Saturday, September 19, 2009

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရန် ဒေါ်လာ နှစ်သိန်းနှစ်သောင်း တစ်ထောင်မျှ ကုန်ကျသည်



၂၀၀၉ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ.ထုတ် Time မဂ္ဂဇင်းမှာ ပါတဲ့ Nancy Gibbs ရဲ. Raising a Child Costs Some $221,000 Before College ဆိုတဲ့ Essay လေးကို ဘာသာပြန်ထားတာပါ ။ ကလေးတစ်ယောက်ရဲ. တန်ဖိုးကို သိလာစေနိုင်တဲ့ ၊ မိခင်တစ်ယောက်ရဲ. ရှုထောင့်ကနေ ရေးထားတဲ့ ချစ်စရာကောင်းတဲ့ Essay လေးပါ ။ မူရင်း စာရေးဆရာရဲ. Essay ကတော့ ကောင်းမှကောင်း ဆိုတဲ့ထဲကပါပဲ။ ဘာသာပြန်ကို ဖတ်ကြည်ပြီး စိတ်တိုင်းမကျခဲ့ကြရင် ကျွန်တော့်မှာပဲ တာဝန်ရှိပါလိမ့်မယ်။ ဒီဘာသာပြန် Essay လေးနဲ. မိခင်ရဲ. ဂုဏ်ကျေးဇူးကို ပူဇော်ကန်တော့ မိပါတယ် ။




နှစ်တစ်နှစ်၏ ယခုလိုအချိန်သည် (ဒီဇင်ဘာရောက်ရန် ၂လတာမျှသာလိုတော့သည်) ကလေးများ၏ ကုန်ကျစရိတ် မည်မျှရှိကြောင်း သတိပေးသည့် အချိန်ဖြစ်ပါသည် ။ ပြည်နယ်အစိုးရတို.က ကျောင်းပြန်ဖွင့်ချိန် ဈေးဝယ်ကာလ တစ်ပတ်အတွက် အရောင်းခွန်များကို ဆိုင်းငံ့ထားခြင်းမှာ အဆင်ပြေသော်လည်း စက်တင်ဘာလဆိုလျှင် ရှုးဖိနပ်အသစ် ၊ မှတ်စုစာအုပ်အသစ် ၊ ဖြစ်နိုင်လျှင် ထမင်းဘူးအသစ် စသည်ဖြင့် ပြန်လည်၍ ဝယ်ရတော့မည် ဆိုသည့်အချက်များကိုတော့ဖြင့် ပြောင်းလဲမသွားစေနိုင်ပါ ။ ကလေးများသည် ခက်ခဲကျပ်တည်းလှသည့် အချိန်များမှာပင် “စီးပွါးရေးကျဆင်းမှုကို ခံနိုင်စွမ်းရှိကြောင်း” စီးပွါးရေးပညာရှင်တို. တွေ.ရှိလာကြပါသည် ။ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဆိုပါက သူတို.သည် ယုတ္တိမတန်သော စိတ်လှုပ်ရှားမှုများ၏ ခိုင်လုံသော သက်သေအထောက်အထားတစ်ခု ၊ ငွေကြေးနှင့် ပက်သက်သည့် စည်းကမ်းများကို ချိုးဖျက်မိစေသည့် ပြယုတ်တစ်ခု ဖြစ်သည် ။
ဘေဘီစင်တာဒေါ့ကွမ်းတွင် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်သည့် စားရိတ်မည်မျှကုန်ကျသည်ကို ခန်.မှန်းတွက်ချက်သည့် ဂဏန်းတွက်စက်တစ်ခု ထည့်သွင်းထားသည် ။ ထိုစက်ကလေးက ဘယ်လောက်ထိများ အဟန်.အတား ဖြစ်စေပါသနည်း ဆိုသည်ကိုတော့ သိချင်စမ်းလှပါသည် ။ ထိုဂဏန်းတွက်စက်တွင် တွက်ချက်ထားသည့် ကိန်းဂဏန်းများမှာ အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဋ္ဌါနမှ ထုတ်ပြန်သည့် နှစ်စဉ်အစီရင်ခံစာကို အခြေခံ၍ တွက်ထားခြင်းဖြစ်သည် ၊ ထိုဋ္ဌါနသည် ဂျုံစိုက်ပျိုးမှု သို.မဟုတ်လျင်လည်း ကလေးပြုစုပျိုးထောင်မှု ကျွမ်းကျင်သည့်ဋ္ဌါနတစ်ခု ဖြစ်လိမ့်မည်ဟု ထင်ပါသည် ။ ကလေးတစ်ယောက်ကို တစ်ဆယ့်ခုနှစ်နှစ် အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ရန်အတွက် ပုံမှန်မိသားစုတစ်ခုသည် ဒေါ်လာ နှစ်သိန်းနှစ်သောင်းတစ်ထောင်မျှ သုံးစွဲကြောင်း ယခုနှစ်အစီရင်ခံစာက ဆိုထားသည် ။ ထိုပမာဏမှာ ကျွန်မကို မွေးဖွားခဲ့စဉ်ကထက် နှစ်ဆယ့်တစ် ရာခိုင်နှုန်းမျှ ပိုပါသည် ။ ယခုခေတ်တွင် အစားအသောက်နှင့် အဝတ်အစားများမှာ ဈေးသက်သာသော်လည်း အိုးအိမ်နှင့် ကျန်းမာရေးစားရိတ်များက ပို၍ဈေးကြီးလာပါသည် ။ ဤသည်မှာ မိဘများအတွက် လျှော့ဈေးအကြီးအကျယ် ရလိုက်သည့်နှယ်ဖြစ်သည် ။ ကလေးတစ်ယောက်ရှိသော မိသားစုသည် ကလေးနှစ်ယောက်ရှိသော မိသားစုထက် နှစ်ဆယ့်ငါးရာခိုင်နှုန်းမျှ ပို၍သုံးစွဲပြီး သင့်တွင်ကလေးသုံးယောက် သို.မဟုတ် ထို.ထက်ပို၍ ရှိပါက သင်သည် ကလေးတစ်ယောက်ချင်းစီအတွက် နှစ်ဆယ့်နှစ် ရာခိုင်နှုန်းမျှ ပို၍သက်သာသွားပါသည် ။
အစိုးရသည် အိပ်စက်ခြင်း ၊ စိတ်နှလုံး ကြည်လင်ခြင်း ၊ အထီးကျန်ခြင်း စသည့် မမြင်သာသည့် စာရင်းပျောက် တန်ဖိုးတို.ကို ထည့်၍ မတွက်နိုင်သေးပါ ။ ပြတင်းပေါက်များကို ပြုပြင်ရခြင်း ၊ ဓာတ်ပုံကူးရခြင်း ၊ လက်ကိုင်ဖုန်းခ ၊ စိတ်ငြိမ်ဆေးဖိုး အစရှိသည့် အသေးသုံး ကုန်ကျစားရိတ်တို.ကို ထည့်သွင်းတွက်ချက်ရန်လိုပါသေးသည် ။ အစိုးရ၏ စာရင်းဇယားတွင် ကလေး၏ အဝတ်အစားနှင့် ရှုးဖိနပ်ဖိုးအတွက် တစ်လလျှင် ဒေါ်လာခြောက်ဆယ်မျှ သုံးစွဲကြောင်း ဖော်ပြထားသည် ၊ ကြည့်ရသည်မှာ အရာရှိမင်းတို.သည် ယခုလတ်တလောကာလအတွင်း ဈေးဝယ်ထွက်ဖြစ်ပုံမရပါ ။ ဂလိုဘယ်လိုက်ဇေးရှင်းသည် အဝတ်အစားဈေးနှုန်းတို.ကို ကျဆင်းသွားစေသည်မှာ အမှန်ပင်ဖြစ်ပါသည် ။ သို.သော် သင့်တွင်သမီးများရှိပါက နှစ်စဉ်နှစ်တိုင်း ကြုံတွေ.နေကြဖြစ်သည့် ဈေးနှုန်းကြီးလာသည်နှင့်အမျှ အဝတ်အစားတို. သေးကျုံ.လာသည့် ဖြစ်ရပ်နှင့် ရင်ဆိုင်တွေ.ရဖို.ရှိပါသည် ။ ပုခုံးနှင့်ချက်ကို လုံခြုံစွာ ကာကွယ်ဖုံးအုပ်ထားရမည်ဟု သတ်မှတ်ထားသည့် ကျောင်းဝတ်စုံစည်းကမ်းကိုသာ အကြီးအကျယ်ကျေးဇူးတင် ရပေတော့သည် ။
ဒါတွင်မကသေးပါ ပေးလိုက်ရသည့် အချိန်တို.လည်း ရှိပါသေးသည် ။ လေ့လာမှုတစ်ခုက ငွေကြေးထက်ပို၍ တန်ဖိုးကြီးမားသည်ဟု ဆိုသော်လည်း ထိုအချိန်တို.ကို ငွေကြေးဖြင့် တွက်၍ ရနိုင်မည်မဟုတ်ပါ ။ မိဘဘဝဆိုသည်မှာ ဘယ်သောအခါမှ ထီးတည်းမဟုတ်ပါ ။ ကလေးတို.အိမ်ကိုစွန်.ခွါထွက်သွား၍ သူတို.ကို ထိန်းကျောင်းပြုစုပျိုးထောင်ရာတွင် သုံးစွဲလိုက်ရသည့် အချိန်နှင့်အင်အားတို.အတွက် မည်သို.ရှေ.ဆက်ရမည်ကို မသိနိုင်တော့သည့် နေ.အထိတိုင် မိဘတို.၏ဘဝသည် ထီးတည်းမဟုတ်ပါ ။ ကျွန်မသည် နောက်ဆုံးတွင် သိုးမွှေးထိုးနည်းကို သင်ယူကောင်းသင်ယူ ဖြစ်ပါလိမ့်မည် ။ သို.မဟုတ် အနည်းဆုံး အမယ်သုံးမျိုးပါသည့်ဟင်းကို ချက်မိပါလိမ့်မည် ။ သို.မဟုတ်လျှင်လည်း နှစ်စဉ်နှစ်တိုင်း ရိုက်ကူးလာခဲ့သည့် သူတို.လေးတွေ၏ ဓာတ်ပုံတို.ကို ပြန်လှန်ကြည့်၍ အယ်လဘမ်အတွင်းသို. အစီအစဉ်အတိုင်း ပြန်၍ ထည့်သွင်းကောင်းထည့်သွင်း မိပါလိမ့်မည် ။ ပုံရိပ်တို.က မှတ်ဥာဏ်ကို သမိုင်းအဖြစ် ပြန်လည်၍ နွေးထွေးလာစေပါသည် ။
ယခုနှစ် အစီရင်ခံစာကို ပြုစုသည့် စီးပွါးရေးပညာရှင်သည် ကလေးစားရိတ်မည်မျှကုန်ကျကြောင်း လူတွေတအံ့တဩ ပြောကြဆိုကြသည်ကို အကျွမ်းတဝင်ရှိနေပုံရပါသည် ။ “ကလေးတွေနဲ.ပတ်သက်တဲ့ အကျိုးကျေးဇူးတွေလည်း အများကြီး ရှိပါတယ် ၊ ဒါ့ကြောင့် အဲဒီအချက်ကိုလည်း ထည့်ပြီးစဉ်းစားရမယ်လို. ကျွန်တော်က မိဘတွေကို ပြောပြပါတယ်” ဟု သူကဆိုပါသည် ။ ဥပမာအားဖြင့် ဆိုပါက ကလေးတို.ကြီးပြင်းလာသည်နှင့်အမျှ မိဘတို.မပြုလုပ်တော့သည့် အလေ့အထတို. ရှိပါသည် ။ ပင်လယ်ကမ်းခြေသို.သွားကာ မီးပုံပွဲလုပ်နေကြပါဦးမည်လော ။ ရေထဲတွင်မျောပါလာသည့် သစ်တိုသစ်စတို.ကို ဆယ်ယူကြပါဦးမည်လော ။ မည်သူမျှမကြိုက်ကြသော မာ့ရှ်မဲလိုး မီးကင်တို.ကို ပြုလုပ်ကြပါဦးမည်လော ။ ဂျက်အိုမီးအိမ်တို.ကို ထွင်းထုနေကြပါဦးမည်လော ။ အီစတာကြက်ဥတို.ကို ဆေးရောင်ချယ်သ နေကြပါဦးမည်လော ။ သို.တည်းမဟုတ် အားလပ်ရက်ရှည်များကို ပုံမှန်အတိုင်းပင် အလည်အပတ် ခရီးထွက်နေကြပါဦးမည်လော ။ ချိစ်ဒူးဒယ်နှင့် ဂျယ်လီဘယ်လီတို.ကို အောက်မေ့တသ နေပါဦးမည်လော ဆိုသည်ကို ကျွန်မ သိချင်လှပါသည် ။ ကျွန်မအတွက်တော့မူ ၎င်းတို.ကို နောက်ထပ် ဝယ်ယူတော့မည် မဟုတ်သည်မှာ သေချာလှပါသည် ။
ကလေးများသည် အစဦးနေဖြင့် အကုန်အကျ များပြားပါသည် ၊ သို.သော် မှန်ကန်စွာ စီမံခန်.ခွဲပါက သင်၏ရင်းနှီးမြှုပ်နှံမှုအတွက် သင့်တင့်လျှောက်ပတ်သော အကျိုးအမြတ်တို. ပြန်ရနိုင်ပါသည် ။ သူတို.၏ အိမ်စာများကို ကူညီဖြေရှင်းပေးခြင်းဖြင့် သင်မလေ့လာတော့သည်မှာကြာပြီဖြစ်သည့် ဂဏန်းသင်္ချာတို.ကို ပြန်လည်၍လေ့လာ မိစေပါသည် ။ ကလေးငယ်တို.က သင့်ကို လျှင်မြန်သွက်လက်စွာ လုပ်ကိုင်တတ်လာစေပါသည် ။ သူတို.သည် အိပ်ယာပေါ်တွင် အနွေးဓာတ်ကို အကောင်းဆုံးပေးနိုင်ကြသည် ၊ သူတို.၏ သေးငယ်သည့် လက်ချောင်းလေးများသည် ဘယ်လိုမှ ဖြည်၍ရနိုင်ဖွယ်မရှိသည့် ကြိုးထုံးတို.ကို ဖြည်နိုင်စွမ်းရှိကြပါသည် ။ သူတို.သည် သင့်ကို သတ္တိပိုရှိလာစေပြီး ယုံကြည်စိတ်ရှိလာစေရန် သတိပေးနိုင်စွမ်းလည်း ရှိကြပါသည် ။ သူတို.သည် သင်ထင်ထားသည်ထက်ပို၍ ကောင်းမွန်စွာ ဘုရားရှိခိုး ဆုမွန်များ တောင်းတတ်ကြပါသေးသည် ။ သူတို.၏ ကိုယ်နံ.လေးမှာ မွှေးလှပါသည် (အနည်းဆုံးတော့ သူတို. သန်.သန်.ရှင်းရှင်း ရှိနေချိန်တွေမှာပေါ့လေ ။)
သူတို.သည် ကျွန်မတို.၏ အိုမင်းရင့်ရော်လာမှုကိုလည်း သတိပြုလာစေပါသည် ။ ကလေးသာမရှိပါက ကျွန်မ၏ဆံပင်တို.သည် ယခုထက်ပို၍ အဖြူမြန်လာမည်ကို ကျွန်မသိနေပါသည် ။ သူတို.နှင့်အတူ နေထိုင်၍ ဘဝကို ဖြတ်သန်းကြီးပြင်းရသည်မှာ အလွန်ပင်ကြီးကျယ်သော ဆုလာဘ်တစ်ခု ဖြစ်ပါသည် ။ သူတို.က ကျွန်မတို.ကို နုပျိုလန်းဆန်းစေသည် ၊ တစ်ယောက်ကို တစ်ယောက် ဖြတ်သွားသည့်နှယ်ပင်ဖြစ်သည် ။ ကျောင်းသားက ဆရာဖြစ်သွားသည် ၊ မိဘက ကလေးဖြစ်သွားသည် ။ သူတို.သည် ကျွန်မတို.ထက်ပို၍ စမတ်ကျကာ ပို၍ ကြံ.ခိုင်တောင့်တင်း လာပုံတို.ကို ကြည့်ကာ ၊သူတို.မည်သို.မည်ပုံ ရင့်ကျက်လာပုံတို.ကို တအံ့တဩ ဖြစ်ရပါသည်။ ကျွန်မတို.သည် သူတို.နှင့် အတူတူ နေထိုင်ရသည်ကို တစိမ့်စိမ့် အရသာခံနိုင်လာ၍ သူတို.၏ လက်တွင် နေထိုင်ရသည်မှာ စိတ်ချလုံခြုံမှုကို ခံစားနိုင်ကြပါသည် ။ ဤတန်ဖိုးတို.ကိုလည်း ထည့်တွက်ရန်မေ့မနေစေချင်ပါ ။

