Saturday, May 22, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၃ (နိုင်ငံတော်အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၃
ပြင်ပကမ္ဘာသို. နာကျင်စွာ တံခါးဖွင့်ခြင်း
တရုတ်ခေါင်းဆောင်တို.သည် အထူးစီးပွါးရေးဇုန်များစွာကို ကမ်းရိုးတန်းတစ်လျှောက်၌
တည်ထောင်ပြီး ဈေးကွက်စီးပွါးရေးကို စမ်းသပ်အကောင်အထည်ဖော်ခဲ့သည် ။ ဤသို.သော
ပြုပြင်ပြောင်းလဲမှုမျိုးကို ဒေသအနည်းငယ်၌သာ ကန်.သတ်အကောင်အထည်ဖော်ခြင်းဖြင့်
တရုတ်ပြည်၏ လစ်ဘရယ်သမားတို.သည် ဤလစ်ဘရယ်မူဝါဒတို. အကောင်အထည်ဖော်ခြင်းအပေါ်
နိုင်ငံလုံးအနှံ. ကန်.ကွက်ပိတ်ဆို. နှောင့်ယှက်မှုများ ပေါ်ပေါက်လာစေနိုင်သည့်
ပေးဆပ်ခြင်းများလှသည့် နိုင်ငံရေးစကားစစ်ထိုးပွဲများကို ရှောင်လွှဲနိုင်ခဲ့ကြသည် ။
သို.သော်လည်း အထူးစီးပွါးရေးဇုန်တို.သည် အရင်းရှင်တို.ကျက်စားသည့် နယ်မြေတစ်ခု
ဖြစ်လာသောအခါ ချန်ယန်းက “စီးပွါးရေး ရာဇဝတ်မှုများကို အပြင်းအထန်
ဆန်.ကျင်တိုက်ဖျက်ကြ”ဟူသည့် လှုပ်ရှားမှုဖြင့် ပြန်လည်တိုက်ခိုက်လာသည် ။ ကျောက်နှင့်
ဟူယောင်ဘန်းတို.အနေဖြင့် ဩဇာတိက္ကမ ကြီးမားလှသည့် ပါတီဝါရင့်ကြီးကို ရပ်တန်.သွားစေရန်
အင်အားမဲ့သကဲ့သို. ခံစားကြရသည် ။
ပြင်ပကမ္ဘာသို. တရုတ်ပြည် တံခါးဖွင့်လိုက်သည့် အစောပိုင်းကာလများအတွင်း၌
တခြားထိပ်တိုက်တွေ.မှုများလည်း ရှိခဲ့သေးသည် ။ ဥပမာအားဖြင့် ဟိုင်နန်ကျွန်းမှ မြေကွက်တစ်ခုကို
နိုင်ငံခြားကုမ္ပဏီတစ်ခုအား ငှါးရမ်းမည့် အစီအစဉ်သည် ကြီးမားသည့် ငြင်းခုန်မှုများ
ပေါ်ပေါက်လာစေခဲ့သည် ။ လူများစွာက ဤသို.သော သဘောတူညီမှုမျိုးသည် တရုတ်ပြည်၏
အချုပ်အခြာအာဏာပိုင်မှုကို ထိခိုက်စေသည်ဟု ကန်.ကွက်ဆွေးနွေးကြသည် ။ နောက်ဆုံးတွင်
ကျောက်က တိန်.ရှောင်ပင်းအား ဤသဘောတူညီမှုအတွက် ဘာမျှစိုးရိမ်ဖွယ်ရာမရှိကြောင်း
ပြောဆိုသိမ်းသွင်းနိုင်ခဲ့သည် ။
ရဲဘော်ချန်ယန်းသည် တံခါးဖွင့် စီးပွါးရေးမူဝါဒများနှင့် ပက်သက်၍ စိုးရိမ်ကြောင့်ကြမှု များစွာရှိပြီး သူနှင့် တိန်.ရှောင်ပင်း၏ ကွာခြားမှုများမှာ အတော်သိသာသည် ။
အထူးစီးပွါးရေးဇုန်များ အကောင်အထည်ဖော်ရေးကို တိန်.ရှောင်ပင်းက အဆိုပြုခဲ့ခြင်းဖြစ်သည် ။ သူက ဂွမ်ဒေါင်းပြည်နယ်အတွင်း ရှန်ဇန်းနှင့်ဇူဟိုင်း ၊ ဖူကျင့်ပြည်နယ်အတွင်း ရှာမင်း ဒေသတို.ကို ခွင့်ပြုချက်ပေးခဲ့ပြီး နောက်ပိုင်း၌ တခြားဒေသတို.ကိုလည်း တို.ချဲ.ခွင့်ပြုခဲ့သည် ။ ချန်ယန်းသည် အထူးစီးပွါးရေးဇုန်များကို အမြဲပင် ကန်.ကွက်ခဲ့သည် ။ သူသည် ဤဇုန်များသို. ဘယ်တုန်းကမှ ခြေမချခဲ့ပေ ။ သူသည် အထူးစီးပွါးရေးဇုန်များသို. ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြောင်း ၊ ပထမ၌ သူတို.က အပျက်သဘောဖြင့် အစီရင်ခံကြကြောင်း ၊ သို.သော်နောက်ပိုင်းတွင် အပြုသဘောဆောင် အစီရင်ခံကြကြောင်း ကျွန်တော်ပြန်လည် ကြားသိရသည် ။ သို.သော်လည်း သူသည် အမြဲတမ်းပင် သံသယရှိနေပြီး ကန်.ကွက်ခဲ့သည် ။
၁၉၈၁ ခုနှစ် ဒီဇင်ဘာလ၌ ပြုလုပ်ခဲ့သည့် ပြည်နယ်နှင့် ဒေသဆိုင်ရာ ပါတီအတွင်းရေးမှုးများ တက်ရောက်သည့် အစည်းအဝေးနှင့် နွေဦးပွဲတော်အတွင်း သူနှင့်အတူ ခရီးထွက်ခဲ့သည့် စီမံကိန်းရေးဆွဲရေးကော်မရှင်မှ ခေါင်းဆောင်များနှင့် ပြောဆိုဆွေးနွေးမှုများ၌ အထူးစီးပွါးရေးဇုန်များ၏ ပင်မဦးစားပေး ရည်ရွယ်ချက်မှာ စမ်းသပ်ရေးနှင့် လေ့လာရေးဖြစ်ကြောင်း ချန်ယန်းက ပြောကြားခဲ့သည် ။အထူးစီးပွါးရေးဇုန်များကို နောက်ထပ်မတိုးချဲ.နိုင်တော့ကြောင်းနှင့် ၎င်းတို.၏ ဆိုးကျိုးသက်ရောက်မှုများကို မှတ်သားထားရမည်ဖြစ်ကြောင်း သူကပြောကြားခဲ့သည် ။
မူလက ရှန်ဟိုင်းနှင့် ဇီကျန်းပြည်နယ် အပါအဝင် ကမ်းရိုးတမ်းတစ်လျှောက်၌ အထူးစီးပွါးရေးဇုန်များ ပို၍တည်ဆောက်ဖို.ဖြစ်သည် ။ သို.သော်လည်း ထိုဒေသများသည် အထူးဇုန်များ တည်ထောင်ဖို. မဟုတ်ကြောင်း ချန်ယန်းကပြောသည် ။ ဤဒေသသည် အခွင့်အရေးသမား အများအပြား ရှိသည်ဟု နာမည်ကြီးသည့် ဒေသဖြစ်ကြောင်း ၊ အခွင့်အရေး အနည်းငယ် ပေးလိုက်ရုံနှင့်ပင် သူတို.၏ ပြောင်မြောက်သည့် ကျွမ်းကျင်မှုများဖြင့် လှောင်အိမ်ထဲမှ ထွက်လာမည်ဖြစ်ကြောင်း ချန်ယန်းက ပြောကြားခဲ့သည် ။ တိန်.လီကျန်၏ ဦးဆောင်မှုအောက်တွင်ရှိသည့် အတွင်းဝန်များ သုတေသနရုံးကလည်း အထူးစီးပွါးရေးဇုန်များသည် “နိုင်ငံခြား အထူးအခွင့်အရေးဇုန်များ”အဖြစ် ကျဆင်းဆုတ်ယုတ်နေပြီဟု သက်သေပြနိုင်မည့် အချက်အလက်များကို ရှာဖွေစုဆောင်းနေခဲ့သည် ။ ချန်ယန်းနှင့် တိန်.လီကျန်တို.၏ ဩဇာလွှမ်းမှုကြောင့် တစ်ကြိမ်တွင် ဤဝေဖန်ချက်များ ကျယ်ကျယ်ပြန်.ပြန်. ပျံ.နှံ.သွားခဲ့သည် ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပက်သက်၍မူ ချန်ယန်းသည် တိန်.ရှောင်ပင်းနှင့် လုံးဝပင်သဘောထား ကွဲလွဲသည် ။ တိန်.ရှောင်ပင်းက ပမာဏကြီးမားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လက်ခံယုံကြည်သည် ။ တရုတ်ပြည်ကဲ့သို.သော စီးပွါးရေးဖွံ.ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မပါပဲ တာထွက်ကောင်းလိမ့်မည်မဟုတ်ဟု သူကယုံကြည်သည် ။ သူက အဓိကကျပြီး အရေးပါသည့် ကိစ္စရပ်များကိုသာ ကိုင်တွယ်ဖြေရှင်းပြီး မည်ကဲ့သို. ဖြေရှင်းရမည်စသည့် ကိစ္စရပ်များကိုမူ ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ ။ သူက အထူးဦးစားပေးချေးငွေ ၊ ပုံမှန်ချေးငွေ ၊ ဖက်စပ်လုပ်ငန်း စသည်တို.အားလုံးကို ထောက်ခံအားပေးခဲ့သည် ။ ချန်ယန်းကမူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို သတိကြီးစွာထားသည် ။ ရှန်ဟိုင်း-ဗောက်စ်ဝက်ဂျန် ဖက်စပ်ကုမ္ပဏီ ဖိုင်တွဲသည် သူ၏ရုံးခန်း၌ အချိန်ကြာမြင့်စွာ သောင်တင်နေခဲ့ပြီး နောက်ဆုံးတွင်မှ သူ၏ခွင့်ပြုချက် ရရှိခဲ့သည် ။
ချန်ယန်းက နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် တရုတ်ပြည် ဖွံ.ဖြိုးတိုးတက်ရေးအတွက် အဖြေမဟုတ်ဟု ယုံကြည်သည် ။ သူက နိုင်ငံခြား အရင်းရှင်များသည် ပုံမှန်အကျိုးအမြတ်မျှကိုသာ ရှာဖွေသည်မဟုတ်ပဲ “ထပ်ဆင့်အကျိုးအမြတ်”ကိုလည်း ရယူလိုကြောင်း မကြာခဏ ပြောကြားခဲ့သည် ။ တစ်နည်းအားဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှ မည်သည့်အကျိုးအမြတ်မျှ ရရှိနိုင်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည် ။ သူက ဂူမူ (သူသည် နိုင်ငံခြားကုန်သွယ်မှုနှင့် စီးပွါးရေးရာ တာဝန်ခံဖြစ်သည်)ကို သတိကြီးကြီးထားဖို. မကြာခဏ သတိပေးခဲ့သည် ။ နိုင်ငံခြား အဖွဲ.အစည်းများမှ တရုတ်ပြည်သို.ပေးသည့် အထူးဦးစားပေးချေးငွေများမှာ စက်ယန္တရားများ ဝယ်ယူဖို.ဖြစ်ကြောင်း သူကပြောသည် ။ ၎င်းတို.မှာ အထူးဦးစားပေးအသွင် ဆောင်သော်လည်း ရည်ရွယ်ချက်မှာ (နိုင်ငံခြားကုမ္ပဏီများ၏ ရည်ရွယ်ချက်) ကုန်စည်များ တင်ပို.ရန်ဖြစ်ပြီး လျှော့ချပေးထားသည့် အတိုးနှုန်းသည် ကုန်စည်ရောင်းချသည့် အမြတ်ငွေထဲတွင် ထည့်ဆောင်းထားခြင်းဖြစ်သည် ။ ဤကဲ့သို.သော ချေးငွေများကို ချေးယူရာ၌ ကျွန်တော်တို.မှာ လွတ်လပ်စွာ မရွေးချယ်နိုင်ပဲ သတ်မှတ်ထားသည့် ကုန်စည်ကိုသာ ဝယ်ယူရသည် ။ သုံးစွဲမှုနှင့်ပက်သက်၍ ကန်.သတ်ချက်မထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည် အတိုးနှုန်းမြင့်မားပြီး ကျွန်တော်တို. မတတ်နိုင်ပေ ။
ဖက်စပ်ကုမ္ပဏီများနှင့်ပက်သက်လျှင်လည်း သူက ဝေဖန်ခဲ့သည် ။ ချန်ယန်း၏ အတွေးအခေါ်များမှာ လီနင်၏ “နယ်ချဲ.ဝါဒ” ဆိုသည့်ကျမ်းတွင် ပါရှိသည့် “ဘဏ္ဍာအရင်း” ဆိုသည့် ဖော်ပြချက်ကို အစွဲကြီးနေခြင်းဖြစ်သည်ဟု ကျွန်တော်ထင်သည် ။ ပြုပြင်ပြောင်းလဲရေး စတင်ပြီးနောက်ပိုင်း၌ သူသည် လီနင်၏ “နယ်ချဲ.ဝါဒ” ကို ပြန်လည် ဖတ်ရှုပြန်သည် ။ လီနင်၏ ဖော်ပြချက်များသည် မှန်ကန်နေဆဲဖြစ်ပြီး ကျွန်တော်တို.သည် ယခုချိန်ထိတိုင် နယ်ချဲ.ဝါဒ ခေတ်ကာလအတွင်း၌ ရှိနေဆဲဖြစ်သည်ဟု ကျွန်တော့်ကို သူတစ်ခါ ပြောခဲ့ဖူးသည် ။
“စီးပွါးရေး ရာဇဝတ်မှုများကို အပြင်းအထန် ဆန်.ကျင်တိုက်ဖျက်ကြ”လှုပ်ရှားမှုကို ၁၉၈၂ ခုနှစ် ဇန်နဝါရီလအတွင်း ကမ်းရိုးတန်းဒေသများ၌ စတင်ခဲ့သည် ။ ၎င်းသည် ဗဟိုကော်မတီနာမည်ဖြင့် အရေးကြီးနှိုးဆော်စာတစ်စောင် ပေးပို.ရာမှ စတင်ခဲ့ပြီး အလွန်ကြီးမားသည့် ဂယက်ရိုက်မှုများ ပေါ်ပေါက်ခဲ့သည် ။ ထိုစဉ်က ကျွန်တော်သည် ဇီကျန်းပြည်နယ်သို. ရောက်ရှိနေခဲ့သည် ။ လှုပ်ရှားမှုသည် ဂွမ်ဒေါင်းပြည်နယ်အတွင်း မှောင်ခိုလုပ်ငန်းများအကြောင်း ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင်သို.တင်ပြခဲ့သည့် အစီရင်ခံစာကို တုံ.ပြန်ဖြေရှင်းရာမှ စတင်ခဲ့ကြောင်း နောက်ပိုင်း၌ ကျွန်တော်ကြားသိခဲ့ရသည် ။
အစီရင်ခံစာ၌ ချန်ယန်းက “မိုးကြိုးပစ်သကဲ့သို. ပြင်းထန်၍ ပြတ်သားခိုင်မာသော တိုက်ခိုက်မှု”မျိုးဖြင့် အရေးယူရန် မှတ်ချက်ရေးခဲ့သည် ။ ထို.နောက်၌ ပါတီအထွေထွေအတွင်းရေးမှုး ဟူယောင်ဘန်းက သဘာပတိအဖြစ်ကြီးမှုး၍ အတွင်းဝန်များ အစည်းအဝေးကျင်းပခဲ့ပြီး အရေးကြီး နှိုးဆော်စာကို ထုတ်ပြန်ခဲ့သည် ။ မတ်လအတွင်း ဘေဂျင်းသို. ကျွန်တော်ပြန်ရောက်အပြီး၌ ဗဟိုကော်မတီသည် ဂွမ်ဒေါင်းနှင့် ဖူကျင်းပြည်နယ်တို.နှင့်ပက်သက်သည့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့၍ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်ကို တစ်နိုင်ငံလုံးသို. ဖြန်.ချိခဲ့ပြီး တခြားဒေသများကို မှတ်တမ်းအကျဉ်းချုပ်၏ အနှစ်သာရများနှင့် လိုက်လျောညီထွေ လိုက်နာကျင့်သုံးကြရန် ညွှန်ကြားခဲ့သည် ။ ဧပြီလအတွင်း၌ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို.က “ပြင်းထန်သော စီးပွါးရေး ရာဇဝတ်မှုများကို အပြင်းအထန် ဆန်.ကျင်သည့် ဆုံးဖြတ်ချက်”ဆိုသည့် စာတမ်းကို ဖြန်.ချိခဲ့သည် ။
၁၉၈၁ ခုနှစ်အတွင်းက ပြုပြင်ပြောင်းလဲရေးမှာ အသစ်အဆန်းဖြစ်နေဆဲဖြစ်သည် ။ ကမ်းရိုးတန်းဒေသများကို ရည်ရွယ်ပြုလုပ်ခဲ့သည့် ဤနိုင်ငံလုံးအနှံ. လှုပ်ရှားမှုသည် ၎င်းတို.ကို များစွာမှပင် အထိနာစေခဲ့သည် ။ ပြုပြင်ပြောင်းလဲရေးက စီးပွါးရေးကို ပြန်လည်အသက်ဝင်လာစေခဲ့သလို မှောင်ခိုလှုပ်ရှားမှု ၊ ဈေးကစားမှု ၊ လာဘ်ပေးလာဘ်ယူမှုနှင့် နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားပြု ခိုးယူမှုတို.ကိုလည်း ဖြစ်ပေါ်စေခဲ့သည် ။ သို.သော်လည်း ၎င်းတို.ကို ကိစ္စတစ်ခုချင်းအပေါ် အခြေခံ၍သာလျှင် ဖြေရှင်းသင့်သည် ။
ထို.အစား ပြဿနာ၏ အတိုင်းအဆကို ပိုမိုခန်.မှန်းတွက်ချက်ခဲ့ပြီး ကျိုးကြောင်းမဆီလျော်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည် ။ စီးပွါးရေးဖွံ.ဖြိုးမှုကို လှုံ.ဆော်နှိုးဆွပေးရန် ရည်ရွယ်ပြီး စည်းမျဉ်းကန်.သတ်ချက်တို.ကို ဖြေလျှော့ပေးခြင်းနှင့်အတူ ယှဉ်တွဲပါလာခဲ့သည့် ရှောင်လွှဲ၍မရနိုင်သည့် အခြေအနေများကို “ဝန်းကျင်အခြေအနေသစ်များအတွင်းမှ လူတန်းစားတိုက်ပွဲ၏ အရေးကြီးသည့် သရုပ်သကန်များ” ၊ “လူတန်းစား ရန်သူများမှ ပျက်စီးယိုယွင်းနေသည့် အရင်းရှင်အတွေးအခေါ်များကို အသုံးပြုပြီး ကျွန်ုပ်တို.၏ စနစ်အား အဖျက်အမှောင့် တိုက်စားခြင်း၏ အကျိုးရလာဒ်များ” စသည်ဖြင့် စွပ်စွဲတံဆိပ်တပ်ခဲ့ကြသည် ။
“လူဇွာဆန်သည့် နေထိုင်မှုပုံစံများ မြင့်တက်လာသည်”ဟုလည်း ဖော်ပြထားသေးသည် ။ ထို.အပြင် “ယနေ.မှစ၍ ပျက်စီးယိုယွင်းနေသည့် ဘူဇွာအတွေးအခေါ်များ၏ လှိုက်စားမှုအား ဆန်.ကျင်တိုက်ဖျက်ရေးကို အားသစ်လောင်း ဆင်နွှဲသွားမည်” ၊ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွင်း၌ ကွန်မြူနစ်ဝါဒ သန်.ရှင်းစင်ကြယ်ရေးကို ဦးစားပေး ဖော်ဆောင်သွားမည်” စသည်ဖြင့်လည်း အဆိုပြုခဲ့သည် ။
ဤသို.သော တံဆိပ်တပ်စွပ်စွဲမှုများနှင့် လှုပ်ရှားမှုကို ပြုလုပ်ဖော်ဆောင်ခဲ့ကြသည့် နည်းလမ်းတို.သည် ပြုပြင်ပြောင်းလဲရေးနှင့်အတူ ပေါ်ထွက်လာခဲ့သည့် အခြေအနေများကို များစွာအကျိုးသက်ရောက်ခဲ့သည် ။ ဂွမ်ဒေါင်းနှင့် တခြားကမ်းရိုးတန်းဒေသများမှ မှောင်ခိုလုပ်ငန်းများကို အလွန်အကျူး တုံ.ပြန်ခဲ့ခြင်းသည် ပြုပြင်ပြောင်းလဲရေးနှင့် စီးပွါးရေးဖွံ.ဖြိုးမှု လှုံ.ဆော်နှိုးဆွရေး အစီအစဉ်များအပေါ် ရဲဘော်ချန်ယန်း၏ ကန်.ကွက်မှုနှင့် သံသယကြီးမားမှုများကြောင့်ဖြစ်သည် ။ ၎င်းတို.ကို အန္တရာယ်ကြီးမားသည့် မူဝါဒများဖြစ်သည်ဟု သူကယုံကြည်သည် ။
စီးပွါးရေး ရာဇဝတ်မှုများကို ဆန်.ကျင်တိုက်ဖျက်သည့် လှုပ်ရှားမှုကို အဆိုပြုခဲ့စဉ်က အထူးစီးပွါးရေးဇုန်များသည် “စီမံကိန်းစီးပွါးရေးသည် အဓိကဦးစားပေးဖြစ်ပြီး ဈေးကွက်ထိန်းညှိရေးသည် အရံအစီအစဉ်ဖြစ်ကြောင်း”ကို စွဲမြဲစွာ ခံယူထားရမည်ဟု ကြေငြာခဲ့သည် ။ ဤအချက်မှာ အထူးစီးပွါးရေးဇုန်များကို အဓိပ္ပါယ်မဲ့သွားစေမည်ဖြစ်သည် ။ သူ(ချန်ယန်း)က နိုင်ငံခြားကုန်သွယ်မှုတွင် ဗဟို၏ ထိန်းချုပ်မှုကို တိုးမြှုင့်ရန်လည်း ကြေငြာခဲ့သည် ။ နိုင်ငံတော်မှ သတ်မှတ်ထားသည့် ကမ္ပဏီများ မပါပဲနှင့် မည်သည့်ကုန်သွယ်မှု သို.မဟုတ် မည်သည့်စီးပွါးရေး လှုပ်ရှားမှုမျှ မပြုလုပ်ရန်နှင့် နိုင်ငံခြားကုန်သွယ်မှု အားလုံးသည် တရားဝင် စည်မျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဟု ကြေငြာခဲ့သည် ။ အကျိုးဆက်အားဖြင့် အထူးစီးပွါးရေးဇုန်များသို. ချပေးထားသည့် လုပ်ပိုင်ခွင့်တချို. ပြန်လည်နုတ်ယူခံလိုက်ရသည် ။ သူက နိုင်ငံတော်အတွက် မဖြစ်မနေ ဝယ်ယူရမည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ထွက်ကုန်များ၏ အချိုးအစားကို တိုးမြှုင့်ပြီး တန်ဖိုးကြီးကုန်စည်များ ဝယ်ယူမှုကို လျှော့ချဖို. လမ်းညွှန်ချက်မျာကိုလည်း ချမှတ်ပေးခဲ့သည် ။ ထို.အပြင် ကမ်းရိုးတန်းဒေသများမှ အလုပ်သမားတို.၏ ဘောနပ်စ်ကိုလည်း ကုန်းတွင်းပိုင်း ပြည်နယ်များရှိ အလုပ်သမားတို.၏ လစာထက် အနည်းငယ်မျှသာ ပိုပေးဖို. ကန်.သတ်ချက်ကိုလည်း သူက အဆိုပြုခဲ့သည် ။
စီးပွါးရေး ရာဇဝတ်မှုများကို ဆန်.ကျင်သည့် လှုပ်ရှားမှုသည် စီးပွါးရေး ထိန်းချုပ်မှုများကို လျှော့ချပေးရေးကို ဆန်.ကျင်သည့် လှုပ်ရှားမှုအဖြစ် အသွင်ပြောင်းသွားခဲ့သည် ။ ၎င်းသည် စီးပွါးရေးလုပ်ငန်းများသို. ချပေးထားသည့် လုပ်ပိုင်ခွင့်တချို.ကို ပြန်လည်သိမ်းယူသွားသည် ။ ဂွမ်ဒေါင်းနှင့် ဖူကျန်းပြည်နယ်များတွင် အထူးဦးစားပေးနှင့် ပြောင်းလွယ်ပြုလွယ်သည့် မူဝါဒများချမှတ်ပေးဖို. ခွင့်ပြုချက်မှာ အကုန်လုံးလိုလို တစ်စစီပြိုကျသွားသည် ။
ချန်ယန်းသည် ဤအခြေအနေများ ဖြစ်ပေါ်လာခြင်းအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည် ။ ပြဿနာကို မီးမွှေးပေးလိုက်သည်မှာ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင်၏ အစီရင်ခံစာဖြစ်သည် ၊ သို.သော်လည်း ချန်ယန်း၏ လမ်းညွှန်မှုမပါပဲ ဤသို.သော လှုပ်ရှားမှုမျိုး ပေါ်ပေါက်လာမည်မဟုတ်ပါ ။ ဟူကျားမူ(ရှေးရိုးစွဲ ပေါ်လစ်ဗျူရို အဖွဲ.ဝင်တစ်ဦးဖြစ်ပြီး မော်စီတုန်း၏ အတွင်းရေးမှုးလုပ်ခဲ့ဖူးသူ)သည်လည်း ထိခိုက်နစ်နာအောင် လုပ်ခဲ့သည့် အခန်းမှ ပါဝင်ခဲ့သည် ။
တိန်.ရှောင်ပင်းကမူ ပြဿနာ၏ လေးနက်မှုကို သိကောင်းမှသိပါလိမ့်မည် အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ဖက်တွင် ပြုပြင်ပြောင်းလဲရေးကို စီမံခန်.ခွဲဖို. ကြိုးစားနေပြီး တခြားတစ်ဖက်တွင်မူ စီးပွါးရေး ရာဇဝတ်မှုများကို ထိန်းချုပ်ဖို. အားထုတ်နေသောကြောင့်ဖြစ်သည် ။ ဤလှုပ်ရှားမှုသည် ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှု တစ်ခုလုံးကို မည်မျှထိခိုက်စေကြောင်း သူသတိပြုမိပုံမရပေ ။ ယောင်ဘန်းနှင့် ကျွန်တော် ၂ ယောက်စလုံးမှာ အင်အားမဲ့သည့်နှယ် ချောင်ပိတ်မိနေကြသည် ။ အရေးကြီးနှိုးဆော်စာကို ယောင်ဘန်းသဘာပတိလုပ်သည့် အတွင်းဝန်များအစည်းအဝေးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း သူသည် အမိန်.တစ်ခုကို လိုက်နာအကောင်အထည်ဖော်နေခြင်းသာဖြစ်သည် ။
ဂွမ်ဒေါင်းနှင့် ဖူကျန်းပြည်နယ်တိုနှင့်ပက်သက်သည့် ဆွေးနွေးပွဲကို ကျွန်တော်တို. ၂ ယောက် ဦးဆောင်ကျင်းပခဲ့ပြီး အစည်းအဝေး၌ မိန်.ခွန်းပြောခဲ့သော်လည်း တကယ်တမ်း၌မူ ကျွန်တော်တို.သည် နှောင်ကြိုးဖြင့် ချည်နှောင်ခံထားရခြင်းဖြစ်သည် ။ အစည်းအဝေး၌ ပြည်နယ် ၂ ခုစလုံးမှ ရဲဘော်များက အကြီးအကျယ် စိုးရိမ်မှုကို ဖော်ပြခဲ့ကြသည် ။ ဤသို.သော လှုပ်ရှားမှုမျိုးက အထူးဦးစားပေးနှင့် ပြောင်းလွယ်ပြင်လွယ် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဖို. ခက်ခဲသွားစေလိမ့်မည်ဟု သူတို.က ယုံကြည်ကြသည် ။ တစ်ဖက်၌ ကျွန်တော်တို. ၂ ဦးသည် သူတို.အား ဗဟိုကော်မတီမှ ချမှတ်လိုက်သည့် နှိုးဆော်စာကို လက်ခံလိုက်နာကြဖို. ဖြောင်းဖျသိမ်းသွင်းရပြီး တခြားတစ်ဖက်တွင်မူ ကမ်းရိုးတန်းဒေသများသို. ပြုပြင်ပြောင်းလဲရေးက ဆောင်ကြဉ်းပေးလာသည့် အခြေအနေကောင်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများ နည်းနိုင်သမျှ နည်းသွားစေရေးအတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ကာကွယ်ဖို. ရဲဘော်ချန်ယန်းအား တတ်နိုင်သမျှ ဖြောင်းဖျစည်းရုံးဖို. လိုအပ်ပေသည် ။
အစည်းအဝေး၌ ရဲဘော်ချန်ယန်းက ဂွမ်ဒေါင်းပြည်နယ် ပါတီကော်မရှင်အတွင်းရေးမှုး ရန်ဇန်းကျိအား ရာထူးမှ ဖယ်ရှားပစ်ဖို. အဆိုပြုခဲ့သည် ။ သူက ဂွမ်ဒေါင်းနှင့် ဖူကျန်း ကဲ့သို.သော ဒေသများ၌ ရန်ဇန်းကျိလို “ပါးနပ်လွန်းသည့်လူများ” မရှိသင့်ပဲ ကိုယ်ကျင့်တရားကောင်းမွန်သူမျိုးကသာလျှင် ဦးဆောင်သင့်ကြောင်း ချန်ယန်း၏ စကားဖြင့်ပြောရပါက “နှုတ်မရနိုင်သည့်သံမှိုကဲ့သို. ခိုင်မာသည့်သူမျိုး”ကသာ ဦးဆောင်သင့်ကြောင်း သူကယုံကြည်သည် ။
