Saturday, May 22, 2010

တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ ၊ အခန်း ၃ (နိုင်ငံတော်အကျဉ်းသား)

အပိုင်း ၃
တရုတ်ပြည် စီးပွါးရေး ဖွံ.ဖြိုးတိုးတက်ခြင်း၏ အကြောင်းရင်းများ
အခန်း ၃
ပြင်ပကမ္ဘာသို. နာကျင်စွာ တံခါးဖွင့်ခြင်း
တရုတ်ခေါင်းဆောင်တို.သည် အထူးစီးပွါးရေးဇုန်များစွာကို ကမ်းရိုးတန်းတစ်လျှောက်၌
တည်ထောင်ပြီး ဈေးကွက်စီးပွါးရေးကို စမ်းသပ်အကောင်အထည်ဖော်ခဲ့သည် ။ ဤသို.သော
ပြုပြင်ပြောင်းလဲမှုမျိုးကို ဒေသအနည်းငယ်၌သာ ကန်.သတ်အကောင်အထည်ဖော်ခြင်းဖြင့်
တရုတ်ပြည်၏ လစ်ဘရယ်သမားတို.သည် ဤလစ်ဘရယ်မူဝါဒတို. အကောင်အထည်ဖော်ခြင်းအပေါ်
နိုင်ငံလုံးအနှံ. ကန်.ကွက်ပိတ်ဆို. နှောင့်ယှက်မှုများ ပေါ်ပေါက်လာစေနိုင်သည့်
ပေးဆပ်ခြင်းများလှသည့် နိုင်ငံရေးစကားစစ်ထိုးပွဲများကို ရှောင်လွှဲနိုင်ခဲ့ကြသည် ။
သို.သော်လည်း အထူးစီးပွါးရေးဇုန်တို.သည် အရင်းရှင်တို.ကျက်စားသည့် နယ်မြေတစ်ခု
ဖြစ်လာသောအခါ ချန်ယန်းက “စီးပွါးရေး ရာဇဝတ်မှုများကို အပြင်းအထန်
ဆန်.ကျင်တိုက်ဖျက်ကြ”ဟူသည့် လှုပ်ရှားမှုဖြင့် ပြန်လည်တိုက်ခိုက်လာသည် ။ ကျောက်နှင့်
ဟူယောင်ဘန်းတို.အနေဖြင့် ဩဇာတိက္ကမ ကြီးမားလှသည့် ပါတီဝါရင့်ကြီးကို ရပ်တန်.သွားစေရန်
အင်အားမဲ့သကဲ့သို. ခံစားကြရသည် ။
ပြင်ပကမ္ဘာသို. တရုတ်ပြည် တံခါးဖွင့်လိုက်သည့် အစောပိုင်းကာလများအတွင်း၌
တခြားထိပ်တိုက်တွေ.မှုများလည်း ရှိခဲ့သေးသည် ။ ဥပမာအားဖြင့် ဟိုင်နန်ကျွန်းမှ မြေကွက်တစ်ခုကို
နိုင်ငံခြားကုမ္ပဏီတစ်ခုအား ငှါးရမ်းမည့် အစီအစဉ်သည် ကြီးမားသည့် ငြင်းခုန်မှုများ
ပေါ်ပေါက်လာစေခဲ့သည် ။ လူများစွာက ဤသို.သော သဘောတူညီမှုမျိုးသည် တရုတ်ပြည်၏
အချုပ်အခြာအာဏာပိုင်မှုကို ထိခိုက်စေသည်ဟု ကန်.ကွက်ဆွေးနွေးကြသည် ။ နောက်ဆုံးတွင်
ကျောက်က တိန်.ရှောင်ပင်းအား ဤသဘောတူညီမှုအတွက် ဘာမျှစိုးရိမ်ဖွယ်ရာမရှိကြောင်း
ပြောဆိုသိမ်းသွင်းနိုင်ခဲ့သည် ။
ရဲဘော်ချန်ယန်းသည် တံခါးဖွင့် စီးပွါးရေးမူဝါဒများနှင့် ပက်သက်၍ စိုးရိမ်ကြောင့်ကြမှု များစွာရှိပြီး သူနှင့် တိန်.ရှောင်ပင်း၏ ကွာခြားမှုများမှာ အတော်သိသာသည် ။
အထူးစီးပွါးရေးဇုန်များ အကောင်အထည်ဖော်ရေးကို တိန်.ရှောင်ပင်းက အဆိုပြုခဲ့ခြင်းဖြစ်သည် ။ သူက ဂွမ်ဒေါင်းပြည်နယ်အတွင်း ရှန်ဇန်းနှင့်ဇူဟိုင်း ၊ ဖူကျင့်ပြည်နယ်အတွင်း ရှာမင်း ဒေသတို.ကို ခွင့်ပြုချက်ပေးခဲ့ပြီး နောက်ပိုင်း၌ တခြားဒေသတို.ကိုလည်း တို.ချဲ.ခွင့်ပြုခဲ့သည် ။ ချန်ယန်းသည် အထူးစီးပွါးရေးဇုန်များကို အမြဲပင် ကန်.ကွက်ခဲ့သည် ။ သူသည် ဤဇုန်များသို. ဘယ်တုန်းကမှ ခြေမချခဲ့ပေ ။ သူသည် အထူးစီးပွါးရေးဇုန်များသို. ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြောင်း ၊ ပထမ၌ သူတို.က အပျက်သဘောဖြင့် အစီရင်ခံကြကြောင်း ၊ သို.သော်နောက်ပိုင်းတွင် အပြုသဘောဆောင် အစီရင်ခံကြကြောင်း ကျွန်တော်ပြန်လည် ကြားသိရသည် ။ သို.သော်လည်း သူသည် အမြဲတမ်းပင် သံသယရှိနေပြီး ကန်.ကွက်ခဲ့သည် ။
၁၉၈၁ ခုနှစ် ဒီဇင်ဘာလ၌ ပြုလုပ်ခဲ့သည့် ပြည်နယ်နှင့် ဒေသဆိုင်ရာ ပါတီအတွင်းရေးမှုးများ တက်ရောက်သည့် အစည်းအဝေးနှင့် နွေဦးပွဲတော်အတွင်း သူနှင့်အတူ ခရီးထွက်ခဲ့သည့် စီမံကိန်းရေးဆွဲရေးကော်မရှင်မှ ခေါင်းဆောင်များနှင့် ပြောဆိုဆွေးနွေးမှုများ၌ အထူးစီးပွါးရေးဇုန်များ၏ ပင်မဦးစားပေး ရည်ရွယ်ချက်မှာ စမ်းသပ်ရေးနှင့် လေ့လာရေးဖြစ်ကြောင်း ချန်ယန်းက ပြောကြားခဲ့သည် ။အထူးစီးပွါးရေးဇုန်များကို နောက်ထပ်မတိုးချဲ.နိုင်တော့ကြောင်းနှင့် ၎င်းတို.၏ ဆိုးကျိုးသက်ရောက်မှုများကို မှတ်သားထားရမည်ဖြစ်ကြောင်း သူကပြောကြားခဲ့သည် ။
မူလက ရှန်ဟိုင်းနှင့် ဇီကျန်းပြည်နယ် အပါအဝင် ကမ်းရိုးတမ်းတစ်လျှောက်၌ အထူးစီးပွါးရေးဇုန်များ ပို၍တည်ဆောက်ဖို.ဖြစ်သည် ။ သို.သော်လည်း ထိုဒေသများသည် အထူးဇုန်များ တည်ထောင်ဖို. မဟုတ်ကြောင်း ချန်ယန်းကပြောသည် ။ ဤဒေသသည် အခွင့်အရေးသမား အများအပြား ရှိသည်ဟု နာမည်ကြီးသည့် ဒေသဖြစ်ကြောင်း ၊ အခွင့်အရေး အနည်းငယ် ပေးလိုက်ရုံနှင့်ပင် သူတို.၏ ပြောင်မြောက်သည့် ကျွမ်းကျင်မှုများဖြင့် လှောင်အိမ်ထဲမှ ထွက်လာမည်ဖြစ်ကြောင်း ချန်ယန်းက ပြောကြားခဲ့သည် ။ တိန်.လီကျန်၏ ဦးဆောင်မှုအောက်တွင်ရှိသည့် အတွင်းဝန်များ သုတေသနရုံးကလည်း အထူးစီးပွါးရေးဇုန်များသည် “နိုင်ငံခြား အထူးအခွင့်အရေးဇုန်များ”အဖြစ် ကျဆင်းဆုတ်ယုတ်နေပြီဟု သက်သေပြနိုင်မည့် အချက်အလက်များကို ရှာဖွေစုဆောင်းနေခဲ့သည် ။ ချန်ယန်းနှင့် တိန်.လီကျန်တို.၏ ဩဇာလွှမ်းမှုကြောင့် တစ်ကြိမ်တွင် ဤဝေဖန်ချက်များ ကျယ်ကျယ်ပြန်.ပြန်. ပျံ.နှံ.သွားခဲ့သည် ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပက်သက်၍မူ ချန်ယန်းသည် တိန်.ရှောင်ပင်းနှင့် လုံးဝပင်သဘောထား ကွဲလွဲသည် ။ တိန်.