Sunday, January 31, 2010

ကျောက်ကျိယန် ဆန်.ကျင်ရေးလှုပ်ရှားမှု (နိုင်ငံတော်အကျဉ်းသား)

အပိုင်း ၁

အခန်း ၆

ကျောက်ကျိယန် ဆန်.ကျင်ရေး လှုပ်ရှားမှု
 
တိန်အန်မင် ရင်ပြင်မှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် စစ်ရေးအောင်ပွဲသည်
နိုင်ငံရေးအောင်ပွဲကို ဆောင်ကြဉ်းမပေးနိုင်ခဲ့ပါ။ ကမ္ဘာတစ်လွှားမှ ပြင်းပြင်းထန်ထန်
ရှုတ်ချခြင်းခံရသော ပါတီခေါင်းဆောင်များသည် ကျောက်ကိုအပြစ်ပေးရန် လျှင်မြန်စွာ
လှုပ်ရှားခဲ့ကြပြီး ဇွန်လမကုန်မှီအတွင်း အကျယ်ချဲ.ထားသော ပေါ်လစ်ဗျူရို အစည်းအဝေးကို
ကျင်းပ၍ ကျောက်ကို စွဲချက်တင်ခဲ့ကြသည်။ ပါတီခေါင်းဆောင်များသည် လွန်ခဲ့သည့် ၂ နှစ်
ဟူယောင်ဘန်းကို ဖြုတ်ချစဉ်က သူတို.၏ ကိုင်တွယ်ခဲ့ပုံကို အပြင်းအထန်
ဝေဖန်ခံခဲ့ရသည့်အတွက် ဤအကြိမ်၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သည့်ပုံမျိုး
လုပ်ဆောင်ခဲ့ကြသည်။ သို.သော် ကျောက်က သူတို.၏ လုပ်ရပ်များသည် ပါတီ၏
စည်းမျဉ်းစည်းကမ်းများနှင့် အကြီးအကျယ်ကွဲလွဲ ဆန်.ကျင်နေကြောင်းနှင့် သူသည်
မည်သို.မည်ပုံ ယဉ်ကျေးမှုတော်လှန်ရေးခေတ် လုပ်နည်းလုပ်ဟန်များ၏
သားကောင်ဖြစ်ရပုံတို.ကို ထောက်ပြခဲ့သည်။ ကျောက်သည် လုပ်ဖော်ကိုင်ဖက်များက
သူ.ကိုဆန်.ကျင်ကြသည့်တိုင် သူ၏ယုံကြည်ချက်ကို စွဲကိုင်ထားခြင်းကြောင့်
သူ.အပေါ်သက်ရောက်လာနိုင်သည့် သူကိုယ်တိုင် မှန်းဆထားပြီးဖြစ်သည့် အန္တရာယ်၏
အတိုင်းအဆကိုလည်း သေသေချာချာ သုံးသပ်ထားပြီးဖြစ်သည်။
 
 

ပေါ်လစ်ဗျူရိုသည် အကျယ်ချဲ.ထားသည့် အစည်းအဝေးကို ဇွန်လ ၁၉ ရက်နေ.မှ ၂၁ ရက်နေ.ထိ ကျင်းပခဲ့သည်။ အစည်းအဝေး၏ တေးသွားကို လီပန်းက တည်ဆဲကော်မတီအဖွဲ.ဝင် ၄ ဦးကို ကိုယ်စားပြု၍ ကျွန်တော့်အား "ပါတီကို သပ်လျှိုဖြိုခွဲခြင်း"နှင့် "ဆူပူအုံကြွမှုကို အားပေးခြင်း" စသည့် ပြစ်မှုများဖြင့် စွဲချက်တင်ထားသည့် အစီရင်ခံစာတစ်စောင် တင်သွင်းခြင်းဖြင့် စတင်ခဲ့သည်။ သူက ကျွန်တော့်အား အထွေထွေအတွင်းရေးမှုးရာထူး၊ ပေါ်လစ်ဗျူရိုအဖွဲ.ဝင်နှင့် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီအဖွဲ.ဝင် စသည့်နေရာများမှ ဖယ်ရှားဖို. အဆိုပြုခဲ့သည်။ ကျွန်တော့်ကို နောက်ထပ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဦးမည်ဟုလည်း သူကပြောခဲ့သေးသည်။

 

ထို.နောက် တက်ရောက်လာသူများက တစ်လှည့်စီအလှည့်ကျ စကားပြောကြ၍ ထိုဝေဖန်စွပ်စွဲချက်များကို တစ်ယောက်စီ အသေးစိတ်တင်ပြကြသည်။ ပုဂ္ဂိုလ်ရေးအရ အဆိုးဆုံးနှင့် အပုပ်အချဆုံးတိုက်ခိုက်သူမှာ လီရှန်နင်း ဖြစ်သည်။ ဝေဖန်ဆန်းစစ်ချက် အစည်းအဝေးအစ၌ တိန်.ရှောင်ပင်း မတက်ရောက်ပေ။ ချန်ယန်းလည်း မတက်ရောက်ပေ၊ သို.သော် ဝါကျနှစ်ကြောင်းပါသည့် ကြေညာချက်တစ်စောင် ပေးပို.ထားသည်။ ထိုစာ၌ ကျွန်တော်သည် ပါတီ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးဖို. ပျက်ကွက်ခဲ့ကြောင်းနှင့် ကျွန်တော့်အား အရေးယူဖို. ပါတီ၏ဆုံးဖြတ်ချက်ကို သူထောက်ခံကြောင်း ဖော်ပြထားသည်။ ဝမ်ဇန်းက ဟူယောင်ဘန်းကို အပြစ်ပေးရာတွင် တိန်.သည် ပျော့ညံ့လွန်းပြီး သူ.ကို ပေါ်လစ်ဗျူရို အဖွဲ.ဝင်အဖြစ် ဆက်လက်ထားရှိ၍ နိုင်ငံတော်အခမ်းအနားဖြင့် ဈာပနပွဲပြုလုပ်ပေးခဲ့ကြောင်း၊ ဤနည်းအားဖြင့် ဘူဇွာလစ်ဘရယ်ဝါဒကို အားပေးရာရောက်ကြောင်း ဝေဖန်ခဲ့သည်။