ယောင်ဘန်းနှင့်ကျွန်တော်က နောက်ဆုံး၌ ချန်ယန်းအလျှော့ပေးသွားသည်အထိ အကြိမ်ကြိမ်တောင်းပန်ခဲ့ရသည်။ အကြောင်းတစ်ခုမှာ တိုတောင်းလှသည့် အချိန်အတွင်း၌ သူ.ကိုအစားထိုးနိုင်မည့် သင့်လျော်သည့်သူ မတွေ.နိုင်သောကြောင့်ဖြစ်သည် ။ သူ.နေရာကို အစားထိုးရန် ချန်ယန်းအဆိုပြုသူတစ်ယောက်မှာ ကျန်းမာရေး မကောင်းသဖြင့် နောက်ဆုံး၌ သူအလျှော့ပေးလိုက်ရသည် ။
အချိန် ၁ နှစ်ကျော်မျှ ကြာမြင့်ခဲ့သည့် ဤလှုပ်ရှားမှုသည် ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့သည် ။ လုပ်ရင်းကိုင်ရင်းမှ မှားယွင်းမိသည့် အမှားအယွင်းများ ၊ အားနည်းချက်များကို ရာဇဝတ်မှုအဖြစ် အရေးယူသည် ။ ရာဇဝတ်မှု မကျူးလွန်ပဲ ပြစ်ဒဏ်ချမှတ်ခြင်းများ ၊ သေးငယ်သည့် ဥပဒေ ချိုးဖောက်မှုများအတွက် ပြင်းထန်သည့် အပြစ်ပေး အရေးယူမှုများ မြောက်များစွာ ပေါ်ပေါက်ခဲ့သည် ။ ပြုပြင်ပြောင်းလဲရေး၏ အကျိုးရလာဒ်အဖြစ် မူလကရှုမြင်ခဲ့သည့် အခြေအနေများကို ခေါင်းပုံဖြတ် အမြတ်ကြီးစားမှုနှင့် အလွဲသုံးစားမှုအဖြစ် မှတ်ယူခဲ့ကြသည် ။
ဥပမာအားဖြင့် သူတို.၏ အားလပ်ချိန်တွင် ကိုယ်ပိုင်အလုပ်လုပ်သည့် သို.မဟုတ် တခြားအချိန်ပိုင်းအလုပ်လုပ်သည့် နိုင်ငံပိုင်စုပေါင်းလုပ်ငန်းမှ ကျွမ်းကျင်သူ ပညာရှင်လုပ်သား ၊ ပြည်ပသို. ကုန်စည်တင်ပို.ရောင်းချရာမှ ပိုလျှံသည့် နိုင်ငံခြားငွေကို အသုံးပြုသည့် သို.မဟုတ် တခြားငွေကြေးဖြင့် ဖလှယ်ခြင်းပြုလုပ်သည့် အဖွဲ.အစည်းများ ၊ အစိုးရအဝယ်တော်များနှင့် သူတို.၏ ကုန်သွယ်ဖက်များကြားတွင် သုံးစွဲသည့် လူမှုရေးအသုံးစားရိတ်များ စသည်တို.အားလုံးကို ရာဇဝတ်မှုအဖြစ် မှတ်ယူခဲ့သည် ။ လူများစွာကို မှားယွင်းစွာ ပြစ်ဒဏ်စီရင်ခဲ့သည် ။ နောက်ပိုင်း၌ ဤအမှုများကို ပြန်လည်သုံးသပ်ခဲ့ပြီး သူတို.၏ ဂုဏ်သိက္ခာကို ပြန်လည်အသိအမှတ်ပြု အဖတ်ဆယ်ပေးခဲ့ရသည် ။
ဤလုပ်ရပ်တို.က လူအများအား ပြုပြင်ပြောင်းလဲရေးအပေါ် သံသယဝင်စေခဲ့သည် ။ မည်သည်တို.ကို ခွင့်ပြု၍ မည်သည်တို.ကို ခွင့်မပြုကြောင်း သူတို.မဝေခွဲတတ်တော့ပေ ။ စီးပွါးရေးနယ်ပယ်အတွင်း အလုပ်လုပ်နေသည့် ရဲဘော်တချို.သည် မည်သည့်လုပ်ရပ်မျှ မလုပ်ခင် အခြေအနေကို စောင့်ကြည့်နေခဲ့ရသည် ။ တချို.အဝယ်တော်များနှင့် အရောင်းသမားတို.က လပေါင်းများစွာကြာအောင် ခရီးထွက်ရမည်ကို ငြင်းဆန်လာကြသည် ။
ဗဟိုကော်မတီမှ ထုတ်ပြန်သည့် နှိုးဆော်စာ၏ ရလာဒ်အဖြစ် သူတို.၏ ရှေးရိုးစွဲ အယူအဆများကို ဖက်တွယ်ထားပြီး ပြုပြင်ပြောင်းလဲရေးအပေါ် မသက်မသာဖြစ်နေသည့် နိုင်ငံတစ်ဝှမ်းရှိ စည်းကမ်းထိန်းသိမ်းရေး အဖွဲ.အစည်းများမှလူများသည် စက်ရုံများ ၊ လုပ်ငန်းဋ္ဌါနများသို. အကြိမ်ကြိမ် သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး လုပ်ငန်းကိုင်ငန်းများကို ကြီးမားစွာ ဒုက္ခရောက်စေခဲ့ကြသည် ။ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များစွာ ရပ်တန်.သွားခဲ့သည်။
၁၉၈၈ ခုနှစ် ဆောင်းဦးပေါက်ရာသီတွင် ဟိုင်နန်ကျွန်းရှိ ယန်ပုစီမံကိန်းနှင့်ပက်သက်၍ စိုးရိမ်စရာများ ရှိခဲ့သည် ။
ယန်ပုဒေသသည် စိုက်ပျိုး၍မရသည့် ကျတ်တီးမြေ အကွက်လေးတစ်ခုသာဖြစ်သည် ။ ကျွန်တော်တို.အတွက် ၎င်းဒေသကို ဖွံ.ဖြိုးတိုးတက်အောင်လုပ်ဖို. ခက်ခဲစေမည်ဖြစ်သော်လည်း အကယ်၍ ဤဒေသကို နိုင်ငံခြား စီးပွါးရေးလုပ်ငန်းများသို. ငှါးရမ်းပါက သူတို.အနေဖြင့် လျှင်မြန်စွာ ဖွံ.ဖြိုးအောင် လုပ်နိုင်ကြလိမ့်မည်ဖြစ်သည် ။ ဟိုင်နန်ပါတီ အတွင်းရေးမှုး ဇူရှိကျီနှင့် ဟိုင်နန်အုပ်ချုပ်ရေးမှုး လီယန်ရှန်းတို.က ဟောင်ကောင်ရှိ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ဋ္ဌါနခွဲဖြစ်သည့် ကူမဂိုင်ဂူမိနှင့် အဆက်အသွယ်ရရှိပြီး ဤသို.သောကမ်းလှမ်းမှုမျိုး ရရှိခဲ့ပြီး ကုမ္ပဏီက ငွေဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမည်ဟု သဘောတူသည် ။
ကျွန်တော်က ယန်ပုစီမံကိန်းကို ချန်ယန်းထံသို. တင်ပြခဲ့သော်လည်း သူက သူ၏အမြင်ကို မပြောခဲ့ပေ ။ ထို.ကြောင့် ကျွန်တော်က တိန်.ရှောင်ပင်းထံသို. ဆက်လက်အစီရင်ခံရာ သူက အလွန်ထောက်ခံခဲ့ပြီး အမြန်ဆုံးအကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့သည် ။
ထိုစဉ်အချိန်က နိုင်ငံတစ်ဝှမ်းမှ လူများစွာအဖို. ဤသို.သောဖြစ်ရပ်မျိုး ပေါ်ပေါက်လာမည်ဟု မတွေးထင်မိကြသေးပေ။ တရုတ်ပြည်သည် အတိတ်ကာလက လုံးဝသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းအားဖြင့်သော်လည်းကောင်း ကိုလိုနီပြုခြင်း ခံခဲ့ရသည် ။ ထို.ကြောင့် လူအများသည် အချုပ်အခြာအာဏာပိုင်မှုနှင့် ပက်သက်လာလျှင် အလွန်ပင် အကဲဆတ်သည့် အနေအထားရှိသည် ။ စင်ဟွာတက္ကသိုလ် လက်ထောက်ပါမောက္ခချုပ် ဇန်ဝေက သုတေသနတစ်ချို. ပြုလုပ်ပြီး နိုင်ငံခြားသားများသို. ငှါးရမ်းပေးထားသည့် အကျယ်အဝန်း ဧရိယာ ကြီးမားသည့် ဒေသများသည် နိုင်ငံတစ်ခုအတွင်းရှိ သီးခြားလွတ်လပ်သည့် နယ်မြေတစ်ခုနှင့် အလားသဏ္ဍာန်တူကြောင်း တစ်နည်းအားဖြင့် အချုပ်အခြာအာဏာပိုင်မှုကို ရောင်းချသည်နှင့် အလားတူကြောင်း အစီရင်ခံစာတစ်စောင် ရေးသားတင်ပြခဲ့သည် ။ ဤကိစ္စမှာ ၁၉၈၉ ခုနှစ် အမျိုးသား ပြည်သူ.ကွန်ဂရက်တွင် အဓိက အကြောင်းအရာကြီးဖြစ်လာပြီး အနှောင့်အယှက် အတော်ဖြစ်ခဲ့သည် ။ ကွန်ဂရက်တွင် ဇူရှိကျီက ရှင်းလင်းတင်ပြသော်လည်း လူအများက နားမထောင်လိုကြပေ ၊ သူတို.၏ ဆန်.ကျင်မှုမှာ ပြင်းထန်လှသည် ။ ဆန်.ကျင်ကန်.ကွက်မှုများ၏ နောက်ကွယ်၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိမရှိ ကျွန်တော်မသိပါ သို.သော် သူတို.က စီမံကိန်းကို ပယ်ဖျက်ရန် ဆုံးဖြတ်ထားကြပြီး ဟိုင်နန်မှ အရာရှိအများအပေါ် အပြစ်ပုံချချင်နေကြသည် ။
ယန်ပုစီမံကိန်းကို ဒုတိယဝန်ကြီးချုပ် တီယန်ကျိယွန်က ဦးဆောင်ပြီး ကျွန်တော်က ထောက်ခံကြောင်း ပါတီဝါရင့်ကြီး လီရှန်နင်း သိသွားသောအခါ စီမံကိန်းသည် “ဂုဏ်သိက္ခာအရ ဆုံးရှုံးမှုဖြစ်ကြောင်း ၊ ကျွန်တော်တို.၏ နိုင်ငံတော်ကို စော်ကားမှုဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်မှုကို သစ္စာဖောက်မှုဖြစ်ကြောင်း”ဖြင့် စွပ်စွဲအပြစ်တင်သည့် စာတမ်းတစ်စောင် ရေးသားခဲ့သည် ။ ဤသည်မှာ လီရှန်နင်း၏ ပြုပြင်ပြောင်းလဲရေးကို ခုခံဆန်.ကျင်မှုတစ်ခုဖြစ်ပြီး ကျွန်တော့်ကို တိုက်ခိုက်ရန်နှင့် တခြားသူများအား ကျွန်တော့်ကို ဆန်.ကျင်ဖို. လှုံ.ဆော်ရန် အခွင့်အလမ်းကို ရှာကြံနေတတ်သည့် သူ၏နိုးကြားတက်ကြွှမှု ဥပမာတစ်ခုဖြစ်သည် ။ ဤဖြစ်ရပ်မတိုင်မှီက ကျွန်တော်နှင့် ပါတီဝါရင့်ကြီး ရဲဘော်ဝမ်ဇန်းတို.ကြားတွင် သဘောထားကွဲလွဲမှု တစ်ခါမျှ မရှိခဲ့ပဲ အကြောင်းကိစ္စများကို သူနှင့်တိုင်ပင်ဆွေးနွေးနိုင်ခဲ့ပြီး သူ၏ထောက်ခံမှုကို ရရှိနိုင်ခဲ့သည် ။ သို.သော်လည်း ၁၉၈၈ ခုနှစ်တွင် အနေအထားများ ပြောင်းလဲသွားခဲ့ပြီး သူက ကျွန်တော့်ကို တက်ကြွှစွာ ဆန်.ကျင်လာခဲ့သည် ။ ဇွန်လ ၄ ရက်နောက်ပိုင်း၌မူ သူကကျွန်တော့်ကို “တန်ပြန်တော်လှန်ရေးသမား” ၊ “လျှို.ဝှက်ကြံစည်သည့် ဂိုဏ်းအုပ်စုလေး၏ နောက်ကွယ်မှ ကြိုးကိုင်ချယ်လှယ်သူ” စသည်ဖြင့် စွပ်စွဲခဲ့သည် ။ သူ၏သဘောထား ပြောင်းလဲသွားခြင်းသည် လီရှန်နင်းနှင့် တိန်.လီကျန်တို.၏ ပယောဂကြောင့်ဖြစ်နိုင်သည် ။
လီရှန်နင်းသည် ရဲဘော်တိန်.ရှောင်ပင်းထံသို.လည်း စီမံကိန်းကို ရှုတ်ချသည့် စာတစ်စောင် ပေးပို.ခဲ့သေးသည် ။ တိန်.ကမူ အသေးစိတ်များကို ဂရုမပြုမိပေ ၊ သို.သော်လည်း လူအများအပြားက ဆန်.ကျင်ကြသည်ကို တွေ.ကြုံလာပြီးနောက်တွင် “လောလောဆယ်မှာ ဒီစီမံကိန်းကို ဆက်ပြီးအကောင်အထည် မဖော်သင့်သေးဘူး”ဟု သူကပြောခဲ့သည် ။ ထို.မတိုင်မှီလေးအတွင်းကလည်း ရဲဘော်ချန်ယန်းက ကျွန်တော့်ထံသို. စာရွက်စာတမ်းတစ်စောင် ထပ်ဆင့်ပေးပို.ခဲ့ပြီး “ဤကိစ္စအပေါ်တွင် သတိကြီးစွာထားရန်” ဟု တောင်းဆိုခဲ့သည် ။
အငြင်းပွါးမှု၏ အဓိကအချက်မှာ အချုပ်အခြာအာဏာပိုင်မှုဖြစ်သည် ၊ ထို.ကြောင့် ကျွန်တော်၏ ဝန်ထမ်းများအား ယန်ပုဒေသဖွံ.ဖြိုးရေးစီမံကိန်းသည် အချုပ်အခြာအာဏာပိုင်မှုနှင့် မပက်သက်ကြောင်း ရှင်းလင်းပြနိုင်မည့် အသေးစိတ်အချက်များ ရေးသားစေခဲ့သည် ။ တိန်.ထံသို. ကျွန်တော်က သတင်းအချက်အလက်အချို.နှင့်အတူ စာတစ်စောင် ရေးသားပေးပို.ခဲ့သည် ။ “ငှါးရမ်းခြင်းမှာ ကောင်းမွန်မှန်ကန်သည့် လုပ်ရပ်ဟုတ်မဟုတ်ဆိုသည်ကို လေ့လာယူနိုင်ပါသည် ။ သို.သော် ဤကိစ္စသည် အချုပ်အခြာအာဏာပိုင်မှုနှင့် မည်သို.မျှ မပက်သက်ပါ”ဟု ကျွန်တော်က ရေးခဲ့သည် ။
နောက်ပိုင်း၌ တိန်.က ကျွန်တော့်ကို အသေးစိတ်အချက်များမေးသောအခါ “ယန်ပုဒေသဟာ စိုက်ပျိုးလို. မရနိုင်တဲ့ ကျတ်တီးကုန်းမြေလေးပါ ။ တကယ်လို. ကျွန်တော်တို.က ဒီဒေသကို နိုင်ငံခြားစီးပွါးရေးလုပ်ငန်းတွေကို မငှားရမ်းဘူးဆိုရင် နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်အကြာမှာလည်း ဒီဒေသဟာ ကျတ်တီးကုန်းမြေလေးပဲ ဖြစ်နေဦးမှာပါ ။ တကယ်လို. ကျွန်တော်တို.က ငှားပေးခဲ့ပြီး သူတို.က ဟောင်ကောင်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံဖို. မစိုးရိမ်မထိတ်လန်.ကြဘူးဆိုရင် ကျွန်တော်တို.အနေနဲ. ဘာကိုများစိုးရိမ်နေစရာရှိသလဲခင်ဗျာ ။ ဒီလုပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင်မှုကို ထိခိုက်တယ်လို. ဘယ်လိုမှမပြောနိုင်ပါဘူး”ဟု ကျွန်တော်က ပြန်ပြောခဲ့သည် ။
“ဒါဟာ တော်တော်ကောင်းတဲ့ စိတ်ကူးစိတ်သန်းပဲ ။ ဒီအချက်ကို ငါအစက ရှင်းရှင်းလင်းလင်းမသိခဲ့ဘူး”ဟု တိန်.က ပြန်ပြောသည် ။
နောက်ပိုင်း၌ ဟိုင်နန်မှ ပါတီအရာရှိ လီယန်ရှန်းနှင့် ဇူရှိကျီတို.က ယန်ပုဒေသဖွံ.ဖြိုးရေးစီမံကိန်းနှင့်ပက်သက်၍ အသေးစိတ်ကို တိန်.ရှောင်ပင်းထံသို. တိုက်ရိုက်ရေးသားတင်ပြခဲ့သည် ။ တိန်.သည် သူတို.၏စာကို ဖတ်ပြီးနောက် အောက်ပါသူ၏ မှတ်ချက်နှင့်အတူ ကျွန်တော့်ထံ ထပ်ဆင့်ပေးပို.ခဲ့သည် ။ “အရင်စွပ်စွဲချက်တွေဟာ မမှန်ကန် မတိကျဘူး။ လောလောဆယ် ဆက်လက်အကောင်အထည်မဖော်ဖို. ငါကညွှန်ကြားခဲ့တယ် ။ ဒါပေမယ့် ဒီစာမှာရေးထားသလိုမျိုး အခြေအနေတွေ ကွဲလွဲနေတယ်ဆိုရင် ငါတို. တက်တက်ကြွှကြွှ ဆက်လက်အကောင်အထည်ဖော်သင့်တယ်”ဟု သူကမှတ်ချက်ရေးခဲ့သည် ။ ပါတီဝါရင့်ကြီး ဝမ်ဇန်းသည် စီးပွါးရေးပြုပြင်ပြောင်းလဲမှုကို တက်တက်ကြွှကြွှ မရှိသော်လည်း ကျွန်တော်က တိန်.ရှောင်ပင်း၏ မှတ်ချက်အကြောင်း ပြောပြီးသောအခါ၌ သူကလည်း ထောက်ခံခဲ့သည် ။
ပြန်လည်၍တွေးကြည့်သောအခါ၌ တရုတ်ပြည်အနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို အကောင်အထည်ဖော်ဖို. မလွယ်ကူလှပါ ။ လူအများသည် နိုင်ငံခြားသားများနှင့် ဆက်ဆံရမည့် ကိစ္စများ ကြုံတွေ.လာတိုင်း ကြောက်ရွံ.နေကြပြီးလျှင် ပြုပြင်ပြောင်းလဲရေးသမားများကို စွပ်စွဲမှုများကလည်း အများအပြားရှိနေသည်။ လူအများသည် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည်ကို ၊ ကျွန်တော်တို.၏ အချုပ်အခြာအာဏာပိုင်မှုအား သေးသိမ်စေမည်ကို သို.မဟုတ် ကျွန်တော်တို. နိုင်ငံကို စော်ကားခံရမည်ကို ကြောက်ရွံ.စိုးရိမ်နေခဲ့ကြသည် ။
နိုင်ငံခြားသားများ သူတို.၏ ပိုက်ဆံကို တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံပါက တရုတ်ပြည်၏ မူဝါဒများ ပြောင်းလဲမည်ကို သူတို.ကသာ စိုးရိမ်စရာရှိသည်ဟု ကျွန်တော်က ထောက်ပြခဲ့သည် ။ သို.သော် ကျွန်တော်တို.က ဘာကိုများ စိုးရိမ်စရာရှိပါသနည်း ။ ဥပမာအားဖြင့် အထူးစီးပွါးရေးဇုန်များသည် ကိုလိုနီများဖြစ်သွားလိမ့်မည်ဟု မခိုင်လုံပဲ စွပ်စွဲမှုများရှိသည် ။ မူလက မကာအိုကို သူတို.၏ ငါးဖမ်းပိုက်များ လှန်းရန်အတွက် ပေါ်တူဂီတို.အား ငှားရမ်းခဲ့သည် ။ သို.သော် နောက်ဆုံး၌ သူတို.၏ ကိုလိုနီဖြစ်သွားခဲ့သည်ဟု သူတို.က ထောက်ပြကြသည် ။ ကျင်မင်းဆက်သည် အကျင့်ပျက်ခြစားနေပြီး စွမ်းဆောင်ရည်မရှိပေ သို.သော်လည်း တရုတ်ပြည်သူ.သမ္မတနိုင်ငံမှာ ဤသို.မဟုတ်ပေ ။ နိုင်ငံခြားသားများကြားတွင် စိုးရိမ်ထိတ်လန်.မှုတစ်ခုသာရှိပြီး ၎င်းမှာ တရုတ်ပြည်သည် ပြောင်းလဲသွားပြီး တစ်ချိန်ချိန်တွင် မူလသဘောတူညီချက်များကို ရုတ်သိမ်းပြီး သူတို.၏ ရင်းနှီးမြှုပ်နှံမှုများကိုပင် သိမ်းယူသွားမည်လား ဆိုသည့်အချက်ဖြစ်သည် ။ မည်သည့်အချက်ကိုကြည့်ပြီး တရုတ်တို.က နိုင်ငံခြားသားများကို ကြောက်ရွံ.နေရမည်နည်း ။ အကယ်၍ သူတို.၏ ငွေများကို တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံထားပါက တရုတ်ပြည်အနေဖြင့် ဘာကိုများ ကြောက်ရွံ.စိုးရိမ်နေရပါမည်နည်း ။
နောက်ထပ်ဥပမာတစ်ခုမှာ ကမ်းလွန်ရေနံအတွက် စမ်းသပ်တွင်းတူးသည့် ကိစ္စဖြစ်သည် ။ နိုင်ငံခြား အရင်းအနှီး အမြောက်အများလိုအပ်သည် သို.သော် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည်ကို စိုးရိမ်သည့်အတွက် သဘောတူစာချုပ်များတွင် တောင်းဆိုချက်များစွာ ထည့်သွင်းချုပ်ဆိုသည် ။ ချဉ်းကပ်နည်းမှာ အလွန်ရှေးရိုးစွဲဆန်လွန်းပြီး အသေးအဖွဲကိစ္စရပ်လေးများအပေါ်တွင် အာရုံစိုက်လွန်းသဖြင့် ဗျူဟာမြောက်သည့် အကျိုးအမြတ်များကို မျက်စေ့ချော်နေခဲ့ကြသည် ။
ယျေဘုယျအားဖြင့် တချို.သူများမှာ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေခဲ့ကြသည် ။ လွတ်လပ်ရေးနှင့် ကိုယ့်အားကိုယ်ကိုးရေးဆိုသည့် ခေါင်းစဉ်ဖြင့် တရုတ်ပြည်သည် ၎င်း၏တံခါးတို.ကို ပိတ်ထားခဲ့သည် ၊ သို.သော် တကယ်တမ်း၌ ၎င်းမှာ ကိုယ့်ဘာသာကိုယ် ပြဋ္ဌါန်းလိုက်သည့် အထီးကျန်ဆန် နေထိုင်ရေးမူဝါဒဖြစ်သည် ။ တံခါးဖွင့်မူဝါဒကို အကောင်အထည်ဖော်ခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံခြား ကုန်သွယ်မှုပြုလုပ်ရန် ၊ ကျွန်တော်တို. လိုအပ်သည်တို.ကို ကုန်သွယ်ရန်ဖြစ်သည် ။ တချို.သောသူများက နိုင်ငံခြားမှ ကုန်စည်တင်သွင်းခြင်းကို ရှက်ကြသည် ။ မည်သည့်အရာကို ရှက်ရမည်နည်း ။ ၎င်းမှာ တောင်းစားနေခြင်းမဟုတ်ပေ ။ ဤကိစ္စသည် နှစ်ဦးနှစ်ဖက် အပြန်အလှန် လဲလှယ်မှုဖြစ်ပြီးလျှင် ကိုယ့်အားကိုယ်ကိုးသည့် ပုံစံတစ်မျိုးဖြစ်သည် ။ ဤအချက်သည် ကျွန်တော်တို.ကို ဆုံးရှုံးမှုများပြားသည့် အမှားအယွင်းများ ဖြစ်ပေါ်စေခဲ့သည် ။ ဤတွေးခေါ်ပုံမှာ ပိတ်မိနေသော တွေးခေါ်မှုဖြစ်ပြီး မိမိ၏အားသာချက်ကို မည်သို.အသုံးချရမည်ကို မသိသည့် တွေးခေါ်နည်းဖြစ်သည် ။
ဝန်ကြီးချုပ် လီပန်းသည်လည်း ယန်ပုစီမံကိန်းကို မထောက်ခံပေ ။ သူက အထူးစီးပွါးရေးဇုန်များရုံးသို. အမိန်.တစ်ခု ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ကောင်စီမှ အသိပေးချက်မထုတ်ပြန်မချင်း ယန်ပုစီမံကိန်းကို ပြန်လည်မစတင်ရန် ညွှန်ကြားခဲ့သည် ။ အကျိုးဆက်အားဖြင့် ယန်ပုစီမံကိန်းကို ချောင်ထိုးထားလိုက်ကြတော့သည် ။ လီရှန်နင်းနှင့် လီပန်း နှစ်ယောက်စလုံးကြောင့် ယန်ပုစီမံကိန်းကို များစွာထိခိုက်စေခဲ့ပြီး ပြန်လည်နလံထူလာရန် များစွာခက်ခဲခဲ့သည် ။
မြေရာ ဈေးကွက်နှင့် ပမာဏကြီးမားသည့် ဖွံ.ဖြိုးရေးလုပ်ငန်းများတွင် နိုင်ငံခြားလုပ်ငန်းများကို ဆွဲဆောင်ရေးနှင့်ပက်သက်၍ နောက်ထပ်ပြောစရာတစ်ခုရှိသေးသည် ။ အမြန်ဆုံး အမြတ်ပြန်ရဖို.အတွက် အရောင်းအဝယ်လုပ်ခြင်း (“အထူးလိုင်စင်ဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း”ဟု တချို.သော သံသယဝါဒီများက ရည်ညွှန်းသည့်) ဆိုသည့် ပြဿနာဖြစ်သည် ။ ဤပြဿနာကို ကျွန်တော်တို. ဖြေရှင်းနိုင်ပါက မြေရာဈေးကွက်ကို ဖွင့်ပေးခြင်းသည် မြို.ပြဒေသများကို အလျှင်အမြန် ဖွံ.ဖြိုးစေပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကိုလည်း အခြေအနေကောင်းများ ပေါ်ထွန်းလာစေခြင်းဖြင့် ကျွန်တော်တို.၏ ပြုပြင်ပြောင်းလဲရေးကို သိသိသာသာ အကျိုးရှိစေပေလိမ့်မည် ။ မြေရာကို လူသုံးကုန်စည်ကဲ့သို. သဘောထားပြီး ဈေးကွက်အလိုအတိုင်း လွတ်လပ်စွာ ဖြေလျှော့ထားပြီး မြေရာဈေးကွက် ပေါ်ပေါက်လာစေခြင်း စသည်တို.မှာ မူဝါဒဆိုင်ရာ အဓိက ပြဿနာများဖြစ်သည် ။ နှစ်ပေါင်းများစွာကြာအောင် မြေရာကို လွှဲပြောင်းခြင်း သို.မဟုတ် ငှားရမ်းခြင်းအား ဖွဲ.စည်းပုံ အခြေခံဥပဒေက ကန်.သတ်တားဆီးထားသည် ။ ထို.ကြောင့် နှစ်ပေါင်းများစွာကြာအောင် ဤအကြောင်းအရာကို မဖြေရှင်းနိုင်ခဲ့ပေ ။
ပြုပြင်ပြောင်းလဲရေး အစပိုင်းကာလ၌ ရှန်ဇန်းဒေသတစ်ခုတည်းတွင်သာလျှင် ငှားရမ်းရန်သတ်မှတ်ထားသည့် မြေရာရှိပြီး ၎င်းကို ဟူယင်ရှင်း (ဟောင်ကောင်မှ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဂေါ်ဒွင်ဝူးဟု လူသိများသည်)ကို ဖွံ.ဖြိုးရေးအတွက် ငှားရမ်းပေးခဲ့သည် ။ ထိုအချိန်က ဤကိစ္စသည် အဓိက ငြင်းခုန်စရာ ပြဿနာတစ်ခုဖြစ်ခဲ့သည် ။ နိုင်ငံခြားသားများကို ငှားရမ်းရန်သတ်မှတ်ထားသည့် ဧရိယာမှာ ကြီးမားလွန်းသည်ဟု ထိုစဉ်က အငြင်းပွါးခဲ့ကြသည် ။
ပြုပြင်ပြောင်းလဲရေး၏ အစောပိုင်းကာလများက နိုင်ငံခြားသားများကို စက်ရုံများ လာရောက်တည်ဆောက်ဖို.နှင့် စီးပွါးရေးလုပ်ငန်းများ လာရောက်တည်ထောင်ဖို. ဆွဲဆောင်ရာတွင် ကြုံတွေ.ရသည့် ပြဿနာမှာ ကျွန်တော်တို.၏ အခြေခံအဆောက်အအုံတို.မှာ မကောင်းမွန်သည့် ပြဿနာဖြစ်သည် ။ အခြေခံအဆောက်အအုံတို. တည်ဆောက်ဖို.အတွက် ကျွန်တော်တို.တွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည် ။ ကျွန်တော်တို.တွင် ဤမျှများပြားသည့်ငွေ မရှိသဖြင့် ချောင်ပိတ်မိနေခဲ့သည် ။ ဖွံ.ဖြိုးရေးဇုန်တို.ကို ဤကဲ့သို.စတင်ခဲ့သည် ။ ပထမဆုံး နယ်မြေဒေသတစ်ခုကို ဖွံ.ဖြိုးအောင်လုပ်လိုက်ပြီး မြေရာကို လူသုံးကုန်သဖွယ် ဖန်တီးလိုက်သည် ထို.နောက် ရေ ၊ လျှပ်စစ်ဓာတ်အားနှင့် လမ်းပန်းတို. ဖောက်လုပ်သွယ်တန်းပေးပြီးလျှင် စက်ရုံနှင့် ရုံးအဆောက်အအုံတို.ကို တည်ဆောက်လိုက်သည် ။ ထိုစဉ်က တွက်ချက်ခဲ့သည့်နှုန်းမှာ တစ်စတုရန်းကီလိုမီတာ နယ်မြေအတွက် ယွမ်ငွေသန်း၁၀၀ ခန်.လိုအပ်သည်ဟု တွက်ချက်ခဲ့သည် ၊ ယနေ.အချိန်တွင်မူ အကုန်အကျ ပို၍များပေလိမ့်မည် ။ ထို.ကြောင့် ဖွံ.ဖြိုးရေးဇုန်များ တည်ဆောက်သည့်နှုန်းမှာ များစွာနှေးကွေးခဲ့သည် ။
