Thursday, December 24, 2009

အင်အားသုံး ဖြိုခွင်းခြင်း (နိုင်ငံတော်အကျဉ်းသား)

အပိုင်း ၁
အခန်း ၎
အင်းအားသုံး ဖြိုခွင်းခြင်း
တိန်.သည် ဝန်ကြီးချုပ်လီပန်း၏ တင်းမာသည့် သဘောထားများဖက်မှ ရပ်တည်ခဲ့သည့်အတွက် ဆန္ဒပြသူများအပေါ် အစိုးရမှ ပျော့ပျော့ပျောင်းပျောင်း တုံ.ပြန်စေရန် ကြိုးပမ်းခဲ့သည့် ကျောက်၏ နောက်ဆုံးအားထုတ်မှုများမှာ မအောင်မြင်ခဲ့ပါ။ တိန်.၏အိမ်၌ ပြုလုပ်ခဲ့သည့် တင်းမာပြင်းထန်သည့် အစည်းအဝေး(ဤအစည်းအဝေးအကြောင်းကို ကျောက်က အသေးစိတ်ဖော်ပြထားသည်)၌ ထိပ်တန်းခေါင်းဆောင်ကြီးက မာရှယ်လောထုတ်ပြန်ရန် အခွင့်အာဏာ အပ်နှင်းခဲ့သည်။ ကျောက်ကကန်.ကွက်ခဲ့ပြီး ဤမူဝါဒကို အကောင်အထည် ဖော်ရန် ငြင်းဆန်ခဲ့သည်။ မကြာခင်အတွင်း၌ သူ.ကို ဆုံးဖြတ်ချက်ချမှတ်သည့်လုပ်ငန်းများမှ ထုတ်ပယ်ခဲ့တော့သည်။ ကျောက်သည် တိန်အန်မင်ရင်ပြင်သို.သွားပြီး ကျောင်းသားများကို စာသင်ခန်းများသို. ပြန်တက်ကြရန် တိုက်တွန်းခဲ့သည်။ သို.သော် အလွန်နောက်ကျသွားခဲ့ပေပြီ။ သေနတ်သံများကို သူ၏နေအိမ်မှ ကြားလိုက်ရချိန်၌ ဇွန်လ ၄ ရက် အင်အားသုံးဖြိုခွင်းမှုအကြောင်းကို သူသိရှိခဲ့ရသည်။
အစိုးရနှင့် ဆွေးနွေးမှုများအပေါ် မှန်းချက်နှင့်နှမ်းထွက်မကိုက်သဖြင့် လုံးဝစိတ်အပျက်ကြီး ပျက်နေကြသော ကျောင်းသားများသည် ဂေါ်ဘာချော့ အလည်လာမည့် အခါသမယတွင် ကြီးမားကျယ်ပြန်.သည့် လမ်းပေါ်ထွက် ဆန္ဒပြပွဲများနှင့် အစာငတ်ခံဆန္ဒပြပွဲများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို.က ၎င်းကို အစိုးရအပေါ် ဖိအားပေးနိုင်မည့် အခွင့်အလမ်းကောင်းအဖြစ် ယုံကြည်ကြပြီး နိုင်ငံတော်ခရီးစဉ်အတွင်း၌ အစိုးရအနေဖြင့် သည်းခံခွင့်လွှတ် သဘောထားကြီးမှုကို ပြသဖို. အကျပ်ကိုင်နိုင်လိမ့်မည်ဟု ထင်မြင်ခဲ့ကြသည်။ သို.သော် ကျောင်းသားတို. မှားသွားပါသည်၊ သူတို.က ရှေ.ဇွတ်တိုးလုပ်လေ လီပန်းနှင့်အဖွဲ.အတွက် အကြမ်းဖက် ဖြိုခွင်းဖို. အကြောင်းပြချက်ပိုရလေ ဖြစ်သည်။
ဤသတင်းကို သိုးသိုးသံ့သံ့ကြားသဖြင့် ကျွန်တော်သည် မေလ ၁၃ ရက်နေ. အလုပ်သမား စုဝေးပွဲအခမ်းအနား၌ မိန်.ခွန်းတစ်ခုပြောဖို. အခွင့်အရေးတစ်ခု အရယူခဲ့သည်။ ကျွန်တော်သူတို.ကို ပြောခဲ့သည်တို.မှာ အကြမ်းအားဖြင့် ကျောင်းသားများသည် သူတို.၏ တောင်းဆိုချက်များကို မလိုက်လျောသည့်အတွက် နိုင်ငံအချင်းချင်းကြား ဆွေးနွေးမှုများကို အနှောင့်အယှက် မပြုသင့်ကြောင်းနှင့် တရုတ်-ဆိုဗီယက် ထိပ်သီးဆွေးနွေးပွဲကို မဖျက်ဆီးသင့်ကြောင်းဖြစ်သည်။ ထို.ပြင် ဤသို.ပြုလုပ်ခြင်းသည် ပြည်သူအများစု၏ ထောက်ခံမှုကို မရရှိနိုင်ကြောင်းကိုလည်း ကျွန်တော်ပြောခဲ့သည်။ သူတို.အနေဖြင့် ကျယ်ကျယ်ပြန်.ပြန်. ထည့်သွင်းစဉ်းစားနိုင်လိမ့်မည်၊ ရန်သူကို ပျော်ရွှင်ဝမ်းမြောက်စေပြီး မိတ်ဆွေကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ကြဉ်နိုင်ကြလိမ့်မည်ဟု ကျွန်တော်မျှော်လင့်ခဲ့ပါသည်။
ကျွန်တော်၏ မေတ္တာရပ်ခံချက်ကို အထင်ကရသတင်းစာအားလုံးတွင် ဖော်ပြခဲ့ကြသည်။ သို.သော်လည်း ကျောင်းသားများက ၎င်းကို မတုံ.ပြန်ခဲ့ကြပါ၊ ဂရုမစိုက်ပဲ ဆက်လုပ်ခဲ့ကြသည်။ မေလ၁၃ရက် နေ.ခင်းပိုင်းတွင် တက္ကသိုလ် နှစ်ဆယ်ကျော်မှ ကျောင်းသား နှစ်ရာကျော်သည် အခြားလူ တစ်ထောင်ကျော်ခန်.မျှ အစောင့်အကြပ်အဖြစ် ဝန်းရံလျှက် တိန်အန်မင်ရင်ပြင်သို. ဝင်ရောက်ခဲ့ကြပြီး ထိုင်သပိတ်နှင့် အစာငတ်ခံဆန္ဒပြပွဲကို စတင်ခဲ့ကြသည်။ ကျောင်းသားများသည် ထိုနေ.မှစ၍ သွေးထွက်သံယိုဖြစ်ပွါးခဲ့သည့် ဇွန်လ ၄ရက်နေ.ထိ ရင်ပြင်၌ နေရာယူထားခဲ့ကြသည်။
အစာငတ်ခံဆန္ဒပြမှုသည် ကျယ်ပြန်.သည့် စာနာမှုနှင့် ထောက်ခံမှုများ ရရှိခဲ့သည်။ အစိုးရအဖွဲ.အစည်း အသီးသီးနှင့် အခြားအဖွဲ.အစည်းများ၊ မြို.နေလူတန်းစားအသီးသီးမှ ထောင်ပေါင်းများစွာသော ပြည်သူများက ထောက်ခံသည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ တစ်နေ.ထက်တစ်နေ. လူဦးရေပိုများလာသည်။ အစာငတ်ခံဆန္ဒပြသည့် ဦးရေလည်း တိုးလာခဲ့ပြီး၊ ဆန္ဒပြပွဲ၏ အထွတ်အထိပ်ကာလ၌ လူနှစ်ထောင်မှ သုံးထောင်ခန်.ထိ ရောက်ရှိလာခဲ့သည်။ ကျောင်းသားများက အခြေအနေကို ကျေနပ်ပီတိဖြစ်နေကြပြီး ရင်ပြင်မှထွက်ခွါဖို. သွေးဆောင်ရန် ပိုပြီးခက်ခဲလာစေခဲ့သည်။
ထိုအချိန်က ကျောင်းသားများ၏ လှုပ်ရှားမှုများမှာ ပကတိစိတ်၏ စေ့ဆော်မှုအရသာ လှုပ်ရှားနေကြခြင်းဖြစ်သည်။ ကွပ်ကဲရေးဌါနချုပ်တစ်ခုကို ဖွဲ.စည်းထားသော်လည်း သူတို.အတွင်းရှိ မည်သည့်ခေါင်းဆောင်တစ်ဦးတစ်ယောက်ကမှ အေးဆေးတည်ငြိမ်သည့် ဆုံးဖြတ်ချက်များ မချမှတ်နိုင်ကြပါ။ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည် ဆိုဦးသော်မှ ၎င်းသည် ဩဇာလွှမ်းမိုးမှု မရှိပါ။ ခေါင်းဆောင်များမှာလည်း မကြာခဏပြောင်းနေပြီး သူတို.၏လှုပ်ရှားမှုမှာလည်း အသံအကျယ်ဆုံးနှင့် ဆွအပေးနိုင်ဆုံးသူ၏ စိတ်ကူးများအလိုအတိုင်းသာ ဖြစ်ပေါ်လှုပ်ရှားနေကြခြင်းဖြစ်သည်။ ကျွန်တော်တို.သည် ကျောင်းသားခေါင်းဆောင်များကို ဖျောင်းဖျရန် တက္ကသိုလ်ခေါင်းဆောင်များနှင့် ပါမောက္ခများကို သူတို.နှင့် ဆွေးနွေးဖို. စေလွှတ်၍ စည်းရုံးခဲ့သော်လည်း နားမထောင်ခဲ့ကြပါ။ လီပန်းနှင့်အဖွဲ.ကြောင့် တင်းမာမှုများ လျှော့ချရန်၊ တွေ.ဆုံဆွေးနွေးရန်နှင့် စည်းရုံးဖျောင်းဖျရန် ချမှတ်ခဲ့သည့် အခြေခံမူနှင့် လမ်းညွှန်ချက်များကို အကောင်အထည် မဖော်နိုင်ခဲ့ပါ။
