Tuesday, December 8, 2009

နိုင်ငံတော် အကျဉ်းသား

အပိုင်း ၁
တိန်အန်မင် လူသတ်ပွဲ
အခန်း ၁
ကျောင်းသားဆန္ဒပြမှုများ စတင်ခြင်း
၁၉၈၉ ခုနှစ် ကျောင်းသားလှုပ်ရှားမှုသည် ကျောက်ကျိယန်၏ နိုင်ငံရေးဘဝအပေါ် အဆုံးအဖြတ်ပေးသည့် အချိန်ကာလတစ်ခုဖြစ်သည် ။ ဧပြီလ ၁၅ ရက်နေ.၌ ဟူယောင်ဘန်း (လွန်ခဲ့သည့် ၂ နှစ်က ပါတီအထွေထွေအတွင်းရေးမှုး ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် အလယ်အလတ်သဘောထားရှိသည့် ပြုပြင်ပြောင်းလဲရေးသမား) ကွယ်လွန်သည့်သတင်းက ကောလိပ်ကျောင်းသားများကို ဘေဂျင်းမြို.၏ လမ်းများပေါ်သို. ထွက်လာကာ ဝမ်းနည်းမှု အထိမ်းအမှတ်ပွဲများ ပြုလုပ်လာစေခဲ့သည် ။ ဤသည်မှာ ဟူကိုဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည့် ထိပ်တန်းခေါင်းဆောင်ကြီး တိန်.ရှောင်ပင်းနှင့် ပါတီ၏ အသက်ကြီးပိုင်း ဝါရင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ပေါ်ပေါ်ထင်ထင် အံတုသည့် လုပ်ရပ်ဖြစ်သည် ။
ကုန်ဈေးနှုန်းများ တက်လာခြင်း ၊ တစ်ပိုင်းတစ်စမျှ ပြုပြင်ပြောင်းလဲရေး လုပ်ထားသည့် စီးပွါးရေးစနစ်အတွင်း အကျင့်ပျက်ခြစားမှုများ များပြားလာခြင်းတို.နှင့်ပက်သက်၍ တရုတ်ပြည်သူတို. စိုးရိမ်စိတ်များ ကြီးထွားလာချိန်တွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည် ။ အကျိုးဆက်အားဖြင့် တရုတ်လူမျိုး ထောင်ပေါင်းများစွာတို. ဆန္ဒပြသူတို.နှင့် ပူးပေါင်းလာခဲ့သည် ။
ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းအတွင်း၌ သဘောထားကွဲလွဲမှုများ ရှိလာသည် ။ ဟူကိုဖယ်ရှားဖို. ထောက်ခံသည့် ရှေးရိုးစွဲဝါဒီများက ဆန္ဒပြမှုများကို ဖြိုခွင်းဖို. တိုက်တွန်းကြသည် ။ သို.သော် ပါတီအကြီးအကဲအဖြစ် ဟူ၏နေရာကို ဆက်ခံသည့် ကျောက်က ပြင်းထန်သည့် တုံ.ပြန်မှုများမှပေါ်ထွက်လာမည့် နိုင်ငံရေးအကျိုးဆက်များကို စိုးရိမ်ပူပန်သည် ၊ သဘောထားတင်းမာသည့် တုံ.ပြန်မှုများက စီးပွါးရေးပြုပြင်ပြောင်းလဲမှုကို လမ်းချော်သွားစေမည့် အရေးကိုလည်း စိတ်ပူသည် ။ ဆန္ဒပြမှုများ ရှည်ကြာလာသည့်နှင့်အမျှ နိုင်ငံရေးဩဇာ အားပြိုင်မှုကလည်း သည်းထန်လာသည် ။