မြို.ပြဒေသ ဖွံ.ဖြိုးရေးတွင်လည်း ဤကဲ့သို.သော ပြဿနာများကို ကျွန်တော်တို. ကြုံတွေ.ခဲ့ရသည် ။ မြို.ပြများအတွက် လမ်းဖောက်ဖို. သို.မဟုတ် ရေနှင့် လျှပ်စစ်သွယ်တန်းဖို.အတွက် ကျွန်တော်တို.တွင် ဘဏ္ဍာငွေမရှိပေ ။ မြေရာများစွာသည် အချည်းနှီးဖြစ်နေခဲ့သည် ။
၁၉၈၅ သို.မဟုတ် ၁၉၈၆ ခုနှစ်ပိုင်းက ဖြစ်မည်ထင်သည် ၊ ဟိုယင်ဒေါင်း (ဟောင်ကောင်မှ သူဋ္ဌေးကြီးဖြစ်ပြီး ဟင်နရီဖော့ဟု လူသိများသည်)နှင့် ကျွန်တော်ဆွေးနွေးရာ၌ ကျွန်တော်က မြို.ပြဒေသ ဖွံ.ဖြိုးရေးအတွက် ကျွန်တော်တို.တွင် ငွေမရှိကြောင်းပြောကြားရာ သူက “ခင်ဗျားမှာမြေရာရှိရင် ပိုက်ဆံမရှိဘူးလို. ဘယ်လိုပြောလို.ရမလဲ”ဟု ပြန်ပြောခဲ့သည် ။
ကျွန်တော်က ဤစကားကို ထူးဆန်းသည့် မှတ်ချက်တစ်ခုအဖြစ် တွေးမိခဲ့သည် ။ မြေရာရှိသည်က တစ်ကိစ္စ ၊ ငွေမရှိသည်က တစ်ကိစ္စဟု ယူဆခဲ့သည် ။ ဤအကြောင်းအရာနှစ်ခု တစ်ခုနှင့်တစ်ခု မည်သို.ပက်သက်နေသနည်း ။ သူက “တကယ်လို. စည်ပင်သာယာတွေမှာ မြေရာတွေရှိတယ်ဆိုရင် တချို.ကို အငှားချထားဖို. သူတို.ကို ခွင့်ပြုသင့်တယ် ၊ အဲဒီနည်းနဲ. ဝင်ငွေတွေရလာနိုင်ပြီး တခြားလူတွေကို အဲဒီမြေရာတွေကို ဖွံ.ဖြိုးအောင် လုပ်ကိုင်စေသင့်တယ်”ဟု ပြောသည် ။
တကယ်တမ်း၌ ဟောင်ကောင်တွင် အဆောက်အဦးနှင့်လမ်းများကို မည်ကဲ့သို. တည်ဆောက်ဖောက်လုပ်ခဲ့သည်ကို ကျွန်တော်သိပြီးဖြစ်သည် ။ နေရာဒေသတစ်ခုကို အမြန်ဆုံး ပြောင်းလဲပစ်လိုက်နိုင်သည် ။ သို.သော် ကျွန်တော်တို.အတွက်မူ ဤကိစ္စမှာ ခက်ခဲလွန်းလှသည် ။
ကျွန်တော်တို. ဆွေးနွေးခဲ့သည်မှာ ကျိုးကြောင်းဆီလျှော်သည်ဟု ကျွန်တော်တွေးမိသည် ။ ထို.ကြောင့် သူ.ကို ရှန်ဟိုင်းသို.သွားရောက်ပြီး မြို.တော်ဝန်နှင့် ပါတီကော်မတီ အတွင်းရေးမှုးများနှင့် တွေ.ဆုံဆွေးနွေးဖို. ကျွန်တော် အကြံပြုလိုက်သည် ။ သူသွားသလား မသွားသလား ကျွန်တော်မသိပါ ။ သူ၏ အယူအဆက ကျွန်တော့်ကို များစွာလွှမ်းမိုးနေသည် ။ ကျွန်တော်တို.တွင် မြေရာရှိပြီး ငွေမရှိဖြစ်နေချိန်တွင် ဟောင်ကောင်အစိုးရကမူ မြေရာအစိတ်အပိုင်းတချို.ကို နှစ်စဉ်ငှားရမ်းနေပြီး အစိုးရအတွက် ဝင်ငွေရရှိနေရုံမက ဤမြေရာတို.ကို လျှင်မြန်စွာ ဖွံ.ဖြိုးတိုးတက်စေခဲ့သည် ။
နောက်ပိုင်းတွင် ရှန်ဟိုင်းသို. ကျွန်တော်သွားရောက်စဉ်၌ ဤအကြောင်းကို စဉ်းစားမိသည် ။ ပူဒေါင်းနယ်မြေသည် ရှန်ဟိုင်းမြို.လယ် အနီးအနား မြစ်ကမ်းနဘေးတွင် တည်ရှိနေသည် ။ ရှန်ဟိုင်းကို ဖွံ.ဖြိုးတိုးတက်အောင် ပြုလုပ်ဖို.အတွက် ဤနယ်မြေကို တည်ထောင်ဆောက်လုပ်ခြင်းသည် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးနှင့် အကျိုးအရှိဆုံးဖြစ်သည် ။ ၎င်းသည် အလွန်ကောင်းမွန်သည့် နေရာတွင် တည်ရှိနေသည် ။ သို.သော်လည်း ဤနယ်မြေကို ဖွံ.ဖြိုးစေရန်အတွက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပြီး နိုင်ငံခြား စီးပွါးရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်ရန် ဘဏ္ဍာငွေ များစွာလိုအပ်သည် ။
၁၉၈၇ ခုနှစ်ခန်.က ရှန်ဟိုင်းပါတီမှ တရုတ်လူမျိုး အမေရိကန်နိုင်ငံသား လင်တန်ယန်း (တီဝိုင်လင်း အင်တာနေရှင်နယ်ကို တည်ထောင်သူ)ကို ကျွန်တော်နှင့် တွေ.ဆုံဆွေးနွေးရန် ဘေဂျင်းသို. သွားရောက်ဖို. အကြံပေးလိုက်ကြသည် ။ သူက ပူဒေါင်းနယ်မြေကို ငှားရမ်းပေးဖို. ဖြစ်နိုင်မဖြစ်နိုင်မေးသည် ။ ငှားရမ်းမည့် ကာလမှာ သင့်တင့်လျှောက်ပက်သည့် အတိုင်းအတာထိ ကြာမြင့်ရမည် ဆိုလိုသည်မှာ နှစ်သုံးဆယ်မှ ငါးဆယ်ထိ ရှိသင့်သည်ဟုဆိုသည် ။ နယ်မြေကို ငှားရမ်းပြီးနောက် သူ.အနေဖြင့် လုပ်ပိုင်ခွင့်များ လွှဲပြောင်းယူဖို. လိုအပ်သည်ဟုပြောသည် ။ ထို.နောက်တွင် ရင်းနှီးမြှုပ်နှံသူတို.သည် ဘဏ်များမှ အပေါင်စာချုပ်များဖြင့် ငွေချေးယူကြလိမ့်မည် ။ မြေရာကို လွှဲပြောင်းပြီးနောက်၌ နိုင်ငံခြားသားများအနေဖြင့် ရင်းနှီးမြှုပ်နှံလိုစိတ် ရှိကြပါ့မလား တခြားဘာများ လိုသေးသနည်းဟု ကျွန်တော်က သူ.ကိုမေးသည် ။ သူက ဤကိစ္စမှာ လွယ်ကူပြီး အထူးစီးပွါးရေးဇုန်များ၏ သတ်မှတ်ချက်များ မလိုအပ်ကြောင်း ရှန်ဟိုင်းမင်ဟန် စီးပွါးရေးဇုန်၏ သတ်မှတ်ချက်များနှင့်ပင် လုံလောက်ကြောင်း သူကပြောသည် ။ ကမ်းလှမ်းချက်မှာ မင်ဟန်စီးပွါးရေးဇုန်ထက်ပင် ပိုမိုကောင်းမွန်၍ လက်ခံနိုင်ဖွယ်ရှိပြီး ကျွန်တော်က စိတ်ဝင်စားသည် ။ ဤအမေရိကန်နိုင်ငံသား တရုတ်လူမျိုးကို ရှန်ဟိုင်းပါတီ အကြီးအကဲ ရဲဘော်ဝမ်ဒေါင်ဟန်က ရည်ညွှန်းစေလွှတ်လိုက်ခြင်းဖြစ်သည့်အတွက် ရဲဘော်ဝမ်ဒေါင်ဟန်ကိုပင် ဤကိစ္စကို ကြီးကြပ်ရန် ကျွန်တော်က ညွှန်ကြားခဲ့သည် ။
၎င်းသည် ရှန်ဟိုင်းဖြစ်သဖြင့် လူအားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်လိမ့်မည်မှာ သေချာနေပေသည် ။ ထို.ကြောင့် ဘက်အားလုံးကို စည်းရုံးနိုင်ရန်အတွက် ဝမ်ဒေါင်ဟန်အပြင် ရှန်ဟိုင်းအကြံပေးကော်မတီ ညွှန်ကြားရေးမှုး ချန်ဂွမ်ဒေါင်းကိုလည်း ပါဝင်စေရန် စီစဉ်ရသည် အဘယ်ကြောင့်ဆိုသော် ချန်ယန်းနှင့်သူ.ကြားရှိ နီးစပ်မှုကြောင့်ဖြစ်သည်။ ရဲဘော်ချန်ယန်းအနေဖြင့် သူ.ထံမှ တင်ပြလာလျှင် လက်ခံဖို. လွယ်ကူပေလိမ့်မည် ။ ချန်ဂွမ်ဒေါင်းသည် သတိကြီးစွာထားတတ်ပြီး ဤအကြံအစည်ကို ကန်.ကွက်ကောင်းပင် ကန်.ကွက်နိုင်သည် ၊ သို.သော် ဤအချက်မှာ အရေးမကြီးလှပေ ။ ဤအချက်ကို နောက်ထပ်အချိန်ယူ၍ လေ့လာရပေမည် ။ ထို.ကြောင့် ရဲဘော်ဝမ်နှင့်ချန်ကို လီတန်ယန်းနှင့် အဆက်အသွယ် မပြတ်စေဖို. ကျွန်တော်ပြောခဲ့သည် ။
ဤကိစ္စမှာ အရေးကြီသည့် အကြောင်းအရာတစ်ခုဖြစ်သည် အဘယ်ကြောင့်ဆိုသော် အစောပိုင်းကာလများက ရှန်ဟိုင်းကို ဖွင့်ပေးဖို. ကျွန်တော်တို. စဉ်းစားကြစဉ်၌ ချန်ယန်းက သူ၏စိုးရိမ်မှုကို ဖော်ပြခဲ့ဖူးသောကြောင့်ဖြစ်သည် ။ သူက ရှန်ဟိုင်းနှင့် ဇီကျန်းဒေသများ အရေးကို ဆောင်ရွက်ပါက သတိကြီးစွာထားသင့်ကြောင်း အဘယ်ကြောင့်ဆိုသော် ဤဒေသများရှိလူများသည် အရင်းရှင်တို.၏ အပြုအမူများနှင့် ရင်းနှီးကျွမ်းဝင်သောကြောင့်ဖြစ်ကြောင်း သူကပြောဖူးသည်။ (ချန်ယန်းကိုယ်တိုင်သည် ရှန်ဟိုင်းဇာတိဖွားဖြစ်သည်။) ရှန်ဟိုင်းဒေသ ပြုပြင်ပြောင်းလဲရေး နှောင့်နှေးရခြင်း၏ အကြောင်းနှစ်ခုရှိသည် ။ တစ်ခုမှာ ၎င်းဒေသသည် အရေးကြီးသည့်ဒေသဖြစ်ပြီး နောက်တစ်ခုမှာ ချန်ယန်း၏ သဘောထားကြောင့်ဖြစ်သည် ။
ထို.ကြောင့် ဤအကြောင်းအရာမှာ အချိန်ကာလကြာမြင့်စွာ နှောင့်နှေးနေခဲ့ရသည် ။ လွန်ခဲ့သည့်နှစ် (၁၉၉၂ ခုနှစ်၁)အတွင်း တောင်ပိုင်းဒေသများသို. တိန်.ရှောင်ပင်း သွားရောက်စဉ်၌ ရှန်ဟိုင်းဒေသ ပြုပြင်ပြောင်းလဲရေးမှာ အလွန်အမင်း နှောင့်နှေးကြန်.ကြာခဲ့သည်ဟု သူကမှတ်ချက်ချကြောင်း ကျွန်တော်ကြားသိရသည် ။ ကျွန်တော်သဘောတူသည် ။ အကယ်၍ ဤအစီအစဉ်ကို စောစီးစွာ စတင်အကောင်အထည်ဖော်ခဲ့ပါက အခြေအနေတို.သည် လွန်စွာကွာခြားနေပေလိမ့်မည် ။
၁၉၈၆ ၊ ၁၉၈၇ ခုနှစ်များလောက်ကပင် ပူဒေါင်းဒေသကို ဖွံ.ဖြိုးရေးလုပ်ရန်အတွက် မြေရာအငှားချသည့် စနစ်ဖြင့် အကောင်အထည်ဖော်ရန် အစီအစဉ်များ ချမှတ်ခဲ့ပြီးဖြစ်သည် ။ ပူဒေါင်းနယ်မြေအကြောင်းကို ချန်ယန်းထံသို. ကျွန်တော်အစီရင်ခံခဲ့ပြီးဖြစ်သည် ။ သို.သော်လည်း သူကမည်သို.မျှ မှတ်ချက်မပေးခဲ့ပေ ။ တိန်.ထံသို.လည်း ကျွန်တော်အစီရင်ခံခဲ့သည် ။ သူက အလွန်ပင်ထောက်ခံပြီး “မြန်နိုင်သမျှအမြန်ဆုံး အကောင်အထည်ဖော်ပါ”ဟု ပြောကြားခဲ့သည် ။ သို.သော် ထိုအချိန်က ပါတီဝါရင့်များကြားတွင် သဘောထား မညီမျှသေးဟု ကျွန်တော်ခံစားရသဖြင့် ၎င်းကိစ္စကို နောက်မှလေ့လာသင့်သည်ဟု ကျွန်တော်ဆုံးဖြတ်ခဲ့သည် ။
နောက်ထပ် တခြားကိစ္စတစ်ခုလည်း ရှိသေးသည် ။ အမေရိကန် မော်တော်ကားထုတ်လုပ်သူတစ်ဦးက ဂွမ်ဒေါင်းပြည်နယ် ဟွေယန်တွင် ၁ နှစ်လျှင် ကားအစီးရေ ၃ သိန်း ထုတ်လုပ်နိုင်မည့် ကားစက်ရုံတစ်ရုံ တည်ဆောက်လိုသည်ဟု နိုင်ငံတော်ကောင်စီ အတွေးအခေါ်ရှင်အဖွဲ. အကြံပေး ဝမ်ကျိကွမ်က အစီရင်ခံခဲ့သည် ။ အစိတ်အပိုင်းတချို.ကို တရုတ်ပြည်တွင်ပင် ထုတ်လုပ်နိုင်သည်ဟုဆိုသည် ။ ဤသည်မှာ တရုတ်စက်ရုံ ၃၀ မှ ၄၀ အထိ ပါဝင်ထုတ်လုပ်နိုင်မည့် လုပ်ငန်းပင်ဖြစ်သည် ။ ၎င်းမှာ တစ်ဦးတည်းပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး ကျွန်တော်တို.ငွေ တစ်ပြားမှ အကုန်အကျခံဖို. မလိုအပ်ပေ ။
ကျွန်တော်က နိုင်ငံတော် စီမံကိန်းရေးဆွဲရေးကော်မရှင် ညွှန်ကြားရေးမှုးချုပ် ယော်ယိလင်ထံသို. စာတစ်စောင်ရေးခဲ့ပြီး ဤကိစ္စသည် အလွန်ကောင်းပြီး အကောင်အထည်ဖော်သင့်ကြောင်း ပြောကြားခဲ့သည် ။ ထိုအချိန်က နိုင်ငံခြားစီးပွါးရေးလုပ်ငန်းများသည် တရုတ်ပြည်၏ မူဝါဒများ ပြောင်းလဲသွားမည်ကို စိုးရိမ်ပြီး ရင်းနှီးမြှုပ်နှံဖို. စိုးရွံ.နေသောအချိန်ဖြစ်သည် ။ အထူးသဖြင့် တစ်ဦးတည်းပိုင် စီးပွါးရေးလုပ်ငန်းများက ပို၍စိုးရိမ်သည် ။ အကယ်၍ ဤကိစ္စကိုသာ ဆက်လက်အကောင်အထည်ဖော်ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါက ၎င်းသည် စိုးရိမ်စရာမလိုကြောင်း ပြသနိုင်မည့် ဥပမာကောင်းတစ်ခုဖြစ်ခဲ့ပေမည် ။
သို.သော်လည်း ယော်ယိလင်မှာ ဤကိစ္စအပေါ်တွင် အဆိုးမြင်သည့် သဘောထားရှိသူဖြစ်သည် ။ သူက ၎င်းကိစ္စကို စက်ပစ္စည်းလုပ်ငန်း ဝန်ကြီးဋ္ဌါနသို. ရည်ညွှန်းပေးပို.ခဲ့သည် ။ သို.သော် ထိုဋ္ဌါနမှာ အမှီအခိုကင်းသည့် ကိုယ်ပိုင်မော်တော်ကားစက်ရုံ တည်ဆောက်ဖို. အမြဲတမ်းကြံရွယ်နေခဲ့သည့် ဋ္ဌါနဖြစ်သည်နှင့်အညီ ဤလုပ်ငန်းအတွင်း နိုင်ငံခြား ရင်းနီးမြှုပ်နှံမှုကို ဆန်.ကျင်ကန်.ကွက်ခဲ့သည် ။ ယော်ယိလင်က သဘောတူခဲ့ပြီး အစီအစဉ်ကို ခွင့်မပြုသင့်ကြောင်း ပြောခဲ့သည် ။ လီပန်းသည် ချက်ချင်းပင် သူတို.ဖက်မှ ရပ်တည်ခဲ့ပြီး ၎င်းကို သဘောမတူသင့်ကြောင်း ပြောကြားခဲ့ပြီးလျှင် သူတို.၏ အစီရင်ခံစာကို ကျွန်တော့်ထံသို. ပေးပို.ခဲ့သည် ။
ဤသို.ဖြင့် အလွန်ကောင်းမွန်သင့်လျှော်သည့် ကမ်းလှမ်းချက်တစ်ခုမှာ တစ်ပိုင်းတစ်စစီ ပျက်စီးသွားခဲ့ပြီး အဆုံးသတ်ခဲ့ရသည် ။
-----------------------------------------------------------------------------------------------------------------
၁ ။ ။ ကျောက်သည် ဤနေ.စဉ်မှတ်တမ်းကို ၁၉၉၉ - ၂၀၀၀ ခုနှစ်များအတွင်းကမှ အသံသွင်းခဲ့ခြင်းဖြစ်သော်လည်း သူသည် သတင်းစာများမှတစ်ဆင့် ဖတ်ရှုလေ့လာနေခဲ့ပြီး တချို.ကို အစောပိုင်း နှစ်ပေါင်းများစွာကတည်းကပင် ကြိုတင်ပြင်ဆင်ထားခဲ့သည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 3 Opening Painfully to the World ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

Saturday, May 15, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၂ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၂
အစဦးပိုင်းကာလ ဆုတ်ဆိုင်းမှု
ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ကျောက်ရင်ဆိုင်ရသည့် ကြီးမားသည့် စိန်ခေါ်မှုမှာ ပါတီ၏ ဝါရင့်ကြီး ၂
ဦးမှ စတင်ပြောကြားလာသည့် ငွေကြေးဖောင်းပွမှုကို တားဆီးကာကွယ်ဖို.အတွက် စီးပွါးရေး
တိုးတက်မှုနှုန်းကို လျှော့ချရန် ဆိုသည့်အချက်ဖြစ်သည် ။ ယျေဘုယျအားဖြင့် ကျောက်သည်
ဤအရေးယူ ဆောင်ရွက်မှုကို သဘောတူသော်လည်း ဗဟိုစီမံကိန်းစနစ်အတွင်းရှိ
အုပ်ချုပ်ရေးယန္တရားသည် မည်မျှတင်းကျပ်ကြောင်း ပထမဆုံးအကြိမ် မြည်းစမ်းလိုက်ရလေသည် ။
၁၉၇၉ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်များအတွင်းတွင် စီးပွါးရေးဟန်ချက်မညီမျှမှုများကို တည့်မတ်ရန်အတွက်ရဲဘော်ချန်ယန်း၏ ဦးဆောင်မှုဖြင့် ပြန်လည်ထိန်းညှိရေးကို ဆောင်ရွက်ခဲ့သည် ။ ဗဟိုကော်မတီက ဘဏ္ဍာရေးနှင့် စီးပွါးရေး ကော်မရှင်ကို ဖွဲ.စည်းခဲ့ပြီး ရဲဘော်တိန်.ရှောင်ပင်းက ချန်ယန်းကို ဦးစီးကွပ်ကဲရန် တိုက်တွန်းခဲ့သည် ။ ဤသည်တို.မှာ ကျွန်တော် ဘေဂျင်းသို. မရောက်မှီက အဖြစ်အပျက်များဖြစ်သည် ။ နောက်ပိုင်း၌ ကျွန်တော်၏ ဦးဆောင်မှုအောက်တွင် အဖွဲ.၏ အမည်ကို ဗဟိုဟီးပွါးရေးနှင့် ဘဏ္ဍာရေး ဦးဆောင်အဖွဲ.ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည် ။
၂ နှစ်တာ စီးပွါးရေး ပြန်လည်ထိန်းညှိမှု၏ ရည်ရွယ်ချက်မှာ စီးပွါးရေးရာတာဝန်ခံ လက်ထောက်ဝန်ကြီးချုပ် လီရှန်နင်းနှင့် လက်ထောက်ဝန်ကြီးချုပ် ယူကျိလီတို. ဦးဆောင်ခဲ့သည့် အချိန်ကာလများအတွင်းက ပေါ်ပေါက်ခဲ့သည့် ပြဿနာများကို ပြန်လည်တည့်မတ်ရန်ဖြစ်သည် ။ ယူကျိလီနှင့် (နောက်ထပ် တခြား လက်ထောက်ဝန်ကြီးချုပ်တစ်ယောက် ဖြစ်သည့်) ကန်ရှိအန်းတို.က ပြန်လည်ထိန်းညှိရေးကို ဝေဖန်ကန်.ကွက်ကြသည် ။ ဤအချက်ကြောင့်ပင် နောက်ပိုင်းတွင် ယူကျိလီကို စီးပွါးရေး စီမံကိန်းကော်မရှင်မှ ထုတ်ပယ်ခဲ့ပြီး ယော်ယိလင်နှင့် အစားထိုးခဲ့ခြင်းဖြစ်သည် ။
၁၉၇၉ နှင့် ၁၉၈၀ ခုနှစ် ၂ နှစ်ကြာ ပြန်လည်ထိန်းညှိမှု အစီအစဉ် ပြီးဆုံးသွားပြီးနောက် ၁၉၈၁ ခုနှစ် အတွက် နောက်ထပ်ပြန်လည်ထိန်းညှိရေးကို အဆိုပြုကြသည် ။ ဤသည်မှာ နိုင်ငံတော်ကောင်စီအား ဦးစီးဦးဆောင်အဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် ကျွန်တော်တွေ.ကြုံရသည့် အရေးကြီးပြဿနာတစ်ခုဖြစ်သည် ။
၁၉၈၀ ခုနှစ် မေလနှင့် ဇွန်လများအတွင်း ၆ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို ဆွေးနွေးကြစဉ်က ၁၀ နှစ်အတွင်း စီးပွါးရေးကို ၂ ဆတိုးရန် ကျွန်တော် မျှော်လင့်ထားခဲ့သည် ။ ရည်ရွယ်ချက်မှာ ၁၉၈၀ မှ ၁၉၈၅ ခုနှစ်အတွင်း၌ ၁ နှစ်လျှင် ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား စီးပွါးရေးတိုးတက်နေစေရန်ဖြစ်ပြီး နောက်ထပ် ၅ နှစ်အတွင်း၌ ထို.ထက်ပို၍ တိုးတက်စေရန်ဖြစ်သည် ။
သို.သော်လည်း စီမံကိန်းရေးဆွဲရေးကော်မရှင်က ၁၉၈၁ ခုနှစ်အတွက် စီမံကိန်းမူကြမ်း ရေးဆွဲပြင်ဆင်ရာ၌ ၁၉၇၉ နှင့် ၁၉၈၀ ခုနှစ်များအတွက် ဘဏ္ဍာရေးလိုငွေမှာ ၁၀ ဘီလီယံယွမ်ထက် ကျော်လွန်နေကြောင်း တွေ.ရှိခဲ့ပြီး ၁၉၈၁ ခုနှစ် လိုငွေပြမှုသည်လည်း မြင့်မားလိမ့်မည်ဟု ကြိုတင်ခန်.မှန်းခဲ့သည် ။ တစ်ပြိုင်တည်းလိုမှာပင် ဈေးနှုန်းများမှာ မြင့်တက်နေပြီး မကျေနပ်ချက်များ ကျယ်ပြန်.စွာ ထွက်ပေါ်လာနေသည် ။
အခြေအနေကို ချန်ယန်းသိသွားသောအခါ ကျွန်တော်တို.သည် ၁၉၈၁ ခုနှစ်အတွင်း၌ ဘဏ္ဍာရေးနှင့် ငွေစာရင်းတို. ဟန်ချက်ညီ မျှတနေအောင် ပြုလုပ်ရမည်ဟု သူက အကြံပြုသည် ။ ဘဏ္ဍာရေးရှင်းတမ်း ဟန်ချက်ညီ မျှတနေစေရန်အတွက် စီးပွါးရေး အလျှင်အမြန် တိုးတက်နေမှုကို စွန်.လွှတ်ခြင်းက ပို၍ကောင်းမွန်သည်ဟု သူကယုံကြည်နေသည် ။ နှစ်စဉ်နှစ်စဉ် ထပ်ဆင့်၍ ဘဏ္ဍာရေးလိုငွေပြနေမှုက ငွေကြေးဖောင်းပွမှုအား ပိုပြီးဆိုးဝါးစေလိမ့်မည်ကို သူကစိုးရိမ်သည် ။ လီရှန်နင်းက ပို၍ကဲသေးသည် သူက ဘတ်ဂျတ်ရှင်းတမ်း မျှတရုံသာမက ဘတ်ဂျတ်ရှင်းတမ်း ပိုငွေပြအောင်ပင် ရည်မှန်းသင့်သည်ဟု ဆိုနေသေးသည် ။ သူတို.နှစ်ဦးသည် စီးပွါးရေးမူဝါဒများ ချမှတ်သည့် အတွေ.အကြုံ များစွာရှိထားသောကြောင့် ၁၉၈၁ ခုနှစ်အတွင်း နောက်ထပ် စီးပွါးရေးပြန်လည် ထိန်းညှိမှု အစီအစဉ်များ ချမှတ်တော့မည်မှာ သေချာသလောက်ရှိနေပေသည် ။ ဤသည်၏ အဓိပ္ပါယ်မှာ တည်ဆောက်ရေး စီမံကိန်းများ၏ အချိုးအစားကို လျှော့ချရမည်ဖြစ်ပြီး ဖွံ.ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို နှေးကွေးသွားစေလိမ့်မည်ဆိုသည့် သဘောပင်ဖြစ်သည် ။
စီမံကိန်းရေးဆွဲရေး ကော်မရှင်မှ ပြန်လည်ရေးဆွဲထားသည့် အစီအစဉ်ကို ဆွေးနွေးသုံးသပ်နိုင်ရန်အတွက် နိုဝင်ဘာလ ၂၈ ရက်နေ.တွင် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. တင်သွင်းခဲ့သည် ။ တိန်.ရှောင်ပင်း ၊ ချန်ယန်းနှင့် လီရှန်နင်းတို. အတည်ပြုပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၆ ရက်နေ.တွင် ပြည်နယ်နှင့် ဒေသဆိုင်ရာ မြူနီစီပယ်ခေါင်းဆောင်များ တက်ရောက်သည့် ဗဟိုကော်မတီ အလုပ်အဖွဲ. အစည်းအဝေးမှတစ်ဆင့် တစ်နိုင်ငံလုံးသို. ဖြန်.ချိခဲ့သည် ။
ပြုပြင်ပြောင်းလဲရေးနှင့်အတူ နှစ်များစွာ ဆက်တိုက်ဆိုသလို သီးနှံအထွက်နှုန်းကောင်းပြီး ဈေးကွက်သည်လည်း အသက်ဝင်လှုပ်ရှားလာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းမှာလည်း မြင့်မားလာခဲ့သည် ။ ဤသို.သော အခြေအနေကောင်းများ ရှိနေသည့်အချိန်တွင် တစ်နိုင်ငံလုံးမှ ရဲဘော်များစွာသည် ပြန်လည်ထိန်းညှိရေးအစီအစဉ်များကို မလိုအပ်ဟု ရှုမြင်ကြသည် ။ ပြန်လည်ထိန်းညှိရေးဆိုသည်မှာ နိုင်ငံခြားကုမ္ပဏီတို.နှင့် ချုပ်ဆိုထားသည့် စာချုပ်တချို.ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုရမည် ၊ တချို.သော စီမံကိန်းများအတွက် လုပ်ငန်းခွင်သို. ပို.ဆောင်ထားပြီးဖြစ်သည့် စက်ယန္တရားတို.ကို ဂိုဒေါင်ထဲထည့်၍ ပြန်သိမ်းထားရတော့မည်ဟု သဘောအဓိပ္ပါယ် သက်ရောက်ပေသည် ။
အကျိုးဆက်အားဖြင့် တရုတ်ပြည်၏ စီးပွါးရေးသည် ဒုက္ခရောက်နေပြီဟု ပြည်ပနိုင်ငံများတွင် ပြောဆိုမှုများ ပေါ်ထွက်လာသည် ။ တရုတ်ပြည်၏ စီးပွါးရေး ဖွံ.ဖြိုးမှုများနှင့် ပက်သက်၍ နေရာအနှံ.တွင် ချီးကျူးသံများ ကြားနေရသည်။ ကျွန်တော်ဖတ်မိသလောက် စာများအနက်မှ ဂျပန်တစ်နိုင်ငံတည်းသာလျှင် စီးပွါးရေးကို လမ်းကြောင်းမှန်ပေါ်သို. ပြန်တင်နိုင်ရန်အတွက် ပြန်လည်ထိန်းညှိရေး လုပ်ဆောင်ဖို. လိုအပ်သည်ဟု ယုံကြည်သည် ။
ပြန်လည်ထိန်းညှိရေးအစီအစဉ်ကို ချန်ယန်းနှင့် လီရှန်နင်းတို.က အဆိုပြုတင်ပြကြသည် ။ တိန်.ရှောင်ပင်းသည် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အစည်းအဝေး၌ ဤအချက်ကို သဘောတူခဲ့ပြီး ဗဟိုကော်မတီ အလုပ်အဖွဲ. အစည်းအဝေး၌ အကျိုးဆက်များနှင့် ပက်သက်၍ မိန်.ခွန်းပြောကြားခဲ့သော်လည်း ဤအစီအစဉ်မှာ သူအမှန်တကယ် လိုချင်သည့်အချက်မဟုတ်ပေ ။ အဓိက သွင်းကုန်စီမံကိန်းများကို ဖျက်သိမ်းပြီး စက်ယန္တရားများကို ဂိုဒေါင်ထဲထည့်၍ သိမ်းထားရမည်ကို သူစိတ်မချမ်းသာပေ ။ ချန်ယန်းနှင့် လီရှန်နင်းတို.၏ အယူအဆကို သဘောတူခဲ့ခြင်းမှာ ချန်ယန်းကို ထောက်ခံကြောင်း ပြသရုံမျှသာဖြစ်သည် ။