အစာငတ်ခံ ဆန္ဒပြပွဲ၏ စတုတ္ထမြောက်နေ.၌ ကျောင်းသားအချို. စတင်၍ အားနည်းစပြုလာသည်။ ဤကဲ့သို. ဆက်၍စခန်းသွားပါက ကျောင်းသားအချို. သေဆုံးကုန်တော့မည့်အရေးကို ကျွန်တော် အလွန်စိတ်ပူမိသည်။ ကျွန်တော်တို.အတွက် ပြည်သူလူထုကို ရှင်းလင်းဖြေဆိုဖို. ခက်ခဲသည့် အချိန်ရောက်လာလိမ့်မည်။
မေလ ၁၆ ရက်နေ.ည၌ ဂေါ်ဘာချော့နှင့် တွေ.ဆုံပြီးနောက် ကျွန်တော်သည် တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေး ခေါ်ယူပြီး ၎င်း၏အဖွဲ.ဝင် ငါးဦးအနေဖြင့် ကျောင်းသားများကို အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်းဖို. တိုက်တွန်းသည့် ကြေညာချက်တစ်ခု ထုတ်ပြန်ဖို. ဆွေးနွေးခဲ့သည်။ ကြေညာချက်မူကြမ်း၌ “ကျောင်းသားများ၏ ထက်သန်သည့် မျိုးချစ်စိတ်ကို အလေးထားပါသည်။ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီမှ ကျောင်းသားတို.၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုထောက်ခံသည်။”ဆိုသည့် ဝါကျကို ထည့်သွင်းထားသည်။
လီပန်းက ၎င်းကိုကန်.ကွက်သည်၊ “အလေးထားပါသည် ဆိုရင်လုံလောက်ပါပြီ။ ကျွန်တော်တို.က အသိအမှတ်ပြု ထောက်ခံသည် ဆိုတဲ့စကားစုက ထည့်ဖို.လိုသေးသလား”ဟု သူက ဆိုသည်။
“ကျောင်းသားတွေက အကျင့်ပျက်ခြစားမှုတွေကို အရေးယူကိုင်တွယ်ဖို. အဆိုပြုထားတယ်။ အဲဒီအချက်ကို အသိအမှတ်ပြု ထောက်ခံတယ်လို. ကျွန်တော်တို. ပြောနိုင်တယ်”ဟု ယန်ရှန်ကွမ်းက တုံ.ပြန်ပြောကြားခဲ့သည်။
လီပန်း၏ သဘောထားကို ကျွန်တော် စက်ဆုပ်မိပြီး “အသိအမှတ်ပြု ထောက်ခံသည်လို. မဖော်ပြခဲ့ရင် ကျွန်တော်တို.က ဘာမှမပြောတာနဲ. အဓိပ္ပါယ် အတူတူပဲ။ အဲဒီလိုဆိုရင် ဘာရည်ရွယ်ချက်နဲ. ကြေညာချက် ထုတ်တာလဲ။ ကျွန်တော်တို.ရဲ. လောလောဆယ် အလုပ်က ကျောင်းသားတွေရဲ. စိတ်ခံစားမှုတွေကို အေးဆေးတည်ငြိမ်သွားအောင် လုပ်ဖို.ပဲ။ ခုချိန်ဟာ စကားလုံးတွေကို ကတ်တီးကတ်ဖဲ့ ပြောနေရမယ့် အချိန်မဟုတ်ဖူး။”ဟု ကျွန်တော်က ပြန်ပြောခဲ့သည်။
တည်ဆဲအဖွဲ.ဝင် အများစုက ဤဝါကျကို ထည့်သွင်းရန် သဘောတူသဖြင့် ကြေညာချက်သည် သိုးကာသီကာကပ်၍ လွတ်သွားခဲ့သည်။
သို.သော်လည်း ဤအချိန်သည် ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြင့် အစာငတ်ခံ ဆန္ဒပြမှုများ ရပ်သွားနိုင်သည့် အဆင့်မဟုတ်တော့ဟု ကျွန်တော်ယုံကြည်မိသည်။ အဘယ့်ကြောင့်ဆိုသော် အပြင်းထန်ဆုံး တောင်းဆိုမှုမှာ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ပါ ဆန္ဒပြမှုများအပေါ် သတ်မှတ်ချက်တို.ကို ပြောင်းပြန်လှန်ပေးဖို. တောင်းဆိုသောကြောင့်ဖြစ်သည်။ ၎င်းကို ရှောင်လွှဲ၍ မရနိုင်တော့သည့် ပြဿနာအဖြစ် ကျွန်တော်ခံစားမိသည်။ ဤအဓိကကျသည့် ပြဿနာကို မဖြေရှင်းပါက အစာငတ်ခံ ဆန္ဒပြမှုများ အဆုံးသတ်မည်မဟုတ်ပါ၊ တွေ.ဆုံဆွေးနွေးရေးကိုလည်း ဆက်လုပ်နိုင်တော့မည် မဟုတ်ပါ။ အစာငတ်ခံ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွါးနေပါက မခန်.မှန်းနိုင်သော သို.သော် အလွန်စိုးရိမ်ဖွယ်ကောင်းသော အကျိုးဆက်များ ပေါ်ပေါက်လာတော့မည်ဖြစ်သည်။
ထို.ကြောင့် ကျွန်တော်က ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ကို ပြန်ပြင်ပေးဖို. တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေး၌ ပထမဦးဆုံးအကြိမ်အဖြစ် တရားဝင် အဆိုပြုတင်ပြခဲ့သည်။ ချက်ချင်းဆိုသလိုပင် လီပန်းက ကန်.ကွက်တော့သည်။
သူက ဧပြီ ၂၆ အယ်ဒီတာ့အာဘော်တွင် ဖော်ပြခဲ့သည့် သတ်မှတ်ချက်တို.မှာ တိန်.ရှောင်ပင်း၏ စကားလုံးများအတိုင်း အတိအကျ ရေးသားထားခြင်းသာဖြစ်သဖြင့် ပြန်လည်ပြုပြင်ဖို. မဖြစ်နိုင်ကြောင်း ပြောသည်။ ကျွန်တော်က အယ်ဒီတာ့အာဘော်သည် ဧပြီလ ၂၄ ရက် တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေး၏ မှတ်တမ်းအရသာ ရေးသားထားခြင်းဖြစ်ကြောင်း၊ တိန်.သည် ထိုအစည်းအဝေးမှ ထွက်ပေါ်လာသည့် ဆွေးနွေးချက်ကို ထောက်ခံရုံမျှသာ ဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။
ယန်ရှန်ကွမ်းက ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ကို ပြန်လည်ပြင်ဆင်ခြင်းသည် တိန်.ရှောင်ပင်း၏ ပုံရိပ်ကို ပျက်စီးစေနိုင်ကြောင်း သတိပေးသည်။ ကျွန်တော်က တည်ဆဲပေါ်လစ်ဗျူရိုကော်မတီအနေဖြင့် စုပေါင်းတာဝန်ယူပါက တိန်.ရှောင်ပင်း၏ ပုံရိပ်ကို ပျက်စီးစေမည့် အရေးကို ရှောင်ရှားနိုင်ကြောင်း ပြန်ပြောခဲ့သည်။ တိန်.၏ ဆုံးဖြတ်ချက်ကို ကျွန်တော်က သဘောတူကြောင်း မြောက်ကိုရီးယားမှ ကြေနန်းရိုက်၍ အကြောင်းပြန်ခဲ့သဖြင့် ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ကို ကျွန်တော်တာဝန်ယူသင့်ကြောင်းဖြင့်လည်း ကျွန်တော်ပြောခဲ့သည်။ လိုအပ်ပါက ၎င်းကို ကျွန်တော်က အတည်ပြုခဲ့ကြောင်း ထည့်သွင်းနိုင်သေးသည်။
လီပန်းက ဆိုင်းမဆင့် ဘုံမဆင့်ပင် “ဒါဟာ နိုင်ငံရေးသမားတစ်ယောက်အနေနဲ. ရှိသင့်တဲ့ သဘောထားမဟုတ်ဖူး” ဟု ပြောသည်။ ရလာဒ်မှာ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ကို ပြန်လည်ပြင်ဆင်ဖို. ရှေ.မဆက်နိုင်ခြင်းပင်ဖြစ်သည်။
