားမှုကို ပေါ်ပေါ်တင်တင် ရှုတ်ချခဲ့သည် ။ သူတို.က လှုပ်ရှားမှုကို လူအများက လက်မခံကြောင်း ပြောကြားခဲ့၍ ဗဟိုကော်မတီဝင် ဝါရင့်ရဲဘော်များကို တိုက်ခိုက်ခဲ့ပြီး ဗဟိုကော်မတီအနေဖြင့် ၎င်း၏အမှားများကို ဝန်ခံရမည်ဟု တောင်းဆိုခဲ့သည် ။ နိုင်ငံရေးဆူပူအုံကြွမှုအတွက် လမ်းညွှန်ချက်မူဝါဒများကို ပထမဦးဆုံးအကြိမ်အဖြစ် ချမှတ်အဆိုပြုခဲ့သည် ။ ဧပြီလ ၂၄ ရက်နေ.တွင် ကမ္ဘာ.စီးပွါးရေး သံတော်ဆင့်သတင်းစာက ဘေဂျင်းတွင်ဖြစ်ပွါးနေသည့် ဆူပူအုံကြွမှုကို ပဲ့တင်ထပ်သည့်အနေဖြင့် အဆိုပါစာတမ်းဖတ်ပွဲအကြောင်းကို အသေးစိတ် ရေးသားဖော်ပြခဲ့သည် ။ ဧပြီလ ၂၆ ရက်နေ.တွင် ရှန်ဟိုင်းပါတီကော်မရှင်က အုပ်ချုပ်ရေးဆိုင်ရာ ပြစ်ဒဏ်ခတ်မှုအဖြစ် သတင်းစာ ဖြန်.ဝေမှုကို ရပ်ဆိုင်းရန် အမိန်.ထုတ်ပြန်ခဲ့ပြီး သတင်းစာတိုက်၏ ဝန်ထမ်းများကို ပြန်လည်ဖွဲ.စည်းခဲ့သည် ။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည့် လုပ်ရပ်ဖြစ်သည် ။ သို.သော်လည်း မြောက်ကိုရီးယားခရီးစဉ်မှ ကျောက်ကျိယန် ပြန်ရောက်လာသည့်အခါ၌ အဆိုပါဆုံးဖြတ်ချက်ကို ထောက်ခံမှုမပြုရုံမျှသာမက ရှန်ဟိုင်းပါတီကော်မရှင်အား အခြေအနေကို ပို၍ဆိုးဝါးအောင်ပြုလုပ်ပြီး လွဲမှားသည့် လမ်းကြောင်းပေါ်သို. တွန်းပို.သည်ဟု စွပ်စွဲခဲ့သည် ။ မေလ ၂ ရက်နေ.တွင် (တရုတ်ပြည်ဒီမိုကရက်တစ် အဖွဲ.ချုပ် ဥက္ကဋ္ဌ) ဖိုင်စိတုန် အပါအဝင် အခြားနိုင်ငံရေးအဖွဲ.အစည်းများမှ ခေါင်းဆောင်များနှင့် ဆွေးနွေးစဉ်၌ သူက “တင်းမာနေတဲ့အခြေအနေတွေကို လျှော့ချဖို. နှစ်ဖက်စလုံးက ဂုဏ်သိက္ခာရှိရှိနဲ. နောက်ဆုတ်ပေးကြရင် ပိုပြီးကောင်းလိမ့်မယ် ။ ရှန်ဟိုင်းပါတီကော်မရှင်ကို အခြေအနေနဲ. လိုက်လျောညီထွေဖြစ်အောင် နောက်ဆုတ်ပေးဖို. သတင်းစကားပါးလိုက်ပါ”ဟု ပြောကြားခဲ့သည် ။ မေလ ၁၁ ရက်နေ.တွင် (ထိုစဉ်က ရှန်ဟိုင်းပါတီ အကြီးအကဲ) ရဲဘော်ကျန်ဇီမင်းနှင့် ကမ္ဘာ.စီးပွါးရေး သံတော်ဆင့်သတင်းစာအကြောင်း ဆွေးနွေးစဉ်၌ “ငါမင်းအပေါ်ကို ဖိအားတွေပေးနေမှာမဟုတ်ဖူး ၊ ဒီပြဿနာထဲမှာလည်း ငါဝင်မပါဘူး ။ ဒီကိစ္စကို မင်းဘာသာမင်းရှင်းပါ ။ တကယ်လို. နောင်တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က ဒီကိစ္စအကြောင်းမေးလာခဲ့ရင် ငါဘာမှမသိဘူးလို.ဘဲ ပြန်ပြောမယ်”ဟု သူကပြောခဲ့သည် ။

၎ ။ အနှစ် ၇၀ မြောက် မေလ ၄ ရက် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား၌ ရဲဘော်ကျောက်ကျိယန် မိန်.ခွန်းမပြောမှီ မေလ ၃ ရက်နေ.တွင် ယန်ရှန်ကွမ်း ၊ လီပန်း ၊ ယော်ယိလင်နှင့် လီရှင်မင်း အပါအဝင် ရဲဘော်အများအပြားက ထိုစဉ်က ဖြစ်ပွါးနေသည့် ပါတီဆန်.ကျင်ရေး ၊ ဆိုရှယ်လစ်စနစ် ဆန်.ကျင်ရေး ဆူပူအုံကြွမှုသည် ဘူဇွာလစ်ဘရယ်ဝါဒ ကာလရှည်ကြာစွာ ပြန်.နှံ.လာခဲ့ခြင်း၏ ဆိုးဝါးသည့် တိုက်ရိုက်အကျိုးဆက်ပင်ဖြစ်သည်ဟု သူတို.၏ ယုံကြည်ချက်ကို ပြောပြခဲ့သည် ။ ထို.ကြောင့် သူတို.က ကျောက်အား သူ၏မိန်.ခွန်းတွင် ဆူပူအုံကြွှမှုကို ကြိုးကိုင်သူများ၏ နိုင်ငံရေးအဆိုပြုချက်များကို ဦးတည်၍ ဘူဇွာလစ်ဘရယ်ဝါဒကို ပြတ်ပြတ်သားသား ရှုတ်ချသည့် အချက်များ ထည့်သွင်းဖော်ပြရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြသည် ။ သို.သော်လည်း ဤတိုက်တွန်းချက်များကို ကျောက်က ပယ်ချခဲ့သည် ။