တိန်.ရှောင်ပင်းသည် ထိုအချိန်ထိ စီးပွါးရေးရာ ကိစ္စရပ်များနှင့် ပက်သက်လျှင် ချန်ယန်းကို အဓိက ဆုံးဖြတ်ချက် ချမှတ်သူအဖြစ် စဉ်းစားယုံကြည်နေဆဲဖြစ်သည် ။ သူ၏စိတ်ထဲ၌ ချန်ယန်းသည် ဆယ်စုနှစ်ပေါင်းများစွာ အတွေ.အကြုံများအရ စီးပွါးရေးနှင့်ပက်သက်၍ အနက်ရှိုင်းဆုံး သိမြင်နားလည်သူ တစ်ဦးဖြစ်ပြီး သူထက်ပို၍ သိရှိကျွမ်းကျင်သည်ဟု ယူဆနေသည် ။ အခြေအနေများသည် သူနှစ်သက်သည့် ပုံစံအတိုင်းမဟုတ်သော်လည်း ချန်ယန်းအပေါ်ထောက်ခံမှုကို ပြသခဲ့သည် ။
ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး ဟူယောင်ဘန်းသည် အစည်းအဝေး၌ ဘာမျှ မပြောခဲ့ပေ ။ ကျွန်တော့်အမြင်၌ သူသည် အလုံးစုံကို သဘောမတူသော်လည်း ပါတီဝါရင့်ကြီး ၂ ယောက်က အစီအစဉ်ကို အဆိုပြုတင်ပြခဲ့ပြီး နောက်တစ်ယောက်က သဘောတူထောက်ခံနေသည့် အနေအထား၌ သူ.အနေဖြင့် သဘောမတူ ကန်.ကွက်ကြောင်းပြသဖို. ခက်ခဲနေသည်ဟု ကျွန်တော်ထင်သည် ။ သို.သော်လည်း ၁ နှစ်တာကာလ လွန်မြောက်သွားပြီး ၁၉၈၂ ခုနှစ် နွေဦး၌ ပြည်နယ်များသို. စစ်ဆေးရေးသွားစဉ်အတွင်း “၁၉၈၁ ခုနှစ် ပြန်လည်ထိန်းညှိရေး အစီအစဉ်ဟာ စီးပွါးရေးကို နိမ့်ကျသွားစေခဲ့တယ်”ဟု သူကပြောခဲ့သည် ။ ဤစကားများ ချန်ယန်း၏ နားသို.ပြန်ရောက်သွားချိန်၌ သဘာဝကျစွာပင် သူက မကျေနပ်ပေ ။
ကျွန်တော်သည် ဗဟိုစီးပွါးရေးနှင့် ဘဏ္ဍာရေး ဦးဆောင်အဖွဲ.၏ ခေါင်းဆောင်ဖြစ်သော်လည်း ဗဟိုခေါင်းဆောင်မှု အဝန်းအဝိုင်းသို. စတင်ဝင်ရောက်ခါစဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ စီးပွါးရေးအခြေအနေနှင့် ပက်သက်၍ ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ ။ ချန်ယန်းအပေါ်တွင် ပကတိရိုးသားစွာပင် ကျွန်တော် ယုံကြည်ခဲ့သည် ။ သူ၏ အယူအဆများက ကျွန်တော်၏ “ဆယ်နှစ်အတွင်း စီးပွါးရေး နှစ်ဆတိုးတက်ရေး” အယူအဆနှင့် ကွဲပြားနေသည့်တိုင် ရဲဘော်ချန်ယန်း၏ အယူအဆကို ကျွန်တော်သဘောတူ ထောက်ခံခဲ့သည် ။ ပြန်လည်စဉ်းစားသုံးသပ်ကြည့်သောအခါ၌ နောက်ထပ်ပြန်လည်ထိန်းညှိရေး အစီအစဉ်မှာ လိုအပ်ပြီး အဆုံးသတ်ရလာဒ်များမှာ ကောင်းမွန်ပေသည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအပြီး ကာလများအတွင်းက ကျွန်တော်တို.၏ စီးပွါးရေးမှာ တွင်းထဲ၌ ကျရောက်နေဆဲဖြစ်သည် ။ နှစ်ပေါင်းများစွာကြာအောင် (ယဉ်ကျေးမှုတော်လှန်ရေး မတိုင်မှီနှင့် ယဉ်ကျေးမှုတော်လှန်ရေး ကာလများအတွင်း) မြို.ပြတည်ဆောက်ရေး ၊ စိုက်ပျိုးရေးနှင့် ပြည်သူတို.၏ လူနေမှုအဆင့်အတန်း အပါအဝင် နယ်ပယ်အသီးသီးတွင် ခေတ်နောက်ကျ ကျန်နေခဲ့သည် ။ ပို၍ ခိုင်မာတောင့်တင်းသည့် စီးပွါးရေးအဆင့်အတန်း အနေအထားသို. ရောက်ရှိစေရန်အတွက် ကျွန်တော်တို.သည် “ပြန်လည်လေ့လာရေး” ဖြစ်စဉ်ကို ကျော်ဖြတ်ရပေမည် ။ ဤသို.သော အနေအထား၌ စီးပွါးရေး အလျှင်အမြန် ဖွံ.ဖြိုးတိုးတက်ဖို. မဖြစ်နိုင်ပေ ။ ကြီးမားကျယ်ပြန်.သည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးများကိုလည်း ပြုလုပ်နိုင်မည်မဟုတ်ပေ ။
ဥပမာအားဖြင့် ကျေးလက်ဒေသ စီးပွါးရေးကို ပြန်လည်အားသစ်လောင်းရန်နှင့် လယ်သမားများကို မက်လုံးပေးရန်အတွက် စိုက်ပျိုးရေးထွက်ကုန်များ၏ဈေးကို မြှင့်တင်ခဲ့သည် ။ ရည်ရွယ်ချက်မှာ မြို.ပြနှင့် ကျေးလက်ကြား ဝင်ငွေကွာဟမှုကို လျှော့ချရန်ဖြစ်သည် ။ ဤမူဝါဒ ချမှတ်စဉ်က ကျွန်တော်သည် စီချွမ်ပြည်နယ်၌ ရှိနေဆဲဖြစ်ပြီး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည် ။ ဤနေရာ၌ ပြောစရာ ၂ ချက်ရှိသည် ။ ပထမအချက်အနေဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ထွက်ကုန်များ၏ ဈေးနှုန်းကို မြှင့်ပေးရမည် သို.မဟုတ်ပါက လယ်သမားတို.အနေဖြင့် စိုက်ပျိုးထုတ်လုပ်ရန် မက်လုံးမရှိပေ ။ ဒုတိယအချက်အနေဖြင့် ထိုစဉ်က စိုက်ပျိုးရေးနှင့် တခြားကျေးလက်ဒေသ ထွက်ကုန်များတွင် နိုင်ငံတော်၏ ချုပ်ကိုင်ချယ်လှယ်မှုကို ဖယ်ရှားရန် မဖြစ်နိုင်သော်လည်း အထူးသဖြင့် ဂျုံ ၊ စပါး အဓိက စိုက်ပျိုးထုတ်လုပ်သည့် ဒေသများတွင် ပြဋ္ဌါန်းချက်အရ မဖြစ်မနေ ဝယ်ယူရမည့် အချိုးအစားကို လျှော့ချရမည် ။ နှစ်ပေါင်းများစွာကြာအောင် ဤအချိုးအစားမှာ အလွန်မြင့်မားခဲ့သည် ။ လယ်သမားတို.မှာ ဤသတ်မှတ်ချက်ကို ပြည့်မှီအောင် အလွန်အမင်းပင် ကြိုးစားကြရသည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအပြီး၌ ၁၉၇၉ ၊ ၁၉၈၀ ၊ ၁၉၈၁ ၊ ၁၉၈၂ ၊ ၁၉၈၃ နှင့် ၁၉၈၄ စသည်ဖြင့် နှစ်ပေါင်းများစွာ ဆက်တိုက်ပင် သီးနှံအထွက်နှုန်းများ တိုးလာခဲ့သည် ။ “ကျေးလက်ဒေသ မြေယာကန်ထရိုက်” မူဝါဒကို ချမှတ်ကျင့်သုံးခြင်းဖြင့် “လယ်လုပ်သူ လယ်ပိုင်ရမည်” ဟူသည့် ပြဿနာကိုဖြေရှင်းနိုင်ခဲ့သောကြောင့် ကျေးလက်ဒေသတို.သည် ကြွယ်ဝချမ်းသာမှုအသစ်တို.ကို ခံစားလာခဲ့ကြရသည်။ “လယ်သမားတို.သည် ကုန်ထုတ်လုပ်ရေး အသင်း၏ အလုပ်သမားများဖြစ်သည်” ဆိုသည့် စနစ်ဟောင်းသည် ပြောင်းလဲသွားခဲ့ပြီး လယ်သမားတို.သည် သူတို.အတွက်သူတို.ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်လာနိုင်ခဲ့ကြသည် ။
ထိုနှစ်ကာလများအတွင်းက ကျေးလက်ဒေသများမှ ပေါ်ထွန်းလာသည့် စွမ်းအားမှာ လူအများ ခန်.မှန်းတွေးဆနိုင်သည်ထက်ပင် ကျော်လွန်နေခဲ့ပြီး မယုံနိုင်စရာပင်ဖြစ်သည် ။ ဖြေရှင်းနိုင်ဖွယ်မရှိတော့ဟု ယူဆထားသည့် ပြဿနာတစ်ခုကို နှစ်အနည်းငယ်အတွင်း သူ.ဘာသာ ဖြေရှင်းပြီးသားဖြစ်သွားသည် ။ ယခင်က စိုးရိမ်ဖွယ်ကောင်းလှသည့် အစားအသောက် ရှားပါးသည့်ပြဿနာမှာ ၁၉၈၄ ခုနှစ်အတွင်း၌ လယ်သမားတို.သည် သူတို.ရောင်းချနိုင်သည်ထက် ပိုလျှံလာသည့် အနေအထားသို. ပြောင်းလဲသွားသည် ။ နှစ်စဉ်ဝယ်ယူမှုများကြောင့် နိုင်ငံတော်၏ ကောက်ပဲသီးနှံ သိုလှောင်မှုမှာ ပြည့်လျှံလာခဲ့သည် ။
အပြောင်းအလဲကို တခြားအကြောင်းရင် ၂ ခုကလည်း ပံ့ပိုးပေးခဲ့သည် ။ တစ်ခုမှာ စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည် ။ လယ်သမားတို.သည် လယ်ယာစိုက်ပျိုးရေးမှ အကျိုးအမြတ် ခံစားလာရသည် ။ နောက်ထပ် တခြားအချက်မှာ ပြဋ္ဌါန်းချက်အရ နိုင်ငံတော်သို. မဖြစ်မနေ ရောင်းချရမည့် အချိုးအစားကို လျှော့ချနိုင်မှုဖြစ်သည် ။ ဤအချက်၏ ဆိုလိုချက်မှာ လယ်သမားတို.၏ ပါးစပ်ပေါက်မှအစာကို လျှော့ယူလိုက်ခြင်းဖြစ်သည် ။
ဆယ်စုနှစ် ၂ ခုကျော်ကြာမျှ နှစ်စဉ် သီးနှံရိတ်သိမ်းပြီးချိန်တွင် သူတို.ထုတ်လုပ်လိုက်သည့် သီးနှံတို.ကို နိုင်ငံတော်သို. ရောင်းချပြီးချိန်၌ လယ်သမားတို.မှာ စားဖို.ပင် မကျန်တော့ပေ ။ ဤမူဝါဒ အသစ်ကို ချမှတ်နိုင်ခဲ့သည့်အကြောင်းမှာ ၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှ တရုတ်ပြည်သည် ကောက်ပဲသီးနှံများကို တင်သွင်းနိုင်သည်ဟု ဆုံးဖြတ်ခဲ့သောကြောင့်သာဖြစ်သည် ။ စက်မှုလုပ်ငန်းသုံး သီးနှံများကို ထိန်းထားနိုင်ရန်အတွက် ဤသို.တင်သွင်းခြင်းကို ခွင့်ပြုခဲ့သည်ဟု ရဲဘော်ချန်ယန်းကပြောသည် သို.သော်လည်း တကယ်တမ်းတွင် တင်သွင်းလာသည့် သီးနှံပမာဏမှာ မြို.ပြဒေသ စားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည် ။ ဤသို.ဖြင့် မြို.ပြစားသုံးမှုအတွက် တစ်စိတ်တစ်ပိုင်းပါဝင်သည့် ကျေးလက်ဒေသမှ နိုင်ငံတော်သို. မဖြစ်မနေ ရောင်းချရသည့် အချိုးအစားကို လျှော့ချနိုင်ခဲ့သည် ။ ထိုနှစ်ကာလများအတွင်းက တင်သွင်းခဲ့သည့် သီးနှံပမာဏမှာ တန်ချိန် ၁၀ သန်းမှ တန်ချိန်သန်း ၂၀ ရှိသည်အထိ များပြားခဲ့သည် ။ ကောက်ပဲသီးနှံ အဓိကစိုက်ပျိုးသည့် ဒေသများမှာ သူတို.ပိုလျှံသည့် သီးနှံတို.ကို ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်ပြီး အကျိုးအမြတ်များစွာ ရရှိခဲ့သည် ။ ဤအချက်များ၏ စုပေါင်းရလာဒ်မှာ ကျေးလက်ဒေသတို. အလျှင်အမြန် ကြွယ်ဝလာခြင်းဖြစ်သည် ။
ဤမူဝါဒကို အကောင်အထည်ဖော်ဖို.အတွက် အရင်းအနှီးများ ပေးဆပ်ရသည် ။ စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းများ မြင့်တက်လာချိန်တွင် မြို.ပြနေ အလုပ်သမားများ၏ ဝယ်နိုင်စွမ်းအားမှာ အကန်.အသတ်ရှိသဖြင့် မြို.ပြဒေသ စားကုန်ဈေးနှုန်းများကို ချက်ချင်းမြှင့်မပေးနိုင်ပေ ။ ထို.ကြောင့် ကျွန်တော်တို.သည် စိုက်ပျိုးရေးနှင့် တခြားကျေးလက်ဒေသ ထွက်ကုန်များအတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ရသည် ။ တစ်ပြိုင်တည်းမှာပင် သီးနှံများ တင်သွင်းရန်အတွက် နိုင်ငံခြားငွေ လိုအပ်သည် ။ ဤအချက်က စက်ယန္တရား တင်သွင်းမှုကို ထိခိုက်စေသည် ။ ထို.ပြင် မြို.ပြအိမ်ယာ တည်ဆောက်ရေးကိုလည်း တိုးချဲ.ရသည် ။ ယခုအခါ စက်ရုံများသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပိုရှိလာသောကြောင့် အလုပ်သမားတို.၏ လုပ်ခနှင့်ဆုကြေးတို.ကို တိုးပေးကြသည် ။ ဤကိစ္စများအားလုံးအတွက် ငွေပိုပြီး ကုန်ကျခံသုံးစွဲရသည် ။ သို.သော်လည်း ဤအချက်အားလုံးမှာ ပြန်လည်နလံထူရေးဖြစ်စဉ်၏ အစိတ်အပိုင်းသာဖြစ်ပြီး နောက်ပိုင်းနှစ်ကာလများအတွင်း အခြေအနေကောင်းများ ပေါ်ထွန်းလာရေးအတွက် လမ်းကြောင်းပေးခဲ့သည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအပြီး၌ ကျွန်တော်တို.နိုင်ငံ၏ အခွန်ဝင်ငွေမှာ အမျိုးသားအသားတင်ထုတ်ကုန် အချိုးအစားနှင့်နှိုင်းယှဉ်လျှင် တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့ပြီး အသုံးစာရိတ်များက မှန်မှန်ကြီး တိုးလာခဲ့သည် ။ ရလာဒ်မှာ ဘဏ္ဍာရေးလိုငွေ ပြလာခြင်းဖြစ်သည် ။ ဤသည်မှာ ကျွန်တော်တို. ပြန်ပေးရမည့် တန်ဖိုးဖြစ်၍ ဖြစ်လေ့ဖြစ်ထရှိသည့် ပြဿနာသာဖြစ်၍ ဖြေရှင်းနိုင်သည့် ပြဿနာသာဖြစ်သည် ။ ၁၉၈၄ ခုနှစ်၌ အခွန်ဝင်ငွေနှင့် အမျိုးသားအသားတင်ထုတ်ကုန်အချိုးအစားကို ဖြည်းဖြည်းချင်း မြှင့်တင်ရန် ကျွန်တော် အဆိုပြုခဲ့သည် ။ လိုငွေပြမှုကို လျှော့ချရန်အတွက် ကျွန်တော်တို.သည် ယာယီအားဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အချိုးအစားလျှော့ချခဲ့ပြီး စီးပွါးရေး ဖွံ.ဖြိုးမှု အရှိန်ကို လျှော့ချခဲ့ရသည် ။ တခြားရွေးချယ်စရာ မရှိပေ ။
ကျွန်တော်တို.သည် အကယ်၍ အခြေအနေများကို မျက်ကွယ်ပြု၍ “အားလုံးအစွမ်းကုန် တိုးတက်ရေး”ကို ဆင်နွှဲခဲ့ပါက စိုးရိမ်ဖွယ်ကောင်းလောက်အောင် မြင့်မားသည့် ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ရပြီး လယ်သမား ၊ အလုပ်သမားတို.အပေါ်တွင် ပို၍ဝန်ပိစေလိမ့်မည်ဖြစ်သည် ။ ၁၉၇၉ ၊ ၁၉၈၀ နှင့်နောက်ထပ် ၁၉၈၁ ခုနှစ် စီးပွါးရေး ပြန်လည်ထိန်းညှိမှု အစီအစဉ်များမှာ လိုအပ်ပေသည် ။ ၁၉၈၁ ခုနှစ် ပြန်လည်ထိန်းညှိရေး အစီအစဉ်၏ ရလာဒ်အဖြစ် စိုက်ပျိုးရေးနယ်ပယ်၏ သီးနှံထွက်နှုန်းမှာ ဆက်လက်၍ တိုးတက်ခဲ့သည် ၊ ဈေးကွက်သည်လည်း ဆက်လက်၍ ကြွယ်ဝခဲ့ပြီး နိုင်ငံ၏ စီးပွါးရေးသည်လည်း အနှုတ်လက္ခဏာ မပြခဲ့ပေ ။ ဤသည်နှင့်ဆန်.ကျင်စွာပင် စီးပွါးရေးသည် ၁ နှစ်လျှင် ၄ ရာခိုင်နှုန်းမျှ တိုးတက်ခဲ့သည် ။ ၁၉၈၁ ခုနှစ်တွင် ပြန်လည်ထိန်းညှိရေး အရှိန်ရလာသည်နှင့်အမျှ ပို၍တိုးတက်လာသည် ။ ပထမ သုံးလပတ်အတွင်း တိုးတက်မှုမှာ နှိုင်းယှဉ်ခြင်းအားဖြင့် နှေးကွေးသည် ၊ ဒုတိယ သုံးလပတ်၌ အခြေအနေ ပိုကောင်းလာသည် ၊ တတိယ သုံးလပတ်၌ တိုးတက်မှုနှုန်းမြင့်လာပြီးလျှင် စတုတ္ထ သုံးလပတ်တွင် သိသိသာသာပင် တိုးတက်လာသည် ။ ဤအချက်က ပြန်လည်ထိန်းညှိရေးသည် ကောင်းမွန်မှန်ကန်ပြီး စီးပွါးရေး ပြန်လည်နလံထူလာခြင်းကို ပြသနေသည် ။
စီးပွါးရေး တိုးတက်မြဲတိုးတက်နေစေရန် ကျွန်တော်တို. ယခုလိုလုပ်ခဲ့ကြသည် ။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အချိုးအစား လျှော့ချခဲ့ပြီး အကြီးစား စက်မှုလုပ်ငန်း ၊ သံနှင့် စတီးထုတ်လုပ်သည့်လုပ်ငန်းနှင့် စက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းတို.ကို လျှော့ချခဲ့သည် ၊ ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းတို. လုပ်ကိုင်စေရန် အားပေးခဲ့ပြီး လူအများ သုံးစွဲသည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်း ကဲ့သို.သော အသေးစား လုပ်ငန်းတို.ကို တိုးချဲ.ခဲ့သည် ၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးခဲ့သည် ။ ဤနည်းများဖြင့် စီးပွါးရေးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည် ။ မြို.ပြများသည် ဆက်လက်၍ ကြွယ်ဝမြဲကြွယ်ဝခဲ့ပြီး လူနေမှုအဆင့်အတန်းသည်လည်း ဆက်လက်၍ မြင့်မြဲမြင့်တက်နေခဲ့သည် ။ အလုပ်အကိုင် ရရှိမှုနှုန်း မြင့်တက်ခဲ့သည် ။ အဆုံး၌ ကျွန်တော်တို.၏ ဘတ်ဂျတ်ရှင်းတမ်းသည် ဟန်ချက်ညီ မျှတလာပြီး ယျေဘုယျအားဖြင့် ပြည်သူတို.သည်လည်း ပို၍ကျေနပ်လာသည် ။
ဤအချက်က ကျွန်တော်တို.၏ မူဝါဒတွင် အားနည်းချို.ယွင်းချက်များ ရှိနေသည်ကို ပြသနေသည် ။ ကျွန်တော်တို.သည် စီမံကိန်းရေးဆွဲရေး ကော်မရှင်မှ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကို ဖျက်သိမ်းသည့် အစဉ်အလာနည်းလမ်းများကို လုံးဝအပြီးတိုင် မတည့်မတ်နိုင်သေးပေ ။ တစ်နည်းအားဖြင့် “ဘုတ်အဖွဲ.မှ တိုက်ရိုက်ပယ်ဖျက်သည်” ဆိုသည့်နည်းလမ်းကို မပယ်ဖျက်နိုင်သေးပေ ။ စနစ်ဟောင်းသည် ဆက်လက်၍ ရှိနေမြဲဖြစ်သည့်အတွက် ဤသို.မလုပ်ရန်မှာ မလွယ်ကူလှပါ ။ ထို.ကြောင့် ကျွန်တော်တို.သည် ဒေသအသီးသီးအတွက် ခွဲတမ်းများ ချမှတ်ပေးခဲ့သည် ။
သို.သော်လည်း အမှန်တကယ် မဖျက်သိမ်းသင့်သည့် စီမံကိန်းများအတွက် ဘတ်ဂျတ်မှ အစိတ်အပိုင်းတစ်ချို.ကို ပြောင်းလွယ်ပြင်လွယ် သုံးစွဲ၍ စီမံကိန်းတစ်ချို.ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကျွန်တော်က စီမံကိန်းရေးစွဲရေးကော်မရှင်ကို တောင်းဆိုခဲ့သည် ။ အထွေထွေ အသုံးစားရိတ်များကို ဖြတ်တောက်လျှော့ချပြီးနောက် မည်သည့်ဖြတ်တောက်မှုက ပို၍အထိနာစေမည်နည်း သို.မဟုတ် မည်သည့် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခြင်းသည် ပို၍အကျိုးရှိမည်နည်း ဆိုသည့်အချက်များကို ကျွန်တော်တို. ပြန်လည်သုံးသပ်ကြသည် ။ သိကြသည့်အတိုင်းပင် ချွင်းချက်များများ ရှိနေသည်မဟုတ်ပါ ။ မည်သို.ပင်ဆိုစေ “ဘုတ်အဖွဲ.မှ တိုက်ရိုက်ဖြတ်တောက်သည်”၏ ဆိုးကျိုးတို.ကို ကျွန်တော်တို. လျှော့ချနိုင်ခဲ့ပါသည် ။
ပြန်ပြောင်း၍ တွေးကြည့်လိုက်တိုင်းပင် ပြန်လည်ထိန်းညှိရေး အစီအစဉ်သည် အထိနာစေခဲ့ပါသည် ။ စက်ယန္တရားများ လက်ခံရရှိပြီးဖြစ်သည့် သို.မဟုတ် အလျှင်အမြန်ပြီးဆုံးရန် လိုအပ်နေပြီး တပ်ဆင်လည်ပတ်နိုင်၍ ကုန်ပစ္စည်းများကိုလည်း မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်သည့် စီမံကိန်းအားလုံးအတွက် ချွင်းချက်များ သတ်မှတ်ပေးခဲ့သင့်သည် ။ အထူးသဖြင့် ဂိုဒေါင်ထဲထည့်၍ သိမ်းထားသည့် စားရိတ်နှင့် နှိုင်းယှဉ်တွက်ကြည့်ပါက ဤသို.ပြုလုပ်ခြင်းက် ပို၍တွက်ခြေကိုက်ပေမည်။ အချို.သော စီမံကိန်းများကို နောက် ၁ နှစ်အကြာတွင် ပြန်လည်၍ စတင်နိုင်ခဲ့သော်လည်း အချိန်နှင့် ငွေကြေးတို. ဆုံးရှုံးခဲ့သည် ။ အချို.စီမံကိန်းများမှာ ပြန်လည်အရှိန်ရရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည် ။
ပို၍ပြုလွယ်ပြောင်းလွယ်သည့် ဆောင်ရွက်မှုများ မပြုလုပ်ခဲ့သည့် အကြောင်းမှာ ဤစီမံကိန်းများအတွက် စားရိတ်ကျခံရန် ကျွန်တော်တို.တွင် ပြည်တွင်းအရံငွေကြေး အလုံအလောက်မရှိသောကြောင့်ဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်း ဟန်ချက်ညီမျှတစေရန် လိုငွေပြမှုကို လျှော့ချဖို.လိုအပ်နေသောကြောင့်ဖြစ်သည် ။ ဤအရာအားလုံးမှာ ကျိုးကြောင်းဆက်စပ်နေသည် ။
ဥပမာအားဖြင့် အကယ်၍ လိုငွေပြမှုကို ချက်ချင်းမပယ်ဖျက်ပဲ ဘတ်ဂျတ်ငွေတချို.ကို တန်ဖိုးရှိသည့် စီမံကိန်းများတွင် အသုံးပြုခဲ့ပါက ၁ နှစ် သို.မဟုတ် နှစ်အနည်းငယ်အတွင်း အရင်းပြန်ကျေနိုင်သည် ။ တံခါးဖွင့် စီးပွါးရေးမူဝါဒတွင်ဆိုပါက နိုင်ငံခြားမှ ချေးငွေယူခြင်းဖြင့် ပြဿနာကို ကျွန်တော်တို. ဖြေရှင်းနိုင်ပေလိမ့်မည် ။
သို.သော် ချန်ယန်းက စိုးရိမ်နေပြီး သူ၏အယူအဆကို စွဲမြဲစွာ ဆုပ်ကိုင်နေသည် ။ သူသည် အလွန်တရာ ကြီးမားလှသည့် စီမံကိန်းများကို စိုးရိမ်ကြောက်လန်.နေပြီး စားရိတ်လျှော့ချရန်သာ တောင်းဆိုနေခဲ့သည် ။ ထိုစဉ်က ကျွန်တော်တို.တွင် လုံလောက်သည့် အတွေ.အကြုံ မရှိသေးသည့်အတွက် ကျွန်တော်တို. နားမလည် သဘောမပေါက်ခဲ့သည့် အရာများမှာ မြောက်များစွာရှိနေခဲ့သည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ် Part 3, Chapter 2 An Early Setback ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

Friday, May 7, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ(နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၁
ထိပ်ပိုင်းမှ မတူကွဲလွဲသည့် အယူအဆများ
ကျောက်မည်ကဲ့သို. ထင်ပေါ်ကျော်ကြားသည့် အဆင့်သို. တက်လှမ်းရောက်ရှိလာပါသနည်း ။
၁၉၇၀ ခုနှစ်များ၏ အလယ်ပိုင်းနှစ်ကာလများအတွင်း စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှုးအဖြစ်
ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲမှုများကို ထိုးထွင်းတီထွင်မှုအပြည့်ဖြင့် ဆင်နွှဲနိုင်ခဲ့ရာမှ
ကျယ်ပြန်.သည့် ချီးမွမ်းထောက်ခံမှုများ ရရှိလာခဲ့ပြီးနောက် နိုင်ငံတော်အဆင့်
နိုင်ငံရေးအသိုင်းအဝိုင်းလောကသို. စတင်ရောက်ရှိလာခဲ့သည် ။ ၁၉၇၇ ခုနှစ်တွင် အလှည့်ကျ
ပေါ်လစ်ဗျူရိုအဖွဲ.ဝင် ဖြစ်လာခဲ့ပြီး နောက်သုံးနှစ်အတွင်း၌ နိုင်ငံ၏ စီးပွါးရေးဆိုင်ရာ ကိစ္စရပ်များကို
စီမံခန်.ခွဲရသည့် တရုတ်ပြည်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည် ။
မော်၏မူဝါဒများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တရုတ်ပြည်၏ စီးပွါးရေးကို ပြန်လည်နလံထူလာဖို.