ဆန္ဒပြပွဲများ ပေါ်ပေါက်လာ၍ မကြာခင်အတွင်း၌ ကျောက်သည် မြောက်ကိုရီးယားနိုင်ငံသို. တရားဝင်ခရီးထွက်ဖို. ဖြစ်လာသည် ။ ဤခရီးစဉ်က ဆန္ဒပြပွဲများနှင့်ပက်သက်သည့် ပါတီ၏ တုံ.ပြန်မှုများတွင် သက်ရောက်နိုင်သည့် သူ၏စွမ်းရည်ကို ကန်.သတ်လိုက်သလိုရှိသည် ။ သူအဝေးသို.ရောက်နေစဉ် ဧပြီလ ၂၆ ရက်နေ.၌ အစိုးရက ပြည်သူ.နေ.စဉ် သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ဆန္ဒပြပွဲများအပေါ်ထားရှိသည့် အစိုးရ၏ သဘောထားကို ဖော်ပြခွင့် ပြုလိုက်သည် ။ အာဘော်တွင်ရေးထားသည့် ရန်လိုသည့် အသုံးအနှုန်းများက အခြေအနေကို ပိုမိုရှုပ်ထွေး ဆိုးဝါးစေပြီး ကျောက်၏ ကိုင်တွယ်ထိန်းသိမ်းမှုကို သေးသိမ်စေခဲ့သည် ။
ဤအခန်း၌ ဆန္ဒပြပွဲများဖြစ်ပေါ်ရသည့် အကြောင်းရင်းကို ပထမဆုံးအကြိမ်အဖြစ် ကျောက်က ထုတ်ဖော်ပြောကြားခဲ့သည် ။ ဆန္ဒပြပွဲများက မည်သည့်အတွက်ကြောင့် အစိုးရကို တိုက်ရိုက် မခြိမ်းခြောက်ဟု သူခံစားရသည့်အကြောင်းနှင့် ဇွန်လ ၄ ရက်နေ. အကြမ်းဖက် နှိမ်နှင်းမှုများ မပြုလုပ်မှီ အစောကြီးကတည်းက ၎င်းတို.ကို မည်သို.ဖြေရှင်းနိုင်သည့် အကြောင်းများကို သူကရှင်းပြထားသည် ။
ကျွန်တော်သည် လွန်ခဲ့သည့် ၇ နှစ် (၁၉၉၂ ခုနှစ်) အတွင်း၌ ဇွန် ၄ ရက် အဖြစ်အပျက်နှင့် ပက်သက်သည့် အကြောင်းများကို မှတ်စုများ ချရေးနေခဲ့သည် ။ အဘယ့်ကြောင့်ဆိုသော် တစ်ချို.သော အသေးစိတ် ဖြစ်ရပ်များကို မေ့လျော့သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည် ။ ထိုမှတ်စုများသည် သမိုင်းနှင့် ပက်သက်သည့် မှတ်တမ်းတစ်မျိုး အဖြစ် ကျန်ရစ်ခဲ့မည်ဟု ကျွန်တော် မျှော်လင့်ပါသည် ။
အဖြစ်အပျက်များကို ဤမှတ်စုများ အနေနှင့် ပြောပါမည် ။ အချို.သောအကြောင်းအရာများကို ၁၃ ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေး(၁၉၈၉ခုနှစ် ဇွန်လ ၂၃-၂၄ ရက်နေ.များ၌ ကျင်းပခဲ့သည်။ ထိုအချိန်၌ ကျောက်မှာ ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ဖြစ်သည် ။ ထိုအစည်းအဝေး၌ ဆန္ဒပြပွဲကာလအတွင်းက သူ၏အခန်းကဏ္ဍကို ခုခံချေပခဲ့သည်။)၌ ကျွန်တော် ပြောကြားခဲ့ပြီးဖြစ်သည် ။ သို.သော် ထိုစဉ်က ကျွန်တော်မပြောခဲ့သည့် အခြားအကြောင်းအရာများလည်း ရှိပါသေးသည် ။ ထိုအကြောင်းအရာအားလုံးကို ကျွန်တော် ယခု ပြောပါမည် ။