 

     ဝေဖန်ဆန်းစစ်ချက် အစည်အဝေး၏ နောက်ဆုံးနေ. ဒုတိယပိုင်း နေ.ဝက်၌ ယော်ယီလင်က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်သည်။ ကြည့်ရသည်မှာ သူတို.က ကျွန်တော့်ကို စကားပြောခွင့်ပေးဖို. ရည်ရွယ်ချက်ရှိပုံ မရပေ။

 

     ဝမ်ရန်ဇန်းနှင့် တင်ကွမ်ကျင်တို. ပထမအကြိမ် ကျွန်တော့်အိမ်သို. လာစဉ်က မိမိကိုယ်ကို ဝေဖန်ချက် စစ်တမ်းတစ်စောင်ရေးရန် သူတို.က တောင်းပန်ခဲ့ကြသည်။ ဒုတိယအကြိမ် လာရောက်သောအခါ စစ်တမ်းကို ကျွန်တော်ရေးမည်မဟုတ်ကြောင်း သူတို.သဘောပေါက်သွားသည်၊ ထို.ကြောင့် သူတို.က ကျွန်တော့်ကို နုတ်ပိတ်နေရန် ဖြားယောင်းကြိုးပမ်းနေကြခြင်းဖြစ်သည်။ အစည်းအဝေးပြီးခါနီး၌ ကျွန်တော်က စကားပြောခွင့်ပေးဖို. တောင်းဆိုခဲ့သည်။

 

သူ(ယော်ယီလင်)က နာရီကို ကြည့်လိုက်ပြီး "ကျွန်တော်တို. အချိန်သိပ်မရှိတော့ဘူး၊ ခင်ဗျားပြောမယ်ဆိုရင် ဆယ်မိနစ်အတွင်း ပြီးအောင်ပြောပါ"ဟု သူကဆိုသည်။

 

     ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်သွားပြီး "ကျွန်တော့်အမှုအတွက်လုပ်တဲ့ နှစ်ရက်လုံးလုံးကြာတဲ့ ဒီဝေဖန်ချက်စစ်တမ်း အစည်းအဝေးအတွင်းမှာ ကျွန်တော့်ဖက်က တုံ.ပြန်ဖို. ဘာဖြစ်လို. ဒီလောက်အချိန်နည်းနည်းလေးပဲပေးရတာလဲ"ဟု ပြန်ပြောလိုက်သည်။

 

     ကျွန်တော်က သူ.ထံမှ ခွင့်ပြုချက်ကို စောင့်မနေတော့ပဲ ကျွန်တော်ပြင်ဆင်လာသည့် မိန်.ခွန်းကို ကျယ်လောင်စွာ ဖတ်ပြပါတော့သည်။ မိန်.ခွန်းပြီးသွား၍ ကျွန်တော့်နာရီကို ကြည့်လိုက်သောအခါ အချိန်မိနစ် နှစ်ဆယ်မျှ ကြာသွားသည်။ ကျွန်တော့်မိန်.ခွန်း၌ အဖြစ်မှန်များနှင့် ဆွေးနွေးပွဲ၏ ပကတိ အကြောင်းအရာများကို ကျွန်တော်က ချပြခဲ့ပြီး အစည်းအဝေးအတွင်း ကျွန်တော့်အပေါ် စွပ်စွဲမှုများကို ပြန်လည်ချေပခဲ့သည်။ အစည်းအဝေး တက်ရောက်သူအားလုံး အံ့ဩသွားကြသည်။ ကျွန်တော်ပြောနေစဉ်အတွင်း၌ သူတို.ထဲမှ အချို.မှာ ကသိကအောက် ဂနာမငြိမ်ဖြစ်ကာ ပြင်းထန်သည့် စိတ်လှုပ်ရှားမှုများ သူတို.၏ မျက်နှာတွင် အထင်းသားပေါ်လွင်နေသည်။

 

     ကျွန်တော်ပြောပြီးလျှင်ပြီးချင်းပင် ယော်ယီလင်က အစည်းအဝေးကို ရုတ်တရက်ကြီး ရပ်နားလိုက်သည်။ ကျွန်တော်က ချက်ချင်းပင် အစည်းအဝေးမှ ပြန်ထွက်လာခဲ့သည်။ မည်သူမျှ မလှုပ်ရှားကြပေ။ သူတို.သည် ကျွန်တော်၏ မိန်.ခွန်း၊ ကျွန်တော့်သဘောထားများနှင့် ပက်သက်၍ စိတ်ကသိကအောက်ဖြစ်ဖွယ်ရာ ဖြစ်ရပ်များကို ကြုံတွေ.နိုင်ဖွယ်ရှိသည်ဟု ကြိုတင်ညွှန်ကြားချက် ရထားပြီးဖြစ်ကြောင်း ထင်ရှားပါသည်။

 