၅ ။ ဧပြီလ ၂၃ ရက်နေ. မြောက်ကိုရီးယားသို. ခရီးမထွက်မှီတွင် ကျောက်က သူ၏ကိုယ်ရေးအရာရှိ ပေါက်တုန်အားခေါ်ယူ၍ ကျောင်းသားဆန္ဒပြပွဲများ၏ ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်ရန် မှာကြားခဲ့သည် ။ ဧပြီလ ၃၀ ရက်နေ. ဘေဂျင်းသို. ကျောက်ပြန်ရောက်၍ ခရီးမဆိုက်ပင် ပေါက်တုန်က ဧပြီ ၂၆ ရက် အယ်ဒီတာ့အာဘော်သည် ပြင်းထန်သည့် လေသံဖြင့် ရေးသားထားကြောင်း ၊ အခြေအနေအားလုံးကို ပြည့်စုံစွာ ဆင်ခြင်သုံးသပ်ထားခြင်း မရှိကြောင်းနှင့် နဂိုမူလက မည်သည့်ဘက်ကိုမျှ မပါဝင်သည့် ကျောင်းသားများကို ထိပ်တိုက်ရင်ဆိုင်လိုသည့် အနေအထားသို. တွန်းပို.ခဲ့ကြောင်းဖြင့် အစီရင်ခံတင်ပြခဲ့သည် ။ ရက်ပေါင်းများစွာကြာပြီးနောက်၌ ကျောက်က ဧပြီ ၂၆ရက် အယ်ဒီတာ့အာဘော်သည် ချို.ယွင်းချက်များ ပါဝင်နေသည်ဟု သူလည်းခံစားရကြောင်း ပေါက်တုန်ကို ပြောခဲ့သည် ။

၆ ။ မေလ ၁ ရက်နေ.တွင် ကျောက်က ကျောင်းသားဆန္ဒပြပွဲများ၏ အခြေအနေကို သူ၏ အတွင်းရေးမှုး လီယုံအား မေးမြန်းခဲ့သည် ။ ဧပြီလ ၂၇ ရက်နေ.တွင် ကျောင်းသားဆန္ဒပြပွဲများအကြောင်း ဆွေးနွေးရာ၌ ဆန္ဒပြပွဲများက ကျောင်းသားများသည် အယ်ဒီတာ့အာဘော်ကို မကျေနပ်ချက်ကို ညွှန်ပြနေခြင်းပင်ဖြစ်ကြောင်း ၊ သို.သော် ၎င်းသည် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၊ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည့် ရပ်တည်ချက်ကို ပြန်လှည့်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ကျောက်က ပြောခဲ့သည် ။

၇ ။ မေလ ၂ ရက်နေ. နေ.ခင်းပိုင်း၌ ကျောင်းသားဆန္ဒပြပွဲများအကြောင်း ဆွေးနွေးရန် ကျောက်သည် ဖိုင်စိတုန် ၊ လိုင်ကျိကျင်နှင့် ဆန်ကျိမန် အစရှိသည့် အခြားနိုင်ငံရေးအဖွဲ.အစည်းများမှ ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည် ။ ထိုစဉ်ကာလအတွင်းက ဗဟိုကော်မတီသည် ဆူပူအုံကြွှမှုကို ပြတ်ပြတ်သားသား ဆန်.ကျင်သည့် မဟာဗျူဟာကို အတိအလင်း အဆိုပြုချမှတ်ထားပြီးဖြစ်သည် ။ ကျောက်ကျိယန်သည် ဗဟိုကော်မတီ၏ မဟာဗျူဟာကို အကောင်အထည်ဖော်သင့်သည် ။ သို.သော်လည်း လူအချို.က ဆန္ဒပြမှုများကို ဦးစွာပထမ ဝေဖန်ဆန်းစစ်ခြင်းမပြုကြပဲ ကျောင်းသားလှုပ်ရှားမှုများကို “ဆူပူအုံကြွှမှု”ဟု တံဆိပ်တပ်ခြင်းသည် သင့်လျော်မှုမရှိဟု ဝေဖန်ကြသောအခါ ကျောက်သည် သူတို.ကို အယူဝါဒရေးရာအရ စည်းရုံးသိမ်းသွင်းဖို. ပျက်ကွက်ခဲ့ရုံသာမက “ဒီနေ. ခင်ဗျားတို.ရဲ. အကြံပေးမှုတွေက အခြေအနေတွေကို ပိုပြီးနားလည်လာအောင် အထောက်အကူပြုပါတယ်”ဟု ပြောကြား၍ သူတို.၏ အယူအဆကို ထောက်ခံခဲ့သည် ။ ဤဆွေးနွေးပွဲအပြီး၌ ကျောက်က ရဲဘော် ယန်မင်ဖူး (ဆက်ဆံရေးဝန်ကြီးဋ္ဌါန အကြီးအကဲ)အား ပြည်သူ.နေ.စဉ်သတင်းစာ၏ ဧပြီလ ၂၆ ရက်နေ. အယ်ဒီတာ့အာဘော်ပါ တံဆိပ်တပ်မှုမှာ မှားယွင်းကြောင်း ၊ တည်ဆဲပေါ်လစ်ဗျူရိုကော်မတီဝင် ရဲဘော်များသည် ဘေဂျင်းပါတီကော်မရှင်၏ တစ်ဖက်သက် အမြင်များကိုသာ တိန်.ရှောင်ပင်းထံသို. အစီရင်ခံခဲ့သည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည် ။ ယခုအခါတွင် အခြေအနေအရပ်ရပ်၏ ဦးတည်ရာကို ပြန်လှည့်ပစ်ဖို. အလွန်ပင်ခက်ခဲနေပြီဖြစ်သည် ။ အဓိက အကျဆုံးမှာ ရဲဘော်ရှောင်ပင်းကို မည်ကဲ့သို. သွေးဆောင်မည်လဲ ဆိုသည့်အချက်ဖြစ်သည် ။ သူကသာ အခြေအနေအရပ်ရပ်ကို ပိုမို၍ တွက်ချက်မိခဲ့သည်ဟု ပြောခဲ့ပါက တည်ဆဲကော်မတီဝင်များ၏ အတွေးအခေါ်ကို စုစည်းနိုင်ပြီး ပါတီသည် အခြေအနေများကို ပြန်၍ ဦးလှည့်ပေးနိုင်လိမ့်မည် ။ ကျောက်က သူ၏အယူအဆများကို ယန်ရှန်ကွမ်းနှင့် ဆွေးနွေးအမြင်ဖလှယ်ရန် ယန်အားပြောကြားခဲ့ပြီး ရဲဘော်တိန်.ရှောင်ပင်းထံသို. သွားရောက်တွေ.ဆုံရာတွင် ရဲဘော်ရှန်ကွမ်းပါ သူနှင့်အဖော်အဖြစ် လိုက်ပါနိုင်လိမ့်မည်ဟု သူ၏မြော်လင့်ချက်ကို ပြောပြခဲ့သည် ။ ရဲဘော်ယန်မင်ဖူးသည် ရဲဘော်ရှန်ကွမ်းနှင့် တွေ.ဆုံအပြီး ထိုနေ.ညနေခင်းတွင် ကျောက်ကို ပြန်လည်အစီရင်ခံရာ၌ ရဲဘော်ရှောင်ပင်း၏ ဆူပူအုံကြွှမှုနှင့်ပက်သက်သည့် အယူအဆမှာ သေသေချာချာ စဉ်းစားသုံးသပ်ထားခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ကြောင်း ရဲဘော်ရှန်ကွမ်းက ပြန်လည်ပြောပြခဲ့သည်ဟု တင်ပြခဲ့သည်။