အားထုတ်မှုများအကြောင်းကို ကျောက်ကပြောပြထားသည် ။ တရုတ်ပြည် စီးပွါးရေးပြုပြင်ပြောင်းလဲမှု၏
ဗိသုကာဖြစ်သည့် ထိပ်တန်းခေါင်းဆောင် တိန်.ရှောင်ပင်းနှင့် ပြုပြင်ပြောင်းလဲရေးကို ဖြည်းဖြည်းနှင့်
သတိရှိရှိ လုပ်ဆောင်လိုသည့် ပါတီဝင်များလေးစားသည့် ဝါရင့်ကြီး ချန်ယန်းတို.အကြားရှိ
သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဖျန်ဖြေပေးသည့် သူ၏အခန်းကဏ္ဍကိုလည်း ဆွေးနွေးထားသည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေး (၁၉၇၈ ခုနှစ်တွင် ကျင်းပခဲ့ပြီး ပြုပြင်ပြောင်းလဲရေး မူဝါဒများကို စတင်ချမှတ်ခဲ့သည်) အပြီးတွင် ဗဟိုခေါင်းဆောင်မှုအတွင်း၌ သဘောထားအယူအဆ ၂ မျိုးပေါ်ထွက်လာခဲ့သည် ။ တကယ်တမ်း၌ ထို.မတိုင်မှီကပင် အယူအဆ ၂ မျိုးရှိနေသည်ဟု ပြော၍ရသည် ။ တစ်ခုမှာ တိန်.ရှောင်ပင်း၏ အယူအဆဖြစ်ပြီး နောက်တစ်ခုမှာ ချန်ယန်း၏ အယူအဆဖြစ်သည် ။
တိန်.က စီးပွါးရေးပြုပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်ပြုလုပ်၍ ပြင်ပကမ္ဘာသို. လမ်းဖွင့်ရမည်ဟု ယုံကြည်ပြီး ပြုပြင်ပြောင်းလဲရေးကို ဈေးကွက်စီးပွါးရေးစနစ်ဆီသို. ဦးတည်ဖော်ဆောင်လိုသည် ။ ချန်ယန်းက ၁၉၅၀ ခုနှစ်များအတွင်းက ချမှတ်ခဲ့သည့် ပထမ ၅ နှစ် စီမံကိန်းတွင်ပါရှိသည့် နည်းလမ်းများအတိုင်း ချဉ်းကပ်လုပ်ဆောင်လိုသည်။ ထိုအုပ်စုက စီမံကိန်း စီးပွါးရေးစနစ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီးလျှုင် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များနှင့်ပက်သက်၍ ဖြည်းဖြည်းချင်းသာ ထိန်းထိန်းသိမ်းသိမ်း ဖော်ဆောင်လိုကြသည် ။
ဆယ်နှစ်ကျော်ကြာမျှ ဤအယူအဆ ၂ ခုအကြား အပြန်ပြန်အလှန်လှန် အားပြိုင်ကြပြီးနောက် တိန်.၏ အယူအဆက အောင်ပွဲခံခဲ့ပြီး လူအများက ပို၍ပို၍ လက်ခံလာခဲ့သည် ။ လက်တွေ.အချက်အလက်များက ဤအယူအဆ မှန်ကန်ကြောင်း သက်သေပြနေသည် ။
ဟူယောင်ဘန်းနှင့် ကျွန်တော်သည် အခြေခံအားဖြင့် တိန်.ရှောင်ပင်း၏ အယူအဆများဖက်တွင်ရှိသည် ။ ဩဇာတိက္ကမကြီးမားသည့် ပါတီဝါရင့်ကြီး လီရှန်နင်းက ချန်ယန်းဖက်မှ အပြည့်အဝရှိပြီး ပို၍ပင် အစွန်းရောက် ခေါင်းမာသည် ။ သူနှင့် ချန်ယန်းကြားရှိ အဓိကကွာခြားချက်မှာ ချန်ယန်းက သူ၏အယူအဆများကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်ပြီး လီရှန်နင်းကမူ မည်သည့်ချဉ်းကပ်နည်းက သူ.အတွက် အကျိုးရှိမည် သို.မဟုတ် ပုဂ္ဂိုလ်ရေးအရ သူ.ကိုထိခိုက်လိမ့်မည်ဟု တွက်ဆ၍ လက်ခံခြင်းဖြစ်သည် ။ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း သူသည် အခြေခံအားဖြင့် စီးပွါးရေးဆိုင်ရာ ကိစ္စရပ်များကို ကွပ်ကဲရသူဖြစ်သည် ။ ယူကျိလီ (သူသည် နိုင်ငံတော် စီမံကိန်းကော်မရှင်ကို ကာလကြာမြင့်စွာ ဦးဆောင်ခဲ့သည်)နှင့်သူသည် စီးပွါးရေးကို စီမံကွပ်ကဲခဲ့ရသည် ။
လေးဦးဂိုဏ်း ကျဆုံးအပြီး (၁၉၇၆ခုနှစ်) ၂ နှစ်တာကာလအတွင်း ဖြစ်ရပ်များကိုလည်း သူတို.ပင် ကြီးကြပ်ခဲ့ခြင်းဖြစ်သည် ။ စီးပွါးရေးမျှခြေများကို ပျက်ယွင်းစေခဲ့သည့် “အားလုံးအစွမ်းကုန် အလျှင်အမြန်ဆုံး တက်လှမ်းရေး လှုပ်ရှားမှု” နှင့် “သွင်းကုန်ခုန်ပျံတိုးမြှုင့်ရေး”ဟု ခေါ်ဆိုသည့် အရေးကြီး စီမံကိန်းသွင်းကုန်များ တင်သွင်းရေးအတွက် လက်တွေ.မအောင်မြင်နိုင်သည့် ရည်မှန်းချက်များ ချမှတ်ခြင်း စသည်တို.ကို ဤ ၂နှစ်တာကာလအတွင်း ပြုလုပ်ခဲ့ကြသည် ။ အားလုံးမှာ သူနှင့် ယူကျိလီတို.၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည် ။
ပြုပြင်ပြောင်းလဲရေး အရှိန်ရ တိုးတက်လာသည်နှင့်အမျှ လီရှန်နင်းသည် သူ၏လုပ်ရပ်များကို အသိအမှတ်မပြု ငြင်းပယ်ခံရသည်ဟု ခံစားလာရပြီး “အခုလက်ရှိ လုပ်နေသမျှအားလုံးမှန်ကန်တယ်လို.ဆိုရင် အရင်အတိတ်က လုပ်ခဲ့သမျှအားလုံး မှားနေသလား” ဟု ပြောကြား၍ သူ၏မကျေနပ်မှုကို မကြာခဏ ထုတ်ဖော်ပြသခဲ့သည် ။ သူသည် ပြုပြင်ပြောင်းလဲရေးကို အမြဲပင် ဆန်.ကျင်ခဲ့ပြီး မကြာခဏဆိုသလို ပြစ်တင်ဝေဖန်ခဲ့သည် ။
ချန်ယန်း၏ အယူအဆများကို ထောက်ခံသည့် နောက်ထပ်တခြားလူတို.တွင် ယော်ယိလင်လည်း ပါဝင်သည် ။ နောက်ပိုင်းတွင် သူသည် ယူကျိလီ၏ နေရာကို ဆက်ခံခဲ့ပြီး နိုင်ငံတော် စီမံကိန်းရေးဆွဲရေးကော်မရှင်၏ ဦးဆောင်ညွှန်ကြားရေးမှုး ဖြစ်လာခဲ့သည် ။ သူသည် နိုင်ငံတော်ကောင်စီတွင် အထွေထွေစီးပွါးရေး မူဝါဒများကို တာဝန်ယူ ကြီးကြပ်ကွပ်ကဲရသည့် လက်ထောက်ဝန်ကြီးချုပ်ဖြစ်သည် ။
ကျွန်တော်သည် တိန်.၏ ပြုပြင်ပြောင်းလဲရေးကို အမြဲထောက်ခံခဲ့သည် ။ တကယ်တမ်း၌ ကျွန်တော်သည် အထူးပင် စိတ်ဝင်စားပြီး ပြုပြင်ပြောင်းလဲရေး အကောင်အထည်ပေါ်အောင် ကြိုးစားအားထုတ်ခဲ့သည် ။ သို.သော်လည်း ကျွန်တော်သည် တိန်.၏ အမြန်နှုန်းအပေါ်တွင် အလေးပေးခြင်းနှင့်ပက်သက်၍မူ စောင့်စောင့်စည်းစည်းရှိသည် ။ အကယ်၍ အရာအားလုံး ကောင်းမွန်စွာ အလုပ်လုပ်နေပြီး စီးပွါးရေးသည်လည်း ချောချောမွေ.မွေ. လည်ပတ်နေပါက ပို၍မြန်လေ ပိုပြီးကောင်းလေဖြစ်သည် ။ ဤအချက်ကို မည်သူကမှလည်း ငြင်းလိမ့်မည်မဟုတ်ပါ ။ သို.သော်လည်း အတိတ်ကာလက ပြုလုပ်ခဲ့သည့် ထွက်ကုန်တိုးမြှုင့်ရေးကို အလေးပေးအာရုံစိုက်လွန်းသည့် မှားယွင်းသည့် တိမ်းညွတ်မှုများက အမြန်နှုန်းအပေါ် အလွန်အကျွံ အလေးပေးခြင်းသည် မြင့်မားလွန်းသည့် ရည်ရွယ်ချက်များနှင့် အမြန်နှုန်းမြှုင့်တင်ရေးကို မျက်စိစုံမှိတ်၍ အကောင်အထည်ဖော်ရာရောက်ပြီးလျှင် စွမ်းဆောင်ရည်ကို ပစ်ပယ်ရာရောက်ကြောင်း ကျွန်တော်တို.ကို သင်ခန်းစာပေးခဲ့ပြီးဖြစ်သည် ။
ကုန်ထုတ်လုပ်ရေးနှင့် ပက်သက်ပြီး ကျွန်တော်ချမှတ်သည့် ရည်မှန်းချက်များမှာ အသင့်အတင့်မျှသာဖြစ်ပြီး စီးပွါးရေးအကျိုးအမြတ် စွမ်းဆောင်ရည်ထက်မြက်ရေးကို ကျွန်တော်က ပို၍အလေးပေးသည် ။ ဤကိစ္စနှင့်ပက်သက်သည့် ကျွန်တော်၏ အမြင်ကို တိန်.ကနားလည်သည် ။ ဤကိစ္စနှင့်ပက်သက်၍ ပြဿနာမရှိပေ ။
ဟူယောင်ဘန်းနှင့် ကျွန်တော်သည် ပြုပြင်ပြောင်းလဲရေးနှင့်ပက်သက်၍ အခြေခံအားဖြင့် တူညီသည့် ယုံကြည်ချက်ရှိကြသည် ။ ကျွန်တော်တို.နှစ်ယောက်စလုံး စိတ်ဝင်စား၍ တက်တက်ကြွကြွရှိကြသည် ။ သို.သော်လည်း အချို.သောအဆင့်များ ၊ ချဉ်းကပ်နည်းများနှင့် လုပ်ကိုင်နည်းများတွင်မူ အထူးသဖြင့် အမြန်နှုန်းနှင့်ပက်သက်သည့် သဘောထားတွင်မူ ယောင်ဘန်းသည် တိန်.ထက်ပင် ပို၍တက်ကြွပြင်းထန်နေသည် ။ တိန်.က အခြေအနေများ အနေအထားများကို မြန်မြန်သွက်သွက် အကောင်အထည်ပေါ်စေချင်ရုံမျှသာဖြစ်သည် ။ ယောင်ဘန်းကမူ ဤအယူအဆကို နေရာတိုင်းတွင် တက်ကြွစွာမြှုင့်တင်နေပြီး “လေးဆတိုးအောင်လုပ်ကြ၊ သတ်မှတ်ထားတဲ့အချိန်ထက်စောပြီး ပြီးစီးအောင်လုပ်ကြ” စသည်ဖြင့် လူအများအား တောင်းဆိုစေခိုင်းနေသည် ။ စီးပွါးရေး ကိစ္စရပ်အားလုံးကို ကျွန်တော်က တာဝန်ယူထားရသည့်အတွက် ကျွန်တော်တို.နှစ်ဦးကြားမှ မတူကွဲပြားသည့် ချဉ်းကပ်မှုပုံစံမှာ ထင်ရှားနေသည် ။
ရဲဘော်ချန်ယန်းနှင့်ပက်သက်၍မူ ဗဟိုခေါင်းဆောင်မှု အဝန်းအဝိုင်းတွင် ကျွန်တော်စတင်​၍ တာဝန်ယူသည့် အစပိုင်းနှစ်ကာလများအတွင်း၌ သူ.အပေါ်တွင် ကျွန်တော်လေးစားမှုများစွာရှိသည် ။ အသက်ကြီးဝါရင့်မျိုးဆက် ခေါင်းဆောင်များအနက် ချန်ယန်းသည် စီးပွါးရေးနှင့်ပက်သက်သည့် အသိအမြင်ဗဟုသုတ အမြော်အမြင် အရှိဆုံးလူတစ်ယောက်ဖြစ်ပြီး ပြိုင်ဖက်ကင်း၍ ထိုးထွင်းသိမြင်သည့် အမြင်ရှိသူဖြစ်သည် ။
သူ၏ ပထမ၅နှစ် စီမံကိန်းမှာ အလွန်အောင်မြင်ခဲ့သည် ။ ၎င်းသည် ဆိုဗီယက် စီးပွါးရေး ပုံစံကို အခြေခံထားသည့် ပုံစံဖြစ်သည် ။ ၁၉၅၇ ခုနှစ်နောက်ပိုင်း၌ သူသည် အမှီအခိုကင်းစွာ လွတ်လွတ်လပ်လပ် စဉ်းစားမှုကို အခိုင်အမာ စွဲကိုင်ခဲ့ပြီး ဥက္ကဋ္ဌကြီးမော်၏ ရှေ.သို.ခုန်ပျံတိုးတက်ရေး၁ လှုပ်ရှားမှုကို ဆန်.ကျင်ခဲ့သည် ။ ပါတီတစ်ခုလုံး အတွေးအခေါ် မှားယွင်းလွဲချော်နေသည့် အချိန်မျိုး၌ သူ၏ကိုယ်ပိုင် အယူအဆကို စွဲမြဲစွာဆုပ်ကိုင်ထားဖို.ဆိုသည်မှာ လွယ်ကူသည်မဟုတ်ပါ ။ ထို.အပြင် အသွင်ပြောင်းရေး ၃ မျိုး၂ အပြီး ၁၉၅၀ ခုနှစ်များအတွင်း၌ စီမံကိန်းစီးပွါးရေးကို အဓိကဦးစားပေးပြီး တစ်ပြိုင်တည်းမှာပင် ဤစနစ်အတွင်း၌ လွတ်လပ်မှု အနည်းငယ်ကိုလည်း ခွင့်ပြုလုပ်ကိုင်စေသင့်ကြောင်း ချန်က ပထမဆုံး အဆိုပြုခဲ့သည် ။ သူသည် စီမံကိန်းစီးပွါးရေးစနစ်၏ မူဘောင်အတွင်း၌ ဈေးကွက်ကို တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပြုထားဖို. ယုံကြည်သူဖြစ်သည် ။
ပါတီအနေဖြင့် စီမံကိန်းစနစ်၏ အခန်းကဏ္ဍကို စီးပွါးရေးတစ်ခုလုံးထိ တိုးချဲ.သွားမည်ဟု ရည်မှန်းချက်ချမှတ်၍ အကောင်အထည်ဖော်နေသည့် အချိန်မျိုး၌ ဤကိစ္စမှာ လွယ်ကူလှသည်မဟုတ်ပါ ။ ၁၉၆၂ ခုနှစ် စီးပွါးရေး အကျပ်အတည်းတွင်လည်း အခြေအနေကို သူကပင် ကယ်တင်ခဲ့သည် ။ သကြားဈေးနှုန်းကို မြှုင့်တင်ခြင်း ၊ ပဲပိစပ် တင်သွင်းခြင်းနှင့် ငတ်မွတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ရေဖျင်းစွဲရောဂါကူးစက်မှုကို တိုက်ဖျက်ခြင်းစသည့် အလွန်ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည် ။ ဤနည်းအားဖြင့် သူသည် အခြေအနေများကို လျှင်မြန်စွာ ပြန်လှည့်ပစ်နိုင်ခဲ့သည် ။ ရဲဘော်လျှူရှောက်ချီ (၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ်ထိ တရုတ်ပြည်သမ္မတ)နှင့် ဝန်ကြီးချုပ် ချူအင်လိုင်း(၁၉၄၉ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ တရုတ်ပြည် ဝန်ကြီးချုပ်)တို.လည်း အားထုတ်ကြိုးပမ်းခဲ့ပါသည် သို.သော် အရေးယူဆောင်ရွက်မှု အများအပြားကို ရဲဘော်ချန်ယန်းမှ အဆိုပြုခဲ့ခြင်းဖြစ်သည် ။
ကျွန်တော် ဘေဂျင်းသို. ပြောင်းရွှေ.လာပြီးနောက်၌ စီးပွါးရေး အတက်အကျ အကြီးအကျယ်ဖြစ်ပွါးခြင်းကို ရှောင်ရှားနိုင်ရန်အတွက် အမြန်နှုန်းအပေါ် အလေးပေးလွန်းမှုကို ဆန်.ကျင်သည့် သူ.ရပ်တည်ချက်ကို ကျွန်တော်ထောက်ခံသဘောတူခဲ့သည် ။ အလုပ်အကိုင်အခွင့်အလမ်းအတွက် နိုင်ငံတော်အပေါ် အားကိုးရပ်တည်နေမှုကို လျှော့ချရန်ရည်ရွယ်၍ အကောင်အထည်ဖော်ခဲ့သည့် ကျွန်တော်၏ မြို.ပြစီးပွါးရေး ပြုပြင်ပြောင်းလဲမှုနှင့် စီးပွါးရေးလုပ်ငန်းများ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် တိုးချဲ.မှုတို.ကို သူက ထောက်ခံခဲ့သည် ။ အစောပိုင်း နှစ်ကာလများ၌ ကျွန်တော်တို. နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ နွေးထွေးကောင်းမွန်ခဲ့သည် ။ ကျွန်တော်သည် တိန်.နှင့် ချန်၏ကြားတွင် ဆက်ဆံရေးချောမွေ. လွယ်ကူစေရန်နှင့် ကြားဝင်စေ့စပ်မှုမျိုးကိုပင် လုပ်ကိုင်နိုင်ခဲ့သည် ။ ကျွန်တော်သည် စီးပွါးရေးကို တာဝန်ယူစီမံခန်.ခွဲရသည့်အတွက် သူတို.နှစ်ယောက်စလုံး၏ အကြံဥာဏ်ကို တောင်းခံပြီးမှ ကျွန်တော်၏ ကိုယ်ပိုင်အယူအဆကို အဆိုပြုသည် ။ အကြံဥာဏ်အများစုမှာ တိန်.၏ အယူအဆများအပေါ်တွင် အခြေခံသော်လည်း ချန်ယန်း၏ သဘောထားကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ အကောင်အထည်ဖော်ခြင်းဖြစ်သည် ။ ရလာဒ်မှာ သူတို.နှစ်ဦးကြားတွင် သဘောတူညီမှု ရရှိနိုင်ခြင်းဖြစ်သည် ။
ပြုပြင်ပြောင်းလဲရေး အရှိန်ရနက်ရှိုင်းလာသည်နှင့်အမျှ ပြဿနာများ ပေါ်ထွက်လာခဲ့သည် ။ ရှေ.သို. ဆက်လက်ချီတက်လာသည်နှင့်အမျှ ပြဿနာအသစ်များ ပေါ်ထွက်လာသည် သို.သော်လည်း ချန်ယန်း၏ အယူအဆများကမူ ပြောင်းလဲမလာခဲ့ပေ ။ ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များအတွင်းကမူ ပါတီတွင်း၌ ရဲဘော်ချန်ယန်း၏ အယူအဆများမှာ လွတ်လပ်ပွင့်လင်းသည်ဟု ယူဆနိုင်ပေလိမ့်မည် ။ သို.သော်လည်း သူ၏ “စီမံကိန်းစီးပွါးရေး အဓိကဦးစားပေးတဲ့ စနစ်အတွင်းမှာ လွတ်လပ်မှု အနည်းငယ်ပေးထားရမယ်” သို.မဟုတ် “စီမံကိန်းစီးပွါးရေးက ပထမဦးစားပေး ၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထိန်းညှိရေးက အရန်အစီအစဉ်” ဆိုသည့် သူ၏အမြင်ကို ဆက်လက်၍ စွဲကိုင်ထားမြဲဖြစ်သည့်အတွက် သူသည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ခုလုံး၏ ရည်မှန်းချက်များနှင့် ထိုအချိန်က ဖြစ်ပျက်နေသည့် ပကတိအခြေအနေတို.နှင့် သဟဇာတ မဖြစ်တော့ပေ ။ ကျွန်တော်တို.ကြားရှိ ကွာခြားချက်မှာလည်း ကြီးမားကျယ်ပြန်.လာခဲ့သည် ။
-----------------------------------------------------------------------------------------------------------------
၁ ။ ။ ရှေ.သို.ခုန်ပျံ တိုးတက်ရေး လှုပ်ရှားမှုသည် ပြည်သူများကို ကပ်ဆိုက်စေခဲ့သည့် မော်၏လမ်းညွှန်မှုဖြင့် ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင် ဆင်နွှဲခဲ့သည် ။ ပြည်သူထူထုကို စီးပွါးရေး ဖွံ.ဖြိုးရေး စီမံကိန်းများတွင် ပါဝင်လုပ်ကိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ စီမံကိန်းများအတွက် ချမှတ်ထားသည့် အမြန်နှုန်းများမှာ မြန်နှုန်းမြင့်လွန်းသည့်အတွက် စီးပွါးရေး စနစ်တစ်ခုလုံး ပြိုလဲသွားခဲ့ပြီး လူသန်းပေါင်းများစွာကို ငတ်မွတ်စေခဲ့သည် ။
၂ ။ ။ အသွင်ပြောင်းရေး ၃ မျိုးမှာ စိုက်ပျိုးရေး ၊ လက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး လုပ်ငန်းနယ်ပယ်များကို ပြည်သူပိုင်ပြုလုပ်ရန်ရည်ရွယ်ပြီး ၁၉၅၀ ခုနှစ်များအတွင်းက ပြုလုပ်ခဲ့သည့် မော်၏ လူမှုအစီအစဉ် စီမံကိန်းတစ်ခုဖြစ်သည်။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ် Part 3, Chapter 1 Conflicting Views at the Top ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

Friday, April 30, 2010

ကျောက်၏ တစ်ကိုယ်တော် ရုန်းကန်မှု (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၂
အခန်း ၂
ကျောက်၏ တစ်ကိုယ်တော် ရုန်းကန်မှု
ကွန်မြူနစ်ပါတီသည် တိန်အိန်မင် အရေးအခင်းကို သမိုင်းစာမျက်နှာမှ ဖျောက်ဖျက်ပစ်ဖို.
ရေရှည်လှုပ်ရှား လှုံ.ဆော်မှုတစ်ခု ဆင်နွှဲခဲ့ရသည် ။ ပထမဦးဆုံး အဆင့်အနေဖြင့်
အင်အားသုံးဖြိုခွင်းမှုကို ဆန်.ကျင်ခဲ့သည့် ထိုစဉ်က အထွေထွေအတွင်းရေးမှုး၏ လွတ်လပ်ခွင့်များကို
ချုပ်ချယ်ကန်.သတ်ခြင်းဖြင့် နိုင်ငံရေးအရ အညွန်.တုံးသွားအောင် (အန္တရာယ် မပေးနိုင်အောင်)
ပြုလုပ်ခဲ့ရသည် ။ ၁၉၉၇ ခုနှစ်၌ တိန်.ကွယ်လွန်အပြီးတွင် ကျောက်သည် ကွန်မြူနစ်ပါတီသို.
စာတစ်စောင်ရေး၍ သူ၏ ယခင်က လုပ်ဖော်ကိုင်ဖက်ဟောင်းများ (၎င်းတို.အနက်မှ လူများစွာသည်
ယခင်က သူ၏အနေအထားကို ထောက်ခံခဲ့ကြသည်)ထံသို. တိန်အန်မင် အရေးအခင်းအပေါ်တွင်
ချမှတ်စွဲချက်တင်ထားသည့် ပြင်းထန်သည့် ဆုံးဖြတ်ချက်များကို ပြောင်းပြန်လှန်ပေးဖို.
နောက်ဆုံးအကြိမ်အဖြစ် တောင်းပန်ခဲ့သည် ။ သို.သော် တရုတ်ပြည်၏ နိုင်ငံရေးသည်
ဦးတည်ရာအသစ်တစ်ခုဆီသို. သွားနေပေပြီ ။ ကျောက်၏နေရာကို အစားထိုးခဲ့သည့် ကျန်ဇီမင်း (၁၉၈၉
ခုနှစ်က အဖြစ်အပျက်များ၏ ကျေးဇူးကြောင့် ဤရာထူးသို. ရောက်လာခဲ့သည်)က ထိုစာကို သူ၏
အာဏာအား ထိပါးစိမ်ခေါ်မှု တစ်ခုအဖြစ် ရှုမြင်ခဲ့ပြီး ကျောက်၏လွတ်လပ်ခွင့်များကို
ပို၍ကန်.သတ်ချုပ်ချယ်ခြင်းဖြင့် လက်တုံ.ပြန်ခဲ့သည် ။
သူတို.သည် စုံစမ်းစစ်ဆေးရေးအပြီး၌ ကျွန်တော့်ကို နေအိမ်အကျယ်ချုပ် ဆက်လက်ချထားကာ ကျွန်တော်၏ လွတ်လပ်ခွင့်တို.ကို ကန်.သတ်ထားခဲ့သည် ။
စုံစမ်းစစ်ဆေးရေး ပြုလုပ်နေစဉ်အတွင်း၌ သူတို.သည် ကျွန်တော့်ကို ၃ နှစ်လုံးလုံး နေအိမ်တွင် ထိန်းသိမ်းထားခဲ့သည် ။ ယခုအခါ စုံစမ်းစစ်ဆေးရေး ပြီးဆုံးသွားသည်နှင့်အညီ အခြေခံအားဖြင့် ကျွန်တော်၏ လွတ်လပ်ခွင့်တို. ပြန်လည်၍ရရှိသင့်ပြီဖြစ်သည် ။ ကျိုရှီနှင့် စုံပင်းတို. ကျွန်တော့်ထံလာရောက်၍ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာစဉ်ကပင် ကျွန်တော်၏ လွတ်လပ်ခွင့်တို.ကို ပြန်လည်​၍ ပေးအပ်ရန်ကိစ္စကို တင်ပြခဲ့ပြီးဖြစ်သည် ။ ထိုစဉ်က သူတို.သည် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန်အတွက် ကျွန်တော်၏ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုတို.ကို ဖြည်းဖြည်းချင်း ပြန်လည်ပေးအပ်သွားမည် ဆိုသည့်အချက်မှလွဲ၍ ဘာမျှပြောမသွားခဲ့ကြပါ ။
တကယ်တမ်း၌မူ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်လိုက်ကြောင်း ကြေညာပြီးသည်နှင့် သူတို.သည် ကျွန်တော်၏ လှုပ်ရှားသွားလာမှုများကို ကန်.သတ်ချုပ်ချယ်ရန် စည်းကမ်း ၆ ခုကို ချက်ချင်းပင် ထုတ်ပြန်ခဲ့ကြသည် ။ သို.သော် စည်ကမ်း၆ခု ထုတ်ပြန်ရာတွင်မူ သူတို.က ကျွန်တော့်ကို စာရွက်စာတမ်းအားဖြင့်လည်း မပြသခဲ့သလို မျက်နှာချင်းဆိုင်၍လည်း ပြောကြားခြင်းမရှိခဲ့ပေ ။ သူတို.အနေဖြင့် ကိုယ့်အပြစ်ကိုယ်မလုံမလဲဖြစ်ပြီး သက်သေခံအချက်အလက်နှင့်တကွ ပြင်ပကမ္ဘာလောကသို. ပေါက်ကြားသွားပြီး နိုင်ငံတကာနှင့် ပြည်တွင်းသတင်းလောက၏ အာရုံစိုက်မှု ခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ပေသည် ။
ထိုသို.ပြုလုပ်ရမည့်အစား သူတို.သည် အထွေထွေရုံး လုံခြုံရေးဗျူရိုနှင့် ကျွန်တော့်အိမ်မှ ဝန်ထမ်းများအား ဤကန်.သတ်ချက်တို.ကို အကောင်အထည်ဖော်ဆောင်ရန် ညွှန်ကြားခဲ့ကြသည် ။ သိကြပြီးသည့်အတိုင်းပင် ကျွန်တော့်အိမ်မှ တာဝန်ကျသည့် ပါတီဝင် ရဲဘော်များမှာ အထက်မှညွှန်ကြားချက်များကို လိုက်နာရန် အတင်းအကျပ် စေခိုင်းခံကြရသည် ။ သို.သော် သူတို.အနေဖြင့် ၎င်းတို.မှာ အထက်အရာရှိများက ထုတ်ပြန်ထားသည့် စည်းကမ်းများဖြစ်ကြောင်း ပြောကြားခွင့်မရှိသည့်အတွက် လုပ်ဇာတ်ခင်းထားသည့် ဆင်ခြေများဖြင့် ကျွန်တော့်ကို တစ်ချိန်လုံး ဒုက္ခပေးနေတော့သည် ။ သူတို.က ကျိုးကြောင်းဆီလျော်မှုကင်းမဲ့စွာ ပြုမူကြသဖြင့် အချိန်အတော်ကြာသည်အထိပင် ကျွန်တော်နှင့် သူတို.ကြားတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိခဲ့သည် ။ နောက်ပိုင်းတွင် သူတို.သည် အထက်မှ ညွှန်ကြားချက်များကို အကောင်အထည် ဖော်နေခြင်းသာဖြစ်သဖြင့် သူတို.ကို အပြစ်တင်၍ မဖြစ်နိုင်ကြောင်း ကျွန်တော် စဉ်းစားမိခဲ့သည် ။
သူတို.သည် စည်းမျဉ်းစည်းကမ်းများက မည်သည့်အရာများဖြစ်ကြောင်း (မည်သည့်အချက်ကို ခွင့်ပြု၍ မည်သည့်အချက်ကို ခွင့်မပြုကြောင်း) တိတိကျကျ ပြောကြားသင့်သည် ၊ သို.မှသာ ကျွန်တော် နားလည်နိုင်လိမ့်မည်ဟု ကျွန်တော်ခံစားရသည် ။ ဥပမာအားဖြင့် စုံစမ်းစစ်ဆေးရေး ပြီးဆုံးသွားသောအခါ ကျွန်တော်၏ အဆုတ်လေပြွှန် ရောဂါကို ကုစားဖို. ဂွမ်ဒေါင်းသို. သွားခွင့်တောင်းသည် (ဤရောဂါသည် မြောက်ပိုင်း၏ ခြောက်သွေ.သော ဆောင်းရာသီတွင် အပြင်းအထန် ချောင်းဆိုးစေပြီး တောင်ပိုင်းမှ ရာသီဥတုမျိုးတွင် များစွာ သက်သာသည်) ။ သူတို.က (ဟောင်ကောင်၏ နောက်ဆုံး ကိုလိုနီအုပ်ချုပ်ရေးမှုး) ခရစ်စပတ်တန်သည် ဟောင်ကောင်ကို အခြေပြု၍ ဒီမိုကရက်တစ် ရွေးကောက်ပွဲများကို (ဂွမ်ဒေါင်းမှတစ်ဆင့် နယ်စပ်တစ်လျှောက်) တိုးချဲ.ပြုလုပ်၍ မြှင့်တင်နိုင်ရန် ကြိုးစားနေကြောင်း ၊ အခြေအနေမှာ အလွန်သိမ်မွေ.ကြောင်း ၊ ထို.ကြောင့် ကျွန်တော့်အတွက် ဂွမ်ဒေါင်းသို. သွားရောက်ရန် မသင့်လျော်ကြောင်း တုံ.ပြန်ခဲ့ကြသည်။
ဤအချက်မှာ ရယ်ဖွယ်ရာကြီးဖြစ်သည်ဟု ကျွန်တော်ထင်သည် ။ ခရစ်စပတ်တန် ဟောင်ကောင်တွင် လုပ်နေသည့် အရာအားလုံးမှာ သံတမန်ရေးရာ ကိစ္စများသာဖြစ်ပြီး ဂွမ်ဒေါင်းတွင် ကျွန်တော်ရှိနေခြင်းနှင့် မည်သို.များ ပက်သက်ပါသနည်း ။ သို.သော် သူတို.က “ခင်ဗျား ဂွမ်ဒေါင်းကို မသွားသင့်ဘူး ၊ ဒါပေမယ့် ဂွမ်ဇီ ၊ ယူနန် ဒါမှမဟုတ် ဂွမ်ကျိုး တို.ကိုတော့ သွားနိုင်တယ်”ဟု ဇွတ်ပြောကြသည် ။
ဂွမ်ဇီသို.သွားရန် ကျွန်တော်ဆုံးဖြတ်ခဲ့သည် ။ သို.သော် ခရီးထွက်ခွါဖို. ပြင်ဆင်နေချိန်မှာပင် သူတို.က ဂွမ်ဇီပြည်နယ်မြို.တော် နန်နင်းကိုသာ သွားခွင့်ပြုသည်ဟု နောက်ထပ် ကန်.သတ်မှုတစ်ခု ထပ်မံဖြည့်စွက်ခဲ့သည် ။ တကယ်တမ်းတွင် နန်နင်းသို. ကျွန်တော်ရောက်သွားချိန်၌ သူတို.သည် ကျွန်တော့်ကို အခြားမည်သည့်နေရာကိုမှ မသွားနိုင်ရန် သူတို.တတ်နိုင်သမျှ အစွမ်းကုန် ပိတ်ဆို.တားဆီးခဲ့သည် ။
ဘေဂျင်းသို.ပြန်ရောက်ပြီးနောက်၌ ချန်ပင်းဂေါက်ကွင်းတွင် ဂေါက်ရိုက်ချင်လာသည် သို.သော် ၎င်းကို ခွင့်မပြုနိုင်ကြောင်း ပြောသည် ။ ကျွန်တော်က ဤကန်.သတ်ချက်များ ဘယ်ကလာသနည်းဟု မေးသည် ။ သူတို.က မည်သို.မျှ ပြန်မပြောပဲ ကျွန်တော့်ကို သွားခွင့်မပြုနိုင်ကြောင်းသာ ဆက်၍ ပြောနေခဲ့သည် ။ ကျွန်တော်သည် လုံခြုံရေးအရာရှိ ဝမ်တုန်ဟိုင်ကိုခေါ်၍ တောင်းဆိုချက်တစ်စောင် ထုန်ပြန်လိုကြောင်း ပြောခဲ့သည် ။ ကြေညာချက်ပါ အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည် ။
