Friday, October 8, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၁၂ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၁၂
အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
အစိုးရမူဝါဒအားလုံး၌ အောင်မြင်မှုအပြည့်ရသော မူဝါဒများပင်ဖြစ်စေကာမူ ပေးဆပ်ရသည့်
အရင်းအနှီးများရှိသည် ။ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး အားထုတ်မှု၏ ပေးဆပ်ရင်းနှီးရမှုများအနက်
တစ်ခုမှာ (ပြုပြင်ပြောင်းလဲရေး၏ အစောပိုင်းကာလများကတည်းကစ၍) အကျင့်ပျက်ခြစားမှုဖြစ်သည် ။
မည်သည့် ပြုပြင်ပြောင်းလဲရေးသမားမျှ ဤပြဿနာနှင့် ၎င်း၏အကျိုးဆက်များကို
လျစ်လျှူရှုမထားနိုင်ကြပေ ။ အကျင့်ပျက်ခြစားမှုသည် စီးပွါးရေးစနစ်အဟောင်းမှ အသစ်သို.
ကူးပြောင်းခြင်း၏ ရလာဒ်တစ်ခုဖြစ်ပြီး တရားသေ အစွန်းရောက်တုံ.ပြန်မှုများ မလိုအပ်ဟု ကျောက်က
စောဒကတက်ထားသည် ။ အဖြေမှာ စီးပွါးရေး ၊ နိုင်ငံရေးနှင့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို
ပို၍လျှင်မြန်စွာ ဆက်လက်ဖော်ဆောင်သွားရန်ဖြစ်သည်ဟု သူကဆိုသည် ။
အကျင့်ပျက်ခြစားမှုသည် အရေးကြီးသည့် အကြောင်းအရာတစ်ခုအဖြစ် ၁၉၈၈ ခုနှစ်၌ ပေါ်ထွက်လာသည် ။ ဤပြဿနာကို မည်သို.အဓိပ္ပါယ်ဖွင့်ဆိုပြီး မည်သို.ဖြေရှင်းမည်နည်း ဆိုသည့်အချက် ၊ ပြုပြင်ပြောင်းလဲရေးကို ဆန်.ကျင်သူများက စနစ်ဟောင်းအား ပြန်လည်အသက်သွင်းနိုင်ရေးအတွက် ဤကိစ္စအား အခွင့်အရေးတစ်ရပ်အဖြစ် အမြတ်ထုတ် အသုံးချမည့် အဖြစ်မျိုး အရောက်မခံပဲ အကျင့်ပျက်ခြစားမှု ၊ သန်.ရှင်းသည့်အစိုးရတစ်ရပ် တည်ထောင်ဖွဲ.စည်းမှု စသည်တို.နှင့်ပက်သက်၍ စိုးရိမ်ပူပန်မှုများအား ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ရန်အတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် မည်သို.အသုံးချမည်နည်း ဆိုသည့်အချက်တို.မှာ ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည် ။
ရှေ.၌ ကျွန်တော်ပြောခဲ့သလိုပင် ၁၉၈၈ ခုနှစ် နွေဦးပွဲတော် အားလပ်ရက်၌ ဂွမ်ဒေါင်းတွင် ရောက်ရှိနေစဉ်က အာဏာနှင့်ငွေကြေးဖလှယ်မှုနှင့် ပက်သက်သည့် ရေးသားဖော်ပြချက် အများအပြားကို ကျွန်တော်ဖတ်ခဲ့ရသည် ။ ၎င်းတို.မှာ ပြုပြင်ပြောင်းလဲရေး၏ အကျိုးဆက်များဖြစ်သည်ဟု မယူဆနိုင်သော်လည်း စီးပွါးရေးအဝန်းအဝိုင်းတွင်း ပြောင်းလဲမှုများနှင့် ဆက်စပ်နေကြောင်းကိုမူ ကျွန်တော်တို. အသိအမှတ်ပြုရပေမည် ။ ပြဿနာကို ကျွန်တော်တို. လျစ်လျှူရှုမထားနိုင်ပေ ။ “စီးပွါးရေးအရ ကြီးပွါးအောင်မြင်ရမည် ၊ အစိုးရသည် သန်.ရှင်းမြဲ သန်.ရှင်းနေရမည်”ဟု ကျွန်တော်အဆိုပြုခဲ့သည် ။
“သန်.ရှင်းမြဲသန်.ရှင်းရေး”သည် အဓိကကျသည့် ကိစ္စဖြစ်ကြောင်း ကျွန်တော်ပို၍ပို၍ သဘောပေါက်လာသည် ။ ၎င်းကို လျစ်လျှူရှုထားပါက ပြုပြင်ပြောင်းလဲရေးကို ဆန်.ကျင်သူများအတွက် အကြောင်းပြစရာတစ်ခု ရရှိသွားစေနိုင်ပြီး ပြည်သူများအား မကျေမချမ်းဖြစ်စေလိမ့်မည် ။ အကျိုးဆက်များမှာ ကြောက်မက်ဖွယ်ကောင်းလှပေမည် ။ တစ်ချိန်တည်းမှာပင် ကျွန်တော်တို.သည် အကျင့်ပျက်ခြစားမှု ဆန်.ကျင်ရေးအား ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ရန်အတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချနိုင်ပေမည် ။ ဤပြဿနာများသည် ပတ်ဝန်းကျင်အသစ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများဖြစ်သည့်အတွက် နည်းလမ်းဟောင်းများကို အသုံးပြု၍ ဖြေရှင်းနိုင်မည်မဟုတ်ပေ ။ ပထမဦးစွာ ဤပြဿနာများ၏ အကြောင်းရင်းများကို နားလည်သဘောပေါက်ရန်လိုသည် ။ သို.မှသာလျှင် ၎င်းတို.ကို ဖြေရှင်းနိုင်မည့် ထိရောက်သည့် နည်းလမ်းများကို ကျွန်တော်တို. ရှာဖွေနိုင်ပေလိမ့်မည် ။
ဥပမာအားဖြင့် ဟောင်ကောင်တွင် ၁၉၆၀ ခုနှစ်များအတွင်းက အကျင့်ပျက်ခြစားမှုများမှာ အလွန်ပင်စိုးရိမ်ဖွယ်ရာဖြစ်သည် ။ ဥပဒေစိုးမိုးရေး အေဂျင်စီများသည် စိုးရိမ်စရာကောင်းလောက်အောင် အကျင့်ပျက်နေကြသည် ။ ထို.နောက် ၁၉၇၀ ခုနှစ်များအတွင်း၌ လွတ်လပ်သော အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ကို စတင်ဖွဲ.စည်းခဲ့သည် ။ “အကျင့်ပျက်ခြစားမှု ဆန်.ကျင်ရေးမုန်တိုင်း”ဟူသော ရုပ်ရှင်ဇာတ်ကားပင် ရိုက်ကူးခဲ့သည် ။ ထို.နောက်ပိုင်း၌မူ အခြေအနေများ သိသိသာသာ တိုးတက်လာခဲ့သည် ။
အကျင့်ပျက်ခြစားမှုသည် စီးပွါးရေးယဉ်ကျေးမှု အတိုင်းအတာတစ်ခုထိ ဖွံ.ဖြိုးလာသည့်အဆင့်ထိတိုင် ဖြစ်ပေါ်နေတက်သည် ။ သို.သော် နောက်ပိုင်း၌ အစိုးရဝန်ထမ်းများနှင့် ဥပဒေစိုးမိုးရေး ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်လာပြီး သူတို.၏ လစာနှင့်အခြားခံစားခွင့်များ မြင့်တက်လာသည်နှင့်အမျှ အခြေအနေများ ပြောင်းလဲလာသည် ။ ယနေ.ခေတ် ဟောင်ကောင်သည် ယခင်ကနှင့်မတူ များစွာခြားနားသွားပြီဖြစ်သည် ။ တခြားဖွံ.ဖြိုးဆဲတိုင်းပြည်များ၌လည်း အလားတူအခြေအနေများ တည်ရှိခဲ့သည် ။ ဈေးကွက်စီးပွါးရေး၏ အစောပိုင်းအဆင့်များ၌ အာဏာနှင့်ငွေကြေး ဖလှယ်မှုများ ပါဝင်နေတတ်သည် ။ စီးပွါးရေး ဖွံ.ဖြိုးလာပြီး တရားဥပဒေစနစ်အား ပြုပြင်မွမ်းမံမှုနှင့် ဒီမိုကရက်တစ်စနစ် ထွန်းကားလာမှုတို.နှင့်အတူ အခြေအနေများ တိုးတက်လာသည် ။ အာဆီယံနိုင်ငံတချို.၌ အလားတူ အတွေ.အကြုံများ ရှိခဲ့ဖူးသည် ။
၁၉၈၉ ခုနှစ် ဇန်နဝါရီလအတွင်းက ဟောင်ကောင်ရှိ “တကန်ပေါင်”သတင်းစာတွင် “ပြည်မကြီးမှ ခြစားမှုများကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားကြည့်ခြင်း” ဆိုသည့်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်စောင် ပါရှိခဲ့သည် ။ ၎င်းသည် ကျွန်တော်တို.၏ အကျင့်ပျက်ခြစားမှုများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာလေ့လာထားခြင်းဖြစ်သည် ။ ကျွန်တော်က ၎င်းဆောင်းပါးကို အောက်ပါအတိုင်း မှတ်ချက်ရေး၍ (နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု သုတေသနဋ္ဌါန ညွှန်ကြားရေးမှုးချုပ်) ပေါက်တုန်ထံသို. ထပ်ဆင့်ပေးပို.ခဲ့သည် ။ “ဤဆောင်းပါးသည် အကျင့်ပျက်ခြစားမှုကို လေ့လာထားသည့် ဆောင်းပါးတစ်စောင်ဖြစ်သည် ။ ကျွန်တော်တို.အနေဖြင့် အကျင့်ပျက်ခြစားမှုကို စူးစူးစိုက်စိုက် လေ့လာသုတေသနပြုသည့် အဖွဲ.တစ်ခု ဖွဲ.စည်းရန်လိုအပ်ပြီး ကျွန်တော်တို.၏ ဗျူဟာကို အဆိုပြုချပြကာ ဆွဲဆောင်နိုင်စွမ်းရှိသည့် ဆောင်းပါးများဖြင့် ရှင်းလင်းတင်ပြရမည်”ဟု မှတ်ချက်ရေးသားခဲ့သည် ။
ထိုစဉ်က ဤအကြောင်းအရာကို စနစ်တကျလေ့လာရန် လိုအပ်သည်ဟု ကျွန်တော်ယုံကြည်နေခဲ့သည် ။ ၎င်းကို စူးစမ်းလေ့လာပြီးမှသာလျှင် အဖြေတစ်ခုကို အဆိုပြုချပြနိုင်ပေလိမ့်မည် ။ ခေတ်ဟောင်းက နည်းလမ်းဟောင်းများကို ပြန်လည်အသုံးချခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ ။ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်အတွက်ဟု ဆိုစေဦးတော့ တင်းကျပ်ပြင်းထန်လွန်းသည့် ဗဟိုဦးစီး စီမံကိန်းစီးပွါးရေးစနစ်ကို ပြန်လည်ကျင့်သုံးခြင်းသည် ကောင်းမွန်မှန်ကန်မည်မဟုတ်ပေ ။ ၎င်းမှာ ဆို.နင့်မည်ကို စိုးရိမ်ကြောက်လန်.သဖြင့် နောက်ထပ်ဘယ်တော့မှ မစားသောက်တော့သည့်နှယ်ဖြစ်ပေလိမ့်မည် ။ ပြည်သူ.သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည့် အစောပိုင်းနှစ်ကာလများအတွင်းက ကျင့်သုံးခဲ့သည့် လူထုလှုပ်ရှားမှု ၊ လူတန်းစားတိုက်ပွဲ စသည့်နည်းစနစ်များ ဥပမာအားဖြင့် ပြစ်မှုကျူးလွန်သူများကို သေဒဏ်စီရင်ခြင်း စသည့်နည်းလမ်းများကို ကျင့်သုံးခြင်းသည် အလုပ်မဖြစ်နိုင်ပေ။
ဤကဲ့သို.သော အကျင့်ပျက်မှုများသည် စီးပွါးရေးနှင့် လူမှုရေးစနစ် အပြောင်းအလဲကာလများ၌ ပေါ်ပေါက်တတ်သည်။ စနစ်ဟောင်းက အားနည်းပြီး ယိုယွင်းနေသည် သို.သော် စနစ်သစ်သည်လည်း ကောင်းမွန်စွာ မတည်ထောင်ရသေးပေ ။ ထိုအကြောင်းကြောင့်ပင် ဤပြဿနာကို အခြေခံကျကျ ဖြေရှင်းရန်အတွက် စီးပွါးရေးနှင့် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှုကို ပို၍နက်ရှိုင်းစွာ အကောင်အထည်ဖော်ဖို. လိုအပ်ခြင်းဖြစ်သည် ။
အာဏာနှင့်ငွေကြေး ဖလှယ်မှုကို ဥပမာအနေဖြင့်ကြည့်ပါ ။ ယခုအခါ စီးပွါးရေးမှာ ပို၍လွတ်လပ်လာသည် ၊ လူသုံးကုန်ပစ္စည်းများနှင့် ဈေးကွက်များ ၊ များစွာသော စီးပွါးရေးလုပ်ငန်းကြီးများနှင့် အဖွဲ.အစည်းများသည် ဈေးကွက်အတွင်း ယှဉ်ပြိုင်နေကြသည် ။ သို.သော် အာဏာကိုမူ အစိုးရအေဂျင်စီများက တစ်ဦးတည်းချုပ်ကိုင်ထားသည်။ တစ်နည်းအားဖြင့်ဆိုရသော် စီးပွါးရေး ပြုပြင်ပြောင်းလဲမှုသည် လွတ်လပ်သည့် ဈေးကွက်အဖြစ်သို. ပီပီပြင်ပြင် အကောင်အထည်မပေါ်သေးပေ ။ စီမံကိန်း စီးပွါးရေးစနစ်၏ အကြွင်းအကျန်များမှာ တည်ရှိနေဆဲဖြစ်သည် ။ အကယ်၍ အသည်းအသန် ယှဉ်ပြိုင်နေသည့် ဈေးကွက်အတွင်းမှ တချို.သောယှဉ်ပြိုင်သူများအနေဖြင့် အာဏာပိုင်အဖွဲ.အစည်းများ၏ မျက်နှာသာပေးမှုကို ရရှိပါက သူတို.အနေဖြင့် တခြားသူများနှင့် မညီမျှသည့် အကျိုးအမြတ် အများအပြား ရရှိပေမည် ။
ဥပမာအားဖြင့် စီမံကိန်းစီးပွါးရေး စနစ်အတွင်းမှ ကုန်စည်များကို ၎င်း၏ပြင်ပသို. ပြောင်းလဲခြင်းဖြင့် ဆိုလိုသည်မှာ ကုန်ပစ္စည်းများကို စီမံကိန်းစီးပွါးရေးစနစ်အတွင်းရှိ ကုန်စည်အရောင်းဆိုင်တို.မှ လျှော့ချထားသော ဈေးနှုန်းဖြင့် ဝယ်ယူပြီး ဈေးကွက်ပေါက်ဈေးဖြင့် ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ် ကြီးမားစွာ ရရှိနိုင်သည် ။ နောက်ထပ်တခြား ဥပမာတစ်ခုမှာ တချို.သောကုန်စည်တို.ကို တင်ပို.ခွင့် တင်သွင်းခွင့် ရရှိထားသူတို.အနေဖြင့် ဈေးနှုန်းကွာဟမှုကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်နိုင်သည် ။ ဤသို.သော အခြေအနေမျိုး၌ အာဏာနှင့်ငွေကြေးမှာ ဆက်စပ်နေပြီး လဲလှယ်ဖလှယ်နိုင်ပြီး တချို.သော စီးပွါးရေးလုပ်ငန်းများအနေဖြင့် မညီမျှသည့် ယှဉ်ပြိုင်မှုမှ အကျိုးအမြတ် များစွာရရှိနိုင်သည် ။ ရရှိလာသည့် အကျိုးအမြတ်များစွာအနက်မှ တစ်စိတ်တစ်ပိုင်းကို လာဘ်ငွေတံစိုးလက်ဆောင်ပေးရာတွင် ပြန်လည်သုံးစွဲနိုင်သည် ။
ဤပြဿနာကို ဖြေရှင်းရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ အစိုးရ လုပ်ငန်းများကို ခွဲခြားပစ်ရန် ၊ လက်ရှိအချိန်တွင် အစိုးရမှ ရယူထားသည့် လုပ်ပိုင်ခွင့် အာဏာများကို စီးပွါးရေးလုပ်ငန်းများကို အုပ်ချုပ်နေသူများသို. လွှဲပြောင်းပေးရန်နှင့် လုပ်ပိုင်ခွင့်အာဏာကို တစ်ဦးတည်းချုပ်ကိုင်ထားခြင်း သို.မဟုတ် တစ်ဦးတစ်ယောက်တည်း၌ လုပ်ပိုင်ခွင့်အာဏာများ အလွန်အကျွံ ရယူထားခြင်းကို ဖြေရှင်းရန်အတွက် ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာ ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်သည် ။ ဤသို.ပြုလုပ်ခြင်းသည် အာဏာနှင့်ငွေကြေး လဲလှယ်ဖလှယ်သည့် ပတ်ဝန်းကျင်အခြေအနေကို ကန်.သတ်ရာရောက်ပေသည် ။ ဤသို.သော ပြဿနာမျိုးကို နောက်ထပ်ပို၍ ပြုပြင်ပြောင်းလဲခြင်းဖြင့်သာ ဖြေရှင်းနိုင်သည် ။
အဖွဲ.အစည်းများ တည်ထောင်ခြင်းမှာ နောက်ထပ်အရေးပါသည့် အကြောင်းအရာတစ်ခုဖြစ်သည် ။ “လူသုံးကုန့်ပစ္စည်း စီးပွါးရေးစနစ်”တွင် စည်းမျဉ်းစည်းကမ်းများ သက်ဝင်လှုပ်ရှားနေစေရန်နှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အခွန်ရုံး ၊ ရဲဋ္ဌွါန ၊ ဘဏ်လုပ်ငန်းများနှင့် တခြားအေဂျင်စီအမျိုးမျိုး အစရှိသည့် သင့်တင့်လျှောက်ပတ်သည့် အဖွဲ.အစည်းများ ရှိရန်လိုသည် ။ အကယ်၍ လုပ်ထုံးလုပ်နည်းများမှာ မြင်သာထင်သာရှိ၍ အကျိုးရလာဒ်များကို လူအများသိစေရန် ထုတ်ပြန်ပေးပါက အကျင့်ပျက်မှုများတွင် ပါဝင်ပက်သက်မှုများ လျော့နည်းသွားနိုင်ရာသည် ။
ဟေလုံကျန်းပြည်နယ်အတွင်း၌ စိုက်ပျိုးရေးဆိုင်ရာ ဘဏ်ချေးငွေများကို နှစ်စဉ် လူအများသို. ကြေညာသည့် ဒေသတစ်ခုရှိကြောင်း ကျွန်တော်ကြားဖူးသည် ။ မည်သူကချေးငွေရ၍ အကျိုးအမြတ်မည်မျှ ပြန်လည်ရရှိကြောင်းကို တရားဝင် ထုတ်ပြန်ကြေညာသည် ။ ဤသို.ဖြင့် အာဏာနှင့်လုပ်ပိုင်ခွင့်တို.ကို ပြန်လည်စိစစ်သည့်လုပ်ငန်း၌ ပြည်သူအများ ပါဝင်လာနိုင်သည် ။ မြင်သာထင်သာမှုနည်းလေ မသမာမှုပြုလုပ်ရန် ပို၍လွယ်ကူလေဖြစ်သည် ။ ဤအချက်ကြောင့်ပင် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရန်အတွက် အဖွဲ.အစည်းများ ဖွဲ.စည်းရခြင်းဖြစ်သည် ။ ဘေဂျင်းမြူနီစီပယ်အတွင်းရှိ ဒေါင်ချန်ခရိုင်သည် ဤအချက်တွင် နာမည်ကောင်းဖြင့် ကျော်ကြားသည် ။ ဤသို.လုပ်ခြင်းသည် လူထု၏ ထောက်ခံမှုကို လွယ်ကူစွာ ရရှိစေသည် ။
အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ရမည် ။ ထွန်းသစ်စ နိုင်ငံများ၌ ဖွံ.ဖြိုးရေး၏ အစောပိုင်းကာလများတွင် အကျင့်ပျက်မှုများ ကျယ်ကျယ်ပြန်.ပြန်. ပျံ.နှံ.သည့်ကာလများ ရှိခဲ့သည်။ စီးပွါးရေးက လျှင်မြန်သည့် အမြန်နှုန်းဖြင့် ကြီးထားလာချိန်တွင် နိုင်ငံရေး အာဏာမှာ တစ်နေရာတည်း၌ လွန်မင်းစွာ စုစည်းနေသည် ။ အစိုးရအရာရှိများ၏ အပြုအမူများကို ပြည်သူလူထုက မစီစစ်နိုင်ပေ ။ အကယ်၍ နိုင်ငံရေးပါတီတစ်ခုသည် ၎င်း၏အာဏာကို ပြန်လည်မစစ်ဆေးပါက အရာရှိများသည် လွယ်ကူစွာ အကျင့်ပျက်ခြစားနိုင်ကြသည် ။ နောက်ဆုံး၌ ဒီမိုကရက်တစ် နိုင်ငံရေးစနစ်ကို တည်ထောင်ခြင်း ၊ ပို၍အမျိုးအစားစုံလင် ကျယ်ပြန်.သော နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ဖော်ဆောင်ခြင်း ၊ နိုင်ငံရေး ဖြစ်စဉ်များတွင် ပြည်သူလူထု ပို၍့ပါဝင်ပက်သက်လာခြင်းနှင့် လုပ်ပိုင်ခွင့်နှင့်အာဏာတို.ကို ပြည်သူလူထု၏ အမြင်ဖြင့် ပြန်လည်စစ်ဆေးနိုင်ခြင်း စသည့်နည်းလမ်းများဖြင့် အခြေအနေများ ပို၍ကောင်းမွန်တိုးတက်လာစေသည် ။ အာဆီယံနိုင်ငံတချို.နှင့် တိုင်ဝမ်တို.သည် ဤနည်းဖြင့် ဖြတ်သန်းခဲ့ကြသည် ။ စီးပွါးရေး အခြေခံများ ပြောင်းလဲလာသည်နှင့်အမျှ နိုင်ငံရေးစနစ်ကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်လာသည် ။
နောက်ထပ်တခြားအရေးကြီးသည့် (အရေးအပါဆုံး မရှိမဖြစ်ဟု ဆိုရမည့်) အချက်တစ်ခုမှာ တရားရေးစနစ်နှင့် လွတ်လပ်၍ အမှီအခိုကင်းသည့် ဥပဒေစိုးမိုးရေးတို.ဖြစ်သည် ။ အကယ်၍ လွတ်လပ်သည့် တရားဥပဒေ စိုးမိုးမှုမရှိပဲ အာဏာရ နိုင်ငံရေးပါတီက ဝင်ရောက်စွက်ဖက်နိုင်စွမ်းရှိနေပါက အကျင့်ပျက်ခြစားမှုကို ဘယ်သောအခါမျှ ထိရောက်စွာ ဖြေရှင်းနိုင်မည်မဟုတ်ပေ ။
ဤအချက်အားလုံးကို ဗဟိုကော်မတီ အတွင်းရေးမှုးများ အစည်းအဝေး၌ ကျွန်တော်တင်ပြခဲ့သည် ။ သို.သော်လည်း ယနေ.အချိန်ထိတိုင်အောင် ဤပြဿနာကို ထိရောက်စွာ ဖြေရှင်းပုံမရှိပေ ။
ဇွန်လ ၄ ရက်နောက်ပိုင်း လီပင်းနှင့်အပေါင်းအပါများက ကျွန်တော့်အား ဝေဖန်နေကြချိန်က ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၌ အကျင့်ပျက်ခြစားမှုကို ရှောင်လွှဲ၍ မရနိုင်ကြောင်း ပြောကြားသည့်အတွက် အကျင့်ပျက်မှုနှင့်ပက်သက်၍ ကျွန်တော်သည် ဖြစ်ချင်ရာဖြစ်စေ လွှတ်ပေးထားသည့် သဘောထားရှိသည်ဟု ကျွန်တော့်အား စွပ်စွဲကြသည် ။ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် ကျွန်တော့်အား စွပ်စွဲရန်အတွက် သူတို.အတွက် ဘယ်သောအခါမျှ စကားလုံး ရှားပါးမည့်ပုံမရှိပေ ။
တကယ်တမ်း၌ ကျွန်တော့်စိတ်တွင် အကျင့်ပျက်ခြစားမှုကို များစွာ ကိုင်တွယ်ဖြေရှင်းလိုသည် ။ အကျင့်ပျက်မှု ဆန်.ကျင်တိုက်ဖျက်ရေးနှင့်ပက်သက်၍ ၁၉၈၈ ခုနှစ် မတ်လအတွင်းကျင်းပခဲ့သည့် ဗဟိုကော်မတီစုံညီအစည်းအဝေးနှင့် ဇွန်လအတွင်း ကျင်းပခဲ့သည့် ပေါ်လစ်ဗျူရို အစည်းအဝေး ၂ ရပ်လုံး၌ ကျွန်တော် တင်ပြဆွေးနွေးခဲ့သည် ။ အောက်ခြေအဆင့် အုပ်ချုပ်ရေးမှုးများ၏ အတွေ.အကြုံများကို ကြားနာသည့် ဆွေးနွေးပွဲများစွာကိုလည်း ကျွန်တော် ကျင်းပခဲ့သည် ။ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းနိုင်သည့် အဖြေတစ်ရပ် ရှာဖွေတွေ.ရှိနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အကျင့်ပျက်ခြစားမှု ဆန်.ကျင်တိုက်ဖျက်ရေးကို စိတ်အားတက်ကြွစွာ ကျွန်တော် လေ့လာခဲ့သည် ။ ကျွန်တော်သည် အပြစ်ကျူးလွန်ကြောင်း သက်သေခံထွက်ဆိုရန်အတွက် ကျွန်တော့်စကားလုံးတို.ကို လီပင်းနှင့် အပေါင်းအပါများက ထုတ်နှုတ်ကိုးကားကြခြင်းသည် လုံးဝမတရားပေ ။
ဤပြဿနာမှာ ယနေ.ထိတိုင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု ယူဆရသည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 12 Coping with Corruption ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

Sunday, September 26, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၁၁ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၁၁
ကမ်းရိုးတန်းဒေသများ စတင်တာထွက်ခြင်း
ပြုပြင်ပြောင်းလဲရေး၏ အစောပိုင်းကာလ အောင်မြင်မှုများက ကျောက်ကို အားတက်လာစေပြီး
ကမ်းရိုးတန်းဒေသများ ဖွံ.ဖြိုးရေးအတွက် ပို၍ရဲရင့်သော ဗျူဟာများကို ချမှတ်လာစေရန်
စေ့ဆော်တွန်းအားပေးခဲ့သည် ။ ထိုဒေသတွင် ပို.ကုန်ဦးစားပေး စီးပွါးရေးလုပ်ငန်းများသာ
လုံးလုံးအကောင်အထည်ဖော်မည့် အယူအဆဖြစ်သည် ။ ကမ်းရိုးတန်းဒေသ တစ်လျှောက်တွင်
အထူးစီးပွါးရေးဇုန်များ အမြောက်အများ ထူထောင်ထားပြီးဖြစ်သည် ။ သို.သော်လည်း
ပို၍ကျယ်ပြန်.သည့် မူဝါဒများက အလျှင်အမြန် ဖွံ.ဖြိုးတိုးတက်စေပြီး တရုတ်ပြည်ကို ကမ္ဘာ့စီးပွါးရေးနှင့်