(August 24, 2009 ခုနှစ်ထုတ် Time မဂ္ဂဇင်းမှ Nancy Gibbs ၏ Raising a Child Costs Some $221,000 Before College ကို သင့်လျော်အောင် ဘာသာပြန်ဆိုထားပါသည် ။)

Sunday, September 13, 2009

ဖတ်မိသမျှလေးတွေ ( get)

Get ကို Spoken English မှာ အသုံးများကြပါတယ် ။ Informal ဖြစ်ပြီး Writing မှာတော့ မသုံးကြပါဘူး ။
သူ.ရဲ.နောက်မှာရှိနေတဲ့ စကားလုံးအပေါ်မူတည်ပြီး အဓိပ္ပါယ်တွေလည်း လိုက်ပြီးပြောင်းလဲသွားပါသတဲ့ ။

1. get + noun/pronoun

ဒီပုံစံမှာတော့ get ရဲ. အဓိပ္ပါယ်က ‘receive’, ‘fetch’, ‘obtain’ စတဲ့ အဓိပ္ပါယ်တွေ ရှိပါသတဲံ ။
I got a letter from Lusy this morning.
Can you come and get me from the station when I arrive?
I’m going out to get some bread.

2. get + adjective

get ရဲ. အဓိပ္ပါယ် ‘become’ ဖြစ်ပါတယ် ။
As you get old your memory gets worse.
My feet are getting cold
.
get + object + adjective (=’make something become…..’ )
လို. အဓိပ္ပါယ်ရပါသတဲ့ ။

I can’t get my hands warm.
We must get the house clean before Mother arrives.

3. get + adverb particle or preposition

up, away, out စတဲ့ adverb particle တွေရဲ. ရှေ.မှာဆိုရင်တော့ get ဟာ များသောအားဖြင့် movement ကို ပြပါသတဲ့ ။

I often get up at five o’clock.
I went to see him, but he told me to get out.
Would you mind getting off my foot?

အဲဒီ Structure ကို ဘဲ Object နဲ. ယှဉ်တွဲပြီးသုံးရင်တော့ somebody / something ကို move လုပ်ခိုင်းတဲ့ အဓိပ္ပါယ် ရှိပါတယ် ။

You can’t get her out of the bedroom in the morning.
Would you mind getting your papers off my desk?
Have you ever tried to get toothpaste back into the tube?

4. get (+ object) + verb-form

4 (a) get + object + infinitive

I can’t get the car to start.

4 (b) get + object + -ing

Don’t get him talking about his illnesses, please.

