Sunday, July 26, 2009

ဘုရားသခင်၏ အသံ


၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ.ထုတ် Time မဂ္ဂဇင်းက Michael Kinsley ရဲ. Voice of God ဆိုတဲ့ Essay လေးကို ဘာသာပြန်ထားတာပါ။ ဇန်နဝါရီလ ၂၀ ရက်နေ.ဆိုရင် အမေရိကားမှာ သမ္မတအသစ် ရုံးစထိုင်ပါတယ် ။ ဒီ Essay လေးက သမ္မတဘားရက်အိုဘားမား ရုံးစထိုင်ဖို. ရက်ပိုင်းအလိုလေးမှာရေးထားတာပါ ။ အမေရိကားရဲ. ပထမဆုံး လူမည်းသမ္မတဖြစ်တဲ့ အိုဘားမားကို အမေရိကန်တွေသာမက တစ်ကမ္ဘာလုံးက လူသန်းပေါင်းများစွာကတောင် ထောက်ခံခဲ့ကြ ၊ ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်သူတွေရဲ. မဲတွေကိုသာမက တစ်ကမ္ဘာလုံးက လူတွေရဲ. မျှော်လင့်ချက်တွေ ၊ နှလုံးသားတွေကိုပါ သိမ်းပိုက်အောင်နိုင်ခဲ့တဲ့ လူမည်းသမ္မတပါ ။ ဒီ Essay ထဲမှာ အမေရိကမှာ လူမည်းတွေနေရာရလာပုံတွေကို မူရင်းစာရေးဆရာက ပါးပါးလေး ရေးပြထားပါတယ် ။


တစ်ထောင့်ကိုးရာ ငါးဆယ်နှင့် တစ်ထောင့်ကိုးရာ ခြောက်ဆယ် ခုနှစ်များ အတွင်းက ဘုရားသခင်မှာ အလက်ဇန်းဒါး စကိုဘီ ဟုခေါ်သော လူတစ်ယောက် ဖြစ်သည် ။ အမေရိကန်ပြည်ထောင်စုသို. ပြောင်းရွှေ. အခြေချလာသည့် ဂရိလူမျိုး မိဘနှစ်ပါးမှ နယူးယောက် ပြည်နယ် ဘရွက်ကလင်းတွင် ဖွါးမြင်ခဲ့သည် ။ သို.သော် သူ၏အသံမှာ (ဝီကီပီးဒီးယား အလိုအရ) “ဟိန်း၍ အောသော အသံ” ဖြစ်သည် ။ အဓိကကျသော အချက်မှာ ဗြိတိသျှ လေသံဖြင့် ကျကျနန ပြောနိုင်ခြင်း ဖြစ်သည် ။ ဗြိတိန်နိုင်ငံသည် ဒုတိယကမ္ဘာစစ် အတွင်းက အားအင်ကုန်ခမ်း၍ ၎င်း၏ အင်ပါယာကို ဆုံးရှုံးသွားပြီး နှစ်ပေါင်း များစွာ ကြာပြီးနောက် ဗြိတိသျှ လေသံက ပိုင်စိုးမှု ဂုဏ်သိက္ခာနှင့် ဩဇာလွှမ်းမိုးမှု တို.ကို သယ်ဆောင်လာခဲ့သည် ။
ဟောလီးဝုဒ်တွင် ထိုကဲ့သို. ကြီးကျယ်သော အသိဥာဏ်ရှိသူအဖြစ် မမြင်ရသည့် စကားပြောဖြင့် သရုပ်ဖော်တင်ဆက်သူကို ဗွီအိုဂျီ (ဘုရားသခင်၏ အသံကို အတိုကောက်ခေါ်သော အသုံးအနှုန်း) ဟု ခေါ်ကြသည် ။ စကိုဘီသည် ပင်လယ်ပြင်မှအောင်ပွဲကဲ့သို.သော မှတ်တမ်းရုပ်ရှင်များတွင် သူ.ခေတ်သူ.အခါက ထင်ရှားသော ဗွီအိုဂျီ ဖြစ်သည် ။ သူ၏အသံမှာ တစ်ထောင်ကိုးရာလေးဆယ်ခုနှစ်များ အတွင်းက သမ္မာကျမ်းစာ တစ်အုပ်လုံးကို အသံသွင်းထုတ်ဝေသည့် ပထမဦးဆုံး အသံဖြစ်သည် ။ ဘုရားသခင်တွင် ပါးသိုင်းမွှေးရှိသည်ဟု ယူဆသကဲ့သို. ဘုရားခင်သည် ဗြိတိသျှ လေသံဖြင့် စကားပြောသည်ဟု ထိုခေတ်ထိုအခါက သဘာဝကျကျ အလိုအလျောက် ယူဆခဲ့ကြသည်။ ထို.ကြောင့်သာလျှင် သူသည် သူဖြစ်နေခဲ့ခြင်းဖြစ်သည် ။