ချိတ်ဆက်ပေးလိမ့်မည်ဟု ကျောက်က ယုံကြည်သည် ။ သူ.ကို အချိန်ပေးပါက ဤစိတ်ကူးစိတ်သန်းကို
ပို၍နက်ရှိုင်းစွာ အကောင်အထည်ဖော်လိမ့်မည်မှာ ထင်ရှားလှသည် ။
၁၉၈၇ ခုနှစ် ဆောင်းရာသီ၌ ကမ်းရိုးတန်းဒေသများသို. ကျွန်တော် စစ်ဆေးရေးခရီးထွက်ခဲ့သည် ။ ထို.နောက် ၁၉၈၈ ခုနှစ် ဇန်နဝါရီလအတွင်း၌ ကမ်းရိုးတန်းဒေသများ ဖွံ.ဖြိုးရေးအတွက် မဟာဗျူဟာများကို ကျွန်တော် အဆိုပြုခဲ့သည်။
ထိုခရီးစဉ်များအတွင်း၌ နိုင်ငံတကာဈေးကွက်သည် ကျွန်တော်တို. ကမ်းရိုးတန်းဒေသများ၏ ဖွံ.ဖြိုးရေးကို အရှိန်မြှင့်တင်ရန်အတွက် အခြေအနေကောင်းများ တည်ရှိနေသည်ဟု ကျွန်တော် ပို၍ယုံကြည်လာခဲ့သည် ။ အဘယ်ကြောင့်ဆိုသော် လုပ်အားအဓိက အသုံးပြုရသည့် ကုန်ထုတ်လုပ်ငန်းများသည် လုပ်သားပေါများ၍ လုပ်အားခ ဈေးသက်သာသည့်နေရာများသို. အမြဲရွှေ.ပြောင်းနေသောကြောင့်ဖြစ်သည် ။ တချို.သော ဖွံ.ဖြိုးပြီးနိုင်ငံများသည် သူတို.၏ ထုတ်ကုန်များကို အသိပညာအရ ၊ နည်းပညာအရ ပို၍မြင့်မားသည့် သို.မဟုတ် အရင်းအနှီးအရ ပို၍ရင်းနှီးမြှုပ်နှံရသည့် ထုတ်ကုန်များသို. ပြောင်းလဲလာနေကြသည် ။ ဤအချက်က ဖွံ.ဖြိုးဆဲနိုင်ငံများအတွက် အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာစေသည် ။ ဤသည်မှာ သဘာဝပင်ဖြစ်သည် ။ ဂျပန်သည် ဤလမ်းကြောင်းအတိုင်း လိုက်ခဲ့သည် ။ အာရှ၏ ကျားလေးကောင်ဖြစ်သည့် တိုင်ဝမ် ၊ စင်္ကာပူ ၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားတို.သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည် ။ ဤသည်မှာ ကျားလေးကောင် စတင်တာထွက် ပျံသန်းသည့် ပုံစံဖြစ်သည် ။
ကျွန်တော်တို.၏ ကမ်းရိုးတန်းဒေသများသည် ကြီးမားသည့် အားသာချက်များ ရှိနေသည် ။ ၎င်းတို.တွင် တခြားဖွံ.ဖြိုးဆဲနိုင်ငံများထက် များစွာသာလွန်သည့် အရည်အချင်း မြင့်မားသည့် လုပ်သားများရှိနေသည် ။ သယ်ယူပို.ဆောင်ရေး အဆင်ပြေသည် ၊ သတင်းအချက်အလက်များ လွယ်လင့်တကူ ရရှိနိုင်ပြီး လူအများသည် နိုင်ငံတကာ ဈေးကွက်၏ အခြေအနေနှင့် ယှဉ်ပြိုင်မှုများကို သိရှိနားလည်ကြပြီးလျှင် ကုန်းတွင်းပိုင်းဒေသများထက် ပို၍လျှင်မြန်စွာ တုံ.ပြန်နိုင်ကြသည် ။ အခြေခံအဆောက်အအုံက ပို၍ကောင်းမွန်ပြီး အသေးစားနှင့် ချည်ထည်လုပ်ငန်းများတွင် ထုတ်လုပ်နိုင်စွမ်း ပို၍ကောင်းမွန်သည် ။ ကျွန်တော်တို.၏ ကမ်းရိုးတန်းဒေသများတွင် အာရှကျားများ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်သည့် အခြေအနေအားလုံး ရှိနေသည် ။
ဤချဉ်းကပ်နည်းက ကမ်းရိုးတန်းဒေသများ၏ ဖွံ.ဖြိုးမှုကို အရှိန်တင်ပေးနိုင်လိမ့်မည် ။ အဆိုပြုထားသည့် ဗျူဟာက ပို.ကုန်ဦးစားပေးသည့် စီးပွါးရေးစနစ် တည်ထောင်ရန် ဖော်ပြထားသည် ။ အဓိပ္ပါယ်မှာ လူသန်းပေါင်း ၁၀၀ မှ သန်းပေါင်း ၂၀၀ ထိ ကမ္ဘာ့ဈေးကွက်သို. ဝင်ရောက်လာမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်လာမည်ဖြစ်သည် ။ ၎င်းက “နိုင်ငံတကာသို. ဆန်.တန်းဆက်သွယ်ထားသည့် အစွန်းနှစ်ဖက်”ကို အားပေးမြှုင့်တင်ပေးပေလိမ့်မည် ။ ဆိုလိုသည်မှာ အပြီးသတ်ကုန်ချောများ နိုင်ငံတကာဈေးကွက်သို. ဖြည့်သွင်းပြီး နိုင်ငံတကာဈေးကွက်မှ ကုန်ကြမ်းနှင့် တခြားရင်းမြစ်များကို တင်သွင်းမည်ဖြစ်သည် ။ အကယ်၍ ပြည်ပသို.တင်ပို.သည့် ပို.ကုန်ထုတ်လုပ်မှုကို ပြည်တွင်းရင်းမြစ်များအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေမည်ဆိုပါက ပြည်တွင်းကုန်စည်ပြတ်လပ်မှုဆီသို. ဦးတည်သွားပေလိမ့်မည် ။ နိုင်ငံ၏ အရှေ.ပိုင်း ၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများအကြား ကုန်ကြမ်းပစ္စည်းအတွက် ယှဉ်ပြိုင်မှုက နိုင်ငံ၏ စီးပွါးရေးကို မတည်မငြိမ် ဖြစ်စေပေလိမ့်မည် ။
ဤမဟာဗျူဟာကို အဆိုပြုတင်ပြသောအခါ၌ ရဲဘော်ရှောင်ပင်းက ထောက်ခံပြီး များစွာချီးကျူးခဲ့သည် ။ ကျွန်တော်တို.သည် မည်သည့်အခွင့်အရေးမျှ လက်လွတ်မသွားစေရန်အတွက် ရဲရင့်၍ ပြတ်သားသော အရေးယူဆောင်ရွက်ချက်များကို ဖော်ဆောင်ခြင်းဖြင့် အခွင့်အရေးအားလုံးကို အမိအရ ဖမ်းဆုပ်သင့်ကြောင်း သူကပြောသည် ။ ကမ်းရိုးတန်းဒေသ တချို.ကလည်း ထောက်ခံကြပြီး အားတက်သရော ရှိကြသည် ။ သူတို.၏ အနာဂတ်များ မည်မျှတောက်ပမည်ဖြစ်ကြောင်း သူတို. သိမြင်ကြသည် ။
သို.သော် ဆန်.ကျင်ဖက်အမြင်များလည်း တည်ရှိနေသေးသည် ။ နိုင်ငံတော်စီမံကိန်း ညွှန်ကြားရေးမှုးချုပ် ယော်ယိလင်နှင့် လီပန်းတို.တွင် စိုးရိမ်ပူပန်မှုများ ရှိနေကြသည် ။ အပူချိန်လွန်ကဲနေသည့် နိုင်ငံ၏ စီးပွါးရေးကို ဖြေရှင်းရမည့်ကိစ္စနှင့် “ညင်သာသည့် ဆင်းသက်နည်း”ဖြင့် ချဉ်းကပ်ဖြေရှင်းရမည့် အရေးတို.ကလည်း ရှိနေသေးသည် ။ အကယ်၍ ကမ်းရိုးတန်းဒေသများ၏ ဖွံ.ဖြိုးတိုးတက်မှုကို အရှိန်မြှင့်မည်ဆိုပါက စီးပွါးရေးသည် တစ်ဖန်ပြန်လည်၍ အပူချိန်လွန်ကဲမှု ဖြစ်လာနိုင်မည်မဟုတ်ပါလော ။ တကယ်တမ်း၌ ဤအတွက် စိုးရိမ်စရာမလိုပေ ။ အများပြောနေကြသည့် “အပူချိန်လွန်ကဲမှု”ပြဿနာမှာ ဖွံ.ဖြိုးတိုးတက်မှု နှေးလွန်းခြင်း ၊ မြန်လွန်းခြင်းစသည့် အကြောင်းတို.ကြောင့် ဖြစ်ရသည်ဟု ရိုးစင်းစွာပြော၍မရနိုင်ပေ ။ ဖွံ.ဖြိုးမှုအရှိန်နှုန်းမှာ အခြေအနေက လက်ခံစုပ်ယူနိုင်သည့်နှုန်းထက် ကျော်လွန်နေခြင်းကြောင့်ဖြစ်သည် ။ ပြဿနာ၏ အဓိကအကြောင်းရင်းမှာ ရင်းနှီးမြှုပ်နှံလွန်ကဲခြင်း ၊ မြှုပ်နှံထားသည့် အရင်းအနှီးများအတွက် အကျိုးအမြတ် ပြန်ရမှုနှေးကွေးခြင်း သို.မဟုတ် အကျိုးအမြတ်ပြန်ရမှု နည်းပါးခြင်းတို.ကြောင့်ဖြစ်သည် ။ ထို.ပြင် ဘဏ္ဍာငွေသုံးစွဲမှု များပြားခြင်းကြောင့် လည်ပတ်နေသည့် ငွေကြေးများ အလျှံပယ် ပိုလွန်များပြားနေခြင်းကလည်း အကြောင်းတစ်ခုဖြစ်သည် ။
အကယ်၍ ကမ်းရိုးတန်းဒေသများသည် ဤဗျူဟာဖြင့် ဆက်လက်အကောင်အထည်ဖော်သွားပါက ဤပြဿနာများ ပေါ်ထွက်လာလိမ့်မည်မဟုတ်ပေ ။ ပထမအချက်အားဖြင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားများပြားစွာ မလိုအပ်ခြင်း ၊ ဒုတိယအချက် ထုတ်ကုန်များကို လျှင်မြန်စွာ ရောင်းချနိုင်ခြင်းနှင့် တတိယအချက် ကုန်ကြမ်းပစ္စည်းများကို နိုင်ငံရပ်ခြားမှ တင်သွင်းနိုင်ခြင်းတို.ကြောင့်ဖြစ်သည် ။
အာရှကျားလေးကောင်၏ စီးပွါးရေးများက ဤအချက်ကို သက်သေပြပြီးဖြစ်သည် ။ သူတို.၏ ပို.ကုန်ဦးစားပေး စီးပွါးရေးစနစ်များကို စတင်ဖော်ဆောင်ချိန်မှာ နှိုင်းယှဉ်ခြင်းအားဖြင့် ကြည့်ပါက ငွေကြေးဖောင်းပွနေသည့် အချိန်ကာလဖြစ်ပြီး လုပ်အားအဓိက အသုံးပြုထုတ်လုပ်ရသည့် ထုတ်ကုန်များကို တင်ပို.၍ ကုန်ကြမ်းပစ္စည်းများကို တင်သွင်းခဲ့ကြသည် ။ ရလာဒ်မှာ သူတို.၏ စီးပွါးရေး ဖွံ.ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ပြီး နှစ်များစွာတောက်လျှောက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်ခဲ့သည် ။ တစ်ပြိုင်တည်းမှာပင် သူတို.၏ ငွေကြေးဖောင်းပွမှုနှုန်းများ လျော့ကျလာပြီး စီးပွါးရေးမှာ ပို၍တည်ငြိမ်စွာ ကြီးထွားလာခဲ့သည် ။
တရုတ်ပြည်သည် မတူကွဲပြားခြားနားသည့် ဒေသများစွာပါဝင်သည့် ကြီးမားသည့် တိုင်းပြည်ကြီးဖြစ်သည် ။ ကျွန်တော်တို.သည် မကြာခဏဆိုသလိုပင် တစ်နိုင်ငံလုံးအတွက် သင့်တော်သည့် ချဉ်းကပ်ဖြေရှင်းပုံ တစ်မျိုးတည်းကို အသုံးပြုလေ့ရှိသည် ၊ သို.သော် ထိုအချက်က ဒေသတစ်ခုချင်းစီ၏ အားသာချက်နှင့် ထူးခြားသည့် သဘာဝများကို လျစ်လျူရှုထားသလိုရှိသည် ။ ဥပမာအားဖြင့် ကမ်းရိုးတန်းဒေသများသည် စီးပွါးရေး အပူချိန်လွန်ကဲမှုမရှိစေပဲ ပို၍လျှင်မြန်စွာ ဖွံ.ဖြိုးတိုးတက်နိုင်သည် ။ သို.သော် ကျွန်တော်တို.သည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ပြဿနာများကို လျှော့ချဖို. ကြိုးစားနေသည့်အတွက် ကမ်းရိုးတန်းဒေသများ၏ ဖွံ.ဖြိုးမှုကိုလည်း ကန်.သတ်ခဲ့သောကြောင့် အခွင့်အလမ်းများစွာ လက်လွှတ်ခဲ့ရသည် ။ ထိုနည်းအတိုင်း နှစ်ပေါင်းများစွာ ကျွန်တော်တို. ဆက်လက်ဆောင်ရွက်ခဲ့ကြသည် ။ တစ်စုံတစ်ခုကို လုပ်ရန်ရှိပါက တစ်နိုင်ငံလုံး၌ ကျွန်တော်တို. လုပ်ဆောင်ကြသည် ။ အခြေအနေများကို အရှိန်လျှော့ချရန်ရှိပါက ဒေသအားလုံး၌ ကျွန်တော်တို. လျှော့ချကြသည် ။ ကမ်းရိုးတန်းဒေသများသည် အခွင့်အလမ်းများစွာကို အကြိမ်များစွာ လက်လွှတ်ခဲ့ရသည် ။
ပါတီဝါရင့်တချို.တွင်လည်း တခြားစိုးရိမ်ပူပန်မှုများရှိသည် ။ ဥပမာအားဖြင့် “နိုင်ငံတကာသို. ဆန်.တန်းဆက်သွယ်ထားသည့် အစွန်းနှစ်ဖက်”သည် ကောင်းမွန်သည့် သဘောတရားတစ်ခုဖြစ်သော်လည်း ထိုအချက်ကို သက်သေပြနိုင်ရန်မလွယ်ကူဟု ချန်ယန်းက စိုးရိမ်သည် ။ သူ၏ ပူပန်မှုကို ကျွန်တော်နားလည်နိုင်ပါသည် ။ အကယ်၍ ကုန်ကြမ်းပစ္စည်းများကို တင်သွင်းရန် သဘောတူခဲ့ပြီး ကျွန်တော်တို.၏ ထုတ်ကုန်များကို နိုင်ငံရပ်ခြားသို. မတင်ပို.နိုင်ပါက ကျွန်တော်တို.၏ နိုင်ငံခြားငွေများကို မည်ကဲ့သို. တည်ငြိမ်မျှတအောင် ထိန်းသိမ်းမည်နည်း ။ သို.သော် သူ၏ ပူပန်မှုကို နားလည်နိုင်စရာရှိသော်လည်း တကယ့်မေးခွန်းမှာ ကျွန်တော်တို.တွင် ဤကဲ့သို.သော အခြေအနေပေးမှု အားသာမှုများ ရှိနေပြီး ၊ အာရှကျားလေးကောင်သည်လည်း ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိခဲ့သကဲ့သို. ကျွန်တော်တို.လည်း အဘယ့်ကြောင့် ဤသို.မလုပ်နိုင်ရပါမည်နည်း ။ ကျွန်တော်တို.လည်း မည်သည့်အတွက်ကြောင့် မယှဉ်ပြိုင်နိုင်ရပါမည်နည်း ။
အတားအဆီး ၂ ခုရှိသည် ။ နိုင်ငံခြား ကုန်သွယ်မှုစနစ်နှင့် နိုင်ငံပိုင်လုပ်ငန်းတို.ဖြစ်သည် ။ ကမ်းရိုးတန်းဒေသများ ဖွံ.ဖြိုးရေး ဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံခြားကုန်သွယ်မှုကို ပြုပြင်ပြောင်းလဲရန်နှင့် ကုန်သွယ်မှုပြုလုပ်သူများအနေဖြင့် သူတို.၏ အမြတ်နှင့် အရှုံးများအတွက် သူတို.ကိုယ်တိုင် တာဝန်ခံဖို.ဖြစ်သည် ။ ထိုစဉ်အချိန်က “ပမာဏ ကြီးမားများပြားသည့် သွင်းကုန်နှင့် ထုတ်ကုန်တို.ကို နှောင့်နှေးမှု မရှိစေပဲ ခွင့်ပြုရန်” ကျွန်တော် အဆိုပြုတင်ပြနေချိန်ဖြစ်သည် ။ များပြားသည့် သွင်းကုန်နှင့် ထုတ်ကုန်တို.ကို အနှောင့်အနှေးမရှိ ပြုလုပ်နိုင်စေရန်အတွက် နိုင်ငံခြားကုန်သွယ်မှုစနစ်၌ အတားအဆီးများကို ဖယ်ရှားရန်ဖြစ်သည် ။
နောက်တစ်ခုမှာ နိုင်ငံပိုင် လုပ်ငန်းများကို မည်သို.ပြုပြင်ပြောင်းလဲမှု လုပ်မည်နည်းဆိုသည့် ကိစ္စဖြစ်သည် ။ “ထမင်းတစ်ပန်ကန်းထဲမှစားသည့်” အလေ့အထ သို.မဟုတ် “အမြတ်ကိုယူပြီး အရှုံးကိုမူ မျှဝေကျခံစေသည့်” အလေ့အထကို ပြောင်းလဲရန် လွယ်ကူမည်မဟုတ်ပေ ။ ပထမဦးစွာ ကန်းရိုးတန်းဒေသများ၌ မြို.နယ်ပိုင် လုပ်ငန်းများ တည်ထောင်ရန် ကျွန်တော်အလေးထားသည် ။ ဤလုပ်ငန်းများသည် ပြောင်းလွယ်ပြင်လွယ်ပြီး လုပ်ရကိုင်ရ ဆက်ဆံရ လွယ်ကူအဆင်ပြေသည် ။ မြို.နယ်ပိုင် လုပ်ငန်းများစွာကို ကျွန်တော်လေ့လာကြည့်ရာ သူတို.သည် အချိန်မှီ ဖြန်.ဖြူးပို.ဆောင်နိုင်၍ အရည်အသွေးကို ဂရုစိုက်အလေးထားသောကြောင့် အသိအမှတ်ပြုမှု များစွာရရှိသည် ။
တတိယအချက် စိုးရိမ်ပူပန်မှုမှာ စီမံကိန်းရေးဆွဲရေးနှင့် နိုင်ငံခြားကုန်သွယ်မှုတွင် ပါဝင်ပက်သက်နေကြသည့် ပညာရှင်များ၏ စိုးရိမ်မှုများဖြစ်သည် ။ အာရှကျားများသည် အလွန်သေးငယ်ကြပြီး ကျွန်တော်တို.ကမူ အလွန်ကြီးမား၍ လူဦးရေ အလွန်များပြားသည့် အချက်ကို သူတို.က ထောက်ပြကြသည် ။ ကျွန်တော်တို. ထုတ်လုပ်သမျှ ထုတ်ကုန်အကုန်လုံးကို နိုင်ငံရပ်ခြားသို. တင်ပို.ရောင်းချနိုင်ပါမည်လောဟု သူတို.က တွေးတောစိုးရိမ်ကြသည် ။
ဤကိစ္စကို ဤသို.စဉ်းစားကြည့်နိုင်သည် ထုတ်ကုန်များ၏ အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းသက်သာနေသရွေ. ဈေးကွက်၌ သူတို.၏နေရာကို သူတို.ရှာဖွေတွေ.ရှိနိုင်ပေလိမ့်မည် ။ ဈေးကွက်သည် သင့်အတွက် ဈေးကွက်ဝေစု ရရှိသွားပြီးသည်နှင့် နောက်ထပ် ထပ်မံ၍ နေရာမရရှိနိုင်တော့အောင် အရွယ်ပမာဏအရ ရပ်တန်.၍ ငြိမ်သက်သွားသည့် သဘောမျိုးမရှိပါ ။ နိုင်ငံတကာဈေးကွက်တွင် လစ်ဟာနေသည့်နေရာနှင့် ပြတ်လပ်နေသည့် ကုန်စည်ဟူ၍ မရှိသည်မှာ သေချာပါသည် ။ အဓိကအချက်မှာ သင်မည်မျှ နေရာရ၍ ၊ ကျွန်တော်မည်မျှ နေရာရသနည်းဟူသည့် ဈေးကွက်ဝေစု ရရှိရေးသာဖြစ်သည် ။ စုစုပေါင်း ပမာဏမှာမူ စီးပွါးရေး ဖွံ.ဖြိုးတိုးတက်မှုနှင့်အတူ ကြီးမားတိုးတက်လာမည်ဖြစ်သည် ။ သို.သော် ဈေးကွက်ဝေစုမှာမူ ပြောင်းလဲနိုင်သည့် ကိန်းရှင်တစ်ခုဖြစ်ပြီး ယှဉ်ပြိုင်နိုင်စွမ်းပေါ်၌ မူတည်နေသည် ။ ထို.ကြောင့်ပင် ဖွံ.ဖြိုးပြီးနိုင်ငံများသည် လုပ်အားအဓိက အသုံးပြုထုတ်လုပ်ရသည့် ကုန်စည်ထုတ်လုပ်မှုတို.ကို ရပ်တန်.ပြီး သူတို.၏ လုပ်ငန်းများကို ပြန်လည်၍ ထိန်းညှိပြောင်းလဲခဲ့ကြခြင်းဖြစ်သည် ။ ထွန်းသစ်စ စီးပွါးရေးနိုင်ငံများ အရှိန်ရ ပျံသန်းနိုင်လာသည်နှင့်အမျှ သူတို.၏ လုပ်အားခမှာလည်း မြင့်တက်လာပြီးလျှင် သူတို.၏ အားသာချက်များမှာလည်း တဖြည်းဖြည်းနှင့် ဆုံးရှုံးလာသည် ။ ဥပမာအားဖြင့် ဂျပန်သည် ၎င်း၏လုပ်အားအဓိက အသုံးပြုရသည့် ကုန်ထုတ်လုပ်ငန်းများကို အာရှကျားလေးကောင်သို. ပြောင်းရွှေ.ခဲ့သည် ။ သို.သော် ယခုအချိန်တွင်မူ အာရှကျားများသည် သူတို.၏ ဤအားသာချက်များကို လက်လွတ်ခဲ့ရပြီဖြစ်သည် ။
တရုတ်ပြည်ကဲ့သို.သော တိုင်းပြည်တစ်ခု၌ လုပ်အားရင်းမြစ် များစွာရှိသည့် အားသာချက်ရှိသည် ။ အနာဂတ်အတွက် စိုးရိမ်ပူပန်နေရန်မလိုပေ ။ ပထမဦးဆုံးခြေလှမ်းကို လှမ်းပြီးသည်နှင့် ဒုတိယနှင့် တတိယ ခြေလှမ်းတို.ကို လှမ်းနိုင်သည် ။ လုပ်အားအဓိက အသုံးပြုထုတ်ကုန်တို.ကို ကျွန်တော်တို. တင်ပို.သည်နေသည်နှင့်အမျှ အရင်းအနှီးနှင့် ခေတ်မှီနည်းပညာတို.ကို ကျွန်တော်တို. စုဆောင်းသင်ယူနိုင်ပြီး နိုင်ငံတကာနှင့်ယှဉ်၍ အရင်းအနှီးအရသော်လည်းကောင်း အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်တို.အရသော်လည်းကောင်း ယှဉ်ပြိုင်နိုင်စွမ်းရှိလာပေမည် ။
သို.သော် ထိုအချက်မှာ အနာဂတ်ဖွံ.ဖြိုးမှုအတွက် မေးခွန်းများဖြစ်ပြီး ကြောက်ရွံ.စိုးရိမ်နေရန်မလိုပေ ။ ဤသည်မှာ အစကနဦးမျှသာရှိသေးသည် ။ ကျွန်တော်တို.သည် လူသန်းပေါင်း ၂၀၀ မျှကို နိုင်ငံတကာဈေးကွက်နှင့် ချက်ချင်းတိုက်ရိုက်ထိတွေ.စေရန် တွန်းပို.ခြင်းမဟုတ်ပေ ။ ဤသည်မှာ ဖွံ.ဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုသာဖြစ်သည် ။
ကမ္ဘာ.အင်အားကြီးနိုင်ငံတစ်ခုအဖြစ် အယောင်ဆောင်ဟန်ဆောင်မှုကို စွန်.လွှတ်ရန် တွန်.ဆုတ်နေသူများလည်း ရှိသေးသည် ။ ဆိုရှယ်လစ် တရုတ်ပြည်သူ.သမ္မတနိုင်ငံသည် လုပ်အားအဓိက အသုံးပြုထုတ်ကုန်တို.ကို ဦးစားပေးထုတ်လုပ်၍ ကျေးလက်မြို.နယ် လုပ်ငန်းတို.မှ ထုတ်လုပ်သည့် ပြည်ပပို.ကုန်တို.ကို မည်သို.အားကိုးအားထား ပြုရမည်နည်းဟု သူတို.က မေးခွန်းထုတ်ကြသည် ။ ကြီးမားသည့် လုပ်ငန်းစုကြီးတို.ကို စုဖွဲ.တည်ထောင်၍ ကုန်စည်တို.ကို ထုတ်လုပ်ပြီး အဆင့်မြင့်နည်းပညာသုံး ပြည်ပပို.ကုန်တို.ကို တင်ပို.ခြင်းသည်သာ မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု သူတို.က ယုံကြည်ကြသည် ။
ဤသည်မှာ ကျွန်တော်တို.နိုင်ငံအတွက် လုံးဝလက်တွေ.မကျပေ ။ ကျွန်တော်တို.သည် ထိုစဉ်က မည်သည်တို.ကို တင်ပို.နေပါသနည်း ။ အဓိကပို.ကုန်တို.မှာ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ပြီး စက်မှုကုန်စည်များမဟုတ်ပေ ။ အများစုမှာ ကုန်ကြမ်းပစ္စည်းများသာဖြစ်သည် ။ ကျွန်တော်တို.သည် ဖွံ.ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး ကျွန်တော်တို.အနေဖြင့် အဆင့်မြင့်နည်းပညာသုံး ကုန်စည်တို.ကို မည်မျှပင် ထုတ်လုပ်ချင်စေကာမူ ဤသို.သောကုန်စည်တို.ကို အမြောက်အများ ထုတ်လုပ်ရန် မည်သို.မျှမဖြစ်နိုင်ပဲ ကမ်းရိုးတန်းဒေသများ၏ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပေ ။ ကျွန်တော်တို.အနေဖြင့် လုပ်အားအဓိကသုံးစွဲ ထုတ်လုပ်ရသည့် ကုန်စည်တို.ကို အမြောက်အများ တင်ပို.သည့်စနစ်က စတင်ဖို.လိုအပ်သည် ။ စီးပွါးရေးတည်ငြိမ်ပြီး ပိုမိုအင်အားတောင့်တင်းအောင် တည်ဆောက်၍ ပြီးစီးလျှင် ခေတ်မှီအဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်များနှင့် ထပ်ဆင့်တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်တင်ပို.ရေး ရည်မှန်းချက်ကို ပြန်လည်ဦးတည်နိုင်သည် ။
နောက်ထပ်တခြား ဆန်.ကျင်မှုမျိုးလည်း ရှိသေးသည် ။ ကုန်းတွင်းပိုင်းဒေသများထက် ရှေ.ကပြေးနေပြီး ပို၍ဖွံ.ဖြိုးနေသည့် ကမ်းရိုးတန်းဒေသများ၏ ဖွံ.ဖြိုးရေးကို အဘယ့်ကြောင့် နောက်ထပ်ပို၍ ဖော်ဆောင်ဖို. လိုအပ်ပါသနည်းဟု အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများမှ ကေဒါများ သို.မဟုတ် စီမံကိန်းနှင့် ကျယ်ပြန်.သည့်အကြီးစား စီးပွါးရေးစီမံခန်.ခွဲမှုများတွင် ပါဝင်ပက်သက်နေသူများက မေးခွန်းထုတ်ကြသည် ။ အဟကွာမှု ပို၍ကြီးမားမလာနိုင်ပေလော ။ ကမ်းရိုးတန်းဒေသများ၏ ဖွံ.ဖြိုးရေးကို ပို၍ဖော်ဆောင်လျှင် ချမ်းသာသူကို ပို၍ချမ်းသာအောင် ပြုလုပ်ပေးရာရောက်သည်ဟု ကုန်းတွင်းပိုင်းဒေသများမှ ကေဒါများက ယုံကြည်ကြသည် ။ ဆင်းရဲသူကို ချမ်းသာလာအောင် အဘယ့်ကြောင့်မလုပ်သနည်းဟု သူတို.က သိချင်ကြသည် ။