     အစည်းအဝေးကို နောက်နေ.၌ ဆက်လက်ပြုလုပ်ပြီး ကျွန်တော့်အမှုကို မဲခွဲဆုံးဖြတ်ကြသည်။ သူတို.က ကျွန်တော်၏ တရားဝင်ရာထူးအားလုံးမှ ထုတ်ပယ်ကြောင်း ကြေညာချက်တစ်ခု ထုတ်ခဲ့ကြသည်။ လီပန်း၏ မူရင်းအစီရင်ခံစာနှင့် အခြားသူများ၏ မိန်.ခွန်းများ၌ ကျွန်တော့်ကို အထွေထွေအတွင်းရေးမှုးရာထူးမှ ထုတ်ပယ်ဖို.၊ ပေါ်လစ်ဗျူရိုနှင့် တည်ဆဲကော်မတီ အဖွဲ.ဝင်အဖြစ်မှ ရပ်ဆဲဖို.၊ သို.သော် ဗဟိုကော်မတီအဖွဲ.ဝင် အဖြစ်မူ ဆက်လက်ထားရှိဖို. အဆိုပြုတင်ပြထားကြသည်။ သို.သော်လည်း ဤကြေညာချက်တွင်မူ ကျွန်တော်၏ ဗဟိုကော်မတီ အဖွဲ.ဝင်ဖြစ်မှုကိုလည်း ပယ်ဖျက်ထားလေသည်။

 

     ယမန်နေ. ကျွန်တော်မိန်.ခွန်းပြောအပြီး၌ အစည်းအဝေးကို သူတို. ဆက်လက်ပြုလုပ်ပြီး ကျွန်တော်၏ ဆိုးဝါးသည့် သဘောထားကြောင့် ပို၍ပြင်းထန်သည့် အပြစ်ပေးမှုနှင့် ထိုက်တန်သည်ဟု ယူဆကြ၍ ဤသို.ဆုံးဖြတ်ခဲ့ကြသည်မှာ ထင်ရှားပါသည်။ တိန်.ရှောင်ပင်းနှင့် ချန်ယန်းတို.သည် ကျွန်တော်၏ မိန်.ခွန်းအတွင်း မရှိကြသဖြင့် သူတို.နှစ်ဦးကို နောက်ပိုင်း၌ သတင်းပို.ခဲ့ကြပေမည်။

 

     အမှန်တကယ်၌ ဗဟိုကော်မတီဝင်အဖြစ် ဆက်လက်တည်ရှိမှု မတည်ရှိမှုမှာ သိပ်ပြီးထူးခြားလှသည်မဟုတ်သောကြောင့် ကျွန်တော် အမှန်တကယ်ပင် ဂရုစိုက်လှသည်မဟုတ်ပါ။ သို.သော် အုပ်ချုပ်ရေးပြစ်ဒဏ်ချမှတ်မှုကို လက်မခံနိုင်သည့် မည်သည့်ပါတီဝင်မဆို အယူခံတင်ခွင့်ရှိသည်ဟု ပါတီပဋိဥာဉ်တွင် အတိအလင်း ဖော်ပြထားသည်။ "ပါတီတွင်းနိုင်ငံရေးတွင် လိုက်နာရမည့်စည်းကမ်းများ" အမည်ရှိ စာစောင်တွင်လည်း ပါတီ၏ အုပ်ချုပ်ရေးဆိုင်ရာ ပြစ်ဒဏ်ခတ်မှုနှင့်ပက်သက်၍ ပါတီဝင်များအနေဖြင့် ကြေညာချက်ထုတ်နိုင်ခွင့်၊ အသနားခံစာတင်သွင်းခွင့်၊ ကန်.ကွက်ခွင့်နှင့် ခုခံကာကွယ်ခွင့်များ ရှိသည်ဟု ဖော်ပြထားသည်။ တရားလိုမှ တရားခံကို သို.မဟုတ် ကန်.ကွက်သူကို လက်တုံ.ပြန်ခြင်းအား တားမြစ်ထားသည်။ သို.သော်လည်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် စကားပြောမိသည့် ကျွန်တော့်ကိုမူ ထပ်ဆောင်းပြစ်ဒဏ်ပင် ပေးခဲ့ကြသေးသည်။ ဤသည်မှာ ပါတီပဋိဥာဉ်နှင့် ပါတီစည်းကမ်းတို.ကို လုံးဝဖောက်ဖျက်ခြင်းဖြစ်သည်။ လီပန်း၏ မူလအစီရင်ခံစာနှင့် အခြားမိန်.ခွန်းများ၌ ကျွန်တော်၏ ဗဟိုကော်မတီဝင်အဖြစ် ဆက်လက်တည်ရှိမှုကို အားလုံးက ထောက်ခံထားကြသည်၊ သို.သော် နောက်ပိုင်းထိုအချက်ကို ပယ်ဖျက်သည့်အခါ၌ မည်သည့်အကြောင်းပြချက် သို.မဟုတ် မည်သည့်အချက်က ပြောင်းသွားသည့်အကြောင်း ဖော်ပြမထားပါ။ တော်တော်ပုံမှန်မဟုတ်သည့် ကိစ္စဖြစ်သည်။

 