အောက်က Sentence တွေမှာတော့ get + infinitive structure ဟာ တစ်စုံတစ်ဦးကို တစ်ခုခု ပြုလုပ်ရန် စွဲဆောင်ခြင်းဆိုတဲ့ အဓိပ္ပါယ် ရှိပါတယ် ။

Get John to help us ,if you can.
I can’t get that child to go to bed.

5. get + object + past participle ဆိုတဲ့ Structure ကတော့ ပြုလုပ်ဖို.ရန်ရှိတဲ့ အလုပ်တွေကို စီစဉ်ခြင်း ဆိုတဲ့ အဓိပ္ပါယ် ရှိပါသတဲ့ ။ Passive Meaning ပါတဲ့ ။

I must get my hair cut.
You ought to get your watch repaired.

5. Passive structure တွေမှာ be အစား get ကို သုံးလို.ရပါတယ် ။ မျှော်လင့်မထားဘဲ ရုတ်တရက်ဖြစ်လာတဲ့ ဖြစ်စဉ်တွေမှာ သုံးလေ့ရှိပါတယ် ။

My watch got broken while I was playing with the children.
He got caught by the police driving at 160km an hour.

6. get and go : movement

Get ကို movement ရဲ. အဆုံးသတ်အဖြစ်သုံးနိုင်ပါတယ် ။ the arrival လို. အဓိပ္ပါယ်ရတယ် ။
Go ကတော့ the whole movement ကို ပြောတဲ့အခါမှာ သုံးပါတယ် ။ အောက်က sentence တွေကို ကြည့်ပါ
I go to work by car and Lucy goes by train. I usually get there first.
I went to Bristol yesterday. I got to Bristol at about eight o’clock.

ရောက်ရှိဖို.အတွက် အခက်အခဲ တစ်ခုခု ရှိတဲ့အခါမျိုးတွေမှာ Get ကို သုံးလေ့ရှိပါသတဲ့ ။ အောက်က sentence တွေကို ကြည့်လိုက်ရင် သဘောပေါက်သွားမယ်လို. ယူဆမိပါတယ် ။

It wasn’t easy to get through the crowd. (crowd ကို ဖြတ်ထွက်ဖို.အတွက် ခက်ခဲ။)
I don’t know how we are going to get over the river. (မြစ်ကို ဖြတ်ဖို.အတွက် ခက်ခဲ။)
Can you tell me how to get to the police station? (ရဲစခန်းကိုသွားတဲံ လမ်းကို မသိလို. ခက်ခဲ။)

Saturday, September 5, 2009

အပျော်တမ်းသမား နောက်ဆက်တွဲ

အရင်အပတ်က တင်ခဲ့တဲ့ အပျော်တမ်းသမား ရဲ.မူရင်းပါ ။ မူရင်းစာရေးဆရာရဲ. သရော်ကွက်လေးတွေကို နှစ်သက်မိပါတယ် ။
The Avenging Amateur
By KURT ANDERSEN
Time (Monday, Aug. 10, 2009)

The financial crisis came about because we got complacent, depending on all-knowing financial experts — mortgage lenders, Wall Street sharpers, the Federal Reserve — to run our system expertly. But then the experts did the same thing, imagining that they had laid off all their risks on other experts. Until finally the last expert down the line turned out to be just another greater fool, and the system crashed.
We still need experts. But we can no longer abdicate judgment to them or to the system they've cobbled together. This country, after all, was created by passionately engaged amateurs. The American spirit really is the amateur spirit. The great mass of European settlers were amateur explorers, and their grandchildren and great-grandchildren who created the U.S. were amateur politicians. "I see democracy," the late historian Daniel Boorstin wrote, as "government by amateurs, as a way of confessing the limits of our knowledge." In the early 19th century, Alexis de Tocqueville approvingly noted the absence of "public careers" in America — that is, the scarcity of professional politicians.
Back then, amateur was an entirely positive adjective. An amateur pursuit meant something that one pursued — a field of study, an artistic enterprise, a craft — not unseriously, but out of love rather than merely to earn a living.
Amateurs do the things they want to do in the ways they want to do them. They don't worry too much about breaking rules and aren't paralyzed by a fear of imperfection or even failure. Active citizenship is all about tapping into one's amateur spirit. "But hold on," you say. "I will never understand credit-default swaps or know how to determine the correct leverage ratio for banks." Me neither, and I don't want to depend on an amateur physician telling me how to manage my health. But we can trust our reality-based hunches about fishy-looking procedures and unsustainable projects and demand that the supposed experts explain their supposed expertise in ways we do understand The American character is two-sided to an extreme and paradoxical degree. On the one hand, we are sober and practical and commonsensical, but on the other hand, we are wild and crazy speculators. The full-blown amateur spirit derives from this same paradox. Even as we indulge our native chutzpah — Live the dream! To hell with the naysayers! — as a practical matter, it also requires a profound humility, since the amateur must throw himself into situations where he's uncertain and even ignorant, and therefore obliged to figure out new ways of seeing problems and fresh ways of solving them. At this particular American inflection point, after the crash and before the rebuild, frankly admitting that we aren't absolutely certain how to proceed is liberating, and crucial. I like paradoxes, which is why, even though I'm not particularly religious, Zen Buddhism has always appealed to me. Take the paradoxical state that Buddhists seek to achieve, what they call sho-shin, or "beginner's mind." The 20th century Japanese Zen master Shunryu Suzuki, who spent the last dozen years of his life in America, famously wrote that "in the beginner's mind there are many possibilities, but in the expert's mind there are few." Which sounds to me very much like the core of Boorstin's amateur spirit. "The greatest obstacle to discovery is not ignorance," Boorstin wrote, "but the illusion of knowledge."
This isn't just airy-fairy philosophy: it's real, and it works. A decade after Steve Jobs co-founded Apple, he was purged by his own board, but after the sense of betrayal passed, and he went on to build Pixar and oversee Apple's glorious renewal, he realized his personal reset had been a blessing in disguise. "The heaviness of being successful," Jobs has said of his firing, "was replaced by the lightness of being a beginner again, less sure about everything. It freed me to enter one of the most creative periods of my life." I happen to know what Jobs means: my sacking as editor of New York magazine 13 years ago freed me to reinvent myself as a novelist and public-radio host. Getting fired was traumatic. Finding my way since has been thrilling and immensely gratifying. May America and Americans have such good luck figuring out how to climb out of the holes we find ourselves in now.

Notes :
come about (that…….) ~ (phr v)
to happen : Can you tell me how the accident came about?
complacent (about sb/sth) ~ (adj) too satisfied with yourself or with a situation, so that you do not feel that any change is necessary; showing or feeling complacency: a dangerously complacent attitude to the increase in unemployment. We must not become complacent about progress.
sharper ~ (n) a professional gambler
abdicate ~ (v) to give up the position of being king or queen : He abdicated in favour of his son. She was forced to abdicate the throne of Spain. နန်းစွန်.သည် ။
cobble sth together~ (phr v) to produce sth quickly and without great care or efforts, so that it can be used but is not perfect: The essay was cobbled together from some old notes. ရရာနှင့် စပ်ဟပ်ပြုလုပ်သည် ။ လွယ်လွယ်နှင့် ဖြစ်ကတတ်ဆန်းလုပ်သည် ။
active citizen ~ (n) a person who is actively involved in trying to improve things in their local community
be all about sb/sth ~ used to say what the most important aspect of sth is
credit default swap ~ (CDS) is a swap contract in which the buyer of the CDS makes a series of payments to the seller and, in exchange, receives a payoff if a credit instrument – typically a bond or loan – goes into default ရှုံးနိုင်ခြေရှိမှုကို လက်လွှဲ ရောင်းဝယ်ခြင်း (သင့်လျော်သလို နားလည်လွယ်အောင် ဘာသာပြန်ထားခြင်းသာ ဖြစ်ပါသည် ။)
leverage ~ (n) အရင်းဆပွါးကိန်း (ငွေကြေးဈေးကွက်မှ စကားလုံးဖြစ်ပါသည် ။ မိမိဘာသာ သင့်လျော်အောင်ပြန်ဆိုထားခြင်းဖြစ်သည် ။ )
hold on ~ (infml) used to tell sb to wait or stop: Hold on a minute while I get my breath back. Hold on! This isn’t the right road.
fishy ~ (adj) that makes you suspicious because it seems dishonest
fishy-looking ~ မသင်္ကာဖွယ်ရာ ။ မဟုတ်တရုတ် ။
neither ~ (adv) used to show that a negative statement is also true of sb/sth else: He didn’t remember and neither did I. I hadn’t been to New york before and neither had Jane.
neither ~ (infml) I don’t know. Me neither.
hunches ~ ထင်မြင်ချက် ။
sober ~ (adj) တည်ကြည်သော ။ တည်ငြိမ်အေးဆေးသော ။ သင့်တင့်လျှောက်ပတ်သော ။ အလွန်အကျွံ မဟုတ်သော ။
chutzpah ~ (n) behaviour, or a person’s attitude, that is rude or shocking but so confident that people may feel forced to admire it သဲထိတ်ရင်ဖို ၊ ရင်တုန်ပန်းတုန် ။
profound ~ (adj) 1. very great; felt or experienced very strongly: profound changes in earth’s climate 2. showing great knowledge or understanding: profound insights; a profound book 3. needing a lot of study or thought: profound questions about life and death 4. (medical) very serious; complete: profound disability
indulge ~ (v) (~ in sth)(~yourself with sth) to allow yourself to have or do sth that you like, especially sth that is considered bad for you: They went into town to indulge in some serious shopping. Indulge myself with a long hot bath. အရသာတွေ.သည် ။ ကျူးလွန်သည် ။ မွေ.လျော်သည် ။ အလိုလိုက်သည် ။
naysayer ~ (n) a person who habitually express negative or pessimistic views: Despite a general feeling that things were going well, a few naysayers tried to cast gloom.
full-blown ~ (adj) fully or completely developed; an idea expanded into a full-blown novel
appeal to sb ~ (phr v) to attract or interest sb စိတ်ကို စွဲဆောင်နိုင်စွမ်းရှိသည် ။