အနည်းဆုံး သမ္မာကျမ်းစာ နှစ်တွဲနှင့် ကိုရမ်ကျမ်းစာ တစ်တွဲ တို.ကို အသံသွင်းပြီးနောက် တစ်ထောင့်ကိုးရာရှစ်ဆယ့်ငါး ခုနှစ်တွင် စကိုဘီ ကွယ်လွန်ခဲ့သည် ။ ဟုတ်ကဲ့ ထိုခေတ်ထိုအခါက တမန်တော်မိုဟာမတ် သည်ပင်လျှင် ဗြိတိသျှ လေသံဖြင့်ပြောခဲ့ပါသည် ။ ထိုသို.ဆိုလျှင် ယနေ.ခေတ်၏ ဘုရားသခင်မှာ မည်သူပါနည်း။ အဖြေက ရှင်းပါသည်သူသည် ဂျိမ်းစ်အားလ်ဂျုန်း ဖြစ်ပါသည် ။ “စီအန်အန် ---ကပါ” ဟူသည့် အသံမှာ ဂျုန်း၏ အကြော်ကြားဆုံးသော အသံထွက် ငါးလုံး ဖြစ်သည် ။ ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ဇာတ်ကားမှ ဒါ့သ်ဗေဒါ၏ အသံသည်လည်း ဂျုန်း၏ အသံဖြစ်သည် ။ သူအသံသွင်းထားသည့် ဂျိမ်းဘုရင်မူကွဲ အသံသွင်း သမ္မာကျမ်းစာသည် အခွေပေါင်း လေးသိန်းကျော်မျှ ရောင်းချခဲ့ရသည် ။ ဂျုန်း၏အသံမှာ စကိုဘီ၏ အသံထက်ပင် ပိုဟိန်းကာပို၍ပင် အောပါသေးသည် ။ ဗြိတိသျှ လေသံ ထွက်ခြင်း မထွက်ခြင်း တစ်ခုသာ ကွာခြားသည် ။ ဂျုန်းသည် အာဖရိကနွယ်ဖွား အမေရိကန်ဖြစ်ပြီး ထိုလေသံထွက်လေသည် ။
လတ်တလော အရောင်းရဆုံး အသံသွင်း သမ္မာကျမ်းစာတွင် အန်ဂျလာဘတ်ဆတ် ၊ ကူဘာဂွတ်ဒင်း ဂျူနီယာ ၊ ဆမ်မျူရယ် အယ်လ် ဂျက်ဆန် နှင့် ဖောရတ်စဝှီးတိတ်ကား အစရှိသည့် နာမည်ကြီး အနုပညာရှင် အများအပြား ပါဝင်ကြသည် ၊ အားလုံးအာဖရိကန် အမေရိကန်များ ဖြစ်ကြသည် ။ ဘုရားသခင်အဖြစ် သရုပ်ဆောင်ရမည့် သူအတွက်မူ ဂျုန်းအတွက် ပြိုင်ဘက် အစစ်မှာ (ဒန်ဇယ်လ်ဝါရှင်တန် အသက်အနည်းငယ်ကြီးလာသည့် အချိန်တွင်) မော်ဂန်ဖရီးမန်း တစ်ယောက်သာရှိတော့သည် ။ ဂျုန်း၏အသံက ခက်ထန်၍ အဟန်.ရှိပြီး ဓမ္မဟောင်းကျမ်းလာ ဘုရားသခင်နှင့်တူသည် ။ ဖရီးမန်း၏ အသံကမူ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံကာ အားလုံးကိုသိရှိနားလည် မြော်မြင်နိုင်စွမ်းရှိနေသည့် ဓမ္မသစ်ကျမ်းလာ ဘုရားသခင်နှင့်တူလေသည် ။ သူသည် ဘုရားသခင်၏ အသံအဖြစ် ရုပ်ရှင်ထဲတွင် နှစ်ကြိမ်သရုပ်ဆောင်ခဲ့ပြီး လစ်စတာရင်းနှင့် ဗီဇာကတ် ကြော်ငြာများတွင်လည်း သရုပ်ဆောင်ခဲ့သည် ။ ထို.ကြောင့်သာလျှင် ချစ်စဖွယ် ပင်ဂွန်းငှက်ကလေးများ အကြောင်း ပျင်းစရာကောင်းလောက်အောင် ရိုက်ပြထားသည့် ရုပ်ရှင်ဇာတ်ကားတွင် စကားပြောဖြင့် သရုပ်ဆောင်ဖို. သူ.ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည် ။ လွန်ခဲ့သည့် လအနည်းငယ်ခန်.