     မဲမခွဲမှီအချိန်လေးအတွင်း၌ ထွက်ဆိုချက်တစ်ခု ကျွန်တော့်နုတ်မှ ထွက်လုဆဲဆဲပင်ဖြစ်သည်။ "မိမိကိုယ်ကိုမိမိ ခုခံကာကွယ်သည့်နေဖြင့် စကားပြောမိသည့်အတွက် ကျွန်တော့်ကို ပြစ်ဒဏ်တိုး၍ ချမှတ်ခဲ့သည်။ သတ္တမအကြိမ် ဗဟိုကော်မတီ၏ တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှစတင်၍ ယခုအကြိမ်သည် ပါတီပဋိဥာဉ်ကို ဗြောင်ချိုးဖောက်၍ အစဉ်အလာဆိုးတစ်ခုကို ပထမဦးဆုံးအဖြစ် ချမှတ်လိုက်ခြင်းဖြစ်သည်။" သို.သော် ပါတီဝါရင့် အားလုံး၏ရှေ.မှောက်၌ ဤထွက်ဆိုချက်ကို ထုတ်ပြန်ခဲ့ပါက တိန်.ရှောင်ပင်း၊ မာရှယ်နိုင်း(ရွန်ဇန်း)နှင့် အခြားသူများကို ပို၍စော်ကားသလို ဖြစ်သွားမည်ဟု ကျွန်တော်ပြန်တွေးမိသည်။ ထို.ကြောင့် ကျွန်တော့်နုတ်ဖျားမှ ထွက်လုဆဲဆဲ၌ ကျွန်တော့်ကိုကျွန်တော် ပြန်၍ထိန်းချုပ်လိုက်သည်။

 

သို.သော် ဆုံးဖြတ်ချက်ကို မဲခွဲကြသည့်အခါ၌မူ ကျွန်တော်က ထောက်ခံမဲပေးဖို. ငြင်းဆန်ရုံမျှသာမက အရေးယူမှုကို ဆန်.ကျင်ကြောင်းပြသဖို. လက်ကိုထောင်၍ တစ်ချိန်တည်းတွင်ပင် "ကျွန်တော်၏ ရာထူးများမှ ဖယ်ရှားခြင်းအတွက် ဘာမှပြောရန်မရှိပါ၊ သို.သော် စွပ်စွဲချက်နှစ်ခုကိုမူ သဘောလည်းမတူ လက်လည်းမခံနိုင်ပါ" ဟု ထုတ်ဖော်ကြေညာလိုက်သည်။ ကျွန်တော်ဤသို.ပြောပြီးသည်နှင့် တိန်.နှင့် သဘာပတိလုပ်နေသည့် လီပန်းအပါအဝင် မည်သူမျှ အသံထွက်မလာခဲ့ပါ။ ကြည့်ရသည်မှာ ဤအချက်ကို သူတို.က မျှော်လင့်ပြီးသားဖြစ်ပုံရသည်။

 

     ကျွန်တော့်အပေါ် အုပ်ချုပ်ရေးဆိုင်ရာ ပြစ်ဒဏ်ချဖို. မဲခွဲဆုံးဖြတ်သည့် ဤပေါ်လစ်ဗျူရိုအစည်းအဝေးသည် ပါတီပဋိဥာဉ်နှင့် စည်းကမ်းတို.ကို ကျွန်တော်ယခုပြောခဲ့သည်ထက်ပင် ပို၍ချိုးဖောက်ပါသေးသည်။ ပထမဆုံး အချက်အနေနှင့် အကျယ်ချဲ.ထားသည့် ပေါ်လစ်ဗျူရိုအစည်းအဝေးထိုင်ဖို. ဆုံးဖြတ်ချက်သည် မည်သည့်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြုလုပ်ပါသနည်း။ ဤအချက်ကို ဆွေးနွေးဖို. မည်သည့်ပေါ်လစ်ဗျူရို အစည်းအဝေးမျှ ကြိုတင်၍ မခေါ်ယူခဲ့ပါ။ တည်ဆဲကော်မတီ အစည်းအဝေးမှ ဟူကျိလီနှင့် ကျွန်တော့်ကို ဖယ်ရှားခြင်းသည်လည်း တရားမဝင်ပါ။ ကျွန်တော့်အိမ်သို. ဝမ်ရန်ဇန်း ရောက်လာခဲ့စဉ်က မည်သည့်ပေါ်လစ်ဗျူရိုအစည်းအဝေးမှ မပြုလုပ်ကြောင်း သူကပြောခဲ့သည်။ ထို.ကြောင့် ဤအကျယ်ချဲ.ထားသည့် ပေါ်လစ်ဗျူရိုအစည်းအဝေး ပြုလုပ်ရန် မည်သို.ဆုံးဖြတ်ခဲ့ပါသနည်း၊ မည်သူက ဆုံးဖြတ်ခဲ့ပါသနည်း။ ဤကိစ္စအားလုံးသည် ရှုပ်ထွေးခက်ခဲလှပါသည်။

 

     ပါတီပဋိဥာဉ်တွင် ပေါ်လစ်ဗျူရို အစည်းအဝေးများတွင် အထွေထွေအတွင်းရေးမှုးက သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ သို.သော် ကျွန်တော်၏ ရာထူးကို တရားဝင်မဖယ်ရှားမှီကပင် ပေါ်လစ်ဗျူရိုအစည်းအဝေးတွင် သဘာပတိလုပ်နိုင်သည့် ကျွန်တော့်အခွင့်အရေးမှ ဖယ်ရှားခဲ့ပြီး လီပန်းထံသို. ပေးအပ်ခဲ့သည်။ ဤကိစ္စသည်လည်း တရားမဝင်ပါ။

 