၈ ။ မေလ ၃ ရက် နံနက်ခင်း၌ ဧပြီလ ၂၆ ရက် အယ်ဒီတာ့အာဘော်နှင့်ပက်သက်၍ ကျောက်ကျိယန်က ယန်ရှန်ကွမ်းနှင့် ဆွေးနွေးခဲ့သည် ၊ ထို.နောက်၌ ကျောက်က သူ၏အတွင်းရေးမှုး လီယုံအား အယ်ဒီတာ့အာဘော်ပါ ရပ်တည်ချက်ကို ပြောင်းလဲပစ်ဖို. ခက်ခဲသည်ဟု ထင်ရကြောင်း ၊ ထိုအစား ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို လျှော့ချဖို. အခြေအနေများကို ဖြည်းဖြည်းချင်း ဦးလှည့်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ။

၉ ။ မေလ ၄ ရက်နေ.နံနက်ပိုင်းတွင် အာရှဖွံ.ဖြိုးရေးဘဏ် အုပ်ချုပ်ရေးဘုတ်အဖွဲ. နှစ်ပတ်လည် အစည်းအဝေး၌ ပြောကြားမည့် မိန်.ခွန်းကို ကျောက်က နှုတ်တိုက်ချပေးပြီး ပေါက်တုန်က အချောသတ်ရေးသားခဲ့သည် ။ သူသည် တည်ဆဲကော်မတီဝင် မည်သည့်ရဲဘော်နှင့်မျှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိပဲ ဆူပူအုံကြွှမှုများကို တားဆီးမည့် ဗဟိုကော်မတီ၏ မဟာဗျူဟာများနှင့် လုံးဝဆန်.ကျင်သည့် သူ၏မိန်.ခွန်းကို ပြောကြားခဲ့သည် ။ ထိုစဉ်အချိန်က ပြင်းထန်သည့် ဆူပူအုံကြွှမှုများ ဖြစ်ပွါးနေပြီဖြစ်သည် သို.သော် သူကဆန်.ကျင်ဖက်ပြောကြားခဲ့သည် ၊ “တရုတ်ပြည်မှာ ကြီးမားတဲ့ ဆူပူအုံကြွှမှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး ။ ဒီအချက်ကို ကျွန်တော် အပြည့်အဝ ယုံကြည်တယ်”ဟု သူကပြောခဲ့သည် ။ ဗဟိုကော်မတီက ဆူပူအုံကြွှမှုများသည် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို လျှော့ချသေးသိမ်စေရန်နှင့် ဆိုရှယ်လစ်စနစ်ကို ဆန်.ကျင်သည့် ရည်ရွှယ်ချက်များဖြင့် ပြုလုပ်ကြခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်သည် ၊ သို.သော် သူက “သူတို.ဟာ ကျွန်တော်တို.ရဲ. အခြေခံစနစ်ကို ဆန်.ကျင်နေတာမဟုတ်ပါဘူး ၊ ကျွန်တော်တို.ရဲ. လုပ်နည်းလုပ်ဟန် လွဲချော်မှုတွေကို ပြန်လည်ပြုပြင်ဖို.သာ တောင်းဆိုနေခြင်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည် ။ အချက်အလက်အားလုံးက လူအနည်းငယ်မျှသည် ကျောင်းသားဆန္ဒပြမှုများကို ကြိုးကိုင်၍ ဆူပူအုံကြွှမှုများ ဖြစ်ပေါ်လာအောင် သွေးထိုးပေးနေကြောင်း ထင်ထင်ရှားရှား ပြညွှန်းနေပါလျှက် သူက “လူတစ်ချို.က ကျောင်းသားလှုပ်ရှားမှုတွေကို ကြိုးကိုင်ချယ်လှယ်နိုင်ရန် ကြိုးပမ်းကြလိမ့်မည်မှာ ရှောင်လွှဲ၍မရနိုင်ပါ”ဟု ပြောကြားခဲ့သည် ။ မိန်.ခွန်းပြောပြီးသွားသောအခါ၌ ကျောက်သည် သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် စင်ဟွာသတင်းဋ္ဌါနမှ သတင်းထောက်အား သူ၏မိန်.ခွန်းမူရင်း အလုံးစုံကို ပုံနှိပ်ထုတ်ဝေရန် ညွှန်ကြားခဲ့သည် ။ ဤမိန်.ခွန်း၌ ဗဟိုကော်မတီ၏ မူဝါဒနှင့် သူ၏အမြင် ကွဲလွဲနေကြောင်း လှစ်ဟပြနေသည် ။ မိန်.ခွန်းကို ထုတ်ဝေပြီးသောအခါ ဗဟိုကော်မတီအတွင်း၌ မတူကွဲပြားသည့် အသံ ၂ သံ ထွက်နေသည့်အတွက် ကေဒါများ ၊ ပါတီဝင်များနှင့် လူထုက အတွေးအခေါ်ရှုပ်ထွေးဝေဝါးစွာဖြင့် ကျယ်ကျယ်ပြန်.ပြန်. တုံ.ပြန်ခဲ့ကြသည် ။ တက္ကသိုလ်အချို.က အတန်းများကို သပိတ်မှောက်ပြီး လမ်းပေါ်ဆန္ဒပြပွဲများ ပြန်လည်ဖြစ်ပွါးလာသည် ။ အခြေအနေအားလုံးသည် ပို၍ဆိုးဝါးသည့် အနေအထားသို. ဦးလှည့်သွားခဲ့သည် ။

၁၀ ။ မေလ ၅ ရက်နေ. နံနက်ပိုင်း၌ ကျောက်ကျိယန်သည် ပီကင်းတက္ကသိုလ် ကျောင်းအုပ်ကြီး တင်ရှီးဆန်နှင့် ဘေဂျင်းပုံမှန်တက္ကသိုလ် လက်ထောက်ကျောင်းအုပ်ကြီး ဇူကျားလူတို.နှင့် တွေ.ဆုံခဲ့သည် ။ ကျောက်က “တင်းမာမှုတွေကို လျှော့ချဖို. အာရှဖွံ.ဖြိုးရေးဘဏ် နှစ်ပတ်လည်အစည်းအဝေးမှာ ကျွန်တော့်မိန်.ခွန်းကို ရည်ရွယ်ချက်ရှိရှိနဲ. ပြောခဲ့ပါတယ် ။ အခုလက်ရှိအချိန်မှာ လှုပ်ရှားမှုရဲ. သဘောသဘာဝကို မဆွေးနွေးသင့်ဘူး ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြိုးကိုင်နေတဲ့ လူနည်းစုလေးဟာ ဘယ်သူတွေဖြစ်တယ် ဆိုတာကိုတောင် ကျွန်တော်တို. မသိသေးပါဘူး”ဟု ပြောခဲ့သည် ။

