Saturday, May 15, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၂ (နိုင်ငံတော် အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၂
အစဦးပိုင်းကာလ ဆုတ်ဆိုင်းမှု
ဝန်ကြီးချုပ်အဖြစ် ပထမဆုံး ကျောက်ရင်ဆိုင်ရသည့် ကြီးမားသည့် စိန်ခေါ်မှုမှာ ပါတီ၏ ဝါရင့်ကြီး ၂
ဦးမှ စတင်ပြောကြားလာသည့် ငွေကြေးဖောင်းပွမှုကို တားဆီးကာကွယ်ဖို.အတွက် စီးပွါးရေး
တိုးတက်မှုနှုန်းကို လျှော့ချရန် ဆိုသည့်အချက်ဖြစ်သည် ။ ယျေဘုယျအားဖြင့် ကျောက်သည်
ဤအရေးယူ ဆောင်ရွက်မှုကို သဘောတူသော်လည်း ဗဟိုစီမံကိန်းစနစ်အတွင်းရှိ
အုပ်ချုပ်ရေးယန္တရားသည် မည်မျှတင်းကျပ်ကြောင်း ပထမဆုံးအကြိမ် မြည်းစမ်းလိုက်ရလေသည် ။
၁၉၇၉ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်များအတွင်းတွင် စီးပွါးရေးဟန်ချက်မညီမျှမှုများကို တည့်မတ်ရန်အတွက်ရဲဘော်ချန်ယန်း၏ ဦးဆောင်မှုဖြင့် ပြန်လည်ထိန်းညှိရေးကို ဆောင်ရွက်ခဲ့သည် ။ ဗဟိုကော်မတီက ဘဏ္ဍာရေးနှင့် စီးပွါးရေး ကော်မရှင်ကို ဖွဲ.စည်းခဲ့ပြီး ရဲဘော်တိန်.ရှောင်ပင်းက ချန်ယန်းကို ဦးစီးကွပ်ကဲရန် တိုက်တွန်းခဲ့သည် ။ ဤသည်တို.မှာ ကျွန်တော် ဘေဂျင်းသို. မရောက်မှီက အဖြစ်အပျက်များဖြစ်သည် ။ နောက်ပိုင်း၌ ကျွန်တော်၏ ဦးဆောင်မှုအောက်တွင် အဖွဲ.၏ အမည်ကို ဗဟိုဟီးပွါးရေးနှင့် ဘဏ္ဍာရေး ဦးဆောင်အဖွဲ.ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည် ။
၂ နှစ်တာ စီးပွါးရေး ပြန်လည်ထိန်းညှိမှု၏ ရည်ရွယ်ချက်မှာ စီးပွါးရေးရာတာဝန်ခံ လက်ထောက်ဝန်ကြီးချုပ် လီရှန်နင်းနှင့် လက်ထောက်ဝန်ကြီးချုပ် ယူကျိလီတို. ဦးဆောင်ခဲ့သည့် အချိန်ကာလများအတွင်းက ပေါ်ပေါက်ခဲ့သည့် ပြဿနာများကို ပြန်လည်တည့်မတ်ရန်ဖြစ်သည် ။ ယူကျိလီနှင့် (နောက်ထပ် တခြား လက်ထောက်ဝန်ကြီးချုပ်တစ်ယောက် ဖြစ်သည့်) ကန်ရှိအန်းတို.က ပြန်လည်ထိန်းညှိရေးကို ဝေဖန်ကန်.ကွက်ကြသည် ။ ဤအချက်ကြောင့်ပင် နောက်ပိုင်းတွင် ယူကျိလီကို စီးပွါးရေး စီမံကိန်းကော်မရှင်မှ ထုတ်ပယ်ခဲ့ပြီး ယော်ယိလင်နှင့် အစားထိုးခဲ့ခြင်းဖြစ်သည် ။
၁၉၇၉ နှင့် ၁၉၈၀ ခုနှစ် ၂ နှစ်ကြာ ပြန်လည်ထိန်းညှိမှု အစီအစဉ် ပြီးဆုံးသွားပြီးနောက် ၁၉၈၁ ခုနှစ် အတွက် နောက်ထပ်ပြန်လည်ထိန်းညှိရေးကို အဆိုပြုကြသည် ။ ဤသည်မှာ နိုင်ငံတော်ကောင်စီအား ဦးစီးဦးဆောင်အဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် ကျွန်တော်တွေ.ကြုံရသည့် အရေးကြီးပြဿနာတစ်ခုဖြစ်သည် ။
၁၉၈၀ ခုနှစ် မေလနှင့် ဇွန်လများအတွင်း ၆ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို ဆွေးနွေးကြစဉ်က ၁၀ နှစ်အတွင်း စီးပွါးရေးကို ၂ ဆတိုးရန် ကျွန်တော် မျှော်လင့်ထားခဲ့သည် ။ ရည်ရွယ်ချက်မှာ ၁၉၈၀ မှ ၁၉၈၅ ခုနှစ်အတွင်း၌ ၁ နှစ်လျှင် ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား စီးပွါးရေးတိုးတက်နေစေရန်ဖြစ်ပြီး နောက်ထပ် ၅ နှစ်အတွင်း၌ ထို.ထက်ပို၍ တိုးတက်စေရန်ဖြစ်သည် ။