လုံခြုံရေးဗျူရိုသည် ယနေ. ချန်ပင်းဂေါက်ကွင်းသို. ကျွန်တော်သွားရောက်၍ ဂေါက်ရိုက်ခြင်းကို တားဆီးခဲ့သည် ။ လွန်ခဲ့သည့် ဒီဇင်ဘာလက သွားရောက်ခဲ့သည့် ရှန်ယီ ဂေါက်ကွင်းသို.ပင် ကျွန်တော့်အား သွားရောက်ခွင့်မပြုခဲ့ပေ ။ ဤကိစ္စမှာ လုံခြုံရေးဗျူရိုသည် ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ လုပ်ကိုင်ခြင်းဖြစ်ပြီး ဗဟိုကော်မတီမှ ချမှတ်ထားသည့် စည်းမျဉ်းများကို ဖောက်ဖျက်သည်ဟု ကျွန်တော်ယူဆသည် ။ သူတို.က ကျွန်တော့်ကို အမြင်ကျယ်ကျယ် စဉ်းစားရန်ပင် သတိပေးကြိမ်းမောင်းကြသည် ။ ဤကိစ္စကို မည်သို.ဖြေရှင်းမည်နည်း ။ လွန်ခဲ့သည့်နှစ် ၁၄ ကြိမ်မြောက် ပါတီကွန်ဂရက်အတွင်း ကျိုရှီအပါအဝင် ဝါရင့်ရဲဘော် ၄ ယောက် ကျွန်တော့်ထံလာရောက်၍ ဆွေးနွေးခဲ့စဉ်က စုံစမ်းစစ်ဆေးရေး ပြီးဆုံးသွားလျှင် ကျွန်တော်၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တို.ကို ပြန်လည်ခွင့်ပြုရန် ကျွန်တော် ရှင်းရှင်းလင်းလင်း တောင်းဆိုခဲ့ပြီးဖြစ်သည် ။ ကျွန်တော်၏ သွားလာလှုပ်ရှားမှုများနှင့်ပက်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကိုတွေးဆ၍ ချင့်ချင့်ချိန်ချိန် နေထိုင်မည်ဟု ကျွန်တော် လိုလိုလားလား လက်ခံခဲ့ပြီးဖြစ်သည် ။ ဗဟိုခေါင်းဆောင်မှုအပိုင်းမှ အကြံပြုချက်များ ရှိပါက ၎င်းတို.ကို ကျွန်တော် လိုက်နာမည် ၊ သို.သော် ကျွန်တော်၏ လွတ်လပ်ခွင့်ကို အတင်းအဓမ္မ ချုပ်ချယ်ကန်.သတ်မှုများကိုမူ ကျွန်တော် လုံးဝလက်ခံမည်မဟုတ်ပါ ။ ထိုစဉ်က ဝါရင့်ရဲဘော် ၄ ယောက်သည် ကျွန်တော်၏ တောင်းဆိုချက်ကို ကန်.ကွက်ခြင်းမရှိခဲ့ပါ ။ လုံခြုံရေးဗျူရိုအနေဖြင့် ကျွန်တော် ယနေ. ဂေါက်ရိုက်သွားခြင်းကို မည်သို.သော လုပ်ပိုင်ခွင့်အာဏာဖြင့် ပိတ်ပင်ခဲ့ပါသနည်းဆိုသည်ကို ကျွန်တော် နားမလည်နိုင်ပါ ။ ကျွန်တော့်အနေဖြင့် ဤကဲ့သို.သော ကန်.သတ်ချုပ်ချယ်မှုမျိုးကို နောက်နောင်တွင် လက်ခံမည်မဟုတ်ပါ ။
ဤတောင်းဆိုချက်တစ်ခုလုံးကို သူ၏အထက်အရာရှိများထံ ထပ်ဆင့်ပေးပို.ရန် ဝမ်တုန်ဟိုင်အား ကျွန်တော်ပြောခဲ့သည် ။
နောက်တစ်ကြိမ်တွင်မူ ကျွန်တော်က ယန်ဖန်ကျားဒေါင်ကလပ်သို. ပူးလ်ကစားဖို.သွားမည်ဟု တောင်းဆိုသည် ။ အစပိုင်းပထမပိုင်းတွင် သူတို.က ငြင်းဆိုကြသည် ၊ သို.သော် ကျွန်တော်က ဇွတ်အတင်း တောင်းဆိုသည် ။ ကျွန်တော့်ကို ဒရိုင်ဘာက လိုက်ပို.ပေးနိုင်လိမ့်မည်မဟုတ်ကြောင်း သူတို.ကပြောရာ ကျွန်တော်က ဘတ်စကားဖြင့် သွားနိုင်ကြောင်းပြောသည် ။ နောက်ဆုံးတွင် သူတို.က သဘောတူခွင့်ပြုခဲ့သည် ၊ သို.သော် ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်မျှသာ နံနက်ခင်းပိုင်း၌ သွားနိုင်သည်ဟု သူတို.က ကန်.သတ်ထားသည် ။ ကျွန်တော် နှစ်ကြိမ်သုံးကြိမ်မျှ သွားရောက်ခဲ့သည့်အတွင်း ကလပ်၌ မည်သူ.ကိုမှ မတွေ.မြင်မိခဲ့ပေ ။ နောက်ပိုင်း၌ ကျွန်တော်ပြန်သိခဲ့ရသည်မှာ သူတို.က ကလပ်ကို လူအများ မလာစေရန် ရှင်းထားသည် ၊ ဤနည်းအားဖြင့် အခြားရဲဘော်များကို တားဆီးထားပြီး ကျွန်တော်တစ်ဦးတည်းအတွက် “သီးသန်. အစီအစဉ်”အဖြစ် ဖန်တီးထားခဲ့ခြင်းဖြစ်သည် ။ အဘယ့်ကြောင့်နည်း ။ ယန်ဖန်ကျားဒေါင်ကလပ်သည် ဝါရင့်ကေဒါများ၏ ကလပ်ဖြစ်သည့်အတွက် ကျွန်တော်၏ မိတ်ဆွေဟောင်းများ၊ သူစိမ်းတရံများနှင့် တွေ.ဆုံမည်ကို သူတို.စိုးရိမ်သောကြောင့်ဖြစ်သည် ။ ဤလူများအတွင်းတွင် ကျင်လည်ခြင်းဖြင့် ကျွန်တော်အနေဖြင့် လှုံ.ဆော်နှိုးဆွသော စကားများပြောကြားနိုင်ပြီး ၊ ကွန်ရက်အစုအဖွဲ.အဖြစ် စည်းရုံးလိမ့်မည်ဟု သူတို.မတွေးမိနိုင်လောက်အောင် ထုံထိုင်းနုံအ လိမ့်မည်မဟုတ်ဟု ယုံကြည်ရပေသည် ။
အပြင်ထွက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို စိုးရိမ်သည်ဟု ဆိုခြင်းမှာ လူထုမျက်နှာစာ၌ ကျွန်တော်နောက်ထပ် ဘယ်သောအခါမှ ပေါ်ထွက်မလာစေဖို. ချမှတ်ထားသည့် သူတို.၏ အစီအစဉ်ကို ဖုံးကွယ်ထားသည့် အကြောင်းပြချက်မျှသာဖြစ်သည် ။ ဤသို.ဖြင့် ကျွန်တော့်ကို ပြည်သူထူထုက တစ်ဖြည်းဖြည်း မေ့ပျောက်သွားပေလိမ့်မည် ၊ ကျွန်တော့်အသံကို တိတ်ဆိတ်သွားစေခြင်းဖြင့် လူထု၏ မြင်ကွင်းမှ ကွယ်ပျောက်သွားရန် ချောင်ထိုးထားခြင်းဖြစ်သည် ။ “အကျိုးသက်ရောက်မှုများကို စိုးရိမ်ထိတ်လန်.သည်” ဆိုခြင်းမှာ ကျွန်တော်၏ သတင်းကြောင့် လူမှုရေးရာမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုလိုခြင်းသာဖြစ်သည် ။
နောက်ဆုံးတွင် ဤပုံစံအတိုင်း ဆက်၍စခန်းသွားဖို. လက်တွေ.မဖြစ်နိုင်ကြောင်းနှင့် ဤပြဿနာကို ရှင်းလင်းခြင်းသည် ပိုကောင်းမည်ဖြစ်ကြောင်း သူတို.သဘောပေါက်သွားပုံရပါသည် ။ ပါတီဗဟိုကော်မတီ အထွေထွေရုံးမှ မန်ဇင်ဟွန်းကို အထွေထွေရုံး၏ သဘောထား(ကျွန်တော်၏ သွားလာလှုပ်ရှားမှုများကို ကန်.သတ်သည့် စည်းကမ်း၆ချက်)ကို အကြောင်းကြားဖို. ကျွန်တော့်ထံသို. စေလွှတ်ခဲ့သည် ။
အချက် ၄ ချက်မှာ ကျွန်တော်၏ သွားလာလှုရှားမှုကို အထူးပင်ကန်.သတ်ထားသည် ။
၁ ။ ဧည့်သည်များကို အိမ်တွင်လက်ခံတွေ.ဆုံနိုင်သည် ။ သို.သော် သတင်းထောက်များနှင့် နိုင်ငံခြားသားများကို ခွင့်မပြု ။
၂ ။ နေအိမ်ပြင်ပ သွားလာရာတွင် လုံခြုံရေးဗျူရိုမှ လုံခြုံရေးအစောင့်ဖြင့် သွားလာရမည် ။ ဆင်ခြေဖုံးရှိ ဥယျာဉ်ပန်းခြံများတွင် လမ်းလျှောက်ခွင့်ရှိသည် ။ သို.သော် လုံခြုံရေးအစောင့်သည် လူစုလူဝေး နေရာများကို သွားရောက်ခြင်းအား တားဆီးရမည် ။
၃ ။ ဘေဂျင်းဧရိယာအတွင်းရှိ ဂေါက်ကွင်းအားလုံးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ သို.မဟုတ် ဖက်စပ်ကုမ္ပဏီများက စီမံခန်.ခွဲနေခြင်းဖြစ်ပြီး လာရောက်ကစားသူများမှာလည်း နိုင်ငံခြားသားများ သို.မဟုတ် ဟောင်ကောင်နှင့် မကာအိုမှ လူများဖြစ်သည် ။ ထို.ကြောင့် သိပ်မဝေးလှသည့် အနာဂတ်ကာလအတွင်း၌ ဤဂေါက်ကွင်းများသို. သွားရောက်ကစားခြင်းကို ရှောင်ရှားဖို. အကြံပြုလိုသည် ။ အခြားရွေးချယ်စရာအနေဖြင့် ဒေသခံတရုတ်လယ်သမားများ စီမံခန်.ခွဲနေသည့် ရှန်ယီဂေါက်ကွင်းကို သွားရောက်ကစားနိုင်သည် ။
၎ ။ ဘေဂျင်းအပြင်သို. ခရီးထွက်ခြင်းကို စီစဉ်ပေးနိုင်သည် ။ သို.သော်လတ်တလောတွင် ကုန်းတွင်းပိုင်းဒေသများသို.သာ သွားခွင့်ပြုနိုင်သည် ။ ကမ်းရိုးတန်းဒေသများ သို.မဟုတ် အတိမ်းအစောင်းမခံသော ဒေသများသို. သွားလာခြင်းကို ရှောင်ရှားစေလိုသည် ။ ခရီးစဉ်အသေးစိတ်ကို ဗဟိုကော်မတီထံမှ အတည်ပြုချက်ရယူရမည် ။
၎င်းတို.မှာ ကျွန်တော်၏ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကန်.သတ်ရန်ရည်ရွယ်၍ ဗဟိုကော်မတီမှ ထုတ်ပြန်သော စည်းကမ်းများဖြစ်သဖြင့် ကျန်ဇီမင်းနှင့် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. စာတစ်စောင်ရေးသား၍ ကျွန်တော်က တုံ.ပြန်ခဲ့သည် ။ ကျွန်တော်၏ စာပါအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်သည် ။
၁ ။ ဇွန်လ ၂၅ ရက်နေ.တွင် ပါတီအထွေထွေရုံးမှ လက်ထောက်အတွင်းရေးမှုး ရဲဘော်မန်ဇင်ဟွန်းသည် ဗဟိုကော်မတီမှ အတည်ပြုထားသော ကျွန်တော်၏ လှုပ်ရှားသွားလာမှုများကို ကန်.သတ်သည့် စည်းကမ်းများစွာကို ဖတ်ပြခဲ့သည် ။ ကျွန်တော့်အပေါ်စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသွားသည့်တိုင် ကျွန်တော်၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသည့် ကန်.သတ်ချက်များစွာ ဆက်လက်၍ တည်ရှိနေဆဲဖြစ်ကြောင်းနှင့် ဗဟိုကော်မတီမှ အတည်ပြုထားသော စည်းကမ်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို ထိုအခါမှသာ ကျွန်တော်သိနားလည်လိုက်ရပါသည် ။ သို.သော် ဤစည်းကမ်းများသည် ဖွဲ.စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေအရ အပ်နှင်းထားသည့် ပါတီ၏ လုပ်ပိုင်ခွင့်များနှင့် သဟဇာတမဖြစ်ဟု ကျွန်တော်ယုံကြည်သည် ။ ၎င်းတို.သည် “ပါတီ၏ စည်းကမ်းနှင့်ဥပဒေတို.ကို ဖောက်ဖျက်သည့် ပါတီဝင်တစ်ယောက်ကို အရေးမယူရ” (ဗဟိုကော်မတီမှထုတ်ဝေသည့် “ပါတီတွင်းနိုင်ငံရေးတွင် လိုက်နာရမည့်စည်းကမ်းများ” အပိုဒ်ခွဲ ၁၀ အရ)ဆိုသည့် စည်းမျဉ်းနှင့်လည်း ဆန်.ကျင်နေသည် ။ ထို.ကြောင့် ဗဟိုကော်မတီအနေဖြင့် ဤစည်းကမ်းတို.ကို ပြန်လည်းသုံးသပ်ရန်နှင့် ရုပ်သိမ်းပေးရန် ကျွန်တော်တောင်းဆိုသည် ။
၂ ။ စည်းကမ်းချက်များ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သို.မဟုတ် ဖက်စပ်လုပ်ကိုင်နေသော ဂေါက်ကွင်းများသို. “မဝေးလှသည့် အနာဂတ်ကာလ”အတွင်း သွားရောက်ခြင်းကို တားမြစ်ထားသည် ။ ကျွန်တော့်အား “လက်တလောကာလတွင်” ကမ်းရိုးတန်းဒေသများသို. သွားရောက်ခြင်းကိုလည်း ခွင့်မပြုနိုင်ဟု ဆိုထားသည် ။ “မဝေးလှသည့် အနာဂတ်ကာလ” ဆိုသည့် စကားလုံးနှင့် “လတ်တလောကာလ”ဆိုသည့် စကားလုံးများသည် ဘာကိုဆိုလိုကြောင်း ကျွန်တော်နားမလည်ပါ ။ ဤစည်းမျဉ်းစည်းကမ်းများကို လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်သည် ထိုစဉ်အချိန်ကစ၍ တွက်ပါက ၈ လမျှ ကြာမြင့်ခဲ့ပြီဖြစ်သည် ။ “မဝေးလှသည့် အနာဂတ်ကာလ” သို.မဟုတ် “လတ်တလောကာလ”ဆိုသည့် စကားလုံးများသည် ယခုအခါတွင် မည်သို. အဓိပ္ပါယ် သက်ရောက်ပါသနည်း ။
၃ ။ လွန်ခဲ့သည့်နှစ်ဝက်ကာလအတွင်း ကျွန်တော်၏ လွတ်လပ်ခွင့်များကို လက်တွေ.ကန်.သတ်ခဲ့မှုများမှာ ဤစည်းမျဉ်းစည်းကမ်းများ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေခဲ့သည် ။ ဥပမာအားဖြင့် ဤစည်းကမ်းများသည် ကမ်းရိုးတန်းဒေသများသို. ကျွန်တော်သွားရောက်ခြင်းကို တားမြစ်ထားပါက ယခုနှစ်အစောပိုင်းတွင် ဂွမ်ဇီသို. ကျွန်တော်သွားရောက်စဉ်က အဘယ့်ကြောင့်နန်နင်းတစ်မြို.တည်းသို.သာ သွားရောက်ခွင့်ပြုခဲ့ပါသနည်း ။ တဖန် ဘေဂျင်းရှိ လူစည်ကားရာနေရာများသို. သွားရောက်ခြင်းကို တားမြစ်ထားသည်ဆိုပါက ယန်ဖန်ကျားဒေါင်ကလပ်သို. ကျွန်တော်သွားရောက်မည်ဟု ဆိုခဲ့စဉ်က အဘယ်ကြောင့် တားမြစ်ပိတ်ပင်ရပါသနည်း ။ ပါတီဝါရင့်ကေဒါများ၏ ကလပ်ကို လူစည်ကားရာနေရာဟု ယူဆပါသလော ။ ဤအချက်ကို မည်သူမျှ နားမလည်နိုင်လောက်သည်မှာ သေချာပါသည် ။
စာကို ပေးပို.ပြီးနောက်၌ သဘာဝကျစွာပင် မည်သို.မျှ အကြောင်းမပြန်ပါ ။
သူတို.သည် ဤကဲ့သို.သော ပြဿနာများကို ဖြေရှင်းရာ၌ အမြဲတမ်းပင် အလွန်တုန်လှုပ်ခြောက်ခြားကြသည် ။ စည်းကမ်း ၆ ချက်ကို ဖတ်ကြားကြေငြာရန် မန်ဇင်ဟွန်းကို စေလွှတ်ခဲ့စဉ်က စာရွက်စာတမ်းများကို ကြည့်ရှုလိုသည်ဟု ကျွန်တော်က တောင်းဆိုခဲ့သည် ။ ကျွန်တော်ကြားနိုင်ရန် အသံကျယ်ကျယ်ဖြင့် ဖတ်ကြားပြမည် ၊ သို.သော် စာရွက်စာတမ်းကိုမူ မပြနိုင်ဟု သူကပြောသည် ။ အတွင်းရေးမှုးအား သူဖတ်ကြားပြသည်တို.ကို လိုက်၍ရေးမှတ်ထားဖို. ကျွန်တော်က ခိုင်းခဲ့သည် ။ ဤလုပ်ရပ်ကို သူ.အနေဖြင့် ဟန်.တားနိုင်ရန် ခက်ခဲပေသည် ။ လိုက်လံရေးမှတ်ထားသည်တို.ကို အတည်ပြုပေးရန် သူ.အားကျွန်တော်ဖိတ်ခေါ်ရာ သူကငြင်းဆန်ခဲ့ပြီး “ခင်ဗျားဟာခင်ဗျား ချရေးမှတ်ထားတာတွေက ခင်ဗျားရဲ.တာဝန်ပဲ ။ ကျွန်တော် ဖတ်မကြည့်နိုင်ဘူး”ဟု သူကပြန်ပြောသည် ။
ပြင်ပကမ္ဘာသို. ဤသတင်း ပေါက်ကြားသွားပြီး ဖွင့်ချလိုက်မည်ကို သူတို.စိုးရိမ်သည် ။ ဤနည်းအားဖြင့် ကြိုတင်မခန်.မှန်းနိုင်သည့် အကျိုးဆက်များ ဖြစ်ပွါးလာပါက တာဝန်ခံရမည့်အရေးကို ရှောင်ရှားနိုင်ပေလိမ့်မည် ။ ဤအချက်မှာ မူမမှန်ပေ ။
ကျွန်တော်သည် သတင်းထောက်နှင့် နိုင်ငံခြားသားများမှလွဲ၍ ဧည့်သည်များကို နေအိမ်တွင် လက်ခံတွေ.ဆုံနိုင်သည်ဟု သူတို.ကပြောသည် ။ သို.သော် လက်တွေ.တွင်မူ ကြိုတင်တွေ.ခွင့်မတောင်းပါက မည်သူ.ကိုမျှ တွေ.ဆုံခွင့်မပြုပေ ။ သူတို.သည် ကျွန်တော့်ကို အသိမပေးပဲ လာသမျှလူအားလုံးကို နှင်လွှတ်နေခဲ့ကြသည် ။ မည်သူလာမှန်းပင် ကျွန်တော်မသိခဲ့ပါ ။ ကျွန်တော့်ထံသို. အချို.ဧည့်သည်များ (ကျွန်တော့်ထံသို. လာရောက်လည်ပတ်မည်ဟု မျှော်လင့်ထားသော ဧည့်သည်များ) လာရောက်မည်ကို သူတို.ထံသို. ကြိုတင်၍ အသိပေးထားသည့်တိုင် အတည်ပြုချက် ရယူနေရဆဲဖြစ်သည် ။ ရောက်လာပြန်ပါကလည်း သူတို.၏ မှတ်ပုံတင်ကို စစ်ဆေး၍ ဧည့်သည်စာရင်းတွင် စာရင်းသွင်းမှတ်တမ်းတင်ခံကြရသည် ။ အလည်လာခြင်းကို ဟန်.တားဖို.ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည် ။ စည်းမျဉ်းစည်းကမ်းများ ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ထားခြင်းဖြင့် ကျွန်တော့်နေအိမ်သည် အမြဲတမ်းပင် အတိမ်းအစောင်းမခံသည့် နေရာတစ်ခုဖြစ်နေပြီး လာရောက်သူများစွာအတွက် ကသိကအောက်ဖြစ်အောင် ဒုက္ခပေးသည့် နေရာတစ်ခုဖြစ်နေပေသည် ။ အကျိုးဆက်အားဖြင့် ကျွန်တော့်နေအိမ် ဝင်းတံခါးသည် ခြောက်ကပ်၍ လူသူကင်းမဲ့နေပေသည် ။
ဘေဂျင်းမြို.ပြင်ပသို. ခရီးထွက်သောအခါများတွင် ကျွန်တော်တွေ.ခွင့်ရသည့် ဧည့်သည်အရေအတွက်မှာ ပို၍ပင် နည်းပါးသွားသည် ။ ကျွန်တော်ရောက်ရှိနေကြောင်းကို တာဝန်ရှိသူများနှင့် ဒေသန္တရဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တို.မှအပ မည်သူ.ကိုမျှ အသိမပေးကြပါ ။ ၎င်းတို.ကို လျှို.ဝှက်ထားကြသည် ။
ဥပမာအားဖြင့် မိတ်ဆွေဟောင်းတစ်ဦးဖြစ်သူ ရဲဘော်ဟီယီရန်က ကျွန်တော့်ထံသို. ရောက်လာပြီး ကျွန်တော်နှင့်တွေ.ခွင့်တောင်းရာ ခွင့်မပြုခဲ့ပေ ။ အခြားဥပမာများမှာ - အန်ဟွေမြို.မှ ကျွန်တော်၏ သူငယ်ချင်းဟောင်း လျူဇင်းဝမ်ဖြစ်သည် ။ သူသည် ထိုစဉ်ကတည်းက ကွယ်လွန်သွားခဲ့ပေပြီ ။ ဟီဖေမြို.သို. ကျွန်တော်ရောက်နေစဉ်၌ ကျွန်တော့်ထံသို. လာရောက်လည်ပတ်ရန် သူကြိုးစားခဲ့သည် ။ ကျွန်တော့်ထံသို. သူဖုန်းဆက်ရာ ကျွန်တော်အပြင်ရောက်နေသည်ဟု ပြန်ဖြေခဲ့သည် ။ ဒုတိယအကြိမ်သူဖုန်းပြန်ဆက်ရာ ကျွန်တော်ပြန်သွားပြီဟု သူ.ကိုပြန်ဖြေခဲ့သည် ။ လူတွေနှင့် ကျွန်တော်တွေ.ဆုံမည်ကို သူတို.ကြောက်ရွံ.နေကြသည် ။
တစ်ခါတွင်လည်း ကျွန်တော်သည် စီချွမ်သို.ရောက်နေရာ မြို.နယ်နှင့်စီရင်စုအဆင့် ခေါင်းဆောင်တချို.က သိရှိသွားကြပြီး ကျွန်တော်နှင့် တွေ.ဆုံခွင့်တောင်းကြသည် ။ နောက်ပိုင်းတွင် ဗဟိုကော်မတီသို. ဤကိစ္စကို အစီရင်ခံရာ ဗဟိုကော်မတီမှ စီချွမ်ပြည်နယ် ခေါင်းဆောင်များကို ပြစ်တင်ဝေဖန်ခဲ့ပြီး ကျောက်ထံသို. လူများစွာက လည်ပတ်ခွင့်တောင်းရလောက်အောင် အဘယ့်ကြောင့် လျှို.ဝှက်ချက်ကို တင်းကျပ်စွာမထိန်းသိမ်းခဲ့သနည်းဟု ထုချေလွှာတောင်းခဲ့သည် ။
၁၉၉၇ နှင့် ၁၉၉၈ ခုနှစ်များမှလွဲ၍ ဆောင်းရာသီတိုင်း ကျွန်တော်ခရီးထွက်ခဲ့သည် ။ ဂွမ်ဒေါင်းသို. သွားရောက်ဖို.အတွက် ကျန်ဇီမင်းနှင့် ပေါ်လစ်ဗျူရိုသို. စာ ၇ စောင်ရေးခဲ့ရာ လုံးဝအကြောင်းမပြန်ခဲ့ပေ ။ ဂွမ်ဒေါင်းကို သွားရောက်ခွင့်မပြုနိုင်ကြောင်း သို.သော် တခြားဒေသများသို. သွားနိုင်ကြောင်း တုံ.ပြန်ချက်အဖြေတစ်ခုကို အထွေထွေရုံးမှတစ်ဆင့်သာလျှင် ရရှိခဲ့သည် ။ ၁၉၉၃ ခုနှစ် ဇန်နဝါရီလတွင် ဂွမ်ဇီပြည်နယ် နန်နင်းသို.သွားခဲ့ပြီး အပြန်တွင် ချန်းရှာမှ ဖြတ်၍ပြန်ခဲ့သည် ၊ ၁၉၉၄ ခုနှစ်တွင် ဂွေဇောင်းသို.သွားခဲ့ပြီး ချန်ဒူးတွင် ရက်သတ္တတစ်ပတ် နေခဲ့သည် ၊ ၁၉၉၃ ခုနှစ်တွင် ဟေလုံကျန်းတွင် ကျွန်တော်နေခဲ့သည် ၊ ၁၉၉၄ ခုနှစ်တွင် ချန်ချမ်းနှင့် ဟာဘင်သို.သွားခဲ့သည် ၊ ၁၉၉၅ ခုနှစ်တွင် ကျန်ဇီနှင့် အန်းဟူသို.လည်းကောင်း ၊ ၁၉၉၆ ခုနှစ်တွင် ကျန်စုပြည်နယ် ဂျန်စူနှင့် ဇန်ဂျင်းသို.လည်းကောင်း ၊ ၁၉၉၇ တွင် ဟန်ဇောင်းနှင့် စီချွမ်သို.လည်းကောင်း သွားခဲ့ပြီး ၁၉၉၇ ခုနှစ် နွေးဦးပေါက်မှ ၁၉၉၈ နွေဦးထိ ဘေဂျင်းတွင်သာ နေခဲ့သည် ။ ၁၉၉၉ ခုနှစ်တွင် ဟန်ဇောင်းသို. ပထမသွားခဲ့ပြီးလျှင် ထိုမှတဆင့် ယန်တိုင်သို. ဆက်၍သွားခဲ့သည် ။ ယခုနှစ် (သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်) ဇန်နဝါရီလအတွင်းတွင် ဂူလင်နှင့် စီချွမ်သို. ကျွန်တော်သွားခဲ့သည် ။ သွားလာသည့် နယ်ပယ်အဝန်းအဝိုင်းကို တဖြည်းဖြည်း ချဲ.လာခဲ့သည် ။
နှစ်စဉ်နှစ်တိုင်း ကျွန်တော်၏ ဂွမ်ဒေါင်းနှင့် ဟိုင်နန်သို. သွားခွင့်တောင်းခံမှုကို ငြင်းဆန်ခဲ့သည့်အပြင် ၁၉၉၅ ခုနှစ်တွင် ဝူဇီနှင့် စူဇောင်းသို. သွားခွင့်ကိုလည်း ပယ်ချခဲ့သည် ။ ထို.အတူ ဂွမ်ဒေါင်း ၊ ဟိုင်နန်နှင့် ဖူကျင်း ဒေသတို.သို. သွားခွင့်ကိုလည်း ၁၉၉၉ နှင့် ၂၀၀၀ ခုနှစ် ဆောင်းရာသီတွင်ပယ်ချခဲ့သည် ။ ထိုအစား ဂွမ်ဇီသို.သွားခဲ့ပြီး အပြန်တွင် စီချွမ်ကို ဖြတ်၍ပြန်ခဲ့သည် ။
ထို.ကြောင့် “ကမ်းရိုးတန်းဒေသများသို. သွားခွင့်မပြု”ဟု ဆိုခြင်းမှာ ဂွမ်ဒေါင်းသို. ကျွန်တော်သွားရောက်ခြင်းကို တားမြစ်လိုသည့် သူတို.၏ ရည်ရွယ်ချက်ကို ဖုံးကွယ်သည့် နည်းလမ်းတစ်ခုသာဖြစ်သည်ဟု ကျွန်တော် ကောက်ချက်ချမိသည် ။ သူတို.အနေဖြင့် ဂွမ်ဒေါင်းတစ်ခုတည်းကိုသာ ဖော်ပြပါက ဗြောင်ကျကျကြီး ရွေးချယ်ကန်.သတ်ရာရောက်ပေလိမ့်မည် ။ သို.သော် ယန်တိုင်နှင့် ဟန်ဇောင်း ဒေသနှစ်ခုလုံးသည်လည်း ကမ်းရိုးတန်းဒေသများပင်မဟုတ်လော ။ ထိုဒေသများသို.မူ ကျွန်တော့်ကို သွားခွင့်ပြုသည် ၊ သို.သော် ဂွမ်ဒေါင်းကိုမူ သွားခွင့်မပြုပေ ။ အဘယ့်ကြောင့် ဂွမ်ဒေါင်းကို ဖယ်ထိုထားကြောင်းကိုမူ ကျွန်တော် မပြောတတ်ပါ ။
၁၉၉၅ ခုနှစ်ဆောင်းဦးပေါက်တွင် ရဲဘော်ချန်ယန်း ကွယ်လွန်ခဲ့သည် ။ ထိုအချိန်က ကျွန်တော် ဘေဂျင်းတွင်ရှိနေသည် ။ ဤသတင်းကို ကြားသောအခါ ကျွန်တော် အလွန်ပင် စိတ်မကောင်းဖြစ်ခဲ့သည် ။ ပြုပြင်ပြောင်းလဲရေးနှင့်ပက်သက်သည့် သူ၏သဘောထားများကို ကျွန်တော် အမြဲသဘောမတူနိုင်သည့်တိုင်အောင် သူသည် အရာများစွာတွင် လေးစားထိုက်သည့်သူဖြစ်ကြောင်း ကျွန်တော်ခံစားရသည် ။ ကျွန်တော်သည် ချန်၏မိသားစုထံသို. သွားရောက်ပြီး ဝမ်းနည်းစကားပြောကြား၍ ကျွန်တော်၏ ခံစားချက်ကို ပြသလိုစိတ် ပြင်းပြနေခဲ့သည် ။ အထွေထွေရုံးသို. ကျွန်တော် ခွင့်တောင်းရာ အဆင်မပြေကြောင်းဖြင့် အကြောင်းပြန်လာသည် ။ နောက်ဆုံးတွင် ကျွန်တော့်ကို သွားရောက်ခွင့်မပြုပေ ။ နောက်ပိုင်း၌ ကျွန်တော်ပြန်ကြားရသည်မှာ ကျွန်တော် ခွင့်တောင်းခံပြီးနောက် အထွေထွေရုံးသည် သူတို.ထံမှ ကျွန်တော့်ကို မလာရောက်စေလိုကြောင်း ဖော်ပြလိမ့်မည်ဟု မျှော်လင့်လျှက် ရဲဘော်ချန်ယန်း၏ မိသားစုသို. ဆက်သွယ်ခဲ့သည် ။ ထို.အစား ချန်၏မိသားစုက ကျွန်တော့်ကို လက်ခံတွေ.ဆုံဖို. လိုလိုလားလားရှိကြောင်း ဖော်ပြခဲ့ကြသည် ။ ထို.ကြောင့် အထွေထွေရုံးအနေဖြင့် ကျွန်တော့်ကို “အဆင်မပြေကြောင်း” အကြောင်းပြန်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ ။ ဤကဲ့သို.သော ဖြစ်ရပ်များသို. သွားလာနိုင်သည့် ကျွန်တော်၏ အခွင့်အရေးကို အမြဲတမ်းပင် ငြင်းဆန်သည့်အပြင် တစ်ပြိုင်နက်တည်းမှာပင် ဤကဲ့သို.သော ကန်.သတ်ချက်များ ချမှတ်ထားကြောင်း ပြင်ပလောကကို မသိစေလိုကြပေ ။
ရဲဘော်တိန်.ရှောင်ပင်း ကွယ်လွန်သည့်အချိန် (၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ)၌ ဟန်ဇောင်းတွင် ကျွန်တော်အနားယူနေသည် ။ ဤသတင်းကို ကြားရသည့်အခါ၌ ကျွန်တော် အလွန်ပင်စိတ်မကောင်းဖြစ်မိသည် ။ အထွေထွေရုံးသို. ချက်ချင်းပင် ဖုန်းဆက်ပြီးလျှင် ပထမအချက်အနေနှင့် ကျွန်တော်၏ ဝမ်းနည်းစကားကို ပြောပြပေးရန်နှင့် ဒုတိယအချက်အနေနှင့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားသို. တက်ရောက်ရန်အတွက် ကျွန်တော့်ကို ဘေဂျင်းသို. ချက်ချင်းပြန်လာခွင့်ပြုဖို. ဗဟိုကော်မတီသို. ထပ်ဆင့်တင်ပြပေးရန် ကျွန်တော်တောင်းဆိုခဲ့သည် ။ ကွယ်လွန်သူအတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ဘေဂျင်းသို. ကျွန်တော်ပြန်မလာရန် ဗဟိုကော်မတီက ချက်ချင်းပင် အကြောင်းပြန်လာသည် ။
၁၉၉၇ ခုနှစ် မေလတွင် ချန်ဒူးကိုဖြတ်၍ ဘေဂျင်းသို.အပြန် လမ်းခရီး၌ ရဲဘော်ပန်ဇန်း ကွယ်လွန်သွားကြောင်း ကျွန်တော် သိရသည် ။ ဘေဂျင်းသို. ပြန်ရောက်ရောက်ချင်းပင် ပန်ဇန်း၏ မိသားစုထံသို. ဖုန်းဆက်၍ ဂါရဝပြုရန်အတွက် သူတို.အိမ်သို. ကျွန်တော်လာရောက်မည်ဟု ပြောခဲ့သည် ။ ထို.နောက်တွင် ကျွန်တော်က လုံခြုံရေးဗျူရိုသို. ဖုန်းဆက်၍ ပန်ဇန်း၏ နေအိမ်သို. ကျွန်တော်သွားရောက်မည့်အကြောင်း သတင်းပို.လိုက်သည် ။ အထွေထွေရုံးသည် ဤကိစ္စကို သိသွားသည်နှင့်တစ်ပြိင်နက် ကျွန်တော်မသွားရောက်ဖို. ဖြောင်းဖြရန်အတွက် မန်ဇင်ဟွန်းကို ကျွန်တော့်အိမ်သို.စေလွှတ်ခဲ့သည် ။ မန်က “ပန်ဇန်းရဲ.မိသားစုက ခုချိန်ထိ ဝမ်းနည်းပူဆွေးမှု အခမ်းအနားအတွက် မပြင်ဆင်ရသေးဘူး”ဟုပြောပြီး ကျွန်တော့်ကို “ကျယ်ကျယ်ပြန်.ပြန်. စဉ်းစားရန်”နှင့် “ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို စဉ်းစားရန်” ဖြောင်းဖြသည် ။
ကျွန်တော်သည် မျက်နှာပြောင်တိုက်၍ လိမ်လည်ပြောကြားသည့် မန်ကို အလွန်ပင်ဒေါသထွက်မိပြီး ကျွန်တော်တို.နှစ်ယောက် စကားများကြသည် ။ ရဲဘော်ဟောင်းတစ်ယောက်ကို အောက်မေ့ဂုဏ်ပြုရန်အတွက် အဘယ့်ကြောင့် ကျွန်တော့်အား ခွင့်မပြုနိုင်ရပါသနည်း ။ မည်သည့်အရာကို ကြောက်ရွံ.စိုးရိမ်နေသနည်း ။
၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ.တွင် ၁၅ ကြိမ်မြောက်ပါတီ ကွန်ဂရက်နှင့် တခြားလူ ၉ ဦးဆီသို. အထွေထွေရုံး လုပ်ငန်းဝန်ဆောင်မှု ဋ္ဌါနမှတစ်ဆင့် စာတစ်စောင်ရေးသား ပေးပို.ခဲ့သည် ။ တည်ဆဲပေါ်လစ်ဗျူရို အဖွဲ.ဝင် ၇ ယောက်အပြင် ယန်ရှန်ကွမ်းထံသို. တစ်စောင်နှင့် ဝမ်လီထံသို.တစ်စောင် ပေးပို.ခဲ့သည် ၊ အဘယ့်ကြောင့်ဆိုသော် သူတို.လည်း ပါဝင်ပက်သက်နေသောကြောင့်ဖြစ်သည် ။ စာများကို အထွေထွေရုံး လုပ်ငန်းဝန်ဆောင်မှု ဋ္ဌါနမှတစ်ဆင့် ပေးပို.ခဲ့သည် ။ နောက်ပိုင်း၌ ကျွန်တော်ပြန်သိရသည်မှာ လူ ၉ ယောက်အနက် အနည်းဆုံး ၂ ယောက်(ယန်ရှန်ကွမ်းနှင့် ရဲဘော်ဝမ်လီ)သည် ကျွန်တော်၏စာကို မရရှိခဲ့ဟု သိခဲ့သည် ။ တည်ဆဲကော်မတီ အဖွဲ.ဝင်များအနေဖြင့်မူ လက်ခံရရှိကြလိမ့်မည်ဟု ကျွန်တော်ထင်သည် ။ စာမိတ္တူကို ကွန်ဂရက်တစ်ခုလုံးသို. ဖြန်.ဝေရန် ကျွန်တော်တောင်းဆိုခဲ့သော်လည်း ခွင့်မပြုပဲ ပိတ်ဆို.ခဲ့သည် ။
စာတွင်ပါသည့် အကြောင်းအရာနှင့်ပက်သက်၍ လူထုအတွင်း၌ ကောလာဟလများ ပျံ.နှံ.နေပြီး အချက်အလက်များမှာလည်း မတိကျသဖြင့် စာ၏အကြောင်းအရာကို ကျွန်တော် ယခု ဖော်ပြပါမည် ။ မူရင်းစာမှာ အောက်ပါအတိုင်းဖြစ်သည် ။
၁၅ ကြိမ်မြောက် ပါတီကွန်ဂရက် သဘာပတိကြီးနှင့် ရဲဘော်ကိုယ်စားလှယ်အားလုံးခင်ဗျား…………
၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်သည် ကျွန်တော်တို.ပါတီ၏ ၂၀ ရာစုအတွင်း နောက်ဆုံးအကြိမ် ကျင်းပသည့် ကွန်ဂရက် ဖြစ်ပါသည် ။ နောင်လာမည့် ၂ နှစ်တာကာလအတွင်း၌ အချိန်ကာလသည် ၂၁ ရာစုသို. ဝင်ရောက်ချီတက်သွားတော့မည်ဖြစ်ပါသည် ။ အတိတ်ကို ပြန်လည်ထင်ဟပ်၍ အနာဂတ်ကို ဦးတည်ချီတက်နေသည့် အခါသမယတွင် ကွန်ဂရက်အနေဖြင့် အောင်မြင်မှုရရှိပါစေဟု ကျွန်တော် ဆန္ဒပြုပါသည် ။ ဇွန်လ ၄ ရက်နေ. အရေးအခင်းနှင့် ပက်သက်၍ ပြန်လည်အကဲဖြတ်ဖို. ကျေးဇူးပြု၍ ကျွန်တော့်ကို အဆိုတင်သွင်းခွင့်ပြုပါ ။ ဤကိစ္စကို ဆွေးနွေးကြလိမ့်မည်ဟု ကျွန်တော်မျှော်လင့်ပါသည် ။
ကမ္ဘာကြီးကို တုန်လှုပ်ခြောက်ခြားစေခဲ့သော ဇွန်လ ၄ ရက် အရေးအခင်းသည် ယခုအခါ ၈ နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည် ။ ဖြစ်ပျက်ခဲ့သည်တို.ကို ပြန်လည်ဆင်ခြင်ကြည့်ပါက အချက်အလက်မှန်များကို အသိအမှတ်ပြုရန်အတွက် မေးခွန်း ၂ ခုကို ဖြေဆိုရှင်းလင်းသင့်ပါသည် ။
ပထမအချက်အနေဖြင့် မည်သည့်အစွန်းသို.ရောက်သည်ဖြစ်နေပါစေ ၊ ကျောင်းသားဆန္ဒပြပွဲ ကာလများအတွင်းက မှားယွင်းမှုများ ၊ သဘောထားမတိုက်ဆိုင်စရာများ မည်သို.ပင်ရှိနေပါစေ စွပ်စွဲထားသကဲ့သို. “တန်ပြန်တော်လှန်ရေး ပုန်ကန်မှုများ”ဟု ပြောနိုင်လောက်သည့် မည်သည့်အထောက်အထားမျှ ဘယ်တုန်းကမှ မရှိခဲ့ပါ ။ “တန်ပြန်တော်လှန်ရေး ပုန်ကန်မှု” မဟုတ်ပါက စစ်အင်အားသုံး ဖိနှိပ်သည့်နည်းလမ်းကို ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းတစ်ရပ်အဖြစ် အသုံးမပြုသင့်ပါ ။
စစ်အင်အားဖြင့် ဖိနှိပ်ဖြေရှင်းမှုသည် အခြေအနေကို လျှင်မြန်စွာ ငြိမ်သက်သွားစေခဲ့သည့်တိုင်အောင် ပြည်သူလူထု ၊ စစ်တပ် ၊ ပါတီနှင့် အစိုးရအနေဖြင့် တကယ်တမ်းပြောရပါလျှင် တစ်တိုင်းပြည်လုံးအနေဖြင့် ထိုဆုံးဖြတ်ချက်နှင့် ထိုလုပ်ရပ်အတွက် နင့်နင့်နာနာ ပေးဆပ်ခဲ့ရသည်ကို ကျွန်တော်တို. ဝန်ခံရုံမှလွဲ၍ အခြားမရှိပါ ။ ဤအတွက် ဆိုးကျိုးသက်ရောက်မှုသည် ကျွန်တော်တို. ပါတီနှင့် ပြည်သူလူထုအကြားရှိ ဆက်ဆံရေး ၊ တိုင်ဝမ်ရေလက်ကြား၏ နှစ်ဖက်ရှိ ဆက်ဆံရေးနှင့် ကျွန်တော်တို.နိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်များကြားရှိ ဆက်ဆံရေးတို.အပေါ်တွင် သက်ရောက်နေဆဲဖြစ်သည် ။
ဤဖြစ်ရပ်၏ သက်ရောက်မှုကြောင့် ၁၃ ကြိမ်မြောက် ပါတီကွန်ဂရက်မှ စတင်ခဲ့သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် နုနယ်သည့်အချိန် လမ်းတစ်ဝက်မှာပင် သေဆုံးသွားခဲ့ပြီး နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာကောင်းလောက်အောင်ပင် နောက်ကျကျန်နေခဲ့သည် ။ ဤစိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေ၏ ရလာဒ်အဖြစ် ကျွန်တော်တို.နိုင်ငံ၏ စီးပွါးရေးပြုပြင်ပြောင်းလဲမှုသည် သိသိသာသာ တိုးတက်လာစဉ်၌ လူမှုရေးဆိုင်ရာ ချို.ယွင်းမှု ပုံစံအားလုံး ဖြစ်ထွန်းပေါ်ထွက်လာခဲ့ပြီး လျှင်မြန်စွာ ပျံ.နှံ.နေပေသည် ။ လူမှု ပဋိပက္ခများသည် ပိုဆိုးလာ၍ ပါတီတွင်းနှင့် ပါတီပြင်ပ အကျင့်ပျက်ခြစားမှုများမှာ တားဆီး၍ မရနိုင်တော့လောက်အောင် ပျံ.နှံ.လာသည်။
ဒုတိယအချက်အနေဖြင့် ကျောင်းသားဆန္ဒပြမှုများကို တုံ.ပြန်ရာတွင် အခြေအနေများကို ငြိမ်သက်သွားစေပြီး သွေးထွက်သံယိုဖြစ်မှုများကို ရှောင်ရှားနိုင်မည့် ပို၍ကောင်းမွန်သည့် နည်းလမ်းတစ်ခုခုကို ရှာမတွေ.နိုင်တော့ပြီလော ။ ထိုစဉ်က “ပြဿနာများကို ဒီမိုကရေစီနှင့် တရားဥပဒေအရ ဖြေရှင်းရန်” ကျွန်တော် အဆိုပြုတင်ပြခဲ့ပြီး ဤကဲ့သို.သော ရလာဒ်များ ထွက်ပေါ်လာစေရန် ကျွန်တော်အမှန်တကယ်ပင် ကြိုးပမ်းခဲ့ပါသည် ။ ယနေ.အချိန်ထိတိုင် ဤနည်းလမ်းများကို အသုံးပြုခြင်းဖြင့် သွေးထွက်သံယိုမှုများ မဖြစ်ခဲ့ပဲ အခြေအနေကို အေးချမ်းစွာဖြေရှင်းနိင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်နေဆဲဖြစ်ပါသည် ။ အနည်းဆုံးအားဖြင့် ထိတ်လန်.ဖွယ်ကောင်းပြီး သွေးထွက်သံယိုဖြစ်ပွါးစေခဲ့သည့် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ခဲ့ပါလိမ့်မည် ။
အားလုံးသိကြသည့်အတိုင်းပင် ကျောင်းသားအများစုသည် အကျင့်ပျက်ခြစားမှုများကို အရေးယူရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မြှင့်တင်ရေးတို.ကို တောင်းဆိုနေခြင်းဖြစ်ပြီး ကွန်မြူနစ်ပါတီ ဖြုတ်ချရေးကိုသော်လည်းကောင်း သမ္မတနိုင်ငံတော် ဖြိုခွဲရေးကိုသော်လည်းကောင်း ထောက်ခံတောင်းဆိုနေကြခြင်းမဟုတ်ပါ ။ ကျောင်းသားများ၏ လှုပ်ရှားမှုကို ပါတီဆန်.ကျင်ရေး ၊ ဆိုရှယ်လစ်ဆန်.ကျင်ရေးအဖြစ် အဓိပ္ပါယ်မကောက်ပဲ သူတို.၏ ကျိုးကြောင်းဆီလျော်သည့် တောင်းဆိုမှုများကို လက်ခံ၍ စိတ်ရှည်စွာ ဆွေးနွေးခြင်း ၊ အပြန်အလှန်စကားပြောခြင်းနှင့် တင်းမာမှုများကို လျှော့ချခြင်း စသည့်နည်းလမ်းများကို ကျင့်သုံးခဲ့ပါက အခြေအနေများသည် ငြိမ်သက်သွားခဲ့ပါလိမ့်မည် ။
ဤသို.ဆိုလျှင် သွေးထွက်သံယို ထိပ်တိုက်ရင်ဆိုင်မှု၏ ဆိုးကျိုးသက်ရောက်မှုများကို ရှောင်ရှားနိုင်ရုံသာမက နိုင်ငံရေးအဖွဲ.အစည်းများ အချင်းချင်းအကြား ၊ အစိုးရနှင့်ပြည်သူအကြားတွင် ဆက်ဆံရေးပုံစံအသစ်တစ်မျိုးနှင့် တက်ကြွသည့် ပုံစံတစ်မျိုး ပေါ်ထွက်လာနိုင်ပြီး နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှုကို မြှင့်တင်နိုင်ခဲ့ပါလိမ့်မည် ။ ထို.ကြောင့် ကျွန်တော်တို.သည် စီးပွါးရေးပြုပြင်ပြောင်းလဲမှုကို သိသိသာသာ တိုးတက်အောင် လုပ်နိုင်ခဲ့ရုံသာမက ကျွန်တော်တို. နိုင်ငံ၏ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုအတွက်လည်း အလားအလာအသစ်များကို ဖော်ဆောင်နိုင်ခဲ့ပါလိမ့်မည် ။
ဇွန်လ ၄ ရက် ပြဿနာအား ပြန်လည်အကဲဖြတ်ဖို.ကိစ္စကို အနှေးနှင့်အမြန်ဆိုသလို ဖြေရှင်းရပါလိမ့်မည် ။ ဤကိစ္စကို အချိန်ကြာမြင့်စွာ အချိန်ဆွဲရွှေ.ဆိုင်းခဲ့သည့်တိုင်အောင် ပြည်သူလူထုက မေ့သွားလိမ့်မည်မဟုတ်ပါ ။ ဤကိစ္စကို နောက်ကျမှဖြေရှင်းသည်ထက် စောစောစီးစီးဖြေရှင်းခြင်းက ပိုကောင်းပါသည် ၊ နှေးကွေးလေးလံစွာမဟုတ်ပဲ တက်ကြွစွာကြိုတင်၍ ဖြေရှင်းသင့်ပြီး ပြဿနာများဖြင့် အကျပ်အတည်းဆိုက်နေချိန်တွင် ဖြေရှင်းခြင်းထက် တည်ငြိမ်နေသည့် အချိန်တွင် ဖြေရှင်းသင့်ပါသည် ။
ယခုအချိန်သည် နိုင်ငံ့အရေးအရာအားလုံး တည်ငြိမ်နေသည့်အချိန်ဖြစ်ပြီး ပြည်သူအများ၏ ဆန္ဒကလည်း ဆူပူအုံကြွမှုများကို မလိုလားပဲ ၊ တည်ငြိမ်မှုကိုသာ လိုလားနေသည့် အချိန်ဖြစ်ပါသည် ။ အတိတ်ကာလနှင့်ပက်သက်၍ မြင့်တက်နေခဲ့သည့် စိတ်လှုပ်ရှားခံစားမှုများသည်လည်း ငြိမ်သက်သွားပြီဖြစ်ပါသည် ။ ဤအခြေအနေများကို နောက်ခံထား၍ ကျွန်တော်တို.ပါတီအနေဖြင့် ဇွန်လ၄ရက် အရေးအခင်းကို ပြန်လည်အကဲဖြတ်ဖို. အဆိုပြုပါက နေရာကဏ္ဍမျိုးစုံမှ အစွန်းရောက်သည့် စိတ်လှုပ်ရှားတုံ.ပြန်မှုများ၏ အကျိုးသက်ရောက်မှုများ ပေါ်ပေါက်လာနိုင်ဖို. အခြေအနေ အလွန်နည်းပါးပြီး ဖြေရှင်းရခက်သည့် သမိုင်းဆိုင်ရာ ပြဿနာတစ်ခုကို ကျိုးကြောင်းဆီလျော်၍ သဘောထားကြီးမားသည့် မှန်ကန်သည့် လမ်းကြောင်းမှဖြေရှင်းဖို. လမ်းပွင့်သွားပါလိမ့်မည် ။ “အရေးမကြီးသည့် အသေးစိတ်များကို မသုံးသပ်တော့ခြင်း” ၊ “လူတစ်ဦးချင်းစီကို အပြစ်တင်နေမည့်အစား ၊ သင်ခန်းစာရယူမှုအပေါ်တွင်သာ အာရုံစိုက်ခြင်း” စသည့် သမိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းသည့် နည်းလမ်းများကိုလည်း အသုံးချနိုင်ပါလိမ့်မည် ။
ဤသို.ပြုလုပ်ပါက ခက်ခဲသည့် သမိုင်းဆိုင်ရာ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ရုံမျှမက တည်ငြိမ်နေသည့် အခြေအနေကို ဆက်လက်ထိန်သိမ်းထားနိုင်ပြီး တစ်ပြိုင်တည်းမှာပင် ကျွန်တော်တို.နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမှုအတွက် ပိုမိုကောင်းမွန်သည့် နိုင်ငံတကာ အခင်းအကျင်းတစ်ခုကိုလည်း ဖန်တီးနိုင်ပါလိမ့်မည် ။
ကျွန်တော်တို.သည် အခြေအနေများကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ်ချက်တစ်ခု မကြာမှီချမှတ်နိုင်လိမ့်မည်ဟု ကျွန်တော်မျှော်လင့်ပါသည် ။ ကွန်ဂရက်မှ ဆုံးဖြတ်နိုင်ရန် အထက်ပါ အကြံပြုချက်များကို တင်ပြအပ်ပါသည် ။
ကျောက်ကျိယန်
စက်တင်ဘာ ၁၂ ၊ ၁၉၉၇ ခုနှစ်
ဤစာကို ကျွန်တော်ဖြန်.လည်းမဖြန်.ဝေခဲ့ပါ ၊ တစ်ယောက်ယောက်မှတစ်ဆင့်လည်း အများသိစေရန် မစီစဉ်ခဲ့ပါ။ သို.သော်လည်း ပြည်ပသတင်းဋ္ဌါနများက ဤစာအကြောင်းသိရှိသွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည် ။
မန်ဇင်ဟွန်းသည် ကျွန်တော်နှင့်တွေ.ရန် ချက်ချင်းရောက်လာခဲ့သည် ။ တစ်နိုင်ငံလုံး၏ အခြေအနေမှာ ကောင်းမွန်နေသည့် အချိန်ဖြစ်ကြောင်းနှင့် ဤအနေအထားကို အခြေပျက်အောင်မလုပ်ဖို. သူက ကျွန်တော့်ကို တောင်းဆိုပြီး ပါတီစည်းမျဉ်းကို လိုက်နာရန် သတိပေးသည် ။ သူက ကျွန်တော့်အား ဤစည်းမျဉ်းကို မလိုက်နာကြောင်း သွယ်ဝိုက်၍ပြောခြင်းဖြစ်သည် ။ ကျွန်တော်သည် ကွန်မြူနစ်ပါတီဝင် တစ်ဦးဖြစ်ကြောင်းနှင့် ပါတီပဋိဥာဉ်၌ ပါတီဝင်များကို ပါတီကွန်ဂရက်သို. အကြံပြုချက်များ ပေးနိုင်သည့် အခွင့်အရေးကို ရှင်းရှင်းလင်းလင်း ပေးအပ်ထားကြောင်း ကျွန်တော်က ချက်ချင်းပင် တုံ.ပြန်လိုက်သည် ။ ဇွန်လ ၄ ရက်နှင့်ပက်သက်၍ နိဂုံးချုပ်ချက် ချမှတ်ထားပြီးဖြစ်ကြောင်း သူကပြန်ပြောသည် ။ ပါတီကွန်ဂရက်သည် ပါတီ၏အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ.အစည်း ဖြစ်သည့်အတွက် ဇွန်လ ၄ ရက်ကို ပြန်လည်အကဲဖြတ်ရန် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ကျွန်တော် ပြောလိုက်သည် ။ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးဖြစ်သည့်တိုင်အောင် ပြန်လည်၍ အကဲဖြတ်သုံးသပ်နိုင်ဆဲဖြစ်သည် ။ ကွန်ဂရက်အနေဖြင့် ယခင်ချမှတ်ပြီးဖြစ်သည့် ဆုံးဖြတ်ချက်ကိုပင် ထပ်မံအတည်ပြုနိုင်သည် ၊ သို.သော်လည်း ဤသည်မှာ ကွန်ဂရက်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှဖြစ်သည် ။ ပါတီ၏ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ကွန်ဂရက်မှ ဆွေးနွေးနိုင်သည် ။
ကျွန်တော့်အနေနှင့် စာကိုမဖြန်.ဝေသင့်ကြောင်း သူကပြောရာ ဤစာကို လုပ်ငန်းဝန်ဆောင်မှု ဗျူရိုမှတစ်ဆင့် လူ၉ဦးထံသို.သာ ပေးပို.ခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော်က ပြန်ပြောခဲ့သည် ။ တကယ်တမ်း၌ ကျွန်တော့်စာကို မည်သူ.ထံသို. ထပ်ဆင့်ပေးပို.ခဲ့သနည်း ဆိုသည်ကို ကျွန်တော် သိချင်လှပါသည် ။ စကားဝိုင်းသည် သဘာဝကျစွာပင် စိတ်ချမ်းမြေ.ဖွယ် မကောင်းလှပါ ။
ဤကာလဝန်းကျင်မှာပင် ရဲဘော်ယွန်ဝမ်တောင်း ကွယ်လွန်ခဲ့သည် ။ ကျွန်တော်တို.သည် လုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး ဂွမ်ဒေါင်းတွင် အတူလုပ်ကိုင်ခဲ့ကြဖူးသည် ။ သူ၏ အသုဘသို. တက်ရောက်ခွင့် ကျွန်တော်တောင်းဆိုခဲ့သည် ။ ယခင်က ဗဟိုခေါင်းဆောင်မှု အဆင့်မှအဖွဲ.ဝင်များ အတွက်မဟုတ်သော်လည်း ဝန်ကြီးအဆင့်ရှိသူများ၏ အသုဘများသို. တက်ရောက်ခွင့်ပြုခဲ့သည် ။ သို.သော် ဤအကြိမ်၌မူ ပါတီစည်းကမ်းကို မလိုက်နာသောကြောင့်ဟုဆိုကာ ကျွန်တော့်ကို တက်ရောက်ခွင့်မပြုခဲ့ပေ ။
အောက်ပါတို.မှာ ကျွန်တော့်အိမ်ကို အဝင်အထွက်လုပ်သူများအပေါ် ချမှတ်ထားသည့် တားမြစ်ချက်များဖြစ်သည်။ တားမြစ်ချက်များ၏ ပြင်းထန်မှုမှာ စုံစမ်းစစ်ဆေးရေးကာလကထက်ပင် ပို၍ပြင်းထန်ဆိုးရွားလှသည် ။ ကျွန်တော့်အိမ်တွင် အလုပ်လုပ်ခဲ့ဖူးသည့် ဂွမ်ဒေါင်းမှ အမျိုးသမီးကြီးတစ်ဦးမှာ ကျွန်တော်နှင့် တွေ.ဆုံနိုင်ရန် ကီလိုမီတာ ထောင်ချီ၍ လာခဲ့ရသော်လည်း ကျွန်တော့်အိမ်အပြင်ဖက်တွင် နာရီပေါင်းများစွာကြာအောင် စောင့်ဆိုင်းခိုင်းထားသည် ။ ဈေးဝယ်ပြန်လာသည့် ကျွန်တော့်ဇနီးသည်ပင်လျှင် သူမ၏ ပိုက်ဆံအိတ်ကို ဂိတ်စောင့်မှ ရှာဖွေစစ်ဆေးခံရသည် ။ ဤအတွက် အစောင့်စစ်သားတွင် တာဝန်မရှိသည်မှာ ထင်ရှားပါသည် ။ အမိန်.သည် အနည်းဆုံး ဗဟိုကော်မတီ၏ အထွေထွေရုံး အဆင့်လောက်မှ လာခြင်းဖြစ်သည် ။ ထို.ကြောင့် ကျွန်တော်သည် အထွေထွေရုံးသို. အောက်ပါအတိုင်း စာတစ်စောင် ပေးပို.ခဲ့သည် ။
ဗဟိုကော်မတီ အထွေထွေရုံး ခေါင်းဆောင်များခင်ဗျား……
မကြာသေးမှီကာလအတွင်းက အထွေထွေရုံး လုံခြုံရေးဗျူရိုမှ ကျွန်တော့်နေအိမ် အစောင့်များအား ကျွန်တော့်ကို ဧည့်သည်များအား လက်ခံတွေ.ဆုံခြင်း ၊ ပြင်ပသို. သွားလာခြင်းနှင့် ဂေါက်ရိုက်ထွက်ခြင်းတို.ကို တားဆီးရန် ညွှန်ကြားချက် ထုတ်ပြန်လာပါသည် ။
ရဲဘော်ရဲဘက်တစ်ဦး၏ အသုဘအခမ်းအနားသို. တက်ရောက်ခြင်းကိုလည်း တားမြစ်လာပါသည် ။ ရပ်ဝေးမှလာရောက်သည့် ဆွေမျိုးသားချင်းများကိုပင် နေအိမ်ဂိတ်ပေါက်၌ ရပ်တန်.၍ စစ်ဆေးလာပါသည် ။ သို.သော်လည်း ၁၄ကြိမ်မြောက် ပါတီကွန်ဂရက်အပြီး၌ ကျွန်တော်၏ လွတ်လပ်စွာသွားလာခွင့်ကို ကန်.သတ်ရန် ချမှတ်ခဲ့သည့် စည်းမျဉ်း ၆ ချက်၌ပင် ဤအချက်အားလုံးကို ခွင့်ပြုထားပြီးဖြစ်သည် ။ ဆိုလိုသည်မှာ ၅နှစ်ခွဲကြာ တစ်ဝက်တစ်ပျက် နေအိမ်အကျယ်ချုပ်ကျနေခဲ့ရာမှ ယခုအခါ ကျွန်တော်သည် တင်းပြည့်ကျပ်ပြည့် နေအိမ်အကျယ်ချုပ် ကျခံနေရခြင်းဖြစ်သည် ။ ဤအချက်မှာ စိုးရိမ်ဖွယ်ကောင်းသည့် ဥပဒေ ချိုးဖောက်မှု ဖြစ်ပါသည်။ လုံခြုံရေးဗျူရိုသည်လည်းကောင်း အစောင့်စစ်သားများသည်လည်းကောင်း ဤသို.သောဆုံးဖြတ်ချက်ကို သူတို.ဘာသာ ချမှတ်ခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားပါသည် ။ ဤအတွက် အကြောင်းရင်းအစစ်အမှန်မှာ မည်သည့်အရာပါနည်း ။ နဂိုချမှတ်ထားသည့် စည်းမျဉ်းများကို ဖျက်သိမ်းလိုက်ပြီး စည်းမျဉ်းအသစ်များ ချမှတ်လိုက်ကြပြီလော ။ မည်သို.ဖြစ်စေ ကျွန်တော့်ကို အသိမပေးခဲ့ပါ ။
ဤကဲ့သို. တရားဝင်မကြေငြာပဲ နေအိမ်အကျယ်ချုပ်ချထားခြင်းအား ဆိုရှယ်လစ်တရားဥပဒေစနစ်ကို ရိုင်းစိုင်းစွာ နင်းခြေဖျက်ဆီးမှုဟု ယူဆရန်မှတစ်ပါး အခြားမရှိပါ ။ ကျွန်တော်သည် ပါတီဝင်တစ်ယောက်အနေဖြင့် ပါတီစည်းမျဉ်းကို ချိုးဖောက်ခဲ့ပါက ပါတီအုပ်ချုပ်ရေးဋ္ဌါနသည် ကျွန်တော့်ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းအပါအဝင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူပိုင်ခွင့်ရှိပါသည် ၊ သို.သော် ကျွန်တော်၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကိုသော်လည်းကောင်း ကျွန်တော် ရပိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့် အခွင့်အရေးများကိုသော်လည်းကောင်း ဖယ်ရှားကန်.သတ်ခွင့်မရှိပါ ။ ပါတီပဋိဥာဉ်ကိုသော်လည်းကောင်း ၊ နိုင်ငံတော်၏ တရားဥပဒေကိုသော်လည်းကောင်း ချိုးဖောက်သည့် နည်းလမ်းများကို အသုံးပြု၍ ပါတီဝင်တစ်ယောက်ကို အရေးမယူရန် ပါတီပဋိဥာဉ်၌ တင်းကျပ်စွာ တားမြစ်ထားပြီးဖြစ်သည် ။ ဤစည်းမျဉ်းများကိုဖောက်ဖျက်သည့် အဖွဲ.အစည်းများ ၊ လူပုဂ္ဂိုလ်များကို ပါတီစည်းမျဉ်းများ နိုင်ငံတော်တရားဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူရပါမည် ။
နိုင်ငံသားတစ်ယောက်အနေနှင့် အကယ်၍ ကျွန်တော်သည် တရားဥပဒေကို ချိုးဖောက်ခဲ့ပါက ကျွန်တော်၏ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ကန်.သတ်မှုသည် တရားဥပဒေပါ လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေး အဖွဲ.အစည်းများသာလျှင် ဤအချက်တို.ကို ကြီးကြပ်စီမံနိုင်သည့် အခွင့်အာဏာရှိပါသည် ။ ဤအချက်များကို နိုင်ငံတော်၏ တရားဥပဒေများတွင် အတိအလင်း ပြဋ္ဌါန်းထားပြီးဖြစ်သည် ။ အထွေထွေရုံးသည် ဗဟိုကော်မတီ၏ အထူးအရေးပါသည့် အဖွဲ.အစည်းဖြစ်သော်လည်း ၎င်းသည် နိုင်ငံတော်တရားဥပဒေ စိုးမိုးရေး အဖွဲ.အစည်းမဟုတ်ပါ ။ နိုင်ငံတော်တရားဥပဒေ စိုးမိုးရေးအဖွဲ.အစည်းများတွင်ရှိသည့် လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခွင့်လည်း မရှိပါ ။
“တရားဥပဒေကိုသော်လည်းကောင်း ၊ ဘုရားသခင်ကိုသော်လည်းကောင်း အသိအမှတ်မပြု”ခဲ့သည့် အတိတ်ကာလများအတွင်းက အထက်တွင်ဖော်ပြထားသည့် ဖြစ်ရပ်မျိုးနှင့် အလာသဏ္ဍာန်တူသည့် အဖြစ်များ ပေါ်ပေါက်ခဲ့ပြီး လူတစ်ချို.၌ စိတ်ပိုင်းဆိုင်ရာ ပုံစံတစ်မျိုးနှင့် အပြုအမူပိုင်းဆိုင်ရာ ပုံစံတစ်မျိုး ဖြစ်ပေါ်စေခဲ့သည် ။ မည်သို.ပင်ဖြစ်စေ ထိုခေတ်သည် ကာလကြာမြင့်စွာကပင် ကွယ်ပျောက်သွားခဲ့ပြီဖြစ်ပါသည် ။
ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒ စတင်အကောင်အထည်ဖော်ခဲ့စဉ်ကတည်းက ကျွန်တော်တို.၏ ပါတီနှင့် နိုင်ငံတော်သည် တရားဥပဒေ စိုးမိုးမှုကို အထူးအလေးထားခဲ့ပါသည် ။ အထူးသဖြင့် မကြာမှီက ပြီးဆုံးသွားသည့် ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်၏ နောက်ပိုင်းတွင် ဤကဲ့သို.သော အဖြစ်အပျက်မျိုး ဆက်လက်၍ အဖြစ်မခံသင့်ပါ ။
၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်သို. တင်သွင်းသည့် ရဲဘော်ကျန်ဇီမင်း၏ နိုင်ငံရေးအစီရင်ခံစာတွင် နိုင်ငံ့ရေးရာအားလုံးကို ဥပဒေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားဖို. အာမခံသည် ၊ ဥပဒေအားလုံးအတိုင်း ကျင့်သုံးလိုက်နာသွားမည် ၊ ချိုးဖောက်သူများကို အရေးယူ အပြစ်ပေးသွားပြီး မည်သည့်လူပုဂ္ဂိုလ် သို.မဟုတ် မည်သည့်အဖွဲ.အစည်းမျှ တရားဥပဒေအထက်တွင်မရှိစေရန် အာမခံသည် ၊ အစိုးရ အဖွဲ.အစည်းအားလုံးသည် ၎င်းတို.၏ လုပ်ငန်းဆောင်တာများကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည် ၊ နိုင်ငံသားတို.၏ အခွင့်အရေးများကို အခိုင်အမာ ကာကွယ်ပေးသွားပြီး တရားဥပဒေ စည်းမျဉ်းစည်းကမ်းများကို စွဲမြဲစွာ ဆုပ်ကိုင်ဖော်ဆောင်သွားမည် စသည့်အချက်များ အပါအဝင် ဆိုရှယ်လစ် တရားဥပဒေစနစ်ကို မွမ်းမံပြုပြင်သွားမည်ဟု ကမ္ဘာသို. အလေးအနက် ကတိပြုခဲ့ပြီးဖြစ်သည် ။ အထွေထွေအတွင်းရေးမှုး ကျန်ဇီမင်းသည် ပါးစပ်ပြောမျှသာမကပဲ ဤအချက်ကို အလေးအနက်ထားပြီး အကောင်အထည်ဖော်သွားလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည် ။
နေအိမ်ပြင်ပသို. သွားလာခွင့်နှင့် ဧည့်သည်များကို တွေ.ဆုံခွင့်တို.ကို ပိတ်ပင်ခံထားရပြီး အခြားသော အခွင့်အရေးများကိုလည်း ဖယ်ရှားခံထားရသည့် နိုင်ငံသားတစ်ယောက်အနေနှင့် ကျွန်တော့်ကို မေးခွင့်ပြုပါ ။ ဤလုပ်ရပ်များသည် တရားဥပဒေအတိုင်း ဆောင်ရွက်နေသည့် လုပ်ရပ်များဖြစ်ပါသလော။ သင်တို.သည် တရားဥပဒေအထက်မှ အထူးအခွင့်အရေးရှိသူများဖြစ်သည်ဟု ကိုယ့်ကိုကိုယ် မှတ်ယူနေကြပါသလော ။ အထွေထွေရုံးသည် ပါတီ၏ အဖွဲ.အစည်းတစ်ရပ်ဖြစ်ပြီး ဗဟိုမှခေါင်းဆောင်မှု၏ အောက်တွင်ရှိနေသည့် အဖွဲ.အစည်းဖြစ်သည် ။ သို.ဆိုလျှင် သင်တို.အနေဖြင့် မိမိတို.၏ လုပ်ရပ်အပြုအမူများသည် ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ကြေငြာခဲ့သည့် တရားဥပဒေ စိုးမိုးမှုဖော်ဆောင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် တိုက်ဆိုင်၍ အဘယ့်ကြောင့် ပြန်လည်ဆန်းစစ်မှု မပြုကြပါသနည်း ။
ထုံးစံအတိုင်းပင် ဤစာသည်လည်း မည်သည့်ရလာဒ်မှ ထွက်မလာခဲ့ပါ ။
ကျွန်တော်သည် မည်သည့်အကြောင်းပြန်ချက်မျှ မရသဖြင့် ရက်အနည်းငယ်အကြာတွင် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. ထပ်မံ၍ စာတစ်စောင်ရေးသား ပေးပို.ခဲ့ပြန်သည် ။ ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်မှ အသစ်ရွေးချယ်လိုက်သည့် တည်ဆဲကော်မတီဝင် ၇ ဦးလုံးထံသို. ပေးပို.ခဲ့ခြင်းဖြစ်သည် ။ ယခင်အကြိမ်များက တည်ဆဲကော်မတီသို. စာပို.လိုက်တိုင်း တစ်ယောက် သို.မဟုတ် နှစ်ယောက်ခန်.မျှသာ စာကိုလက်ခံရရှိခဲ့သည် ။ ထို.ကြောင့် ယခုအကြိမ်တွင်မူ တစ်ယောက်ချင်းစီသို. မိတ္တူတစ်စောင်စီ ပေးပို.ခဲ့သည် ။ စာမှာ အောက်ပါအတိုင်းဖြစ်သည် ။
ရဲဘော် ကျန်ဇီမင်း…….