ရှောင်ပင်းက ပမာဏကြီးမားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လက်ခံယုံကြည်သည် ။ တရုတ်ပြည်ကဲ့သို.သော စီးပွါးရေးဖွံ.ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မပါပဲ တာထွက်ကောင်းလိမ့်မည်မဟုတ်ဟု သူကယုံကြည်သည် ။ သူက အဓိကကျပြီး အရေးပါသည့် ကိစ္စရပ်များကိုသာ ကိုင်တွယ်ဖြေရှင်းပြီး မည်ကဲ့သို. ဖြေရှင်းရမည်စသည့် ကိစ္စရပ်များကိုမူ ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ ။ သူက အထူးဦးစားပေးချေးငွေ ၊ ပုံမှန်ချေးငွေ ၊ ဖက်စပ်လုပ်ငန်း စသည်တို.အားလုံးကို ထောက်ခံအားပေးခဲ့သည် ။ ချန်ယန်းကမူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို သတိကြီးစွာထားသည် ။ ရှန်ဟိုင်း-ဗောက်စ်ဝက်ဂျန် ဖက်စပ်ကုမ္ပဏီ ဖိုင်တွဲသည် သူ၏ရုံးခန်း၌ အချိန်ကြာမြင့်စွာ သောင်တင်နေခဲ့ပြီး နောက်ဆုံးတွင်မှ သူ၏ခွင့်ပြုချက် ရရှိခဲ့သည် ။
ချန်ယန်းက နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် တရုတ်ပြည် ဖွံ.ဖြိုးတိုးတက်ရေးအတွက် အဖြေမဟုတ်ဟု ယုံကြည်သည် ။ သူက နိုင်ငံခြား အရင်းရှင်များသည် ပုံမှန်အကျိုးအမြတ်မျှကိုသာ ရှာဖွေသည်မဟုတ်ပဲ “ထပ်ဆင့်အကျိုးအမြတ်”ကိုလည်း ရယူလိုကြောင်း မကြာခဏ ပြောကြားခဲ့သည် ။ တစ်နည်းအားဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှ မည်သည့်အကျိုးအမြတ်မျှ ရရှိနိုင်မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည် ။ သူက ဂူမူ (သူသည် နိုင်ငံခြားကုန်သွယ်မှုနှင့် စီးပွါးရေးရာ တာဝန်ခံဖြစ်သည်)ကို သတိကြီးကြီးထားဖို. မကြာခဏ သတိပေးခဲ့သည် ။ နိုင်ငံခြား အဖွဲ.အစည်းများမှ တရုတ်ပြည်သို.ပေးသည့် အထူးဦးစားပေးချေးငွေများမှာ စက်ယန္တရားများ ဝယ်ယူဖို.ဖြစ်ကြောင်း သူကပြောသည် ။ ၎င်းတို.မှာ အထူးဦးစားပေးအသွင် ဆောင်သော်လည်း ရည်ရွယ်ချက်မှာ (နိုင်ငံခြားကုမ္ပဏီများ၏ ရည်ရွယ်ချက်) ကုန်စည်များ တင်ပို.ရန်ဖြစ်ပြီး လျှော့ချပေးထားသည့် အတိုးနှုန်းသည် ကုန်စည်ရောင်းချသည့် အမြတ်ငွေထဲတွင် ထည့်ဆောင်းထားခြင်းဖြစ်သည် ။ ဤကဲ့သို.သော ချေးငွေများကို ချေးယူရာ၌ ကျွန်တော်တို.မှာ လွတ်လပ်စွာ မရွေးချယ်နိုင်ပဲ သတ်မှတ်ထားသည့် ကုန်စည်ကိုသာ ဝယ်ယူရသည် ။ သုံးစွဲမှုနှင့်ပက်သက်၍ ကန်.သတ်ချက်မထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည် အတိုးနှုန်းမြင့်မားပြီး ကျွန်တော်တို. မတတ်နိုင်ပေ ။
ဖက်စပ်ကုမ္ပဏီများနှင့်ပက်သက်လျှင်လည်း သူက ဝေဖန်ခဲ့သည် ။ ချန်ယန်း၏ အတွေးအခေါ်များမှာ လီနင်၏ “နယ်ချဲ.ဝါဒ” ဆိုသည့်ကျမ်းတွင် ပါရှိသည့် “ဘဏ္ဍာအရင်း” ဆိုသည့် ဖော်ပြချက်ကို အစွဲကြီးနေခြင်းဖြစ်သည်ဟု ကျွန်တော်ထင်သည် ။ ပြုပြင်ပြောင်းလဲရေး စတင်ပြီးနောက်ပိုင်း၌ သူသည် လီနင်၏ “နယ်ချဲ.ဝါဒ” ကို ပြန်လည် ဖတ်ရှုပြန်သည် ။ လီနင်၏ ဖော်ပြချက်များသည် မှန်ကန်နေဆဲဖြစ်ပြီး ကျွန်တော်တို.သည် ယခုချိန်ထိတိုင် နယ်ချဲ.ဝါဒ ခေတ်ကာလအတွင်း၌ ရှိနေဆဲဖြစ်သည်ဟု ကျွန်တော့်ကို သူတစ်ခါ ပြောခဲ့ဖူးသည် ။
“စီးပွါးရေး ရာဇဝတ်မှုများကို အပြင်းအထန် ဆန်.ကျင်တိုက်ဖျက်ကြ”လှုပ်ရှားမှုကို ၁၉၈၂ ခုနှစ် ဇန်နဝါရီလအတွင်း ကမ်းရိုးတန်းဒေသများ၌ စတင်ခဲ့သည် ။ ၎င်းသည် ဗဟိုကော်မတီနာမည်ဖြင့် အရေးကြီးနှိုးဆော်စာတစ်စောင် ပေးပို.ရာမှ စတင်ခဲ့ပြီး အလွန်ကြီးမားသည့် ဂယက်ရိုက်မှုများ ပေါ်ပေါက်ခဲ့သည် ။ ထိုစဉ်က ကျွန်တော်သည် ဇီကျန်းပြည်နယ်သို. ရောက်ရှိနေခဲ့သည် ။ လှုပ်ရှားမှုသည် ဂွမ်ဒေါင်းပြည်နယ်အတွင်း မှောင်ခိုလုပ်ငန်းများအကြောင်း ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင်သို.တင်ပြခဲ့သည့် အစီရင်ခံစာကို တုံ.ပြန်ဖြေရှင်းရာမှ စတင်ခဲ့ကြောင်း နောက်ပိုင်း၌ ကျွန်တော်ကြားသိခဲ့ရသည် ။
အစီရင်ခံစာ၌ ချန်ယန်းက “မိုးကြိုးပစ်သကဲ့သို. ပြင်းထန်၍ ပြတ်သားခိုင်မာသော တိုက်ခိုက်မှု”မျိုးဖြင့် အရေးယူရန် မှတ်ချက်ရေးခဲ့သည် ။ ထို.နောက်၌ ပါတီအထွေထွေအတွင်းရေးမှုး ဟူယောင်ဘန်းက သဘာပတိအဖြစ်ကြီးမှုး၍ အတွင်းဝန်များ အစည်းအဝေးကျင်းပခဲ့ပြီး အရေးကြီး နှိုးဆော်စာကို ထုတ်ပြန်ခဲ့သည် ။ မတ်လအတွင်း ဘေဂျင်းသို. ကျွန်တော်ပြန်ရောက်အပြီး၌ ဗဟိုကော်မတီသည် ဂွမ်ဒေါင်းနှင့် ဖူကျင်းပြည်နယ်တို.နှင့်ပက်သက်သည့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့၍ အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်ကို တစ်နိုင်ငံလုံးသို. ဖြန်.ချိခဲ့ပြီး တခြားဒေသများကို မှတ်တမ်းအကျဉ်းချုပ်၏ အနှစ်သာရများနှင့် လိုက်လျောညီထွေ လိုက်နာကျင့်သုံးကြရန် ညွှန်ကြားခဲ့သည် ။ ဧပြီလအတွင်း၌ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို.က “ပြင်းထန်သော စီးပွါးရေး ရာဇဝတ်မှုများကို အပြင်းအထန် ဆန်.ကျင်သည့် ဆုံးဖြတ်ချက်”ဆိုသည့် စာတမ်းကို ဖြန်.ချိခဲ့သည် ။