Sunday, August 23, 2009

အပျော်တမ်းသမား


၂၀၀၉ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ.ထုတ် Time မဂ္ဂဇင်းမှာပါတဲ့ Kurt Andersen ရဲ. The Avenging Amateur ဆိုတဲ့ Essay ကို ပြန်ဆိုထားပါတယ် ။ အမေရိကန် ဘဏ္ဍာရေးစနစ် လည်ပတ်နေပုံကို သရော်ထားပုံ၊ အပျော်တမ်းသမား စိတ်ဓာတ်ကို ရေးသားထားပုံ လေးတွေကို နှစ်သက်မိလို. ဘာသာပြန်လိုက်တာပါ ။ နှစ်သက်ကြလိမ့်မယ်လို. ယူဆမိပါတယ် ။






ဘဏ္ဍာရေးနှင့်ပတ်သက်၍ အလုံးစုံကို နားလည်ကျွမ်းကျင်သည့် ကိုတတ်ပ ဘဏ္ဍာရေးကျွမ်းကျင်သူများ (အပေါင်ခံစာချုပ်ရောင်းဝယ်သူများ ၊ ဝေါလမ်းမမှ ပညာရှင် ဈေးကွက်လောင်းကစားသမားများ ၊ ပြည်ထောင်စု အရံငွေကြေးအဖွဲ. အစရှိသည်) က ကျွန်တော်တို.၏ စီးပွါးရေးစနစ်ကို ကျွမ်းကျင်စွာ စီမံခန်.ခွဲနေသည့်အတွက် စိုးရိမ်ကြောင့်ကြနေရန်မလိုအပ်ဟု ၎င်းတို.အပေါ်ပုံအပ်ထား၍ မိမိဘာသာ အားရကျေနပ်နေခဲ့ရာမှ ဘဏ္ဍာရေးအကျပ်အတည်းကြီး ပေါ်ပေါက်ခဲ့ရသည် ။ သို.သော် အဆိုပါ ကျွမ်းကျင်သူများကလည်း အလားတူပင် နောက်ထပ်တစ်ခြား ကျွမ်းကျင်သူတို.ထံသို. သူတို.၏ အန္တရာယ်များကို လွှဲပြောင်းပေးလိုက်ပြီဟု ယူဆ၍ နှစ်သိမ့်ကျေနပ်နေကြပြန်သည် ။ ဤသို.ဖြင့် ကျွမ်းကျင်သူ အဆင့်ဆင့် စီမံခန်.ခွဲလာလိုက်ရာ တန်းစီဇယား၏ နောက်ဆုံးရှိကျွမ်းကျင်သူသည် အဆုံး၌ ကိုယ့်ထက်ပို၍ ရူးသွပ်သူ ဖြစ်နေသည် ။ ဤသို.ဖြင့် စနစ်ကြီးတစ်ခုလုံး ပြိုလဲပျက်စီးလေတော့သည် ။
ကျွန်တော်တို.သည် ကျွမ်းကျင်သူများကို လိုအပ်နေဆဲဖြစ်ပါသည် ။ သို.သော် ဆုံးဖြတ်ချက်အလုံးစုံအား သူတို.အပေါ်သော်လည်းကောင်း ဖြစ်ကတတ်ဆန်း ဖန်တီးထားသည့် သူတို.၏ စနစ်ကြီး အပေါ်သော်လည်းကောင်း စိတ်ချလက်ချ လွှဲအပ်ထားရန်မူ မဖြစ်နိုင်တော့ပါ ။ ဤတိုင်းပြည်သည် အဆုံး၌ စိတ်လှုပ်ရှားလွယ်သော အပျော်တမ်းသမားများက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်စိတ်ဓာတ်သည် တကယ်တမ်းတွင် အပျော်တမ်းသမား စိတ်ဓာတ်သာဖြစ်သည် ။ ဥရောပမှ အလုံးအရင်းဖြင့် ပြောင်းရွှေ. အခြေချလာသူများသည် အပျော်တမ်း နယ်သစ်ရှာဖွေသူများဖြစ်ပြီး သူတို.၏ မြေးမြစ်တို.သည် အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သည့် အပျော်တမ်းနိုင်ငံရေးသမားများ ဖြစ်ကြသည် ။ “ဒီမိုကရေစီစနစ်ကို အပျော်တမ်းသမားများက အုပ်ချုပ်သောစနစ် ၊ကျွန်တော်တို.၏ အသိတရား၏ အကန်.အသတ်ရှိမှုကို ဝန်ခံသော နည်းလမ်းတစ်ခုအဖြစ် ထင်မြင်မိသည် ” ဟု ကွယ်လွန်သူ သမိုင်းညာရှင် ဒန်နီရယ်ဘုစတွန် ကရေးခဲ့သည် ။ ဆယ့်ကိုးရာစုအစောပိုင်း၌ အလက်စစ်ဒီတော့က်ဘီလ်က အမေရိကတွင် “အများနှင့်ဆိုင်သော အသက်မွေးလုပ်ငန်း” ကင်းမဲ့နေကြောင်း မှတ်ချက်ချခဲ့ဘူးသည် ။ ပညာရှင်နိုင်ငံရေးသမား ရှားပါးကြောင်းကို ဆိုလိုခြင်းဖြစ်သည် ။
သို.သော်ငြားလည်း “အပျော်တမ်းသမား” ဆိုသည့်ပုဒ်စုမှာ အပြုသဘောဆောင်သော နာမဝိသေသန တစ်ခုဖြစ်ခဲ့ပါသည် ။ အပျော်တမ်းလေ့လာလိုက်စားမှု ဆိုသည်မှာ တစ်စုံတစ်ယောက်က နယ်ပယ်တစ်ခု (ပညာရပ်နယ်ပယ်တစ်ခု ၊ အနုပညာရပ်တစ်ခု ၊ လက်မှုပညာရပ်တစ်ခု စသည်) ကို အလေးအနက်မထားဘဲ လေ့လာခြင်းဟု ဆိုလိုခြင်းမဟုတ်ပါ ၊ ဝင်ငွေရရှိရေးအတွက်မဟုတ်ပဲ ထိုပညာရပ်ကို နှစ်သက်မြတ်နိုးမှုအပေါ် အခြေခံ၍ လေ့လာလိုက်စားခြင်းဟု ဆိုလိုခြင်းဖြစ်ပါသည် ။
အပျော်တမ်းသမားတို.သည် သူတို.လုပ်ချင်သည်တို.ကို သူတို.လုပ်လိုသည့်ပုံစံ ၊ သူတို.လုပ်ချင်သည့် နည်းလမ်းများဖြင့် လုပ်ကြပါသည် ။ သူတို.သည် စည်းမျဉ်းစည်းကမ်းတို.ကို ဖောက်ဖျက်မိမည်ကို စိုးရိမ်ကြောင့်ကြမှု မရှိကြပါ ၊ အမှားအယွင်းများနှင့် ဆုံးရှုံးမှုများကို စိုးရိမ်ကြောင့်ကြစိတ်များကြောင့်လည်း တွန်.ဆုတ်သွားလေ့မရှိကြပါ ။ ပြည်သူတို.၏ တက်ကြွသည့် ပူးပေါင်းပါဝင်မှု ဆိုသည်မှာလည်း အမှန်စင်စစ်၌ အပျော်တမ်းစိတ်ဓာတ်ကို ဖော်ထုတ်ခြင်းသာဖြစ်သည် ။ “နေစမ်းပါဦးလေ…..ရှုံးနိုင်ခြေရှိမှုကို လက်လွှဲ အရောင်းအဝယ်လုပ်တယ် ဆိုတာကို ကျွန်တော်နားမလည်ပါဘူး ၊ ဘဏ်တစ်ဘဏ်အတွက် အရင်းဆပွါးကိန်း အချိုးအစား ဘယ်လောက်ရှိရမယ် ဆိုတာကိုလည်း ကျွန်တော်မသိပါဘူး” ဟု သင်ကဆိုပါလိမ့်မည် ။ ကျွန်တော်လည်း ၎င်းတို.ကို မသိပါ ၊ နားလည်းမလည်ပါ ။ ထိုနည်းတူစွာပင် ကျွန်တော်၏ ကျန်းမာရေးနှင့်ပက်သက်သည့် ကိစ္စအလုံးစုံကို စီမံခန်.ခွဲရန် အပျော်တမ်းဆရာဝန် တစ်ယောက်ထံ ပုံအပ်မထားချင်ပါ ။ သို.သော် ကျွမ်းကျင်သူဟု ယူဆရသူတို.က ရှင်းပြလာသည့် သင်္ကာမကင်းဖွယ် လုပ်ထုံးလုပ်နည်းများနှင့် ရေရာခြင်းမရှိသည့် စီမံကိန်းများကို အကဲဖြတ်ရာ၌မူ ပကတိဖြစ်ရပ်များအပေါ်အခြေခံ၍ သဘာဝကျကျ ဆုံးဖြတ်တတ်သည့် ကျွန်တော်တို.