ကျွန်တော့်အဖို. တိန်.နှင့် မျက်နှာချင်းဆိုင် ဆွေးနွေး၍ ကျွန်တော်၏ အယူအဆကို တင်ပြရုံမှတစ်ပါး အခြားရွေးစရာ မရှိတော့ပါ။ မေလ ၁၇ ရက်နေ.၌ တိန်.နှင့် တွေ.ဆုံခွင့်ရရန် ဖုန်းဆက်ခဲ့သည်။ နောက်ပိုင်း၌ တိန်.၏ ဝန်ထမ်းတစ်ဦးက ကျွန်တော့်ကို အစည်းအဝေးတစ်ခု တက်ဖို. ထိုနေ.ညနေခင်းတွင် တိန်.၏ အိမ်သို.သွားရန် အကြောင်းပြန်ခဲ့သည်။
ကျွန်တော်ရောက်သွားသည့်အချိန်၌ တည်ဆဲပေါ်လစ်ဗျူရိုကော်မတီဝင်အားလုံးနှင့် ယန်ရှန်ကွမ်းတို. တိန်.၏အိမ်၌ ရောက်နှင့်နေကြပေပြီ။ ထိုအချိန်က အစည်းအဝေးတက်ရမည့် ဝမ်လီမှာ ပြည်ပသို. ရောက်နေသည်။ ကျွန်တော်က တိန်.နှင့် တစ်ဦးချင်းတွေ.ဆုံခွင့်ရဖို. တောင်းဆိုထားသောကြောင့် တည်ဆဲကော်မတီဝင်အားလုံးနှင့် အစည်းအဝေးထိုင်ဖို. တိန်.ကခေါ်ဆိုထားခြင်းသာ ဖြစ်ရပေမည်၊ အခြေအနေ ဆိုးသွားပြီဖြစ်ကြောင်း ကျွန်တော်သဘောပေါက်လိုက်သည်။
ပထမဦးဆုံး ကျွန်တော့် အယူအဆများကို အကြမ်းအားဖြင့် အောက်ပါအတိုင်း တင်ပြခဲ့သည်။
ကျောင်းသားများ၏ ဆန္ဒပြမှုများမှာ အခြေအနေပို၍ဆိုးလာပြီး အလွန်အမင်း စိုးရိမ်စရာကောင်းလာသည်။ ကျောင်းသားများ၊ ဆရာများ၊ သတင်းထောက်များ၊ ပညာတတ်များနှင့် အစိုးရဝန်ထမ်း အချို.သည်ပင်လျှင် လမ်းပေါ်ထွက် ဆန္ဒပြနေကြသည်။ ယနေ.ဆိုလျှင် သူတို.၏ အင်အားမှာ ခန်.မှန်းခြေအားဖြင့် သုံးသိန်းမှ လေးသိန်းခန်.ထိရှိနိုင်သည်။ အလုပ်သမားနှင့် လယ်သမား အများအပြားကလည်း ဂရုဏာသက်နေကြသည်။ အကျင့်ပျက်ခြစားမှုနှင့် အစိုးရ၏ ထင်သာမြင်သာရှိမှု တို.အပြင် ဤလူမှုအစုအသီးသီးကို တွန်းအားပေးနေသည့် အဓိက အကြောင်းမှာ အစာငတ်ခံ ဆန္ဒပြနေသည့် ကျောင်းသားတို.ကို မြင်တွေ.နေပါလျှက် ပါတီနှင့် အစိုးရအနေဖြင့် သူတို.ကို ကယ်တင်ဖို. အားထုတ်မှုတစ်ခုမျှ မပြုလုပ်ပဲ မည်သည့်အတွက် ဤမျှသွေးအေးနေရပါသနည်း ဆိုသည့် စေ့ဆော်ချက်ပင်ဖြစ်ပါသည်။ ကျောင်းသားများနှင့် တွေ.ဆုံဆွေးနွေးဖို. ပိတ်ဆို.နေသည့် အဓိကအကြောင်းမှာ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်ပါ သတ်မှတ်ချက်များဖြစ်သည်။ နားလည်မှုလွဲမှားမှု အများအပြားကို ဖြစ်ပေါ်စေခဲ့သည့် အယ်ဒီတာ့အာဘော်ကို မရှင်းမလင်း သို.မဟုတ် တစ်နည်းနည်းဖြင့် လွဲမှားစွာ ဖော်ပြခဲ့သည်။ ဖြေရှင်းမှု တစ်စုံတစ်ရာ ပြုလုပ်ဖို. တစ်ခုတည်းသောနည်းလမ်းမှာ အယ်ဒီတာ့အာဘော်ပါ သတ်မှတ်ချက်များကို တစ်နည်းနည်းဖြင့် ဖြေလျှော့ပေးရန်ပင်ဖြစ်သည်။ ဤနည်းမှာ အဓိကအချက်ဖြစ်ပြီး လက်ခံဖော်ဆောင်ပါက ကျယ်ပြန်.သည့် ထောက်ခံမှုများ ရရှိနိုင်သည်။ အကယ်၍ ကျွန်တော်တို.က ကျောင်းသားလှုပ်ရှားမှုများအား တံဆိပ်တပ်ပေးထားသည်တို.ကို ဖယ်ရှားပေးလိုက်ပါက အခြေအနေများကို ပြန်လည်၍ ထိန်းချုပ်နိုင်လိမ့်မည်။ အကယ်၍ အစာငတ်ခံ ဆန္ဒပြမှုများ ဆက်ဖြစ်နေပြီး လူအချို.သေဆုံးခဲ့ပါက မီးပုံပေါ် ဓာတ်ဆီလောင်းလိုက်သကဲ့သို. ဖြစ်သွားလိမ့်မည်။ ပြည်သူလူထုနှင့် ထိပ်တိုက်တွေ.မည့် လမ်းကြောင်းကို ကျွန်တော်တို. ရွေးလိုက်ပါက ဆိုးဝါးသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပြီး လုံးဝထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားနိုင်သည်။
ကျွန်တော်၏ အမြင်များကို ရှင်းလင်းပြနေစဉ်၌ တိန်.မှာ စိတ်မရှည်နိုင်သည့်ပုံ၊ စိတ်မသက်မသာ ဖြစ်နေသည့်ပုံ ပေါက်နေသည်။ ကျွန်တော်ရှင်းလင်းတင်ပြပြီးသည်နှင့် ချက်ချင်းပင် လီပန်းနှင့် ယော်ယိလင်တို.က ကျွန်တော့်ကို ဝေဖန်ရန် မတ်တပ်ရပ်လိုက်ကြသည်။
သူတို.က ဆန္ဒပြမှုများ အရှိန်မြင့်တက်လာရခြင်းအတွက် အာရှဖွံ.ဖြိုးရေးဘဏ် ကိုယ်စားလှယ်အဖွဲ.ကို ကျွန်တော်ပြောကြားခဲ့သည့် မေလ ၄ ရက် မိန်.ခွန်း အပေါ်တွင် အပြစ်အားလုံး ပုံလိုက်ကြသည်။ ဤသည်မှာ အာရှဖွံ.ဖြိုးရေးဘဏ်မိန်.ခွန်းအပေါ် သူတို.မှ ထုတ်ဖော်ဝေဖန်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်ကြားရခြင်းဖြစ်သည်။ သူတို.သည် ၎င်းကို ကန်.ကွက်ကြသော်လည်း ယခင်ဘယ်တုန်းကမှ ဤကဲ့သို. ပွင့်ပွင့်လင်းလင်း မပြောခဲ့ကြပေ။ သူတို.၏ စွပ်စွဲချက်များက ပြင်းထန်လွန်းသည့်အတွက် ကျွန်တော့်ကို လုံးဝအံ့အားသင့်သွားစေခဲ့သည်။ သူတို.နှစ်ယောက်၏ အချုပ်အထိန်းမရှိ ကျွန်တော့်အပေါ် တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် သူတို.သည် တိန်.ရှောင်ပင်း၏ စောင်းပါးရိပ်ခြည် ထောက်ခံမှုကို ရရှိထားပြီးဖြစ်ကြောင်း သိသာပါသည်။
ဟူကျိလီက အယ်ဒီတာ့အာဘော်ကို ပြန်လည်ပြင်ဆင်သင့်ကြောင်း သူ၏အမြင်ကို ထုတ်ဖော်သည်။ ကျိုရှီကလည်း အလားတူပင်။ ယန်ရှန်ကွမ်းက အယ်ဒီတာ့အာဘော်ကို ပြန်ပြင်ဖို. ကန်.ကွက်သည်။ ဤအချက်က အခြေအနေကို ဆိုးဆိုးဝါးဝါး အကျိုးသက်ရောက်စေသည်။ “လျိုဟန်ရှန်းက မာရှယ်လောထုတ်သင့်တယ်လို. ယုံကြည်တယ်။ မာရှယ်လောထုတ်ဖို. ကျွန်တော်တို. စဉ်းစားသင့်တယ်လို.ထင်တယ်”ဟု သူကပြောသည်။ ရှန်ကွမ်းသည် ယခင်က မာရှယ်လောကို အမြဲတမ်း ကန်.ကွက်ခဲ့သည်၊ သို.သော် ယခုမူ သူကိုယ်တိုင်က သူ၏ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပါလျှက် (စစ်မှုထမ်းဟောင်းအဖွဲ.ခေါင်းဆောင်) လျိုဟန်ရှန်းကို ကိုးကားခဲ့သည်။