၁၉၈၁ ခုနှစ်အတွင်းက ပြုပြင်ပြောင်းလဲရေးမှာ အသစ်အဆန်းဖြစ်နေဆဲဖြစ်သည် ။ ကမ်းရိုးတန်းဒေသများကို ရည်ရွယ်ပြုလုပ်ခဲ့သည့် ဤနိုင်ငံလုံးအနှံ. လှုပ်ရှားမှုသည် ၎င်းတို.ကို များစွာမှပင် အထိနာစေခဲ့သည် ။ ပြုပြင်ပြောင်းလဲရေးက စီးပွါးရေးကို ပြန်လည်အသက်ဝင်လာစေခဲ့သလို မှောင်ခိုလှုပ်ရှားမှု ၊ ဈေးကစားမှု ၊ လာဘ်ပေးလာဘ်ယူမှုနှင့် နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားပြု ခိုးယူမှုတို.ကိုလည်း ဖြစ်ပေါ်စေခဲ့သည် ။ သို.သော်လည်း ၎င်းတို.ကို ကိစ္စတစ်ခုချင်းအပေါ် အခြေခံ၍သာလျှင် ဖြေရှင်းသင့်သည် ။
ထို.အစား ပြဿနာ၏ အတိုင်းအဆကို ပိုမိုခန်.မှန်းတွက်ချက်ခဲ့ပြီး ကျိုးကြောင်းမဆီလျော်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြသည် ။ စီးပွါးရေးဖွံ.ဖြိုးမှုကို လှုံ.ဆော်နှိုးဆွပေးရန် ရည်ရွယ်ပြီး စည်းမျဉ်းကန်.သတ်ချက်တို.ကို ဖြေလျှော့ပေးခြင်းနှင့်အတူ ယှဉ်တွဲပါလာခဲ့သည့် ရှောင်လွှဲ၍မရနိုင်သည့် အခြေအနေများကို “ဝန်းကျင်အခြေအနေသစ်များအတွင်းမှ လူတန်းစားတိုက်ပွဲ၏ အရေးကြီးသည့် သရုပ်သကန်များ” ၊ “လူတန်းစား ရန်သူများမှ ပျက်စီးယိုယွင်းနေသည့် အရင်းရှင်အတွေးအခေါ်များကို အသုံးပြုပြီး ကျွန်ုပ်တို.၏ စနစ်အား အဖျက်အမှောင့် တိုက်စားခြင်း၏ အကျိုးရလာဒ်များ” စသည်ဖြင့် စွပ်စွဲတံဆိပ်တပ်ခဲ့ကြသည် ။
“လူဇွာဆန်သည့် နေထိုင်မှုပုံစံများ မြင့်တက်လာသည်”ဟုလည်း ဖော်ပြထားသေးသည် ။ ထို.အပြင် “ယနေ.မှစ၍ ပျက်စီးယိုယွင်းနေသည့် ဘူဇွာအတွေးအခေါ်များ၏ လှိုက်စားမှုအား ဆန်.ကျင်တိုက်ဖျက်ရေးကို အားသစ်လောင်း ဆင်နွှဲသွားမည်” ၊ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွင်း၌ ကွန်မြူနစ်ဝါဒ သန်.ရှင်းစင်ကြယ်ရေးကို ဦးစားပေး ဖော်ဆောင်သွားမည်” စသည်ဖြင့်လည်း အဆိုပြုခဲ့သည် ။
ဤသို.သော တံဆိပ်တပ်စွပ်စွဲမှုများနှင့် လှုပ်ရှားမှုကို ပြုလုပ်ဖော်ဆောင်ခဲ့ကြသည့် နည်းလမ်းတို.သည် ပြုပြင်ပြောင်းလဲရေးနှင့်အတူ ပေါ်ထွက်လာခဲ့သည့် အခြေအနေများကို များစွာအကျိုးသက်ရောက်ခဲ့သည် ။ ဂွမ်ဒေါင်းနှင့် တခြားကမ်းရိုးတန်းဒေသများမှ မှောင်ခိုလုပ်ငန်းများကို အလွန်အကျူး တုံ.ပြန်ခဲ့ခြင်းသည် ပြုပြင်ပြောင်းလဲရေးနှင့် စီးပွါးရေးဖွံ.ဖြိုးမှု လှုံ.ဆော်နှိုးဆွရေး အစီအစဉ်များအပေါ် ရဲဘော်ချန်ယန်း၏ ကန်.ကွက်မှုနှင့် သံသယကြီးမားမှုများကြောင့်ဖြစ်သည် ။ ၎င်းတို.ကို အန္တရာယ်ကြီးမားသည့် မူဝါဒများဖြစ်သည်ဟု သူကယုံကြည်သည် ။
စီးပွါးရေး ရာဇဝတ်မှုများကို ဆန်.ကျင်တိုက်ဖျက်သည့် လှုပ်ရှားမှုကို အဆိုပြုခဲ့စဉ်က အထူးစီးပွါးရေးဇုန်များသည် “စီမံကိန်းစီးပွါးရေးသည် အဓိကဦးစားပေးဖြစ်ပြီး ဈေးကွက်ထိန်းညှိရေးသည် အရံအစီအစဉ်ဖြစ်ကြောင်း”ကို စွဲမြဲစွာ ခံယူထားရမည်ဟု ကြေငြာခဲ့သည် ။ ဤအချက်မှာ အထူးစီးပွါးရေးဇုန်များကို အဓိပ္ပါယ်မဲ့သွားစေမည်ဖြစ်သည် ။ သူ(ချန်ယန်း)က နိုင်ငံခြားကုန်သွယ်မှုတွင် ဗဟို၏ ထိန်းချုပ်မှုကို တိုးမြှုင့်ရန်လည်း ကြေငြာခဲ့သည် ။ နိုင်ငံတော်မှ သတ်မှတ်ထားသည့် ကမ္ပဏီများ မပါပဲနှင့် မည်သည့်ကုန်သွယ်မှု သို.မဟုတ် မည်သည့်စီးပွါးရေး လှုပ်ရှားမှုမျှ မပြုလုပ်ရန်နှင့် နိုင်ငံခြားကုန်သွယ်မှု အားလုံးသည် တရားဝင် စည်မျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဟု ကြေငြာခဲ့သည် ။ အကျိုးဆက်အားဖြင့် အထူးစီးပွါးရေးဇုန်များသို. ချပေးထားသည့် လုပ်ပိုင်ခွင့်တချို. ပြန်လည်နုတ်ယူခံလိုက်ရသည် ။ သူက နိုင်ငံတော်အတွက် မဖြစ်မနေ ဝယ်ယူရမည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ထွက်ကုန်များ၏ အချိုးအစားကို တိုးမြှုင့်ပြီး တန်ဖိုးကြီးကုန်စည်များ ဝယ်ယူမှုကို လျှော့ချဖို. လမ်းညွှန်ချက်မျာကိုလည်း ချမှတ်ပေးခဲ့သည် ။ ထို.အပြင် ကမ်းရိုးတန်းဒေသများမှ အလုပ်သမားတို.၏ ဘောနပ်စ်ကိုလည်း ကုန်းတွင်းပိုင်း ပြည်နယ်များရှိ အလုပ်သမားတို.၏ လစာထက် အနည်းငယ်မျှသာ ပိုပေးဖို. ကန်.သတ်ချက်ကိုလည်း သူက အဆိုပြုခဲ့သည် ။
စီးပွါးရေး ရာဇဝတ်မှုများကို ဆန်.ကျင်သည့် လှုပ်ရှားမှုသည် စီးပွါးရေး ထိန်းချုပ်မှုများကို လျှော့ချပေးရေးကို ဆန်.ကျင်သည့် လှုပ်ရှားမှုအဖြစ် အသွင်ပြောင်းသွားခဲ့သည် ။ ၎င်းသည် စီးပွါးရေးလုပ်ငန်းများသို. ချပေးထားသည့် လုပ်ပိုင်ခွင့်တချို.ကို ပြန်လည်သိမ်းယူသွားသည် ။ ဂွမ်ဒေါင်းနှင့် ဖူကျန်းပြည်နယ်များတွင် အထူးဦးစားပေးနှင့် ပြောင်းလွယ်ပြုလွယ်သည့် မူဝါဒများချမှတ်ပေးဖို. ခွင့်ပြုချက်မှာ အကုန်လုံးလိုလို တစ်စစီပြိုကျသွားသည် ။
ချန်ယန်းသည် ဤအခြေအနေများ ဖြစ်ပေါ်လာခြင်းအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည် ။ ပြဿနာကို မီးမွှေးပေးလိုက်သည်မှာ ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင်၏ အစီရင်ခံစာဖြစ်သည် ၊ သို.သော်လည်း ချန်ယန်း၏ လမ်းညွှန်မှုမပါပဲ ဤသို.သော လှုပ်ရှားမှုမျိုး ပေါ်ပေါက်လာမည်မဟုတ်ပါ ။ ဟူကျားမူ(ရှေးရိုးစွဲ ပေါ်လစ်ဗျူရို အဖွဲ.ဝင်တစ်ဦးဖြစ်ပြီး မော်စီတုန်း၏ အတွင်းရေးမှုးလုပ်ခဲ့ဖူးသူ)သည်လည်း ထိခိုက်နစ်နာအောင် လုပ်ခဲ့သည့် အခန်းမှ ပါဝင်ခဲ့သည် ။