သို.သော်လည်း စီမံကိန်းရေးဆွဲရေးကော်မရှင်က ၁၉၈၁ ခုနှစ်အတွက် စီမံကိန်းမူကြမ်း ရေးဆွဲပြင်ဆင်ရာ၌ ၁၉၇၉ နှင့် ၁၉၈၀ ခုနှစ်များအတွက် ဘဏ္ဍာရေးလိုငွေမှာ ၁၀ ဘီလီယံယွမ်ထက် ကျော်လွန်နေကြောင်း တွေ.ရှိခဲ့ပြီး ၁၉၈၁ ခုနှစ် လိုငွေပြမှုသည်လည်း မြင့်မားလိမ့်မည်ဟု ကြိုတင်ခန်.မှန်းခဲ့သည် ။ တစ်ပြိုင်တည်းလိုမှာပင် ဈေးနှုန်းများမှာ မြင့်တက်နေပြီး မကျေနပ်ချက်များ ကျယ်ပြန်.စွာ ထွက်ပေါ်လာနေသည် ။
အခြေအနေကို ချန်ယန်းသိသွားသောအခါ ကျွန်တော်တို.သည် ၁၉၈၁ ခုနှစ်အတွင်း၌ ဘဏ္ဍာရေးနှင့် ငွေစာရင်းတို. ဟန်ချက်ညီ မျှတနေအောင် ပြုလုပ်ရမည်ဟု သူက အကြံပြုသည် ။ ဘဏ္ဍာရေးရှင်းတမ်း ဟန်ချက်ညီ မျှတနေစေရန်အတွက် စီးပွါးရေး အလျှင်အမြန် တိုးတက်နေမှုကို စွန်.လွှတ်ခြင်းက ပို၍ကောင်းမွန်သည်ဟု သူကယုံကြည်နေသည် ။ နှစ်စဉ်နှစ်စဉ် ထပ်ဆင့်၍ ဘဏ္ဍာရေးလိုငွေပြနေမှုက ငွေကြေးဖောင်းပွမှုအား ပိုပြီးဆိုးဝါးစေလိမ့်မည်ကို သူကစိုးရိမ်သည် ။ လီရှန်နင်းက ပို၍ကဲသေးသည် သူက ဘတ်ဂျတ်ရှင်းတမ်း မျှတရုံသာမက ဘတ်ဂျတ်ရှင်းတမ်း ပိုငွေပြအောင်ပင် ရည်မှန်းသင့်သည်ဟု ဆိုနေသေးသည် ။ သူတို.နှစ်ဦးသည် စီးပွါးရေးမူဝါဒများ ချမှတ်သည့် အတွေ.အကြုံ များစွာရှိထားသောကြောင့် ၁၉၈၁ ခုနှစ်အတွင်း နောက်ထပ် စီးပွါးရေးပြန်လည် ထိန်းညှိမှု အစီအစဉ်များ ချမှတ်တော့မည်မှာ သေချာသလောက်ရှိနေပေသည် ။ ဤသည်၏ အဓိပ္ပါယ်မှာ တည်ဆောက်ရေး စီမံကိန်းများ၏ အချိုးအစားကို လျှော့ချရမည်ဖြစ်ပြီး ဖွံ.ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို နှေးကွေးသွားစေလိမ့်မည်ဆိုသည့် သဘောပင်ဖြစ်သည် ။
စီမံကိန်းရေးဆွဲရေး ကော်မရှင်မှ ပြန်လည်ရေးဆွဲထားသည့် အစီအစဉ်ကို ဆွေးနွေးသုံးသပ်နိုင်ရန်အတွက် နိုဝင်ဘာလ ၂၈ ရက်နေ.တွင် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီသို. တင်သွင်းခဲ့သည် ။ တိန်.ရှောင်ပင်း ၊ ချန်ယန်းနှင့် လီရှန်နင်းတို. အတည်ပြုပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၆ ရက်နေ.တွင် ပြည်နယ်နှင့် ဒေသဆိုင်ရာ မြူနီစီပယ်ခေါင်းဆောင်များ တက်ရောက်သည့် ဗဟိုကော်မတီ အလုပ်အဖွဲ. အစည်းအဝေးမှတစ်ဆင့် တစ်နိုင်ငံလုံးသို. ဖြန်.ချိခဲ့သည် ။
ပြုပြင်ပြောင်းလဲရေးနှင့်အတူ နှစ်များစွာ ဆက်တိုက်ဆိုသလို သီးနှံအထွက်နှုန်းကောင်းပြီး ဈေးကွက်သည်လည်း အသက်ဝင်လှုပ်ရှားလာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းမှာလည်း မြင့်မားလာခဲ့သည် ။ ဤသို.သော အခြေအနေကောင်းများ ရှိနေသည့်အချိန်တွင် တစ်နိုင်ငံလုံးမှ ရဲဘော်များစွာသည် ပြန်လည်ထိန်းညှိရေးအစီအစဉ်များကို မလိုအပ်ဟု ရှုမြင်ကြသည် ။ ပြန်လည်ထိန်းညှိရေးဆိုသည်မှာ နိုင်ငံခြားကုမ္ပဏီတို.နှင့် ချုပ်ဆိုထားသည့် စာချုပ်တချို.ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုရမည် ၊ တချို.သော စီမံကိန်းများအတွက် လုပ်ငန်းခွင်သို. ပို.ဆောင်ထားပြီးဖြစ်သည့် စက်ယန္တရားတို.ကို ဂိုဒေါင်ထဲထည့်၍ ပြန်သိမ်းထားရတော့မည်ဟု သဘောအဓိပ္ပါယ် သက်ရောက်ပေသည် ။