၁၁ ။ မေလ ၅ ရက်နေ. နေ.ခင်းပိုင်းတွင် ရဲဘော်ကျောက်ကျိယန်သည် တရုတ်ပြည် ဒီမိုကရက်တစ် အဖွဲ.ချုပ် ဗဟိုကော်မတီမှ ကြီးမှုးကျင်းပသည့် ဘေဂျင်းရှိတက္ကသိုလ်ပေါင်းစုံမှ လူငယ်ဝန်ထမ်းများ၏ တွေ.ဆုံဆွေးနွေးပွဲသို. ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည် ။ တက်ရောက်လာသူ တချို.က ဧပြီ ၂၆ ရက် အယ်ဒီတာ့အာဘော်ကို သဘောမတူကြောင်းနှင့် ကျောက်၏ အာရှဖွံ.ဖြိုးရေးဘဏ် မိန်.ခွန်းကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည် ။ ဆွေးနွေးပွဲပြီးသွားသောအခါ ကျောက်က “အားလုံး ဆွေးနွေးလို. ကောင်းတယ်ဗျာ ။ ကျေးဇူးတင်ပါတယ်”ဟု ပြောခဲ့သည် ။ ဤနေရာတွင် သူက ဆွေးနွေးပွဲတွင် ဖော်ပြခဲ့ကြသည့် အယူအဆများကို ထောက်ခံသည့် သူ၏သဘောထားကို ဖော်ပြခဲ့သည် ။

၁၂ ။ ဆူပူအုံကြွှမှုများ၏ အနေအထားသည် ပို၍ဆိုးဝါးသည့် အခြေအနေသို. ပြောင်းလဲသွားပြီး သတင်းစာတချို.၏ ဝါဒဖြန်.ချိရေးဆောင်းပါးတို.သည်လည်း လွဲမှားသည့် ဦးတည်ချက်များသို. ထင်ထင်ရှားရှား ဦးတည်ဖော်ပြနေပါလျှက်နှင့် မေလ ၆ ရက်နေ. နံနက်ပိုင်း၌ ကျောက်ကျိယန်သည် ဟူကျိလီနှင့် ရူဇင်းဝမ်တို.အား ခေါ်ယူ၍ “လောလောဆယ်မှာ သတင်းစာလွတ်လပ်ခွင့်ဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ် ။ ငါတို.အနေနဲ. လတ်တလောထုတ်ဝေတဲ့ သတင်းတွေကနေ သင်ခန်းစာတချို. ယူသင့်တယ် ။ အစပိုင်းမှာတော့ ထိန်းချုပ်မှုတွေက တင်းကျပ်တယ် ဒါပေမယ့် နောက်ပိုင်းမှာတော့ ပိုပြီးလျော့သွားတယ် ။ လမ်းပေါ်က ဆန္ဒပြပွဲတွေကို ဖော်ပြနေကြပြီး သတင်းတွေဟာ ပိုပြီးပွင့်လင်းလာတယ် ။ ဒီကိစ္စမှာ အန္တရာယ်ကြီးကြီးမားမား မရှိဘူး”ဟု သူကပြောခဲ့သည် ။ သူက “ပြည်သူလူထုရဲ. အများစုသဘောထားနဲ. ကမ္ဘာကြီးရဲ. စဉ်ဆက်မပြတ်သွားနေတဲ့ လားရာတွေအရ ငါတို.အနေနဲ. အခြေအနေနဲ. လိုက်လျောညီထွေ တုံ.ပြန်သွားဖို.ပဲ လုပ်စရာရှိတယ်။ ကျောင်းသားဆန္ဒပြပွဲတွေက အရေးကြီးတဲ့ အချက်တစ်ချက်ကို မီးမောင်းထိုးပြနေတယ် ၊ ပြည်သူတွေဟာ ပြုပြင်ပြောင်းလဲရေးကို အပြင်းအထန် လိုလားတောင်းဆိုနေကြပြီး ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ခုလုံး ရပ်တန်.သွားမှာကို စိုးရိမ်နေကြတယ်” ဟုပင် ပြောခဲ့သေးသည် ။ မေလ ၉ ရက်နေ.၌ ဟူကျိလီက ကျောက်၏ မှတ်ချက်များကို လမ်းညွှန်ချက်အကျဉ်းချုပ်အဖြစ် စုစည်း၍ ကျောက်ထံမှ အတည်ပြုချက်ရယူပြီးနောက် သတင်းစာအသီးသီးသို. ဖြန်.ဝေခဲ့သည် ။ မေလ ၁၂ ရက်နေ.၌ ရဲဘော်ဟူကျိလီနှင့် (ပါတီဗဟိုကော်မတီ အတွင်းဝန်ချုပ်ရုံးမှ အတွင်းရေးမှုးတစ်ဦးဖြစ်သည့်) ရူဇင်းဝမ်တို.သည် ဘေဂျင်းရှိသတင်းဋ္ဌါနများမှ ခေါင်းဆောင်တို.နှင့်တွေ.ဆုံပြီး လမ်းညွှန်ချက်များ ပေးခဲ့သည် ။ ထိုအချိန်၌ ဘေဂျင်းရှိသတင်းဋ္ဌါနများမှ လူတစ်ထောင်ကျော်တို.သည် ပန်ကြားလွှာတစ်စောင်တွင် လတ်မှတ်ထိုးထားကြပြီး လမ်းပေါ်သို.ထွက်၍ ဆန္ဒပြနေကြပြီဖြစ်သည် ။ သတင်းစာတချို.က ပါတီနှင့် အစိုးရကို တိုက်ခိုက်ဝေဖန်သည့် ဆောင်းပါးများကို ရေးသားဖော်ပြကြသဖြင့် ဝါဒဖြန်.ချိရေးနှင့် ပြည်သူလူထု၏ အမြင်များကို လွဲချော်စေပြီး အခြေအနေကို ထိန်းချုပ်ရပိုပြီး ခက်ခဲစေခဲ့သည် ။ ပြည်သူ.နေ.စဉ်သတင်းစာနှင့် တခြားသတင်းစာအများအပြားက လမ်းပေါ်ဆန္ဒပြပွဲများ ၊ ထိုင်သပိတ် ဆန္ဒပြပွဲများနှင့် အစာငတ်ခံ ဆန္ဒပြပွဲများ အကြောင်းကို ကျယ်ကျယ်ပြန်.ပြန်.ဖော်ပြ၍ ဆန္ဒပြပွဲများအပေါ်ထောက်ခံမှုကို ပြသကြပြီး ပို၍ပို၍များပြားသော ပြည်သူများကို ဆန္ဒပြပွဲများတွင် ပါဝင်ပူးပေါင်းလာအောင် ကြိုးစားခဲ့ကြသည် ။ ဘေဂျင်း၏ လူမှုအခင်းအကျင်းမှာ လုံးဝဖရိုဖရဲ ဖြစ်နေခဲ့သည် ။