အဆုံးသတ်၌ တိန်.ရှောင်ပင်းက နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ “အခြေအနေများ၏ ဖြစ်ပေါ်တိုးတက်မှုများအရ ဧပြီ ၂၆ အယ်ဒီတာ့အာဘော်၏ ဆုံးဖြတ်ချက်များမှာ မှန်ကန်ကြောင်း အတည်ပြုနေသည်။ ကျောင်းသားဆန္ဒပြမှုများ ငြိမ်သက်မသွားရခြင်း၏ အကြောင်းမှာ ပါတီတွင်းကိစ္စဖြစ်သည်၊ ၎င်းမှာ ကျောက်၏ မေလ ၄ ရက် အာရှဖွံ.ဖြိုးရေးဘဏ် အစည်းအဝေးတွင် ပြောကြားခဲ့သော မိန်.ခွန်းကြောင့်ဖြစ်သည်။ ပို၍ပို၍မြန်ဆန်လာသည့် အခြေအနေများကို မထိန်းချုပ်ပဲနှင့် နောက်ပြန်ဆုတ်ဖို. လမ်းမရှိတော့သည့် အားလျော်စွာ ဆုံးဖြတ်ချက်မှာ မာရှယ်လောထုတ်ရန် ဘေဂျင်းမြို.သို. စစ်တပ်များကို ရွှေ.ပြောင်းစေဖို.ဖြစ်သည်။”
သူက လီပန်း၊ ယန်ရှန်ကွမ်းနှင့် ကျိုရှီတို. သုံးဦးအဖွဲ.ကို မာရှယ်လောထုတ်ပြန်ရေး အကောင်အထည်ဖော်ရန် တာဝန်ပေးခဲ့သည်။
တိန်.ပြောပြီးသွားသောအခါ ကျွန်တော်က ဆုံးဖြတ်ချက်တစ်ခု ချခြင်းသည် ဘာတစ်ခုမှ မဆုံးဖြတ်ခြင်းထက် ကောင်းမွန်ကြောင်း သို.သော် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို ကျွန်တော် အလွန်ပင် စိတ်ပူမိကြောင်း ပြောခဲ့သည်။ အထွေထွေအတွင်းရေးမှုး တစ်ယောက်အနေဖြင့် ဤဆုံးဖြတ်ချက်ကို စီမံခန်.ခွဲဖို.နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို. ခက်ခဲကြောင်း ကျွန်တော်က ပြန်ပြောခဲ့သည်။ တိန်.က “တကယ်လို. ဒီဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့တယ်ဆိုရင် ငါတို.အားလုံးမှာ တာဝန်ရှိမှာဖြစ်တယ်”ဟု ဆိုသည်။
ဤအစည်းအဝေး၌ပင် လီပန်းက တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေး၏ အကြောင်းအရာများ ပြင်ပသို. ပေါက်ကြားခဲ့ကြောင်း၊ အတွင်းစည်း၌ မကောင်းသည့် အစိတ်အပိုင်းအချို. ရှိနေကြောင်း၊ (ပေါ်လစ်ဗျူရို၏ နိုင်ငံရေး အတွင်းရေးမှုး) ပေါက်တုန်သည် ထိုအထဲမှ တစ်ယောက်ဖြစ်ကြောင်း အခိုင်အမာ ပြောခဲ့သေးသည်။ “ခင်ဗျားအနေနဲ. ဒီလိုစွပ်စွဲတဲ့အခါမှာ ချင့်ချင့်ချိန်ချိန်ပြောသင့်တယ်။ ခင်ဗျားမှာ ဘာအထောက်အထားရှိလို.လဲ”ဟု ကျွန်တော်က ပြန်ပြောသည်။ သူက “ကျွန်တော့်မှာ အထောက်အထားရှိပါတယ်။ နောက်မှကျွန်တော် ခင်ဗျားကို ပြမယ်”ဟု ဆိုသည်။
အစည်းအဝေး ခေတ္တရပ်နားသည်နှင့် ချက်ချင်းဆိုသလိုပင် ကျွန်တော် ထွက်လာခဲ့တော့သည်။ တိန်.က ကျန်သည့်သူများကို ဆက်နေဖို. ပြောခဲ့သလား သို.မဟုတ် အခြားအကြောင်းအရာများကို ဆက်လက်ဆွေးနွေးကြသလား ဆိုသည်ကို ကျွန်တော် ဘယ်တော့မှ မသိတော့ပါ။
ကျွန်တော်သည် ထိုအချိန်က အလွန်အမင်း စိတ်ပျက်နေမိသည်။ ဘာပဲဖြစ်ပါစေ ကျောင်းသားတွေကို ဖြိုခွင်းဖို. စစ်တပ်ကို အမိန်.ပေးတဲ့ အထွေထွေအတွင်းရေးမှုးတော့ အဖြစ်မခံနိုင်ဘူးဟု ကျွန်တော့်ကိုယ်ကျွန်တော် ပြောနေမိခဲ့သည်။ အိမ်ပြန်အရောက်၌ စိတ်လှုပ်ရှားစွာဖြင့် ပေါက်တုန်ကို ဖုန်းဆက်ပြီး တည်ဆဲကော်မတီသို.ပို.ရန် ကျွန်တော့်အတွက် နုတ်ထွက်စာတစ်စောင် ရေးပေးဖို. ပြောခဲ့သည်။
ထိုနေ.ညနေခင်း တည်ဆဲကော်မတီကို ရှင်းလင်းညွှန်ကြားချက်ပေးသည့် အစည်းအဝေး၌ ကေဒါများ၏ အစည်းအဝေးတွင် မာရှယ်လောထုတ်ပြန်ကြောင်း ကြေညာဖို. သဘာပတိလုပ်ရန် တာဝန်ပေးခြင်းကို ကျွန်တော်ငြင်းဆန်ခဲ့သည်။ “ကျွန်တော့်ရဲ.သမိုင်းပေးတာဝန်ကတော့ ပြီးသွားပြီလို.ထင်တယ်”ဟု ကျွန်တော်က ပြောခဲ့သည်။ ယန်ရှန်ကွမ်းက “ခုလိုအချိန်မှာ ဒီလိုကိစ္စမျိုးတွေ အတက်ခံရမယ့် အချိန်မဟုတ်ဖူး။ ခေါင်းဆောင်မှု အပြောင်းအလဲ မလုပ်သင့်ဘူး။”ဟု ပြောသည်။
ဗဟိုကော်မတီ အထွေထွေရုံး၊ ဝန်ဆောင်မှုဌါနသို. ကျွန်တော်၏ နုတ်ထွက်စာ ရောက်သွားသည်နှင့် ယန်ရှန်ကွမ်းက သိသွားခဲ့သည်။ သူက ကျွန်တော့်ဆီသို. ဖုန်းဆက်ပြီး ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို. အကြိမ်ကြိမ်တောင်းပန်တိုးလျှိုးခဲ့သည်။ ရှန်ကွမ်းက “ဒီသတင်း အပြင်ကိုပေါက်ကြားသွားခဲ့ရင် အခြေအနေတွေ ပိုပြီးဆိုးသွားလိမ့်မယ်။ ကျွန်တော်တို.အနေနဲ. မီးပုံပေါ်ကို ဓာတ်ဆီမလောင်းသင့်ဘူး”ဟု ပြောခဲ့သည်။
သူ.အကြောင်းပြချက်ကို ကျွန်တော်လက်ခံလိုက်ပြီး မေလ ၁၈ ရက်နေ.၌ စာအားဖြန်.ချိခြင်းကို ရပ်လိုက်ဖို. အထွေထွေရုံးကို အကြောင်းကြားခဲ့သည်။ နောက်ပိုင်း၌ ကျွန်တော့်အတွင်းရေးမှုး လီရှုကျိုးက စာကိုပြန်လည်ထုတ်ယူခဲ့သည်။
ဤနေရာ၌ မာရှယ်လောထုတ်ပြန်ဖို.နှင့် ကျောင်းသားများကို ဖြိုခွဲဖို. တိန်.ခေါ်ယူခဲ့သည့် ၎င်းအစည်းအဝေးနှင့်ပက်သက်၍ အချို.အချက်များကို ကျွန်တော်ရှင်းလင်းလိုသည်။ ပြည်သူလူထုအတွင်း၌ တည်ဆဲပေါ်လစ်ဗျူရို အစည်းအဝေးတွင် သုံးမဲနှစ်မဲ မဲပေးဆုံးဖြတ်ခဲ့ကြကြောင်း စကားများပြန်.နှံ.နေသည်၊ အမှန်စင်စစ်တွင် ဤသို.သော “သုံးမဲနှစ်မဲ” မဲပေးမှုမျိုး မရှိခဲ့ပါ။ အစည်းအဝေးကို လူအနည်းငယ်သာ တက်ခဲ့ကြသည်။ တည်ဆဲကော်မတီ အဖွဲ.ဝင်များကြားတွင် နှစ်မဲ၊နှစ်မဲ ဖြစ်သည်။ ဟူကျိလီနှင့် ကျွန်တော်က အယ်ဒီတာ့အာဘော်ကို ပြန်လည်ပြင်ဆင်ဖို.၊ ယော်ယိလင်နှင့် လီပန်းတို.က အားတက်သရော ကန်.ကွက်ကြပြီး ကျိုရှီက သူ.အမြင်ကို ရှင်းရှင်းလင်းလင်း မပြောသောကြောင့် ကြားနေမဲဖြစ်သည်။