အကျိုးဆက်အားဖြင့် တရုတ်ပြည်၏ စီးပွါးရေးသည် ဒုက္ခရောက်နေပြီဟု ပြည်ပနိုင်ငံများတွင် ပြောဆိုမှုများ ပေါ်ထွက်လာသည် ။ တရုတ်ပြည်၏ စီးပွါးရေး ဖွံ.ဖြိုးမှုများနှင့် ပက်သက်၍ နေရာအနှံ.တွင် ချီးကျူးသံများ ကြားနေရသည်။ ကျွန်တော်ဖတ်မိသလောက် စာများအနက်မှ ဂျပန်တစ်နိုင်ငံတည်းသာလျှင် စီးပွါးရေးကို လမ်းကြောင်းမှန်ပေါ်သို. ပြန်တင်နိုင်ရန်အတွက် ပြန်လည်ထိန်းညှိရေး လုပ်ဆောင်ဖို. လိုအပ်သည်ဟု ယုံကြည်သည် ။
ပြန်လည်ထိန်းညှိရေးအစီအစဉ်ကို ချန်ယန်းနှင့် လီရှန်နင်းတို.က အဆိုပြုတင်ပြကြသည် ။ တိန်.ရှောင်ပင်းသည် တည်ဆဲပေါ်လစ်ဗျူရိုကော်မတီ အစည်းအဝေး၌ ဤအချက်ကို သဘောတူခဲ့ပြီး ဗဟိုကော်မတီ အလုပ်အဖွဲ. အစည်းအဝေး၌ အကျိုးဆက်များနှင့် ပက်သက်၍ မိန်.ခွန်းပြောကြားခဲ့သော်လည်း ဤအစီအစဉ်မှာ သူအမှန်တကယ် လိုချင်သည့်အချက်မဟုတ်ပေ ။ အဓိက သွင်းကုန်စီမံကိန်းများကို ဖျက်သိမ်းပြီး စက်ယန္တရားများကို ဂိုဒေါင်ထဲထည့်၍ သိမ်းထားရမည်ကို သူစိတ်မချမ်းသာပေ ။ ချန်ယန်းနှင့် လီရှန်နင်းတို.၏ အယူအဆကို သဘောတူခဲ့ခြင်းမှာ ချန်ယန်းကို ထောက်ခံကြောင်း ပြသရုံမျှသာဖြစ်သည် ။
တိန်.ရှောင်ပင်းသည် ထိုအချိန်ထိ စီးပွါးရေးရာ ကိစ္စရပ်များနှင့် ပက်သက်လျှင် ချန်ယန်းကို အဓိက ဆုံးဖြတ်ချက် ချမှတ်သူအဖြစ် စဉ်းစားယုံကြည်နေဆဲဖြစ်သည် ။ သူ၏စိတ်ထဲ၌ ချန်ယန်းသည် ဆယ်စုနှစ်ပေါင်းများစွာ အတွေ.အကြုံများအရ စီးပွါးရေးနှင့်ပက်သက်၍ အနက်ရှိုင်းဆုံး သိမြင်နားလည်သူ တစ်ဦးဖြစ်ပြီး သူထက်ပို၍ သိရှိကျွမ်းကျင်သည်ဟု ယူဆနေသည် ။ အခြေအနေများသည် သူနှစ်သက်သည့် ပုံစံအတိုင်းမဟုတ်သော်လည်း ချန်ယန်းအပေါ်ထောက်ခံမှုကို ပြသခဲ့သည် ။
ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး ဟူယောင်ဘန်းသည် အစည်းအဝေး၌ ဘာမျှ မပြောခဲ့ပေ ။ ကျွန်တော့်အမြင်၌ သူသည် အလုံးစုံကို သဘောမတူသော်လည်း ပါတီဝါရင့်ကြီး ၂ ယောက်က အစီအစဉ်ကို အဆိုပြုတင်ပြခဲ့ပြီး နောက်တစ်ယောက်က သဘောတူထောက်ခံနေသည့် အနေအထား၌ သူ.အနေဖြင့် သဘောမတူ ကန်.ကွက်ကြောင်းပြသဖို. ခက်ခဲနေသည်ဟု ကျွန်တော်ထင်သည် ။ သို.သော်လည်း ၁ နှစ်တာကာလ လွန်မြောက်သွားပြီး ၁၉၈၂ ခုနှစ် နွေဦး၌ ပြည်နယ်များသို. စစ်ဆေးရေးသွားစဉ်အတွင်း “၁၉၈၁ ခုနှစ် ပြန်လည်ထိန်းညှိရေး အစီအစဉ်ဟာ စီးပွါးရေးကို နိမ့်ကျသွားစေခဲ့တယ်”ဟု သူကပြောခဲ့သည် ။ ဤစကားများ ချန်ယန်း၏ နားသို.ပြန်ရောက်သွားချိန်၌ သဘာဝကျစွာပင် သူက မကျေနပ်ပေ ။
ကျွန်တော်သည် ဗဟိုစီးပွါးရေးနှင့် ဘဏ္ဍာရေး ဦးဆောင်အဖွဲ.၏ ခေါင်းဆောင်ဖြစ်သော်လည်း ဗဟိုခေါင်းဆောင်မှု အဝန်းအဝိုင်းသို. စတင်ဝင်ရောက်ခါစဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ စီးပွါးရေးအခြေအနေနှင့် ပက်သက်၍ ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ ။ ချန်ယန်းအပေါ်တွင် ပကတိရိုးသားစွာပင် ကျွန်တော် ယုံကြည်ခဲ့သည် ။ သူ၏ အယူအဆများက ကျွန်တော်၏ “ဆယ်နှစ်အတွင်း စီးပွါးရေး နှစ်ဆတိုးတက်ရေး” အယူအဆနှင့် ကွဲပြားနေသည့်တိုင် ရဲဘော်ချန်ယန်း၏ အယူအဆကို ကျွန်တော်သဘောတူ ထောက်ခံခဲ့သည် ။ ပြန်လည်စဉ်းစားသုံးသပ်ကြည့်သောအခါ၌ နောက်ထပ်ပြန်လည်ထိန်းညှိရေး အစီအစဉ်မှာ လိုအပ်ပြီး အဆုံးသတ်ရလာဒ်များမှာ ကောင်းမွန်ပေသည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအပြီး ကာလများအတွင်းက ကျွန်တော်တို.