၁၃ ။ ဧပြီလ ၂၁ ရက်နေ.နှင့် တစ်ဖန် မေလ ၂၁ ရက်နေ.တို.၌ ရဲဘော်ကျောက်ကျိယန်သည် ရဲဘော် ဒူရန်ရှန် (ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေး မူဝါဒများကို ဦးဆောင်အကောင်အထည်ဖော်ခဲ့သူ)နှင့် တွေ.ဆုံ၍ ကျောင်းသားဆန္ဒပြမှုများအကြောင်း ဆွေးနွေးခဲ့သည် ။ ဤတွေ.ဆုံမှုများ အပြီး၌ ရဲဘော်ဒူရန်ရှန်သည် သိပ္ပံခန်းမ၌ လူ၁၀ ဦးကျော်မျှပါဝင်သော အစည်းအဝေး ၂ ကြိမ်ခေါ်ယူခဲ့ပြီး ကျောက်၏ အယူအဆများကို ဆွေးနွေးခဲ့သည် ။ သူတို.၏ အကဲဖြတ်ချက်များကို ဆွေးနွေးခဲ့ကြပြီး ကျောင်းသားဆန္ဒပြပွဲများကို ကိုင်တွယ်မည့်နည်းလမ်းများကို အကြံပြုခဲ့ကြသည် ။ ကျောက်သည် တစ်ယောက်ချင်းစီ၏ အကြံပြုချက်များကို လွန်စွာအလေးထား လက်ခံခဲ့ပြီး ပြည်သူလူထု၏ အထူးဂရုစိုက် စောင့်ကြည့်နေသည့် ထိုစဉ်က အနေအထား၌ပင် ကျောင်းသားဆန္ဒပြပွဲများကို အရေးကြီးသည့် ကိစ္စရပ်များစွာကို ဖြေရှင်းနိုင်မည့် အပြောင်းအလဲမှတ်တစ်ခုအဖြစ် မျှော်လင့်ခဲ့သည် ။

၁၄ ။ မေလ ၈ ရက်နေ.တွင် ဆူပူအုံကြွှမှုတားဆီးရေးအဖွဲ.မှ ပြုစုတင်ပြသည့် အစီရင်ခံစာကို ကြားနာရန် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အစည်းအဝေးကျင်းပခဲ့သည်။ သူတို.တကယ်တမ်းဆွေးနွေးသင့်သည်မှာ ဆူပူအုံကြွှမှုကို ရပ်တန်.သွားစေဖို. တိကျပြတ်သားသည့် အရေးယူဆောင်ရွက်မှုများ မည်သို.ပြုလုပ်သင့်သည်ကို ဆွေးနွေးရန်သာဖြစ်သည် ၊ သို.သော် ဤသို.ဆွေးနွေးရမည့်အစား ကျောက်ကျိယန်သည် “အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေး အားထုတ်မှုများ”ဟု ခေါ်သည့် အကြောင်းအရာကို အလေးပေးဆွေးနွေးခဲ့သည် ။ မေလ ၁၀ ရက်နေ.တွင် ပေါ်လစ်ဗျူရိုမှ အစည်းအဝေးတစ်ခု ကျင်းပခဲ့ရာ ထိုအစည်းအဝေးတွင် ကျောက်က မေလ ၈ ရက်နေ. တည်ဆဲကော်မတီ အစည်းအဝေး အကြောင်းကို အစီရင်ခံခဲ့ပြီး အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရန်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို မြှင့်တင်ရန် တိကျခိုင်မာသည့် အရေးယူဆောင်ရွက်မှု ၆ ချက်ကို အဆိုပြုတင်ပြခဲ့သည် ။ ဤအရေးယူဆောင်ရွက်ရေး အဆိုပြုချက်များကို မဆွေးနွေးခဲ့ပဲ တည်ဆဲကော်မတီ အစည်းအဝေးမှ သဘောတူခဲ့သည် ။

၁၅ ။ ဤအစည်းအဝေး ၂ ခု၌ တရားမဝင် ကျောင်းသားအဖွဲ.အစည်းများကို မည်သို.တုံ.ပြန်အရေးယူမည်လဲ ဟူသည့်မေးခွန်းကို ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ကြသည် ။ ရဲဘော်ကျောက်ကျိယန်က “တရားဝင် ကျောင်းသားအဖွဲ.အစည်းတွေကို အများစုထောက်ခံမှု မရနိုင်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲတွေကို ပြန်လည်ကျင်းပနိုင်တယ် ။ သူတို.ဟာ ရာထူးကဆင်းပေးဖို. ကြောက်ရွံ.စိုးရိမ်မနေသင့်ပဲ ရွေးကောက်ပွဲရလာဒ်အတိုင်း တခြားသူတွေကို ရာထူးလွှဲပြောင်းပေးရမယ်”ဟု ပြောခဲ့သည် ။

၁၆ ။ မေလ ၉ ရက်နှင့် ၁၀ ရက်နေ.များ၌ ခေတ်ပြိုင် ဆိုရှယ်လစ်စနစ်လေ့လာရေး ဆွေးနွေးပွဲတစ်ခုကို ဘေဂျင်း၌ ကျင်းပခဲ့သည် ။ အစည်းအဝေး၌ ဈေးကွက်စီးပွါးရေးနှင့် ဒီမိုကရေစီသို. သွားရာလမ်းတစ်လျှောက်တွင် ဆိုရှယ်လစ် ပြုပြင်ပြောင်းလဲရေးသည် အဟန်.အတားများကို ကျော်လွှားနိုင်ရမည်ဖြစ်ကြောင်းနှင့် ဆိုရှယ်လစ်ဒီမိုကရေစီ ၊ လွတ်လပ်ခွင့်နှင့် လူ.အခွင့်အရေးစသည့် အကြောင်းခြင်းရာများသည် အရေးကြီး၍ အရေးပါသည့် အကြောင်းအရာများဖြစ်ကြောင်း အဆိုပြုဆွေးနွေးခဲ့သည် ။ ကျောက်ကျိယန်သည် ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် ရဲဘော်များနှင့်တွေ.ဆုံကာ “ဒီကျောင်းသား ဆန္ဒပြပွဲတွေကနေ ငါတို.အဓိက သင်ခန်းစာယူသင့်တာက နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရမယ်ဆိုတဲ့အချက်ဖြစ်တယ်”ဟု ပြောခဲ့သည် ။ မေလ ၁၂ ရက်နေ.ထုတ် ပြည်သူ.နေ.စဉ်သတင်းစာတွင် ဆွေးနွေးပွဲအကြောင်းကို “ပြုပြင်ပြောင်းလဲရေးသည် ဈေးကွက်စီးပွါးရေးနှင့် ဒီမိုကရေစီစနစ်သို. သွားရာလမ်းတွင် အတားအဆီးများကို ကျော်လွှားရမည်”ဟု ခေါင်းစဉ်တပ်၍ ဖော်ပြခဲ့သည် ။ လက်တွေ.ဖြစ်စဉ်များတွင် ဤအချက်သည် ဆူပူအုံကြွှမှုအတွက် သဘောတရားရေးရာ ရပ်တည်ချက်ကို ချမှတ်ပေးခဲ့ပြီး ဆူပူအုံကြွှမှု အရှိန်အဟုန်မြင့်လာစေခဲ့သည် ။