ဤနေရာ၌ “သုံးမဲ၊နှစ်မဲ” ဆိုသည့် မဲပေးမှုမျိုး လုံးဝမရှိခဲ့ပါ။ ထိုအစည်းအဝေးကို တက်ခဲ့သည့် လူအားလုံး၏ မဲအရေအတွက်အနေနှင့်မူ တိန်.နှင့်ယန် (သူတို.သည် တည်ဆဲကော်မတီ အဖွဲ.ဝင်များ မဟုတ်ပါ)တို.၏ သဘောထားအယူအဆများကိုပါ ထည့်တွက်ပါက အမှန်တကယ်ပင် သူတို.က အများစုဖြစ်ပေလိမ့်မည်။ သို.သော်လည်း တကယ်တမ်း၌ တည်ဆဲကော်မတီသည် တရားဝင်မဲပေးမှု မလုပ်ခဲ့ပါ။
ထိုရက်များအတွင်းက ထင်ရှားသည့်ပုဂ္ဂိုလ်များစွာနှင့် ပါတီဝါရင့်ရဲဘော်အများအပြားက ကျွန်တော်နှင့် ဗဟိုကော်မတီသို. ဖုန်းဆက်၍သော်လည်းကောင်း စာဖြင့်သော်လည်းကောင်း ဆက်သွယ်ကြ၍ ကျောင်းသားများကို သင့်တင့်လျှောက်ပတ်စွာ ပြုမူဆက်ဆံရန်၊ သူတို.၏ လုပ်ရပ်များမှာ မျိုးချစ်စိတ်ကို အခြေခံကြောင်း အသိအမှတ်ပြုရန်နှင့် ကျောင်းသားများနှင့် ပက်သက်သည့် မှားယွင်းသော ရပ်တည်ချက်များကို ပြောင်းလဲရန် တောင်းပန်ခဲ့ကြသည်။ သူတို.ထဲက အချို.မှာ လီယိမန်ကဲ့သို.သော တိန်.ရှောင်ပင်း အမြဲတမ်း တလေးတစား ဆက်ဆံသည့် ဝါရင့်ရဲဘော်များ ဖြစ်ကြသည်။
မေလ ၁၈ ရက်နေ.၌ ဤစာများထဲမှ အချို.ကို ရွေးချယ်ပြီး တိန်.ရှောင်ပင်းထံသို. တစ်ဆင့်ပို.ခဲ့ပြီး သူပြန်စဉ်းစားလိမ့်မည်ဟု မျှော်လင့်လျှက် စာတစ်စောင်ရေး၍ ကျွန်တော့်ရပ်တည်ချက်ကို ထပ်မံရှင်းပြခဲ့သည်။ မျှော်လင့်ချက် အနည်းငယ်မျှသာရှိကြောင်း ကျွန်တော်သိသော်လည်း နောက်ဆုံးကြိုးပမ်းချက်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်စာမှာ အောက်ပါအတိုင်းဖြစ်သည်။
ရဲဘော်ရှောင်ပင်း
ဩဇာတိက္ကမကြီးမားတဲ့ ဝါရင့်ရဲဘော်များထံမှ စာတွေကို ကျွန်တော် တစ်ဆင့်ပေးပို.လိုက်ပါတယ်။ အဲဒီစာတွေကို သင်ဖတ်လိမ့်မယ်လို. ကျွန်တော်မျှော်လင့်ပါတယ်။
လက်ရှိအခြေအနေဟာ အလွန်ကို စိုးရိမ်စရာကောင်းပါတယ်။ အရေးအကြီးဆုံး လုပ်ရမှာကတော့ သေကြေမှုတွေကို ရှောင်လွှဲနိုင်ဖို. ကျောင်းသားတွေရဲ. အစာငတ်ခံ ဆန္ဒပြပွဲကို ရပ်သွားအောင်လုပ်ဖို.လိုပါတယ်(အဲဒီအတွက် ပြည်သူတွေက အလွန်ကို ဂရုဏာသက်နေကြပါတယ်)။ အစာငတ်ခံ ဆန္ဒပြပွဲကို ရပ်တန်.သွားစေဖို. တကယ်ဖြည့်ဆည်းပေးရမယ့် အရေးကြီးဆုံးတောင်းဆိုချက်ကတော့ သူတို.ကို တံဆိပ်ကပ်ပေးပြီး ဆုံးဖြတ်သတ်မှတ်ပေးခဲ့တဲ့ ဧပြီ ၂၆ရက် အယ်ဒီတာ့အာဘော်ကို ပြန်လည်ပြင်ဆင်ပေးဖို.နှင့် သူတို.ရဲ. လုပ်ရပ်တွေကို မျိုးချစ်စိတ်ကို အခြေခံတဲ့ လုပ်ရပ်တွေအဖြစ် အသိအမှတ်ပြုပေးဖို.ပဲ ဖြစ်ပါတယ်။
ဒီကိစ္စကို ကျွန်တော် သေသေချာချာ စဉ်းစားခဲ့ပါတယ်။ ကျွန်တော်တို.အတွက် ဘယ်လောက်ပဲ ခါးသီးနာကျင်ပါစေ ဒီလိုက်လျောအလျှော့ပေးမှုကို လုပ်ကိုလုပ်ရလိမ့်မယ်လို. ကျွန်တော်ခံစားရပါတယ်။ ပြည်သူလူထုကြားထဲကို ကျွန်တော်တို.ရဲ. အဓိကခေါင်းဆောင်တွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ဒီအချက်ကို ဝန်ခံနိုင်သည်နှင့်အမျှ စိတ်ခံစားမှုတွေရဲ. ပြင်းအားကို အကြီးအကျယ်လျှော့ချနိုင်မှာဖြစ်ပြီး ကျန်တဲ့ကိစ္စတွေကိုလည်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ငြိမ်ဝပ်ပိပြားမှုကို ထိန်းသိမ်းရေးအတွက် နောက်ဆုံးမှာ သင်ကိုယ်တိုင် ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေကို ပြုရသည့်တိုင်အောင် ကျွန်တော်တို.အနေနဲ. ဒီအချက်ကို ပထမဦးဆုံး ဆောင်ရွက်ဖို.လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ ပြည်သူအများစုကြီးက အကျောက်အကန် ကန်.ကွက်နေကြချိန်မှာ ပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်ခဲ့ရင် ပါတီနှင့်နိုင်ငံတော်ရဲ. ကံကြမ္မာအပေါ်ကို ပြင်းထန်တဲ့ ဂယက်ရိုက်မှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။
ဒီအကြံပြုချက်ကို လက်ခံစဉ်းစားဖို. အလေးအနက်စိုးရိမ်စွာဖြင့် ကျွန်တော် အနူးအညွတ် ထပ်မံတောင်းပန်အပ်ပါတယ်။
ကျောက်ကျိယန်
မေလ ၁၈ ရက်
ဤစာမှာ မေလ ၁၇ ရက်နေ. သူ.အိမ်၌ ကျင်းပခဲ့သည့် မာရှယ်လောထုတ်ပြန်ဖို. ဆုံးဖြတ်ခဲ့သည့် အစည်းအဝေးအပြီး ကွန်တော်သူ.ထံသို. ပို.ခဲ့သည့် ပထမဦးဆုံး စာဖြစ်သည်။ ကျွန်တော် မျှော်လင့်ခဲ့သကဲ့သို.ပင် အကြောင်းပြန်စာ မရခဲ့ပါ။
မေလ ၁၇ ရက်ညနေခင်း၌ ဆေးရုံတင်ထားရသည့် အစာငတ်ခံ ဆန္ဒပြကျောင်းသားများထံသို. ဗဟိုကော်မတီ ခေါင်းဆောင်များ သွားရောက်ရန် ဗဟိုကော်မတီ အထွေထွေရုံးမှ စီစဉ်ခဲ့သည်။ အစဦး၌ လီပန်းက သူသွားမည်မဟုတ်ကြောင်း ပြောခဲ့သော်လည်း ဆေးရုံသို. ဗင်ကားထွက်လုဆဲဆဲ၌ သူပေါက်ချလာသည်။ ကျွန်တော်သွားမည်ဟု သူကြားပြီးနောက် သူ.စိတ်ကို ပြောင်းလဲလိုက်ပုံရသည်။
မေလ ၁၉ ရက်နံနက်စောစော၌ တိန်အန်မင်ရင်ပြင်ရှိ ကျောင်းသားများထံသို. ကျွန်တော်သွားရောက်မည့် အချိန်၌လည်း အလားတူ အဖြစ်မျိုး ဖြစ်ခဲ့သေးသည်။ သူက ကျွန်တော်သွားမည်ကို ကန်.ကွက်ပြီး အထွေထွေရုံးအား ကျွန်တော့်ကို တားဆီးဖို. တိုက်တွန်းခဲ့သည်။ မြောက်များလှစွာသော ကျောင်းသားများ အစာငတ်ခံ ဆန္ဒပြခဲ့သည်မှာ ၇ ရက်မျှ ကြာမြင့်လာသည်အထိ မည်သည့်ဗဟိုကော်မတီခေါင်းဆောင် တစ်ယောက်မှ သွားရောက်မကြည့်ရှုသည်ကို
မည်သို.မျှ ကာကွယ်ပြောဆိုခြင်း မပြုနိုင်တော့ဟု ကျွန်တော်ခံစားရသည်။ မည်သူမျှ မသွားပါက ကျွန်တော်တစ်ယောက်တည်း သွားမည်ဟု ကျွန်တော်က စွဲစွဲမြဲမြဲ ဇွတ်ပြောခဲ့သည်။ ကျွန်တော့်ကို မည်သို.မျှမတားဆီးနိုင်၊ သွားတော့မည်ကို သူသိမြင်သွားချိန်၌ သူ၏စိတ်ကို ပြောင်းခဲ့သည်။ သို.သော် ရင်ပြင်သို. ကျွန်တော်တို.ရောက်သွားချိန်၌ ကြောက်လန်.ပြီး သူထွက်ပြေးသွားခဲ့သည်။