၏ ထင်မြင်ချက်များကို စိတ်ချအားကိုးနိုင်ပါသည် ။ အစွန်းတစ်ဖက်ရောက်တတ်၍ ဆန်.ကျင်ဖက် ဝိရောဓိတို.ရှိနေသည့် အမေရိကန်တို.၏ ဘက်နှစ်ဖက်ရှိသည့် စရိုက်သဘာဝကို နားလည်သည့်နည်းတူပင်ဖြစ်ပါသည် ။ ကျွန်တော်တို.သည် တစ်ဖက်တွင် လက်တွေ.ဆန် ၊ တည်ငြိမ်အေးဆေး၍ သဘာဝကျကျ နေထိုင်သည့် စရိုက်ရှိ၍ တစ်ခြားတစ်ဖက်တွင်မူ ခံစားချက်ပြင်းထန်၍ မိုက်ရူးရဲဆန်သည့် ဈေးကစားသူများဖြစ်ကြပါသည် ။ အပျော်တမ်းသမားစစ်စစ် စိတ်ဓာတ်မှာ ဤဝိရောဓိမှ ဆင်းသက်လာခြင်းဖြစ်သည် ။ ကျွန်တော်တို.သည် အသဲတစ်လှပ်လှပ်ရင်တစ်ဖိုဖို သဲထိတ်ရင်ဖိုတို.ကို အရသာတွေ.နှစ်သက်သည့်တိုင် လက်တွေ.အားဖြင့် မိမိကိုယ်ကို နှိမ့်ချထားဖို. အထူးတလည် လိုအပ်ပါသေးသည် ။ အကြောင်းမှာ အပျော်တမ်းသမားသည် သူကိုယ်တိုင် သေသေချာချာ မသိနားမလည်သည့် အနေအထားများကြားသို. သူ.ကိုယ်သူ ပစ်တင်ထားရသောကြောင့်ဖြစ်သည် ။ ထိုသို.သောအခြေအနေ၌ ပြဿနာများကို ချဉ်းကပ်ရာတွင် ရှုမြင်ပုံအသစ်နှင့် ဖြေရှင်းနည်းအသစ်တို.ကို ရှာဖွေကြံဆဖို. လိုအပ်လာပါသည် ။ ရိုးသားစွာ ဝန်ခံရပါက အမေရိကန်တို.၏ ဤညွှန်းမှတ်ပြောင်းသွားချိန် တစ်နည်းအားဖြင့် ပြိုလဲပျက်စီးပြီးသွားချိန်နှင့် ပြန်လည်၍ မတည်ဆောက်နိုင်သေးမှီ ကြားကာလတွင် မည်ကဲ့သို. ရှေ.ဆက်စခန်းသွားရမည်ကို သေသေချာချာ မသိသေးခြင်းသည် လွတ်မြောက်ခြင်းဖြစ်၍ အတိမ်းအစောင်းမခံ အရေးပါလှပါသည် ။ ကျွန်တော်သည် ဝိရောဓိတို.ကို နှစ်သက်ပါသည် ။ ထို.ကြောင့်သာလျှင် ဘာသာရေးကို သိပ်မကိုင်းရှိုင်းသော်လည်း ဇင်ဗုဒ္ဓဘာသာက ကျွန်တော့်စိတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိခြင်းဖြစ်ပါသည် ။ ဗုဒ္ဓဘာသာဝင်တို. ရရှိဖို. ကြိုးစားနေသည့် “ရှိုရှင်” သို.မဟုတ် “ လူသစ်တန်းစိတ်” ဟုခေါ်သည့် ဝိရောဓိသဘာဝကို လေ့လာကြည့်ကြပါစို. ။ “လူသစ်တန်းသမားတစ်ယောက်၏စိတ်တွင် ဖြစ်နိုင်ခြေများ အများအပြားရှိနေသည် ၊ သို.သော် ကျွမ်းကျင်သူတစ်ယောက်အတွက်မူ အနည်းငယ်မျှသာရှိသည်” ဟု သူ.ဘဝ၏ နောက်ဆုံး ၁၂ နှစ်လောက် အမေရိကန်တွင်နေသွားခဲ့သည့် ဂျပန်လူမျိုး ဇင်ဗုဒ္ဓဘာသာဆရာကြီး ရှန်နူဆူဇူကီး၏ ရေးသားချက်မှာ ကျော်ကြားလှပါသည် ။ ကျွန်တော့်အတွက်မူ ဤရေးသားချက်သည် ဘုစတွန် ပြောခဲ့သည့် အပျော်တမ်းသမားစိတ်ဓာတ်၏ အတွင်းသဘောနှင့် သဘောတရားအားဖြင့် များစွာကိုက်ညီသည်ဟု ထင်မိပါသည် ။ “စူးစမ်းလေ့လာမှု၏ အကြီးမားဆုံး အဟန်.အတားမှာ မသိနားမလည်မှုမဟုတ် ၊ အသိတရား၏ ဟုတ်ယောင်ထင် လှည့်စားမှုသည်သာ အဟန်.အတားဖြစ်သည်” ဟု ဘုစတွန်က ရေးခဲ့သည်။
ဤအယူအဆမှာ မရေမရာ အတွေးအခေါ်မဟုတ်ပါ ။ တကယ်စစ်မှန်၍ အလုပ်ဖြစ်သော အယူအဆ ဖြစ်ပါသည် ။ စတိဗ်ဂျော့ဘ်သည် အက်ပဲလ်ကို ပူးတွဲတည်ထောင်၍ ဆယ်စုနှစ်တစ်ခုကျော်အကြာ၌ သူ၏ဘုတ်အဖွဲ.မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည် ။ သို.သော် သစ္စာဖောက်ခံရသည်ဟု ခံစားချက်များ ကွယ်ပျောက်သွားချိန်၌ ပစ်ဇာကုမ္ပဏီကို တည်ထောင်ခဲ့၍ နောက်ထပ်တစ်ဖန် အက်ပဲလ်၏ အသစ်ပြန်၍ အားသစ်လောင်းခြင်းကို ကြီးကြပ်ခန်.ခွဲရချိန်၌မူ သူ၏ဘဝကို ပြန်လည်၍ ချိန်ညှိခဲ့ရခြင်းမှာ ရုပ်ဖျက်၍လာသည့်ကံကောင်းခြင်း ၊ အဆိုးထဲမှ အကောင်းအဖြစ် သူသိရှိလက်ခံခဲ့သည် ။ “အောင်မြင်ခြင်းရဲ. လေးလံဝန်ပိမှုတွေကို လူသစ်တန်းတစ်ယောက်ရဲ. ပေါ့ပါးလတ်ဆတ်မှုတွေက ပြန်ပြီးအစားထိုးခဲ့တယ် ၊ ဘာတစ်ခုမှ မသေချာတဲ့ အခြေအနေပေါ့ ။ အဲဒီအနေအထားက ကျွန်တော့်ဘဝရဲ. ထိုးထွင်းတီထွင်မှုအရှိဆုံး ကာလတစ်ခုဖြစ်လာဖို. တွန်းအားပေးခဲ့တယ်” ဟု အလုပ်မှ ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်၍ ဂျော့ဘ်ကပြောခဲ့သည် ။ ဂျော့ဘ်ဘာကိုပြောချင်သည်ကို ကျွန်တော်သိပါသည် ။ လွန်ခဲ့သည့် ၁၃ နှစ်က နယူးယောက်မဂ္ဂဇင်း၏ အယ်ဒီတာအဖြစ်မှ အထုတ်ခံခဲ့ရခြင်းသည် ဝတ္ထုရေးဆရာတစ်ယောက် ၊ ရေဒီယို အစီအစဉ် တင်ဆက်သူတစ်ယောက်အဖြစ် ကျွန်တော့်ကိုကျွန်တော် ပြန်လည်၍ အသစ်တစ်ဖန် ဆန်းသစ်စေရန် လွတ်လပ်သွားစေခဲ့ပါသည် ။ အလုပ်မှ အထုတ်ခံရခြင်းသည် ကိုယ် ၊ စိတ်တို.၌ ဒဏ်ရာဒဏ်ချက်ဖြစ်စေ၍ ထိတ်လန်.တုန်လှုပ်ဖွယ်ဖြစ်ပါသည် ။ ကိုယ့်လမ်းကိုယ် ရှာရခြင်းသည် ရင်ဖိုစရာကောင်း၍ အားရစဖွယ်လည်း ဖြစ်ပါသည် ။ အမေရိကားနှင့် အမေရိကန်တို.အတွက် ယခုလက်ရှိတွေ.ကြုံနေရသည့် အကျပ်အတည်းအတွင်းမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတို.ကို ရှာဖွေတွေ.ရှိ၍ ကံကောင်းကြပါစေသတည်း ။