ပထမဆုံးအနေဖြင့် ကျောင်းသားဆန္ဒပြပွဲများ ဖြစ်ပေါ်လာစေရန် မည်သည့်အကြောင်းအရာက အစပျိုးလိုက်သည်ကို ဖော်ပြလိုပါသည် ။ အစောပိုင်းကာလ ကျောင်းသားဆန္ဒပြပွဲအားလုံးမှာ ဟူယောင်ဘန်းကွယ်လွန်သည့်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲများဖြစ်သည် ။
၁၉၈၉ခု ဧပြီလ ၁၅ ရက်နေ.၌ ယောင်ဘန်းကွယ်လွန်သည် ။ ကြေညာချက်ကို အသံလွှင့်ပြီး ချက်ချင်းဆိုသလိုပင် ကောလိပ်ကျောင်းသားတစ်ချို.က ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲများကို စတင်ခဲ့ကြသည် ။ ထိုမှစတင်၍ လမ်းများပေါ်သို. သူတို.တက်ကြတော့သည် ၊ ပါဝင်သည့် လူဦးရေလည်း တစ်စတစ်စ တိုးလာခဲ့သည် ။ ထိုအချိန်က ပြင်းထန်သည့် စိတ်လှုပ်ရှားမှုကြောင့် ကျောင်းသားအချို.၏ အစွန်းရောက်သည့် လုပ်ရပ်များ ရှိခဲ့သော်လည်း ခြုံငုံ၍သုံးသပ်ပါက သူတို.၏ လှုပ်ရှားမှုမှာ စနစ်တကျရှိ၍ အလွန်အကျွံ လုပ်ရပ်များ မရှိခဲ့ပေ ။
ဧပြီလ ၁၈ နှင့် ၁၉ ရက်ညများ၌ ရာပေါင်းများစွာသော ပြည်သူများ စင်ဟွာဂိတ် (ပါတီရုံးချုပ်၏ အပြင်ဖက်)၌ စုရုံးခဲ့ကြသည် ။ နောက်ပိုင်း၌ ကျွန်တော်ရောက်သွားခဲ့၍ ပြည်သူ.လုံခြုံရေးဝန်ကြီးဋ္ဌါနမှရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကို ကြည်.ခဲ့သည် ။ “ကျောင်းသားတို. စင်ဟွာဂိတ်ကို ပိတ်ဆို. ဆူပူမှု” ဆိုသည့်ဗီဒီယိုမှတ်တမ်း၌ “စည်းကမ်းရှိကြပါ ၊ စည်းမဲ့ကမ်းမဲ့ မလုပ်ကြပါနဲ.”ဟု လူစု၏ ရှေ.ပိုင်းရှိ ကျောင်းသားအချို.က ထပ်ခါထပ်ခါ အော်ဟစ်နေကြသည် ။ သူတို.၏နောက်၌ လူအုပ်ကြီးက ဝိုင်းကြည့်နေကြသည် ။ ကျောင်းသားတို.က ခေါင်းဆောင်အချို.နှင့် တွေ.ဆုံခွင့် အပါအဝင် တောင်းဆိုမှုများစွာကို အော်ဟစ်တောင်းဆိုကြသည် ။ ထိုစဉ်တွင် နောက်မှလူအုပ်က တွန်းနေကြသည့်အတွက် အနည်းငယ် ဖရိုဖရဲဖြစ်သွားသည် ။ ထို.နောက် ကျောင်းသားတို.က လူအုပ်ကို ထိန်းရန်အတွက် အဖွဲ.တစ်ဖွဲ. ဖွဲ.လိုက်ကြသည် ။
ဧပြီလ ၂၂ ရက်နေ.၌ ဟူယောင်ဘန်းအတွက် အစိုးရ၏ ဝမ်းနည်းခြင်း အခမ်းအနားကျင်းပနေစဉ် တိန်အန်မင်ရင်ပြင်တွင် ကျောင်းသားထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည် ။ ဤစုဝေးမှုကို တရားဝင် ခွင့်ပြုခဲ့သည် ။ ရင်ပြင်အတွင်းရှိ အသံချဲ.စက်များက ပြည်သူ.ခန်းမအတွင်း ကျင်းပနေသည့် အခမ်းအနားကို ထုတ်လွှင့်နေသည်.အတွက် သူတို.အားလုံးနားထောင်နိုင်ကြသည် ။