၁၇ ။ မေလ ၁၆ ရက်နေ. နေ.ခင်းပိုင်းတွင် ရဲဘော်ကျောက်ကျိယန်သည် ဂေါ်ဘာချော့နှင့် တွေ.ဆုံခဲ့သည် ။ ဆွေးနွေးပွဲစသည်နှင့်ပင် သူက “အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ပါတီဟာ တိန်.ရှောင်ပင်းကို ပဲ့ကိုင်နေရာမှာ ရှိနေဖို. လိုအပ်နေဆဲပဲဖြစ်တယ် ။ ၁၃ ကြိမ်မြောက်ပါတီကွန်ဂရက်ကစပြီး အရေးပါတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းတဲ့အခါတိုင်း ကျွန်တော်တို.ဟာ ရဲဘော်တိန်.ရှောင်ပင်းကို အသိပေးပြီး သူ.ရဲ. လမ်းညွှန်ချက်ကို ရယူခဲ့ကြတယ်”ဟု ပြောခဲ့သည် ။ ဤအချက်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ ဆုံးဖြတ်ချက်ကို ပထမဦးဆုံးအကြိမ် ထုတ်ဖော်ခြင်းဖြစ်ကြောင်းလည်း သူကပြောခဲ့သေးသည် ။ ဤတွေ.ဆုံပွဲအပြီး နောက်နေ.၌ လမ်းပေါ်ဆန္ဒပြပွဲများ၏ ကြွှေးကြော်သံများသည် ရျဲဘော်တိန်.ရှောင်ပင်းကို ဦးတည်၍ တိုက်ခိုက်ခဲ့ကြသည် ။ “တိန်.ရှောင်ပင်း ဖြုတ်ချရေး” ၊ “ကျောက်ကျိယန်ကို ထောက်ခံရေး” စသည့် ကြွှေးကြော်သံများသည် လမ်းများပေါ်နှင့် တိန်အန်မင်ရင်ပြင်တို.၌ လွှမ်းမိုးနေသည် ။

၁၈ ။ မေလ ၁၆ ရက်နေ. ညနေပိုင်း၌ တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသည် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့သည် ။ ရဲဘော်ကျောက်ကျိယန်က ဧပြီ ၂၆ ရက် အယ်ဒီတာ့အာဘော်သည် မှားယွင်းစွာ ထုတ်ဝေခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသားများကိုပြောဖို. အကြံပြုခဲ့သည် ။ သူက အယ်ဒီတာ့အာဘော်မူကြမ်းကို သူ၏အတည်ပြုချက်ရယူရန် မြောက်ကိုရီးယားသို. ပေးပို.ခဲ့ရပြီး သူ.တွင်တာဝန်အပြည့်အဝရှိသည်ဟု ပြောကြားဖို. အကြံပြုခဲ့သည် ။ သူက ဧပြီ ၂၆ အယ်ဒီတာ့အာဘော်သည် ပြဿနာရှိကြောင်း ၊ ထို.အတွက် ဖြေရှင်းချက်တစ်ခု မဖြစ်မနေလိုအပ်ကြောင်းနှင့် ဤအဆင့်ကို မဖြေရှင်းပါက မည်သည့်တိုးတက်မှုကိုမျှ ရရှိနိုင်မည်မဟုတ်ကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့သည် ။ အခြေအနေများကို ပြန်၍ ဦးလှည့်မပေးနိုင်ပါက ထွက်ပေါက်ရှိလိမ့်မည်မဟုတ်ပေ ။

၁၉ ။ မေလ ၁၇ ရက် နေ.ခင်းပိုင်း၌ တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသည် နောက်ထပ်တခြား အစည်းအဝေးတစ်ခု ကျင်းပခဲ့သည် ။ တည်ဆဲကော်မတီဝင် အများစုက သူ၏အယူအဆများကို ပြင်းထန်စွာ ဆန်.ကျင်နေသည့်ကြားကပင် ရဲဘော်ကျောက်ကျိယန်သည် လွဲမှားနေသည့် သူ၏အယူအဆများကို ဆက်လက်၍ စွဲကိုင်ထားသည် ။ သူတို.က ဆက်လက်၍ အလျှော့ပေး နောက်ဆုတ်နေပါက တစ်ပြည်လုံးအနှံ. ကသောင်းကနင်းဖြစ်၍ မယုံကြည်နိုင်လောက်အောင် ဆိုးဝါးသည့် အကျိုးဆက်များ တွေ.ကြုံရလိမ့်မည်ဟု ယုံကြည်ကြသည် ။ တည်ဆဲကော်မတီဝင် ရဲဘော်အများစု၏ ရပ်တည်ချက်ကို ရဲဘော်တိန်.ရှောင်ပင်းက အားတတ်သရော ထောက်ခံခဲ့သည် ။ ဆူပူအုံကြွှမှုကို ရပ်တန်.ပစ်ရန် စစ်တပ်တချို.ကို ဘေဂျင်းသို. ဆင့်ခေါ်၍ တပ်စွဲထားရန်နှင့် မြို.တော်၏ အစိတ်အပိုင်းတချို.ကို မာရှယ်လော ထုတ်ပြန်ရန် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည် ။ ဤသည်နှင့်ဆန်.ကျင်စွာပင် မာရှယ်လောထုတ်ပြန်ခြင်းဖြင့် ဆိုးဝါးသည့် အကျိုးဆက်များ ကြုံတွေ.ရလိမ့်မည်ဟု ကျောက်က ယုံကြည်ခဲ့သည် ။ သူ.အနေဖြင့် ဤကိစ္စကို အကောင်အထည် မဖော်နိုင်ကြောင်း သူက ထုတ်ဖော်ပြောကြားခဲ့သည် ။

၂၀ ။ မေလ ၁၇ ရက် တည်ဆဲပေါ်လစ်ဗျူရိုအစည်းအဝေးအပြီး၌ ရဲဘော်ကျောက်ကျိယန်သည် တည်ဆဲကော်မတီ၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုခဲ့ပြီး ရာထူးမှ နှုတ်ထွက်စာပင် တင်ခဲ့သေးသည် ။ သူက ပေါက်တုန်ကို နှုတ်ထွက်စာတစ်စောင် ရေးခိုင်းခဲ့ပြီး သူကိုယ်တိုင် လက်မှတ်ထိုး၍ ချက်ချင်းပင် ပေးပို.ခဲ့သည် ။ နောက်နေ.၌ ရဲဘော်ယန်ရှန်ကွမ်း၏ ဝေဖန်မှုကို ခံရပြီးနောက် ကျောက်က စာကိုပြန်လည် ထုတ်ယူခဲ့သည် ။