တကယ်တမ်း၌ ကမ်းရိုးတန်းတစ်လျှောက် ဖွံ.ဖြိးတိုးတက်မှု အရှိန်အဟုန်သည် ကမ်းရိုးတန်းဒေသများကိုသာ အကျိုးရှိစေရုံမျှသာမက အတွင်းပိုင်းဒေသများအပါအဝင် တစ်နိုင်ငံလုံး၏ စီးပွါးရေးကိုလည်း မောင်းနှင်နိုင်သည် ။ ကမ်းရိုးတန်းဒေသများ ဖွံ.ဖြိုးတိုးတက်မှုမရှိပဲ ရွှေ.ပြောင်းသွားလာနေသည့် အလုပ်သမားတို. မည်သည့်နေရာ၌ အလုပ်သွားရှာရပါမည်နည်း ။ ကမ်းရိုးတန်းဒေသများ ဖွံ.ဖြိုးလာသည်နှင့်အမျှ လုပ်အားအဓိက အသုံးပြု ထုတ်လုပ်သည့်ဖြစ်စဉ်သည် နိုင်ငံအတွင်း၌လည်း ဖြစ်ထွန်းလာမည်ဖြစ်ပြီး လုပ်အားခသက်သာသည့် ဒေသများသို. ရွေ.လျှားသွားပေလိမ့်မည် ။ ကမ်းရိုးတန်းဒေသများ၌ လုပ်အားခမြင့်တက်လာသည်နှင့်အမျှ သူတို.၏ ကုန်ထုတ်လုပ်မှုကို ပြန်လည်ထိန်းညှိရန် တွန်းပို.ပေလိမ့်မည် ။ ထို.ကြောင့် ကျွန်တော်တို.သည် ဖွံ.ဖြိုးတိုးတက်ရေးကို တစ်ပြေးညီ မပြုလုပ်နိုင်ပဲ ဒေသတစ်ခုက တခြားဒေသတစ်ခုကို မောင်းနှင်သည့်နည်းဖြင့်သာ ဖော်ဆောင်နိုင်သည် ။ တစ်ပြေးညီ ရွေ.လျှားမှုဆိုသည့်အဓိပ္ပါယ်မှာ မည်သည့်ဒေသမျှ လျှင်လျှင်မြန်မြန် မရွေ.နိုင်ဆိုသည့်သဘောဖြစ်သည် ။ ကမ်းရိုးတန်းဒေသများသည် တရုတ်ပြည်၏ အစိတ်အပိုင်းများဖြစ်သည် ။ ၎င်းတို.၏ အားသာချက်တို.ကို အသုံးချနိုင်ပါက အတွင်းပိုင်းနှင့် အနောက်ပိုင်းဒေသများအပါအဝင် တစ်နိုင်ငံလုံးအတွက် အကျိုးရှိပေလိမ့်မည် ။ တစ်နိုင်ငံလုံး၏ ဖွံ.ဖြိုးရေးဟူသည့် ရှုထောင့်မှကြည့်ပါက ကမ်းရိုးတန်းဒေသများ၏ ဖွံ.ဖြိုးရေးကို ဦးစားပေးဖော်ဆောင်ရန် လိုအပ်ပေသည် ။
စိုးရိမ်ပူပန်မှု များစွာရှိနေသော်ငြားလည်း ကမ်းရိုးတန်းဒေသများ ဖွံ.ဖြိုးတိုးတက်ရေးဗျူဟာကို ပေါ်လစ်ဗျူရိုမှ အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီး ချမှတ်အကောင်အထည်ဖော်ခဲ့သည် ။ ဇွန်လ ၄ ရက် နောက်ပိုင်း၌ ဤမဟာဗျူဟာကို နံမည်တပ်၍ ခေါ်ဝေါ်သုံးစွဲမှု မရှိတော့သော်လည်း လက်တွေ.တွင်မူ ဆက်လက်ဖော်ဆောင်နေဆဲဖြစ်သည် ။ ကမ်းရိုးတန်းဒေသများ၏ စီးပွါးရေး ရေရှည်ဖွံ.ဖြိုးမှုကြောင့်သာလျှင် နှစ်အနည်းငယ်အတွင်း၌ နိုင်ငံ၏ ပို.ကုန်ပမာဏ များစွာကြီးမားများပြားလာပြီးလျှင် နိုင်ငံခြားအရံငွေကြေးမှာလည်း ပမာဏကြီးမားစွာ များပြားတိုးတက်လာခဲ့သည် ။ ၎င်းမှာ ဤလမ်းကြောင်းကို ရွေးချယ်ခဲ့သောကြောင့် မဟုတ်ပေလော ။ သိကြသည့်အတိုင်းပင် ဇွန်လ ၄ ရက်နောက်ပိုင်း၌ ဤမဟာဗျူဟာအကြောင်းကို မူဝါဒတစ်ခုအနေနှင့် မည်သူမျှ မပြောနိုင်ကြတော့ပေ ။ ဤသို.ပြောကြားပါက ဤမဟာဗျူဟာကို အားတက်သရော ချမှတ်အကောင်အထည်ဖော်နေမှုကို နှောင့်နှေးသွားစေပေလိမ့်မည် ။
တစ်ခါက တိုင်ဝမ်မှ လုပ်ငန်းရှင် အမြဲစိမ်းလုပ်ငန်းစု၏ ဥက္ကဋ္ဌ ချန်ယန်ဖနှင့် ပြောဆိုဆွေးနွေးခဲ့ဖူးသည် ။ သူသည် တစ်ခါက ဖော်မိုဆာ ပလတ်စတစ်မှ ဥက္ကဋ္ဌ ဝမ်ယန်ချင်းကဲ့သို.ပင် တိုင်ဝမ်၌ ကျော်ကြားသူဖြစ်သည် ။ စကားပြောဆိုဆွေးနွေးကြစဉ်၌ ကျွန်တော်က “ခင်ဗျားအနေနှင့် တိုင်ဝမ်မှာ ဒေါ်လာငွေ ဘီလီယံနဲ.ချီပြီး ရှာဖွေစုဆောင်းနိုင်တာဟာ လွယ်တဲ့ကိစ္စတော့မဟုတ်ဖူးဗျ ။ ဒီလိုမျိုး သေးငယ်လွန်းလှတဲ့ နေရာဒေသမျိုးမှာ ဘယ်လိုလုပ်ပြီးတော့များ ခင်ဗျားရှာဖွေနိုင်သလဲ”ဟု သူ.ကိုမေးကြည့်သည် ။
“သိပ်တော့လည်း အခက်ကြီးမဟုတ်ပါဘူး ။ လက်ရှိခင်ဗျားတို.လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့် မူဝါဒနှင့် နိုင်ငံခြား ကုန်သွယ်မှုကိုသာ ဆက်လက်အကောင်အထည်ဖော်သွားပါ ။ နိုင်ငံခြားအရံငွေတွေ အများကြီးရလာဖို. သိပ်ပြီးမကြာလှပါဘူး ။ တိုင်ဝမ်တောင်လုပ်နိုင်သေးရင် ပြည်မကြီးကလည်း လုပ်နိုင်တာပေါ့”ဟု သူကပြန်ပြောသည် ။ ဤအချက်ကို သူက လွန်စွာအကောင်းမြင်၍ စိတ်ချယုံကြည်စွာ ပြောခြင်းဖြစ်သည် ။
ထိုစဉ်ကမူ ကျွန်တော့်၌ သံသယစိတ်တို. ရှိနေခဲ့သည် ။ ဤအချက်သည် ဤမျှလောက်ထိ လွယ်ကူပါမည်လော ။ ယခုအခါ၌မူ ၎င်းမှာ ပြောပလောက်အောင် အခက်ကြီးမဟုတ်ကြောင်း ထင်ရှားလာပေပြီ ။ အဓိကအချက်မှာ တံခါးဖွင့်ထားဖို.ပင်ဖြစ်သည် ။ ကျွန်တော်တို.အနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့် မူဝါဒတို.ကို ချမှတ်ကျင့်သုံးနေသရွေ. ကျွန်တော်တို.၏ စီးပွါးရေးသည် လျှင်မြန်စွာ ဖွံ.ုဖြိုးလာလိမ့်မည်ဖြစ်ကြောင်း ယခင်ကတည်းက အကြိမ်များစွာ ကျွန်တော်ရှင်းလင်းပြခဲ့ပြီးဖြစ်သည် ။
၁၉၈၇ခုနှစ် ဆောင်းဦးရာသီမှ ၁၉၈၈ ခုနှစ် ဇန်နဝါရီလအထိ ဖူကျင့် ၊ ဂွမ်ဒေါင်း ၊ ဇီကျမ်းနှင့် ကျန်စုဒေသများသို. စစ်ဆေးရေးခရီးစဉ်ရှည်ကြီးတစ်ခု ကျွန်တော်ထွက်ခဲ့ပြီး သက်ဆိုင်ရာ စီရင်စု ၊ မြူနီစီပါယ် ၊ ခရိုင်နှင့် ပြည်နယ်အဆင့် ကေဒါများနှင့် ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သည် ။ သင့်လျော်သည့် ဗဟိုအစိုးရ အေဂျင်စီများနှင့်လည်း ကျွန်တော် အမြင်ချင်းဖလှယ်ခဲ့ပြီးနောက် ကမ်းရိုးတန်းဒေသများ ဖွံ.ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ကျွန်တော် အဆိုပြုတင်ပြခဲ့သည်။ မဟာဗျူဟာ၏ အရေးကြီးဆုံး အစိတ်အပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး၏ အကူးအပြောင်းက ဖန်တီးလာသည့် အခွင့်အလမ်းများကို အပြည့်အဝ ရယူအသုံးချနိုင်ရန်အတွက် ကမ်းရိုးတန်းဒေသများ၌ ပို.ကုန်အဓိက ဦးစားပေး စီးပွါးရေးစနစ်ကို ချမှတ်ဖော်ဆောင်ရန်ဖြစ်သည် ။ စီမံကိန်းသည် လူဦးရေ သန်းပေါင်း ၁၀၀ မှ သန်းပေါင်း ၂၀၀ ထိ နေထိုင်သည့် ကမ်းရိုးတန်းဒေသတစ်လျှောက် အကြုံးဝင်သည် ။ အောက်ပါအချက်များ ပါဝင်သည် ။
၁ ။ ကမ်းရိုးတန်းဒေသများ ဖွံ.ဖြိုးတိုးတက်ရေးသည် အနှစ်သာရအားဖြင့် ပို.ကုန်ဦးစားပေး စီးပွါးရေးစနစ် တည်ဆောက်ဖော်ဆောင်မည့် အစီအစဉ်ဖြစ်သည် ။ ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးစနစ်၏ ဖွဲ.စည်းတည်ဆောက်ပုံ ပြန်လည်ထိန်းညှိမှုမှ ပေါ်ထွက်လာမည့် အခွင့်အလမ်းများကို အရအမိ အသုံးချလျှက် လုပ်အားအဓိကအသုံးပြု သို.မဟုတ် လုပ်အားနှင့်နည်းပညာ အဓိကအသုံးပြရသည့် ကုန်ထုတ်လုပ်ငန်းတို. ဖွံ.ဖြိုးရေးကို အဓိက အာရုံစိုက်၍ ဖော်ဆောင်သွားမည် ။
၂ ။ “နိုင်ငံတကာသို. ဆန်.တန်းဆက်သွယ်ထားသည့် အစွန်းနှစ်ဖက်”သဘောတရားအရ ပမာဏကြီးမားများပြားသည့် သွင်းကုန်နှင့်ပို.ကုန်တို.ကို တင်သွင်းတင်ပို.နိုင်မည်ဖြစ်သည် ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့် စက်ပစ္စည်းကရိယာများနှင့် ကုန်ကြမ်းပစ္စည်းတို. တင်သွင်းရန်အတွက် အရင်းအနှီး ၊ စက်ပစ္စည်းကရိယာနှင့် ထုတ်ကုန်တို.ကို နိုင်ငံတကာ ဈေးကွက်တွင် ရောင်းဝယ်မည် ။ ကုန်ထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး ထုတ်ကုန်တို.ကို ပြည်ပသို. တင်ပို.မည် ။ ပမာဏကြီးမား များပြားသည့် သွင်းကုန်နှင့်ပို.ကုန်တို.ကို နှောင့်နှေးမှု မရှိစေပဲ ခွင့်ပြုရန်လိုအပ်သည် ။
၃ ။ ပို.ကုန်ဦးစားပေး စီးပွါးရေးကို အကောင်အထည်ဖော်ရာ၌ မြို.နယ်လုပ်ငန်းစုတို.၏ အလားအလာစွမ်းရည်တို.ကို အပြည့်အဝအသုံးချမည်ဖြစ်ပြီး ၎င်းတို.သည် အဓိက သို.မဟုတ် အင်အားအကြီးဆုံး အင်အားစုများအဖြစ် ဖော်ဆောင်ရမည် ။ ဆိုလိုသည်မှာ မြို.နယ်စီးပွါးရေး လုပ်ငန်းစုတို.၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချလျှက် ၎င်းတို.ကို ယာဉ်ရထားအဖြစ် အသုံးချလျှက် ပို.ကုန်ဦးစားပေး စီးပွါးရေး လမ်းကြောင်းကို ဖောက်လုပ်ဖော်ဆောင်သွားရန်ဖြစ်သည် ။ အဆုံးသတ်၌ ကမ်းရိုးတန်းဒေသရှိ ကျေးလက်လုပ်သား အင်အားစု၏ အများစုအစိတ်အပိုင်းသည် ဤပို.ကုန်ဦးစားပေး စီးပွါးရေးစနစ်နှင့် နိုင်ငံတကာ ဈေးကွက်အတွင်း၌ ပါဝင်ပေါင်းစပ်လာပေလိမ့်မည် ။
၎ ။ ဤသို.သော အပြောင်းအလဲနှင့် ကိုက်ညီလိုက်လျောညီထွေ ရှိစေရန်အတွက် နိုင်ငံခြားကုန်သွယ်မှုစနစ်ရှိ သွင်းကုန်နှင့် ပို.ကုန်တို.ကို ဗဟိုဦးစီးချုပ်ကိုင်မှုကို ပြုပြင်ပြောင်းလဲရမည် ။ သူတို.၏ စီးပွါးရေးလုပ်ငန်းတို.ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုထားသည့်အားလျှော်စွာ ပြည်ပသို. တင်ပို.ရန်အတွက် ကုန်စည်ထုတ်လုပ်နိုင်စွမ်းရှိသည့် အဖွဲ.အစည်း သို.မဟုတ် လုပ်ငန်းစုများနှင့် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းတွင် ပြည်ပနှင့် တင်သွင်းတင်ပို.လုပ်နေသည့် စီးပွါးရေးလုပ်ငန်းစုတို.သည် ၎င်းတို.၏ အမြတ်နှင့် အရှုံးတို.အတွက် ၎င်းတို.ဘာသာ တာဝန်ယူရမည်ဖြစ်သည် ။
အချုပ်အားဖြင့်ဆိုရပါက ဤအစီအစဉ်သည် ကမ်းရိုးတန်းဒေသများရှိ သန်းပေါင်း ၁၀၀ မှ ၂၀၀ ထိရှိသည့် ပြည်သူများနှင့် ဒေသတွင်းရှိ စီးပွါးရေးလုပ်ငန်းစုတို.ကို ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးအတွင်းသို. ပေါင်းစပ်ပါဝင်သွားစေပြီး နိုင်ငံတကာဈေးကွက်ရှိ ယှဉ်ပြိုင်မှုအတွင်းသို. ပါဝင်သွားစေမည်ဖြစ်သည် ။
တရုတ်ပြည်ပြင်ပ၌ နိုင်ငံတကာ စီးပွါးရေးစနစ်၏ ဖွဲ.စည်းတည်ဆောက်ပုံ ပြန်လည်ထိန်းညှိမှုမှာ လမ်းကြောင်းပေါ်သို. ရောက်ရှိနေပြီဖြစ်ပြီး တချို.သော စက်မှုဖွံ.ဖြိုးပြီးနိုင်ငံများ သို.မဟုတ် အသစ်ပေါ်ထွန်းလာသော ထွန်းသစ်စ စက်မှုနိုင်ငံများ၌ ပြည်သူတို.၏ လူနေမှုအဆင့်အတန်းမှာ ပို၍မြင့်မားလာသည် ။ ထို.ကြောင့် ၎င်းတို.၏ လုပ်အားခများမှာလည်း ပို၍မြင့်တက်လာသည် ။ ဤအချက်က လုပ်အားအဓိကအသုံးပြု ကုန်ထုတ်လုပ်ငန်းများကို လုပ်အားခ ဈေးပေါသည့်နေရာများသို. ဖြည်းဖြည်းချင်း ရွှေ.ပြောင်းသွားစေသည် ။
အာရှပစိဖိတ်ဒေသတွင်း၌ အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ လုပ်အားအဓိကအသုံးပြု ကုန်ထုတ်လုပ်ငန်းများနှင့် စက်ရုံများကို ဂျပန်နိုင်ငံသို. ပြောင်းရွှေ.ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်သည် ။ ဂျပန်နိုင်ငံက ၎င်းကိုယ်၎င်း ဖွံ.ဖြိုးတိုးတက်အောင် အခွင့်အလမ်းကို အသုံးချခဲ့သည် ။ နောက်ပိုင်း၌ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို.သည် ၎င်းတို.၏ ကုန်ထုတ်လုပ်ငန်း တချို.နှင့် စက်ရုံတချို.ကို အာရှကျားလေးကောင်သို. ပြောင်းရွှေ.ခဲ့သည် ။ အာရှကျားများ ဖွံ.ဖြိုးတိုးတက်လာသည်နှင့်အမျှ ဂျပန်နှင့် အာရှကျားများသည် ၎င်းတို.၏ စက်ရုံတချို.ကို အာဆီယံ (အရှေ.တောင်အာရှ ဆယ်နိုင်ငံ စုပေါင်းတည်ထောင်ထားသည့် အဖွဲ.) နိုင်ငံများသို. ပြောင်းရွှေ.ခဲ့သည် ။
စီးပွါးရေးစနစ် ဖွဲ.စည်းပုံတည်ဆောက်ပုံ ပြန်လည်ထိန်းညှိမှုမှာ ကမ္ဘာလုံးဆိုင်ရာအရဖြစ်စေ အာရှပစိဖိတ် ဒေသဆိုင်ရာအရဖြစ်စေ ရပ်တန်.သွားမည်မဟုတ်ပေ ။ ဤလည်ပတ်နေသည့် ဖြစ်စဉ်က ဖွံ.ဖြိုးဆဲနိုင်ငံများအတွက် အခွင့်အလမ်းများ ကမ်းလှမ်းနေသည် ။ အတိတ်ကာလက လွတ်လပ်သည့် သတင်းစီးဆင်းမှုမရှိပဲ ကျွန်တော်တို.၏ တံခါးတို.ကို ပိတ်ထားပြီး တင်းကျပ်၍ လွန်ကဲသည့် ဗဟိုဦးစီးကွပ်ကဲမှုစနစ်ကို ကျင့်သုံးခဲ့သဖြင့် အခွင့်အလမ်းများစွာ ကျွန်တော်တို. လက်လွှတ်ခဲ့ရသည် ။ နောက်ထပ်တခြားအခွင့်အလမ်းများကို ကျွန်တော်တို. လက်လွတ်မခံနိုင်တော့ပေ ။
တစ်ပြိုင်တည်းမှာပင် ကျွန်တော်တို. ကမ်းရိုးတန်းဒေသများ၌ အခြေအနေကောင်းများ တည်ရှိနေပြီဖြစ်သည် ။ ဆိပ်ကမ်းများနှင့် နီးကပ်၍ အဆင်ပြေသည့် သယ်ယူပို.ဆောင်ရေး တည်ရှိမှု ၊ ကုန်းတွင်းပိုင်းဒေသများထက် ပို၍ကောင်းမွန်သည့် အခြေခံအဆောက်အအုံများ တည်ရှိမှုနှင့် ယဉ်ကျေးမှုအရနှင့် အတက်ပညာအရပါ အရည်အသွေးမြင့်မားသည့် လုပ်အားစု တည်ရှိနေမှုစသည့် အချက်များနှင့် ပြည့်စုံနေသည် ။ ကမ်းရိုးတန်းဒေသများသည် နိုင်ငံတကာဈေးကွက်နှင့် ပို၍နီးကပ်ပြီး ပြင်ပကမ္ဘာနှင့် ကုန်သွယ်ကူးသန်းသည့် အစဉ်အလာ ရှိခဲ့သည် ။ အခွင့်အလမ်းနှင့် အခြေအနေကောင်းများ နှစ်ခုလုံးရှိနေပြီးဖြစ်သည့်အားလျှော်စွာ အကယ်၍ ကျွန်တော်တို.၏ အတွေးအခေါ်ကို ပိတ်ဆို.နေသည့် အတားအဆီးတို.ကို ဖယ်ရှားပြီး သင့်လျော်သည့် မူဝါဒများကို လမ်းညွှန်အဖြစ် ချမှတ်ကျင့်သုံးပါက ကမ်းရိုးတန်းဒေသများသည် လျှင်မြန်စွာ ဖွံ.ဖြိုးလာပေလိမ့်မည် ။
အကယ်၍ ဤမဟာဗျူဟာကို မကျင့်သုံးပါက ထိုဒေသများသည် ပို၍ပို၍ ခက်ခဲသည့် အခြေအနေများကို ရင်ဆိုင်တွေ.ကြုံရပေလိမ့်မည် ။ အကယ်၍ ကျွန်တော်တို.၏ လုပ်နည်းကိုင်နည်းအဟောင်းများကို ဆက်လက်ကျင့်သုံးနေပါက ထိုဒေသများသည် ပို၍အကန်.အသတ်များနှင့် ရင်ဆိုင်ရမည် ။ အဓိက အကြောင်းရင်းမှာ သဘာဝရင်းမြစ်များ ကင်းမဲ့သောကြောင့်ဖြစ်သည် ။ လွန်ကဲလှသည့် ဗဟိုဦးစီး စီမံကိန်းစီးပွါးရေးစနစ်က တစ်နိုင်ငံလုံးကို စစ်တုရင်ခုံတစ်ခုအဖြစ် ရှုမြင်ပြီး အနောက်ဖက်ဒေသများ၏ သဘာဝရင်းမြစ်များ ဖွံ.ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုကို အားထားကာ ၎င်းတို.ကို ကမ်းရိုးတန်းဒေသများသို. ကုန်ထုတ်လုပ်ရေးအတွက် သယ်ယူပို.ဆောင်စေသည် ။ ဤလမ်းကြောင်းမှာ အလုပ်မဖြစ်တော့ပေ ။
ကုန်းတွင်းပိုင်းဒေသများသည် ၎င်းတို.၏ ရင်းမြစ်များကို ကမ်းရိုးတန်းဒေသများသို. ဈေးနှုန်းသက်သာစွာဖြင့် မရောင်းချလိုတော့သည့်အတွက် ကုန်းတွင်းပိုင်းနှင့် ကမ်းရိုးတန်းဒေသများ၏ ကွဲလွဲမှုမှာ နက်ရှိုင်းလာသည် ။ ထို.ကြောင့် ကမ်းရိုးတန်းဒေသများကို အနှစ်သာရအားဖြင့် ပို.ကုန်ဦးစားပေး စီးပွါးရေးအဖြစ် ပြောင်းလဲရေးမှာ အဓိကကျ၍ အရေးကြီးသည့် အကြောင်းအရာဖြစ်သည် ။
အဆိုပြုချက်တွင် နိုင်ငံရေးအရ အရေးပါသည့် အချက်များလည်း ပါဝင်သည် ။ လွန်ကဲသည့် ဗဟိုဦးစီး စီမံကိန်း စီးပွါးရေးစနစ်သည် တစ်နိုင်ငံလုံးကို တစ်ပြေးညီဖွံ.ဖြိုးစေရန် ဖော်ဆောင်နေသောကြောင့် ကမ်းရိုးတန်းဒေသများ၏ အားသာချက်များကို အသုံးမချနိုင်ပေ ။ ကုန်းတွင်းပိုင်းဒေသများသော်လည်းကောင်း ကမ်းရိုးတန်းဒေသများသော်လည်ကောင်း အလျှင်အမြန် မဖွံ.ဖြိုးနိုင်ခဲ့ပေ ။ ရှန်ဟိုင်းသည် လွတ်လပ်ရေးမရမှီက အာရှပစိဖိတ်ဒေသတွင် အလွန်ဖွံ.ဖြိုးသည့် မြို.ကြီးဖြစ်သည် ။ စင်္ကာပူနှင့် တိုင်ဝမ်ကိုထားဦးတော့ ဟောင်ကောင်ထက်ပင် ပို၍ခေတ်မှီသေးသည် ။ သို.သော်လည်း ဆယ်စုနှစ် ၂ ခုကျော်မျှ ကြာအပြီး၌ ရှန်ဟိုင်းသည် ထိုးကျသွားပြီး ဟောင်ကောင်၊ စင်္ကာပူနှင့် တိုင်ဝမ်တို.နောက်တွင် များစွာပြတ်ကျန်နေခဲ့သည် ။ ဤအချက်က “ဆိုရှယ်လစ်စနစ်ရဲ. တကယ့်အားသာချက်က ဘာတွေလဲ”ဟု ပြည်သူများ၏စိတ်တွင် မေးခွန်းများ ဖြစ်ပေါ်စေခဲ့သည် ။
အကယ်၍ လူဦးရေ သန်းရာချီရှိသည့် တရုတ်ပြည်၏ ဒေသတစ်ခုကို သူတို.အစွမ်းရှိသလောက် အလျှင်အမြန် ဖွံ.ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်ပါက အခြေအနေများ ပို၍ကောင်းမွန်လာပြီး ဆိုရှယ်လစ်စနစ်သည် ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို တားဆီးနေသည့် အဟန်.အတားတစ်ခုဖြစ်သည်ဟူ၍ ပြောဆိုကြတော့မည် မဟုတ်ပေ ။ နိုင်ငံရေး ရှုထောင့်မှကြည့်ပါက ၎င်းသည် ဟောင်ကောင်နှင့် မကာအိုတို.ကို ပြန်လည်လွှဲပြောင်းပေးခြင်းနှင့် ပြည်မကြီးနှင့် တိုင်ဝမ် ပြန်လည်ပေါင်းစည်းရေးတို.အတွက် ပြည်သူတို.၏ သံသယနှင့် စိုးရိမ်မှုများကို လျှော့ချပေးနိုင်သည်။၁ ၎င်းက ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်သူများကို ပို၍စိတ်အားတက်ကြွလာစေနိုင်သည် ။
ကျွန်တော်သည် ကမ်းရိုးတန်းဒေသများ ဖွံ.ဖြိုးတိုးတက်ရေး မဟာဗျူဟာကို လေ့လာမှု ၊ စမ်းသပ်မှုနှင့် သုံးသပ်မှုများစွာ ပြုလုပ်ပြီးမှ အဆိုပြုတင်ပြခဲ့ခြင်းဖြစ်သည် ။ ၎င်းသည် ပြုပြင်ပြောင်းလဲရေးကို ပို၍နက်ရှိုင်းစွာ အကောင်အထည်ဖော်ရေး လိုအပ်ချက်ကိုလည်း ပြန်လည်တုံ.ပြန်ခြင်းဖြစ်သည် ။
ကျွန်တော်သည် ဂွမ်ဒေါင်းတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည် ၊ ထိုဒေသသည် ဟောင်ကောင် ၊ မကာအိုတို.နှင့် ကပ်နေသည် ။ ထို.ကြောင့် ကျွန်တော်သည် အတော်စောစောကပင် နိုင်ငံတကာ ဈေးကွက်နှင့် နိုင်ငံခြားကုန်သွယ်မှုကို နက်ရှိုင်းစွာ နားလည်သဘောပေါက်နေခဲ့သည် ။ ကမ်းရိုးတန်းဒေသများအား သူတို.၏ အစွမ်းရှိသလောက် အပြည့်အဝ ဖွံ.ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတကာ ကုန်သွယ်မှုကို အသုံးချစေရန် ခွင့်ပြုလိုက်ပါက များစွာအကျိုးရှိလိမ့်မည်ဟု အစောကြီးကတည်းကပင် ကျွန်တော်ယုံကြည်နေခဲ့သည် ။
ဥပမာအားဖြင့် ဂွမ်ဒေါင်းတွင် ကြံစိုက်ပျိုးခွင့် ပြုလိုက်ပါက တစ်ဧကတွင် သကြား ကတ်တီ ၁၀၀၀ မျှထွက်နိုင်သည် ။ အကယ်၍ ဤဒေသတွင် စပါးစိုက်ပျိုးပါက တစ်ဧကတွင် ဆန်ကတ်တီ ၁၀၀၀ မျှထွက်နိုင်သည် ။ သကြား ကတ်တီ ၁၀၀၀သည် ဆန်ကတ်တီ ၁၀၀၀ထက် အဆပေါင်းများစွာ ပို၍ဈေးရသည် ။ သကြားကတ်တီ ၁၀၀၀ကို တင်ပို.ရောင်းချရာမှ ရရှိသည့်ငွေဖြင့် ဆန်ကတ်တီ ထောင်ပေါင်းများစွာ ပြန်လည်ဝယ်ယူနိုင်သည် ။ သို.သော် အတိတ်ကာလတုန်းက ကျွန်တော်တို.သည် နိုင်ငံတကာ ကုန်သွယ်မှု၏ အားသာချက်များကို အသုံးမချနိုင်ခဲ့ပေ ။ အစားအစာ ပြတ်လပ်ရှားပါးမှုကို ဖြေရှင်းရန်အတွက် ကြံစိုက်ပျိုးမှုကို ကျွန်တော်တို. မတိုးချဲ.နိုင်ခဲ့ပေ ။ ထို.ကြောင့် ကြံနှင့်စပါး စိုက်ပျိုးခွင့်အတွက် ယှဉ်ပြိုင်မှုပြဿနာမှာ အမြဲပင် တွေ.ကြုံနေခဲ့သည် ။
ဂွမ်ဒေါင်းတွင် နိုင်ငံတကာဈေးကွက်၌ ဈေးနှုန်းမြင့်မြင့်နှင့် ရောင်းချနိုင်သည့် အရည်အသွေးမြင့်သည့် ဆန်မျိုးစိတ်များလည်း အများအပြားရှိသည် ။ ဤအမျိုးအစား ဆန် ၁ ကတ်တီဖြင့် သာမာန်ဆန် ကတ်တီပေါင်းများစွာ ဝယ်ယူနိုင်သည် ။ ဂွမ်ဒေါင်းတွင် ကျွန်တော် အလုပ်လုပ်ခဲ့စဉ်က အရည်အသွေးမြင့်ဆန် ၁ ကတ်တီကို တင်ပို.ရောင်းချပြီး သာမန်အမျိုးအစား ဆန်၁ကတ်တီနှင့် ဓာတ်မြေဩဇာ ကတ်တီပေါင်းများစွာ ပြန်လည်ဝယ်ယူသည့်နည်းကို ကျွန်တော်ကျင့်သုံးခဲ့သည် ။ ထိုဓာတ်မြေဩတို.ဖြင့် ဆန်ကတ်တီပေါင်းများစွာကို ဒေသတွင်း၌ပင် ပြန်လည်ဖလှယ်ယူခဲ့သည် ။ ဤသို.လုပ်ခြင်းဖြင့် ကျွန်တော်တို.တွင် ဆန် ၊ ဓာတ်မြေဩဇာနှင့် နိုင်ငံခြားငွေတို. ရရှိလာသည် ။ သို.သော် အတိတ်ကာလက ကျွန်တော်တို.သည် ကိုယ့်အားကိုကိုးရေးကို ဦးစားပေးခဲ့ပြီး နိုင်ငံတကာဈေးကွက်ကို အသုံးမချနိုင်ခဲ့ပေ ။ ထို.ကြောင့် ကျွန်တော်တို.သည် ကျွန်တော်တို.၏ ကိုယ်ပိုင်အားသာချက်များကို လျှော့တွက်ခဲ့သလိုရှိသည် ။