၏ စီးပွါးရေးမှာ တွင်းထဲ၌ ကျရောက်နေဆဲဖြစ်သည် ။ နှစ်ပေါင်းများစွာကြာအောင် (ယဉ်ကျေးမှုတော်လှန်ရေး မတိုင်မှီနှင့် ယဉ်ကျေးမှုတော်လှန်ရေး ကာလများအတွင်း) မြို.ပြတည်ဆောက်ရေး ၊ စိုက်ပျိုးရေးနှင့် ပြည်သူတို.၏ လူနေမှုအဆင့်အတန်း အပါအဝင် နယ်ပယ်အသီးသီးတွင် ခေတ်နောက်ကျ ကျန်နေခဲ့သည် ။ ပို၍ ခိုင်မာတောင့်တင်းသည့် စီးပွါးရေးအဆင့်အတန်း အနေအထားသို. ရောက်ရှိစေရန်အတွက် ကျွန်တော်တို.သည် “ပြန်လည်လေ့လာရေး” ဖြစ်စဉ်ကို ကျော်ဖြတ်ရပေမည် ။ ဤသို.သော အနေအထား၌ စီးပွါးရေး အလျှင်အမြန် ဖွံ.ဖြိုးတိုးတက်ဖို. မဖြစ်နိုင်ပေ ။ ကြီးမားကျယ်ပြန်.သည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးများကိုလည်း ပြုလုပ်နိုင်မည်မဟုတ်ပေ ။
ဥပမာအားဖြင့် ကျေးလက်ဒေသ စီးပွါးရေးကို ပြန်လည်အားသစ်လောင်းရန်နှင့် လယ်သမားများကို မက်လုံးပေးရန်အတွက် စိုက်ပျိုးရေးထွက်ကုန်များ၏ဈေးကို မြှင့်တင်ခဲ့သည် ။ ရည်ရွယ်ချက်မှာ မြို.ပြနှင့် ကျေးလက်ကြား ဝင်ငွေကွာဟမှုကို လျှော့ချရန်ဖြစ်သည် ။ ဤမူဝါဒ ချမှတ်စဉ်က ကျွန်တော်သည် စီချွမ်ပြည်နယ်၌ ရှိနေဆဲဖြစ်ပြီး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည် ။ ဤနေရာ၌ ပြောစရာ ၂ ချက်ရှိသည် ။ ပထမအချက်အနေဖြင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ထွက်ကုန်များ၏ ဈေးနှုန်းကို မြှင့်ပေးရမည် သို.မဟုတ်ပါက လယ်သမားတို.အနေဖြင့် စိုက်ပျိုးထုတ်လုပ်ရန် မက်လုံးမရှိပေ ။ ဒုတိယအချက်အနေဖြင့် ထိုစဉ်က စိုက်ပျိုးရေးနှင့် တခြားကျေးလက်ဒေသ ထွက်ကုန်များတွင် နိုင်ငံတော်၏ ချုပ်ကိုင်ချယ်လှယ်မှုကို ဖယ်ရှားရန် မဖြစ်နိုင်သော်လည်း အထူးသဖြင့် ဂျုံ ၊ စပါး အဓိက စိုက်ပျိုးထုတ်လုပ်သည့် ဒေသများတွင် ပြဋ္ဌါန်းချက်အရ မဖြစ်မနေ ဝယ်ယူရမည့် အချိုးအစားကို လျှော့ချရမည် ။ နှစ်ပေါင်းများစွာကြာအောင် ဤအချိုးအစားမှာ အလွန်မြင့်မားခဲ့သည် ။ လယ်သမားတို.မှာ ဤသတ်မှတ်ချက်ကို ပြည့်မှီအောင် အလွန်အမင်းပင် ကြိုးစားကြရသည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအပြီး၌ ၁၉၇၉ ၊ ၁၉၈၀ ၊ ၁၉၈၁ ၊ ၁၉၈၂ ၊ ၁၉၈၃ နှင့် ၁၉၈၄ စသည်ဖြင့် နှစ်ပေါင်းများစွာ ဆက်တိုက်ပင် သီးနှံအထွက်နှုန်းများ တိုးလာခဲ့သည် ။ “ကျေးလက်ဒေသ မြေယာကန်ထရိုက်” မူဝါဒကို ချမှတ်ကျင့်သုံးခြင်းဖြင့် “လယ်လုပ်သူ လယ်ပိုင်ရမည်” ဟူသည့် ပြဿနာကိုဖြေရှင်းနိုင်ခဲ့သောကြောင့် ကျေးလက်ဒေသတို.သည် ကြွယ်ဝချမ်းသာမှုအသစ်တို.ကို ခံစားလာခဲ့ကြရသည်။ “လယ်သမားတို.သည် ကုန်ထုတ်လုပ်ရေး အသင်း၏ အလုပ်သမားများဖြစ်သည်” ဆိုသည့် စနစ်ဟောင်းသည် ပြောင်းလဲသွားခဲ့ပြီး လယ်သမားတို.သည် သူတို.အတွက်သူတို.ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်လာနိုင်ခဲ့ကြသည် ။