၂၁ ။ မေလ ၁၇ ရက် တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေးသည် ဗဟိုကော်မတီ၏ အဓိက မဟာဗျူဟာကို ချမှတ်ပေးခဲ့သည် ။ ရဲဘော်တိန်.ရှောင်ပင်းက အစည်းအဝေးတက်ရောက်သည့် ရဲဘော်အားလုံးကို လျှို.ဝှက်မှုကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားဖို. လိုအပ်ကြောင်း အလေးအနက် ပြောကြားသည် ။ သို.သော် ရဲဘော်ကျောက်ကျိယန်က ပေါက်တုန်နှင့် သူ၏အတွင်းရေးမှုး ကျန်ယုကျီတို.အား “ဒီနေ. နေ.လည်ခင်း တည်ဆဲကော်မတီအစည်းအဝေးက ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တယ် ။ အဲဒီအစည်းအဝေးမှာ ငါ့ကို အကြီးအကျယ် ဝေဖန်ကြတယ်။ အစပိုင်းမှာ ငါက ပြဿနာတွေကို ပိုပြီးကောင်းကောင်းမွန်မွန် ထိန်းသိမ်းဖြေရှင်းနိုင်ဖို. ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ရဲ. ရပ်တည်ချက်ကို လျှော့ချဖို. အဆိုပြုခဲ့တယ် ၊ ဒါပေမယ့် ငါ့ရဲ.အဆိုပြုချက်ကို ပယ်ချခဲ့ကြတယ် ။ တည်ဆဲကော်မတီက ငါ့ရဲ. မေလ ၄ ရက်နေ. မိန်.ခွန်းဟာ အခြေအနေတွေကို ပိုပြီးဆိုးဝါးသွားစေခဲ့တယ်လို. ငါ့ကို ဝေဖန်ကြတယ် ။ ငါက ဒီကိစ္စနဲ.ပတ်သက်လို. ငါ့ရဲ. ယုံကြည်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားတယ်”ဟု ပြောကြားခဲ့သည် ။ လီပန်းက ပေါက်တုန်အား လျှို.ဝှက်ချက်များကို ဖွင့်ချနေသည်ဟု စွပ်စွဲနေကြောင်းလည်း သူက ပေါက်တုန်ကို ပြောပြခဲ့သည် ။ ပေါက်တုန်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု သုတေသနရုံးရှိ သူ.အလုပ်သို. ပြန်သွားပြီးနောက် သူ၏ဝန်ထမ်းတချို.အား အစည်းအဝေးတစ်ခု ချက်ချင်းခေါ်ယူခဲ့သည် ။ သူက တစ်စုံတစ်ယောက်သည် သူ.အား လျှို.ဝှက်ချက်များကို ဖွင့်ချနေသည်ဟု စွပ်စွဲနေကြောင်း ၊ သူ၏ ရာထူးကို မကြာမှီအတွင်း စွန်.လွှတ်ကောင်း စွန်.လွှတ်ရဖွယ်ရှိပြီး ဗဟိုကော်မတီ၏ စုံစမ်းစစ်ဆေးမှုကို ခံယူရဖွယ်ရှိကြောင်း ပြောကြားခဲ့သည် ။ သူတို.အား နှုတ်ဆက်ပွဲပြုလုပ်ခဲ့သည် ။ သူက လူတချို.အား တည်ဆဲကော်မတီဝင်များကြား သဘောထားကွဲလွဲမှု ရှိနေကြောင်းနှင့် ကျောက်၏ အဆိုပြုချက်ကို ပယ်ချခဲ့ကြောင်း ပြောခဲ့သည် ။

၂၂ ။ မေလ ၁၈ ရက်နေ.တွင် ကျောက်ကျိယန်က တိန်.ရှောင်ပင်းထံသို. စာတစ်စောင်ရေးသားခဲ့ပြီး ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ပါ တံဆိပ်တပ်စွပ်စွဲမှုများ၏ သဘောသဘာဝကို ပြောင်းပေးရန် ဆက်လက်၍ တောင်းဆိုခဲ့သည် ။ စာထဲတွင် ကျောင်းသားတို.၏ တောင်းဆိုချက်များအနက် အစာငတ်ခံဆန္ဒပြပွဲကို ရပ်တန်.သွားစေဖို. အဓိကအကျဆုံး ဆောင်ရွက်ရမည့် အချက်များမှာ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ပါ တံဆိပ်တပ်စွပ်စွဲမှုများကိုဖယ်ရှားပေးဖို.နှင့် သူတို.၏ လှုပ်ရှားမှုများမှာ မျိုးချစ်စိတ်ကို အခြေခံကြောင်း အသိအမှတ်ပြုပေးဖို.ဖြစ်သည်ဟု သူကဖော်ပြခဲ့သည် ။ “ဒီကိစ္စကို ကျွန်တော် သေသေချာချာ စဉ်းစားခဲ့ပါတယ်။ ကျွန်တော်တို.အတွက် ဘယ်လောက်ပဲ ခါးသီးနာကျင်ပါစေ ဒီလိုက်လျောအလျှော့ပေးမှုကို လုပ်ကိုလုပ်ရလိမ့်မယ်လို. ကျွန်တော်ခံစားရပါတယ်”ဟု ရေးသားခဲ့သည် ။

၂၃ ။ မေလ ၁၉ ရက်နေ. နံနက်စောစောပိုင်း၌ ရဲဘော်ကျောက်ကျိယန်သည် တိန်အန်မင်ရင်ပြင်ရှိ အစာငတ်ခံဆန္ဒပြနေသည့် ကျောင်းသားများထံသို. သွားရောက်ခဲ့သည် ။ သူက ဆန္ဒပြပွဲများ၏ တောင်းဆိုချက်များနှင့် တာဝန်များကို နောက်ဆုံး၌ ဖြေရှင်းသွားနိုင်လိမ့်မည်ဟု ကျောင်းသားများကို ပြောခဲ့သည် ။ သူက “မင်းတို.က ငယ်ပါသေးတယ် ၊ ရှေ.အနာဂတ် အရှည်ကြီးကို လျှောက်လှမ်းကြရဦးမှာပါ ၊ ငါတို.နဲ.မတူဘူး ၊ ငါတို.က အသက်ကြီးပါပြီ ၊ ဘာကမှ အရေးမကြီးတော့ပါဘူး”ဟု ပြောကြားခဲ့သေးသည် ။ ဤနည်းအားဖြင့် သူက ပါတီ၏ အဆင့်မြင့်ဆုံး ခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲလွဲမှုများရှိနေကြောင်းနှင့် သူရာထူးမှ ဆင်းတော့မည်ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည် ။

၂၄ ။ မေလ ၁၉ ရက်နေ. ညနေပိုင်း၌ ဆူပူအုံကြွှမှုကို ရပ်တန်.ပစ်ရန် တိကျပြတ်သားသည့် အရေးယူဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်ဖို. ဆုံးဖြတ်ခဲ့သည့် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို ကြေညာရန် ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို.သည် ပါတီကေဒါများနှင့် နိုင်ငံရေးအဖွဲ.အစည်းများပါဝင်သည့် အစည်းအဝေးတစ်ခု ကျင်းပခဲ့သည် ။ အစည်းအဝေးမတိုင်မှီ၌ ရဲဘော်ကျောက်ကျိယန်ကို ဤအစည်းအဝေးတွင် ပါဝင်တက်ရောက်ရန် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီက အကြိမ်ကြိမ် စည်းရုံးခဲ့သော်လည်း ကျောက်က ငြင်းဆန်ခဲ့သည် ။ ဤအချက်က ပါတီကို ဖြိုခွဲမည့် သူ၏ရည်ရွယ်ချက်ကို ဖော်ပြနေသည် ။