ဤသည်မှာ ဧပြီလ ၂၆ ရက် ပြည်သူ.နေ.စဉ် သတင်းစာ အယ်ဒီတာ့အာဘော် မထုတ်ဝေမှီက အခြေအနေ ဖြစ်သည် ။
မည်သည့်အတွက် ကျောင်းသားများက ဟူယောင်ဘန်းကွယ်လွန်မှု ဝမ်းနည်းခြင်း အခမ်းအနားကို ဤမျှထိ ပြင်းပြင်းထန်ထန် တုံ.ပြန်ရပါသနည်း ။ အကြောင်းရင်းများက ရှုပ်ထွေးလှပါသည် ။
ပထမအချက်မှာ လူထုအတွင်း၌ ဟူယောင်ဘန်း၏ ပုံရိပ်အလွန်ကောင်းခြင်းဖြစ်သည် ။ သူသည် မော်၏လက်ထက်အတွင်း မမျှမတ တရားစွဲထားသည့်အမှု အများအပြားကို ပြောင်းပြန်လှန်ပြင်ဆင်ခဲ့သည် ။ ပြုပြင်ပြောင်းလဲရေးကို အမြဲထောက်ခံသူဖြစ်သည် ။ အရေးကြီးဆုံးအချက်မှာ သူသည် အာဏာရှိနေစဉ်အတွင်း အကျင့်ပျက်ခြစားမှု မရှိခြင်းဖြစ်သည် ။ ထိုစဉ်ကာလက အကျင့်ပျက်ခြစားမှုများကို မကျေနပ်မှု အများအပြားရှိနေသည် ။ ဟူယောင်ဘန်းအတွက် အခမ်းအနားများ ကျင်းပခြင်းဖြင့် ထိုမကျေနပ်မှုများကို ထုတ်ဖော်ပြသနိုင်သည့် အခွင့်အလမ်းတစ်ခု ရရှိသည် ။
ဒုတိယအချက်မှာ ၁၉၈၇ ခုနှစ်အတွင်းက ဟူယောင်ဘန်းအား ရာထူးချလိုက်သည်ကို ပြည်သူအများစုက ဒေါသထွက်မကျေမနပ် ဖြစ်နေကြသည် ။ ပြည်သူအများအပြားက ဘူဇွာဆန်.ကျင်ရေးလှုပ်ရှားမှု (၁၉၈၇-၈၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည်။)ကို မကြိုက်ကြပဲ ၎င်းကိုဆန်.ကျင်ကြသည် ။ ထို.ပြင် ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ပုံလုပ်နည်းကိုလည်း လက်မခံနိုင်ကြချေ ။ ယေဘုယျအားဖြင့် ပြည်သူတို.သည် ဟူယောင်ဘန်းအပေါ်ပြုမူပုံကို ဒေါသထွက်နာကြည်းနေမှုကို ဖော်ထုတ်နေကြခြင်းဖြစ်သည် ။
တတိယအချက်မှာ ၁၉၈၈ ခုနှစ် ဆောင်းဦးပိုင်း၌ အစိုးရပြန်လည်ဖွဲ.စည်းပုံကို အဆိုပြုရာတွင် နယ်ပယ်အများစု၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ဖြတ်တောက်လျှော့ချခဲ့သည် ။ စီးပွါးရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်များ ရပ်တန်. သို.မဟုတ် နောက်ပြန်ဆုတ် သွားစဉ်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်ပက်သက်၍ မည်သည့် အရေးယူဆောင်ရွက်မှုမှ မရှိခဲ့ပေ ။ ကျောင်းသားများသည် အခြေအနေအရပ်ရပ်အပေါ် သူတို.၏ အားမလိုအားမရဖြစ်မှုနှင့် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်လုပ်ဆောင်စေလိုသည့် သူတို.၏ ဆန္ဒကို ဟူယောင်ဘန်းကို အောက်မေ့မှု အခမ်းအနားများမှတစ်ဆင့် ထုတ်ဖော်ပြသနေကြသည် ။