Sunday, August 2, 2009

ဘုရားသခင်၏ အသံ နောက်ဆက်တွဲ

ဒီ post က အရင်အပတ်က တင်ခဲ့တဲ့ "ဘုရားသခင်၏ အသံ" ရဲ. မူရင်းပါ ။ ထုံးစံအတိုင်း ကျွန်တော့်ရဲ. Notes တွေနဲ. ကျွန်တော်ကြိုက်မိတဲ့ sentence တွေကိုလည်း တင်လိုက်ပါတယ် ။ ဝေဖန်ဆွေးနွေးမှုတွေကို ကြိုဆိုပါတယ် ။ အင်္ဂလိပ်စာလေးလေ့လာရင်း သူတို.ဆီက Essay တွေကိုလည်း ဖတ်ပြီးသား ဖြစ်သွားတာပေါ့ဗျာ ။ ကျေးဇူးတင်ပါတယ် ။


Barack Obama and the Voice of God
By
Michael Kinsley
Time (Thursday, Jan.15, 2009)


In the 1950s and '60s, God was a man named Alexander Scourby. He was born in Brooklyn, N.Y., of Greek immigrant parents and attended college in West Virginia, but he spoke in a "deep and resonant voice" (as Wikipedia puts it) and — here is the key point — with more than a touch of a British accent. Long after Britain had exhausted its resources in World War II and lost its empire, a British accent conveyed authority, dignity, power.
In Hollywood, they sometimes refer to an omniscient but unseen narrator as a VOG, short for voice of God. Scourby was the leading VOG of his day, in documentaries like Victory at Sea and numerous commercials. His was the voice in the first ever recording of the entire Bible, made in the 1940s. At that time, it was as natural to assume that God spoke with a British accent as it was to assume that he had a beard — or, for that matter, that he was a he.
Scourby died in 1985, after at least two complete recordings of the Bible and one of the Koran. Yes, in those days, even the Prophet Muhammad had a British accent. So who is God today? The answer is clear: he is James Earl Jones. Jones' voice is best known for five immortal syllables: "THIS [pause] is CNN." Jones is also the voice of Darth Vader in the Star Wars films. And his recording of the King James Version of the Bible has sold more than 400,000 copies. Jones' voice is even deeper and more resonant than Scourby's, but there is only a trace of a British accent. Jones is African American and sounds it.
The currently best-selling audio Bible, Inspired by ... the Bible Experience, has an all-star cast including Angela Bassett, Cuba Gooding Jr., Samuel L. Jackson and Forest Whitaker — all African American. Meanwhile, Jones' only real competition for the role of God — at least until Denzel Washington gets a bit older — is Morgan Freeman. Jones is the Old Testament God, fierce and forbidding. Freeman is the New Testament version, all wise and all knowing, to be sure, but more approachable. He has done it twice in movies, has been the VOG in commercials for Listerine and Visa cards, among other products, and was the inevitable choice as narrator for that excruciatingly adorable movie about penguins. Freeman told an Associated Press reporter a few months ago that he is "tired of playing God." Who can blame him? At least as Freeman plays him, God is a bit hard to take: so full of tough love and wry wisdom that you long to wear a wire and catch him soliciting $8 million bribes to admit you into heaven.
Brits and pseudo-Brits, in sum, have lost this franchise. If you're a casting director looking for a voice whose very timbre communicates authority, dignity, power, you might even go to Queen Latifah before you resort to Jeremy Irons. The reasons aren't hard to speculate about. The roots of this development go back at least to the 1930s and Paul Robeson's singing "Ol' Man River" in Showboat. The therapeutic notion that suffering confers dignity and authority has spread just as the suffering of African Americans over generations has become universally acknowledged. Above all, black American ministers have replaced British politicians, at least in perception, as the world's most eloquent public users of the English language. Our homegrown Martin Luther King Jr. has knocked Winston Churchill off his perch as the ideal.
What's most inspiring about this development is that it can't be faked. There is no element of affirmative action here. Sidney Poitier won't do. The point is not to be black but to sound black. And unlike the integration and near domination of African Americans in professional sports, this is not even a matter of genuine talent breaking down the floodgates. Plenty of white or white-sounding actors could say "THIS [pause] is CNN" as well as Jones. Most people who have heard that phrase a hundred times don't know whose voice it is and — unless the question is raised specifically — they aren't even consciously aware that the person is black. They relate to the voice on a subconscious level, and they associate it with power and authority.
Starting Jan. 20, the most powerful person in the world actually will be a black man. Although President Barack Obama is one of the greatest public speakers now practicing that art, he probably couldn't get hired as the anonymous voice-over spokesman for a brand of cereal because he doesn't sound black enough. Nevertheless, he is a beneficiary of this development. When God turned into an African American, it became less unthinkable that the President might be African American as well.

Notes :
all-star ~ (adj) an all-star cast (=including many well-known actors) နာမည်ကြီး အနုပညာသည်များ ပါဝင်သော ။
forbidding ~ (adj) seeming unfriendly and frightening and likely to cause harm or danger : a forbidding appearance/look/manner
tough love ~ (n) the fact of helping sb who has problems by dealing with them in a strict way because you believe it is good for them
wry ~ (adj) showing that you are both amused and disappointed or annoyed: “At least we got one vote,” she said with a wry smile.
solicit sth (from sb) / solicit (sb) (for sth) ~ (v) (formal) to ask sb for sth, such as support, money or information; to try to get sth or persuade sb to do sth: They were planning to solicit funds from a number of organizations. Historians and critics are solicited for their opinions. တောင်းခံသည် ။
therapeutic ~ (adj) helping you to relax : Painting can be very therapeutic.
flood-gate ~ (n) a gate that can be opened or closed to control the flow of water on a river: (figurative) If the case is successful, it may open the flood-gates to move damages claims against the industry (= start something that will be difficult to stop).
resort to sth ~ (phr v) to make use of sth bad, as a means of achieving sth, often because there is no other possible solution
integrate ~ (A)(into/with B) ~ A and B to combine two or more things so that they work together; to combine with sth else in this way
integrate ~ (sb) (into/with sth) to become or make sb become accepted as a member of a social group, especially when they come from a different culture: They have not made any effort to integrate with the local community. The policy is to integrate children with special needs into ordinary schools. ပူးပေါင်းသည် ။ ပေါင်းစပ်သည် ။ တန်းတူရည်တူ ဖြစ်စေသည် ။
above all ~ (idm) most important of all; especially :Above all, keep in touch.
confer ~ (sth on upon sb) to give sb an award, a university degree or a particular honour or right ဘွဲ. စသည် ချီးမြှင့်သည် ။
turn into ~ (phrv) to be changed, transformed or converted into
knock sb off their pedestal/perch ~ (idm) to make sb lose their position as sb/sth successful or admired ဖြုတ်ချသည် ။
affirmative action (=positive discrimination) ~ (n) the practice or policy of making sure that a particular number of jobs, etc. are given to people from groups that are often treated unfairly because of their race, sex, etc. လူမျိုးအရ အနှိမ်ခံရသူများကို တမင်တကာ ခွဲခြား အရေးပေးမှု ။
beneficiary ~ (n) (of sth) 1. a person who gains as a result of sth: Who will be the main beneficiary of the cuts in income tax? 2. a person who receives money or property when sb dies အကျိုးခံစားသူ ၊ ကွယ်လွန်သူထံမှ ပစ္စည်းတစ်စုံတစ်ရာ ဆက်ခံရရှိသူ ။
unthinkable ~ (adj) (for sb) (to do sth) (that……) impossible to imagine or accept : It was unthinkable that she could be dead. The time has come to think the unthinkable (consider possibilities that used to be unacceptable). မစဉ်းစားဝံ့သော ၊ ထည့်မစဉ်းစားသော ၊ ခေါင်းထဲမထည့်သော ။

wear a wire ~ ?

ကြိုက်မိသော sentence များ


At that time, it was as natural to assume that God spoke with a British accent as it was to assume that he had a beard--or, for that mater, that he was a he.


Freeman told an Associated Press reporter a few months ago that he is “tired of playing God.” Who can blame him? At least as Freeman plays him, God is a bit hard to take: so full of tough love and wry wisdom that you long to wear a wire and catch him soliciting $8 million bribes to admit you into heaven.


Our homegrown Martin Luther King Jr. has knocked Winston Churchill off his perch as the ideal.


What’s most inspiring about this development is that it can’t be faked. There is no element of affirmative action here. Sidney Poitier won’t do. The point is not to be black but to sound black. And unlike the integration and near domination of African Americans in professional sports, this is not even a matter of genuine talent breaking down the floodgates. Plenty of white or white-sounding actors could say “THIS [pause] is CNN” as well as Jones. Most people who have heard that phrase a hundred times don’t know whose voice it is and—unless the question is raised specifically—they aren’t even consciously aware that the person is black. They relate to the voice on a subconscious level, and they associate it with power and authority.


Starting Jan.20, the most powerful person in the world actually will be a black man. Although President Barack Obama is one of the greatest public speakers now practicing that art, he probably couldn’t get hired as the anonymous voice-over spokesman for a brand of cereal because he doesn’t sound black enough. Nevertheless, he is a beneficiary of this development. When God turned into an African American, it became less unthinkable that the President might be African American as well.

Sunday, July 26, 2009

ဘုရားသခင်၏ အသံ


၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ.ထုတ် Time မဂ္ဂဇင်းက Michael Kinsley ရဲ. Voice of God ဆိုတဲ့ Essay လေးကို ဘာသာပြန်ထားတာပါ။ ဇန်နဝါရီလ ၂၀ ရက်နေ.ဆိုရင် အမေရိကားမှာ သမ္မတအသစ် ရုံးစထိုင်ပါတယ် ။ ဒီ Essay လေးက သမ္မတဘားရက်အိုဘားမား ရုံးစထိုင်ဖို. ရက်ပိုင်းအလိုလေးမှာရေးထားတာပါ ။ အမေရိကားရဲ. ပထမဆုံး လူမည်းသမ္မတဖြစ်တဲ့ အိုဘားမားကို အမေရိကန်တွေသာမက တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာကတောင် ထောက်ခံခဲ့ကြ ၊ ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်သူတွေရဲ. မဲတွေကိုသာမက တစ်ကမ္ဘာလုံးက လူတွေရဲ. မျှော်လင့်ချက်တွေ ၊ နှလုံးသားတွေကိုပါ သိမ်းပိုက်အောင်နိုင်ခဲ့တဲ့ လူမည်းသမ္မတပါ ။ ဒီ Essay ထဲမှာ အမေရိကမှာ လူမည်းတွေနေရာရလာပုံတွေကို မူရင်းစာရေးဆရာက ပါးပါးလေး ရေးပြထားပါတယ် ။