နိုင်ငံခြားကုန်သွယ်မှုတွင် အလားအလာများစွာရှိသည် ။ ဂွမ်ဒေါင်းတွင် ကျွန်တော် အလုပ်လုပ်နေစဉ်က ဤအကြောင်းကို ကျွန်တော်များစွာ စဉ်းစားမိခဲ့သည် ။ အကယ်၍ စီးပွါးရေးလုပ်ငန်းတစ်ခု သို.မဟုတ် ဒေသတစ်ခုသည် ကုန်ကြမ်းပစ္စည်းများတင်သွင်းခြင်းနှင့် ၎င်း၏ကိုယ်ပိုင် ထုတ်ကုန်များ တင်ပို.ခြင်းတို.ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိပါက အကျိုးအမြတ်များစွာ ရရှိုပေလိမ့်မည် ။ နိုင်ငံတစ်ဝှမ်းရှိ ဒေသတချို.အနေဖြင့် တင်ပို.ရောင်းချရန် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စွမ်း မရှိရခြင်း၏ အကြောင်းမှာ ၎င်းတို.၌ အရည်အသွေးကောင်းသည့် ကုန်ကြမ်းရင်းမြစ်များ မရှိသောကြောင့်ဖြစ်သည် ။ ထို.ကြောင့် ကုန်ပစ္စည်း မထုတ်လုပ်နိုင်ခြင်း သို.မဟုတ် ထုတ်လုပ်သည့် ကုန်ပစ္စည်း၏ အရည်အသွေး မပြည့်မှီခြင်း စသည်တို. ဖြစ်ပေါ်လာသည် ။ အကယ်၍ ကုန်ကြမ်းပစ္စည်းများကို တင်သွင်းနိုင်၍ ၎င်းကုန်ကြမ်းတို.ကို ကုန်ချောအဖြစ် ထုတ်လုပ်သည့် လုပ်ငန်းစဉ်အတွက် ကျွန်တော်တို.၏ စက်ကရိယာများကို အသုံးချကာ ထွက်လာသည့် အပြီးသတ်ထုတ်ကုန်ကို တင်ပို.ရောင်းချပါက ကျွန်တော်တို.အတွက် လိုအပ်သည့် အရာမှန်သမျှကို ပြန်လည်ဝယ်ယူနိုင်ရုံမျှသာမက နိုင်ငံခြားငွေကိုလည်း ကျွန်တော်တို. ရရှိနိုင်ပေလိမ့်မည် ။
၁၉၆၀ ခုနှစ်များအတွင်းက ကျွန်တော်တို.၏ နိုင်ငံခြားကုန်သွယ်မှုကို တိုးမြှင့်ပြီး သွင်းကုန်များကို အသုံးပြု၍ ပို.ကုန်ပြန်လည်ရောင်းချမှုကို ပြုလုပ်ရန် ဗဟိုကော်မတီသို. ကျွန်တော်စာရေး၍ အဆိုပြုခဲ့ဖူးသည် ။ ဤနည်းလမ်းကို ဂွမ်ဒေါင်းတွင် အသုံးချရန် ကျွန်တော်တို. ကြိုးပမ်းခဲ့ကြသည် ။ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး ယီဂျီဟွမ်း၏ သဘောတူမှုဖြင့် တင်သွင်းမှုနှင့် တင်ပို.မှုတချို. ကျွန်တော်တို. ပြုလုပ်ခဲ့ကြပြီး ရရှိလာသည့် နိုင်ငံခြားငွေကို ဒေသအစိုးရ အဆင့်၌ မျှဝေသုံးစွဲခဲ့သည် ။ ၁၉၆၀ ခုနှစ်များအတွင်း ဂွမ်ဒေါင်းဒေသ၏ စီးပွါးရေး ပြန်လည်နလံထူလာခြင်းမှာ အဓိကအားဖြင့် ဤသို.ပြုလုပ်ခြင်း၏ ရလာဒ်များကြောင့်ဖြစ်သည်။
ကမ်းရိုးတန်းဒေသများအတွက် နိုင်ငံခြားကုန်သွယ်မှုအတွက် အလားအလာ များစွာရှိနေသည်ဟု ကျွန်တော် ထိုစဉ်က ခိုင်ခိုင်မာမာ ယုံကြည်နေခဲ့သည် ။ ကျွန်တော်တို.၏ စနစ်နှင့် မူဝါဒများက ၎င်းကို လည်ပင်းညှစ်နေသည် ။ အခွင့်အလမ်းများ မရှိသောကြောင့် သို.မဟုတ် မဖြစ်နိုင်သောကြောင့် မဟုတ်ပဲ လုပ်ကိုင်ခွင့် မပြုသောကြောင့်သာဖြစ်သည် ။
၁၉၈၁ ခုနှစ်အတွင်း တီယန်ကျင်းရှိ စီးပွါးရေးလုပ်ငန်းများသို. စစ်ဆေးရေးခရီး သွားခဲ့စဉ်ကလည်း ဤအကြောင်းအရာကို တွေ.ရှိရပြန်သည် ။ တီယန်ကျင်းရှိ ချည်မျှင်စက်ရုံများမှာ ကုန်ကြမ်းပစ္စည်း ပြတ်လပ်နေပြီး ၎င်းတို.၏ စက်ကရိယာများကို အဆင့်မြှင့်တင်မှု မပြုလုပ်နိုင်ဖြစ်နေသဖြင့် ထုတ်လုပ်ရေး မပြုလုပ်နိုင်ဖြစ်နေသည် ။ ၎င်းမှာ ပြန်လည်ထိန်းညှိရေး ကာလအတွင်းကဖြစ်ပြီး စက်ရုံအများစုမှာ ကုန်ပစ္စည်းထုတ်လုပ်မှုများ ဆိုင်းငံ့ထားရန် အတင်းအကျပ် ဖိအားပေးခံထားရချိန်ဖြစ်သည် ။ ကျွန်တော်သည် သူတို.နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အကယ်၍ ကုန်ကြမ်းပစ္စည်းများကို ထင်သွင်းခွင့်ပေးခဲ့ပါက သူတို.၏ ထုတ်ကုန်များကို ပြန်လည်တင်ပို.နိုင်စွမ်းရှိမရှိ မေးမြန်းခဲ့သည် ။ သူတို.က လုပ်ကိုင်နိုင်ကြောင်း ပြန်ဖြေခဲ့သည် ။ အကယ်၍ ကမ်းရိုးတန်းဒေသအားလုံးကို ပို.ကုန်ဦးစားပေး စီးပွါးရေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော်ပါက မည်သို.ဖြစ်မည်နည်းဟု ကျွန်တော်တွေးမိခဲ့သည် ။ နောက်ပိုင်း၌ တခြားအကြောင်းကိစ္စများ ပေါ်လာသဖြင့် ဤအကြောင်းအရာမှာ ဘေးရောက်သွားခဲ့သည် ။
ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ခဲ့ပြီးနောက် ၁၉၈၁ မှ ၁၉၈၄ ခုနှစ်အတွင်း၌ “သွင်းအားစု ၃ခု အပေါင်း ပို.ကုန်ထောက်ပံ့ကြေး” အစီအစဉ်ကို ဂွမ်ဒေါင်းတွင် စတင်ခဲ့သည် ။ သူတို.က ကုန်ကြမ်းပစ္စည်း ၊ နမူနာပုံစံနှင့် ဒီဇိုင်းတို.ကို တင်သွင်းပြီး ကုန်ချောထုတ်သည့် လုပ်ငန်းစဉ်တွင် လက်ရှိတည်ရှိနေဆဲ စက်ကရိယာနှင့် လုပ်အားတို.ကို အသုံးပြုကာ ထွက်ရှိလာသည့် အပြီးသတ်ကုန်ချောကို ထောက်ပံ့ကြေးဖြင့် နိုင်ငံခြားသို. ပြန်လည်တင်ပို.သည် ။ ၎င်းမှာ ထိုစဉ်က အခြေခံကျလွန်းပြီး အကြမ်းသဘောဆန်လှသော်လည်း စံချိန်စံညွှန်းများမှာ လျှင်မြန်စွာ တိုးတက်လာသည် ။ ဂွမ်ဒေါင်းဒေသ အထူးသဖြင့် ဒေါင်ဂွမ်း ၊ နန်ဟိုင်းနှင့် ပုလဲမြစ်ဝကျွန်းပေါ်ဒေသတို.မှာ လျှင်မြန်စွာ တိုးတက်လာသည် ။
အစပိုင်းတွင် ဟောင်ကောင်စီးပွါးရေး လုပ်ငန်းရှင်များ သွားလေရာနေရာတိုင်း၌ “သွင်းအားစု ၃ခု အပေါင်း ပို.ကုန်ထောက်ပံ့ကြေး” မူဝါဒကို ချမှတ်ခဲ့သည် ။ ထို.ကြောင့် နောက်ဆုံး၌ သူတို.၏ ကုန်ထုတ်စက်ကရိယာများနှင့် ထုတ်လုပ်ရေး အခြေစိုက်ဋ္ဌါနများကို ပြည်မကြီးသို. သူတို.ရွှေ.ပြောင်းလာကြသည် ။ ဤအစီအစဉ်ကို ဂွမ်ဒေါင်း၌ အကောင်အထည်ဖော်ပြီးနောက်တွင် ဖူကျင့် ၊ ရှန်ဒေါင်း ၊ ဇီဂျင်းနှင့် ဂျန်စုဒေသတို.ကလည်း နောက်ကလိုက်လာကြသည်။ ရလာဒ်များမှာ ကောင်းမွန်လှသည် ။ ဤအချက်အားလုံးက ကမ်းရိုးတန်းဒေသများ၏ အားသာချက်များကို အကောင်အထည်ဖော်ရန်သာ လိုတော့ကြောင်း သက်သေပြနေသည် ။
ဤကိစ္စများသည် ပြုပြင်ပြောင်းလဲရေးကာလအတွင်းက ကမ်းရိုးတန်းဒေသများ၌ ဖြစ်ထွန်းနေပြီဖြစ်ပါသည် ။ သို.သော် အားလုံးကို ခြံငုံနိုင်သည့် မဟာဗျူဟာတစ်ရပ်အနေဖြင့် ပြောရပါက မဟာဗျူဟာကျကျ တွေးခေါ်ပြီး အကောင်အထည်ဖော်ရန် လိုအပ်နေသေးသည် ။ ဤအချက်ကြောင့် ကမ်းရိုးတန်းဒေသ ဖွံ.ဖြိုးတိုးတက်ရေး မဟာဗျူဟာကို အဆိုပြုခဲ့ခြင်းဖြစ်သည် ။ အကြောင်းမရှိပဲနှင့် သို.မဟုတ် တဒင်္ဂလှုံ.ဆော်မှုဖြင့် အဆိုပြုခဲ့ခြင်းမဟုတ်ပါ ။ နှစ်ပေါင်းများစွာကြာအောင် စူးစမ်းလေ့လာမှု ၊ သုတေသနပြုမှုနှင့် နားလည်သဘောပေါက်မှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
-----------------------------------------------------------------------------------------------------------------
၁ ။ ။ ၁၉၉၇ ခုနှစ်တွင် ဗြိတိန်သည် ဟောင်ကောင်ကို တရုတ်ပြည်၏ ထိန်းချုပ်မှုအောက်သို. တရားဝင်ပြန်လည် လွဲပြောင်းပေးခဲ့သည် ။ နောက် ၂ နှစ်အကြာ၌ ပေါ်တူဂီသည်လည်း မကာအိုကို ဤကဲ့သို.ပင် ပြန်လည်လွှဲပြောင်းပေးခဲ့သည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 11 The Coastal Regions Take Off ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။ )

Saturday, August 28, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၁၀ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေးဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၁၀
လယ်ယာမြေ လွတ်လပ်ရေး
တရုတ်ပြည်၏ အဆင်းရဲဆုံး ဒေသများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရေးအတွက်
ပြုပြင်ပြောင်းလဲရေး၏ အစောပိုင်းနှစ်ကာလများအတွင်း၌ အစိုးရက ကျေးလက်ဒေသ လယ်ယာမြေ
ကန်ထရိုက်စနစ်ကို၁ ပြန်လည်၍ အကောင်အထည်ဖော်ခဲ့သည် ။ ဤအစီအစဉ်က
စီးပွါးရေးမက်လုံးများကို ပြန်လည်ဆောင်ကြဉ်းပေးခဲ့ပြီး တရုတ်ပြည် ပြုပြင်ပြောင်းလဲရေး၏
အလွန်အရေးပါသော အဆင့်တစ်ခုဖြစ်သည် ။ ဤအစီအစဉ်၏ အခြေခံသဘောမှာ ရေမြေအားလုံးကို
အစိုးရက ပိုင်ဆိုင်သည့်အတွက် လယ်ယာစိုက်ပျိုးသည့် မိသားစုများအား လယ်မြေကို
ကန်ထရိုက်ချပေးခြင်းဖြင့် အတိုင်းအတာတစ်ခုထိ လွတ်လပ်ခွင့်ပေးပြီး လယ်ယာစိုက်ပျိုးရေးအတွက်
မက်လုံးတစ်ခုပေးခြင်းဖြစ်သည် ။
ပြည်သူ.ဘုံအဖွဲ.များ တည်ထောင်သည့် မော်၏အစွန်းရောက်မူဝါဒများ၏ အကျိုးဆက်များကို
တန်ပြန်ရန်အတွက် ဝါရင့်ပါတီဝင်ဟောင်းကြီး လျူရှောက်ချီသည်လည်း ဤအယူအဆများကို
တစ်ချိန်က ထောက်ခံခဲ့ဖူးသည် ။ အဆုံးအဖြတ် နောက်ဆုံးပိတ် နိုင်ငံရေးတိုက်ပွဲ၌ လျူက
မော်ကိုရှုံ့းနိမ့်သွားသည့်အတွက် ကျေးလက်ဒေသ လယ်ယာမြေ ကန်ထရိုက်အစီအစဉ်မှာ
အမှားအယွင်း အတိမ်းအစောင်းမခံသည့် မူဝါဒရေးရာ ကိစ္စရပ်တစ်ခုဖြစ်သည် ။ ဤအစီအစဉ်က
စိုက်ပျိုးရေးထွက်ကုန်များကို မြှင့်တင်ပေးနိုင်ကြောင်း ပါတီကေဒါအများအပြားက
တွေ.ကြုံနားလည်ထားသော်လည်း လူအနည်းငယ်ကသာ ဤအစီအစဉ်ကို ပေါ်ပေါ်ထင်ထင်
ထောက်ခံရဲသည် ။
ကျေးလက်ဒေသ စီးပွါးရေးအတွက် ဖော်ဆောင်ခဲ့သည့် ဤအစီအစဉ်၏ အကျိုးဆက်မှာ မော်၏
ပြည်သူ.ဘုံအဖွဲ.များကို လုံးဝအပြီးတိုင် ဖြိုဖျက်ပစ်လိုက်ခြင်းဖြစ်ပြီး လယ်သမား သန်း ၈၀၀အား
လွတ်မြောက်သွားစေခဲ့သည် ။ ဤအစီအစဉ်ကို စောစီးစွာ ထောက်ခံမှုက ကျောက်အား
ပြုပြင်ပြောင်းလဲရေးကို ကြီးကြပ်ကွပ်ကဲရသည့် အချက်အချာကျသည့် နေရာသို.
ရာထူးတိုးမြှင့်ရေးအတွက် တံခါးပွင့်သွားအောင် အထောက်အကူပြုခဲ့သည် ။
ရလာဒ်များ မည်မျှကောင်းမွန်လိမ့်မည် ၊ သို.မဟုတ် အပြောင်းအလဲများမှာ မည်မျှထိ အံ့ဩဖွယ်ကောင်းလိမ့်မည်ကို မည်သူမျှ ကြိုတင်မသိခဲ့ပါ ။ ကျေးလက်ဒေသ လယ်ယာမြေ ကန်ထရိုက်အစီအစဉ်ကို တစ်နိုင်ငံလုံးအနှံ. အကောင်အထည်ဖော်ဖို. သို.မဟုတ် ကျေးလက်ဒေသ အများစုသို.တိုင် ဖြန်.ကြတ်အကောင်အထည်ဖော်ဖို. မည်သူကမျှ အစီအစဉ်မဆွဲခဲ့ပါ ။ ၎င်းမှာ ကျွန်တော်တို.၏ နားလည်လက်ခံနိုင်စွမ်းကို လေးနက်လာအောင် စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနေသည့် တစ်ဆင့်ပြီးတစ်ဆင့်သွားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည် ။
၁၁ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းဝေး (၁၉၇၈ ခုနှစ်တွင်ကျင်းပခဲ့သည်)မှ ပြန်လည်ပြင်ဆင် အတည်ပြုထားသည့် “စည်းမျဉ်း အချက် ၆၀” ဟုခေါ်သည့် ပြည်သူ.ဘုံအဖွဲ.များ၏ လုပ်ငန်းဖော်ဆောင်ရေးဆိုင်ရာ စည်းမျဉ်းများ၌ စီမံခန်.ခွဲရေးနှင့် လုပ်ငန်းဖော်ဆောင်ရေးနှင့် ပက်သက်၍ မည်သည့် မြေယာကန်ထရိုက်ချထားခြင်းကိုမျှ ခွင့်မပြုဟု ရှင်းလင်းစွာ ဖော်ပြထားသည် ၊ ဆိုလိုသည်မှာ မြေယာကို ပုဂ္ဂလိကများမှ ခွဲဝေမှုမပြုရဟု ဆိုလိုခြင်းဖြစ်သည် ။
၁၉၇၉ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ် စုံညီအစည်းအဝေး၏ “ကျေးလက်ဒေသဖွံ.ဖြိုးမှု အရှိန်မြှင့်တင်ရေး ဆုံဖြတ်ချက်”တွင်လည်း အလားတူပင်ဖော်ပြထားသည် ။ “ အချို.သော စက်မှုသီးနှံများအတွက် လိုအပ်သည့် အထူးအခြေအနေများ သို.မဟုတ် အိမ်မြေယာခြေတစ်ခုသည် ဝေးလံသီခေါင်သည့် တောင်ပေါ်ဒေသတွင် တည်ရှိနေ၍ သင့်လျော်အဆင်ပြေသည့် သယ်ယူပို.ဆောင်ရေးစနစ် မရှိသည့်အခြေအနေများမှလွဲ၍ မြေယာကို အိမ်ထောင်စုများမှ ခွဲဝေခြင်းကိုသော်လည်းကောင်း သို.မဟုတ် မြေယာကန်ထရိုက်များကိုသော်လည်းကောင်း ခွင့်မပြု”ဟု ဖော်ပြထားသည် ။ ကျွန်တော်၏ အကြံပြုချက်အရ နဂိုမူလ “ခွင့်မပြု”ဆိုသည့် စကားလုံးမှာ “အားမပေး”ဟု ပြောင်းသွားသည် ။ အသုံးအနှုန်းမှာ မမာကျောတော့သော်လည်း ယေဘုယျအားဖြင့် ကျွန်တော်တို.သည် အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို ကျင့်သုံးမှုမပြုသင့်ဟု ယုံကြည်နေကြဆဲရှိသည် ။
အိမ်ထောင်စုအုပ်စုများနှင့် အိမ်ထောင်တစ်ခုချင်းအား မြေယာကန်ထရိုက်ချထားသည့်စနစ်ကို ဆင်းရဲသည့် ဒေသများတွင် လယ်သမားများကိုယ်တိုင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည် ။ ၎င်းကို အန်ဟွေနှင့် စီချွမ်ပြည်နယ်များတွင် စတင်ခဲ့သည် ။ ထိုစဉ်အချိန်က ဆင်းရဲသည့်ဒေသများတွင် ဤသို.သော ကန်ထရိုက်ချပေးမှုများနှင့်ပက်သက်၍ အငြင်းပွားမှု သိပ်မရှိလှပေ ။
စီးပွါးရေးကျပ်တည်းမှုကို တွေ.ကြုံရသည့် ၁၉၆၀ ခုနှစ်အတွင်း၌ အန်ဟွေဒေသတွင် “မြေယာလျာထားချက် တာဝန်ယူမှုစနစ်”ကို အန်ဟွေပါတီအကြီးအကဲ ဇန်ဇီရှန်က ကျင့်သုံးခဲ့သည် ။ ကျွန်တော်က ဂွမ်ဒေါင်းဒေသတွင် “ကုန်ထုတ်လုပ်မှုအချိုးအစားနှင့် လျော်ညီသည့် အကျိုးခံစားခွင့်စနစ်”ကို ကျင့်သုံးခဲ့သည် (ထိုစဉ်က ကျောက်သည် ဂွမ်ဒေါင်းဒေသတွင် အဆင့်မြင့်အရာရှိဖြစ်သည်) ။ ဟီနန်ပြည်နယ်တွင် “မြေယာအငှါးချထားမှုစနစ်” ၊ ဟီဘေပြည်နယ် ဇန်ကျားကို ဒေသတွင် “အစုလိုက်မြေယာ ကန်ထရိုက်စနစ်”နှင့် တခြားဒေသများတွင် အမျိုးမျိုးသော အယူအဆများကို ကျင့်သုံးခဲ့ကြသည် ။ ဤဒေသအားလုံးတွင် ထုတ်လုပ်မှုတိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ကြပြီး ပြင်းထန်လှသည့် အစာရေစာ ရှားပါးမှုကို သက်သာရာရစေနိုင်ခဲ့သည် ။ ထို.ကြောင့် ဤအစီအစဉ်များကို ထုတ်လုပ်မှုတိုးတက်စေပြီး ခက်ခဲသည့် အခြေအနေကို တိုးတက်ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းအတွက် အစိုးရအရာရှိ အများအပြားက အသိအမှတ်ပြုခဲ့ကြသည် ။ ယဉ်ကျေးမှုတော်လှန်ရေး ပြီးဆုံးသွားခဲ့ပြီး ကျွန်တော်တို.၏ မူဝါဒမှာလည်း စီးပွါးရေးဖွံ.ဖြိုးမှုနှင့် “အတွေးအခေါ် လွတ်လပ်မှု”ကို အားပေးမြှင့်တင်၍ “လက်တွေ.ဘဝသည်သာ အမှန်တရားကို သတ်သေပြုနိုင်သည်”ဟု နှိုးဆော်နေသည့် အချိန်ဖြစ်ရာ လူအများသည် ကြောက်ရွံ.မှုများ နည်းပါးလာ၍ လက်တွေ.ကျကျ တွေးခေါ်နိုင်စွမ်း ရှိလာကြသည် ။
နိုင်ငံတော်၏ ကျေးလက်ဒေသများကို အမျိုးအစားသုံးခု ခွဲခြားနိုင်သည်ဟု ထိုစဉ်က ကျွန်တော်တွေးမျှော်မိသည် ။ ပထမ အမျိုးအစားမှာ ပြည်သူပိုင် အခန်းကဏ္ဍ တည်ငြိမ်ခိုင်မာပြီး ထုတ်လုပ်မှုနှုန်းနှင့် လူနေမှုအဆင့်အတန်း မြင့်မား၍ ပြည်သူပိုင် မြေယာအဆောက်အအုံတို.၏ အချိုးအစားကြီးမားပြီး အများစုပေါင်းပိုင်ဆိုင်သည့် ဘုံပိုင်ဆိုင်သည့် လုပ်ငန်းများ ဖွံ.ဖြိုးသည့် ဒေသဖြစ်သည် ။ ဒုတိယအမျိုးအစားမှာ အလယ်အလတ်တန်း အုပ်စုဖြစ်၍ တတိယအမျိုးအစားမှာ ကုန်ထုတ်စွမ်းအားစုများ အကြီးအကျယ် ယိုယွင်းပျက်စီးနေပြီး လူအများမှာ ငတ်မွတ်ခေါင်းပါးသည့် အခြေအနေတွင် ရှိနေသည့် ဒေသများဖြစ်သည် ။
တတိယ အမျိုးအစားတွင်ပါဝင်နေသည့် ပြည်သူများမှာ အိမ်ခြံမြေယာ ကန်ထရိုက်စနစ် အစီအစဉ်ကို အရေးတကြီးလိုအပ်နေသည့် အုပ်စုဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည် ။ ဤအစီအစဉ်ကသာလျှင် အခြေအနေများကို အလျှင်မြန်ဆုံးနှင့် အထိရောက်ဆုံး ပြောင်းလဲပေးနိုင်သည် ။ ၁၉၈၀ ခုနှစ်၌ ဗဟိုအစိုးရအဖွဲ.အတွင်း ကျွန်တော်တာဝန် စတင်ထမ်းဆောင်ပြီးနောက် အစည်းအဝေးတစ်ခု၌ အဆင်းရဲဆုံး ကျေးလက်ဘုံအဖွဲ.များတွင် အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို စတင်ကျင့်သုံးဖို. ကျွန်တော်အကြံပြုခဲ့သည် ။ ဤအစီအစဉ်အရ လူဦးရေ သန်း၁၀၀ ခန်.မျှ အကျိုးခံစားရမည်ဖြစ်သည် ။ ဤအချက်မှာ မူဝါဒရေးရာအရ အဓိကကျသည့် ဆုံးဖြတ်ချက်ဖြစ်၍ ကျေးလက်ဒေသများကို တည်ငြိမ်မှုရှိစေပြီး လယ်သမားများကို ထူထူထောင်ထောင် ဖြစ်သွားစေမည်ဖြစ်သည် ။ ထိုအစီအစဉ်သည် နိုင်ငံတော် စီမံကိန်းရေးဆွဲရေး ကော်မရှင် ညွှန်ကြားရေးမှုးချုပ် ယော်ယိလင်၏ ထောက်ခံမှုကိုပင် ရရှိခဲ့သည် ။ ဒုတိယ အမျိုးအစား အုပ်စုအတွက်မူ ဤအစီအစဉ်ကို အကောင်အထည်ဖော်သင့် မဖော်သင့် စောင့်ကြည့်နိုင်သည်ဟု ကျွန်တော်ယုံကြည်သည်။ ပထမ အမျိုးအစား အုပ်စုအတွက်မူ ၎င်းအစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ကျွန်တော်မယူဆခဲ့ပေ ။
အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်နှင့်ပက်သက်၍ ပါတီတွင်း ငြင်းခုန်ဆွေးနွေးမှုမှာ ကျေးလက်ဒေသ တတိယအုပ်စုမှ ဒုတိယအုပ်စုသို. တိုးချဲ.ကျင့်သုံးဖို. ဆွေးနွေးလာသောအခါ၌ လူသိရှင်ကြားဖြစ်လာသည် ။ အစီအစဉ်ကို ကန်.ကွက်သူများက အခြေခံ စည်းမျဉ်းများနှင့်ပက်သက်သည့် အချက်များကို တင်ပြဆွေးနွေးလာသည် ။
ပေါ်လစ်ဗျူရိုအဖွဲ.ဝင် ဟူကျားမူက ကျွန်တော့်ကို သတိရှိဖို.ပြောသည် ။ “အန်ဟွေပြည်နယ်ရဲ. အိမ်ခြံယာမြေ ကန်ထရိုက် အစီအစဉ်ဟာ ဟွေမြစ်ရဲ. မြောက်ပိုင်းကနေ တောင်ပိုင်းကို ပျံ.နှံ.သွားတယ် ။ အလျှံပယ် ပေါကြွယ်ဝတဲ့ ဝူဟူခရိုင်မှာတောင်မှပဲ အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တယ်”ဟု သူကပြောသည် ။ သူက ပြတ်ပြတ်သားသားပင် ဆန်.ကျင်သည် ။ ပါတီဝါရင့်ကြီး လီရှန်နင်းသည် ဂျန်စုပြည်နယ်မှ ပြန်ရောက်လာပြီးနောက် ဂျန်စုပြည်နယ် ပါတီကော်မရှင်၏ အယူအဆများကို အစီရင်ခံခြင်းဟူသော ခေါင်းစဉ်အောက်မှနေ၍ အန်ဟွေပြည်နယ်၏ အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို ဆန်.ကျင်ကန်.ကွက်ခဲ့သည် ။ ဒုတိယဝန်ကြီးချုပ် ဝမ်ရန်ဇန်းသည်လည်း အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို ဆန်.ကျင်သည် ။ သူသည် ယခင်က ဗဟိုကျေးလက်ဒေသကော်မရှင်၏ အကြီးအကဲဖြစ်ပြီး ၁၉၇၉ခုနှစ်လောက်ကတည်းကပင် ဟီနန်ပြည်နယ် လျိုယန်မြို.သားတစ်ယောက်အဖြစ် ဟန်ဆောင်၍ တစ်ဦးချင်းနှင့် အုပ်စုလိုက် အိမ်ခြံယာမြေ ကန်ထရိုက်ချထားသည့် စနစ်ကို ပြစ်တင်ဝေဖန်သည့် စာတစ်စောင်ကို ပြည်သူ.နေ.စဉ်သတင်းစာမှနေ၍ ထုတ်ဝေခဲ့ဖူးသည် ။ ရှန်ဇီပြည်နယ်ကမူ ကျေးလက်ဒေသ မြေယာမူဝါဒများကို ဖြေလျော့ပေးခြင်းကို ဆန်.ကျင်ခဲ့ပြီး အန်ဟွေနှင့်စီချွမ်ပြည်နယ်တို.၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို အစောကြီးကတည်းကပင် ဝေဖန်ခဲ့သည် ။ ၁၉၇၈နှင့် ၁၉၇၉ ခုနှစ်များ၌ သတင်းစာများတွင် ဤအစီအစဉ်ကို ဝေဖန်ကန်.ကွက်သည့် ဆောင်းပါးများကို သူတို.က ကျယ်ကျယ်ပြန်.ပြန်. ထည့်သွင်းစေခဲ့သည် ။