တိန်.ရှောင်ပင်းကမူ ပြဿနာ၏ လေးနက်မှုကို သိကောင်းမှသိပါလိမ့်မည် အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ဖက်တွင် ပြုပြင်ပြောင်းလဲရေးကို စီမံခန်.ခွဲဖို. ကြိုးစားနေပြီး တခြားတစ်ဖက်တွင်မူ စီးပွါးရေး ရာဇဝတ်မှုများကို ထိန်းချုပ်ဖို. အားထုတ်နေသောကြောင့်ဖြစ်သည် ။ ဤလှုပ်ရှားမှုသည် ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှု တစ်ခုလုံးကို မည်မျှထိခိုက်စေကြောင်း သူသတိပြုမိပုံမရပေ ။ ယောင်ဘန်းနှင့် ကျွန်တော် ၂ ယောက်စလုံးမှာ အင်အားမဲ့သည့်နှယ် ချောင်ပိတ်မိနေကြသည် ။ အရေးကြီးနှိုးဆော်စာကို ယောင်ဘန်းသဘာပတိလုပ်သည့် အတွင်းဝန်များအစည်းအဝေးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း သူသည် အမိန်.တစ်ခုကို လိုက်နာအကောင်အထည်ဖော်နေခြင်းသာဖြစ်သည် ။
ဂွမ်ဒေါင်းနှင့် ဖူကျန်းပြည်နယ်တိုနှင့်ပက်သက်သည့် ဆွေးနွေးပွဲကို ကျွန်တော်တို. ၂ ယောက် ဦးဆောင်ကျင်းပခဲ့ပြီး အစည်းအဝေး၌ မိန်.ခွန်းပြောခဲ့သော်လည်း တကယ်တမ်း၌မူ ကျွန်တော်တို.သည် နှောင်ကြိုးဖြင့် ချည်နှောင်ခံထားရခြင်းဖြစ်သည် ။ အစည်းအဝေး၌ ပြည်နယ် ၂ ခုစလုံးမှ ရဲဘော်များက အကြီးအကျယ် စိုးရိမ်မှုကို ဖော်ပြခဲ့ကြသည် ။ ဤသို.သော လှုပ်ရှားမှုမျိုးက အထူးဦးစားပေးနှင့် ပြောင်းလွယ်ပြင်လွယ် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဖို. ခက်ခဲသွားစေလိမ့်မည်ဟု သူတို.က ယုံကြည်ကြသည် ။ တစ်ဖက်၌ ကျွန်တော်တို. ၂ ဦးသည် သူတို.အား ဗဟိုကော်မတီမှ ချမှတ်လိုက်သည့် နှိုးဆော်စာကို လက်ခံလိုက်နာကြဖို. ဖြောင်းဖျသိမ်းသွင်းရပြီး တခြားတစ်ဖက်တွင်မူ ကမ်းရိုးတန်းဒေသများသို. ပြုပြင်ပြောင်းလဲရေးက ဆောင်ကြဉ်းပေးလာသည့် အခြေအနေကောင်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများ နည်းနိုင်သမျှ နည်းသွားစေရေးအတွက် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ကာကွယ်ဖို. ရဲဘော်ချန်ယန်းအား တတ်နိုင်သမျှ ဖြောင်းဖျစည်းရုံးဖို. လိုအပ်ပေသည် ။
အစည်းအဝေး၌ ရဲဘော်ချန်ယန်းက ဂွမ်ဒေါင်းပြည်နယ် ပါတီကော်မရှင်အတွင်းရေးမှုး ရန်ဇန်းကျိအား ရာထူးမှ ဖယ်ရှားပစ်ဖို. အဆိုပြုခဲ့သည် ။ သူက ဂွမ်ဒေါင်းနှင့် ဖူကျန်း ကဲ့သို.သော ဒေသများ၌ ရန်ဇန်းကျိလို “ပါးနပ်လွန်းသည့်လူများ” မရှိသင့်ပဲ ကိုယ်ကျင့်တရားကောင်းမွန်သူမျိုးကသာလျှင် ဦးဆောင်သင့်ကြောင်း ချန်ယန်း၏ စကားဖြင့်ပြောရပါက “နှုတ်မရနိုင်သည့်သံမှိုကဲ့သို. ခိုင်မာသည့်သူမျိုး”ကသာ ဦးဆောင်သင့်ကြောင်း သူကယုံကြည်သည် ။
ယောင်ဘန်းနှင့်ကျွန်တော်က နောက်ဆုံး၌ ချန်ယန်းအလျှော့ပေးသွားသည်အထိ အကြိမ်ကြိမ်တောင်းပန်ခဲ့ရသည်။ အကြောင်းတစ်ခုမှာ တိုတောင်းလှသည့် အချိန်အတွင်း၌ သူ.ကိုအစားထိုးနိုင်မည့် သင့်လျော်သည့်သူ မတွေ.နိုင်သောကြောင့်ဖြစ်သည် ။ သူ.နေရာကို အစားထိုးရန် ချန်ယန်းအဆိုပြုသူတစ်ယောက်မှာ ကျန်းမာရေး မကောင်းသဖြင့် နောက်ဆုံး၌ သူအလျှော့ပေးလိုက်ရသည် ။
အချိန် ၁ နှစ်ကျော်မျှ ကြာမြင့်ခဲ့သည့် ဤလှုပ်ရှားမှုသည် ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့သည် ။ လုပ်ရင်းကိုင်ရင်းမှ မှားယွင်းမိသည့် အမှားအယွင်းများ ၊ အားနည်းချက်များကို ရာဇဝတ်မှုအဖြစ် အရေးယူသည် ။ ရာဇဝတ်မှု မကျူးလွန်ပဲ ပြစ်ဒဏ်ချမှတ်ခြင်းများ ၊ သေးငယ်သည့် ဥပဒေ ချိုးဖောက်မှုများအတွက် ပြင်းထန်သည့် အပြစ်ပေး အရေးယူမှုများ မြောက်များစွာ ပေါ်ပေါက်ခဲ့သည် ။ ပြုပြင်ပြောင်းလဲရေး၏ အကျိုးရလာဒ်အဖြစ် မူလကရှုမြင်ခဲ့သည့် အခြေအနေများကို ခေါင်းပုံဖြတ် အမြတ်ကြီးစားမှုနှင့် အလွဲသုံးစားမှုအဖြစ် မှတ်ယူခဲ့ကြသည် ။
ဥပမာအားဖြင့် သူတို.၏ အားလပ်ချိန်တွင် ကိုယ်ပိုင်အလုပ်လုပ်သည့် သို.မဟုတ် တခြားအချိန်ပိုင်းအလုပ်လုပ်သည့် နိုင်ငံပိုင်စုပေါင်းလုပ်ငန်းမှ ကျွမ်းကျင်သူ ပညာရှင်လုပ်သား ၊ ပြည်ပသို. ကုန်စည်တင်ပို.ရောင်းချရာမှ ပိုလျှံသည့် နိုင်ငံခြားငွေကို အသုံးပြုသည့် သို.မဟုတ် တခြားငွေကြေးဖြင့် ဖလှယ်ခြင်းပြုလုပ်သည့် အဖွဲ.အစည်းများ ၊ အစိုးရအဝယ်တော်များနှင့် သူတို.၏ ကုန်သွယ်ဖက်များကြားတွင် သုံးစွဲသည့် လူမှုရေးအသုံးစားရိတ်များ စသည်တို.အားလုံးကို ရာဇဝတ်မှုအဖြစ် မှတ်ယူခဲ့သည် ။ လူများစွာကို မှားယွင်းစွာ ပြစ်ဒဏ်စီရင်ခဲ့သည် ။ နောက်ပိုင်း၌ ဤအမှုများကို ပြန်လည်သုံးသပ်ခဲ့ပြီး သူတို.၏ ဂုဏ်သိက္ခာကို ပြန်လည်အသိအမှတ်ပြု အဖတ်ဆယ်ပေးခဲ့ရသည် ။
ဤလုပ်ရပ်တို.က လူအများအား ပြုပြင်ပြောင်းလဲရေးအပေါ် သံသယဝင်စေခဲ့သည် ။ မည်သည်တို.ကို ခွင့်ပြု၍ မည်သည်တို.ကို ခွင့်မပြုကြောင်း သူတို.မဝေခွဲတတ်တော့ပေ ။ စီးပွါးရေးနယ်ပယ်အတွင်း အလုပ်လုပ်နေသည့် ရဲဘော်တချို.သည် မည်သည့်လုပ်ရပ်မျှ မလုပ်ခင် အခြေအနေကို စောင့်ကြည့်နေခဲ့ရသည် ။ တချို.အဝယ်တော်များနှင့် အရောင်းသမားတို.က လပေါင်းများစွာကြာအောင် ခရီးထွက်ရမည်ကို ငြင်းဆန်လာကြသည် ။