     အထူးသဖြင့် ပို၍အံ့ဩဖို.ကောင်းသည့် အချက်မှာ မဲခွဲခါနီး၌ "ပေါ်လစ်ဗျူရိုအဖွဲ.ဝင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အစည်းအဝေးတက်ရောက်သူအားလုံး မဲပေးခွင့်ရှိသည်"ဟု တိန်.ရှောင်ပင်းက ပြောခြင်းဖြစ်သည်။ အကျယ်ချဲ.ထားသည့် ပေါ်လစ်ဗျူရိုအစည်းအဝေးများ၌ အစည်းအဝေးတက်ရောက်သည့် အဖွဲ.ဝင်မဟုတ်သူများသည် နားထောင်ခွင့် ဆွေးနွေးခွင့်ရှိသည်၊ သို.သော် မဲခွဲမှု၌ သူတို.ကို မည်ကဲ့သို. ပါဝင်ခွင့်ပြုနိုင်မည်နည်း။ သူတို.အနေဖြင့် ထောက်ခံမှုပို၍ ရလိုသည်မှာ ထင်ရှားနေသည်။ လီရှန်နင်းက ဤမဲပေးနိုင်ခွင့်ကို သဘာပတိဖြစ်သည့် လီပန်းက ခွင့်ပြုခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ဤအချက်မှာ လုံးဝအတင်းအကျပ်အဓမ္မ ပြဌါန်းခြင်းဖြစ်သည်။ သူတို.သည် မည်သည့် ပါတီပဋိဥာဉ်နှင့်စည်းကမ်းအရ ပြုလုပ်ခြင်းဖြစ်သနည်း။ "တရားဥပဒေကိုသော်လည်းကောင်း၊ ဘုရားသခင်၏ စကားကိုသော်လည်းကောင်း အသိအမှတ်မပြု ဂရုမစိုက်သည့်" ပါတီ၏ အလေ့အထနှင့် နှစ်ကာလရှည်ကြာစွာ အသားကျနေကြသည့် ပါတီဝါရင့်များကမူ စိုးစဉ်းမျှပင် ကြောင့်ကြခြင်းမရှိပါ။

 

ဤကိစ္စကို ကျွန်တော် ယခုပြောခဲ့ပါပြီ။ ပါတီ၏ သမိုင်း၌ မည်သို.မှတ်တမ်းတင်မည်ကိုမူ ကျွန်တော်မသိပါ။

 

     အကျယ်ချဲ.ထားသည့် ပေါ်လစ်ဗျူရိုအစည်းအဝေးမှ ချမှတ်ခဲ့သည့် ကျွန်တော့်အပေါ်  နိုင်ငံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာအရ အရေးယူဖို. ဆုံးဖြတ်ချက်ကို အတည်ပြုရန် ဇွန်လ ၂၃ရက်နှင့် ၂၄ရက်တို.၌ ဗဟိုကော်မတီ အစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးအကြောင်း ကျွန်တော့်ကို ကြိုတင်အကြောင်းကြားခဲ့ပြီး ကျွန်တော်ပါဝင်ရန် သတ်မှတ်ထားသည့် တရုတ်ပြည်မြောက်ပိုင်းအစုတွင် ပါဝင်တက်ရောက်ခဲ့သည်။ ရဲဘော်အချို. ကျွန်တော့်အားဝေဖန်သည်ကို နားထောင်ပြီးနောက် ကျွန်တော်က အကျဉ်းချုပ်၍ စကားပြောခဲ့သည်။

 

     ကျွန်တော်က "ဝေဖန်အကြံပြုချက်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အကျယ်ချဲ.ပေါ်လစ်ဗျူရို အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ ကျွန်တော့်ရဲ. ထွက်ဆိုချက်ကို ပြန်လည်ပြင်ဆင်ထားတဲ့ ထုတ်ပြန်ချက်တစ်ခု ကျွန်တော်ရေးထားပါတယ်။ ထုတ်ပြန်ချက်ကို လုပ်ငန်းရေးရာဌါနသို. ကျွန်တော် တင်သွင်းထားပြီး ဖြစ်ပါတယ်။ အစည်းအဝေးတက်ရောက်လာကြတဲ့ ရဲဘော်အားလုံးကို ကျွန်တော့်ရဲ. ကြေညာချက် ဖြန်.ဝေထားပြီးပြီလို. ကျွန်တော်မျှော်လင့်ပါတယ်"ဟု ပြောခဲ့သည်။

 

ဤအစုအတွင်း၌ ဝါဒဖြန်.ချိရေးဝန်ကြီး ဝမ်ရန်းဇီလည်း ပါဝင်သည်။ အစည်းအဝေး တက်ရောက်သူအားလုံးသို. မိတ္တူဖြန်.ဝေဖို. ဗဟိုကော်မတီက သဘောတူပြီးဖြစ်ကြောင်း သူကပြောသည်။ သို.သော် တကယ်တမ်း၌ ကြေညာချက်ကို အစည်းအဝေးပြီးခါနီးမှကပ်၍ ဖြန်.ချိခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပြန်သိမ်းသွားကြသည်။ ကျွန်တော်၏ ကြေညာချက်ကို ချေပထားသည့် ဘေဂျင်းမြို.တော်ဝင် ချန်စစ်တုန်နှင့် ပညာရေးကော်မရှင် ညွှန်ကြားရေးမှုး လီတိုင်ရင်းတို.၏ ချေပချက်ကိုမူ အစောကြီးကတည်းကပင် ဖြန်.ဝေထားပြီးဖြစ်သည်။ အစည်းအဝေးတက်ရောက်သူများသည် ကျွန်တော်၏ ထုတ်ပြန်ချက်ကို မမြင်ဖူးပဲနှင့် ထိုထုတ်ပြန်ချက်ကို ဝေဖန်ထားသည့် စာတမ်းကို ဖတ်နေကြရသည်။ ထို.ကြောင့် အစည်းအဝေး၌ ယုတ္တိနှင့်မညီသည့် ထူးခြားသောအဖြစ်မျိုး ကြုံတွေ.နေရသည်။ နောက်ဆုံးတွင် အစည်းအဝေးပြီးခါနီးမှ ကျွန်တော်၏ ထုတ်ပြန်ချက်ကို ဖတ်ရှုကြရပြီး ချက်ချင်းဆိုသလိုပင် ပြန်သိမ်းယူသွားသည့် အဖြစ်ကို တွေ.ကြုံနေကြပေသည်။ အကျိုးဆက်အားဖြင့် လူအများသည် ကျွန်တော်၏ ကြေညာချက်ကို ပြေးအလွှားဖတ်ရှုကြရမည် သို.မဟုတ် လုံးဝဖတ်ချိန်ပင် မရလိုက်ကြမည်ကို ကျွန်တော် စိုးရိမ်မိပါသည်။