ထိုနှစ်ကာလများအတွင်းက ကျေးလက်ဒေသများမှ ပေါ်ထွန်းလာသည့် စွမ်းအားမှာ လူအများ ခန်.မှန်းတွေးဆနိုင်သည်ထက်ပင် ကျော်လွန်နေခဲ့ပြီး မယုံနိုင်စရာပင်ဖြစ်သည် ။ ဖြေရှင်းနိုင်ဖွယ်မရှိတော့ဟု ယူဆထားသည့် ပြဿနာတစ်ခုကို နှစ်အနည်းငယ်အတွင်း သူ.ဘာသာ ဖြေရှင်းပြီးသားဖြစ်သွားသည် ။ ယခင်က စိုးရိမ်ဖွယ်ကောင်းလှသည့် အစားအသောက် ရှားပါးသည့်ပြဿနာမှာ ၁၉၈၄ ခုနှစ်အတွင်း၌ လယ်သမားတို.သည် သူတို.ရောင်းချနိုင်သည်ထက် ပိုလျှံလာသည့် အနေအထားသို. ပြောင်းလဲသွားသည် ။ နှစ်စဉ်ဝယ်ယူမှုများကြောင့် နိုင်ငံတော်၏ ကောက်ပဲသီးနှံ သိုလှောင်မှုမှာ ပြည့်လျှံလာခဲ့သည် ။
အပြောင်းအလဲကို တခြားအကြောင်းရင် ၂ ခုကလည်း ပံ့ပိုးပေးခဲ့သည် ။ တစ်ခုမှာ စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည် ။ လယ်သမားတို.သည် လယ်ယာစိုက်ပျိုးရေးမှ အကျိုးအမြတ် ခံစားလာရသည် ။ နောက်ထပ် တခြားအချက်မှာ ပြဋ္ဌါန်းချက်အရ နိုင်ငံတော်သို. မဖြစ်မနေ ရောင်းချရမည့် အချိုးအစားကို လျှော့ချနိုင်မှုဖြစ်သည် ။ ဤအချက်၏ ဆိုလိုချက်မှာ လယ်သမားတို.၏ ပါးစပ်ပေါက်မှအစာကို လျှော့ယူလိုက်ခြင်းဖြစ်သည် ။
ဆယ်စုနှစ် ၂ ခုကျော်ကြာမျှ နှစ်စဉ် သီးနှံရိတ်သိမ်းပြီးချိန်တွင် သူတို.ထုတ်လုပ်လိုက်သည့် သီးနှံတို.ကို နိုင်ငံတော်သို. ရောင်းချပြီးချိန်၌ လယ်သမားတို.မှာ စားဖို.ပင် မကျန်တော့ပေ ။ ဤမူဝါဒ အသစ်ကို ချမှတ်နိုင်ခဲ့သည့်အကြောင်းမှာ ၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှ တရုတ်ပြည်သည် ကောက်ပဲသီးနှံများကို တင်သွင်းနိုင်သည်ဟု ဆုံးဖြတ်ခဲ့သောကြောင့်သာဖြစ်သည် ။ စက်မှုလုပ်ငန်းသုံး သီးနှံများကို ထိန်းထားနိုင်ရန်အတွက် ဤသို.တင်သွင်းခြင်းကို ခွင့်ပြုခဲ့သည်ဟု ရဲဘော်ချန်ယန်းကပြောသည် သို.သော်လည်း တကယ်တမ်းတွင် တင်သွင်းလာသည့် သီးနှံပမာဏမှာ မြို.ပြဒေသ စားသုံးမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည် ။ ဤသို.ဖြင့် မြို.ပြစားသုံးမှုအတွက် တစ်စိတ်တစ်ပိုင်းပါဝင်သည့် ကျေးလက်ဒေသမှ နိုင်ငံတော်သို. မဖြစ်မနေ ရောင်းချရသည့် အချိုးအစားကို လျှော့ချနိုင်ခဲ့သည် ။ ထိုနှစ်ကာလများအတွင်းက တင်သွင်းခဲ့သည့် သီးနှံပမာဏမှာ တန်ချိန် ၁၀ သန်းမှ တန်ချိန်သန်း ၂၀ ရှိသည်အထိ များပြားခဲ့သည် ။ ကောက်ပဲသီးနှံ အဓိကစိုက်ပျိုးသည့် ဒေသများမှာ သူတို.ပိုလျှံသည့် သီးနှံတို.ကို ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်ပြီး အကျိုးအမြတ်များစွာ ရရှိခဲ့သည် ။ ဤအချက်များ၏ စုပေါင်းရလာဒ်မှာ ကျေးလက်ဒေသတို. အလျှင်အမြန် ကြွယ်ဝလာခြင်းဖြစ်သည် ။