တစ်ထောင့်ကိုးရာ ငါးဆယ်နှင့် တစ်ထောင့်ကိုးရာ ခြောက်ဆယ် ခုနှစ်များ အတွင်းက ဘုရားသခင်မှာ အလက်ဇန်းဒါး စကိုဘီ ဟုခေါ်သော လူတစ်ယောက် ဖြစ်သည် ။ အမေရိကန်ပြည်ထောင်စုသို. ပြောင်းရွှေ. အခြေချလာသည့် ဂရိလူမျိုး မိဘနှစ်ပါးမှ နယူးယောက် ပြည်နယ် ဘရွက်ကလင်းတွင် ဖွါးမြင်ခဲ့သည် ။ သို.သော် သူ၏အသံမှာ (ဝီကီပီးဒီးယား အလိုအရ) “ဟိန်း၍ အောသော အသံ” ဖြစ်သည် ။ အဓိကကျသော အချက်မှာ ဗြိတိသျှ လေသံဖြင့် ကျကျနန ပြောနိုင်ခြင်း ဖြစ်သည် ။ ဗြိတိန်နိုင်ငံသည် ဒုတိယကမ္ဘာစစ် အတွင်းက အားအင်ကုန်ခမ်း၍ ၎င်း၏ အင်ပါယာကို ဆုံးရှုံးသွားပြီး နှစ်ပေါင်း များစွာ ကြာပြီးနောက် ဗြိတိသျှ လေသံက ပိုင်စိုးမှု ဂုဏ်သိက္ခာနှင့် ဩဇာလွှမ်းမိုးမှု တို.ကို သယ်ဆောင်လာခဲ့သည် ။
ဟောလီးဝုဒ်တွင် ထိုကဲ့သို. ကြီးကျယ်သော အသိဥာဏ်ရှိသူအဖြစ် မမြင်ရသည့် စကားပြောဖြင့် သရုပ်ဖော်တင်ဆက်သူကို ဗွီအိုဂျီ (ဘုရားသခင်၏ အသံကို အတိုကောက်ခေါ်သော အသုံးအနှုန်း) ဟု ခေါ်ကြသည် ။ စကိုဘီသည် ပင်လယ်ပြင်မှအောင်ပွဲကဲ့သို.သော မှတ်တမ်းရုပ်ရှင်များတွင် သူ.ခေတ်သူ.အခါက ထင်ရှားသော ဗွီအိုဂျီ ဖြစ်သည် ။ သူ၏အသံမှာ တစ်ထောင်ကိုးရာလေးဆယ်ခုနှစ်များ အတွင်းက သမ္မာကျမ်းစာ တစ်အုပ်လုံးကို အသံသွင်းထုတ်ဝေသည့် ပထမဦးဆုံး အသံဖြစ်သည် ။ ဘုရားသခင်တွင် ပါးသိုင်းမွှေးရှိသည်ဟု ယူဆသကဲ့သို. ဘုရားခင်သည် ဗြိတိသျှ လေသံဖြင့် စကားပြောသည်ဟု ထိုခေတ်ထိုအခါက သဘာဝကျကျ အလိုအလျောက် ယူဆခဲ့ကြသည်။ ထို.ကြောင့်သာလျှင် သူသည် သူဖြစ်နေခဲ့ခြင်းဖြစ်သည် ။
အနည်းဆုံး သမ္မာကျမ်းစာ နှစ်တွဲနှင့် ကိုရမ်ကျမ်းစာ တစ်တွဲ တို.ကို အသံသွင်းပြီးနောက် တစ်ထောင့်ကိုးရာရှစ်ဆယ့်ငါး ခုနှစ်တွင် စကိုဘီ ကွယ်လွန်ခဲ့သည် ။ ဟုတ်ကဲ့ ထိုခေတ်ထိုအခါက တမန်တော်မိုဟာမတ် သည်ပင်လျှင် ဗြိတိသျှ လေသံဖြင့်ပြောခဲ့ပါသည် ။ ထိုသို.ဆိုလျှင် ယနေ.ခေတ်၏ ဘုရားသခင်မှာ မည်သူပါနည်း။ အဖြေက ရှင်းပါသည်သူသည် ဂျိမ်းစ်အားလ်ဂျုန်း ဖြစ်ပါသည် ။ “စီအန်အန် ---ကပါ” ဟူသည့် အသံမှာ ဂျုန်း၏ အကြော်ကြားဆုံးသော အသံထွက် ငါးလုံး ဖြစ်သည် ။ ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ဇာတ်ကားမှ ဒါ့သ်ဗေဒါ၏ အသံသည်လည်း ဂျုန်း၏ အသံဖြစ်သည် ။ သူအသံသွင်းထားသည့် ဂျိမ်းဘုရင်မူကွဲ အသံသွင်း သမ္မာကျမ်းစာသည် အခွေပေါင်း လေးသိန်းကျော်မျှ ရောင်းချခဲ့ရသည် ။ ဂျုန်း၏အသံမှာ စကိုဘီ၏ အသံထက်ပင် ပိုဟိန်းကာပို၍ပင် အောပါသေးသည် ။ ဗြိတိသျှ လေသံ ထွက်ခြင်း မထွက်ခြင်း တစ်ခုသာ ကွာခြားသည် ။ ဂျုန်းသည် အာဖရိကနွယ်ဖွား အမေရိကန်ဖြစ်ပြီး ထိုလေသံထွက်လေသည် ။
လတ်တလော အရောင်းရဆုံး အသံသွင်း သမ္မာကျမ်းစာတွင် အန်ဂျလာဘတ်ဆတ် ၊ ကူဘာဂွတ်ဒင်း ဂျူနီယာ ၊ ဆမ်မျူရယ် အယ်လ် ဂျက်ဆန် နှင့် ဖောရတ်စဝှီးတိတ်ကား အစရှိသည့် နာမည်ကြီး အနုပညာရှင် အများအပြား ပါဝင်ကြသည် ၊ အားလုံးအာဖရိကန် အမေရိကန်များ ဖြစ်ကြသည် ။ ဘုရားသခင်အဖြစ် သရုပ်ဆောင်ရမည့် သူအတွက်မူ ဂျုန်းအတွက် ပြိုင်ဘက် အစစ်မှာ (ဒန်ဇယ်လ်ဝါရှင်တန် အသက်အနည်းငယ်ကြီးလာသည့် အချိန်တွင်) မော်ဂန်ဖရီးမန်း တစ်ယောက်သာရှိတော့သည် ။ ဂျုန်း၏အသံက ခက်ထန်၍ အဟန်.ရှိပြီး ဓမ္မဟောင်းကျမ်းလာ ဘုရားသခင်နှင့်တူသည် ။ ဖရီးမန်း၏ အသံကမူ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံကာ အားလုံးကိုသိရှိနားလည် မြော်မြင်နိုင်စွမ်းရှိနေသည့် ဓမ္မသစ်ကျမ်းလာ ဘုရားသခင်နှင့်တူလေသည် ။ သူသည် ဘုရားသခင်၏ အသံအဖြစ် ရုပ်ရှင်ထဲတွင် နှစ်ကြိမ်သရုပ်ဆောင်ခဲ့ပြီး လစ်စတာရင်းနှင့် ဗီဇာကတ် ကြော်ငြာများတွင်လည်း သရုပ်ဆောင်ခဲ့သည် ။ ထို.ကြောင့်သာလျှင် ချစ်စဖွယ် ပင်ဂွန်းငှက်ကလေးများ အကြောင်း ပျင်းစရာကောင်းလောက်အောင် ရိုက်ပြထားသည့် ရုပ်ရှင်ဇာတ်ကားတွင် စကားပြောဖြင့် သရုပ်ဆောင်ဖို. သူ.ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည် ။ လွန်ခဲ့သည့် လအနည်းငယ်ခန်.က “ဘုရားသခင် အဖြစ် သရုပ်ဆောင်ရသည်ကို ငြီးငွေ.နေပြီဖြစ်ကြောင်း” ဖရီးမန်းက အေပီ သတင်းထောက်တစ်ဦးအား ပြောကြားခဲ့သည် ။ ထို.အတွက် သူ.ကို မည်သူကများ အပြစ်တင်နိုင်ပါမည်နည်း ။ ဖရီးမန်း ပြောသကဲ့သို.ပင် ဘုရားသခင်အဖြစ် သရုပ်ဆောင်ရသည်မှာ အတော်တော့ ခက်ပါသည် ။ လူသားတို.အား ချစ်ခင်သော်ငြား မာရေကျောရေဖြင့်သာ ချစ်ပြခြင်းများ ၊ သူတို.၏ မသိသားဆိုးရွားမှုများအတွက် ခနဲ.တဲ့တဲ့သရော်နေပုံများမှာ ဒေါ်လာရှစ်သန်းမျှ လာဘ်ငွေယူပြီးမှသာ သင့်ကို ကောင်းကင်ဘုံသို. ဝင်ရောက်ခွင့် ပြုနိုင်မည်ဟု ဆိုသည့်နှယ်ပင် ။
ယျေဘုယျပြောရပါလျှင် ဗြိတိသျှများနှင့် ဗြိတိသျှ ဆန်ဆန် လူမျိုးများသည် ဤနယ်ပယ်တွင် ကျရှုံးနေကြပါသည် ။ အကယ်၍ သင်သည် ပိုင်စိုးမှု ဂုဏ်သိက္ခာနှင့် ဩဇာလွှမ်းမိုးမှု စသည်တို.နှင့် ပြည်စုံသည့် အသံဩဇာရှင်ကို ရှာဖွေနေသည့် ဒါရိုက်တာတစ်ဦးဖြစ်ပါက သင်သည် ကွင်းလာတီဖာဆီသို. အရင်ဆုံးချဉ်းကပ်၍ နောက်ဆုံးမတတ်သာမှသာ ဂျရယ်မီအိုင်းရင်းကို အားကိုးပေလိမ့်မည် ။ ဤသို.ဖြစ်ရခြင်း၏ အကြောင်းကို ဆင်ခြင်သုံးသပ်ရန် သိပ်တော့ မခက်လှပါ ။ ဤဖြစ်စဉ်များ၏ ရင်းမြစ်ကိုရှာဖွေကြည့်ပါလျှင် ၁၉၃၀ ခုနှစ်ဝန်းကျင်ကာလများက ဖြစ်ရပ်များနှင့် မစ္စစစ်ပီနှင့် အိုဟိုင်းယိုး မြစ်ရိုးတစ်လျှောက် တစ်မြို.ဝင် တစ်ရွာထွက် စုံဆန်၍ ဖျော်ဖြေခဲ့သည့် သင်္ဘောဇာတ်ရုံများ အကြောင်းကို ဖွဲ.နွဲ.ထားသော “သင်္ဘောဇာတ်ရုံ” အမည်ရှိ ဂီတပြဇာတ်မှ ပေါလ်ရော့ဘ်ဆန် သီဆိုထားသည့် အာဖရိကန်အမေရိကန်တို.၏ ခက်ခဲကြမ်းတမ်းမှုများနှင့် ရုန်းကန်မှုများအကြောင်းကို ဆွေးမြေ.ဖွယ် ဖွဲ.နွဲ.ထားသည့် “ အို….မြစ်မင်းအို” အမည်ရှိသီချင်းတို.ကို နောက်ကြောင်းပြန်ရပေမည် ။ အာဖရိကန် အမေရိကန်တို.သည် မျိုးဆက်ပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသကဲ့သို. ထိုနစ်နာမှုများအတွက် ဂုဏ်သိက္ခာနှင့် ဩဇာလွှမ်းမိုးမှုများဖြင့် ပြန်လည်ချီးမြှင့်ခံစားရခြင်းဖြစ်သည် ဟူသော နှစ်သိမ့်ဖြေဖျောက်သည့် သဘောထားအယူအဆတစ်ခုကို ကျယ်ကျယ်ပြန်.ပြန်. အသိအမှတ်ပြု လက်ခံလျှက်ရှိနေသည် ။ အရေးအကြီးဆုံး အချက်မှာ လူမည်းအမေရိကန် ဝန်ကြီးများသည် ကမ္ဘာပေါ်တွင် အင်္ဂလိပ်စကားကို အကောင်းဆုံးပြောနိုင်သူများအဖြစ် ဗြိတိသျှနိုင်ငံရေးသမားများကို အစားထိုးနေရာယူလျှက်ရှိသည် ။ ကျွန်တော်တို.၏ မာတင်လူသာကင်း ဂျူနီယာသည်ပင်လျှင် ဝင်စတန်ချာချီအား စံပြပုဂ္ဂိုလ် အဖြစ်မှဖြုတ်ချ၍ သူ.နေရာတွင် အစားထိုး နေရာယူခဲ့သည် မဟုတ်ပါလော ။
ဤဖြစ်ပေါ်တိုးတက်မှုများနှင့်ပက်သက်၍ အားတက်စရာအကောင်းဆုံးအချက်မှာ ၎င်းတို.သည် အတုလုပ်၍ မရနိုင်ခြင်းပင်ဖြစ်သည် ။ လူမျိုးအရ အနှိမ်ခံရသည့်အတွက် တမင်တကာခွဲခြား၍ အရေးပေးခံရခြင်း လုံးဝမဟုတ်ပါ ။ ဆစ်ဒနီပွိုင့်တီယာ လုပ်လိမ့်မည် မဟုတ်ပါ ။ အဓိကကျသော အချက်မှာ လူမည်းဖြစ်ရန်မဟုတ်ပါ လူမည်းသံထွက်ဖို.သာ ဖြစ်ပါသည် ။ အားကစားလောကတွင် အာဖရိကနွယ်ဖွား အမေရိကန်တို. လွှမ်းမိုးကြီးစိုးလာသည်နှင့်လည်း မတူပါ ၊ ဤဖြစ်ရပ်တို.မှာ အတားအဆီးပိတ်ဆို.ကန်.သတ်မှုတို.ကို ချိုးဖျက်၍ ထွက်လာသည့် ပင်ကိုယ်စွမ်းရည်ရှိ ပါရမီရှင်တို.၏ ဖြစ်စဉ်တို.ပင်မဟုတ်ပါ ။ မြောက်များစွာသော လူဖြူများ သို.မဟုတ် လူဖြူသံထွက်သည့် သရုပ်ဆောင်တို.သည်လည်း ဂျုန်းကဲ့သို.ပင် “စီအန်အန် ---ကပါ” ဟု ပြောနိုင်ကြပါသည် ။ ဤစကားစုကို အကြိမ်တစ်ရာမျှကြားခဲ့ဖူးသော်လည်း များစွာသောသူတို.သည် မည်သူ.အသံဖြစ်ကြောင်း မသိကြပါ ၊ အသံရှင် မည်သူဖြစ်ကြောင်း သေသေချာချာ မေးခွန်းထုတ်မကြည့်ပါက လူမည်းဖြစ်ကြောင်းကို သတိပင်ပြုမိကြလိမ့်မည် မဟုတ်ပါ ။ သူတို.သည် ထိုအသံကို အမှတ်တမဲ့ပင် နားလည်သဘောပေါက်ထားကြပြီးလျှင် ဩဇာအရှိန်အဝါတို.နှင့် ပြည့်စုံကြောင်းကို တစ်ဝက်သိစိတ်ဖြင့်ပင် လက်ခံထားလိုက်ကြသည် ။
ဇန်နဝါရီ ၂၀ ရက်နေ.မှစ၍ ကမ္ဘာပေါ်တွင် ဩဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်မှာ တကယ်ပင် လူမည်းတစ်ယောက် ဖြစ်လာပေတော့မည် ။ သမ္မတဘားရက်အိုဘားမားသည် အကြီးကျယ်ဆုံးသော ဟောပြောသူတစ်ယောက်အဖြစ် ထိုအနုပညာကို လက်တွေ.အသုံးချနေသော်လည်း ကောက်နှံပင်ထွက် စားသောက်ကုန်တစ်ခုအတွက် မမြင်ရသည့် အသံဖြင့်ကြော်ငြာသူအဖြစ်မူ သူ.ကိုငှါးရမ်းမည့်သူ ရှိချင်မှရှိပါလိမ့်မည် ။ အကြောင်းမှာ သူ၏အသံသည် လူမည်းသံ ထွက်သင့်သလောက်မထွက်သောကြောင့် ဖြစ်ပါသည် ။ သို.သော်လည်း သူသည် အဆိုပါ ဖြစ်ပေါ်တိုးတက်မှု၏ အကျိုးကို ခံစားရသူဖြစ်ပါသည် ။ ဘုရားသခင်သည် အာဖရိကန်အမေရိကန် အဖြစ် အသွင်ပြောင်းသွားချိန်၌ သမ္မတသည်လည်း အာဖရိကန်အမေရိကန် ဖြစ်ဖို.ဆိုသည်မှာ အထူးတလည် စဉ်းစားနေရန်မလိုအပ်လှပါ ။