ထိုအချိန်က မော်၏နေရာကို ခေတ္တမျှဆက်ခံခဲ့သည့် ဟွကိုဖုန်းကလည်း အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို မထောက်ခံခဲ့ပေ ။ သူက ကျေးလက်ဒေသများသည် အထူးသဖြင့် တောင်ပိုင်းဒေသများသည် ကောက်ပဲသီးနှံများကို ကွင်းထဲတွင် ရိတ်သိမ်းခြင်း ၊ တလင်းနယ်ခြင်း ၊ အခြောက်လှန်းခြင်းမှစ၍ သယ်ယူပို.ဆောင်ခြင်းအထိ လုပ်ငန်းဆောင်တာ အားလုံးကိုဆောင်ရွက်ရန်အတွက် အားလုံးစုပေါင်း၍ ဘုံလုပ်ကိုင်ရမည်ဟု ယုံကြည်သည် ။
ချန်ယန်းကမူ အစီအစဉ်ကို ထောက်ခံမှု သို.မဟုတ် ကန်.ကွက်မှုကို တိုက်ရိုက်မပြသခဲ့ပေ ။ တစ်ကြိမ်တွင်မူ ကျွန်တော့်ထံသို. လူအချို.စေလွှတ်၍ တောင်ပိုင်းဒေသတွင် ကောက်ရိတ်သိမ်းချိန်အတွင်း၌ မိုးမကြာခဏရွာကြောင်း ၊ အခြောက်လှမ်းသည့် လုပ်ငန်းစဉ်မှာ မှိုတက်ခြင်းကို ကာကွယ်နိုင်သည်အထိ မမြန်ဆန်ကြောင်း ၊ အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်အရ ဤပြဿနာကို မရှောင်ရှားနိုင်ဘူးပေလောဟု သူကမေးမြန်းစေခဲ့သည် ။ ကန်ထရိုက်အစီအစဉ်ကို အကောင်အထည်ဖော်ပြီးနောက် ဤလုပ်ငန်းစဉ်မှာ ယခင်ကထက်ပို၍ လျှင်မြန်ချောမွေ.လာကြောင်း ကျွန်တော်က အကြောင်းပြန်ကြားခဲ့သည် ။ သူက နောက်ထပ်မည်သည့်မှတ်ချက်မျှ မပေးခဲ့ပေ ။
ဟေလုံဂျန်းပြည်နယ်၏ ပထမအတွင်းရေးမှုးသည်လည်း အိမ်ခြံမြေယာ ကန်ထရိုက်အစီအစဉ်ကို ဆန်.ကျင်သည် ။ ဗဟိုကော်မတီမှ ကျင်းပသည့် ကျေးလက်ဒေသ အုပ်ချုပ်ရေးအစည်းအဝေးတစ်ခုတွင် ဤအစီအစဉ်ကို ပြည်နယ်ခေါင်းဆောင်အများအပြားက ထောက်ခံနေကြချိန်၌ သူက “ခင်ဗျားတို.ရဲ. အဝေးပြေးလမ်းမကြီးပေါ်မှာ ခင်ဗျားတို.သာ ဆက်ပြီးလျှောက်ကြ ၊ ကျွန်တော်ကတော့ ကျွန်တော့်ရဲ. ပျဉ်ပြားလေးတစ်ချပ်သာခင်းထားတဲ့ တံတားလေးပေါ်မှာပဲ ဆက်လျှောက်မယ်”ဟု လူသိထင်ရှား ပြောကြားခဲ့သည် ။ တခြားပြည်နယ်အားလုံး အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို လက်ခံကျင့်သုံးနေသည့်တိုင်အောင် ဟေလုံဂျန်းပြည်နယ်ကမူ လက်ခံကျင့်သုံးမည်မဟုတ်ကြောင်း သူကဆိုလိုခြင်းဖြစ်သည် ။
ဖူကျန်းပြည်နယ် ပထမအတွင်းရေးမှုးသည်လည်း အစီအစဉ်ကို ကန်.ကွက်ခဲ့သည် ၊ အကျိုးဆက်မှာ သူ၏ပြည်နယ်အတွင်းရှိ ရာထူးလက်ရှိ တခြားအတွင်းရေးမှုးများနှင့် နက်ရှိုင်းစွာ သဘောကွဲလွဲခဲ့ခြင်းဖြစ်သည် ။ ရှန်ဇီပြည်နယ်၏ ပထမအတွင်းရေးမှုးက ပြည်နယ်၏ ဂွမ်ဇောင်းဒေသတွင် အစီအစဉ်အား အကောင်အထည်ဖော်ခြင်းကို တားမြစ်ခဲ့သည် ။ ဟီဘေပြည်နယ်၏ ပထမအတွင်းရေးမှုးနှင့် အုပ်ချုပ်ရေးမှုး ၂ ယောက်လုံးက အစီအစဉ်ကို ဆန်.ကျင်ကြသည် ။ ဟီဘေပြည်နယ် အုပ်ချုပ်ရေးမှုးသည် ယခင်က ရှန်ဇီပြည်နယ်၏ တည်ဆဲအတွင်းရေးမှုးဖြစ်သည် ။ ရှန်ဇီပြည်နယ်တွင် ဤရဲဘော်အမှုထမ်းနေစဉ်အတွင်း တခြားဒေသများက ကျေးလက်ဒေသ မူဝါဒများကို ဖြေလျှော့ပေးနေစဉ်၌ သူကမူ အများနှင့်ဆန်.ကျင်လျှက် စာရင်းအင်းခန်.ခွဲမှုဋ္ဌါနကို ထုတ်လုပ်ရေးအဆင့်မှစ၍ ဋ္ဌါနခွဲအဆင့်ထိတိုင်အောင် ရွှေ.ပြောင်းခဲ့သည် ။
တိန်.ရှောင်ပင်း၏ ထောက်ခံမှုမရရှိခဲ့လျှင် အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို တစ်နိုင်ငံလုံးအနှံ. အကောင်အထည်ဖော်နိုင်လိမ့်မည်မဟုတ်ပါ ။ ဗဟိုခေါင်းဆောင်မှုအတွင်းမှ ဆန်.ကျင်မှုကြီးကြီးမားမား မကြုံတွေ.ရခြင်းမှာ တကယ်တမ်းအားဖြင့် တိန်.၏သဘောထားပေါ်တွင် များစွာမူတည်နေသည် ။ သူက ဤကိစ္စအပေါ်တွင် များများစားစား မပြောကြားသော်လည်း သူက ကျွန်တော် ၊ ဟူယောင်ဘန်းနှင့် ဝမ်လီတို.၏ အယူအဆများကို အမြဲတမ်းပင် ထောက်ခံခဲ့သည် ။ အိမ်ခြံယာမြေ ကန်ထရိုက်အစီအစဉ်ကို ချမှတ်အကောင်အထည်ဖော်ပြီးနောက် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများနှင့်ပက်သက်၍ ကျေနပ်အားရကြောင်း သူကပြောခဲ့သည် ။ ၁၉၈၁ ခုနှစ်အတွင်း၌ အငတ်ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ရှန်ဒေါင်းပြည်နယ် ဒေါင်မင်းခရိုင်မှ လယ်သမားတချို.က အိမ်ယာခြံမြေ ကန်ထရိုက်အစီအစဉ်၏ အကျိုးကျေးဇူးကြောင့် ယခုအခါ သူတို.တွင် စားစရာ အလုံအလောက်ရှိနေပြီဖြစ်ကြောင်း ထို.အတွက် သူတို.အနေဖြင့် ကျေးဇူးတင်ကြောင်း စာတစ်စောင်ရေးသား၍ တိန်.ရှောင်ပင်းထံသို. ပေးပို.ခဲ့သည် ။ ဤစာကို သူက ဗဟိုခေါင်းဆောင်များထံသို. ထပ်ဆင့်ပေးပို.ခဲ့သည် ။
၁၉၈၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း၌ ဟီနန်ပြည်နယ် လန်ကောင်းဒေသ ၊ ရှန်ဒေါင်းပြည်နယ် ဒေါင်မင်းဒေသနှင့် ဆင်းရဲသည့် တခြားကျေးလက်ဒေသများသို. ခရီးထွက်ခဲ့သည် ။ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်၏ အကျိုးဆက်ကြောင့် ပေါ်ပေါက်လာသည့် အပြောင်းအလဲများကို ကျွန်တော်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ.ခဲ့ရပြီး ဒေသခံ ပါတီကေဒါများနှင့် ပြည်သူများ၏ လှိုက်လှဲနွေးထွေးသည့် ထောက်ခံမှုများကို တွေ.ကြုံခဲ့ရသည် ။ ၎င်းက ကျွန်တော့်အပေါ်တွင် နက်ရှိုင်းလေးနက်သည့် ခံစားမှုများဖြစ်ပေါ်စေခဲ့သည် ။ ပြည်သူများက အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို နောက်ထပ်သက်တမ်း ၃ နှစ်အထိတိုးမြှင့်ပေးစေလိုသည့် သဘောထားရှိကြောင်း ကေဒါများက တင်ပြလာသောအခါ ကျွန်တော်က ချက်ချင်းပင် “ရတယ် ၊ လုပ်ပေးမယ်”ဟု ပြန်ပြောခဲ့သည် ။ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်သည် ယာယီဖြေရှင်းသည့် နည်းလမ်းတစ်ရပ်မျှသာဖြစ်သည်ဟူသည့် ကျွန်တော်၏ အခြေခံသဘောထားကို ချက်ချင်းမပြောင်းလဲသေးသည့်တိုင်အောင် ဤကိစ္စကို ပြန်လည်သုံးသပ်ရမည်ဟု ကျွန်တော်ယုံကြည်ခဲ့သည် ။
ဘေဂျင်းသို.ပြန်ရောက်ပြီးနောက် တိန်.ရှောင်ပင်း ၊ ဟူယောင်ဘန်းနှင့် တခြားဗဟိုခေါင်းဆောင်များအား ကျွန်တော်မြင်တွေ.ခဲ့သည်တို.ကို ပြန်လည်ရှင်းလင်းတင်ပြခဲ့သည် ။ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်သည် ထုတ်လုပ်မှုကို တိုးတက်စေပြီး လယ်သမားတို.၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့သည်မှာ သံသယရှိစရာမလိုပေ ။
သို.သော်လည်း မိသားစု လုပ်ငန်းအဖြစ်လည်ပတ်သည့် အသေးစားလုပ်ငန်းများဖြင့် စိုက်ပျိုးရေးကဏ္ဍ၏ ဖွံ.ဖြိုးတိုးတက်မှုကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်ပါမည်လောဆိုသည့်အချက်ကို ပြန်လည်မသုံးသပ်ပဲနေဖို. မဖြစ်နိုင်ပါ ။ အဓိကကျသည့်အချက်မှာ စိုက်ပျိုးရေးကဏ္ဍအား အသေးစား လယ်ယာစီးပွါးရေး လုပ်ငန်းအဖြစ် ပြောင်းလဲသွားခြင်းကို ရှောင်လွှဲနိုင်ရန်အတွက် ကန်ထရိုက်ပိုင်ဆိုင်သူ တစ်ဦးချင်းစီ၏ စိတ်အားတက်ကြွမှုကို စီးပွါးဖြစ်နှင့် ပမာဏကြီးမားသည့် ထုတ်လုပ်ရေး လုပ်ငန်းများအဖြစ်သို. ဖွံ.ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် မည်သို.စည်းရုံးပေါင်းစပ်မည်နည်း ဟူသည့်အချက်ဖြစ်သည် ။ မိသားစု ကန်ထရိုက် စီးပွါးရေးစနစ်မှာ အဖြေဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည် ။ ဤအစီအစဉ်မှာ ကေဒါများနှင့် ပြည်သူများ၏ လက်တွေ.အတွေ.အကြုံများမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းကို “ပူးပေါင်းဆောင်ရွက်သည့် တစ်ဦးချင်းကန်ထရိုက်စနစ်”ဟု ခေါ်ဆိုခဲ့သည် ။
နောက်ထပ်တခြားအကြောင်းအရာတစ်ခုမှာ ကျေးလက်ဒေသ မိသားစုစီးပွါးရေးလုပ်ငန်းများ ပေါ်ထွန်းလာမှုဖြစ်သည် ။ ၁၉၈၈ ခုနှစ်အတွင်း အနောက်ဥရောပသို. ကျွန်တော်ခရီးထွက်ခဲ့စဉ်က ထိုဒေသများ၏ စိုက်ပျိုးရေးလုပ်ငန်း လည်ပတ်မှုများမှာ သိပ်ပြီးပမာဏမကြီးမားလှကြောင်း ကျွန်တော်သတိပြုခဲ့မိသည် ။ အများစုမှာ သေးငယ်သည့် လယ်ယာများသာဖြစ်သည် ။ သူတို.ဘာသာသူတို. မဖြေရှင်းနိုင်သည့် ပြဿနာများကို စုပေါင်းသမဝါယမ အသင်းများမှတဆင့် ဖြေရှင်းကြသည် ။ ရလာဒ်များမှာ အကြီးစားလုပ်ငန်းများကဲ့သို.ပင် ကောင်းမွန်လှသည် ။ အထူးသဖြင့် ဆွစ်ဇာလန်နိုင်ငံက ကျွန်တော့်ကို များစွာစွဲဆောင်နိုင်ခဲ့သည် ။ စိုက်ပျိုးရေးထွက်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် အကြီးစား လုပ်ငန်းများလိုအပ်သည်ဟု ယုံကြည်ခဲ့သည့် ကျွန်တော်၏ အယူအဆများ စတင်ပြောင်းလဲစပြုလာခဲ့သည် ။ ကျေးလက်ဒေသများ၌် ကုန်ထုတ်လုပ်မှုတွင် အိမ်ယာခြံမြေကန်ထရိုက်စနစ်ဖြင့် ပူးပေါင်းထုတ်လုပ်ခြင်းကို အတိတ်ကာလ၏ အသေးစား စိုက်ပျိုးရေးလုပ်ငန်းများအဖြစ်သို. ပြန်လည်ဦးတည်သွားမှုအဖြစ် ကျွန်တော်မယူဆတော့ပေ ။
ကျွန်တော်သည် စီချွမ်ပြည်နယ်တွင် ရှိနေစဉ်ကတည်းကပင် ငါးမွေးမြူရေး ၊ ပန်းပင် ၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးဖက်ဝင်အပင် စိုက်ပျိုးရေးလုပ်ငန်းတို.ကို အထူးကျွမ်းကျင်ပြီး စီမံခန်.ခွဲနိုင်သူများအား ကန်ထရိုက်ချပေးခြင်းကို အားပေးမြှင့်တင်ခဲ့သည် ။ နောက်ပိုင်းတွင် ကြက် ၊ ဝက်မွေးမြူရေးလုပ်ငန်း ၊ နို.စားနွားမွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးထွက်ကုန် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းနှင့် ကျေးလက်ဒေသ အထည်ချုပ်လုပ်ငန်းများသို. ကျွန်တော်သွားရောက် လေ့လာခဲ့သည် ။ ၁၉၈၁ ခုနှစ်တွင် ရှန်ဇီဒေသသို. စစ်ဆေးရေးခရီး သွားရောက်ခဲ့စဉ်၌ ကျေးလက်ဒေသ မိသားစု ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းများ ပေါ်ထွန်းလာခြင်းသည် ကျေးလက်ဒေသ ကုန်သွယ်စီးပွါးရေး၏ အစဦးအဆင့်ပင်ဖြစ်ကြောင်း ကျွန်တော်က မှတ်ချက်ပေးခဲ့သည် ။
တစ်နိုင်ငံလုံးအနှံ. အသားကျနေသည့် သုံးဦးဆိုင်ပိုင် ပြည်သူ.ဘုံအဖွဲ.များကို၂ ကျေးလက်ဒေသ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်အဖြစ်သို. ပြောင်းလဲခြင်းမှာ အဓိကကျသည့် မူဝါဒဆိုင်ရာ အပြောင်းအလဲတစ်ခုဖြစ်ပြီး လေးနက်သည့် တော်လှန်မှုတစ်ခုဖြစ်သည် ။ ဤပြောင်းလဲမှုချောချောမွေ.မွေ. ဖြစ်စေရန် သုံးနှစ်နီးပါးမျှ အချိန်ယူခဲ့ရသည် ။ ပါတီခေါင်းဆောင်ပိုင်းနှင့် ကေဒါအများစုတွင် သံသယဝင်သည့်စိတ် တည်ရှိနေဆဲကာလတွင်ပင် ၎င်းကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည် ။ သို.သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်ပေး အရေးယူခံရခြင်းသော်လည်းကောင်း ၊ မည်သည့် ဝါရင့်ခေါင်းဆောင်ကမှသော်လည်းကောင်း ပွင့်လင်းစွာကန်.ကွက် ဝေဖန်မှု မရှိခဲ့ပေ ။ စတင်အကောင်အထည်ဖော်ပြီး ၂ နှစ်မျှအကြာတွင် အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို အကောင်အထည်ဖော်ခြင်းအား ကန်.ကွက်မှုများ ရှိနေဆဲဖြစ်သည် ။ သို.သော်လည်း ဤအခြေအနေတွင်မူ သူတို.အား ရပ်တန်.ရန် အုပ်ချုပ်ရေးဆိုင်ရာ အမိန်.စာများ ကျွန်တော်တို.က ထုတ်ပြန်ညွှန်ကြားခဲ့သည် ။
အောက်ခြေအခြေခံအဆင့်မှစ၍ အထက်အဆင့်ဆင့်သို.တိုင် ကျယ်ပြန်.လာသည့် ကျေးလက်ဒေသ အိမ်ယာခြံမြေ ကန်ထရိုက်အစီအစဉ် အကောင်အထည်ဖော်မှုများ အရှိန်ရကျယ်ပြန်.လာသည်နှင့်အမျှ စနစ်တစ်ရပ်အဖြစ် ၎င်း၏ ထူးခြားသာလွန်မှုများမှာ ထင်ရှားလာသည် ။ ခေါင်းဆောင်နှင့် ကေဒါအများစုသည် ၎င်းတို.၏ မူလက ကန်.ကွက်သည့် အနေအထားမှ အတွေးအမြင်များ ပြောင်းလဲလာကြသည် ။ ဤအချက်မှာ အရေးပါသည့် ဖြစ်ပေါ်တိုးတက်မှုတစ်ခုဖြစ်ပြီး သင်ယူလေ့လာဖွယ်ကောင်းသည့် အတွေ.အကြုံတစ်ခုဖြစ်သည် ။
ဤအဓိကကျသည့် မူဝါဒအပြောင်းအလဲကာလအတွင်း၌ ဗဟိုအစိုးရသည် လုပ်ထုံးလုပ်နည်း စံညွှန်းများကို တပြေးညီကျင့်သုံးခြင်း ၊ အတိအကျ ပြဋ္ဌါန်းထားသည့် ညွှန်ကြားချက်များဖြင့် ထုတ်ပြန်ညွှန်ကြားခြင်း စသည်တို. မရှိခဲ့ပေ ။ ချမှတ်ကျင့်သုံးခြင်း ၊ မကျင့်သုံးခြင်းနှင့် မည်သို.ချမှတ်အကောင်အထည်ဖော်မည် စသည်တို.ကို ဒေသဆိုင်ရာ အစိုးရများက လွတ်လပ်စွာ ရွေးချယ်ကျင့်သုံးနိုင်ကြသည် ။ “အမြန်လမ်းမကျယ်ကြီး”နှင့် “ပျဉ်ပြားလေးတစ်ချပ်သာ ခင်းထားသည့် တံတားလေး” နှစ်မျိုးစလုံးကို ကျင့်သုံးခွင့်ပြုခဲ့သည် ။ အိမ်ယာခြံမြေ ကန်ထရိုက်စနစ်ကို ပြည်သူများက သူတို.ဘာသာသူတို. စတင်ကျင့်သုံးလာပါက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ဒေသဆိုင်ရာ ခေါင်းဆောင်များကို ညွှန်ကြားထားသည် ။ ထိုစဉ်အတွင်း၌ ဗဟိုအစိုးရသည် လမ်းညွှန်ချက်များ ချမှတ်မပေးမှီ အခြေအနေအားလုံးကို ခြုံငုံသုံးသပ်လေ့လာသည့်အလုပ်ကို လုပ်နေခဲ့သည် ။
ဤနည်းလမ်းကို လက်ခံကျင့်သုံးခြင်းသည် ကြီးမားသည့် အကျိုးအမြတ်များ ရရှိစေပြီးလျှင် အပြောင်းအလဲများ ပြုလုပ်နေသည့် အရှိန်ကိုလည်း နှေးကွေးမသွားစေခဲ့ပေ ။ ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် ကေဒါများအား ရွေးချယ်နိုင်သည့် အခွင့်အာဏာနှင့် ရွေးချယ်ဖို.အချိန် (လိုလိုလားလား မရှိခြင်းမှ လိုလိုလားလား လက်ခံလာခြင်းသို. ပြောင်းလဲရန် လုံလောက်သည့်အချိန်) ပေးထားသည့်အတွက် ပြောင်းလဲမှုများမှာ ဆန္ဒအလျှောက် ဖြစ်ပေါ်လာကြသည်။ ဤအချက်က သဘောထားကွဲလွဲမှုများနှင့် မလိုလားအပ်သည့် အကျိုးဆက်များ ပေါ်ထွက်လာနိုင်ခြေရှိမှုကို လျော့ကျသွားစေခဲ့သည် ။ ၎င်းက ဒေသဆိုင်ရာ အာဏာပိုင်များကို ဤစနစ်၏ အားသာချက်များကို သိရှိနားလည် သဘောပေါက်လာစေပြီး သူတို.ဒေသ၏ အခြေအနေနှင့် လိုက်လျောညီထွေရှိမည့် ဖွံ.ုဖြိုးရေးနည်းလမ်းများကို မည်သို.ချမှတ်ကျင့်သုံးမည် စသည်တို.ကို ရွေးချယ်နိုင်စေရန် လုံလောက်သည့် အချိန်ပေးထားခဲ့သည် ။ အဆင်းရဲဆုံးဒေသများမှ စတင်၍ ပုံမှန်အလယ်အလတ်ဒေသများနှင့် ချမ်းသာသည့် ဒေသများသို.တိုင် ဤစနစ် ပျံ.နှံ.ကျယ်ပြန်.သွားသည်နှင့်အမျှ ဤမူဝါဒမှာလည်း ဖြည်းဖြည်းချင်း အသားကျ ချောမွေ.လာခဲ့သည် ။
ကျွန်တော်သည် ကျေးလက်ဒေသ မြေယာကန်ထရိုက်စနစ်နှင့်ပက်သက်၍ အားတက်သရောရှိကြောင်း အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည် ။ ဤစနစ်အပေါ်ထားရှိသည့် ကျွန်တော်၏ အမြင်များကို ၁၉၈၀ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် ပြည်နယ်နှင့် မြူနီစပယ် ပထမအတွင်းရေးမှုးများ၏ အိမ်ယာခြံမြေ ကန်ထရိုက်စနစ် အစည်းအဝေးတွင် ပြည့်စုံစွာဖော်ပြခဲ့သည် ။ အကျဉ်းချုပ်ကို ဗဟိုကော်မတီမှ ၁၉၈၀ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ.တွင် တစ်နိုင်ငံလုံးသို. ဖြန်.ချိခဲ့သည် ။
“အထူးလယ်ယာခြံမြေ ကန်ထရိုက်စနစ်သည် ကုန်ထုတ်လုပ်ရေးအဖွဲ.၏ စီမံခန်.ခွဲမှုအောက်တွင် လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူများကို မြေယာအငှါးကန်ထရိုက်ချပေးမည် ၊ သစ်ပင်ပန်းမန် စိုက်ပျိုးရေး ၊ တိရိစ္ဆာန်မွေးမြူရေး ၊ ငါးမွေးမြူရေးနှင့် ကုန်သွယ်ရောင်းဝယ်ရေး ကျွမ်းကျင်သူများကို သူတို.၏ အစုအဖွဲ. သို.မဟုတ် မိသားစုများအတွက် အထူးကန်ထရိုက်များ ချမှတ်ငှါးရမ်းပေးမည်”ဟု အကျဉ်းချုပ်တွင် ဖော်ပြထားသည် ။ လမ်းညွှန်မူဝါဒမှာ ကန်ထရိုက်တစ်ခုချင်းမှ ရရှိလာနိုင်မည့် အကျိုးအမြတ်ဆိုင်ရာ မက်လုံးများကို အသုံးချနိုင်ရန်ဖြစ်ပြီး တစ်ပြိုင်တည်းမှာပင် လက်ခံနိုင်ဖွယ်ရာမရှိသည့် မိသားစုတစ်စုလုံးက အားလုံးကို လုပ်ကိုင်သည့် အသေးစားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ စီးပွါးရေးလုပ်ငန်းငယ်များအဖြစ်သို. ပြန်လည်ဦးတည်သွားခြင်းကို ရှောင်ရှားနိုင်ရန်ဖြစ်သည် ။
သို.သော်လည်း ဤအယူအဆ (အကြီးစားနှင့် စိုက်ပျိုးရေးဆိုင်ရာ အထူးလုပ်ငန်းများအတွက် ဆွဲဆောင်သည့် မက်လုံးပေးမှု)မှာ အကောင်အထည်ပေါ်မလာခဲ့ပေ ။ အဘယ့်ကြောင့်ဆိုသော် ကျေးလက်ဒေသ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ စီးပွါးရေးလုပ်ငန်းများ ကောင်းမွန်ပြည့်စုံစွာ ဖွံ.ဖြိုးခြင်းမရှိသေးသည့်အချက်ကို အသိအမှတ်မပြုခဲ့သောကြောင့်ဖြစ်သည် ။ လုပ်ငန်းများကို စီမံခန်.ခွဲလည်ပတ်မောင်းနှင်ခြင်း ၊ လုပ်ငန်းသဘာဝအလိုက် လုပ်ကိုင်ခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်း စသည်တို.ကို တစ်ခုချင်းစီ ခွဲခြားလုပ်ကိုင်မှုမှာ စတင်ခါစသာ ရှိသေးသည် ။ လူအများသည် အစဉ်အလာအတိုင်းသာ စဉ်းစားတွေးခေါ်သည့် အလေ့အထများ၌ အသားကျနေဆဲအချိန်အတွင်း၌ လု့ပ်ငန်းအမျိုးအစားအလိုက် အထူးကျွမ်းကျင်မှုများမှာ များများစားစား မရှိလှပေ ။ ထို.ကြောင့် အထူးပြုကျွမ်းကျင်သူ အနည်းငယ်နှင့် အဓိက ဂျုံစိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းအနည်းငယ်မှအပ ကျေးလက်ဒေသ မြေယာအများစုမှာ မိသားစုဦးရေအလိုက်သာ ကန်ထရိုက်ချပေးခဲ့ရသည် ။
အမှန်တကယ် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တို.မှာ ထိုစဉ်ကာလက တည်ရှိနေခဲ့သည့် ကျေးလက်ဒေသ စီးပွါးရေးဖွံ.ဖြိုးမှု ၊ ကုန်ထုတ်လုပ်မှု အဆင့်တို.နှင့် လိုက်လျောညီထွေစွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည် ။ ဤစနစ်သည် ကျေးလက်ဒေသ ကုန်ထုတ်လုပ်မှု ဖွံ.ဖြိုးတိုးတက်ရေးကို အတားအဆီး မဖြစ်စေခဲ့ပဲ ဤသည်နှင့်ဆန်.ကျင်စွာပင် ကျေးလက်ဒေသ၏ စီးပွါးရေးကို များစွာနှိုးဆွ လှုံ.ဆော်ပေးခဲ့ကြောင်း ရလာဒ်များက သက်သေပြနေသည် ။