၂၅ ။ မေလ ၁၉ ရက်နေ.တွင် တည်ဆဲပြည်သူ.ကွန်ဂရက်၏ ပါတီအစုအဖွဲ.များမှ တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. ညွှန်ကြားလွှာတစ်စောင် တောင်းခံလာသည် ။ ဤစာ၌ အကျပ်အတည်းဖြစ်နေသည့် အခြေအနေများအရ ရဲဘော်ဝမ်လီ၏ တရားဝင်ပြည်ပခရီးစဉ်ကို အဆုံးသတ်၍ တိုင်းပြည်သို.ပြန်လာရန် အကြံပြုထားသည် ။ မေလ ၂၁ ရက်နေ.၌ ဟူကျိလီက ညွှန်ကြားချက်တောင်းခံစာအား မည်သို.အကြောင်းပြန်ကြားရမည်ကို ရဲဘော်ကျောက်ကျိယန်အား မေးခဲ့သည် ။ ထိုအချိန်က ကျောက်သည် ခွင့်ယူထားသည့် အချိန်ဖြစ်သည် ။ ရဲဘော်လီပန်း(သူသည် ဗဟိုကော်မတီ၏ အရေးကိစ္စများကို ကြီးကြပ်ရပြီး နိုင်ငံခြားရေးရာများကို ကိုင်တွယ်ဆောင်ရွက်ရန် တာဝန်ပေးထားသည်)နှင့် တိုင်ပင်ခြင်းမရှိပဲ ကျောက်သည် သူ.ဘာသာသူ ဆုံးဖြတ်၍ သတ်မှတ်ထားသည့် အချိန်ထက်စော၍ တိုင်းပြည်သို.ပြန်လာဖို. ဝမ်လီထံသို. ကြေးနန်းတစ်စောင်ပို.ရန် သဘောတူခဲ့သည် ။

၂၆ ။ မေလ ၂၁ ရက်နေ. နံနက်ပိုင်း၌ ကျောက်ကျိယန်က ယန်မင်ဖူးအား ကျောင်းသားဆန္ဒပြပွဲများ အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပွါးနေပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ဘယ်လိုမှ မခန်.မှန်းနိုင်ကြောင်း ပြောခဲ့သည် ။ အခြေအနေများကို လျော့ပါးစေရန် တည်ဆဲပြည်သူ.ကွန်ဂရက် အစည်းအဝေးခေါ်ယူဖို. နည်းလမ်းတစ်ခုသာရှိတော့ကြောင်း ပြောခဲ့သည် ။

၂၇ ။ မေလ ၂၁ ရက်နေ.၌ ကျောက်ကျိယန်က သူ၏အတွင်းရေးမှုး လီယုန်အား “နောက်ထပ် ပေါ်လစ်ဗျူရိုအစည်းအဝေးတစ်ခု ခေါ်သင့်တယ်လို. ငါထင်တယ်”ဟု ပြောခဲ့ပြီး ပေါက်တုန်အား သူ.အတွက် မိန်.ခွန်းမူကြမ်းတစ်စောင် ရေးပေးရန် ပြောခဲ့သည် ။

(အချက် ၂၈ ကို အသံသွင်းတိတ်ခွေ၌ အသံသွင်းမထားပါ ။)

၂၉ ။ ရဲဘော်ကျောက်ကျိယန်သည် စာပေနှင့် အနုပညာရပ်များ အပေါ်တွင် ထိန်းချုပ်မှုများနှင့် စွက်ဖက်ချယ်လှယ်မှုများ လျှော့ချသင့်သည်ဟု အလေးအနက်ထား၍ ပြောကြားခဲ့သည် ။

၃၀ ။ ဘူဇွာလစ်ဘရယ်ဝါဒကို နှစ်ကာလရှည်ကြာစွာ ခေါင်းမာမာ လက်ခံကျင့်သုံးခဲ့သူများကို ချီးမြှင့်မြှောက်စား၍ ရာထူးကြီးကြီးများ အပ်နှင်းကာ ကျောက်ကျိယန်က ကာကွယ်ပေးခဲ့သည် ။ ၎င်းတို.အနက်မှ တချို.မှာ (လစ်ဘရယ် ပညာရှင်) ယန်ကျားကျိနှင့် (ကျောက်၏ ပြုပြင်ပြောင်းလဲရေး အတွေးအခေါ်ရှင်အုပ်စု၏ ခေါင်းဆောင်) ချန်ယိဇိ(သူသည် ဤဆူပူအုံကြွှမှု၌ အကွက်ချစီစဉ်ခြင်းနှင့် လျှို.ဝှက်လှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ခဲ့သည့် အရေးကြီးသည့်လူတစ်ယောက် ဖြစ်လာခဲ့သည်)တို.ဖြစ်သည် ။ တန်ပြန်တော်လှန်ရေး ဆူပူအုံကြွှမှုကို နှိမ်နှင်းအပြီး၌ သူတို.သည် ပြည်ပသို. ထွက်ပြေးခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်၏ ဆိုရှယ်လစ်စနစ်တို.ကို အပြင်းအထန် ဆန်.ကျင်သည့် လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်ခဲ့ကြသည် ။ ပေါက်တုန် (သူ.ကို ကျောက်ကျိယန်က အထူးယုံကြည်စိတ်ချပြီး အရေးကြီးသည့်တာဝန်များကို ပေးအပ်ခဲ့သည်)သည် မာရှယ်လောထုတ်ပြန်အပြီး၌ ချန်ယိဇိအပါအဝင် အခြားသူများနှင့် ပူးပေါင်းကာ လီပန်းနှင့် တခြားပါတီခေါင်းဆောင် နိုင်ငံခေါင်းဆောင်များကို တိုက်ခိုက်ခဲ့သည် ။

အထက်ပါတို.မှာ နှစ်ရှည်လများ ကာလရှည်ကြာစွာ စုံစမ်းစစ်ဆေးပြီးနောက် တွေ.ရှိလာသည့် “ဆူပူအုံကြွှမှုကို ထောက်ခံ”ပြီး “ပါတီကို ဖြိုခွဲသည်” စသည့် စွဲချက်များကို ပံ့ပိုးနေသည့် “အချက်အလက် အထောက်အထားများ”ဟုခေါ်သော အချက်များဖြစ်သည် ။ အကယ်၍ တစ်စုံတစ်ယောက်သည် အချက် ၃၀ အနက် မည်ရွှေ.မည်မျှက ရှေ.နောက်မညီဆန်.ကျင်နေသည်ကို သတိမမူ မျက်စီလျှမ်းသွားသည့်တိုင်အောင် ၊ ဆိုကြပါစို.အချက်သုံးဆယ်လုံး အတိအကျ တိကျမှန်ကန်နေသည့်တိုင်အောင် ကျွန်တော့်အမြင်တွင်မူ ကျွန်တော့်အပေါ် စွပ်စွဲ၍ စီရင်ဆုံးဖြတ်နိုင်လောက်အောင် ခိုင်လုံခြင်းမရှိပါ ။
(ကျောက်ကျိယန်၏ Prisoner of The State စာအုပ် Part 2, Chapter 1 The Investigative Report ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)