 

ဇွန်လ ၄ရက်နေ.နှင့်ပက်သက်သည့် "နောက်ခံအချက်အလက်များ" ဆိုသည့် စာတမ်းကိုလည်း အထွေထွေရုံးအမည်ခံ၍ ဖြန်.ဝေထားသည်။ ၎င်းသည် ပြည်တွင်းပြည်ပမှ အချက်အလက်များစွာကို စုစည်းထားခြင်းဖြစ်ပြီး ကျွန်တော့်အား တရုတ်ပြည်ကွန်မြူနစ်ပါတီနှင့် တိန်.ရှောင်ပင်းကို ဖြုတ်ချရန် ရည်ရွယ်သည့် ပြည်တွင်းပြည်ပမှ တန်ပြန်တော်လှန်ရေး အင်အားစုများကို ကိုယ်စားပြုသည့် လျှို.ဝှက်ပူးပေါင်းကြံစည်သူအဖြစ် သွယ်ဝိုက်၍ ပုံဖော်ထားသည့် စာတမ်းဖြစ်သည်။ ဤစာတမ်း၌ ကျွန်တော့်ဝန်ထမ်းများသည် ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ သူတို.ထံသို. သတင်းများ ပို.ပေးခဲ့ကြောင်းနှင့် မာရှယ်လောထုတ်ပြန်မည့် စစ်ရေးဆိုင်ရာ လျှို.ဝှက်ချက်ကို သူတို.ကို ထုတ်ဖော်ပြောပြခဲ့ကြောင်း စသည့် မှားယွင်းသည့် စွပ်စွဲချက်များလည်း ပါဝင်သည်။ ဤကဲ့သို. "နောက်ခံအချက်အလက်များ" ဖြန်.ဝေရခြင်း၏ အကြောင်းမှာ ကျွန်တော်သည် အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ပြစ်မှုများအတွက် အမှန်တကယ် အပြစ်ရှိကြောင်းနှင့် ခွင့်မလွှတ်နိုင်လောက်အောင်ပင် ကောက်ကျစ်ကြောင်း ထင်မြင်လာစေဖို.ဖြစ်သည်မှာ ထင်ရှားပါသည်။

 

     သူတို.သည် ကျွန်တော့်အား နိုင်ငံရေးအရ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ လုံးဝဖျက်ဆီးပစ်ဖို. ကြိုးပမ်းနေကြခြင်းဖြစ်သည်။ အစည်းအဝေးအတွင်း ပြောကြားခဲ့သည့် အချို.သောမိန်.ခွန်းများမှာ လုံးဝပင် ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်းက ပုံစံများအတိုင်းဖြစ်သည်။ အဖြူနှင့်အမဲကို ပြောင်းပြန်ပြောသည်၊ ပုဂ္ဂိုလ်ရေးစော်ကားမှုများကို ပုံကြီးချဲ.သည်၊ ကျိုးကြောင်းဆီလျော်မှုမရှိ အဆက်အစပ်မရှိပဲ အကိုးအကားထုတ်ပြသည်၊ အသရေဖျက်ရန် မဟုတ်မမှန် လိမ်လည်ပြောဆိုသည်။ အားလုံးမှာ ယဉ်ကျေးမှုတော်လှန်ရေးကာလက အသုံးအနှုန်းများဖြစ်သည်။ ထိုအချိန်အတွင်း၌ ကျွန်တော်တွေးမိသည်မှာ အကယ်၍ ဤအစည်းအဝေး၏ မှတ်တမ်းများကို "တရုတ်ကွန်မြူနစ်ပါတီ ၁၃ ကြိမ်မြောက် ပါတီကွန်ဂရက် စတုတ္ထအကြိမ် ညီလာခံ"ဟု ရှင်းရှင်းလင်းလင်း ရေးမထားပါက တစ်စုံတစ်ယောက်သည် ၎င်းတို.ကို ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းက မှတ်တမ်းများဖြစ်သည်ဟု မှားယွင်းစွာ ထင်မြင်ယူဆသွားနိုင်သည်ဟူ၍ ဖြစ်သည်။

 