မြေယာကို အညီအမျှခွဲဝေ၍ မိသားစုများသို. ကန်ထရိုက်ချပေးသည့် အစီအစဉ်သည် ကျေးလက်ဒေသ ကုန်စည်ထုတ်လုပ်မှု စွမ်းဆောင်ရည် ညံ့ဖျင်းရခြင်း၏ အခြေခံအကြောင်းရင်းများကို ပြောင်းလဲနိုင်ခြင်းမရှိကြောင်းမှာ အထူးပြောစရာမလိုပါ ။ ကျေးလက်ဒေသ ကုန်စည်ကူးသန်းရောင်းဝယ်မှု တိုးတက်လာသည်နှင့်အမျှ လုပ်ငန်းတစ်ခုချင်းအလိုက် အထူးပြုကျွမ်းကျင်မှုနှင့် ကျေးလက်ဒေသ စီးပွါးရေးလုပ်ငန်းများသည်လည်း ဖွံ.ဖြိုးတိုးတက်လာပေလိမ့်မည် ။ ကျွမ်းကျင်မှုအလိုက် အထူးပြုခြင်း ၊ လုပ်သားများ ရွှေ.ပြောင်းသွားလာ လုပ်ကိုင်ခြင်းနှင့် အကြီးစား လယ်ယာစိုက်ပျိုးရေး စသည်တို.ကို အဆုံးတစ်နေ.၌ ကိုင်တွယ်ဖြေရှင်းရမည်သာဖြစ်သည် ။ ထိုသို.ဖြေရှင်းရာတွင်မူ ၁၉၅၀ ခုနှစ်များအတွင်းက ကျင့်သုံးခဲ့သော စုပေါင်းဘုံပိုင် မူဝါဒမျိုးဖြင့် ဖြေရှင်းတော့မည်မဟုတ်ကြောင်း ပြောနေစရာမလိုတော့ပါ ။ မိသားစု လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပုံစံမျိုးသည် အသင့်တော်ဆုံး ပုံစံတစ်မျိုး ဖြစ်နိုင်ဖွယ်ရာရှိသည် ။ ဤကဲ့သို.သော အခြေအနေ၏ တောင်းဆိုမှုနှင့် လိုက်လျောညီထွေ လက်ခံကျင့်သုံးရန်အတွက် မြေယာကို လွတ်လပ်စွာ ရောင်းဝယ်ခြင်း ၊ ငှါးရမ်းခြင်းနှင့် ဆက်ခံပိုင်ခွင့် စသည်တို.ကို ခွင့်ပြုသင့်ပြီး ကျေးလက်ဒေသ ကုန်ထုတ်လုပ်မှုအတွက် အဓိကအကျဆုံး ရင်းမြစ်ဖြစ်သည့် မြေယာကို ဈေးကွက်တွင် လွတ်လပ်စွာ ရရှိနိုင်စေပြီး ဥပဒေနှင့် ကာကွယ်ပေးထားသင့်ပေသည် ။ ဤအချက်မှာ ထိပ်တိုက်တွေ.ရမည့် အကြောင်းအရာတစ်ရပ်ဖြစ်ပေသည် ။
---------------------------------------------------------------------------------------------------------------
၁ ။ ။ “ကျေးလက်ဒေသ မြေယာကန်ထရိုက် အစီအစဉ်”ကို “ကျေးလက်ဒေသ အိမ်ယာမြေ တာဝန်ခံမှုစနစ်”ဟုလည်း လူသိများသည် ။
၂ ။ ။ ပြည်သူ.ဘုံအဖွဲ.များကို (၁) ဘုံအဖွဲ. (၂) ကုန်ထုတ်လုပ်ရေး တပ်ဖွဲ.နှင့် (၃) ကုန်ထုတ်လုပ်ရေး အဖွဲ.တို.က စုပေါင်းပိုင်ဆိုင်ကြသည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 10 Freedom on the Farm ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

Saturday, July 3, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၉ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေးဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၉
လွတ်လပ်စွာ ကုန်သွယ်ခြင်း၏ ပဉ္စလက်
နိုင်ငံခြားကုန်သွယ်မှုကို ပြန်လည်ဖော်ဆောင်ရေးသည် မော်၏ “ကိုယ့်အားကိုယ်ကိုး”
စီးပွါးရေးစနစ်ကို ပြောင်းလဲရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်လှမ်းဖြစ်သည် ။
ပြည်နယ်အုပ်ချုပ်ရေး အရာရှိတစ်ဦးအဖြစ် ကျောက်၏ အတွေ.အကြုံတို.သည် သူ.အား
လွတ်လပ်စွာကုန်သွယ်မှုကို ထောက်ခံသည့် ပွင်းပွင့်လင်းလင်း ပြောဆိုသူတစ်ဦးအဖြစ်
ဖြစ်ပေါ်လာစေခဲ့သည် ။ မော်စီတုန်းခေတ်မှ ပေါက်ဖွားလာသည့် ကျောက်အနေဖြင့် အနောက်တိုင်း
စီးပွါးရေး မူဝါဒတို.အပေါ် ဤမျှအထိ မည်သို.ယုံကြည်မှုရှိခဲ့ပါသနည်း ။ ကျောက်က သူ၏အတွေးတို.ကို
ဖော်ပြခဲ့ပြီး ပြုပြင်ပြောင်းလဲရေးသည် တရုတ်ပြည်ကို ပို၍ခေတ်မှီသစ်လွင်လာစေခဲ့ကြောင်း ရှင်းလင်းစွာ
ပြောကြားခဲ့သည် ။
နှစ်ပေါင်းများစွာကြာအောင် ကျွန်တော်တို.၏ စီးပွါးရေးဖွံ.ဖြိုးရန် အားထုတ်မှုများမှာ ညံ့ဖျင်းသည့် ရလာဒ်များသာ ရရှိစေခဲ့သည် ။ အင်အားများစွာ စိုက်ထုတ်ရပြီး ဆုလဒ်အနည်းငယ်သာ ရရှိခဲ့သည် ။ စီးပွါးရေးစနစ်အပြင် တံခါးပိတ်ဝါဒ ကဲ့သို.သော တခြားပြဿနာများလည်းရှိနေပြီး ၎င်းတို.က ကိုယ့်အားကိုယ်ကိုးရေးကိုသာ မဖြစ်မနေ လက်ခံစေခဲ့သည် ။ ၎င်းသည် သဘောတရားရေးရာ လေ့လာလိုက်စားစရာတစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံရေးသဘောတရားတစ်ခု ဖြစ်လာခဲ့သည် ။
ဥပမာအားဖြင့် စိုက်ပျိုးရေးကဏ္ဍကိုကြည့်ပါ ၊ စွမ်းဆောင်ရည်မြင့်မားလာစေရန် ဆိုပါက ပထမဦးဆုံး သဘောပေါက် လက်ခံထားရမည့်အချက်မှာ သက်ဆိုင်ရာဒေသရှိ မြေယာများ၏ အားသာချက်ကို အသုံးချရန်ဖြစ်ပြီး မြေအနေအထားနှင့် အကိုက်ညီဆုံးဖြစ်သည့် သီးနှံကို စိုက်ပျိုးရမည်ဖြစ်သည် ။ သို.သော်လည်း နှစ်များစွာကြာသည့်တိုင်အောင် ဤသို.ပြုလုပ်ရန် ကျွန်တော်တို. ခွင့်မပြုခဲ့ပါ ။
အဖြစ်အပျက်တစ်ခုမှာ ကျွန်တော်၏ အတွေးတို.ကို များစွာ ရိုက်ခတ်နေခဲ့သည် ။ စီချွမ်ပြည်နယ်တွင် ကျွန်တော် တာဝန်ထမ်းဆောင်နေဆဲ ၁၉၇၈ ခုနှစ်တွင် ကိုယ်စားလှယ်အဖွဲ.တစ်ခုကို ကျွန်တော် ဦးဆောင်၍ အင်္ဂလန်နှင့် ပြင်သစ် နိုင်ငံများသို. သွားခဲ့ပြီး အပြန်ခရီးတွင် ဂရိနှင့် ဆွစ်ဇာလန် နိုင်ငံတို.တွင် ခဏရပ်နားခဲ့သည် ။
ပထမဦးဆုံး ပြင်သစ်ပြည်တောင်ပိုင်း မြေထဲပင်လယ်ကမ်းခြေသို. ရောက်ရှိခဲ့သည် ။ ဤဒေသမှာ စီးပွါးရေးဖွံ.ဖြိုးမှုအတွက် လူသိများသည့်ဒေသဖြစ်သည် ။ ဤဒေသ၏ ရာသီဥတုမှာ အလွန်ပင် ခြောက်သွေ.ပြီး နွေရာသီတွင် မိုးလုံးဝမရွာပေ ။ ဤသို.သောအခြေအနေများ၌ အတိတ်ကာလက ကျွန်တော်တို.၏ စဉ်းစားပုံအရ ကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် ကြီးမားလှသည့် ဆည်မြောင်းစီမံကိန်းများကို အကောင်အထည်ဖော် တည်ဆောက်ခြင်းဖြင့် “ဘုရားသခင်နှင့် သဘာဝလောကကြီးက ပေးထားသည့် အခြေအနေများကို ပြောင်းလဲပစ်ပေမည်။” သို.သော် ဤသို.သောအရာများကို သူတို.မပြုလုပ်ကြပါ ၊ ဤအစား ခြောက်သွေ.သည့် ရာသီဥတုတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် စပျစ်နှင့် အခြားသီးနှံများကို သူတို.က စိုက်ပျိုးကြသည် ။ ရလာဒ်အားဖြင့် ပြင်သစ်၏ ဝိုင်လုပ်ငန်းကြီးမှာ သဘာဝအရ ပေါ်ထွက်လာခဲ့ခြင်းပင်ဖြစ်သည် ။ ထိုဒေသရှိ လယ်သမားတို.မှာ များစွာချမ်းသာကြသည်။
နောက်ဥပမာတစ်ခုကို အင်္ဂလန်တွင် တွေ.ခဲ့ရသည် ။ အရှေ.ဖက်ကမ်းခြေတစ်လျှောက်၌ ဂျုံကို အကြီးအကျယ် ကောင်းစွာစိုက်ပျိုးထား၍ အနောက်ဖက်ကမ်းခြေတွင်မူ မြတ်ခင်းတို. ဖုံးလွှမ်းနေသည် ။ ၎င်းမှာ ကျွန်တော့်အတွက် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်ဖြစ်၍ မြင်ကွင်းများကြောင့် ပဟေဠိဖြစ်နေပြီး အကြောင်းရင်းကို မေးမြန်းမိသည် ။ အရှေ.ဖက်ကမ်းခြေ၌ နေရောင်ခြည်လုံလောက်စွာရ၍ ဂျုံစိုက်ပျိုးရန်သင့်တော်ကြောင်း ၊ အနောက်ဖက်ကမ်းခြေ၌မူ မိုးများစွာရွာသွန်းပြီး နေရောင်ခြည်အရနည်းသဖြင့် မြတ်ခင်းများသာ ဖြစ်ထွန်းကြောင်း ကျွန်တော့်ကို ပြောပြကြသည် ။ ထို.ကြောင့် ထိုဒေသ၌ ကျွဲနွားမွေးမြူရေးနှင့် နွားနို.ချက်လုပ်သည့်လုပ်ငန်းစသည့် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းတို. ဖြစ်ထွန်းသည် ။
အပြန်ခရီး၌ ဂရိနိုင်ငံ၌ တစ်ထောက်ရပ်နားစဉ်တွင် သံရုံးမှ ရဲဘော်များက ခြောက်သွေ.၍ နွေရာသီ၌ မိုးမရွာသည့် တောင်ထူထပ်သည့် ဒေသများသို. လှည့်လည်ရန် စီစဉ်ကြသည် ။ ကျွန်တော်တို.၏ ချဉ်းကပ်ဖြေရှင်းပုံအရဆိုပါက စိုက်ပျိုးရန်အတွက် အလွန်ခက်ခဲသည့် အခြေအနေပင်ဖြစ်သည် ။ ကျွန်တော်တို.သည် ဒါဇိုင်းမော်ဒယ်၁ကို ပုံတူကူး အတုယူ၍ လှေခါးထစ်စိုက်ခင်းများနှင့် ဆည်ရေပေးစနစ်များကို တည်ဆောက်ပေလိမ့်မည် ။ သို.သော် သူတို.ကမူ ဤသို.မလုပ်ပါ ။ တောင်ကုန်းများမှာ သံလွင်ပင်များဖြင့် ဖုံးလွှမ်းနေပြီး သံလွင်ဆီ ထုတ်လုပ်သည့် လုပ်ငန်းမှာ အထူးအောင်မြင်ဖြစ်ထွန်းနေသည် ။ လယ်သမားများ၏ လူနေမှုအဆင့်မှာ မြင့်မားလှသည် ။ ဤကဲ့သို. သူတို. မည်သို.လုပ်နိုင်ပါသနည်း ။ အဘယ့်ကြောင့်ဆိုသော် သူတို.သည် စီးပွါးရေးအရ အမှီအခို ကင်းလွတ်စွာ မနေသောကြောင့်ဖြစ်သည် ။ ဤအစား သူတို.က ပြင်ပကမ္ဘာနှင့် ကုန်သွယ်မှုကို အမှီပြု၍ သူတို.၏ အားသာချက်ကို အသုံးချကာ သူတို.၏ ထွက်ကုန်များကို သူတို.အတွက်လိုအပ်သည့် အရာများနှင့် ဖလှယ်၍ အရောင်းအဝယ် ပြုလုပ်ကြသောကြောင့်ဖြစ်သည် ။
၁၉၈၁ ခုနှစ် ဘေဂျင်းတွင် တာဝန်ထမ်းဆောင်ရန် ကျွန်တော်ရောက်ရှိလာပြီးနောက် ဟီနန်ပြည်နယ် လန်ကောင်းခရိုင်သို. ကျွန်တော်ရောက်သွားခဲ့ပြီး ထိုဒေသရှိလယ်သမားများနှင့် စကားပြောဖြစ်ခဲ့သည် ။ ထိုဒေသမှာ သဲဆန်သည့်မြေရှိပြီး မြေပဲအထွက်နှုန်းကောင်းသည့်မြေဖြစ်သည် ။ သို.သော်လည်း မူဝါဒမှာ ကိုယ့်အားကိုယ်ကိုး အစားအစာထုတ်လုပ်ရေးကို ဦးစားပေးပြီး နှံစားသီးနှံ ထုတ်လုပ်ရေးကို ဦးစားပေးအဖြစ်သတ်မှတ်ထားသည့်အတွက် သူတို.အား မြေပဲစိုက်ခွင့်မပေးပဲ ဤအစား ဂျုံစိုက်စေရန် သတ်မှတ်ခဲ့သည် ။ သူတို.၏ ဂျုံအထွက်နှုန်းမှာ နည်းပါးလှသည့်အတွက် လယ်သမားများက ဤမူဝါဒကို အပြင်းအထန် ဝေဖန်ခဲ့သည် ။
နောက်ထပ်ဥပမာတစ်ခုမှာ ရှန်ဒေါင်းပြည်နယ် အနောက်မြောက်ဒေသဖြစ်သည် ။ ဤဒေသ၏မြေမှာ အယ်လကာလီဓာတ်များသည့်မြေ အမျိုးအစားဖြစ်သည် ။ ဒေသ၏ နယ်မြေအများစုမှာ ဝါဂွမ်းစိုက်ရန်အတွက် သင့်လျော်ပြီး အထွက်နှုန်းလည်းကောင်းသည် ။ သို.သော် မူဝါဒအရ နှစ်ပေါင်းများစွာကြာအောင် ဝါစိုက်ခြင်းကို ခွင့်မပြုပဲ ဂျုံစိုက်ရန်သာ ခွင့်ပြုခဲ့သည် ။ ရလာဒ်မှာ သူတို.အနေဖြင့် ဂျုံပိုစိုက်လေ အထွက်နှုန်းနည်းလေဖြစ်ပြီး လယ်သမားများ ပို၍ငတ်မွတ်ဖို. အခြေအနေပေးလေဖြစ်လာသည် ။
၁၉၈၃ ခုနှစ်၌ ကျွန်တော်က ရှန်ဒေါင်းမှ ရဲဘော်များနှင့် ဆွေးနွေး၍ သူတို.အနေနှင့် ဝါစိုက်နိုင်ခြင်းရှိမရှိ မေးမြန်းခဲ့သည်။ ပြဿနာမှာ နှံစားသီးနှံ မထွက်ခြင်းပင်ဖြစ်ကြောင်း သူတို.ကပြောသည် ။ နောက်ပိုင်း၌ ရှန်ဒေါင်းဒေသ အနောက်မြောက်ပိုင်းသည် ဝါဂွမ်းကို ပြောင်းလဲစိုက်ပျိုးရန် ကျွန်တော်တို. ဆုံးဖြတ်ခဲ့သည် ။ သူတို.က ဝါဂွမ်းကို နိုင်ငံတော်သို. ရောင်းချပြီး (ထိုစဉ်က နိုင်ငံတော်သည် ဝါဂွမ်းအမြောက်အများ တင်သွင်းနေချိန်ဖြစ်သည်။) အပြန်အလှန်အားဖြင့် နိုင်ငံတော်က သူတို.ကို ဂျုံစသည့် နှံစားသီးနှံတို. ပြန်လည်ထောက်ပံ့မည်ဖြစ်သည် ။
ရလာဒ်မှာ သူတို.နေဖြင့် ခက်ခဲသည့် စီးပွါးရေးအခြေအနေများကို ပြောင်းပြန်လှန်ပစ်ရန်အတွက် အချိန်ကာလ ၁နှစ်မှ ၂နှစ်မျှသာ ကြာမြင့်ခဲ့ပြီး သူတို.၏ ဝါဂွမ်းအထွက်နှုန်းမှာလည်း များစွာတိုးလာခဲ့သည် ။ အချိန်တိုအတွင်း၌ ဈေးကွက်တွင် ဝါဂွမ်းများ လွှမ်းသွားပြီး ပိုလျှံလာသည် ။ လယ်သမားတို.၏ဝင်ငွေမှာ အလျှင်အမြန် တိုးလာပြီး ကျေးလက်ဒေသ၏ အခြေအနေမှာ တိုးတက်လာသည် ။ သူတို.၏ ဝါဂွမ်းထုတ်လုပ်ရေးက ဝါစေ့ကို ဘေးထွက်ကုန်စည်အဖြစ် ထုတ်လုပ်နိုင်သည် ။ ဝါစေ့မှ အဆီထုတ်ယူပြီးနောက် ထွက်လာသောကြိတ်ဖတ်ကို မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်သည် ။ အယ်လကာလီဓာတ် မများသည့်မြေယာများတွင် ဂျုံကိုစိုက်ပျိုးပြီး ဝါစေ့ကြိတ်ဖတ်မှရသော မြေဩဇာကို အသုံးပြုခြင်းဖြင့် အထွက်နှုန်းကောင်းလာစေသည် ။ လူတိုင်းပင် အကျိုးဖြစ်ထွန်းကြသည် ။
ဒေသ၏ ဆိုရိုးတစ်ခုမှာ “ဂျုံတစ်ကတ်တီက အားလုံးကို ဝလင်အောင် ကျွေးနိုင်တယ် ၊ ဝါဂွမ်း ကတ်တီဝက်ကတော့ ပိုလျှံသွားစေနိုင်တယ်၂”ဟု ဆိုကြသည် ။ ယခင်က သူတို.သည် ဂျုံတစ်ကတ်တီခွဲမျှ စိုက်ပျိုးပါက သူတို.ဘာသာသူုတို. စားသုံးရန်အတွက်ပင် အနိုင်နိုင်ဖြစ်ပြီး နောက်ပိုင်း ဝါဂွမ်းတစ်ကတ်တီ စိုက်ပျိုးပါက လုံလောက်သည့်အပြင် ပိုလျှံသည့် ပမာဏကို နိုင်ငံတော်သို.ပင် ရောင်းချနိုင်သည် ။
ရှန်ဒေါင်းနှင့် လန်ကောင်းဒေသတို.သည် သူတို.အတွက် သင့်လျော်သည့် သီးနှံကို စိုက်ပျိုးနိုင်ကြသည် အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို.သည် တံခါးဖွင့် မူဝါဒကို ကျင့်သုံးပြီး နိုင်ငံခြားမှ ဂျုံအမြောက်အများ တင်သွင်းသောကြောင့်ဖြစ်သည် (ဤကာလများအတွင်း၌ ဂျုံတန်ချိန် သန်းဆယ်ပေါင်းများစွာ နှစ်စဉ်တင်သွင်းခဲ့သည်)။ လယ်သမားတို.အား သူတို.၏မြေနှင့် သင့်တော်သည့် သီးနှံကို စိုက်ပျိုးခွင့်ပြုပြီး အထွက်နှုန်း မြင့်မားနေသရွေ. စိုက်ပျိုးရေးကဏ္ဍသည် တိုးတက်နေမည်သာဖြစ်သည် ။ တံခါးဖွင့် မူဝါဒသာ မကျင့်သုံးပါက အားလုံးကို ကိုယ်တိုင်ထုတ်လုပ်ရန် အတင်းအကျပ် လုပ်ဆောင်သလိုဖြစ်နေပြီး ကိုယ့်အားကိုယ်ကိုးရေးမူကိုသာ ဖတ်တွယ်နေပါက ဘာမျှဖြစ်လာမည်မဟုတ်ပါ ။
စိုက်ပျိုးရေးကဏ္ဍတွင် အင်အားများစွာ စိုက်ထုတ်ရပြီး ရလာဒ်အနည်းငယ်မျှသာ ခံစားရခြင်း၏ အကြောင်းရင်းတစ်ခုမှာ လူအများ စုပေါင်းပိုင်ဆိုင်မှုကြောင့်ဖြစ်သည် ။ နောက်တစ်ကြောင်းမှာ ကိုယ့်ဟာကိုယ် ပြဋ္ဌာန်းထားသည့် စီးပွါးရေးအမှီအခိုကင်းရေး မူဝါဒကြောင့်ဖြစ်ပြီး ထိုအချက်က ကျွန်တော်တို.အား မြေယာ၏ အားသာချက်ကို အသုံးချခြင်းမှ ပိတ်ပင်တားဆီးသလိုဖြစ်စေပြီးလျှင် ရလာဒ်အားဖြင့် “အင်အား ၂ဆ စိုက်ထုတ်ရပြီး အကျိုးရလာဒ်မှာ တစ်ဝက်မျှသာ” ခံစားရစေခဲ့သည် ။ နှစ်ပေါင်းများစွာကြာအောင်ပင် ကျွန်တော်တို.သည် ဂျုံစိုက်ပျိုးရန် မသင့်တော်သည့် ဒေသများတွင် ဂျုံကို အတင်းအကျပ် စိုက်ပျိုးစေခဲ့သည် ။ ထို.ကြောင့် စိုက်ပျိုးရေး အခြေခံအဆောက်အအုံများနှင့် ဆည်မြောင်းတာတမံ တည်ဆောက်ရေး စီမံကိန်းတို.အတွက် အင်အားများစွာ စိုက်ထုတ်သုံးစွဲခဲ့ရသည် ။ စီမံကိန်းတချို.မှာ အမှန်တကယ် လိုအပ်သော်လည်း မြေယာ၏ သဘာဝအရ အားသာချက်များကို အသုံးချခဲ့ပါက ၎င်းတို.ကို လုံးဝလိုအပ်မည်မဟုတ်ပါ ။ ဆည်မြောင်းစနစ်သည်လည်း ပို၍စွမ်းဆောင်ရည်မြင့်မားလာမည်ဖြစ်ပြီး အလိုအပ်ဆုံးနေရာများတွင် အသုံးချနိုင်ပေလိမ့်မည် ။
စက်မှုလုပ်ငန်းများတွင်လည်း အလားတူပင်ဖြစ်သည် ။ အတိတ်ကာလက ကျွန်တော်တို.၏ စက်မှုဖွံ.ဖြိုးရေး မဟာဗျူဟာမှာ “ဆန်မရှိပဲနှင့် ထမင်းအိုးအရင်မတည်ပါနှင့်”ဟူ၍ဖြစ်သည် ။ ကျွန်တော်တို.သည် အရာအားလုံးကို ကုန်ကြမ်းပစ္စည်းထိ အခြေခံအစမှ စတင်ရန် ကြိုးစားခဲ့ကြသည် ။
ဥပမာအားဖြင့် စတီးထုတ်လုပ်ရေးလုပ်ငန်းအတွက် ပထမဦးဆုံး သံရိုင်းမိုင်းရှာဖွေခြင်းနှင့် ရွေးချယ်ခြင်းတို.မှ စတင်သည် ထို.နောက်တွင် ကျောက်မီးသွေး ၊ မီးရထားလမ်းဖောက်လုပ်ခြင်း ၊ သံရိုင်းအရည်ကျိုခြင်း ၊ စတီးပြုလုပ်ခြင်း စသည်တို.ကို လုပ်ကိုင်ပြီး နောက်ဆုံးမှ စက်ပစ္စည်းထုတ်လုပ်ခြင်း စသည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည် ။ သို.သော် ကျွန်တော်တို.တွင် အရည်အသွေးနိမ့်သည့် သံမိုင်းများသာရှိပြီး သံသတ္တုပါဝင်နှုန်း နိမ့်လှသည် ။ သံတစ်တန်မျှ ထုတ်လုပ်နိုင်ရန်အတွက် သံရိုင်းတန်ပေါင်းများစွာ တူးဖော်ထုတ်လုပ်ရသည် ။ ကျွန်တော်တို.၏ သံနှင့် ကျောက်မီးသွေး မိုင်းများမှာ နိုင်ငံ၏ အနောက်ပိုင်း၌ တည်ရှိသည့်အတွက် သယ်ယူပို.ဆောင်ရန် ဝေးကွာလှသည့် ခရီးကို ဖြတ်သန်းရသည်။ စတီးထုတ်လုပ်ရေး လုပ်ငန်းတစ်ခု တည်ထောင်ရန် အချိန်မည်မျှ ကြာမြင့်မည်ဖြစ်ကြောင်း စဉ်းစားကြည့်ပါ ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ၊ ရင်းနှီးမြှုပ်နှံမှုမှ အကျိုးအမြတ် ပြန်ရဖို. ကြာမြင့်မည်အချိန်ကာလ ၊ ရင်းနှီးမြှုပ်နှံသည့် ပမာဏ၏ မည်မျှသာ အကျိုးအမြတ် ပြန်လည်ခံစားရမည် စသည်ဖြင့် ။
ပြုပြင်ပြောင်းလဲရေးကြောင့် ကျွန်တော်တို.သည် ပို၍ သပ်သပ်ရပ်ရပ် ရှိလာသည် ။ သံရိုင်းကို ကနေဒါနှင့် ဩစတေးလျမှ တင်သွင်းသည် ။ ဤနေရာများတွင် ၎င်းမှာ ဈေးချိုပြီး အရည်အသွေးမြင့်မားသည် ၊ သင်္ဘောဖြင့် သယ်ယူပို.ဆောင်ခြင်းက မီးရထားဖြင့် သယ်ယူပို.ဆောင်သည်ထက် ကုန်ကျစားရိတ်ပိုနည်းသည် ။ ကမ်းရိုးတန်းဒေသရှိ တချို.မြို.များတွင် စတီးလှိမ့်ခြင်းကဲ့သို.သော စတီးထုတ်သည့် လုပ်ငန်းစဉ်၏ အောက်ပိုင်းအဆင့်များကို ပြုလုပ်နိုင်သည် ။ သံအချောင်းကို မည်သည့်နေရာမှ သူတို. ရရှိပါသနည်း ။ ပြည်ပမှ တင်သွင်းခြင်းဖြင့် ရရှိသည် ။ လုပ်ငန်းစဉ် စတင်သည်နှင့် သူတို.အတွက် အကျိုးအမြတ် ရရှိပြီးဖြစ်သည် ။ မြှုပ်နှံထားသည့် အရင်းအနှီးကို ဝင်ငွေမှ လျှင်မြန်စွာ ပြန်လည်ဖော်ထုတ်နိုင်ပြီး ၎င်းကို စတီးထုတ်လုပ်သည့် လုပ်ငန်းစဉ်၏ အထက်ပိုင်း လုပ်ငန်းစဉ်များနှင့် နိုင်ငံခြားမှ သံရိုင်းတင်သွင်းခြင်း စသည်တို.တွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်သည် ။
ဖိုင်ဘာအတု ထုတ်လုပ်မှုတွင်လည်း အလားတူပြဿနာများပင် ကြုံတွေ.ရသည် ။ ယခင်က ဖိုင်ဘာအတု ထုတ်လုပ်တော့မည်ဆိုပါက ကျွန်တော်တို.သည် ရေနံထုတ်လုပ်ခြင်းနှင့် ရေနံချက်စက်ရုံ တည်ဆောက်ခြင်းတို.ကို ပထမဆုံး စတင်ရသည် ။ နောက်ပိုင်းတွင် ဖိုင်ဘာအတုထုတ်သည့် စက်ရုံတချို.သည် ထုတ်လုပ်ရေးကို အရင်စတင်ပြီး ထုတ်လုပ်ရေးလုပ်ငန်းစဉ်၏ အထက်ပိုင်းလုပ်ငန်းစဉ်များကို ဆက်လက်ပြုလုပ်ကြသည် ။ ၁၉၈၁ ခုနှစ် ပြန်လည်ထိန်းညှိရေး ကာလအတွင်း၌ ကုန်ကြမ်းပစ္စည်း အဆင့်မှစ၍ ဝိုင်ယာနန်းဆွဲသည်အထိ ပြုလုပ်နိုင်သည့် ဖိုင်ဘာအတုထုတ်သည့် ထုတ်လုပ်ရေးလိုင်းတချို. တင်သွင်းခဲ့သည် ။ ၎င်းကို ထိုစဉ်က ရပ်နားထားခဲ့ရသည် ။ ပြန်လည်စတင်သည့်အချိန်တွင် ကျွန်တော်တို.သည် ပို၍စမတ်ကျလာပြီဖြစ်သည် ။ ထို.ကြောင့် ကျွန်တော်တို.သည် အဆုံးသတ်ထုတ်ကုန်ဖြစ်သည့် ဝိုင်ယာနန်းဆွဲသည့် လုပ်ငန်းစဉ်ဖြင့် စတင်ခဲ့သည် ။ ဤသည်မှာ ဂျန်စုပြည်နယ်ရှိ ယီဇန်ဖိုင်ဘာအတုစက်ရုံ စတင်လည်ပတ်ခဲ့သည့် ပုံစံဖြစ်သည် ။ ၎င်းသည် လျှင်မြန်စွာ တိုးတက်ကြီးထွားလာ၍ ဝင်ငွေအမြန်ပြန်ဖော်ထုတ်နိုင်ခဲ့ပြီး ထုတ်လုပ်ရေး၏ အထက်ပိုင်းလုပ်ငန်းစဉ်များတွင် ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ခဲ့သည် ။
ဤအချက်အားလုံးက ဘာကိုဖော်ပြနေသနည်းဆိုသော် တံခါးဖွင့်စနစ်အောက်တွင်သာ ကျွန်တော်တို.တွင် ရှိနေသည့် အားသာချက်များကို အသုံးချနိုင်ပြီး ကျွန်တော်တို.အတွက် လိုအပ်နေသည့် အရာများကို ကုန်သွယ်ရောင်းဝယ်နိုင်သည် ဆိုသည့်အချက်ကို ဖော်ပြနေပေသည် ။ နေရာဒေသတိုင်းနှင့် လူအဖွဲ.အစည်းတိုင်း၌ ၎င်းတို.၏ ကိုယ်ပိုင်အားသာချက်များ ရှိနေကြသည် ၊ ဆင်းရဲသည့် ဒေသများမှာပင်လျှင် ၎င်း၏အားသာချက်ရှိသည် ဥပမာအားဖြင့် လုပ်အားခ ဈေးပေါသည့် လုပ်သားအင်အားစု စသည်ဖြင့် ရှိနေသည် ။ ထိုအချက်မှာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရာတွင် ကြီးမားသည့် အားသာချက်ပင်ဖြစ်သည် ။