ဗဟိုကော်မတီမှ ထုတ်ပြန်သည့် နှိုးဆော်စာ၏ ရလာဒ်အဖြစ် သူတို.၏ ရှေးရိုးစွဲ အယူအဆများကို ဖက်တွယ်ထားပြီး ပြုပြင်ပြောင်းလဲရေးအပေါ် မသက်မသာဖြစ်နေသည့် နိုင်ငံတစ်ဝှမ်းရှိ စည်းကမ်းထိန်းသိမ်းရေး အဖွဲ.အစည်းများမှလူများသည် စက်ရုံများ ၊ လုပ်ငန်းဋ္ဌါနများသို. အကြိမ်ကြိမ် သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး လုပ်ငန်းကိုင်ငန်းများကို ကြီးမားစွာ ဒုက္ခရောက်စေခဲ့ကြသည် ။ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များစွာ ရပ်တန်.သွားခဲ့သည်။
၁၉၈၈ ခုနှစ် ဆောင်းဦးပေါက်ရာသီတွင် ဟိုင်နန်ကျွန်းရှိ ယန်ပုစီမံကိန်းနှင့်ပက်သက်၍ စိုးရိမ်စရာများ ရှိခဲ့သည် ။
ယန်ပုဒေသသည် စိုက်ပျိုး၍မရသည့် ကျတ်တီးမြေ အကွက်လေးတစ်ခုသာဖြစ်သည် ။ ကျွန်တော်တို.အတွက် ၎င်းဒေသကို ဖွံ.ဖြိုးတိုးတက်အောင်လုပ်ဖို. ခက်ခဲစေမည်ဖြစ်သော်လည်း အကယ်၍ ဤဒေသကို နိုင်ငံခြား စီးပွါးရေးလုပ်ငန်းများသို. ငှါးရမ်းပါက သူတို.အနေဖြင့် လျှင်မြန်စွာ ဖွံ.ဖြိုးအောင် လုပ်နိုင်ကြလိမ့်မည်ဖြစ်သည် ။ ဟိုင်နန်ပါတီ အတွင်းရေးမှုး ဇူရှိကျီနှင့် ဟိုင်နန်အုပ်ချုပ်ရေးမှုး လီယန်ရှန်းတို.က ဟောင်ကောင်ရှိ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ဋ္ဌါနခွဲဖြစ်သည့် ကူမဂိုင်ဂူမိနှင့် အဆက်အသွယ်ရရှိပြီး ဤသို.သောကမ်းလှမ်းမှုမျိုး ရရှိခဲ့ပြီး ကုမ္ပဏီက ငွေဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမည်ဟု သဘောတူသည် ။
ကျွန်တော်က ယန်ပုစီမံကိန်းကို ချန်ယန်းထံသို. တင်ပြခဲ့သော်လည်း သူက သူ၏အမြင်ကို မပြောခဲ့ပေ ။ ထို.ကြောင့် ကျွန်တော်က တိန်.ရှောင်ပင်းထံသို. ဆက်လက်အစီရင်ခံရာ သူက အလွန်ထောက်ခံခဲ့ပြီး အမြန်ဆုံးအကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့သည် ။
ထိုစဉ်အချိန်က နိုင်ငံတစ်ဝှမ်းမှ လူများစွာအဖို. ဤသို.သောဖြစ်ရပ်မျိုး ပေါ်ပေါက်လာမည်ဟု မတွေးထင်မိကြသေးပေ။ တရုတ်ပြည်သည် အတိတ်ကာလက လုံးဝသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းအားဖြင့်သော်လည်းကောင်း ကိုလိုနီပြုခြင်း ခံခဲ့ရသည် ။ ထို.ကြောင့် လူအများသည် အချုပ်အခြာအာဏာပိုင်မှုနှင့် ပက်သက်လာလျှင် အလွန်ပင် အကဲဆတ်သည့် အနေအထားရှိသည် ။ စင်ဟွာတက္ကသိုလ် လက်ထောက်ပါမောက္ခချုပ် ဇန်ဝေက သုတေသနတစ်ချို. ပြုလုပ်ပြီး နိုင်ငံခြားသားများသို. ငှါးရမ်းပေးထားသည့် အကျယ်အဝန်း ဧရိယာ ကြီးမားသည့် ဒေသများသည် နိုင်ငံတစ်ခုအတွင်းရှိ သီးခြားလွတ်လပ်သည့် နယ်မြေတစ်ခုနှင့် အလားသဏ္ဍာန်တူကြောင်း တစ်နည်းအားဖြင့် အချုပ်အခြာအာဏာပိုင်မှုကို ရောင်းချသည်နှင့် အလားတူကြောင်း အစီရင်ခံစာတစ်စောင် ရေးသားတင်ပြခဲ့သည် ။ ဤကိစ္စမှာ ၁၉၈၉ ခုနှစ် အမျိုးသား ပြည်သူ.ကွန်ဂရက်တွင် အဓိက အကြောင်းအရာကြီးဖြစ်လာပြီး အနှောင့်အယှက် အတော်ဖြစ်ခဲ့သည် ။ ကွန်ဂရက်တွင် ဇူရှိကျီက ရှင်းလင်းတင်ပြသော်လည်း လူအများက နားမထောင်လိုကြပေ ၊ သူတို.၏ ဆန်.ကျင်မှုမှာ ပြင်းထန်လှသည် ။ ဆန်.ကျင်ကန်.ကွက်မှုများ၏ နောက်ကွယ်၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိမရှိ ကျွန်တော်မသိပါ သို.သော် သူတို.က စီမံကိန်းကို ပယ်ဖျက်ရန် ဆုံးဖြတ်ထားကြပြီး ဟိုင်နန်မှ အရာရှိအများအပေါ် အပြစ်ပုံချချင်နေကြသည် ။
ယန်ပုစီမံကိန်းကို ဒုတိယဝန်ကြီးချုပ် တီယန်ကျိယွန်က ဦးဆောင်ပြီး ကျွန်တော်က ထောက်ခံကြောင်း ပါတီဝါရင့်ကြီး လီရှန်နင်း သိသွားသောအခါ စီမံကိန်းသည် “ဂုဏ်သိက္ခာအရ ဆုံးရှုံးမှုဖြစ်ကြောင်း ၊ ကျွန်တော်တို.၏ နိုင်ငံတော်ကို စော်ကားမှုဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာပိုင်မှုကို သစ္စာဖောက်မှုဖြစ်ကြောင်း”ဖြင့် စွပ်စွဲအပြစ်တင်သည့် စာတမ်းတစ်စောင် ရေးသားခဲ့သည် ။ ဤသည်မှာ လီရှန်နင်း၏ ပြုပြင်ပြောင်းလဲရေးကို ခုခံဆန်.ကျင်မှုတစ်ခုဖြစ်ပြီး ကျွန်တော့်ကို တိုက်ခိုက်ရန်နှင့် တခြားသူများအား ကျွန်တော့်ကို ဆန်.ကျင်ဖို. လှုံ.ဆော်ရန် အခွင့်အလမ်းကို ရှာကြံနေတတ်သည့် သူ၏နိုးကြားတက်ကြွှမှု ဥပမာတစ်ခုဖြစ်သည် ။ ဤဖြစ်ရပ်မတိုင်မှီက ကျွန်တော်နှင့် ပါတီဝါရင့်ကြီး ရဲဘော်ဝမ်ဇန်းတို.ကြားတွင် သဘောထားကွဲလွဲမှု တစ်ခါမျှ မရှိခဲ့ပဲ အကြောင်းကိစ္စများကို သူနှင့်တိုင်ပင်ဆွေးနွေးနိုင်ခဲ့ပြီး သူ၏ထောက်ခံမှုကို ရရှိနိုင်ခဲ့သည် ။ သို.သော်လည်း ၁၉၈၈ ခုနှစ်တွင် အနေအထားများ ပြောင်းလဲသွားခဲ့ပြီး သူက ကျွန်တော့်ကို တက်ကြွှစွာ ဆန်.ကျင်လာခဲ့သည် ။ ဇွန်လ ၄ ရက်နောက်ပိုင်း၌မူ သူကကျွန်တော့်ကို “တန်ပြန်တော်လှန်ရေးသမား” ၊ “လျှို.ဝှက်ကြံစည်သည့် ဂိုဏ်းအုပ်စုလေး၏ နောက်ကွယ်မှ ကြိုးကိုင်ချယ်လှယ်သူ” စသည်ဖြင့် စွပ်စွဲခဲ့သည် ။ သူ၏သဘောထား ပြောင်းလဲသွားခြင်းသည် လီရှန်နင်းနှင့် တိန်.လီကျန်တို.၏ ပယောဂကြောင့်ဖြစ်နိုင်သည် ။