     ပါတီပဋိဥာဉ်အရ ဗဟိုကော်မတီအဖွဲ.ဝင်တစ်ယောက်ကို ထုတ်ပယ်ဖို. စုံညီအစည်းအဝေး၏ သုံးပုံနှစ်ပုံ ထောက်ခံမဲရရှိရန် လိုအပ်သည်။ ထိပ်တန်းခေါင်းဆောင်များသည် ထိုမဲပမာဏရရှိနိုင်မည်ဟု ယုံကြည်ချက်ရှိပုံမရသည်မှာ ထင်ရှားပါသည်။ လျှို.ဝှက်မဲပေးစနစ်ကျင့်သုံးပါက လိုအပ်သည့် သုံးပုံနှစ်ပုံမဲမရခြင်းမှာ ဖြစ်ကောင်းဖြစ်လာနိုင်သည်။ ထိုအစား သူတို.က လျှို.ဝှက်မဲပေးစနစ်ကို မကျင့်သုံးပဲ သဘောတူမတူ လက်ထောင်ပြသည့် စနစ်ကို ကျင့်သုံးခဲ့ကြသည်။ ဤကဲ့သို.သော အခြေအနေနှင့် ဖိအားများ၏အောက်၌ လူအများ၏ရှေ.၌ လက်ထောင်ပြ၍ မဲပေးခြင်းသည် သူတို.၏ ဆန္ဒများအတိုင်း မဲပေးခြင်းဖြစ်ဖို. ခဲယဉ်းပါသည်။ လူအားလုံးက ကြည့်နေ၍ ကင်မရာများက ထောင့်စေ့အောင် ရိုက်ကူးနေသည့် အခြေအနေ၌ အချို.သူတို.အတွက် သူတို.၏ ဆန္ဒက ကန်.ကွက်နေသည့်တိုင် အတင်းအကျပ် လက်ထောင်ခိုင်းခြင်းသာ ဖြစ်နေပေလိမ့်မည်။ ထို.ကြောင့် ဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ကြလေသည်။

 

     အတိတ်ကာလက အထွေထွေအတွင်းရေးမှုးကိုသော်လည်းကောင်း၊ ပေါ်လစ်ဗျူရိုအဖွဲ.ဝင်အဖြစ် ကိုသော်လည်းကောင်း၊ တည်ဆဲပေါ်လစ်ဗျူရို အဖွဲ.ဝင်အဖြစ်ကိုသော်လည်းကောင်း ရွေးချယ်ရာ၌ လျှို.ဝှက်မဲပေးစနစ်ကို ကျင့်သုံး၍ ရွေးချယ်ကြခြင်းဖြစ်ကြောင်း ကျွန်တော် ထောက်ပြရပေမည်။ လက်ထောင်၍ မဲပေးရခြင်းမှာ ပုံမှန်မဟုတ်ပေ။ ထိုကဲ့သို.သော အခြေအနေ၊ ထိုကဲ့သို.သော ဖိအားနှင့် ကျွန်တော်နှင့် ပက်သက်ဆက်နွယ်နေသော လူများ၊ ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးနေဆဲကာလ၌ လူအများသည် လက်ထောင်ပြခြင်းဖြင့် သူတို.၏ သဘောထားဆန္ဒအမှန်ကို မည်သို.လွတ်လပ်စွာ ပြသနိုင်ပါမည်နည်း။

 

ကျောင်းသားဆန္ဒပြမှုများအပေါ် ထားရှိသည့် ကျွန်တော့်သဘောထားကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားခြင်းနှင့် အင်အားသုံး ဖြိုခွင်းဖို. ဆုံးဖြတ်ချက်ကို လက်ခံရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အကျိုးဆက်က မည်သို.ဖြစ်မည်၊ မည်ကဲ့သို.သော ပြုမူဆက်ဆံမှုမျိုးကို ခံရလိမ့်မည် စသည်တို.ကို ကျွန်တော် သိပြီးဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော် အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်သည်။ ကျွန်တော်၏ အမြင်ကို အလျှော့မပေးပဲ စွဲကိုင်ထားပါက ကျွန်တော့်ကို ရာထူးမှဆင်းပေးဖို. အကျပ်ကိုင်ကြလိမ့်မည်ဖြစ်ကြောင်း ကျွန်တော်သိပါသည်။ ဤအချက်ကို ကျွန်တော် တွက်ဆထားပြီးဖြစ်သည်။ ကျွန်တော်၏ ရာထူးကို ဆက်လက်ထိန်းသိမ်းထားလိုလျှင် သို.မဟုတ် ရာထူးမှ ဣနြေ္ဒရရ ဆင်းသွားလိုလျှင် ကျွန်တော်၏ အယူအဆကို စွန်.လွှတ်၍ သူတို.ဆန္ဒနှင့်အညီ အလျှော့ပေး လိုက်လျောရမည်။ အကယ်၍ ကျွန်တော်အလျှော့မပေးပါက ရာထူးမှ ဆင်းပေးဖို. ပြင်ဆင်ထားရပေမည်။

 

သေသေချာချာ အကြိမ်ကြိမ် စဉ်းစားသုံးသပ်ပြီးနောက် သူတို.ဆန္ဒကို လိုက်လျောအလျှော့ပေးမည့်အစား ရာထူးမှ ဆင်းပေးဖို. ကျွန်တော်ဆုံးဖြတ်ခဲ့သည်။ ကျွန်တော် စဉ်းစားနေသည့် အချက်များကို ကျွန်တော့်မိန်းမနှင့် ကလေးများကို တိုင်ပင်ခဲ့ပြီး သူတို.ကို ပြင်ဆင်ထားဖို. ပြောခဲ့သည်။

 