လမ်းပေါ်ထွက် ဆန္ဒပြရာတွင် ပါဝင်သည့် ပြည်သူများမှာ အမျိုးအစား သုံးမျိုးရှိသည် ။ ပြည်သူအများစုကြီးမှာ အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် အမျိုးအစား၌ အကျုံးဝင်သည် ။ ကျွန်တော်တို.၏ အတိတ်ကာလ မူဝါဒများကို နာကြည်းမကျေနပ်သည့် ပြည်သူများလည်း ရှိသေးသည် ၊ သူတို.က ထိုအခွင့်အလမ်းကို အရယူ၍ သူတို.၏ မကျေနပ်ချက်များကို ဖော်ထုတ်ကြသည် ။ ပါတီနှင့် ဆိုရှယ်လစ်စနစ်ကို မနှစ်သက် ဆန်.ကျင်သည့် ပြည်သူအနည်းစုလည်း အမှန်တကယ်ရှိပါသည် ၊ သူတို.က အခြေအနေများ ပိုမိုဆိုးဝါးကာ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားစေရန် မျှော်လင့်ကြသည် ။
တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အစည်းအဝေးတစ်ခု(ရက်စွဲမသေချာတော့ပါ)၌ ဗဟိုကော်မတီက ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပနေစဉ်တွင် ကျောင်းသားများက သူတို.၏ ကိုယ်ပိုင်အောက်မေ့တသခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်းကို မတားမြစ်သင့်ကြောင်း ကျွန်တော်ပြောခဲ့သည် ။ ဟူကိုအောက်မေ့တသရန် ကျွန်တော်တို.အတွက် အထူးသီးသန်. အခွင့်အရေးအဖြစ် မောင်ပိုင်စီးထား၍ ကျောင်းသားများကိုမူ ထိုသို.ကျင်းပခွင့် တားမြစ်ပိတ်ပင်ရန် အကြောင်းမရှိပါ ။
ရိုက်နှက်ထိုးကြိတ်ခြင်း ၊ ချိုးဖဲ့ဖျက်ဆီးခြင်း ၊ လုယက်ခြင်း ၊ မီးရှို.ခြင်း ၊ ကျူးကျော်ဝင်ရောက်ခြင်း စသည့် ပြစ်မှု ၅ မျိုး ကျူးလွန်သူများကိုသာလျှင် တရားဥပဒေအတိုင်း အပြစ်ပေးရန် ကျွန်တော် အကြံပေးခဲ့သည် ။ ကျန်သည့်အခြား ကိစ္စရပ်များ၌ တင်းမာမှု လျှော့ချရန်သာ အားထုတ်သင့်သည် ။
ဟူယောင်ဘန်းအား အောက်မေ့ခြင်း အခမ်းအနား အပြီး၌ အချက် ၃ ချက်ပါဝင်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အဆိုပြုခဲ့သည် ။