လီရှန်နင်းသည် ရဲဘော်တိန်.ရှောင်ပင်းထံသို.လည်း စီမံကိန်းကို ရှုတ်ချသည့် စာတစ်စောင် ပေးပို.ခဲ့သေးသည် ။ တိန်.ကမူ အသေးစိတ်များကို ဂရုမပြုမိပေ ၊ သို.သော်လည်း လူအများအပြားက ဆန်.ကျင်ကြသည်ကို တွေ.ကြုံလာပြီးနောက်တွင် “လောလောဆယ်မှာ ဒီစီမံကိန်းကို ဆက်ပြီးအကောင်အထည် မဖော်သင့်သေးဘူး”ဟု သူကပြောခဲ့သည် ။ ထို.မတိုင်မှီလေးအတွင်းကလည်း ရဲဘော်ချန်ယန်းက ကျွန်တော့်ထံသို. စာရွက်စာတမ်းတစ်စောင် ထပ်ဆင့်ပေးပို.ခဲ့ပြီး “ဤကိစ္စအပေါ်တွင် သတိကြီးစွာထားရန်” ဟု တောင်းဆိုခဲ့သည် ။
အငြင်းပွါးမှု၏ အဓိကအချက်မှာ အချုပ်အခြာအာဏာပိုင်မှုဖြစ်သည် ၊ ထို.ကြောင့် ကျွန်တော်၏ ဝန်ထမ်းများအား ယန်ပုဒေသဖွံ.ဖြိုးရေးစီမံကိန်းသည် အချုပ်အခြာအာဏာပိုင်မှုနှင့် မပက်သက်ကြောင်း ရှင်းလင်းပြနိုင်မည့် အသေးစိတ်အချက်များ ရေးသားစေခဲ့သည် ။ တိန်.ထံသို. ကျွန်တော်က သတင်းအချက်အလက်အချို.နှင့်အတူ စာတစ်စောင် ရေးသားပေးပို.ခဲ့သည် ။ “ငှါးရမ်းခြင်းမှာ ကောင်းမွန်မှန်ကန်သည့် လုပ်ရပ်ဟုတ်မဟုတ်ဆိုသည်ကို လေ့လာယူနိုင်ပါသည် ။ သို.သော် ဤကိစ္စသည် အချုပ်အခြာအာဏာပိုင်မှုနှင့် မည်သို.မျှ မပက်သက်ပါ”ဟု ကျွန်တော်က ရေးခဲ့သည် ။
နောက်ပိုင်း၌ တိန်.က ကျွန်တော့်ကို အသေးစိတ်အချက်များမေးသောအခါ “ယန်ပုဒေသဟာ စိုက်ပျိုးလို. မရနိုင်တဲ့ ကျတ်တီးကုန်းမြေလေးပါ ။ တကယ်လို. ကျွန်တော်တို.က ဒီဒေသကို နိုင်ငံခြားစီးပွါးရေးလုပ်ငန်းတွေကို မငှားရမ်းဘူးဆိုရင် နောက်ဆယ်နှစ် အနှစ်နှစ်ဆယ်အကြာမှာလည်း ဒီဒေသဟာ ကျတ်တီးကုန်းမြေလေးပဲ ဖြစ်နေဦးမှာပါ ။ တကယ်လို. ကျွန်တော်တို.က ငှားပေးခဲ့ပြီး သူတို.က ဟောင်ကောင်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံဖို. မစိုးရိမ်မထိတ်လန်.ကြဘူးဆိုရင် ကျွန်တော်တို.အနေနဲ. ဘာကိုများစိုးရိမ်နေစရာရှိသလဲခင်ဗျာ ။ ဒီလုပ်ရပ်ဟာ အချုပ်အခြာအာဏာပိုင်မှုကို ထိခိုက်တယ်လို. ဘယ်လိုမှမပြောနိုင်ပါဘူး”ဟု ကျွန်တော်က ပြန်ပြောခဲ့သည် ။
“ဒါဟာ တော်တော်ကောင်းတဲ့ စိတ်ကူးစိတ်သန်းပဲ ။ ဒီအချက်ကို ငါအစက ရှင်းရှင်းလင်းလင်းမသိခဲ့ဘူး”ဟု တိန်.က ပြန်ပြောသည် ။
နောက်ပိုင်း၌ ဟိုင်နန်မှ ပါတီအရာရှိ လီယန်ရှန်းနှင့် ဇူရှိကျီတို.က ယန်ပုဒေသဖွံ.ဖြိုးရေးစီမံကိန်းနှင့်ပက်သက်၍ အသေးစိတ်ကို တိန်.ရှောင်ပင်းထံသို. တိုက်ရိုက်ရေးသားတင်ပြခဲ့သည် ။ တိန်.သည် သူတို.၏စာကို ဖတ်ပြီးနောက် အောက်ပါသူ၏ မှတ်ချက်နှင့်အတူ ကျွန်တော့်ထံ ထပ်ဆင့်ပေးပို.ခဲ့သည် ။ “အရင်စွပ်စွဲချက်တွေဟာ မမှန်ကန် မတိကျဘူး။ လောလောဆယ် ဆက်လက်အကောင်အထည်မဖော်ဖို. ငါကညွှန်ကြားခဲ့တယ် ။ ဒါပေမယ့် ဒီစာမှာရေးထားသလိုမျိုး အခြေအနေတွေ ကွဲလွဲနေတယ်ဆိုရင် ငါတို. တက်တက်ကြွှကြွှ ဆက်လက်အကောင်အထည်ဖော်သင့်တယ်”ဟု သူကမှတ်ချက်ရေးခဲ့သည် ။ ပါတီဝါရင့်ကြီး ဝမ်ဇန်းသည် စီးပွါးရေးပြုပြင်ပြောင်းလဲမှုကို တက်တက်ကြွှကြွှ မရှိသော်လည်း ကျွန်တော်က တိန်.ရှောင်ပင်း၏ မှတ်ချက်အကြောင်း ပြောပြီးသောအခါ၌ သူကလည်း ထောက်ခံခဲ့သည် ။
ပြန်လည်၍တွေးကြည့်သောအခါ၌ တရုတ်ပြည်အနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို အကောင်အထည်ဖော်ဖို. မလွယ်ကူလှပါ ။ လူအများသည် နိုင်ငံခြားသားများနှင့် ဆက်ဆံရမည့် ကိစ္စများ ကြုံတွေ.လာတိုင်း ကြောက်ရွံ.နေကြပြီးလျှင် ပြုပြင်ပြောင်းလဲရေးသမားများကို စွပ်စွဲမှုများကလည်း အများအပြားရှိနေသည်။ လူအများသည် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည်ကို ၊ ကျွန်တော်တို.၏ အချုပ်အခြာအာဏာပိုင်မှုအား သေးသိမ်စေမည်ကို သို.မဟုတ် ကျွန်တော်တို. နိုင်ငံကို စော်ကားခံရမည်ကို ကြောက်ရွံ.စိုးရိမ်နေခဲ့ကြသည် ။
နိုင်ငံခြားသားများ သူတို.၏ ပိုက်ဆံကို တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံပါက တရုတ်ပြည်၏ မူဝါဒများ ပြောင်းလဲမည်ကို သူတို.ကသာ စိုးရိမ်စရာရှိသည်ဟု ကျွန်တော်က ထောက်ပြခဲ့သည် ။ သို.သော် ကျွန်တော်တို.က ဘာကိုများ စိုးရိမ်စရာရှိပါသနည်း ။ ဥပမာအားဖြင့် အထူးစီးပွါးရေးဇုန်များသည် ကိုလိုနီများဖြစ်သွားလိမ့်မည်ဟု မခိုင်လုံပဲ စွပ်စွဲမှုများရှိသည် ။ မူလက မကာအိုကို သူတို.၏ ငါးဖမ်းပိုက်များ လှန်းရန်အတွက် ပေါ်တူဂီတို.အား ငှားရမ်းခဲ့သည် ။ သို.သော် နောက်ဆုံး၌ သူတို.၏ ကိုလိုနီဖြစ်သွားခဲ့သည်ဟု သူတို.က ထောက်ပြကြသည် ။ ကျင်မင်းဆက်သည် အကျင့်ပျက်ခြစားနေပြီး စွမ်းဆောင်ရည်မရှိပေ သို.သော်လည်း တရုတ်ပြည်သူ.သမ္မတနိုင်ငံမှာ ဤသို.မဟုတ်ပေ ။ နိုင်ငံခြားသားများကြားတွင် စိုးရိမ်ထိတ်လန်.မှုတစ်ခုသာရှိပြီး ၎င်းမှာ တရုတ်ပြည်သည် ပြောင်းလဲသွားပြီး တစ်ချိန်ချိန်တွင် မူလသဘောတူညီချက်များကို ရုတ်သိမ်းပြီး သူတို.၏ ရင်းနှီးမြှုပ်နှံမှုများကိုပင် သိမ်းယူသွားမည်လား ဆိုသည့်အချက်ဖြစ်သည် ။ မည်သည့်အချက်ကိုကြည့်ပြီး တရုတ်တို.က နိုင်ငံခြားသားများကို ကြောက်ရွံ.နေရမည်နည်း ။ အကယ်၍ သူတို.၏ ငွေများကို တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံထားပါက တရုတ်ပြည်အနေဖြင့် ဘာကိုများ ကြောက်ရွံ.စိုးရိမ်နေရပါမည်နည်း ။
