Saturday, June 27, 2009

ဖတ်မိသမျှလေးတွေ

အလုပ်ပိနေတယ်ဗျာ..............

ဘာသာပြန်ထားတဲ့ ဆောင်းပါးလေးတွေရှိနေပေမယ့် Notes မထုတ်နိုင်အားသေးတာရယ် ၊ သိပ်ပြီး
စိတ်တိုင်းမကျသေးတာရယ်ကြောင့် ဒီတစ်ပတ်တော့ ကျွန်တော်ဖတ်မိတဲ့ Sentence တစ်ကြောင်းမှာ Adverb
တွေကို ဘယ်လိုနေရာမှာ ထားသင့်တဲ့ အကြောင်းလေးကိုဘဲ Post တစ်ခုအနေနဲ. တင်လိုက်ပါရစေ ။
ဝိုင်းဝန်းပြီးဝေဖန်ဆွေနွေးပေးကြပါအုံးဗျာ ။ ပညာရဲ. သဘောတစ်ခုကလည်း "ဆွေးနွေးတိုင်ပင်ခြင်းဖြင့်
့် အဖြေတစ်ခုကို ရှာဖွေသင့်" တယ်လို.ဆိုသကိုးလေဗျာ.............။
Adverb Order
ဝါကျတစ်ကြောင်းအတွင်းမှာ Adverb တွေကို နေရာအမျိုးမျိုးပြောင်းပြီးထားကြည့်ခြင်းဖြင့် ကိုယ်အဓိက
ပြောချင်တဲ့ ပုဒ်တွေကို ပုံစံအမျိုးမျိုး အထူးပြုနိုင်ပါသတဲ့ ။ အောက်မှာရေးထားတဲ့ ဥပမာ ဝါကျလေးတွေကို
လေ့လာကြည့်မယ်ဗျာ……….
၁ ။ ထပ်ကြိမ်ပြ Adverb (Frequency Adverbs) တွေနဲ. Only, just စတဲ့ Special Adverb တွေကလွဲရင်
ကျန်တဲ့ Adverb တွေရဲ. ပုံမှန် အထားအသိုဟာ အပြုမူ ၊ နေရာနှင့် ၊ အချိန် (Adverb of: MANNER, PLACE
and TIME) ဆိုပြီး ရေးရပါသတဲ့….
He spoke well at the debate this morning.
Our teacher spoke to us very rudely in class this morning.
Cyril was working very hard at his office all day yesterday.
They stayed quietly there all day.
၂ ။ ရွေ.လျှားမှုကို ဖော်ပြတဲ့ Verb တွေအတွက်ဆိုရင်တော့ နေရာကိုအထူးပြုပေးတဲ့ ကြိယာဝိသေသန
(Adverb of PLACE) သည် ကံပုဒ် (Object) အနေနဲ. အသုံးပြုပြီး Verb ရဲ.နောက်မှာ ကပ်လျှက်
ရေးရပါတယ်တဲ့…….ကြည့်ကြရအောင်
He went to the station by taxi.
၃ ။ ဝါကျတစ်ကြောင်းမှာ Adverb တွေအများကြီး ပါနေရင် အချိန်ကာလကို အထူးပြုတဲ့ Adverb (Adverb of
Time) ကို ဝါကျရဲ. ရှေ.ဆုံးမှာထားသင့်တယ်လို. ဆိုတယ် ။ အကြမ်းဖျင်းပြောရရင်တော့ Adverb of Time
ကို ဝါကျရဲ.ရှေ.ဆုံးမှာ ဒါမှမဟုတ် ဝါကျရဲ. နောက်ဆုံးမှာပဲထားသင့်တယ် ၊ ဝါကျရဲ.အလယ်မှာတော့ ထားလို.
မရပါဘူးတဲ့ ခင်ဗျာ…….
He was born at six o’clock on Christmas morning in the year 1822.

1 comment:

  1. အချိန်နဲနဲရရင်ဝေဖန်စာနဲနဲလာရေးပါမယ်
    ကြိုတင်အကြောင်းကြားတာပါ

    ReplyDelete