     ကျွန်တော်သည် အကျယ်ချဲ.ပေါ်လစ်ဗျူရို အစည်းအဝေး၌ ကျွန်တော်ပြောကြားခဲ့သည့် မိန်.ခွန်း၏ အကျိုးဆက်များကို ခံယူနိုင်ဖို.ကိုလည်း စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီးဖြစ်သည်။ ကျွန်တော့်ကို ပါတီမှထုတ်ပယ်လိမ့်မည်ဟု ကျွန်တော်ခံစားရသည် အဘယ်ကြောင့်ဆိုသော် အမှားအယွင်းတစ်စုံတစ်ရာ ပြုလုပ်မိသူတစ်ယောက်အတွက် သူ၏သဘောထားကို ပြုပြင်နိုင်ရန် အပြစ်ရှိပါသည်ဟု ဝန်ခံခေါင်းငြိမ့်ဖို. လိုအပ်သောကြောင့်ဖြစ်သည်။ ကျွန်တော့်ကို ထောင်သွင်းအကျဉ်းချလိမ့်မည်မဟုတ်ဟု ကျွန်တော်တွေးမိသည် အဘယ်ကြောင့်ဆိုသော် အမှားအယွင်းတစ်ခုမျှ ကျွန်တော်မလုပ်ခဲ့သောကြောင့်ဖြစ်သည်။ ပြည်တွင်းပြည်ပ၌ ဩဇာလွှမ်းမိုးမှု အတိုင်းအတာတစ်ခုထိရှိသည့် ကျွန်တော်ကဲ့သို.သော လူများ၏ အမှုကိုစီရင်ဆုံးဖြတ်ရာ၌ ရာခိုင်နှုန်းပြည့် လျှို.ဝှက်စီရင်ဆုံးဖြတ်ဖို. မဖြစ်နိုင်ပါ။ ထို.ကြောင့် ရာထူးမှ ဆင်းပေးရဖို.သေချာနေသည်၊ ပါတီမှ ထုတ်ပယ်ခံရခြင်းမှာ အဆိုးဆုံးအခြေအနေဖြစ်ပြီး ထောင်သွင်းအကျဉ်းချခံရဖို.ကတော့ မဖြစ်နိုင်ဟု ကျွန်တော်တွက်ဆထားသည်။

 

     ကျွန်တော်တို.၏ စနစ်ကဲ့သို.သော နိုင်ငံရေးစနစ်မျိုး၌ ပါတီအတွင်း ဆက်လက်တည်ရှိခြင်းနှင့် ပါတီမှ ထုတ်ပယ်ခံရခြင်းသည် မည်သို.မျှ ထူးခြားမှုမရှိပါ။ ကျွန်တော့်လိုအခြေအနေမျိုး၌ ပါတီဝင်အဖြစ် ဆက်လက်တည်ရှိနေပါကလည်း ပါတီဝင်တစ်ယောက်၏ ပုံမှန်အခွင့်အရေးများ မရရှိနိုင်ပါ။ ထို.အပြင် ပါတီမှ ထုတ်ပယ်ခံရပါကလည်း ကျွန်တော်၏ ယုံကြည်ချက်များနှင့် ကျွန်တော်၏ တန်ဖိုးများကို မထိခိုက်နိုင်ပါ။

 

၁၃ ကြိမ်မြောက်ဗဟိုကော်မတီ စတုတ္ထအကြိမ် စုံညီအစည်းအဝေးအပြီး၌ နှစ်ပေါင်းများစွာကြာကတည်းက ရှုတ်ချစွန်.လွှတ်ခဲ့သည့် ယဉ်ကျေးမှုတော်လှန်ရေးကာလ လုပ်နည်းလုပ်ဟန်များကို ပြန်လည်ကျင့်သုံး၍ ကျွန်တော့်ကို ဖယ်ရှားဖို. ကြိုးစားခဲ့ကြသည်။ ဤလုပ်နည်းလုပ်ဟန်များထဲ၌ သတင်းစာများတွင် ကျွန်တော့်ကို ပြည်သူ.ရန်သူအဖြစ် ပုံဖော်ရေးသားသည့် ဆောင်းပါးအများအပြား ရေးသားဖော်ပြခြင်း၊ ကျွန်တော်၏ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို အလေးမမှုခြင်း စသည်တို. ပါဝင်သည်။ ယဉ်ကျေးမှုတော်လှန်ရေးအပြီးတွင် ၎င်း၏ခါးသီးသည့်အတွေ.အကြုံများကို အခြေခံလျှက် ပါတီသည် ၁၂ ကြိမ်မြောက် ပါတီကွန်ဂရက်၌  "ပါတီတွင်းနိုင်ငံရေးတွင် လိုက်နာရမည့်စည်းကမ်းများ"ဟူသည့် ပါတီပဋိဥာဉ်အသစ်ကို ပြဌါန်းခဲ့သည်။ ဤပဋိဥာဉ်သစ်ပါ စည်းမျဉ်းစည်းကမ်းများကို ယဉ်ကျေးမှုတော်လှန်ရေး နောက်နောင်ဘယ်သောအခါမှ ထပ်မံမဖြစ်ပွါးအောင် တားဆီးနိုင်ရန် ရည်ရွယ်၍ ပြဌါန်းခဲ့ခြင်းဖြစ်သည်။

 

ဇွန်လ ၄ ရက်နေ.နောက်ပိုင်း၌ သူတို.သည် ဤစည်းမျဉ်းစည်းကမ်းများကို လုံးဝ လျစ်လျှူရှု၍ ကျွန်တော့်အပေါ် ပြုမူဆက်ဆံခဲ့ကြသည်။ ဤအစားသူတို.သည် ဤစည်းမျဉ်းတို.ကို ပေါ်ပေါ်တင်တင် ချိုးဖောက်ခဲ့ကြပြီး ယဉ်ကျေးမှုတော်လှန်ရေး၏ လက်ဝဲစွန်းရောက် နည်းစနစ်တို.ကို ပြန်လည်ကျင့်သုံးခဲ့ကြသည်။ ဤအချက်မှာ ကျွန်တော် လုံးဝမျှော်လင့်မထားသည့် အချက်ပင်ဖြစ်သည်။

 

 

(ကျောက်ကျိယန်၏ Prisoner of The State စာအုပ် Part 1, Chapter 6 The Campaign Against Zhao ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

No comments:

Post a Comment