(January 15, 2009 ခုနှစ်ထုတ် Time မဂ္ဂဇင်းမှ Michael Kinsley ၏ Voice of God ကိုသင့်လျော်အောင် ဘာသာပြန်ဆိုထားပါသည် ။)


Sunday, July 12, 2009

ဖတ်မိသမျှလေးတွေ (have got & have got to)

ဒီတစ်ပတ်တော့ ဘာသာပြန်နေရင်းကနေ ကျွန်တော်ဖတ်လိုက်မိတာလေးတွေကို Post တစ်ခုအနေနဲ.တင်လိုက်ပါတယ် ။

have got & have got to

have got

1. British English မှာ have got ဆိုတဲ့ structure ကို ပိုင်ဆိုင်မှုကို ဖော်ပြတဲ့အခါမှာ သုံးလို.ရပါတယ်တဲ့ ။ have နဲ. get ရဲ. V3 ပုံစံ got နဲ.တွဲထားတဲ့အတွက် verb to have + V3 ပုံစံဝင်နေပေမယ့် အဲဒီ structure ဟာ Present Perfect Tense မဟုတ်ပါဘူး Present Tense ပဲဖြစ်ပါတယ်။ ပိုင်ဆိုင်မှုကို ဖော်ပြတဲ့ structure တစ်ခုပဲဖြစ်ပါတယ် ။ ဥပမာအားဖြင့် …

They’ve hardly got enough money to live on.

She has got some lovely flowers in her garden.

The children have got a beautiful dolls’ house.

မဟုတ်ဝါကျနဲ. အမေးဝါကျတွေအတွက် ဆိုရင်တော့ do မပါဘဲသုံးရပါတယ် ။

Have you got any brothers or sisters?

Have you got anything more to say?

Has he got a job now?

I haven’t got much hair.

I’m afraid I haven’t got time to do it.

Got-forms တွေကို present tense မှာအသုံးများပါတယ် ။ I had got ကတော့ အသုံးနည်းပါတယ်တဲ့ ။ Got-forms တွေဟာ informal ပုံစံတွေဖြစ်ပြီး conversation တွေမှာအသုံးများတယ် writing မှာတော့ အသုံးနည်းပါတယ် ။

2. repetition နဲ. habit တွေကို ပြောတဲ့အခါမှာတော့ got-forms ကို အသုံးမပြုပါဘူး ။ အောက်ပါ ဝါကျတွေကို နှိုင်းယှဉ်ကြည့်ကြပါစို. ။

I’ve got toothache.

I often have toothache. လို.ရေးပါတယ် I’ve often got toothache. လို.မရေးရပါဘူး ။

We haven’t got any beer today, I’m afraid.

We don’t often have beer in the house.

have got to

1. အလွယ်ဆုံးနဲ.အရှင်းဆုံးပြောရရင်တော့ have got to = must ပါပဲ ။

Sorry, I’ve got to go now.

Do you often have to travel on business?

2. got-forms တွေဟာ Present Tense verb form တွေပါ ။ အောက်မှာကြည့်ပါ ။

I’ve got to go to London tomorrow.

I had to go to London yesterday. ပါ I had got to လို. ရေးလို.မရပါဘူး ။

3. ရှေ.မှာ ရေးခဲ့သလိုပါဘဲ got-forms တွေကို repetition နဲ. habit တွေအကြောင်းပြောရာမှာ မသုံးရပါဘူး။ အောက်ကဝါကျတွေကို ကြည့်ကြပါစို. ။

I’ve got to write a financial report tomorrow.

I have to write financial report at the end of every month.