စက်တင်ဘာလ ၁၂ ရက်နေ.က ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်သို. ဇွန်လ ၄ ရက် ဖြစ်စဉ်ကို ပြန်လည်အကဲဖြတ်ဖို. အကြံပြုသည့် စာတစ်စောင် ရေးသားပေးပို.ခဲ့ပါသည် ။ ဤစာကို သင်တို.အားလုံး ဖတ်ပြီးဖြစ်မည်ဟု ကျွန်တော်ယုံကြည်ပါသည် ။ စာပို.လိုက်သည့်အချိန်မှစ၍ ကျွန်တော့်ကို ဧည့်သည်လက်ခံတွေ.ဆုံခွင့်နှင့် နေအိမ်ပြင်ပသို. ထွက်ခွါခွင့်တို.ကို ပိတ်ပင်တားမြစ်ထားပါသည် ။ ကျွန်တော့်၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို လုံးဝကန်.သတ်ထားပါသည် ။ ယခင်က တစ်ဝက်တစ်ပျက် နေအိမ်အကျယ်ချုပ်ကျသည့် အနေအထားမှ လုံးဝနေအိမ်အကျယ်ချုပ်ကျသည့် အနေအထားသို. ပြောင်းလဲသွားခဲ့ပါသည် ။
ဤစိုးရိမ်ဖွယ်ကောင်းလှသည့် ဥပဒေ ချိုးဖောက်မှုနှင့်ပက်သက်၍ ဗဟိုကော်မတီ အထွေထွေရုံးသို. စာရေးပေးပို.ပြီး ဤပြဿနာကို ဖြေရှင်းပေးဖို. တောင်းဆိုခဲ့ပါသည် ။ သို.သော်လည်း ကျွန်တော်၏ နေအိမ်အကျယ်ချုပ်သည် ယနေ.ထိတိုင် တည်ရှိနေဆဲဖြစ်ပါသည် ။ ဤအကြောင်းကြောင့်ပင် ကျွန်တော့်အနေဖြင့် အခြားရွေးချယ်စရာမရှိတော့ပဲ ဤကိစ္စကို သင့်ထံသို. တင်ပြရခြင်းဖြစ်ပါသည် ။
ပါတီဝင်တစ်ယောက်အနေဖြင့် ပါတီကွန်ဂရက်သို. အကြံပြုခြင်းမှာ ပါတီဝင်အခွင့်အရေးကို ကျင့်သုံးခြင်းသာဖြစ်ပါသည် ။ ဤအချက်ကို ပါတီပဋိဥာဉ်တွင်လည်း အတိအလင်း ဖော်ပြထားသည် ။ ကျွန်တော်၏ အကြံပြုချက်များ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ၊ ပါတီကွန်ဂရက်မှ ၎င်းကို ဆွေးနွေးသည်ဖြစ်စေ မဆွေးနွေးသည်ဖြစ်စေ ကျွန်တော်သည် ပါတီပဋိဥာဉ်နှင့် နိုင်ငံတော်၏ တရားဥပဒေတို.ကို ချိုးဖောက်ခြင်းမရှိပါ ။ သို.သော်လည်း နေအိမ်အကျယ်ချုပ်ချထားခြင်းနှင့် နိုင်ငံသားတစ်ယောက်အနေဖြင့် ကျွန်တော်၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တို.ကို ပယ်ဖျက်ခံထားရခြင်းသည် ရာဇဝတ်သားတစ်ယောက်သဖွယ် ပြုမူဆက်ဆံခံရခြင်းဖြစ်သည် ။ ကျွန်တော်အနေဖြင့် မည်သည့်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ကျွန်တော် သိပင်မသိပါ ။ မည်သည့် ဥပဒေစိုးမိုးရေး အဖွဲ.အစည်းနှင့် မည်သည့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ နေအိမ်အကျယ်ချုပ်ချထားရသည်ကိုလည်း မသိရှိရပါ ။ လူတစ်ယောက်ကို ဤကဲ့သို. တရားဝင်မကြေငြာပဲ နေအိမ်အကျယ်ချုပ်ချထားခြင်းနှင့် နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့် အခွင့်အရေးများကို ဖယ်ရှားထားခြင်းသည် ဆိုရှယ်လစ်တရားဥပဒေ စနစ်ကို ရိုင်းစိုင်းစွာ နင်းခြေဖျက်ဆီးနေခြင်း မဟုတ်ပါသလော ။
ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှလွဲ၍ ကျွန်တော်တို.ပါတီ၏သမိုင်းတွင် မတူကွဲပြားသည့် အယူအဆရှိသူများကို ပုဂ္ဂိုလ်ရေးလွတ်လပ်မှု ဖယ်ရှားခြင်းနှင့် နေအိမ်အကျယ်ချုပ် ချထားခြင်းတို.မှာ ရှားပါးလှပါသည် ။ ၁၉၆၂ ခုနှစ်အတွင်းက ဥက္ကဋ္ဌကြီးမော် ဆင်နွှဲခဲ့သည့် လူတန်းစားတိုက်ပွဲ အရှိန်အမြင့်ဆုံးကာလမှာပင်လျှင် ဗိုလ်ချုပ်ပန်ဒီဟွေး၏ ရှည်လျှားလှသည့် ဝေဖန်ချက်များကို စိတ်ဆိုးဒေါသထွက်ခဲ့သော်လည်း ပန်၏ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို မပယ်ဖျက်ခဲ့ပါ ၊ ဖွံ.ဖြိုးရေး ကွပ်ကဲမှုဋ္ဌါနများသို.ပင်လျှင် စေလွှတ်ခြင်းမလုပ်ခဲ့ပါ ။ သို.သော်လည်း ကျွန်တော်တို.ပါတီအနေဖြင့် “လက်ဝဲစွန်း”ရောက်လွန်းခြင်း၏ သင်ခန်းစာများ ရရှိခဲ့ပြီးသည့်တိုင်အောင် ၊ လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ဆိုရှယ်လစ်တရားဥပဒေ စိုးမိုးမှုတည်ဆောက်ဖို. အကြိမ်ကြိမ် အလေးပေးကြိုးစားခဲ့သည့်တိုင်အောင် ၊ အထူးသဖြင့် အထွေထွေအတွင်းရေးမှုး ကျန်ဇီမင်းမှ ကျွန်တော်တို.ပါတီသည် နိုင်ငံကို တရားဥပဒေနှင့်အညီ စီမံခန်.ခွဲအုပ်ချုပ်သွားမည် ၊ တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်သွားမည်ဟု မကြာသေးမှီကမှ အလေးအနက် ကတိပြုကြေငြာသွားခဲ့သည့်တိုင်အောင် ဗဟိုကော်မတီ၏ ရှေ.မှောက်၌ပင် ဤကဲ့သို.သော ဆိုရှယ်လစ်တရားဥပဒေစနစ်ကို ရိုင်းစိုင်းစွာနင်းခြေမှုများ ဖြစ်ပွါးနေခြင်းကို စဉ်းစား၍ မရနိုင်လောက်အောင် နားမလည်နိုင်လောက်အောင် ဖြစ်ရပါသည် ။
ကျွန်တော်သည် ၁၉၈၉ ခုနှစ် ဇွန်လမှစ၍ တရားမဝင် တစ်ပိုင်းတစ်စ နေအိမ်အကျယ်ချုပ်သော်လည်းကောင်း လုံးဝနေအိမ်အကျယ်ချုပ်သော်လည်းကောင်း ကျရောက်ခဲ့ပါသည် ။ ယခုဆိုလျှင် ၈ နှစ်ခွဲမျှ ကြာမြင့်ခဲ့ပြီဖြစ်သည် ။ နောက်ထပ် မည်မျှကြာအောင် လွတ်လပ်ခွင့်များ ပိတ်ပင်ထားမည်လဲဆိုသည်ကို ကျွန်တော်မသိပါ ။ ဤကိစ္စသည် အသက် ၈၀ နားနီးလာပြီဖြစ်သည့်ကျွန်တော့်အား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအရ ဆိုးကျိုးကြီးမားစွာ သက်ရောက်သည်မှာ သံသယရှိစရာမလိုပါ ။
သို.သော်ငြားလည်း ပို၍ကြီးမားသည့် ဆိုးကျိုးသက်ရောက်သည်မှာ ကျွန်တော်တို.ပါတီနှင့် ပါတီဗဟိုကော်မတီ၏ ပုံရိပ်တို.အပေါ်သို.ဖြစ်သည် ။ ပြည်သူတို.သည် ကျွန်တော့်အပေါ် သက်ရောက်နေသည့် အဖြစ်အပျက်များကို ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်တွင် ကြေငြာခဲ့သည့် စည်မျဉ်းဥပဒေများနှင့် တိုက်ဆိုင်ယှဉ်ထိုး၍ ဝေဖန်ဆန်းစစ်မှု မပြုကြတော့ပြီလော ။ ဤသို.ဆိုလျှင် လောလောလတ်လတ် ကြေငြာထားသည့် စည်းမျဉ်းဥပဒေတို.၏ ယုံကြည်စိတ်ချရမှုနှင့်ပက်သက်၍ သူတို.ဘာသာသူတို. မည်သို.ထင်မြင်ယူဆကြလေမည်နည်း ။ ထို.အပြင် နောက်မျိုးဆက်တို.က ပါတီ၏ လက်ရှိကာလ သမိုင်းကြောင်းကို အကဲဖြတ်ကြပါက မတူကွဲပြားသည့် အယူအဆများ ရှိနေသည့်အတွက် ပါတီဝင်တစ်ယောက်ကို ကာလရှည်ကြာစွာ နေအိမ်အကျယ်ချုပ်ချထားခြင်းနှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်တို. ရုတ်သိမ်းတားမြစ်ထားသည့် ဤကာလကို မင်္ဂလာရှိ​၍ တင့်တယ်သည့် ကာလတစ်ခုဟု ယူဆကြလိမ့်မည် မဟုတ်ပါ ။
ဤစာကို အထွေထွေအတွင်းရေးမှုးနှင့် တည်ဆဲကော်မတီမှ ရဲဘော်များ အလေးဂရုပြုလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည် ။ ဗဟိုကော်မတီ၏ ရှေ.မှောက်တွင်ပင် တရားဥပဒေနှင့် လုပ်ထုံးလုပ်နည်းတို.ကို ဗြောင်ကျကျ ချိုးဖောက်နေသည့် ဤဖြစ်ရပ်သည် မကြာမှီအတွင်း၌ပင် ရပ်တန်.သွားလိမ့်မည်ဟု ကျွန်တော်မျှော်လင့်ပါသည် ။ ကျန်ရှိနေသေးသည့် ကျွန်တော့်ဘဝ၏ အချိန်များကို ဤအထီးကျန်၍ စိတ်မချမ်းမြေ.ဖွယ်ကောင်းသည့် အခြေအနေများတွင် ဆက်လက်မနေရတော့စေရန်အတွက် ကျွန်တော်၏ နေအိမ်အကျယ်ချုပ်ကို ရုတ်သိမ်းပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တို.ကို ပြန်လည်ပေးအပ်လိမ့်မည်ဟု ကျွန်တော်မျှော်လင့်ပါသည် ။
အလေးပြုလျှက်
ကျောက်ကျိယန်
ဤစာကို ပေးပို.ခဲ့သည် သို.သော် ယခင်ကကဲ့သို.ပင် အကြောင်းပြန်စာ မရခဲ့ပါ ။ နောက်ပိုင်း၌ အထွေထွေရုံးမှ ကျွန်တော့် အတွင်းရေးမှုးကို ဆင့်ခေါ်ပြီး စာကိုလက်ခံရရှိကြောင်း အတည်ပြုခဲ့သည် ။ သူတို.က ပထမအချက်အနေဖြင့် ဤသည်မှာ နေအိမ်အကျယ်ချုပ်မဟုတ်ကြောင်း (“နေအိမ်အကျယ်ချုပ်”ဟု ခေါ်ဝေါ်သုံးစွဲမည်ကို သူတို. အလွန်စိုးရိမ်ကြောက်ရွံ.ကြသည်) ၊ ဒုတိယအချက်အနေဖြင့် ဤကိစ္စကို ကျွန်တော့်ဘာသာကျွန်တော် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သူတို.က ပြောကြသည် ။ ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက်သို. တင်သွင်းခဲ့သည့်စာ ပြည်ပသို. ပေါက်ကြားသွားမှုကို သူတို.က သွယ်ဝိုက်၍ ပြောနေခြင်းဖြစ်ပါလိမ့်မည် ။ ဤသည်မှာ
ကျွန်တော်၏ စာ ၂ စောင်နှင့်ပက်သက်၍ ရရှိခဲ့သည့် တစ်ခုတည်းသော တုံ.ပြန်မှုဖြစ်သည် ။ တကယ့်လက်တွေ.၌မူ ကျွန်တော်သည် နေအိမ်၌ပင် ဆက်လက်၍ ထိန်းသိမ်းခံရဆဲဖြစ်သည် ။
အမေရိကန်ပြည်ထောင်စုသို. ကျန်ဇီမင်း ခရီးမထွက်မှီအချိန်ထိ ကျွန်တော့်အပေါ်ချမှတ်ထားသည့် ကန်.သတ်ချက်များကို လျှော့ချပေးမည့် အရိပ်အရောင်မမြင်ရပဲ အချိန်ကာလတစ်ချို. ကုန်ဆုံးသွားခဲ့သည် ။ ထို.နောက် ထူးထူးခြားခြားပင် တစ်ရက်၌ ကျွန်တော့်ထံသို. ဇူနန်ဟိုင် (ပါတီဗဟို ရုံးချုပ်)ရှိ ကျန်းမာရေးဋ္ဌါနခွဲမှ ကျွန်တော့်အတွက် သတ်မှတ်ပေးထားသည့် မိသားစု ဆရာဝန် ရောက်ရှိလာပြီး ကျွန်တော့်အနေဖြင့် တစ်နေကုန် အိမ်တွင်းအောင်း၍ နေခြင်းသည် မကောင်းကြောင်း ရုတ်တရက် ပြောလာသည် ။
ကျွန်တော်က ရယ်၍ “ငါ့အတွက် ဘာများရွေးချယ်စရာရှိလို.လဲ”ဟု ပြန်ပြောလိုက်သည် ။
“အထွေထွေရုံးကို စာရေးပြီး ဒီကိစ္စကို တင်ပြမှာပေါ့ ၊ ဒါမှဆရာ အပြင်ကိုထွက်နိုင် ၊ ဂေါက်ရိုက်နိုင်မှာလေ”ဟု သူကပြောသည် ။
“ငါ့ကို အပြင်ထွက်ပြီး ဂေါက်ရိုက်ဖို.မဆိုထားနဲ. အိမ်ကိုလာတဲ့ ဧည့်သည်တောင်တွေ.ခွင့်ပေးတာမဟုတ်ဖူး”ဟု ကျွန်တော်ပြောလိုက်သည် ။
“ဒီကိစ္စကို ကျွန်တော်တို. တင်ပြကြည့်တာပေါ့”ဟု သူကပြန်ပြောသည် ။
ဤသည်မှာ ဇူနန်ဟိုင်ရှိ ကျန်းမာရေးဋ္ဌါနခွဲ အဖွဲ.ဝင်တစ်ယောက်အနေဖြင့် မကြုံစဖူး ထူးကဲသည့် အပြုအမူဖြစ်ပြီး အစဉ်အလာ လုပ်ထုံးလုပ်နည်းများနှင့် လုံးဝကိုက်ညီမှုမရှိပါ ။ ကျန်းမာရေးဋ္ဌါနခွဲ အဖွဲ.ဝင်များအား ဤကဲ့သို.သော ကိစ္စများတွင် ဝင်ရောက်ပြောဆိုဖို. ဘယ်တုန်းကမှ ခွင့်မပြုခဲ့ပါ ၊ ဤဆရာဝန်သည်လည်း ဤသို.သော အကြံပြုချက်မျိုး ဘယ်တုန်းကမှ မပေးခဲ့ဖူးပါ ။
ကျန်ဇီမင်းသည် သူ၏အမေရိကားခရီးစဉ်၌ အကယ်၍ တစ်စုံတစ်ယောက်က ကျောက်အကြောင်း သူ.အားမေးလာပါက ကျောက်ကို အကျယ်ချုပ်ချထားခြင်းမဟုတ်ကြောင်း မကြာသေးမှီကပင် ဂေါက်ကွင်း၌ ဂေါက်ရိုက်နေကြောင်း သူ.အနေဖြင့် ဖြေဆိုရှင်းလင်းပြဖို. မျှော်လင့်ထားပုံရသည်ဟု ကျွန်တော်ထင်မြင်လာမိသည် ။ ဤသို.ယူဆလျှက် “ဒီကိစ္စထဲမှာ မင်းဝင်ပြီးမပါသင့်ဘူး ။ ဘယ်လိုပဲဖြစ်စေ ငါအခုတစ်လော ဂေါက်ရိုက်ချင်စိတ်မရှိဘူး”ဟု ကျွန်တော်သူ.ကိုပြန်ပြောလိုက်သည် ။
ကျွန်တော်သူ.ကို အေးတိအေးစက် ပမာမခန်.ပင် တုံ.ပြန်ခဲ့သည် ။ ဆရာဝန်တစ်ယောက်သည် အဘယ့်ကြောင့် ဤကိစ္စမျိုးတွင် ဝင်ရောက်ပက်သက်ရပါသနည်း ။ အထွေထွေရုံး၏ အမိန်.အရသာ လုပ်ခြင်းဖြစ်သည် ။ ထို.နောက်တွင် ပါတီ အထွေထွေရုံးမှ ကျွန်တော့်အတွင်းရေးမှုးကို ဆင့်ခေါ်ပြီး ယခုအချိန်မှစ၍ ဂေါက်ရိုက်ခြင်းကို ခွင့်ပြုကြောင်း ပြောကြားခဲ့သည် ။ ကျွန်တော့်အား ယခင်က ယန်ဝမ်တောင်း၏ အသုဘပွဲသို. တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သော်လည်း နောက်နောင်တွင် ဤကဲ့သို.သော အသုဘပွဲများသို. တက်ရောက်ခြင်းကို ခွင့်ပြုမည်ဟု ဆိုသည် ။ ဧည့်သည်လက်ခံတွေ.ဆုံခြင်းနှင့်ပက်သက်၍မူ ဘာမှပြောကြားခြင်းမရှိပါ ။
ထို.ကြောင့် စည်းမျဉ်းစည်းကမ်းကန်.သတ်ချက်များကို လျှော့ချပေးလိုက်ကြောင်း ရှင်းလင်းလာပါသည် ။ ဧည့်သည်များနှင့် ပြင်ပသို. သွားလာခြင်းများကိုမူ ခွင့်မပြုပါ ။ သို.သော်လည်း လူထုနှင့်အများပြည်သူအကြားတွင် အပြကောင်းစေရန်အတွက် ကျွန်တော့်ကို ဂေါက်ရိုက်ခြင်းနှင့် အသုဘအခမ်းအနားတချို. တက်ရောက်ခြင်းတို.ကို ခွင့်ပြုလာသည် ။ ဤသို.သော နည်းဗျူဟာများကျင့်သုံးလာခြင်းကို ရယ်ရမလော ငိုရမလော ကျွန်တော်မပြောတတ်တော့ပါ ။ ကျွန်တော်သည် ဂေါက်သီးရိုက်ရန် အေးဆေးစွာပင် ငြင်းပယ်လိုက်ပြီး ပြင်ပထွက်၍ သွားလာရမည်ကိုလည်း လုံဝပင် ငြင်းဆန်ခဲ့သည် ။ မည်သည့် အသုဘ အခမ်းအနားမှလည်း တက်ရောက်ခြင်းမပြုခဲ့ပါ ။
ထို.ကြောင့်လည်း ၁၉၉၇ ခုနှစ်တွင် ဆောင်းရာသီအတွင်း၌ မည်သည့်နေရာကိုမှ မသွားခဲ့ပါ ။ ဆောင်းတွင်းတစ်လျှောက်လုံး ဘေဂျင်းတွင်ပင် ကျွန်တော် နေထိုင်ခဲ့သည် ။ ဘေဂျင်းသည် ခြောက်သွေ.၍ ဖုန်ထူပြီး ကျွန်တော်၏ အသက်ရှုလမ်းကြောင်းကို ဒုက္ခကြီးစွာပေး၍ ပြင်းထန်စွာ ချောင်းဆိုးစေသည့်တိုင်အောင်ပင် ဘေဂျင်းမှထွက်ခွါဖို. ကျွန်တော် ငြင်းဆန်ခဲ့ပါသည် ။
ဤသေးဖွဲသည့် အကြောင်းအရာလေးများကို ပြောနေရသည်မှာ အဓိပ္ပါယ်မရှိလှပါ ။ သို.သော်လည်း ဤအချက်သည် သူတို.၏ စိတ်ထားကို ဖော်ပြနေပါသည် ။ တစ်ဖက်တွင် သူတို.သည် တရားဥပဒေကို မျက်ကွယ်ပြု၍ ကျွန်တော်၏ လှုပ်ရှားသွားလာမှုများကို ကျိုးကြောင်းဆီလျော်မှုမရှိ ကန်.သတ်တားမြစ်နေပြီး အခြားတစ်ဖက်တွင်မူ သူတို.သည် ပြင်ပကမ္ဘာနှင့် သတင်းမီဒီယာတို.နှင့် ထိတွေ.ရမည်ကို စိုးရိမ်ထိတ်လန်.နေကြသည် ။
၁၉၉၇ ခုနှစ် အောက်တိုဘာလမှ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလအတွင်း မူလသတ်မှတ်ထားသည့် စည်းကမ်း ၆ ချက်ကို လျှော့မပေးရုံမျှသာမက ပို၍တင်းကျပ်သည့် ကန်.သတ်ချက်များပင် ထပ်မံဖြည့်စွက်ခဲ့ပြီး ဧည့်သည်တွေ.ဆုံခွင့်နှင့် နေအိမ်ပြင်ပသို. ထွက်ခွင့်တို.ကိုလည်း တားမြစ်ပိတ်ပင်ခဲ့ကြသည် ။ ဤအခြေအနေများသည် ၂ နှစ်ကျော်မျှ ကြာမြင့်တည်ရှိနေခဲ့သည် ။
အချိန်ကာလများ ကုန်ဆုံးလွန်မြောက်သွားသည်နှင့်အမျှ ကန်.သတ်ချက်များကို အနည်းငယ်မျှ လျှော့ချပေးလာခဲ့သည် ။ ဆွေမျိုးများလည်ပတ်ခြင်းကို ခွင့်ပြုလာသည် ၊ အငယ်တန်းရာထူးနေရာများရှိ ရဲဘော်တစ်ချို.နှင့် အငြိမ်းစားယူထားသည့် ဝါရင့်ရဲဘော်တစ်ချို.တို. ကျွန်တော့်အိမ်သို. လည်ပတ်ခြင်းကိုလည်း ခွင့်ပြုလာသည် ။ သို.သော် အငြိမ်းစားယူထားသည့် အဆင့်မြင့်ခေါင်းဆောင်(ဥပမာအားဖြင့် - ဝန်ကြီး သို.မဟုတ် ဒုတိယဝန်ကြီး ရာထူးများရှိခဲ့သူများ)များ လည်ပတ်ခြင်းကိုမူ ဆက်လက်၍ ပိတ်ပင်ထားမြဲဖြစ်သည် ။ သိကြသည့်အတိုင်းပင် ဤအချက်ကို သူတို.သည် မည်သည့်အခါမျှ ထုတ်ဖော်ပြောကြားခြင်းမရှိပါ ။
လွန်ခဲ့သည့်နှစ်(၁၉၉၉ ခုနှစ်)၏ နောက်ပိုင်းနှစ်ဝက်တွင် ရဲဘော် ကျောက်ကျန်မင်(ရှန်ဒေါင်းပြည်နယ် အုပ်ချုပ်ရေးမှုး)ကို ကျွန်တော့်ထံ အလည်လာခွင့်ပြုဖို. ကျွန်တော် တောင်းဆိုခဲ့သည် ။ သို.သော် အထွေထွေရုံးက သူ.ကို လာရောက်လည်ပတ်ခွင့် မပြုနိုင်ကြောင်း ချက်ချင်းပင် အကြောင်းပြန်လာသည် ။ နောက်တစ်ကြိမ်တွင် ကျွန်တော်က ရဲဘော် ရှားဟွန်ဒါး(ဗဟိုစစ်ကော်မရှင် အထွေထွေရုံး ညွှန်ကြားရေးမှုး)ကို လည်ပတ်ခွင့်ပြုဖို. တောင်းဆိုခဲ့ရာ ၊ ဤတောင်းဆိုချက်ကိုလည်း ဗဟိုကော်မတီ အထွေထွေရုံးမှ ပယ်ချခဲ့သည် ။
၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်တော်၏ ယခင်အတွင်းရေးမှုး ရဲဘော် ယန်ဝမ်ချောင်း အငြိမ်းစားယူရမည့် အချိန်ရောက်လာသဖြင့် အတွင်းရေးမှုး အသစ်တစ်ယောက် ခန်.အပ်သည် ။ အတွင်းရေးမှုးသစ် ခန်.အပ်ကြောင်း ကြေငြာရန် ပါတီကော်မရှင် အထွေထွေရုံးမှ ရဲဘော် ၂ ယောက်ကို ကျွန်တော်နှင့် ဆွေးနွေးရန် စေလွှတ်ခဲ့သည် ။
ကျွန်တော်က ကိစ္စရပ် ၂ ခုကို တောင်းဆိုရန် ဤအခွင့်အရေးကို အသုံးချခဲ့သည် ။ ပထမအချက်မှာ ဆောင်းရာသီ၌ ဘေဂျင်းမှထွက်ခွါ၍ ဂွမ်ဒေါင်း သို.မဟုတ် ဟိုင်နန်သို. သွားရောက်ခွင့်ပြုရန် တောင်းဆိုခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ၁၀ နှစ်မျှ ကြာမြင့်လာပြီဖြစ်သည့် နေအိမ်အကျယ်ချုပ် အထူးသဖြင့် ၁၅ ကြိမ်မြောက် ပါတီကွန်ဂရက် အပြီးတွင် ချမှတ်ထားသည့် လုံးဝနေအိမ်အကျယ်ချုပ်ကို ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သည် ။
ရက်အနည်းငယ်အကြာ၌ ကျွန်တော်၏ အတွင်းရေးမှုးမှတစ်ဆင့် ကျွန်တော့်ကို ဖူကျင့် ၊ ဂွမ်ဒေါင်းနှင့် ဟိုင်နန်တို.သို. သွားခွင့်မပြုနိုင်ကြောင်း သို.သော် တခြားနေရာဒေသတို.သို. သွားနိုင်ကြောင်း အကြောင်းပြန်လာသည် ။ ထို.ကြောင့် သူတို.၏ အနေအထားမှာ အနည်းငယ်မျှ အလျှော့ပေးလာဟန်ရှိသည် ။ ယေဘုယျအားဖြင့် ဧည့်သည်များလာရောက်ခြင်းကို ယခင်ကကဲ့သို. ခွင့်ပြုလာသည် ။ တစ်ချို.ကို ခွင့်ပြု၍ တစ်ချို.ကို ခွင့်မပြု ။
ကျွန်တော်က ချက်ချင်းပင် ရဲဘော်ကျောက်ကျန်မင်ကို အလည်လာခွင့်ပြုဖို. တောင်းဆိုခဲ့သည် ။ သူအလည်လာခြင်းကို ခွင့်ပြုခဲ့ပြီး ခေတ္တခဏမျှ လာရောက်လည်ပတ်ခဲ့သည် ။ နောက်ပိုင်းတွင် ရဲဘော် ရှားဟွန်ဒါး ၊ ဒူဒေါင်းဇန်(ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး အထွေထွေအုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှုး)နှင့် ယော်ဇင်ဟွား (ဂေါင်မင်း နေ.စဉ်သတင်းစာ အယ်ဒီတာချုပ်)တို.လည်း လာရောက်လည်ပတ်ခဲ့ကြသည် ။ ခြုံငုံ၍ သုံးသပ်ပါက နဂိုမူလ စည်းကမ်း ၆ ချက်သို. ပြန်လည်၍ လျှော့ချပေးလိုက်ဟန်ရှိသည် ။
(ကျောက်ကျိယန်၏ Prisoner of The State စာအုပ် Part 2, Chapter 2 Zhao’s Lonley Struggle ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)