နောက်ထပ်ဥပမာတစ်ခုမှာ ကမ်းလွန်ရေနံအတွက် စမ်းသပ်တွင်းတူးသည့် ကိစ္စဖြစ်သည် ။ နိုင်ငံခြား အရင်းအနှီး အမြောက်အများလိုအပ်သည် သို.သော် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည်ကို စိုးရိမ်သည့်အတွက် သဘောတူစာချုပ်များတွင် တောင်းဆိုချက်များစွာ ထည့်သွင်းချုပ်ဆိုသည် ။ ချဉ်းကပ်နည်းမှာ အလွန်ရှေးရိုးစွဲဆန်လွန်းပြီး အသေးအဖွဲကိစ္စရပ်လေးများအပေါ်တွင် အာရုံစိုက်လွန်းသဖြင့် ဗျူဟာမြောက်သည့် အကျိုးအမြတ်များကို မျက်စေ့ချော်နေခဲ့ကြသည် ။
ယျေဘုယျအားဖြင့် တချို.သူများမှာ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေခဲ့ကြသည် ။ လွတ်လပ်ရေးနှင့် ကိုယ့်အားကိုယ်ကိုးရေးဆိုသည့် ခေါင်းစဉ်ဖြင့် တရုတ်ပြည်သည် ၎င်း၏တံခါးတို.ကို ပိတ်ထားခဲ့သည် ၊ သို.သော် တကယ်တမ်း၌ ၎င်းမှာ ကိုယ့်ဘာသာကိုယ် ပြဋ္ဌါန်းလိုက်သည့် အထီးကျန်ဆန် နေထိုင်ရေးမူဝါဒဖြစ်သည် ။ တံခါးဖွင့်မူဝါဒကို အကောင်အထည်ဖော်ခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံခြား ကုန်သွယ်မှုပြုလုပ်ရန် ၊ ကျွန်တော်တို. လိုအပ်သည်တို.ကို ကုန်သွယ်ရန်ဖြစ်သည် ။ တချို.သောသူများက နိုင်ငံခြားမှ ကုန်စည်တင်သွင်းခြင်းကို ရှက်ကြသည် ။ မည်သည့်အရာကို ရှက်ရမည်နည်း ။ ၎င်းမှာ တောင်းစားနေခြင်းမဟုတ်ပေ ။ ဤကိစ္စသည် နှစ်ဦးနှစ်ဖက် အပြန်အလှန် လဲလှယ်မှုဖြစ်ပြီးလျှင် ကိုယ့်အားကိုယ်ကိုးသည့် ပုံစံတစ်မျိုးဖြစ်သည် ။ ဤအချက်သည် ကျွန်တော်တို.ကို ဆုံးရှုံးမှုများပြားသည့် အမှားအယွင်းများ ဖြစ်ပေါ်စေခဲ့သည် ။ ဤတွေးခေါ်ပုံမှာ ပိတ်မိနေသော တွေးခေါ်မှုဖြစ်ပြီး မိမိ၏အားသာချက်ကို မည်သို.အသုံးချရမည်ကို မသိသည့် တွေးခေါ်နည်းဖြစ်သည် ။
ဝန်ကြီးချုပ် လီပန်းသည်လည်း ယန်ပုစီမံကိန်းကို မထောက်ခံပေ ။ သူက အထူးစီးပွါးရေးဇုန်များရုံးသို. အမိန်.တစ်ခု ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ကောင်စီမှ အသိပေးချက်မထုတ်ပြန်မချင်း ယန်ပုစီမံကိန်းကို ပြန်လည်မစတင်ရန် ညွှန်ကြားခဲ့သည် ။ အကျိုးဆက်အားဖြင့် ယန်ပုစီမံကိန်းကို ချောင်ထိုးထားလိုက်ကြတော့သည် ။ လီရှန်နင်းနှင့် လီပန်း နှစ်ယောက်စလုံးကြောင့် ယန်ပုစီမံကိန်းကို များစွာထိခိုက်စေခဲ့ပြီး ပြန်လည်နလံထူလာရန် များစွာခက်ခဲခဲ့သည် ။
မြေရာ ဈေးကွက်နှင့် ပမာဏကြီးမားသည့် ဖွံ.ဖြိုးရေးလုပ်ငန်းများတွင် နိုင်ငံခြားလုပ်ငန်းများကို ဆွဲဆောင်ရေးနှင့်ပက်သက်၍ နောက်ထပ်ပြောစရာတစ်ခုရှိသေးသည် ။ အမြန်ဆုံး အမြတ်ပြန်ရဖို.အတွက် အရောင်းအဝယ်လုပ်ခြင်း (“အထူးလိုင်စင်ဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း”ဟု တချို.သော သံသယဝါဒီများက ရည်ညွှန်းသည့်) ဆိုသည့် ပြဿနာဖြစ်သည် ။ ဤပြဿနာကို ကျွန်တော်တို. ဖြေရှင်းနိုင်ပါက မြေရာဈေးကွက်ကို ဖွင့်ပေးခြင်းသည် မြို.ပြဒေသများကို အလျှင်အမြန် ဖွံ.ဖြိုးစေပြီး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကိုလည်း အခြေအနေကောင်းများ ပေါ်ထွန်းလာစေခြင်းဖြင့် ကျွန်တော်တို.၏ ပြုပြင်ပြောင်းလဲရေးကို သိသိသာသာ အကျိုးရှိစေပေလိမ့်မည် ။ မြေရာကို လူသုံးကုန်စည်ကဲ့သို. သဘောထားပြီး ဈေးကွက်အလိုအတိုင်း လွတ်လပ်စွာ ဖြေလျှော့ထားပြီး မြေရာဈေးကွက် ပေါ်ပေါက်လာစေခြင်း စသည်တို.မှာ မူဝါဒဆိုင်ရာ အဓိက ပြဿနာများဖြစ်သည် ။ နှစ်ပေါင်းများစွာကြာအောင် မြေရာကို လွှဲပြောင်းခြင်း သို.မဟုတ် ငှားရမ်းခြင်းအား ဖွဲ.စည်းပုံ အခြေခံဥပဒေက ကန်.သတ်တားဆီးထားသည် ။ ထို.ကြောင့် နှစ်ပေါင်းများစွာကြာအောင် ဤအကြောင်းအရာကို မဖြေရှင်းနိုင်ခဲ့ပေ ။
ပြုပြင်ပြောင်းလဲရေး အစပိုင်းကာလ၌ ရှန်ဇန်းဒေသတစ်ခုတည်းတွင်သာလျှင် ငှားရမ်းရန်သတ်မှတ်ထားသည့် မြေရာရှိပြီး ၎င်းကို ဟူယင်ရှင်း (ဟောင်ကောင်မှ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဂေါ်ဒွင်ဝူးဟု လူသိများသည်)ကို ဖွံ.ဖြိုးရေးအတွက် ငှားရမ်းပေးခဲ့သည် ။ ထိုအချိန်က ဤကိစ္စသည် အဓိက ငြင်းခုန်စရာ ပြဿနာတစ်ခုဖြစ်ခဲ့သည် ။ နိုင်ငံခြားသားများကို ငှားရမ်းရန်သတ်မှတ်ထားသည့် ဧရိယာမှာ ကြီးမားလွန်းသည်ဟု ထိုစဉ်က အငြင်းပွါးခဲ့ကြသည် ။