၁ ။ ယခုအခါ အောက်မေ့ခြင်း အခမ်းအနား ပြီးဆုံးသွားပြီ ဖြစ်သည့်အားလျော်စွာ လူမှုလှုပ်ရှားမှုများသည် ပုံမှန်အခြေအနေသို. ပြန်ရောက်သင့်သည် ။ ကျောင်းသားများကို လမ်းပေါ်ဆန္ဒပြမှုများမှ ရပ်တန်.၍ စာသင်ခန်းများသို. ပြန်ဝင်ရန် ဖျောင်းဖျဖို.လိုသည် ။ (သူတို.၏ ရည်ရွယ်ချက်များမည်သို.ရှိစေကာမူ ကျောင်းသားများသည် ဟူယောင်ဘန်းကို အောက်မေ့တသခြင်းထက် မပိုခဲ့ဟု ထိုအချိန်က ကျွန်တော် ခံစားရသည် ။ ထို.ကြောင့် အောက်မေ့ခြင်း အခမ်းအနား ပြီးဆုံးသွားပြီး-သူတို.ကိုယ်တိုင်လည်း အခမ်းအနားများ ကျင်းပခွင့် ရခဲ့သည့်အားလျော်စွာ-ဆန္ဒပြပွဲများကို ဆက်လက်ပြုလုပ်ရန် မည်သည့်အကြောင်းမျှ မရှိတော့ပါ။စာသင်ခန်းများသို. ပြန်ဝင်ရန် အချိန်တန်ပေပြီ။)
၂ ။ တင်းမာမှုများကို လျှော့ချရန် အဓိကရည်ရွယ်ချက် ရှိသည်နှင့်အညီ အပြန်အလှန်နားလည်မှု ရရှိရန်နှင့် အယူအဆ အမျိုးမျိုးကို သိရှိနားလည်နိုင်ရန် တွေ.ဆုံဆွေးနွေးမှုများကို လူမှုအလွှာအသီးသီး၌ ပုံစံမျိုးစုံ ၊ လမ်းကြောင်းမျိုးစုံနှင့် ပြုလုပ်ရန်လိုသည် ။ သူတို.၌ မည်သည့် အယူအဆများ ရှိသည်ဖြစ်စေ ကျောင်းသားအားလုံး ၊ ဆရာအားလုံးနှင့် ပညာတတ်အားလုံးကို သူတို.၏ အယူအဆများကို လွတ်လပ်စွာ ဖော်ပြခွင့် ပြုသင့်သည် ။
၃ ။ သွေးမြေကျမှုများကို မည်သည့်နည်းနှင့်မဆို ရှောင်ကြဉ်ရမည် ။ သို.သော် ရိုက်နှက်ထိုးကြိတ်ခြင်း ၊ ချိုးဖဲ့ဖျက်ဆီးခြင်း ၊ လုယက်ခြင်း ၊ မီးရှို.ခြင်း ၊ ကျူးကျော်ဝင်ရောက်ခြင်း စသည့် - ပြစ်မှု ၅ မျိုး ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အပြစ်ပေးသင့်သည် ။
ကျွန်တော်၏ အကြံပြုချက်အားလုံးကို ဝန်ကြီးချုပ် လီပန်းနှင့် တည်ဆဲပေါ်လစ်ဗျူရိုအဖွဲ.ဝင် အားလုံးက လက်ခံကြပြီး တရားဝင် အတည်ပြု မှတ်တမ်းတင်ထားကြသည် ။
ဖော်ပြခဲ့သည့် အခြေအနေ အရပ်ရပ်အပေါ် သုံးသပ်မှုနှင့် အရေးယူဆောင်ရွက်ရေးဆိုင်ရာမူများကို ဒေသဆိုင်ရာ အစိုးရဌါနခွဲများသို. လမ်းကြောင်းအသီးသီးမှတစ်ဆင့် ဖြန်.ချိခဲ့သည် ။ ၎င်းတို.မှာ ကျွန်တော်၏ မြောက်ကိုရီးယား ခရီးစဉ် မတိုင်မှီ အဆိုပြုတင်ပြခဲ့သည့် အချက်သုံးချက်ဖြစ်သည် ။ အောက်မေ့ဖွယ်အခမ်းအနားအပြီး ဓာတ်လှေကားဖြင့် ဆင်းလာချိန်၌ အဓိကကျသည့် ဗဟိုကော်မတီ ခေါင်းဆောင်များကို အထက်ပါ အချက်သုံးချက်အကြောင်းကို ကျွန်တော် ပြောပြခဲ့ပြီး နောက်ပိုင်း၌လည်း ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ထပ်မံ ရှင်းလင်းတင်ပြခဲ့သည် ။