ကျောင်းသားများကို နုတ်ဆက်သည့်အပြင် ကျွန်တော်က မိန်.ခွန်းတစ်ခုကို လက်တန်းပြောကြားခဲ့သည်။ ထိုမိန်.ခွန်းကို မြို.တော်ရှိ အထင်ကရ သတင်းစာအားလုံးက ပုံနှိပ်ဖော်ပြခဲ့ကြသည်။ မိန်.ခွန်း၌ ကျွန်တော်က သူတို.ကို အသက်ငယ်သေးကြောင်း၊ သူတို.၏ ဘဝကို တန်ဖိုးထားဖို. ပြောကြား၍ အစာငတ်ခံ ဆန္ဒပြမှုကို ရပ်ဆိုင်းဖို. ဖျောင်းဖျရုံမျှသာ ပြောခဲ့ခြင်းဖြစ်သည်။ သူတို.၏ လုပ်ရပ်သည် ပြည်တွင်းပြည်ပအနှံ.မှ ကျယ်ပြန်.သည့် ဂရုဏာသက်မှုကို ရရှိသော်လည်း သဘောထားတင်းမာသည့် ဝါရင့်ခေါင်းဆောင်များအတွက်တော့ မည်သို.မျှ အသုံးဝင်မည်မဟုတ်ကြောင်း ကျွန်တော်ကောင်းကောင်းသိပါသည်။ အစာငတ်ခံဆန္ဒပြမှုကို ဆက်လက်၍ ပြုလုပ်နေခြင်းသည်လည်းကောင်၊ လူအချို.သေဆုံးသွားခြင်းသည်လည်းကောင်း သူတို.(ဝါရင့်များ)အတွက် မထူးခြားပါ။ သူတို.၏ ရပ်တည်ချက်မှ ရွှေ.ပေးလိမ့်မည်မဟုတ်ပါ။ ဤငယ်ရွယ်သည့် ကျောင်းသားများအတွက် သူတို.၏ ဘဝကို ဤနည်းဖြင့် အဆုံးသတ်ရမည်မှာ အချည်းအနှီးသာဖြစ်သည်ဟု ကျွန်တော်ခံစားရသည်။
သို.သော်လည်း ကျွန်တော်၏ ဆိုလိုရင်းကို ကျောင်းသားများက နားမလည်ကြပါ။ သူတို.အပေါ် မည်သို.ကိုင်တွယ်တော့မည်ကိုပင် မရိပ်မိကြပါ။ ကျွန်တော်ကတော့ ကျောင်းသားများကို ပြောခဲ့သည့် ဤမိန်.ခွန်းကြောင့် ပြင်းထန်သည့် ဝေဖန်ချက်များ စွပ်စွဲမှုများ၏ ပစ်မှတ်ဖြစ်ခဲ့ပါသည်။
မေလ ၁၇ ရက် တိန်.၏နေအိမ်မှ အစည်းအဝေးနောက်ပိုင်း၌ လီပန်းနှင့်အဖွဲ.သည် ပုံမှန်မဟုတ်သည့် လုပ်ရပ်များ အများအပြားပြုလုပ်ခဲ့သည်။ ကျောင်းသားများနှင့် တွေ.ဆုံရန် ကျွန်တော် ဆေးရုံသို.သွားသည်ဖြစ်စေ၊ ရင်ပြင်သို. သွားသည်ဖြစ်စေ ကျွန်တော့်ကိုတားဆီးရန် သူအကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်။ ကျွန်တော်ရောက်သွား၍ ကားထဲမှထွက်သည်နှင့် သူက အလျှင်အမြန်ပင် ကျွန်တော့်ရှေ.မှ ရောက်နေတော့သည်။ ဤအချက်မှာ အစဉ်အလာနှင့် ဆန်.ကျင်နေသည်။ နောက်ပိုင်း၌ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပြောပြသည်မှာ ကျွန်တော်၏ ဓာတ်ပုံကို သတင်းမီဒီယာများ၌ မပါစေရန် ကင်မရာသမားများကို ဟန်.တားထားဖို. သူက ညွှန်ကြားထားသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် နောင်လာမည့် ခေါင်းဆောင်အပြောင်းအလဲအတွက် ဤအချက်က “အဆင်မပြေ”ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။
မေလ ၁၇ ရက်ညနေခင်းမှ မေလ ၁၉ ရက်နေ.ထိ မာရှယ်လောနှင့် ပက်သက်သည့် မည်သည့်သတင်းမျှ ကျွန်တော့်ထံ ရောက်မလာခဲ့ပါ။ မေလ ၁၉ ရက်နေ.မှသာလျှင် လီပန်းနှင့် ကျောင်းသားများ၏ ဆွေးနွေးပွဲကို ရုပ်မြင်သံကြားမှတစ်ဆင့် ကျွန်တော်သိရှိခဲ့ရသည်။
သို.သော်လည်း မေလ ၁၉ ရက် နေ.ခင်းပိုင်း၌ မာရှယ်လော ထုတ်ပြန်ကြောင်းကြေညာဖို.နှင့် လီပန်း၏ မိန်.ခွန်းစာသား ပေးအပ်ဖို. အစည်းအဝေးရှိကြောင်း ကျွန်တော့်ကို ချက်ချင်းကြီး အကြောင်းကြားလာပြီး အစည်းအဝေးသဘာပတိလုပ်ဖို.နှင့် စကားပြောဖို. ပြောလာသည်။ သို.သော်လည်း အစည်းအဝေးကို မည်သို.ကျင်းပမည်၊ မည်သည့်နေရာ၌ ကျင်းပမည်၊ မည်သူတွေ တက်ရောက်မည်၊ မည်သည့်အကြောင်းအရာများကို ဆွေးနွေးရန် အစည်းအဝေးအစီအစဉ်၌ ထည့်သွင်းထားသည် စသည့်အကြောင်းများကိုမူ အသိပေးခြင်းမရှိပါ။
သူ၏မိန်.ခွန်း၌ “ကျောင်းသားဆန္ဒပြမှုများသည် မေလ ၄ ရက်နောက်ပိုင်း၌ အရှိန်မြင့်လာသည်” ဟူသည့် ထုတ်ပြန်ချက်ပင် ပါရှိခဲ့သည်။ နောက်ပိုင်း၌ ထုတ်ပြန်ချက်က ကျွန်တော်၏ မေ ၄ ရက် မိန်.ခွန်းကို ပေါ်ပေါ်တင်တင် အပြစ်တင်ထားကြောင်း သူတို.ခံစားမိသဖြင့် သတင်းစာများတွင် ပုံနှိပ်ဖော်ပြရာ၌ “ကျောင်းသားဆန္ဒပြမှုများသည် မေလဆန်းပိုင်းတွင် အရှိန်မြင့်တက်လာသည်”ဟု ပြင်ဆင်ပြောင်းလဲခဲ့သည်။ ဤသည်မှာ ကျွန်တော်၏ မေလ ၄ ရက် မိန်.ခွန်းက ဆန္ဒပြမှုများကို အရှိန်မြင့်တက်လာစေကြောင်း ပွင့်ပွင့်လင်းလင်း ညွှန်းဆိုလိုခြင်း ဖြစ်ပေသည်။ လီပန်းက ကျွန်တော်သည် ကြီးမားသည့် အမှားတစ်ခုကို ကျူးလွန်ခဲ့ကြောင်း နိုင်ငံတော်ကောင်စီဝင်များကိုလည်း ကြေညာခဲ့သေးသည်။ သူတို.သည် မာရှယ်လော ကြေညာဖို. အစည်းအဝေးကြီးမတိုင်မှီ၌ သီးသန်.အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြသေးသည်။
ဤအခြင်းအရာအားလုံးက ကျွန်တော့်ကို ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များမှ ဖယ်ထုတ်ထားလိုက်ပြီဟု ကျွန်တော်နားလည်လက်ခံထားသည့် အချက်ကို အားဖြည့်ပေးနေသည်။ မည်သည့်အချိန်က ထိုဆုံးဖြတ်ချက်ကို ချခဲ့ကြောင်း ယနေ.အချိန်ထိတိုင် ကျွန်တော်မသိသေးပါ။ မေလ ၁၇ ရက် တိန်.၏နေအိမ်တွင် မာရှယ်လောထုတ်ဖို. ဆုံးဖြတ်ချိန်၌ လီပန်း၊ယန်ရှန်ကွမ်းနှင့် ကျိုရှီတို.ကို ထိုကိစ္စအတွက် တာဝန်ပေးခဲ့သော်လည်း တိန်.က “ကျောက်က အထွေထွေအတွင်းရေးမှုးအဖြစ် ဆက်ရှိနေတုန်းပဲနော်”ဟု ပြောခဲ့သေးသည်။ သို.သော် တကယ်တမ်းတွင် ထို.နောက်ပိုင်း နေ.ရက်များ၌ ကျွန်တော့်ကို လုံးဝဘေးဖယ်ထုတ်ထားခဲ့သည်။
မေလ ၁၉ ရက်နေ.၌ ပေါ်လစ်ဗျူရိုမှ ခွင့်သုံးရက်ယူခဲ့သည်။ တည်ဆဲပေါ်လစ်ဗျူရိုကော်မတီကို လီပန်းက သဘာပတိလုပ်ရန် အကြံပေးခဲ့ပြီး မာရှယ်လောအတွက် စစ်တပ်ကို ခေါ်ယူဖို. ဆုံးဖြတ်သည့် အစည်းအဝေးကို တက်ရောက်ရန် ကျွန်တော်ငြင်းဆိုခဲ့သည်။