ဤမူဝါဒကို အကောင်အထည်ဖော်ဖို.အတွက် အရင်းအနှီးများ ပေးဆပ်ရသည် ။ စိုက်ပျိုးရေးထွက်ကုန် ဈေးနှုန်းများ မြင့်တက်လာချိန်တွင် မြို.ပြနေ အလုပ်သမားများ၏ ဝယ်နိုင်စွမ်းအားမှာ အကန်.အသတ်ရှိသဖြင့် မြို.ပြဒေသ စားကုန်ဈေးနှုန်းများကို ချက်ချင်းမြှင့်မပေးနိုင်ပေ ။ ထို.ကြောင့် ကျွန်တော်တို.သည် စိုက်ပျိုးရေးနှင့် တခြားကျေးလက်ဒေသ ထွက်ကုန်များအတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ရသည် ။ တစ်ပြိုင်တည်းမှာပင် သီးနှံများ တင်သွင်းရန်အတွက် နိုင်ငံခြားငွေ လိုအပ်သည် ။ ဤအချက်က စက်ယန္တရား တင်သွင်းမှုကို ထိခိုက်စေသည် ။ ထို.ပြင် မြို.ပြအိမ်ယာ တည်ဆောက်ရေးကိုလည်း တိုးချဲ.ရသည် ။ ယခုအခါ စက်ရုံများသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ပိုရှိလာသောကြောင့် အလုပ်သမားတို.၏ လုပ်ခနှင့်ဆုကြေးတို.ကို တိုးပေးကြသည် ။ ဤကိစ္စများအားလုံးအတွက် ငွေပိုပြီး ကုန်ကျခံသုံးစွဲရသည် ။ သို.သော်လည်း ဤအချက်အားလုံးမှာ ပြန်လည်နလံထူရေးဖြစ်စဉ်၏ အစိတ်အပိုင်းသာဖြစ်ပြီး နောက်ပိုင်းနှစ်ကာလများအတွင်း အခြေအနေကောင်းများ ပေါ်ထွန်းလာရေးအတွက် လမ်းကြောင်းပေးခဲ့သည် ။
၁၁ ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးအပြီး၌ ကျွန်တော်တို.နိုင်ငံ၏ အခွန်ဝင်ငွေမှာ အမျိုးသားအသားတင်ထုတ်ကုန် အချိုးအစားနှင့်နှိုင်းယှဉ်လျှင် တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့ပြီး အသုံးစာရိတ်များက မှန်မှန်ကြီး တိုးလာခဲ့သည် ။ ရလာဒ်မှာ ဘဏ္ဍာရေးလိုငွေ ပြလာခြင်းဖြစ်သည် ။ ဤသည်မှာ ကျွန်တော်တို. ပြန်ပေးရမည့် တန်ဖိုးဖြစ်၍ ဖြစ်လေ့ဖြစ်ထရှိသည့် ပြဿနာသာဖြစ်၍ ဖြေရှင်းနိုင်သည့် ပြဿနာသာဖြစ်သည် ။ ၁၉၈၄ ခုနှစ်၌ အခွန်ဝင်ငွေနှင့် အမျိုးသားအသားတင်ထုတ်ကုန်အချိုးအစားကို ဖြည်းဖြည်းချင်း မြှင့်တင်ရန် ကျွန်တော် အဆိုပြုခဲ့သည် ။ လိုငွေပြမှုကို လျှော့ချရန်အတွက် ကျွန်တော်တို.သည် ယာယီအားဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အချိုးအစားလျှော့ချခဲ့ပြီး စီးပွါးရေး ဖွံ.ဖြိုးမှု အရှိန်ကို လျှော့ချခဲ့ရသည် ။ တခြားရွေးချယ်စရာ မရှိပေ ။
ကျွန်တော်တို.သည် အကယ်၍ အခြေအနေများကို မျက်ကွယ်ပြု၍ “အားလုံးအစွမ်းကုန် တိုးတက်ရေး”ကို ဆင်နွှဲခဲ့ပါက စိုးရိမ်ဖွယ်ကောင်းလောက်အောင် မြင့်မားသည့် ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်ရပြီး လယ်သမား ၊ အလုပ်သမားတို.အပေါ်တွင် ပို၍ဝန်ပိစေလိမ့်မည်ဖြစ်သည် ။ ၁၉၇၉ ၊ ၁၉၈၀ နှင့်နောက်ထပ် ၁၉၈၁ ခုနှစ် စီးပွါးရေး ပြန်လည်ထိန်းညှိမှု အစီအစဉ်များမှာ လိုအပ်ပေသည် ။ ၁၉၈၁ ခုနှစ် ပြန်လည်ထိန်းညှိရေး အစီအစဉ်၏ ရလာဒ်အဖြစ် စိုက်ပျိုးရေးနယ်ပယ်၏ သီးနှံထွက်နှုန်းမှာ ဆက်လက်၍ တိုးတက်ခဲ့သည် ၊ ဈေးကွက်သည်လည်း ဆက်လက်၍ ကြွယ်ဝခဲ့ပြီး နိုင်ငံ၏ စီးပွါးရေးသည်လည်း အနှုတ်လက္ခဏာ မပြခဲ့ပေ ။ ဤသည်နှင့်ဆန်.ကျင်စွာပင် စီးပွါးရေးသည် ၁ နှစ်လျှင် ၄ ရာခိုင်နှုန်းမျှ တိုးတက်ခဲ့သည် ။ ၁၉၈၁ ခုနှစ်တွင် ပြန်လည်ထိန်းညှိရေး အရှိန်ရလာသည်နှင့်အမျှ ပို၍တိုးတက်လာသည် ။ ပထမ သုံးလပတ်အတွင်း တိုးတက်မှုမှာ နှိုင်းယှဉ်ခြင်းအားဖြင့် နှေးကွေးသည် ၊ ဒုတိယ သုံးလပတ်၌ အခြေအနေ ပိုကောင်းလာသည် ၊ တတိယ သုံးလပတ်၌ တိုးတက်မှုနှုန်းမြင့်လာပြီးလျှင် စတုတ္ထ သုံးလပတ်တွင် သိသိသာသာပင် တိုးတက်လာသည် ။ ဤအချက်က ပြန်လည်ထိန်းညှိရေးသည် ကောင်းမွန်မှန်ကန်ပြီး စီးပွါးရေး ပြန်လည်နလံထူလာခြင်းကို ပြသနေသည် ။