အရာအားလုံးကို ကျွန်တော်တို.ကိုယ်တိုင် ပြုလုပ်ခြင်း၏ ရလာဒ်မှာ ကျွန်တော်တို.သည် ကျွန်တော်တို. အကောင်းဆုံးလုပ်နိုင်သည့် အရာတို.ကို ပြုလုပ်နေခြင်းမဟုတ် ဟူသည့်အချက်ဖြစ်သည် ။ ဤအချက်ကြောင့် ကျွန်တော်တို.သည် ဆုံးရှုံးမှုကြီးမားစွာ ကြုံတွေ.ခဲ့ရသည် ။ အကယ်၍ နိုင်ငံတစ်ခုသည် ပိတ်နေသည့် နိုင်ငံဖြစ်ပါက ၊ နိုင်ငံတကာ ဈေးကွက်တွင် ပါဝင်ခြင်းမရှိပါက ၊ သို.မဟုတ် နိုင်ငံတကာ ကုန်သွယ်ရေး၏ အားသာချက်များကို အသုံးမချပါက ထိုနိုင်ငံသည် နောက်ကျကျန်နေခဲ့မည်ဖြစ်ပြီး ခေတ်မှီရေးသည်လည်း ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည်မဟုတ်ကြောင်း ယခုအခါ ကျွန်တော်ပို၍ပို၍ နားလည်သဘောပေါက်လာခဲ့သည် ။
-----------------------------------------------------------------------------------------------------------------
၁ ။ ။ ဒါဇိုင်းမှာ ရှန်ဇီပြည်နယ်ရှိ တောင်ထူထပ်သည့် ဒေသတစ်ခု၏ နာမည်ဖြစ်ပြီး မော်၏ ခေတ်ကာလများအတွင်းက ကိုယ့်အားကိုယ်ကိုး စိုက်ပျိုးရေး စံပြမော်ဒယ် ဒေသတစ်ခုဖြစ်လာခဲ့သည် ။ နောက်ပိုင်း၌ ဝေဖန်ဆန်းစစ်သူများက စံပြမော်ဒယ်တစ်ခုအဖြစ် အောင်မြင်သည်ဟုဆိုသော အချက်ကို မေးခွန်းထုတ်ခဲ့ကြသည် ။
၂ ။ ။ တစ်ကတ်တီမှာ တရုတ်တို.၏ အလေးချိန်ခွင် အတိုင်းအတာတစ်ခုဖြစ်ပြီး ၅၀၀ ဂရမ်နှင့် ညီမျှသည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 9 The Magic of Free Trade ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

Saturday, June 26, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၈ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေးဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၈
စီးပွါးရေး အပူချိန် လွန်ကဲလာခြင်း
၁၉၈၄ နှင့် ၁၉၈၈ ခုနှစ်တို.တွင် တရုတ်ပြည်၏ စီးပွါးရေးမှာ အပူချိန်လွန်ကဲလာသည် ။ ကျောက်က
ပထမအကြိမ် အကျပ်အတည်းအတွင်းက သူ၏တုံ.ပြန်မှုတို.ကို နောက် ၄ နှစ် ကြာတွင် ဖြစ်ပေါ်ခဲ့သည့်
အကျပ်အတည်း၌ အစိုးရမူဝါဒများ မအောင်မြင်ရခြင်းနှင့် ယှဉ်ထိုး၍ ရှင်းလင်းပြခဲ့သည် ။ ၁၉၈၈
ခုနှစ်အတွင်း၌ ဖြစ်ကတတ်ဆန်းပြုလုပ်ခဲ့သည့် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးအပြီးတွင် ငွေဖောင်းပွမှုနှုန်း
မြင့်တက်လာခဲ့ပြီး ၊ လူအများက ဘဏ်စုငွေများ အပြိုင်အဆိုင် ပြန်လည်ထုတ်ယူကြပြီး ကုန်စည်များကို
အလုအယက် ဝယ်ယူခဲ့ကြသည် ။ အခြေအနေများအပေါ် သူ၏ကိုင်တွယ်ခဲ့မှုများအတွက် ကျောက်က
ဝမ်းနည်းစိတ်မကောင်းကြောင်း ဖော်ပြခဲ့သည် ။
၁၉၈၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စီးပွါးရေးပြန်လည်ထိန်းညှိမှုသည် စိုက်ပျိုးရေးနှင့်စက်မှုထုတ်ကုန် တိုးတက်နှုန်းကို ၄ရာခိုင်နှုန်း လျော့ကျသွားစေခဲ့သည် ။ နောက်နှစ်တွင် စီးပွါးရေးသည် ပို၍လျှင်မြန်စွာ တိုးတက်လာပြီးလျှင် နောက်ဆုံးတွင် အားကောင်းသည့် လမ်းကြောင်းပေါ်သို. ပြန်လည်ရောက်ရှိခဲ့သည် ။ ၁၉၈၃ နှင့် ၁၉၈၄ ခုနှစ်တို.တွင် စီးပွါးရေးဖွံ.ဖြိုးမှု ကောင်းမွန်ခဲ့သည် ၊ စီးပွါးရေး အလျှင်အမြန် တိုးတက်လာရုံမျှမက ရောင်းလိုအားနှင့် ဝယ်လိုအားတို.မှာလည်း အချိုးညီနေသည် ။ အညွှန်းကိန်း အသီးသီးမှာ အားကောင်းနေသည် ၊ စီးပွါးရေး စွမ်းဆောင်ရည်မှာ သိသိသာသာ တိုးတက်လာပြီး ပြည်သူလူထု၏ လူနေမှုအတင့်အတန်းမှာလည်း မြင့်မားလာသည် ။
သို.သော်လည်း ၁၉၈၄ခုနှစ် စတုတ္ထလေးလပတ်မှစ၍ တိုးတက်နှုန်းမှာ အလွန်အမင်း မြင့်မားလာသည် ၊ ဘဏ်ချေးငွေများ အလွန်အကျွံ ထုတ်ပေးထားပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးများကို လွန်ကဲစွာ အကောင်အထည်ဖော်နေသည် ။ အကျိုးဆက်အားဖြင့် ဈေးနှုန်းများ ပို၍တက်လာခဲ့သည် ။
၁၉၈၅ခုနှစ် အစပိုင်းတွင် ဤသို. စီးပွါးရေးအပူချိန် လွန်ကဲခြင်း၏ လက္ခဏာရပ်များ ပေါ်ထွက်လာသည့်အတွက် ဗဟိုဦးဆောင်အဖွဲ.နှင့် နိုင်ငံတော်ကောင်စီတို.က ကျယ်ပြန်.သည့် စီးပွါးရေးဆိုင်ရာ ထိန်းချုပ်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း ၊ ဘဏ်ချေးငွေတို.ကို ဇက်ကြိုးသတ်ပေးခြင်း အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို လျှော့ချခြင်း စသည်တို.ဖြင့် စီးပွါးရေးအပူချိန်လွန်ကဲမှုကို အေးသွားစေရန် ကြိုးစားခဲ့သည် ။ သို.သော်လည်း ဘဏ်စနစ်ကို ပြုပြင်ပြောင်းလဲမှု မပြုလုပ်ရသေးသည့်အတွက် ဘဏ်ချေးငွေ ထိန်းချုပ်မှု ပြုလုပ်ရာတွင် အောက်ခြေအဆင့်များသို. ချေးငွေခွဲတမ်းများကို သတ်မှတ်ပေးခြင်းစသည့် အုပ်ချုပ်ရေးဆိုင်ရာ နည်းလမ်းများဖြင့်သာ ပြုလုပ်ရသည် ။
ဤသို.ပြုလုပ်ရာ၌ နယ်ပယ်အသီးသီးမှ တုံ.ပြန်မှုများမှာ ပြင်းထန်လှပြီး စီးပွါးရေးကို ချောမွေ.စွာ လည်ပတ်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့သည် ။ ဘဏ်ချေးငွေ ခွဲတမ်းတို.ကို နိုင်ငံတော်ကောင်စီမှ ဗဟိုဘဏ်သို. ၊ ထိုမှတစ်ဖန် ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် ဘဏ်ခွဲများသို. အသီးသီး သတ်မှတ်ချမှတ်ပေးခဲ့သည် ။ အကျိုးဆက်အားဖြင့် ဒေသဆိုင်ရာ အစိုးရများက ၎င်းတို.၏ ချေးငွေခွဲတမ်းများကို ၎င်းတို.ကြိုက်နှစ်သက်သည့် စီမံကိန်းများအတွက် အသုံးပြုကြသည် ၊ အထူးသဖြင့် အထူးတည်ဆောက်ရေး စီမံကိန်းများတွင် သုံးစွဲကြပြီး တခြားလျစ်လျူရှုထား၍ မရနိုင်သည် စီမံကိန်းများအတွက် ဘာမှမကျန်တော့ပေ ။ ဤဖြစ်စဉ်က ချေးငွေခွဲတမ်းများ တိုးမြှင့်ချထားစေရန် ဗဟိုအစိုးရအား တွန်းပို.ပြန်သည် ။
ဥပမာအားဖြင့် ချေးငွေထိန်းချုပ်မှုကို စတင်အကောင်အထည်ဖော်သည်နှင့် ဒေသဆိုင်ရာ အစိုးရအများအပြားက သူတို.အတွက် သတ်မှတ်ပေးသည့် ဘဏ်ချေးငွေကို တခြားနေရာများတွင် သုံးစွဲလိုက်ကြပြီးဖြစ်သော်လည်း နှစ်စဉ်ကောက်ပဲသီးနှံ ဝယ်ယူရေးအတွက် ဘဏ္ဍာငွေမရှိကြောင်း ကန်.ကွက်တိုင်ကြားကြသည် ။ ဘဏ်ချေးငွေ ကန်.သတ်မှုမှာ ထိန်းချုပ်ပြီး မကြာမှီအတွင်း ပြန်၍ဖြေလျှော့ပေးလိုက်ရသည် ။
ထို.ကြောင့် နှစ်ဆန်းပိုင်း၌ ကျယ်ပြန်.သည့် စီးပွါးရေးဆိုင်ရာထိန်းချုပ်မှုများ ချမှတ်အကောင်အထည်ဖော်ခဲ့သော်လည်း ၁၉၈၅ ခုနှစ်အတွင်း၌ တိုးတက်နှုန်းမှာ အလွန်အမင်း မြင့်မားနေဆဲဖြစ်သည် ။ စီးပွါးရေး အပူချိန်လွန်ကဲမှုမှာ ပို၍ဆိုးဝါးလာသည် ။
အခြေအနေကို ကျွန်တော်တို. မည်ကဲ့သို. ကိုင်တွယ်နိုင်ပါသနည်း ။ နည်းလမ်းနှစ်မျိုး စဉ်းစားခဲ့ကြသည် ။ ကျွန်တော်တို.အနေဖြင့် အစဉ်အလာနည်းလမ်းကို ကျင့်သုံးနိုင်သည် ။ စီးပွါးရေးကို ဘရိတ်အုပ်ခြင်းနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတို.ကို ဖြတ်တောက်ခြင်း စသည်တို.ဖြင့် ၁၉၈၁ ခုနှစ်အတွင်းက ကျင့်သုံးခဲ့သည့် ပြန်လည်ထိန်းညှိရေးကို ပြန်လည်အသုံးပြုနိုင်သည် ။
နောက်တစ်နည်းမှာ ပြဿနာကို ဖြည်းဖြည်းချင်း ဖြေရှင်းသည့်နည်းဖြစ်သည် ။ ပထမနည်းမှာ နယ်ပယ်အသီးသီး၌ ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပြီး အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများမှာ ၁၉၈၁ ခုနှစ် ပြန်လည်ထိန်းညှိရေးအပြီး နှောင့်နှေးကျန်.ကြာနေခဲ့ရာမှ ပြန်လည်စတင်သည်မှာ မကြာမြင့်သေးသည့်အတွက် လက်တွေ.မကျပေ ။ ၎င်းတို.ကို ပြန်လည်ဖြတ်တောက်ခြင်းသည် ပြည်တွင်းပြည်ပ၌ ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည် ။ ထို.ကြောင့် “ညင်သာသည့် ဆင်းသက်နည်း”ကို အသုံးပြုရန် ကျွန်တော်ဆုံးဖြတ်ခဲ့သည် ။ အခြေအနေအားလုံးကို ၁ နှစ်အတွင်း ထိန်းညှိမည့်အစား နှစ်ပေါင်းများစွာကြာအောင် အချိန်ယူ၍ ဖြည်းဖြည်းချင်း ထိန်းညှိမှု ပြုလုပ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည် ။
ဘဏ်ချေးငွေနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများကို နောက်ထပ် ၂ နှစ်ကြာမျှ ဆက်လက်၍ တင်းကျပ်စွာ ထိန်းချုပ်သွားမည့် ဆုံးဖြတ်ချက်တစ်ခုကိုလည်း ချမှတ်ခဲ့သည် ။ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို စီမံကိန်းတစ်ခုချင်း၏ အချိန်ကာလနှင့် ဦးစားပေးမှုအရ ထိန်းညှိသွားခြင်းဖြင့် ၁၉၈၅ ခုနှစ်က နှုန်းထားအတိုင်း ဆက်လက်ရှိနေစေမည်ဖြစ်သည် ။ အကယ်၍ တိုးတက်မှုနှုန်းသည် ၂ နှစ်ဆက်တိုက် ဤနှုန်းအတိုင်း ရှိနေပါက အခြေအနေများသည် ပုံမှန်အနေအထားသို. ပြန်လည်ရောက်ရှိသွားနိုင်သည် ။ ဤအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းကြောင့် ၁၉၈၆ ခုနှစ်အတွင်း၌ အထွေထွေအခြေအနေမှာ ကောင်းမွန်လာသည် ။
ရလာဒ်ကောင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည် ။ ၁၉၈၇ ခုနှစ်အတွင်း၌ ဂျီအင်ပီနှင့် ဂျီဒီပီသည် ၁၀ ရာခိုင်နှုန်းကျော်မျှ တိုးတက်ခဲ့သည် ။ စက်မှုလုပ်ငန်း ထွက်ကုန်များမှာ ၁၇ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေး ထွက်ကုန်များမှာ ၆ ရာခိုင်နှုန်းနီးပါးမျှ တိုးတက်ခဲ့သည် ။ လက်လီဈေးနှုန်းများမှာ ၇.၃ ရာခိုင်နှုန်းမျှ မြင့်တက်ခဲ့သည် ။ မြေအစရှိသည့် မရွှေ.ပြောင်းနိုင်သော ပစ္စည်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၏ အခြေအနေမှာ ကောင်းမွန်နေသည် ။
အားလုံးကို ခြံငုံသုံးသပ်ကြည့်ပါက “ညင်သာသည့် ဆင်းသက်နည်း”ကို ချမှတ်ကျင့်သုံးပြီး ၂ နှစ်အကြာ၌ အခြေအနေများ တိုးတက်လာခဲ့သည် ။ အထွေထွေ စီးပွါးရေး ဝန်းကျင်သည်လည်း တင်းမာမနေတော့ပေ ။ နှစ်အကုန်၌ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို.က အခြေအနေကို ပြန်လည်အကဲဖြတ်ရာ၌ ချက်ချင်းထိန်းညှိမှုနည်းလမ်းကို ကျင့်သုံးသည့်အစား “ညင်သာသည့် ဆင်းသက်နည်း”ကို ကျင့်သုံးသည်က ပို၍အလုပ်ဖြစ်ကောင်းမွန်ကြောင်း သူတို.က အသိအမှတ်ပြုခဲ့ကြသည် ။
၁၉၈၈ ခုနှစ်အတွက်လည်း နဂိုမူလက ထိုအတိုင်းကျင့်သုံးဖို.ဖြစ်သည် ။ ၁၉၈၈ခုနှစ်အတွက် စီမံကိန်းများ ရေးဆွဲချမှတ်ရေးအတွက် ၁၉၈၇ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် အမျိုးသားစီမံကိန်းရေးဆွဲရေး ကွန်ဂရက်အစည်းအဝေးတွင် ဗဟိုကော်မတီကိုယ်စား ကျွန်တော်မိန်.ခွန်းပြောခဲ့သည် ။ စီးပွါးရေးတည်ငြိမ်စေရန်အတွက် မူဝါဒများ ချမှတ်ရာတွင် (အထူးသဖြင့် ဈေးနှုန်းများ မြင့်တက်လာမှုအတွက်) ဘဏ္ဍာငွေနှင့် ချေးငွေတို.ကို တင်းကျပ်စွာ ထိန်းချုပ်ထားရမည် ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို.ကို လျှော့ချဖို.လိုအပ်သည် ၊ အသုံးစားရိတ်တို.ကို ထိန်းချုပ်ဖို.လိုသည် ၊ တစ်ပြိုင်တည်းတွင် ကုန်ထုတ်လုပ်မှု မှန်မှန်တိုးတက်နေခြင်းကို ထိန်းသိမ်းထားဖို.လိုသည်ဟု ကျွန်တော်က ထောက်ပြခဲ့သည် ။ ၁၉၈၈ ခုနှစ်အတွက် စီးပွါးရေးမဟာဗျူဟာကို အချက် ၂ ချက်ဖြင့် အကျဉ်းရုံးဖော်ပြနိုင်သည် ။ စီးပွါးရေးတည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပြုပြင်ပြောင်းလဲရေးကို ပို၍နက်ရှိုင်းစွာ အကောင်အထည်ဖော်သွားရန်တို.ဖြစ်သည် ။
ဤမဟာဗျူဟာများ ချမှတ်ခဲ့ပါလျှက်နှင့် လက်လီဈေးနှုန်းများ ၁၈.၅ ရာခိုင်နှုန်းအထိ ထိုးတက်သွားစေသည့် ငွေဖောင်းပွမှုသည် မည်ကဲ့သို.ဖြစ်ပွါးခဲ့ပါသနည်း ။ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ကတည်းက ဤသို.သော ဖြစ်ရပ်မျိုး ဖြစ်ပွါးခဲ့ခြင်းမရှိပေ ။
ငွေဖောင်းပွမှုသည် အချက်များစွာတို. ပေါင်းစုံခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည် ။ ထိုစဉ်က ကျွန်တော် ထောက်ပြခဲ့ပြီး ယနေ.ထိတိုင် ယုံကြည်နေဆဲဖြစ်သည်မှာ ငွေကြေးဖောင်းပွမှုသည် အဓိကအားဖြင့် ၁၉၈၈ ခုနှစ်အတွင်း ဈေးနှုန်းပြုပြင်ပြောင်းလဲရေးပြုလုပ်ရာ၌ မဆီလျော်သည့်နည်းလမ်းများဖြင့် တုံ.ပြန်ခဲ့သောကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည် ။
ဈေးနှုန်းပြုပြင်ပြောင်းလဲရေး (ဈေးနှုန်းသတ်မှတ် လည်ပတ်မှုကို ဖြည်းဖြည်းချင်း ထိန်းညှိသွားသည့်ဖြစ်စဉ်)သည် စီးပွါးရေးပြုပြင်ပြောင်းလဲရေး၏ အလွန်အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်သည် ။ ဈေးနှုန်းစနစ်ကို သေချာစွာ မဖြေရှင်းပါက စီးပွါးရေးပြုပြင်ပြောင်းလဲရေးကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်မည်မဟုတ်ဟု ကျွန်တော်တို. အမြဲတမ်းပင် ယုံကြည်ခဲ့သည် ။
၁၉၈၆ နှင့် ၁၉၈၇ ခုနှစ် ၂ နှစ်မျှ “ညင်သာသည့် ဆင်းသက်နည်း” ကို ကျင့်သုံးပြီးသည့်အခါ၌ ၁၉၈၈ခုနှစ်အတွင်း ဈေးနှုန်းပြုပြင်ပြောင်းလဲရေးကို ကြီးမားကျယ်ပြန်.စွာ အကောင်အထည်ဖော်ရန်အတွက် အခြေအနေများမှာ သင့်တော်သည့် အနေအထားသို. ရောက်ရှိနေပြီဖြစ်သည် ။ သို.သော်လည်း အဆိုပြုခဲ့သည့် “ဈေးနှုန်းပြုပြင်ပြောင်းလဲရေး အခက်အခဲများကို ထိုးဖောက်ကျော်လွှားခြင်း”ဟူသည့် အဆိုပြုချက်တွင်ပါရှိသည့် လမ်းညွှန်ချက်များနှင့် အကောင်အထည်ဖော်သည့် နည်းလမ်းအားလုံးမှာ မှားယွင်းနေသည် ။ အကျိုးဆက်အားဖြင့် အလွန်စိုးရိမ်ဖွယ်ကောင်းသည့် မှားယွင်းမှုများဖြစ်ပေါ်ခဲ့ပြီး စီးပွါးရေးအတွက် လေးနက်သည့် နောက်ပြန်ဆုတ်မှုများ ဖြစ်ပေါ်စေခဲ့သည် ။
ဤအချက်များ မည်ကဲ့သို.ဖြစ်ပေါ်ခဲ့ပါသနည်း ။ ကျွန်တော်ပြောခဲ့သလိုပင် နဂိုမူလက “ညင်သာသည့် ဆင်းသက်နည်း”ကို ဆက်လက်ကျင့်သုံးဖို.ပင်ဖြစ်သည် ။ သို.သော် ၁၉၈၈ခုနှစ် နွေဦးရာသီတွင် ကုန်ဈေးနှုန်း တက်လာခြင်းနှင့် ဈေးနှုန်း ၂ မျိုး ကျင့်သုံးသည့်စနစ်(ဤစနစ်က အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်စေရန် အားပေးသည်)ကို ပြင်းထန်သည့် တုံ.ပြန်မှုများ ပေါ်ပေါက်လာသည် ။ တိန်.ရှောင်ပင်းကလည်း ဈေးနှုန်းပြုပြင်ပြောင်းလဲရေးနှင့်ပက်သက်၍ ပြတ်သားသည့် ဆောင်ရွက်မှုများ ပြုလုပ်ဖို. အကြိမ်ကြိမ် တိုက်တွန်းခဲ့သည် ။ သူက ဤကိစ္စတွင် ထိုးဖောက်ကျော်လွှားရမည်ဟု ယုံကြည်နေပြီး “ပြင်းထန်သည့် နာကျင်မှုကို တစ်ခဏတာမျှ တွေ.ကြုံခံစားရခြင်းသည် တအိအိနာကျင်မှုကို ရေရှည်ခံစားနေရခြင်းထက် ပို၍ကောင်းသည်”ဟု ပြောခဲ့သည် ။
ဤအချက်များကြောင့် ဖြည်းဖြည်းချင်း တစ်ဆင့်ပြီးတစ်ဆင့်သွားသည့်နည်းလမ်းကို စွန်.လွှတ်၍ အားလုံးကို တစ်ပြိုင်တည်းလုပ်ဆောင်ဖို. ကျွန်တော် ကြံဆခဲ့သည် ။ ပုံသေသတ်မှတ်ထားသည့် ဈေးနှုန်းများမှာ မြင့်တက်လာသော်လည်း လွဲမှားသသည့် ဈေးနှုန်းသတ်မှတ်မှုများ၏ အခြေအနေမှာမူ မပြောင်းလဲပေ ။ ထို.ကြောင့် ကြီးမားသည့် ထိန်းညှိမှုများကို နယ်ပယ်အားလုံး၌ တစ်ပြိုင်တည်း ပြုလုပ်ခြင်းသည် ပို၍အဆင်ပြေကောင်း အဆင်ပြေနိုင်ပေသည် ။ အချိန်ကာလတစ်ခုအတွင်း၌ ဆိုကြပါစို. ၂ နှစ်မှ ၃ နှစ်အတွင်း၌ ကျွန်တော်တို.သည် ဈေးနှုန်းများကို အတိုင်းအတာတစ်ခုအထိ ဥပမာအားဖြင့် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းမျှထိ မြှင့်တင်သွားနိုင်သည် ။ ဤနည်းအားဖြင့် လူသုံးစားသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းကို သင့်တော်သည့် အတိုင်းအတာထိ မြှင့်တင်သွားနိုင်ပြီး ဤသို.ပြုလုပ်ခြင်းဖြင့် မူမမှန် ကျိုးကြောင်းဆီလျှော်မှုမရှိသည့် ဈေးနှုန်းစနစ်ကို ပယ်ဖျက်နိုင်မည်ဖြစ်သည် ။
ကျွန်တော်၏ အဆိုပြုချက်ကို ၁၉၈၈ခုနှစ် နွေးဦးရာသီတွင် ပြုလုပ်ခဲ့သည့် အကျယ်ချဲ. တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေး၌ မူအားဖြင့် သဘောတူခဲ့ပြီးနောက် အကောင်အထည်ဖော်ရမည့် နည်းလမ်းများနှင့်ပက်သက်၍ လေ့လာမှုပြုလုပ်ရန် ယော်ယိလင်အား နိုင်ငံတော်စီးပွါးရေးစီမံကိန်း ရေးဆွဲရေးကော်မရှင်ကို ဦးဆောင်ရန် တာဝန်ပေးခဲ့သည် ။ ဘေဒိုင်ဟီ(နှစ်စဉ်နွေရာသီတိုင်း ပါတီခေါင်းဆောင်များ အစည်းအဝေးကျင်းပလေ့ရှိသည့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း)၌ အကျယ်ချဲ. တည်ဆဲပေါ်လစ်ဗျူရို ကော်မတီမှ အပြန်ပြန်အလှန်လှန် ဆွေးနွေးကြပြီးနောက် ၁၉၈၈ ခုနှစ် နွေရာသီ၌ ယော်ယိလင်နှင့် နိုင်ငံတော်စီးပွါးရေးစီမံကိန်း ရေးဆွဲရေးကော်မရှင်မှ အဆိုပြုတင်ပြသည့် အစီအစဉ်ကို အတည်ပြုခဲ့သည် ။ အကောင်အထည်ဖော်မှုကို ၁၉၈၈ခုနှစ် စတုတ္ထလေးလပတ် သို.မဟုတ် ၁၉၈၉ခုနှစ်ဆန်းပိုင်း၌ စတင်ဖို. သတ်မှတ်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုမြင့်မားနေခြင်းကြောင့် ပယ်ဖျက်ခဲ့သည် ။
၁၂ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှစ၍ ဈေးနှုန်းပြုပြင်ပြောင်းလဲရေးနှင့် ပက်သက်၍ ကျွန်တော်တို.၏ မဟာဗျူဟာမှာ ပြန်လည်ထိန်းညှိရေးနှင့် ထိန်းချုပ်မှုများ လျှော့ချပေးခြင်းတို.ကို ပေါင်းစပ်ကျင့်သုံးခဲ့သည်။ တချို.ဈေးနှုန်းများကို အစိုးရက အပေါ်မှအောက်ခြေသို. ထိန်းညှိခြင်းဖြစ်ပြီး တခြားသော ဈေးနှုန်းများကို ဈေးကွက်အင်အားစုများ၏ တောင်းဆိုမှုအတိုင်း ထိန်းညှိခြင်းဖြစ်သည် ။ ကုန်ပစ္စည်းတစ်မျိုးတည်းကိုပင် စီမံကိန်းစီးပွါးရေးကဏ္ဍအတွင်း၌ အစိုးရက ဈေးနှုန်းသတ်မှတ်ပေးထားပြီး ထိုပစ္စည်းကိုပင် ပြင်ပဈေးကွက်၌ ပေါက်ဈေးအတိုင်း ရောင်းဝယ်ကြသည် ။ ဤသည်မှာ ဈေးနှုန်း ၂ မျိုး သတ်မှတ်သည့် စနစ်ဖြစ်သည် ။