ထိုအချိန်က တိန်အန်မင်ရင်ပြင်မှ အစာငတ်ခံဆန္ဒပြပွဲကို ထောက်ခံဆန္ဒပြသည့် လူဦးရေမှာ အလွန်နည်းနေပြီဖြစ်သည်။ အစာငတ်ခံ ဆန္ဒပြမှုကို စွန်.လွှတ်လိုက်ကြပြီး ထိုင်သပိတ်အဖြစ် ပြောင်းလိုက်ကြသည်။ ဘေဂျင်းတက္ကသိုလ်မှ ကျောင်းသားအများစုမှာ သူတို.၏ ကျောင်းများသို. ပြန်တက်နေကြပြီဖြစ်သည်။ ရင်ပြင်တွင် ကျန်နေသေးသည့် ကျောင်းသားအများစုမှာ အခြားမြို.များမှဖြစ်သည်။
မေလ ၁၉ ရက်နေ. မာရှယ်လော ကြေညာမှုသည် (အမှန်တကယ် မေလ ၂၀ ရက်နေ.ဖြစ်သည်) နောက်ထပ် လှုံ.ဆော်မှုတစ်ခုဖြစ်ပြီး လူများစွာကို ပြန်လည်စုဝေးစေခဲ့သည်။ ထိုင်သပိတ်တွင်ပါဝင်သည့် လူဦးရေ တိုးလာစေခဲ့ပြီး အခြားသော လူမှုအဖွဲ.များက လမ်းများပေါ်တွင် စုဝေးခဲ့ကြသည်။ ဘေဂျင်းမြို.နေ လူထုမှာ မာရှယ်လောကို အကောင်အထည်ဖော်ဖို. ဘေဂျင်းမြို.သို. စစ်တပ်များ ဆင့်ခေါ်ခဲ့သည့် ဆုံးဖြတ်ချက်အတွက် စိတ်ထိခိုက်ခဲ့ကြသည်။ ဆင့်ခေါ်ခံရသည့် တပ်ဖွဲ.များမှာ သူတို.၏ လမ်းတစ်လျှောက် နေရာတိုင်းတွင် တားဆီးပိတ်ဆို. ခံခဲ့ကြရသည်။ အသက်ကြီးသည့် အမျိုးသမီးများနှင့် ကလေးငယ်များပါဝင်သည့် အဖွဲ.များက လမ်းပေါ်တွင်အိပ်၍ တားဆီးကြသည်။ စစ်တပ်များသည် ဘေဂျင်းမြို.ဆင်ခြေဖုံးတွင် ရပ်တန်.နေကြပြီး မြို.ထဲသို. မဝင်နိုင်ပဲရှိသည်။ ဤလိပ်ခဲတည်းလည်း အခြေအနေမှာ ဆယ်ရက်ကျော်မျှ ကြာမြင့်ခဲ့သည်။
မေလ ၂၁ ရက်နေ.၌ အခြေအနေကို ဆွေးနွေးရန် ကျွန်တော့်အိမ်သို. ကျိုရှီ ရောက်လာခဲ့သည်။ “လူအများစုက ကျားကိုတက်စီးမိသလိုခံစားနေကြရတယ်၊ ပြန်ဆင်းလို.လည်း မရကြတော့ဘူး။ ဘေဂျင်းကို စစ်တပ်တွေ ဆင့်ခေါ်တာဟာ တိန်.ရဲ.တောင်းဆိုချက်နှင့် ဆုံးဖြတ်ချက်သာမဟုတ်ခဲ့ရင် ကြေကွဲစရာကောင်းတဲ့ အဖြစ်ဆိုးကြီးကို ရှောင်ရှားနိုင်မှာပဲ။ ဒါပေမယ့် အခုတော့ စစ်တပ်တွေကို မဝင်နိုင်အောင် ပိတ်ဆို.ခံထားရတော့ မာရှယ်လောက မထိရောက်တော့ဘူး၊ သန်းနဲ.ချီတဲ့ ကျောင်းသားတွေ၊ မြို.ခံတွေ၊ အလုပ်သမားတွေနှင့် အစိုးရအဖွဲ.အစည်းအသီးသီးက ကေဒါတွေဟာ လမ်းပေါ်ထွက်တဲ့လူကထွက်၊ တိန်အန်မင်ရင်ပြင်မှာ စုရုံးတဲ့လူကစုနဲ. ဖြစ်နေတယ်။ အခြေအနေတွေ ဒီအတိုင်းသာ ဆက်သွားခဲ့ရင် မြို.တော်ဟာ သွက်ချာပါဒလိုက်မည့် အန္တရာယ် ရှိနေပြီ”ဟု ကျိုရှီက ပြောသည်။
ထိုအခိုက်အတန်.၌ တည်ဆဲပြည်သူ.ကွန်ဂရက်ကော်မတီ အစည်းအဝေးကို သတ်မှတ်ထားသည့်ရက်ထက် စော၍ကျင်းပပါက ပြည်သူ.ကွန်ဂရက်(အမှန်တကယ် လုပ်ပိုင်ခွင့်ရှိသည့် အဖွဲ.အစည်း)ကို ဒီမိုကရေစီနှင့် တရားဥပဒေ နည်းလမ်းများနှင့်အညီ ကျင့်သုံးစေပြီး အခြေအနေများကို ပြန်၍ဦးလှည့်နိုင်လိမ့်မည်ဟု ကျွန်တော်တွေးမိခဲ့သည်။ မေလ ၂၁ ရက်နေ.၌ (ဗဟိုကော်မတီ အတွင်းရေးမှုးအဖွဲ.ဝင်) ယန်မင်ဖူးအား ဤအကြောင်း ပြောပြပြီး ဤကိစ္စဖြစ်နိုင်ခြေရှိမရှိ ယန်ရှန်ကွမ်းနှင့် ဆွေးနွေးကြည့်ဖို. ကျွန်တော် ပြောခဲ့သည်။
ထို.မတိုင်မှီက ပြည်သူ.ကွန်ဂရက် ဒုတိယဥက္ကဌ ပန်ချုန်းရောက်လာပြီးဆွေးနွေးခဲ့သည်။ သူက ဝမ်လီသည် ပြည်ပတွင် ရောက်နေသောကြောင့် ပြည်သူ.ကွန်ဂရက် ကော်မရှင် အဖွဲ.ခေါင်းဆောင်များနှင့် အစည်းအဝေး လုပ်ခဲ့ကြောင်း၊ သူတို.အားလုံးက ကွန်ဂရက်အစည်းအဝေး ခေါ်ယူသင့်သည်ဟု ခံစားမိကြကြောင်း ပန်ချုန်းက ပြောသည်။ သူသည် ဘေဂျင်းအနောက်ဖက်ရှိ ကျောက်စိမ်းနွေဦးတောင်သို.သွားပြီး ဩဇာတိက္ကမကြီးသည့် ပါတီဝါရင့်ကြီး ပန်ဇန်းနှင့်လည်း ဆွေးနွေးခဲ့ကြောင်း သူကလည်း ကွန်ဂရက်အစည်းအဝေးခေါ်ဖို. သဘောတူကြောင်း ပြောသည်။ သူတို.သည် ဗဟိုကော်မတီသို. အစီရင်ခံစာတစ်စောင်ရေးပြီး ဝမ်လီအား သတ်မှတ်ထားသည့် ရက်ထက်စော၍ပြန်လာဖို. တောင်းဆိုခဲ့ကြသည်။
မေလ ၂၁ ရက်နေ. နေ.ခင်းပိုင်း၌ ကျွန်တော့်အိမ်သို. တည်ဆဲပေါ်လစ်ဗျူရိုအဖွဲ.ဝင် ဟူကျိလီရောက်လာပြီး ဝမ်လီပြန်လာဖို. တောင်းဆိုချက်ကို မည်သူကမှ မတုံ.ပြန်ကြကြောင်း အစီရင်ခံသည်။ ဤကိစ္စမှာ သောင်မတင်ရေမကျ ဖြစ်နေသည်။ ကျွန်တော်က ဟူကျိလီအား ပန်ချုန်ကိုဆက်သွယ်ပြီး ပြည်သူ.ကွန်ဂရက်ကော်မတီ ပါတီအဖွဲ.အနေနှင့် ဝမ်လီဆီသို. အမြန်ဆုံးပြန်လာဖို. တိုက်ရိုက်ကြေနန်းရိုက်ရန် ပြောခဲ့သည်။ ဟူကျိလီက သူ.အနေဖြင့် ဤကိစ္စကို ကျွန်တော်သဘောတူသည်ဟု ပြောနိုင်သလားဟုမေးရာ ကျွန်တော်က သဘောတူသည်ဟု ပြောနိုင်ကြောင်း ပြန်ပြောခဲ့သည်။
ထို.နောက် ကျွန်တော်က ဒုတိယ ဝန်ကြီးချုပ် ဝူရှုးကျန်ထံသို.ဖုန်းဆက်၍ ကြေနန်းရိုက်နိုင်မည့် နည်းလမ်းရှာဖို. ပြောခဲ့သည်။ လီပန်းက ဝမ်လီထံသို. ပြန်မလာရန် အခြားကြေးနန်းတစ်စောင်ရိုက်ခဲ့ကြောင်း နောက်ပိုင်း၌ ကျွန်တော်သိခဲ့ရသည်။ သူသည် တိန်.ထံမှ ကြိုတင်ခွင့်ပြုချက်ရပြီးဖြစ်နိုင်သည်။ ဤသို.ဖြင့် ဝမ်လီသည်လည်း အချိန်စော၍ ပြန်လာဖို. မဖြစ်နိုင်တော့ပေ။
ဇွန်လ ၃ ရက်ညပိုင်း၌ အိမ်ခြံဝင်းအတွင်း ကျွန်တော့်မိသားစုနှင့် ထိုင်နေကြစဉ် ကျယ်လောင်သည့် သေနတ်သံများကို ကြားလိုက်ရသည်။ ကမ္ဘာကို တုန်လှုပ်သွားစေမည့် ကြေကွဲဖွယ်အဖြစ်ဆိုးကို ရှောင်လွှဲ၍ မရတော့ပါ နောက်ဆုံး၌ ၎င်းသည် အမှန်တကယ်ဖြစ်ပေါ်လာခဲ့ပေပြီ။