က “ဘုရားသခင် အဖြစ် သရုပ်ဆောင်ရသည်ကို ငြီးငွေ.နေပြီဖြစ်ကြောင်း” ဖရီးမန်းက အေပီ သတင်းထောက်တစ်ဦးအား ပြောကြားခဲ့သည် ။ ထို.အတွက် သူ.ကို မည်သူကများ အပြစ်တင်နိုင်ပါမည်နည်း ။ ဖရီးမန်း ပြောသကဲ့သို.ပင် ဘုရားသခင်အဖြစ် သရုပ်ဆောင်ရသည်မှာ အတော်တော့ ခက်ပါသည် ။ လူသားတို.အား ချစ်ခင်သော်ငြား မာရေကျောရေဖြင့်သာ ချစ်ပြခြင်းများ ၊ သူတို.၏ မသိသားဆိုးရွားမှုများအတွက် ခနဲ.တဲ့တဲ့သရော်နေပုံများမှာ ဒေါ်လာရှစ်သန်းမျှ လာဘ်ငွေယူပြီးမှသာ သင့်ကို ကောင်းကင်ဘုံသို. ဝင်ရောက်ခွင့် ပြုနိုင်မည်ဟု ဆိုသည့်နှယ်ပင် ။
ယျေဘုယျပြောရပါလျှင် ဗြိတိသျှများနှင့် ဗြိတိသျှ ဆန်ဆန် လူမျိုးများသည် ဤနယ်ပယ်တွင် ကျရှုံးနေကြပါသည် ။ အကယ်၍ သင်သည် ပိုင်စိုးမှု ဂုဏ်သိက္ခာနှင့် ဩဇာလွှမ်းမိုးမှု စသည်တို.နှင့် ပြည်စုံသည့် အသံဩဇာရှင်ကို ရှာဖွေနေသည့် ဒါရိုက်တာတစ်ဦးဖြစ်ပါက သင်သည် ကွင်းလာတီဖာဆီသို. အရင်ဆုံးချဉ်းကပ်၍ နောက်ဆုံးမတတ်သာမှသာ ဂျရယ်မီအိုင်းရင်းကို အားကိုးပေလိမ့်မည် ။ ဤသို.ဖြစ်ရခြင်း၏ အကြောင်းကို ဆင်ခြင်သုံးသပ်ရန် သိပ်တော့ မခက်လှပါ ။ ဤဖြစ်စဉ်များ၏ ရင်းမြစ်ကိုရှာဖွေကြည့်ပါလျှင် ၁၉၃၀ ခုနှစ်ဝန်းကျင်ကာလများက ဖြစ်ရပ်များနှင့် မစ္စစစ်ပီနှင့် အိုဟိုင်းယိုး မြစ်ရိုးတစ်လျှောက် တစ်မြို.ဝင် တစ်ရွာထွက် စုံဆန်၍ ဖျော်ဖြေခဲ့သည့် သင်္ဘောဇာတ်ရုံများ အကြောင်းကို ဖွဲ.နွဲ.ထားသော “သင်္ဘောဇာတ်ရုံ” အမည်ရှိ ဂီတပြဇာတ်မှ ပေါလ်ရော့ဘ်ဆန် သီဆိုထားသည့် အာဖရိကန်အမေရိကန်တို.၏ ခက်ခဲကြမ်းတမ်းမှုများနှင့် ရုန်းကန်မှုများအကြောင်းကို ဆွေးမြေ.ဖွယ် ဖွဲ.နွဲ.ထားသည့် “ အို….မြစ်မင်းအို” အမည်ရှိသီချင်းတို.ကို နောက်ကြောင်းပြန်ရပေမည် ။ အာဖရိကန် အမေရိကန်တို.သည် မျိုးဆက်ပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့ရသကဲ့သို. ထိုနစ်နာမှုများအတွက် ဂုဏ်သိက္ခာနှင့် ဩဇာလွှမ်းမိုးမှုများဖြင့် ပြန်လည်ချီးမြှင့်ခံစားရခြင်းဖြစ်သည် ဟူသော နှစ်သိမ့်ဖြေဖျောက်သည့် သဘောထားအယူအဆတစ်ခုကို ကျယ်ကျယ်ပြန်.ပြန်. အသိအမှတ်ပြု လက်ခံလျှက်ရှိနေသည် ။ အရေးအကြီးဆုံး အချက်မှာ လူမည်းအမေရိကန် ဝန်ကြီးများသည် ကမ္ဘာပေါ်တွင် အင်္ဂလိပ်စကားကို အကောင်းဆုံးပြောနိုင်သူများအဖြစ် ဗြိတိသျှနိုင်ငံရေးသမားများကို အစားထိုးနေရာယူလျှက်ရှိသည် ။ ကျွန်တော်တို.၏ မာတင်လူသာကင်း ဂျူနီယာသည်ပင်လျှင် ဝင်စတန်ချာချီအား စံပြပုဂ္ဂိုလ် အဖြစ်မှဖြုတ်ချ၍ သူ.နေရာတွင် အစားထိုး နေရာယူခဲ့သည် မဟုတ်ပါလော ။