စီးပွါးရေး တိုးတက်မြဲတိုးတက်နေစေရန် ကျွန်တော်တို. ယခုလိုလုပ်ခဲ့ကြသည် ။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အချိုးအစား လျှော့ချခဲ့ပြီး အကြီးစား စက်မှုလုပ်ငန်း ၊ သံနှင့် စတီးထုတ်လုပ်သည့်လုပ်ငန်းနှင့် စက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းတို.ကို လျှော့ချခဲ့သည် ၊ ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းတို. လုပ်ကိုင်စေရန် အားပေးခဲ့ပြီး လူအများ သုံးစွဲသည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်း ကဲ့သို.သော အသေးစား လုပ်ငန်းတို.ကို တိုးချဲ.ခဲ့သည် ၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရန် အားပေးခဲ့သည် ။ ဤနည်းများဖြင့် စီးပွါးရေးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည် ။ မြို.ပြများသည် ဆက်လက်၍ ကြွယ်ဝမြဲကြွယ်ဝခဲ့ပြီး လူနေမှုအဆင့်အတန်းသည်လည်း ဆက်လက်၍ မြင့်မြဲမြင့်တက်နေခဲ့သည် ။ အလုပ်အကိုင် ရရှိမှုနှုန်း မြင့်တက်ခဲ့သည် ။ အဆုံး၌ ကျွန်တော်တို.၏ ဘတ်ဂျတ်ရှင်းတမ်းသည် ဟန်ချက်ညီ မျှတလာပြီး ယျေဘုယျအားဖြင့် ပြည်သူတို.သည်လည်း ပို၍ကျေနပ်လာသည် ။
ဤအချက်က ကျွန်တော်တို.၏ မူဝါဒတွင် အားနည်းချို.ယွင်းချက်များ ရှိနေသည်ကို ပြသနေသည် ။ ကျွန်တော်တို.သည် စီမံကိန်းရေးဆွဲရေး ကော်မရှင်မှ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကို ဖျက်သိမ်းသည့် အစဉ်အလာနည်းလမ်းများကို လုံးဝအပြီးတိုင် မတည့်မတ်နိုင်သေးပေ ။ တစ်နည်းအားဖြင့် “ဘုတ်အဖွဲ.မှ တိုက်ရိုက်ပယ်ဖျက်သည်” ဆိုသည့်နည်းလမ်းကို မပယ်ဖျက်နိုင်သေးပေ ။ စနစ်ဟောင်းသည် ဆက်လက်၍ ရှိနေမြဲဖြစ်သည့်အတွက် ဤသို.မလုပ်ရန်မှာ မလွယ်ကူလှပါ ။ ထို.ကြောင့် ကျွန်တော်တို.သည် ဒေသအသီးသီးအတွက် ခွဲတမ်းများ ချမှတ်ပေးခဲ့သည် ။
သို.သော်လည်း အမှန်တကယ် မဖျက်သိမ်းသင့်သည့် စီမံကိန်းများအတွက် ဘတ်ဂျတ်မှ အစိတ်အပိုင်းတစ်ချို.ကို ပြောင်းလွယ်ပြင်လွယ် သုံးစွဲ၍ စီမံကိန်းတစ်ချို.ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ကျွန်တော်က စီမံကိန်းရေးစွဲရေးကော်မရှင်ကို တောင်းဆိုခဲ့သည် ။ အထွေထွေ အသုံးစားရိတ်များကို ဖြတ်တောက်လျှော့ချပြီးနောက် မည်သည့်ဖြတ်တောက်မှုက ပို၍အထိနာစေမည်နည်း သို.မဟုတ် မည်သည့် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခြင်းသည် ပို၍အကျိုးရှိမည်နည်း ဆိုသည့်အချက်များကို ကျွန်တော်တို. ပြန်လည်သုံးသပ်ကြသည် ။ သိကြသည့်အတိုင်းပင် ချွင်းချက်များများ ရှိနေသည်မဟုတ်ပါ ။ မည်သို.ပင်ဆိုစေ “ဘုတ်အဖွဲ.မှ တိုက်ရိုက်ဖြတ်တောက်သည်”၏ ဆိုးကျိုးတို.ကို ကျွန်တော်တို. လျှော့ချနိုင်ခဲ့ပါသည် ။