ကျွန်တော်သည် အထက်ပါမှတ်စုများကို ဇွန်လ ၄ ရက် ကြေကွဲဖွယ်အဖြစ်ဆိုးကြီးအပြီး သုံးနှစ်အကြာတွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဤအဖြစ်ဆိုးကြီးသည် ယနေ.အချိန်တွင်မူ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေပြီ။ ဤအရေးအခင်းတွင် ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသူများအနက် နိုင်ငံရပ်ခြားသို. ထွက်ပြေးလွတ်မြောက်သွားသူများမှလွဲ၍ ကျန်သည့်အများစုမှာ အဖမ်းခံခဲ့ရ၊ ထောင်သွင်းအကျဉ်းချခံခဲ့ရ၊ ကြိမ်ဖန်များစွာ ညှင်းပမ်းနှိပ်စက်စစ်ကြောခံခဲ့ရသည်။ အမှန်တရားကို ယနေ.အခါတွင် ဆုံးဖြတ်ရပေမည်။ ယခုအခါတွင် အောက်ပါအချက်သုံးချက်ကို ဖြေကြားဖို.လိုပါသည်။
ပထမဆုံးအချက် အနေဖြင့် ကျောင်းသားလှုပ်ရှားမှုများသည် ပါတီဆန်.ကျင်ရေး၊ ဆိုရှယ်လစ် ဆန်.ကျင်ရေး အင်အားစုများနှင့် ခေါင်းဆောင်မှုအစိတ်အပိုင်းမှလူအချို. ပူးပေါင်းကြံစည်သည့် “အသေအချာ အကွက်ချထားသည့် လျှို.ဝှက်ကြံစည်မှု”ဟု ထိုအချိန်က ဆုံးဖြတ်ခဲ့သည်။ သို.ဆိုလျှင် ဤခေါင်းဆောင်တို.မှာ မည်သူတွေနည်း၊ ချထားသည့် အကွက်က မည်သည့်အရာနည်း၊ မည်သည့်အရာက လျှို.ဝှက်ပူးပေါင်း ကြံစည်မှုနည်း၊ ဤအချက်ကို ပံ့ပိုးသည့် မည်သည့် သက်သေအထောက်အထားရှိသနည်း စသည့် မေးခွန်းများကို မေးရပေမည်။ ပါတီအတွင်း၌ “လျှို.ဝှက်ကြံစည်နေသည့် အစုအဖွဲ.များရှိသည်”ဟုလည်း ပြောခဲ့ကြသေးသည်။ သို.ဆိုလျှင် မည်သူတွေနည်း။
ဒုတိယအနေနှင့် ဤဖြစ်ရပ်တို.သည် ပြည်ထောင်စု သမ္မတနိုင်ငံတော်နှင့် ကွန်မြူနစ်ပါတီကို ဖြုတ်ချဖို. ရည်ရွယ်ခဲ့သည်ဟုဆိုသည်။ သို.ဆိုလျှင် သက်သေအထောက်အထားက ဘယ်မှာနည်း။ ပြည်သူအများစုသည် ကွန်တော်တို.၏ အားနည်းချက်များကို ပြုပြင်ရန်သာ တောင်းဆိုနေခြင်းဖြစ်ပြီး ကျွန်တော်တို. စနစ်ကြီးတစ်ခုလုံးကို ဖြိုချဖို. ကြိုးစားနေခြင်းမဟုတ်ကြောင်း ထိုစဉ်က ကျွန်တော်ပြောခဲ့သည်။
နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးသည့်နောက်၌ ညှင်းပန်းနှိပ်စက် စစ်ဆေးမှုများမှ မည်သည့် သက်သေအထောက်အထားများ ရရှိခဲ့သနည်း။ ကျွန်တော်မှန်ခဲ့သလော၊ သူတို.မှန်ခဲ့သလော။
ပြည်ပသို. ထွက်ပြေးလွတ်မြောက်ခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများက ဇွန်လ ၄ ရက် မတိုင်မှီအထိ ပါတီသည် သူ.ဘာသာ ပြုပြင်နိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့ကြသည်။ သို.သော်လည်း ဇွန်လ ၄ ရက်နေ.နောက်ပိုင်း၌မူ ပါတီအပေါ် မျှော်လင့်ချက်မဲ့သွားကြပြီး ထိုအချိန်ကစ၍ ပါတီကို ဆန်.ကျင်သည့်ဘက်မှ ရပ်တည်ခဲ့ကြသည်ဟု ပြောကြသည်။ ဆန္ဒပြပွဲများအတွင်း၌ ကျောင်းသားများက ကြွေးကြော်သံနှင့် တောင်းဆိုချက်များစွာ တင်ပြခဲ့ကြသော်လည်း လူမှုအလွှာအားလုံးကို လွယ်လွယ်ကူကူ လှုံ.ဆော်နိုင်သည့် ကုန်ဈေးနှုန်းတက်ခြင်း ပြဿနာကမူ သိသိသာသာပင် ပျောက်နေခဲ့သည်။ အကယ်၍ ကျောင်းသားများသည် ထိုစဉ်က ကွန်မြူနစ်ပါတီကို ဆန်.ကျင်ဖို. ရည်ရွယ်ခဲ့ကြပါလျှင် အဘယ့်ကြောင့် ဤမျှဆတ်ဆတ်ထိမခံသော ပြဿနာကို အသုံးမချခဲ့ပါသနည်း။ လူအများကို စုရုံးဖို. ရည်ရွယ်ခဲ့ပါလျှင် ဤသို.သော ပြဿနာများကို တင်ပြခြင်းသည် ပို၍မလွယ်ကူပါသလော။ ကုန်ဈေးနှုန်းပြဿနာကို ကျောင်းသားများ မတင်ပြခဲ့ခြင်း၏ နောက်ကွယ်၌ ဤကိစ္စသည် ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်နေကြောင်း၊ ဤအချက်ကို ထောက်ပြ၍ လူအများကို စည်းရုံးပါက ပြုပြင်ပြောင်းလဲရေးကို အဟန်.အတားဖြစ်စေမည်ဖြစ်ကြောင်း သူတို.သိထားကြသည်မှာ ထင်ရှားပါသည်။
တတိယ အချက်အနေဖြင့် ဇွန်လ ၄ ရက် လှုပ်ရှားမှုကို စွပ်စွဲခဲ့ကြသကဲ့သို. “တန်ပြန်တော်လှန်ရေး အုံကြွမှု”ဖြစ်ကြောင်း သက်သေပြနိုင်ပါသလော။ ကျောင်းသားများသည် စည်းကမ်းတကျရှိခဲ့ကြပါသည်။ အစီရင်ခံစာ အများအပြားက ပြည်သူ.လွတ်မြောက်ရေးတပ်မတော်အား တိုက်ခိုက်ခံရပါက နေရာများစွာ၌ ကျောင်းသားများက အကာအကွယ်ပေးခဲ့ကြကြောင်း ညွှန်ပြနေသည်။ မြို.နေလူထု အများအပြားက ပြည်သူ.လွတ်မြောက်ရေးတပ်မတော်ကို မြို.တွင်းသို. ဝင်ရောက်ခြင်းမှ တားဆီးခဲ့ကြသည်။ အဘယ့်ကြောင့်နည်း။ သူတို.သည် သမ္မတနိုင်ငံတော်ကို ဖြိုချဖို. ကြံစည်ခဲ့ကြပါသလော။
လူအများအပြား ပါဝင်ပက်သက်သည့် အချိန်တိုင်း၌ လူစုအတွင်း ပြည်သူ.လွတ်မြောက်ရေးတပ်မတော်ကို တိုက်ခိုက်လိုသည့် လူအနည်းစု ပါဝင်နေမည်မှာ အမှန်ပင်ဖြစ်သည်။ အခြေအနေက ဝရုန်းသုန်းကားဖြစ်နေသည် မဟုတ်လော။ အချို.သော လူရမ်းကားများမှ အခြေအနေကို အခွင့်ကောင်းယူ၍ ပြဿနာဖန်တီးဖို. အကောင်းဆုံးအနေအထား ဖြစ်သည်မဟုတ်လော။ သို.သော် ဤလုပ်ရပ်တို.ကို ပြည်သူအများစုနှင့် ကျောင်းသားများက ပြုလုပ်သည်ဟု မည်သို. ယူဆနိုင်ပါမည်နည်း။ ယနေ.အချိန်တွင်မူ ဤမေးခွန်းများ၏ အဖြေများသည် ရှင်းရှင်းလင်းလင်း ဖြစ်နေသင့်ပါသည်။
(ကျောက်ကျိယန်၏ Prisoner of The State စာအုပ်မှ Part1 The Tiananemn Massacre ခေါင်းစဉ်အောက်မှ Chapter4, The Crackdown အခန်းကို သင့်လျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
(တောင်းပန်ချက် ။ ။ ဤဘာသာပြန်ကို ကူးယူဖော်ပြပါက "သရပါ" ဘလော့မှ ကူးယူခြင်းဖြစ်ကြောင်း ဖော်ပြစေလိုပါသည်။ အလျှဉ်းသင့်ပါက စာအုပ်အဖြစ် ထုတ်ဝေမည်ဟု စိတ်ကူးရှိသောကြောင့် ဤသို.တောင်းပန်ရခြင်းဖြစ်ပါသည်။)

No comments:

Post a Comment