ဧပြီလ ၂၃ ရက်မွန်းလွဲပိုင်းတွင် ဘေဂျင်းဘူတာရုံ၌ မြောက်ကိုရီးယားသို. သွားရန်ပြင်ဆင်နေစဉ် လီပန်းရောက်လာပြီး ကျွန်တော့်ကို ပို.ဆောင်သည် ။ သူက အခြားနောက်ထပ် ထပ်မံဖြည့်စွက်ရန် ရှိမရှိမေးသည် ။ အထက်ပါ အချက်သုံးချက်သည် ကျွန်တော့်အယူအဆများကို အကျဉ်းချုပ်ထားခြင်းဖြစ်ကြောင်း ကျွန်တော်က ပြောခဲ့သည် ။ နောက်ပိုင်း၌ လီပန်းက အချက်သုံးချက်ကို တိန်.ရှောင်ပင်းထံသို. တင်ပြကြောင်း ၊ သူကလည်း အချက်သုံးချက်ကို သဘောတူကြောင်း ကျွန်တော်ကြားရသည် ။
တည်ဆဲပေါ်လစ်ဗျူရို အဖွဲ.ဝင်များမှ သဘောမတူမှုများ (အနည်းဆုံးတော့ ပေါ်ပေါ်ထင်ထင် သဘောမတူမှုများ) လုံးဝမရှိခဲ့ပေ ။ တစ်ခုကိုသာ ကျွန်တော်မှတ်မိသည် ၊ ဧပြီလ ၁၉ ရက်နေ. ညနေခင်း၌ မမျှော်လင့်ပဲ လီပန်းက ဖုန်းဆက်လာပြီး အပြစ်တင်သည့်ပုံမျိုး ပြောသည် “ကျောင်းသားတွေက စင်ဟွာဂိတ်ကို ဖျက်ဆီးဖို. ကြိုးစားနေကြတယ် ။ ဘာဖြစ်လို. တားဆီးအရေးယူဖို. မလုပ်တာလဲ”ဟု သူကပြောသည် ။ ပေါ်လစ်ဗျူရိုအဖွဲ.ဝင် လုံခြုံရေးတာဝန်ခံ ကျူရှီတွင် တာဝန်ရှိကြောင်း ၊ သူ.အနေဖြင့် ပေါ်ပေါက်လာနိုင်သည့် အရေးတကြီး ကိစ္စများကို လက်ရှိအရေးပေါ်တုံ.ပြန်ရေး အစီအစဉ်များနှင့်အညီ ကိုင်တွယ်ဆောင်ရွက် နိုင်စွမ်းရှိလိမ့်မည်ဟု ယူဆကြောင်း ကျွန်တော်က ပြန်ပြောခဲ့သည် ။
နောက်ပိုင်း၌ လီပန်းဖုန်းခေါ်သည့်အကြောင်း ကျူရှီကို ကျွန်တော် အကြောင်းကြားခဲ့သည် ။ တကယ်တမ်းတွင် ၂၀ ရက်နေ. နံနက်ခင်း၌ ကျောင်းသားအများစုသည် စင်ဟွာဂိတ်မှ ထွက်ခွါသွားကြပြီဖြစ်သည် ။ ကျန်နေသေးသည့် ကျောင်းသားအနည်းစုကို ရဲတပ်ဖွဲ.က ဖယ်ရှားခဲ့သည် ။ သူတို.ကို ဘတ်စကားများဖြင့် သူတို.၏ ကျောင်းများသို. ပြန်ပို.ပေးခဲ့သည် ။
ဤသည်တို.မှာ ကျွန်တော် မြောက်ကိုရီးယားသို. ခရီးမထွက်မှီက ရှိခဲ့သည့် ကျောင်းသားဆန္ဒပြပွဲများ၏ အခြေအနေနှင့် တည်ဆဲကော်မတီ၏ ထိုစဉ်က ရှိခဲ့သည့် မူဝါဒဖြစ်သည် ။
(တောင်းပန်ချက်။ ။ ဤဘာသာပြန်စာမူကို ကူးယူဖော်ပြပါက "သရပါ" ဘလော့မှ ကူးယူခြင်းဖြစ်ကြောင်း ဖော်ပြစေလိုပါသည်။ နောက်နောင် အလျှဉ်းသင့်ပါက စာအုပ်အဖြစ်ထုတ်ဝေမည်ဟု စိတ်ကူးရှိခြင်းကြောင့် ဤသို. တောင်းပန်ခြင်းဖြစ်ပါသည်။)

No comments:

Post a Comment