ပြန်ပြောင်း၍ တွေးကြည့်လိုက်တိုင်းပင် ပြန်လည်ထိန်းညှိရေး အစီအစဉ်သည် အထိနာစေခဲ့ပါသည် ။ စက်ယန္တရားများ လက်ခံရရှိပြီးဖြစ်သည့် သို.မဟုတ် အလျှင်အမြန်ပြီးဆုံးရန် လိုအပ်နေပြီး တပ်ဆင်လည်ပတ်နိုင်၍ ကုန်ပစ္စည်းများကိုလည်း မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်သည့် စီမံကိန်းအားလုံးအတွက် ချွင်းချက်များ သတ်မှတ်ပေးခဲ့သင့်သည် ။ အထူးသဖြင့် ဂိုဒေါင်ထဲထည့်၍ သိမ်းထားသည့် စားရိတ်နှင့် နှိုင်းယှဉ်တွက်ကြည့်ပါက ဤသို.ပြုလုပ်ခြင်းက် ပို၍တွက်ခြေကိုက်ပေမည်။ အချို.သော စီမံကိန်းများကို နောက် ၁ နှစ်အကြာတွင် ပြန်လည်၍ စတင်နိုင်ခဲ့သော်လည်း အချိန်နှင့် ငွေကြေးတို. ဆုံးရှုံးခဲ့သည် ။ အချို.စီမံကိန်းများမှာ ပြန်လည်အရှိန်ရရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည် ။
ပို၍ပြုလွယ်ပြောင်းလွယ်သည့် ဆောင်ရွက်မှုများ မပြုလုပ်ခဲ့သည့် အကြောင်းမှာ ဤစီမံကိန်းများအတွက် စားရိတ်ကျခံရန် ကျွန်တော်တို.တွင် ပြည်တွင်းအရံငွေကြေး အလုံအလောက်မရှိသောကြောင့်ဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်း ဟန်ချက်ညီမျှတစေရန် လိုငွေပြမှုကို လျှော့ချဖို.လိုအပ်နေသောကြောင့်ဖြစ်သည် ။ ဤအရာအားလုံးမှာ ကျိုးကြောင်းဆက်စပ်နေသည် ။
ဥပမာအားဖြင့် အကယ်၍ လိုငွေပြမှုကို ချက်ချင်းမပယ်ဖျက်ပဲ ဘတ်ဂျတ်ငွေတချို.ကို တန်ဖိုးရှိသည့် စီမံကိန်းများတွင် အသုံးပြုခဲ့ပါက ၁ နှစ် သို.မဟုတ် နှစ်အနည်းငယ်အတွင်း အရင်းပြန်ကျေနိုင်သည် ။ တံခါးဖွင့် စီးပွါးရေးမူဝါဒတွင်ဆိုပါက နိုင်ငံခြားမှ ချေးငွေယူခြင်းဖြင့် ပြဿနာကို ကျွန်တော်တို. ဖြေရှင်းနိုင်ပေလိမ့်မည် ။
သို.သော် ချန်ယန်းက စိုးရိမ်နေပြီး သူ၏အယူအဆကို စွဲမြဲစွာ ဆုပ်ကိုင်နေသည် ။ သူသည် အလွန်တရာ ကြီးမားလှသည့် စီမံကိန်းများကို စိုးရိမ်ကြောက်လန်.နေပြီး စားရိတ်လျှော့ချရန်သာ တောင်းဆိုနေခဲ့သည် ။ ထိုစဉ်က ကျွန်တော်တို.တွင် လုံလောက်သည့် အတွေ.အကြုံ မရှိသေးသည့်အတွက် ကျွန်တော်တို. နားမလည် သဘောမပေါက်ခဲ့သည့် အရာများမှာ မြောက်များစွာရှိနေခဲ့သည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ် Part 3, Chapter 2 An Early Setback ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် ။)

3 comments:

  1. စာဖတ်ရတာ တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete
  2. ဟုတ်ကဲ့ပါ ။ ကျွန်တော့်စာတွေကို လာဖတ်တဲ့သူမရှိဘူးလို.တွေးပြီး စိတ်ပျက်နေမိတာအမှန်ပါ ။ နာမည်ကြီးချင်လို. လုပ်နေတာမဟုတ်ဖူးဆိုတာကိုလည်း ကိုအောင်နားလည်ပြီးသားဖြစ်မှာပါ ။ ဒီစာတစ်အုပ်လုံးကို ပြီးဆုံးတဲ့ထိ ဘာသာပြန်မယ်လို. ဆုံးဖြတ်ပြီးမှ သေသေချာချာ လုပ်နေတာပါ ။ ခုလို လာရောက်ဖတ်ရှုအားပေးတာကို ကျေးဇူးတင်ပါတယ် ။

    ReplyDelete
  3. ခင်ဗျား ဘာသာပြန်ပေးတာကို ဖတ်မဲ့လူ မရှိဘူးဆိုတာ ကျနော် လက်မခံဘူး၊
    လူတိုင်းက ဘာသာပြန်နိုင်လောက်အောင် တော်နေကြရင်လည်း တမျိုးပေါ့၊
    စာလာဖတ်သူတိုင်းက စိတ်ထဲကနေ ကျေးဇူးတင်ကြမှာပါ ဗျာ။

    ReplyDelete