ဤဖြစ်ပေါ်တိုးတက်မှုများနှင့်ပက်သက်၍ အားတက်စရာအကောင်းဆုံးအချက်မှာ ၎င်းတို.သည် အတုလုပ်၍ မရနိုင်ခြင်းပင်ဖြစ်သည် ။ လူမျိုးအရ အနှိမ်ခံရသည့်အတွက် တမင်တကာခွဲခြား၍ အရေးပေးခံရခြင်း လုံးဝမဟုတ်ပါ ။ ဆစ်ဒနီပွိုင့်တီယာ လုပ်လိမ့်မည် မဟုတ်ပါ ။ အဓိကကျသော အချက်မှာ လူမည်းဖြစ်ရန်မဟုတ်ပါ လူမည်းသံထွက်ဖို.သာ ဖြစ်ပါသည် ။ အားကစားလောကတွင် အာဖရိကနွယ်ဖွား အမေရိကန်တို. လွှမ်းမိုးကြီးစိုးလာသည်နှင့်လည်း မတူပါ ၊ ဤဖြစ်ရပ်တို.မှာ အတားအဆီးပိတ်ဆို.ကန်.သတ်မှုတို.ကို ချိုးဖျက်၍ ထွက်လာသည့် ပင်ကိုယ်စွမ်းရည်ရှိ ပါရမီရှင်တို.၏ ဖြစ်စဉ်တို.ပင်မဟုတ်ပါ ။ မြောက်များစွာသော လူဖြူများ သို.မဟုတ် လူဖြူသံထွက်သည့် သရုပ်ဆောင်တို.သည်လည်း ဂျုန်းကဲ့သို.ပင် “စီအန်အန် ---ကပါ” ဟု ပြောနိုင်ကြပါသည် ။ ဤစကားစုကို အကြိမ်တစ်ရာမျှကြားခဲ့ဖူးသော်လည်း များစွာသောသူတို.သည် မည်သူ.အသံဖြစ်ကြောင်း မသိကြပါ ၊ အသံရှင် မည်သူဖြစ်ကြောင်း သေသေချာချာ မေးခွန်းထုတ်မကြည့်ပါက လူမည်းဖြစ်ကြောင်းကို သတိပင်ပြုမိကြလိမ့်မည် မဟုတ်ပါ ။ သူတို.သည် ထိုအသံကို အမှတ်တမဲ့ပင် နားလည်သဘောပေါက်ထားကြပြီးလျှင် ဩဇာအရှိန်အဝါတို.နှင့် ပြည့်စုံကြောင်းကို တစ်ဝက်သိစိတ်ဖြင့်ပင် လက်ခံထားလိုက်ကြသည် ။
ဇန်နဝါရီ ၂၀ ရက်နေ.မှစ၍ ကမ္ဘာပေါ်တွင် ဩဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်မှာ တကယ်ပင် လူမည်းတစ်ယောက် ဖြစ်လာပေတော့မည် ။ သမ္မတဘားရက်အိုဘားမားသည် အကြီးကျယ်ဆုံးသော ဟောပြောသူတစ်ယောက်အဖြစ် ထိုအနုပညာကို လက်တွေ.အသုံးချနေသော်လည်း ကောက်နှံပင်ထွက် စားသောက်ကုန်တစ်ခုအတွက် မမြင်ရသည့် အသံဖြင့်ကြော်ငြာသူအဖြစ်မူ သူ.ကိုငှါးရမ်းမည့်သူ ရှိချင်မှရှိပါလိမ့်မည် ။ အကြောင်းမှာ သူ၏အသံသည် လူမည်းသံ ထွက်သင့်သလောက်မထွက်သောကြောင့် ဖြစ်ပါသည် ။ သို.သော်လည်း သူသည် အဆိုပါ ဖြစ်ပေါ်တိုးတက်မှု၏ အကျိုးကို ခံစားရသူဖြစ်ပါသည် ။ ဘုရားသခင်သည် အာဖရိကန်အမေရိကန် အဖြစ် အသွင်ပြောင်းသွားချိန်၌ သမ္မတသည်လည်း အာဖရိကန်အမေရိကန် ဖြစ်ဖို.ဆိုသည်မှာ အထူးတလည် စဉ်းစားနေရန်မလိုအပ်လှပါ ။


(January 15, 2009 ခုနှစ်ထုတ် Time မဂ္ဂဇင်းမှ Michael Kinsley ၏ Voice of God ကိုသင့်လျော်အောင် ဘာသာပြန်ဆိုထားပါသည် ။)


No comments:

Post a Comment