ရည်ရွယ်ချက်မှာ ဈေးကွက်တောင်းဆိုမှုကို တုံ.ပြန်ရန်ဖြစ်ပြီး ဈေးနှုန်းထိန်းချုပ်မှုကို ဖြည်းဖြည်းချင်း လျှော့ချပေးသွားခြင်းဖြင့် အဆုံး၌ ဈေးကွက်အင်အားစုများကသာ ဈေးနှုန်းကို သတ်မှတ်နိုင်စေရန်ဖြစ်သည်။ သို.သော်လည်း အဆိုပြုထားသည့် ဈေးနှုန်းပြုပြင်ပြောင်းလဲရေး အစီအစဉ်သည် ဖြည်းဖြည်းချင်းပြုပြင်သွားမည့် မဟာဗျူဟာနှင့် ကိုက်ညီမှုမရှိပဲ အစိုးရက ကြီးမားစွာ ထိန်းချုပ်ကွပ်ကဲမည့် ဈေးနှုန်းထိန်းညှိရေး အစီအစဉ်အပေါ်တွင် အမှီပြုထားသည် ။ ဤသည်မှာ ထိုစဉ်ကရှိခဲ့သည့် စိတ်ခံစားမှုများကို ရောင်ပြန်ဟပ်နေခြင်းဖြစ်သည် ။ ဈေးနှုန်းတစ်မျိုးတည်းသာ ရှိနေစေရန် သို.မဟုတ် အနည်းဆုံး အစိုးရသတ်မှတ်သည့် ဈေးနှုန်းနှင့် ဈေးကွက်ပေါက် ဈေးနှုန်းတို.အကြားမှ ကွာဟချက်ကို လျှော့ချနိုင်ရန်အတွက် ဈေးနှုန်းပြုပြင်ပြောင်းလဲမှုကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ပြီး ဈေးနှုန်း ၂ မျိုး ရှိနေသည့် စနစ်ကို ပယ်ဖျက်ရန်ဖြစ်သည် ။
ဤသည်မှာ ဈေးနှုန်းပြုပြင်ပြောင်းလဲမှုကို မှန်ကန်စွာ အကောင်အထည်ဖော်သည့်နည်းမဟုတ်ပေ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် အခြေခံအားဖြင့် ဈေးနှုန်းထိန်းချုပ်မှုကို ဈေးကွက်ယန္တရားအတိုင်း လည်ပတ်စေခြင်းမဟုတ်သောကြောင့်ဖြစ်သည် ။ ၎င်းသည် စီမံချတ်ချမှတ်သည့်နည်းလမ်းကို ဈေးနှုန်းထိန်းညှိရန်အတွက် အသုံးပြုထားခြင်းဖြစ်သည် ။ ၎င်းသည် နည်းလမ်းဟောင်းကြီးအတိုင်း ဈေးနှုန်းကို စီမံချက်ချသတ်မှတ်သည့် နည်းလမ်းဖြစ်နေဆဲပင်ဖြစ်သည် ။ အကယ်၍ ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းမရှိခဲ့ပဲ ဤဈေးနှုန်းပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါက ၎င်းသည် ပြဿနာများကို မဖြေရှင်းနိုင်ပဲ ဈေးနှုန်းပြုပြင်ရေးကို နောက်ပြန်ဆုတ် ဆုတ်ယုတ်သွားစေမည်ဖြစ်ကြောင်း ယခုအခါ ထင်ရှားလာပြီဖြစ်သည် ။
၁၉၈၈ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်း၏ တိုက်ရိုက်အကျဆုံး အကြောင်းရင်းမှာ ဈေးနှုန်းပြုပြင်ရေး အစီအစဉ်များကို ရေးဆွဲချမှတ်ခြင်း မပြုသေးမှီကပင်လျှင် သတင်းမီဒီယာ ကန်ပိန်းကို စတင်ခဲ့ခြင်းဖြစ်သည် ။ ချက်ချင်းဆိုသလိုပင် ကောလာဟလများ ပျံ.နှံ.လာသည် ။ “လုပ်အားခတွေ ၂ ဆ တက်ပြီး ဈေးနှုန်းတွေ ၅၀ ရာခိုင်နှုန်းတက်တော့မယ်” စသည့် ကောလာဟလများ ပျံ.နှံ.နေသည် ။ ကောလာဟလများက လူထုကို တုန်လှုပ်စေပြီး ဈေးနှုန်းများ တက်လာတော့မည်ဟု မျှော်လင့်တွက်ဆမှုများကို ကြီးမားစွာ အကျိုးသက်ရောက်စေသည် ။ “စိတ်ပိုင်းဆိုင်ရာ ကြိုတင်မျှော်တွေး ပြင်ဆင်မှု”သည် ကျွန်တော်တို. ထိုစဉ်က နားမလည်ခဲ့သည့် အရာဖြစ်သည် ။ သို.သော်လည်း ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးသည့်နိုင်ငံများ၌ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို.လိုအပ်လာပါက ဤအခြင်းအရာကို များစွာအာရုံစိုက် ဖြေရှင်းလေ့ရှိပေသည် ။ သူတို.သည် “စိတ်ပိုင်းဆိုင်ရာ ကြိုတင်မျှော်တွေးပြင်ဆင်မှု”အရ အလွန်အကျွံ တုံ.ပြန်မှုများ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ဖို. နည်းလမ်းများ ကြိုးစားရှာဖွေလေ့ရှိသည် ။ ဤသည်နှင့်ဆန်.ကျင်စွာပင် ကျွန်တော်တို.ကမူ ဤအချက်ကို အားပေး၍ လှုံ.ဆော်မှုပင် ပြုခဲ့ကြသည် ။
အဆုံး၌ ကုန်ဈေးနှုန်းများ တက်လာတော့မည်ဟု ပြည်သူတို. ယုံကြည်သွားရုံကလွဲ၍ ဘာမှဖြစ်မလာခဲ့ပေ ။ ကျွန်တော်တို.ကလည်း ပြည်သူလူထုအား သူတို.၏ ဘဏ်စုငွေများသည် ငွေဖောင်းပွမှုနှုန်းထက် ကျော်လွန်၍ တိုးပွါးလာလိမ့်မည် သို.မဟုတ် ငွေတန်ဖိုးလျော့ကျမသွားကြောင်း အာမခံသည့်အပ်ငွေစနစ်ဖြစ်ကြောင်း တာဝန်ခံသည့်အနေဖြင့် ဘဏ်စုငွေအတိုးနှုန်းအား တိုးပေးခြင်းစသည့် လုပ်ရပ်များဖြင့် သူတို.၏ စုဆောင်းငွေများကို စိတ်ချလက်ချ အာမခံနိုင်သည့် လုပ်ရပ်မျိုး မပြုလုပ်နိုင်ခဲ့ပေ ။ ပြည်သူအများက ကြီးမားသည့် ကုန်ဈေးနှုန်းမြင့်တက်မှုကြီး ပေါ်ပေါက်လာတော့မည်ဟု မျှော်လင့်တွက်ဆနေကြစဉ်တွင် သူတို.၏ စုဆောင်းငွေအတိုးနှုန်းများနှင့်ပက်သက်၍ စိတ်ချလက်ချ အာမခံမှုမျိုး မပေးနိုင်ခဲ့ပေ ။ ထို.ကြောင့် မြင့်တက်လာသည့် ကုန်ဈေးနှုန်းများက အနှစ်နှစ်အလလက စုဆောင်းလာခဲ့သည့် ဘဏ်အပ်ငွေများ၏ တန်ဖိုးကို လျော့ကျသွားစေတော့မည်ဟု လူတိုင်းက စိုးရိမ်နေကြသည် ။ ၁၁ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှစ၍ ခြိုးခြံချွေတာစွာ နေထိုင်သည့် ပြည်သူအများသည် ယွမ်ငွေ ဘီလီယံ ၁၀၀ ကျော်မျှ ဘဏ်များတွင် အပ်နှံခဲ့ကြသည် ။ ငွေကြေးဖောင်းပွမှုက သူတို. ကြိုးစားပမ်းစား ရှာဖွေထားသည့် စုဆောင်းငွေများအား တန်ဖိုးလျော့ကျသွားစေတော့မည်ဟု မျှောင်လင့်တွက်ဆမိသွားသည့်အခါ၌ လူအများသည် သူတို.၏ ဘဏ်အပ်ငွေများကို အလုအယက် ပြန်လည်ထုတ်ယူကြပြီး လူသုံးကုန်ပစ္စည်းများကို အလုအယက် ဝယ်ယူကြတော့သည် ။ ဤဖြစ်ရပ်၏ အကျိုးဆက်အဖြစ် ၁၉၈၈ ခုနှစ် နွေရာသီတွင် ဘဏ်အပ်ငွေများ အလုအယက် ပြန်လည်ထုတ်ယူမှုကြောင့် ဘဏ်များရှိ အရံငွေမလုံမလောက်ဖြစ်ခြင်းနှင့် ထိတ်လန်.စိုးရိမ်စွာဖြင့် အလုအယက် ဝယ်ယူမှုများ ဖြစ်ပေါ်ခြင်း စသည်တို. ပေါ်ပေါက်လာခဲ့သည် ။
တချို.သောကုန်စည်များအတွက် ထိတ်လန်.စိုးရိမ်စွာ ဝယ်ယူမှုများမှာ အတိတ်ကာလတုန်းကလည်း အကြိမ်များစွာ ဖြစ်ပေါ်ခဲ့ဖူးသဖြင့် ကျွန်တော်တို.အတွက် စိမ်းမနေလှပါ ။ သို.သော် ဤတစ်ကြိမ်ကမူ ယခင်အခါများနှင့် မတူပေ ။ အတိတ်တုန်းက ထိတ်လန်.တကြား ဝယ်ယူမှုများမှာ ကုန်စည်ပြတ်တောက် ရှားပါးသောကြောင့်ဖြစ်ပြီး လူအများသည် ဆပ်ပြာ ၊ အိမ်သုံးဆား ၊ ဂျုံမှုန်. စသည့်ကုန်စည်များကို အနာဂတ်တွင် ဝယ်ယူ၍ မရရှိနိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည် ။ သို.သော် ဤတစ်ကြိမ် ဝယ်ယူမှုများ၏ အကြောင်းရင်းမှာ တစ်ကိုယ်ရေ သုံးစွဲရေးအတွက်မဟုတ်ပဲ စုဆောင်းထားသည့် ငွေကြေး၏တန်ဖိုးကို ထိန်းသိမ်းထားရန်ဖြစ်သည် ။ ထို.ကြောင့် ဤဖြစ်စဉ်မှာ ပို၍ပျံ.နှံ.ပြီး ယခင်အခါများကထက်ပို၍ စိုးရိမ်ဖွယ်ကောင်းသည် ။
ဈေးဆိုင်များနှင့် စီးပွါးရေးလုပ်ငန်းများက ၎င်းတို.၏ ဈေးနှုန်းတို.ကို မြှင့်တင်ကြပြီး ဘဏ်စုငွေပမာဏမှာ မျှော်မှန်းထားသည်ထက်ပို၍ ယွမ်ငွေ ဘီလီယံ ၄၀ မျှထိ လျော့ကျသွားသည် ။ ဘဏ်များသည် ငွေထုတ်ယူမှုကို ထေမိစေရန်အတွက် ငွေစက္ကူများကို ရိုက်နှိပ်ရသည် ။ ဤသို.ဖြင့် လည်ပတ်နေသည့် ငွေကြေးပမာဏကို များစွာတိုးသွားစေခဲ့သည် ။
ထိတ်လန်.စိုးရိမ်မှုကြီးစွာ ဝယ်ယူမှုများ စတင်ဖြစ်ပေါ်သည်နှင့် ကျွန်တော်တို.အနေဖြင့် ဘဏ်စုငွေ အတိုးနှုန်းကို မြှင့်တင်ခြင်း သို.မဟုတ် ငွေတန်ဖိုး လျော့ကျမသွားစေရန် အာမခံကြောင်း ကြေငြာခြင်း စသည့်ဆောင်ရွက်မှုများကို ပြတ်ပြတ်သားသား ချက်ချင်းလုပ်ဆောင်သင့်သည် ။ ဤသို.သာ ဆောင်ရွက်ခဲ့ပါက အခြေအနေမှာ ပို၍ကောင်းဖွယ်ရှိပြီး ဆုံးရှုံးမှုများမှာလည်း လျော့နည်းခဲ့ဖွယ်ရာရှိသည် ။
ထိုစဉ်က စီးပွါးရေးနှင့်ဘဏ္ဍာရေး ဗဟိုဦးဆောင်အဖွဲ.က ဤအစီအစဉ်များကို နိုင်ငံတော်ကောင်စီသို. တင်ပြခဲ့သည် ။ သို.သော်လည်း လီပန်းနှင့် ယော်ယိလင်တို.က ဘဏ်အပ်ငွေ အတိုးနှုန်းများကို မြှင့်တင်ခြင်းသည် ဘဏ်များမှ စီးပွါးရေးလုပ်ငန်းများသို. ချေးပေးသည့် ဘဏ်ချေးငွေ အတိုးနှုန်းများကို ၎င်းတို.ပေးနိုင်သည့်နှုန်းထက် ကျော်လွန်သွားစေပြီး ကုန်ထုတ်လုပ်မှုကို အကျိုးသက်ရောက်စေလိမ့်မည်ဟု စိုးရိမ်ပူပန်ခဲ့ကြသည် ။ သူတို.က အရေးယူဆောင်ရွက်မှုများကို ချက်ချင်းမလုပ်ခဲ့ကြပေ ။ အကျိုးဆက်အားဖြင့် လျှော့ချ၍ရနိုင်ဖွယ်ရာရှိသည့် ဆုံးရှုံးမှုများသည် ဆက်လက်၍သာ တိုးလာခဲ့သည် ။
သို.သော်လည်း နောက်ဆုံး၌ သူတို.အတွက် ရွေးချယ်စရာမရှိပဲ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာခဲ့ရသည် ။ ဘဏ်အပ်ငွေများ၏ တန်ဖိုးလျော့ကျမသွားစေသည့် အာမခံ ဘဏ်အပ်ငွေစနစ်ဖြစ်ကြောင်း ကြေငြာပြီးနောက်တွင် ဘဏ်အပ်ငွေပမာဏ ပြန်လည်တည်ငြိမ်လာပြီး ပုံမှန်အနေအထားသို. ဖြည်းဖြည်းချင်း ပြန်ရောက်လာသည် ။ ဤအချက်က ဘဏ်အပ်ငွေများ အလုအယက် ပြန်လည်ထုတ်ယူပြီး စိုးရိမ်ထိတ်လန်.ခြင်းကြီးစွာ ဝယ်ယူမှုများ ဖြစ်ပေါ်လာချိန်တွင် စုဆောင်းငွေများ၏တန်ဖိုးကို အာမခံချက်ပေးနိုင်ပါက ဆုံးရှုံးမှုများကို လျှော့ချနိုင်ကြောင်း သက်သေပြနေသည် ။
၁၉၈၈ခုနှစ် ငွေကြေးဖောင်းပွမှုတွင် ဈေးနှုန်းများ ၁၈.၅ ရာခိုင်နှုန်းခန်. တက်လာသည်ကို တွေ.ခဲ့ကြရသည် ။ ပြဿနာမှာ ဘဏ်ချေးငွေများနှင့်ပက်သက်၍ ထိန်းချုပ်နိုင်မှု မရှိခြင်းမဟုတ်သလို အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို.တွင် လျာထားငွေထက် ကျော်လွန်သုံးစွဲခြင်းမျိုးလည်းမဟုတ်ပေ ။ ဤအချက် ၂ ချက်မှာ “ငြင်သာစွာ ဆင်းသက်နည်း”၏ မူဝါဒများတွင် သတ်မှတ်ထားသည့် ဘောင်အတွင်းရှိနေသည် ။
အဓိကပြဿနာမှာ ဈေးနှုန်းပြုပြင်ရေး၏ အမှားအယွင်းများကြောင့် ဖြစ်ပေါ်လာသည့် စုဆောင်းအပ်နှံငွေ လျော့ကျလာမှုဖြစ်သည် ။ ပြန်စဉ်းစားကြည့်သောအခါ၌ အကယ်၍ ကျွန်တော်တို.သည် ပြန်လည်ထိန်းညှိရေးနှင့် ထိန်းချုပ်မှုများ လျှော့ချရေး မူဝါဒများကို ရောစပ်ကျင့်သုံးခဲ့လျှင်သော်လည်းကောင်း သို.မဟုတ် ဘဏ်စုငွေအတိုးနှုန်းများကို ကုန်ဈေးနှုန်းမြင့်တက်သည့်နှုန်းကို ကျော်လွန်သည်အထိ တိုးပေးခြင်းဖြင့် အပ်နှံငွေများ၏ တန်ဖိုးကို အာမခံပေးခြင်းကို တစ်ဖက်၌ပြုလုပ်ပြီး တစ်ပြိုင်တည်းတွင် ဈေးနှုန်းထိန်းချုပ်မှုကို ပို၍မြန်ဆန်စွာ လျှော့ချပေးခဲ့ပါက ၁၉၈၈ခုနှစ် ငွေကြေးဖောင်းပွမှုကို ရှောင်ရှားနိုင်ခဲ့ဖွယ်ရာရှိသည် ။
ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်း ၊ ဘဏ်အပ်ငွေများကို အလုအယက် ပြန်လည်ထုတ်ယူ၍ ကုန်ပစ္စည်းများကို လူအများက စိုးရိမ်ထိတ်လန်.တကြီး ဝယ်ယူခြင်း စသည်တို.ကို ကြုံတွေ.ခဲ့ရသဖြင့် အခြေအနေများကို အမြန်ဆုံး တည်ငြိမ်သွားစေရန်အတွက် ဈေးနှုန်းပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့ပြီး စီးပွါးရေးမူဝါဒများကို “ထိန်းညှိရေးနှင့် ပြန်လည်စုစည်းရေး”သို. ဦးတည်ခဲ့ရသည် ။ ဤအဆိုပြုချက်များကို ကျွန်တော်ကတင်သွင်းခဲ့ခြင်းဖြစ်ပြီး ပေါ်လစ်ဗျူရို အစည်းအဝေးနှင့် ဗဟိုကော်မတီ စုံညီအစည်းအဝေးတို.မှ အတည်ပြုခဲ့ခြင်းဖြစ်သည် ။ ပြန်တွေးကြည့်သောအခါ ဈေးနှုန်းပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ပယ်ဖျက်ခဲ့ခြင်းမှာ မှန်ကန်သော်လည်း နဂိုမူဝါဒဖြစ်သည့် “စီးပွါးရေးကို တည်ငြိမ်အောင်ထိန်းသိမ်းပြီး ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာ ဖော်ဆောင်သွားရန်”ဆိုသည့်မူဝါဒမှ “ထိန်းညှိရေးနှင့် ပြန်လည်စုစည်းရေး”မူဝါဒသို. ပြင်ဆင်ပြောင်းလဲလိုက်သည်မှာ မသင့်တော်ကြောင်း ကျွန်တော်ယုံကြည်သည် ။
အဆိုပြုခဲ့သည့် “ထိန်းညှိရေးနှင့် ပြန်လည်စုစည်းရေး” အစီအစဉ်သည် စီးပွါးရေးကို လျှင်မြန်စွာ တည်ငြိမ်သွားစေခဲ့သည့်တိုင်အောင် ၎င်းသည် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအပေါ်တွင်မူ တခြားဆုတ်ယုတ်မှုများ ပေါ်ပေါက်စေခဲ့သည် ။
ပထမဦးဆုံးအချက်မှာ ဈေးနှုန်းများ မြင့်တက်လာမှုကို နှေးသွားစေရန်အတွက် အုပ်ချုပ်ရေးနည်းလမ်းအားလုံးလိုလိုကို ပြန်လည်အသုံးပြု၍ ဈေးနှုန်းများကို ထိန်းချုပ်ခဲ့ရသည် ။ အဆင့်အသီးသီးမှ အစိုးရအရာရှိအားလုံးသည် အကောင်အထည်ဖော်ရေးအတွက် တာဝန်ရှိသည် ။ ပြန်လည်သက်ဝင်လှုပ်ရှားလာစေရန် နှစ်ကာလများစွာ အားထုတ်ခဲ့မှုများသည် ဈေးနှုန်းထိန်းချုပ်သည့် နည်းလမ်းဟောင်းများကို ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်ဟု ဤအချက်က ညွှန်းဆိုနေခြင်းဖြစ်သည် ။
“ထိန်းညှိရေးနှင့် ပြန်လည်စုစည်းရေး” အစီအစဉ်အရ လီပန်းနှင့် တခြားနိုင်ငံတော်ကောင်စီဝင်များသည် ယခင်က အောက်ခြေအဆင့်သို. ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ပြန်လည်ချုပ်ကိုင်ကြပြီး ယခင်က လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုခဲ့သည့် အရာတို.ကိုလည်း ပြန်လည်ထိန်းချုပ်လာကြသည် ။ အရာအားလုံးမှာ ပြုပြင်ပြောင်းလဲရေးက ချမှတ်ခဲ့သည့် ဦးတည်ရာနှင့် ဆန်.ကျင်နေကြသည် ။ စီးပွါးရေးစနစ်၌ ပြုပြင်ပြောင်းလဲရေးက ချမှတ်ခဲ့သည့် အခြေအနေများမှာ ပြန်လည်ဆုတ်ယုတ်သွားသည် ။ဤအချက်များကြောင့်ပင် နောက်ထပ် ၁ နှစ်မပြည့်ခင်အချိန်အတွင်း၌ စီးပွါးရေး ဆုတ်ယုတ်ကျဆင်းမှု ၊ ဈေးကွက်အတွင်း အရောင်းအဝယ်ကျဆင်းမှုနှင့် တခြားစိုးရိမ်ဖွယ်ကောင်းသည့် စီးပွါးရေးပြဿနာများ ဆက်လက်ပေါ်ပေါက်လာခဲ့သည်မှာ (၁၉၉၂ခုနှစ်အတွင်း) တောင်ပိုင်းဒေသ ခရီးစဉ်အတွင်း ရဲဘော်တိန်.ရှောင်ပင်း မိန်.ခွန်းပြောကြားခဲ့ချိန်အထိပင်ဖြစ်သည် ။
အကျဉ်းချုပ်ရပါက အမှားအယွင်းများ တစ်ခုပြီးတစ်ခု ကျွန်တော်တို. လုပ်ခဲ့မိကြသည် ။ ဤဖြစ်ရပ်မှ လေးနက်သည့် သင်ခန်းစာများ ကျွန်တော်ရရှိခဲ့သည် ။
၁၉၈၈ခုနှစ် နွေဦးရာသီတွင် ကျွန်တော်သည် ရဲဘော်အန်ဇီဝမ်(နိုင်ငံတော် စီးပွါးရေးပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှုးချုပ်)နှင့် တခြားရဲဘော်များကို ဟောင်ကောင်သို.စေလွှတ်၍ တရုတ်ပြည်၏ ပြဿနာများကို ဆွေးနွေးဖို. စီးပွါးရေးပညာရှင်တချို.ကို ဖိတ်ကြားစေခဲ့သည် ။ စီးပွါးရေးပညာရှင် ၆ ဦးပါဝင်ပြီး အားလုံးမှာ တိုင်ဝမ်အကယ်ဒမီးယား စီနီကာမှဖြစ်ကြသည် ။ သူတို.ထဲတွင် ချန်ဝှါစီးပွါးရေး သုတေသနအဖွဲ.၏ အကြီးအကဲ ရှန်ရှိုချီလည်းပါဝင်သည် ။ သူသည် တိုင်ဝမ်တွင် ဩဇာတိက္ကမ အထူးကြီးမားသည့် ပုဂ္ဂိုလ်ဖြစ်သည် ။
ဆွေးနွေးပွဲ၌ ၁၉၈၈ခုနှစ် ငွေကြေးဖောင်းပွမှုနှင့်ပက်သက်၍ သူတို.၏ အယူအဆများကို ဖော်ပြကြသည် ။ ပထမအချက်အနေနှင့် သူတို.က ပြုပြင်ပြောင်းလဲရေး ၁၀နှစ်တာကာလအတွင်း၌ ပြည်မကြီးသည် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း သဘောတူကြပြီး ဈေးနှုန်းအညွှန်းကိန်းအရ ကုန်ဈေးနှုန်း ၁၈.၅ ရာခိုင်နှုန်းတက်လာမှုအပါအဝင် ပြဿနာများ ရှိနေသည့်တိုင်အောင် ၎င်းတို.သည် စီးပွါးရေးရှုထောင့်အရ စိုးရိမ်စရာမရှိကြောင်း သူတို.က ဆိုကြသည် ။ သင့်တော်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပါက ထိုပြဿနာများသည် ဖြေရှင်း၍ ရနိုင်ဖွယ်ရှိသည်ဟု ပြောကြသည် ။
ဒုတိယအချက်အနေနှင့် ဈေးနှုန်းပြု့ပင်ပြောင်းလဲရေးနှင့်ပက်သက်၍ ဆွေးနွေးကြရာ၌ မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ စီးပွါးရေးဖွံ.ဖြိုးမှုသည် ဈေးကွက်၏ စည်းမျဉ်းစည်းကမ်းတို.အတိုင်း လိုက်နာရမည်ဟု သူတို.က ယုံကြည်ကြသည် ။ လွန်ခဲ့သည့်နှစ်အတွင်း ငွေကြေးဖောင်းပွမှုမှာ ဆိုးရွားလှသဖြင့် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးကို အရှိန်သတ်ပြီး တချို.ဈေးနှုန်းများကို အုပ်ချုပ်ရေးနည်းလမ်းများဖြင့် ထိန်းချုပ်ဖို. ပြောကြားမှုများရှိခဲ့သည် ။ သို.သော်လည်း ဤလုပ်ဆောင်ချက်ကို ခေတ္တခဏ ယာယီမျှသာ ပြုလုပ်ဆောင်ရွက်သည်ကို နားလည်နိုင်သော်လည်း ကာလရှည်ကြာစွာ ကျင့်သုံးရန်မသင့်တော်ကြောင်း ပြောကြသည် ။ အကယ်၍ မူမှန်မဟုတ်သည့် ဈေးနှုန်းစနစ်ကို ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါက စီးပွါးရေးသည် ဆက်လက်လည်ပတ်နိုင်မည်မဟုတ်ပေ ။ ထွက်ပေါက်မှာ ရောင်းလိုအားနှင့် ဝယ်လိုအား မျှတနေရန်ဖြစ်ပြီး ငွေကြေးကို ထိန်းချုပ်ရမည်ဟုဆိုသည် ။ ဤအခြေအနေများအောက်တွင် လူသုံးကုန်ပစ္စည်း အများစု၏ ဈေးနှုန်းကို လျှော့ချပေးနိုင်ပြီး တစ်ဖက်တွင် ပြည်သူ.ဝန်ဆောင်မှု ကဲ့သို.သော ဈေးနှုန်းအနည်းငယ်ကို အမြတ်အချိုးအစားအရ အစိုးရက သတ်မှတ်ပေးနိုင်သည်ဟု ပြောကြသည် ။ ဈေးနှုန်းကို ဈေးကွက်က ဆုံးဖြတ်ရမည်ဟု သူတို.က အလေးအနက် ဆွေးနွေးကြသည် ။ ထိုသို.မဟုတ်ပါက မူမှန်သည့် ဈေးနှုန်းများ ဘယ်တော့မျှ ဖြစ်မည်မဟုတ်ဟု ဆွေးနွေးကြသည် ။
နောက်ထပ်တခြားဆွေးနွေးကြသည့် အကြောင်းအရာမှာ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းသည့် မူဝါဒပိုင်းဆိုင်ရာအကြောင်းဖြစ်သည် ။ ပြည်မကြီး၏ ငွေကြေးဖောင်းပွမှု အဓိကအခြေခံမှာ ဘတ်ဂျတ်နှင့် ဘဏ္ဍာရေးလိုငွေပြမှုကြောင့်ဖြစ်ပြီး ဤပြဿနာဖြေရှင်းရေးအတွက် အဓိကလိုအပ်ချက်မှာ မြင့်တက်လာသည့် ဈေးနှုန်းအညွှန်းကိန်းကို ကျော်လွန်သည်အထိ ဘဏ်တိုးနှုန်းများကို မြှင့်ပေးပြီး ငွေကြေးကို ဈေးကွက်၏ ရောင်းလိုအားနှင့် ဝယ်လိုအားတို.အတိုင်း လွတ်လပ်စွာ မျှောထားဖို.လိုအပ်သည်ဟု သူတို.က ယုံကြည်ကြသည် ။ ဤနည်းသည် တိုးပွါးလာသည့် စုဆောင်းမှုများမှ အကျိုးအမြတ်များ ရရှိစေပြီးလျှင် ချေးငွေပမာဏကိုလည်း ထိန်းချုပ်ပြီးသားဖြစ်သွားမည်ဟု သူတို.ကဆွေးနွေးခဲ့ကြသည် ။
ရှန်ရှိုချီနှင့် တခြားသူများ၏ ထောက်ခံချက်များကို ကျွန်တော်ဖတ်ပြီးနောက် အကျဉ်းချုပ်ကို ရဲဘော်ရှောင်ပင်းထံသို. ရည်ညွှန်းပေးပို.ခဲ့ပြီး ဤအကြောင်းအရာကို ဆွေးနွေးရန်အတွက် သင့်လျော်သည့် အဖွဲ.အစည်းများကို စုစည်းရန် နိုင်ငံတော် စီးပွါးရေး ပြုပြင်ပြောင်းလဲရေးကော်မရှင်ကို ကျွန်တော်က ညွှန်ကြားခဲ့သည် ။
စီးပွါးရေးနှင့် ဈေးနှုန်းပြုပြင်ပြောင်းလဲရေးတို.နှင့်ပက်သက်၍ ကျွန်တော်တို.၏ ချဉ်းကပ်ပုံ တစ်ခုလုံးကို ပြန်လည်သုံးသပ်ရန် ကျွန်တော်ရည်ရွယ်ခဲ့သည် ။ သို.သော်လည်း ကျောင်းသားဆန္ဒပြမှုများကြောင့် ဤအကြောင်းအရာကို ဘေးချိတ်ထားလိုက်ရသည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 8 The Economy Gets Too Hot ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)