ပြုပြင်ပြောင်းလဲရေး၏ အစောပိုင်းကာလများက နိုင်ငံခြားသားများကို စက်ရုံများ လာရောက်တည်ဆောက်ဖို.နှင့် စီးပွါးရေးလုပ်ငန်းများ လာရောက်တည်ထောင်ဖို. ဆွဲဆောင်ရာတွင် ကြုံတွေ.ရသည့် ပြဿနာမှာ ကျွန်တော်တို.၏ အခြေခံအဆောက်အအုံတို.မှာ မကောင်းမွန်သည့် ပြဿနာဖြစ်သည် ။ အခြေခံအဆောက်အအုံတို. တည်ဆောက်ဖို.အတွက် ကျွန်တော်တို.တွင် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည် ။ ကျွန်တော်တို.တွင် ဤမျှများပြားသည့်ငွေ မရှိသဖြင့် ချောင်ပိတ်မိနေခဲ့သည် ။ ဖွံ.ဖြိုးရေးဇုန်တို.ကို ဤကဲ့သို.စတင်ခဲ့သည် ။ ပထမဆုံး နယ်မြေဒေသတစ်ခုကို ဖွံ.ဖြိုးအောင်လုပ်လိုက်ပြီး မြေရာကို လူသုံးကုန်သဖွယ် ဖန်တီးလိုက်သည် ထို.နောက် ရေ ၊ လျှပ်စစ်ဓာတ်အားနှင့် လမ်းပန်းတို. ဖောက်လုပ်သွယ်တန်းပေးပြီးလျှင် စက်ရုံနှင့် ရုံးအဆောက်အအုံတို.ကို တည်ဆောက်လိုက်သည် ။ ထိုစဉ်က တွက်ချက်ခဲ့သည့်နှုန်းမှာ တစ်စတုရန်းကီလိုမီတာ နယ်မြေအတွက် ယွမ်ငွေသန်း၁၀၀ ခန်.လိုအပ်သည်ဟု တွက်ချက်ခဲ့သည် ၊ ယနေ.အချိန်တွင်မူ အကုန်အကျ ပို၍များပေလိမ့်မည် ။ ထို.ကြောင့် ဖွံ.ဖြိုးရေးဇုန်များ တည်ဆောက်သည့်နှုန်းမှာ များစွာနှေးကွေးခဲ့သည် ။
မြို.ပြဒေသ ဖွံ.ဖြိုးရေးတွင်လည်း ဤကဲ့သို.သော ပြဿနာများကို ကျွန်တော်တို. ကြုံတွေ.ခဲ့ရသည် ။ မြို.ပြများအတွက် လမ်းဖောက်ဖို. သို.မဟုတ် ရေနှင့် လျှပ်စစ်သွယ်တန်းဖို.အတွက် ကျွန်တော်တို.တွင် ဘဏ္ဍာငွေမရှိပေ ။ မြေရာများစွာသည် အချည်းနှီးဖြစ်နေခဲ့သည် ။
၁၉၈၅ သို.မဟုတ် ၁၉၈၆ ခုနှစ်ပိုင်းက ဖြစ်မည်ထင်သည် ၊ ဟိုယင်ဒေါင်း (ဟောင်ကောင်မှ သူဋ္ဌေးကြီးဖြစ်ပြီး ဟင်နရီဖော့ဟု လူသိများသည်)နှင့် ကျွန်တော်ဆွေးနွေးရာ၌ ကျွန်တော်က မြို.ပြဒေသ ဖွံ.ဖြိုးရေးအတွက် ကျွန်တော်တို.တွင် ငွေမရှိကြောင်းပြောကြားရာ သူက “ခင်ဗျားမှာမြေရာရှိရင် ပိုက်ဆံမရှိဘူးလို. ဘယ်လိုပြောလို.ရမလဲ”ဟု ပြန်ပြောခဲ့သည် ။
ကျွန်တော်က ဤစကားကို ထူးဆန်းသည့် မှတ်ချက်တစ်ခုအဖြစ် တွေးမိခဲ့သည် ။ မြေရာရှိသည်က တစ်ကိစ္စ ၊ ငွေမရှိသည်က တစ်ကိစ္စဟု ယူဆခဲ့သည် ။ ဤအကြောင်းအရာနှစ်ခု တစ်ခုနှင့်တစ်ခု မည်သို.ပက်သက်နေသနည်း ။ သူက “တကယ်လို. စည်ပင်သာယာတွေမှာ မြေရာတွေရှိတယ်ဆိုရင် တချို.ကို အငှားချထားဖို. သူတို.ကို ခွင့်ပြုသင့်တယ် ၊ အဲဒီနည်းနဲ. ဝင်ငွေတွေရလာနိုင်ပြီး တခြားလူတွေကို အဲဒီမြေရာတွေကို ဖွံ.ဖြိုးအောင် လုပ်ကိုင်စေသင့်တယ်”ဟု ပြောသည် ။
တကယ်တမ်း၌ ဟောင်ကောင်တွင် အဆောက်အဦးနှင့်လမ်းများကို မည်ကဲ့သို. တည်ဆောက်ဖောက်လုပ်ခဲ့သည်ကို ကျွန်တော်သိပြီးဖြစ်သည် ။ နေရာဒေသတစ်ခုကို အမြန်ဆုံး ပြောင်းလဲပစ်လိုက်နိုင်သည် ။ သို.သော် ကျွန်တော်တို.အတွက်မူ ဤကိစ္စမှာ ခက်ခဲလွန်းလှသည် ။
ကျွန်တော်တို. ဆွေးနွေးခဲ့သည်မှာ ကျိုးကြောင်းဆီလျှော်သည်ဟု ကျွန်တော်တွေးမိသည် ။ ထို.ကြောင့် သူ.ကို ရှန်ဟိုင်းသို.သွားရောက်ပြီး မြို.တော်ဝန်နှင့် ပါတီကော်မတီ အတွင်းရေးမှုးများနှင့် တွေ.ဆုံဆွေးနွေးဖို. ကျွန်တော် အကြံပြုလိုက်သည် ။ သူသွားသလား မသွားသလား ကျွန်တော်မသိပါ ။ သူ၏ အယူအဆက ကျွန်တော့်ကို များစွာလွှမ်းမိုးနေသည် ။ ကျွန်တော်တို.တွင် မြေရာရှိပြီး ငွေမရှိဖြစ်နေချိန်တွင် ဟောင်ကောင်အစိုးရကမူ မြေရာအစိတ်အပိုင်းတချို.ကို နှစ်စဉ်ငှားရမ်းနေပြီး အစိုးရအတွက် ဝင်ငွေရရှိနေရုံမက ဤမြေရာတို.ကို လျှင်မြန်စွာ ဖွံ.ဖြိုးတိုးတက်စေခဲ့သည် ။
နောက်ပိုင်းတွင် ရှန်ဟိုင်းသို. ကျွန်တော်သွားရောက်စဉ်၌ ဤအကြောင်းကို စဉ်းစားမိသည် ။ ပူဒေါင်းနယ်မြေသည် ရှန်ဟိုင်းမြို.လယ် အနီးအနား မြစ်ကမ်းနဘေးတွင် တည်ရှိနေသည် ။ ရှန်ဟိုင်းကို ဖွံ.ဖြိုးတိုးတက်အောင် ပြုလုပ်ဖို.အတွက် ဤနယ်မြေကို တည်ထောင်ဆောက်လုပ်ခြင်းသည် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးနှင့် အကျိုးအရှိဆုံးဖြစ်သည် ။ ၎င်းသည် အလွန်ကောင်းမွန်သည့် နေရာတွင် တည်ရှိနေသည် ။ သို.သော်လည်း ဤနယ်မြေကို ဖွံ.ဖြိုးစေရန်အတွက် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပြီး နိုင်ငံခြား စီးပွါးရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်ရန် ဘဏ္ဍာငွေ များစွာလိုအပ်သည် ။
၁၉၈၇ ခုနှစ်ခန်.က ရှန်ဟိုင်းပါတီမှ တရုတ်လူမျိုး အမေရိကန်နိုင်ငံသား လင်တန်ယန်း (တီဝိုင်လင်း အင်တာနေရှင်နယ်ကို တည်ထောင်သူ)ကို ကျွန်တော်နှင့် တွေ.ဆုံဆွေးနွေးရန် ဘေဂျင်းသို. သွားရောက်ဖို. အကြံပေးလိုက်ကြသည် ။ သူက ပူဒေါင်းနယ်မြေကို ငှားရမ်းပေးဖို. ဖြစ်နိုင်မဖြစ်နိုင်မေးသည် ။ ငှားရမ်းမည့် ကာလမှာ သင့်တင့်လျှောက်ပက်သည့် အတိုင်းအတာထိ ကြာမြင့်ရမည် ဆိုလိုသည်မှာ နှစ်သုံးဆယ်မှ ငါးဆယ်ထိ ရှိသင့်သည်ဟုဆိုသည် ။ နယ်မြေကို ငှားရမ်းပြီးနောက် သူ.အနေဖြင့် လုပ်ပိုင်ခွင့်များ လွှဲပြောင်းယူဖို. လိုအပ်သည်ဟုပြောသည် ။ ထို.နောက်တွင် ရင်းနှီးမြှုပ်နှံသူတို.သည် ဘဏ်များမှ အပေါင်စာချုပ်များဖြင့် ငွေချေးယူကြလိမ့်မည် ။ မြေရာကို လွှဲပြောင်းပြီးနောက်၌ နိုင်ငံခြားသားများအနေဖြင့် ရင်းနှီးမြှုပ်နှံလိုစိတ် ရှိကြပါ့မလား တခြားဘာများ လိုသေးသနည်းဟု ကျွန်တော်က သူ.ကိုမေးသည် ။ သူက ဤကိစ္စမှာ လွယ်ကူပြီး အထူးစီးပွါးရေးဇုန်များ၏ သတ်မှတ်ချက်များ မလိုအပ်ကြောင်း ရှန်ဟိုင်းမင်ဟန် စီးပွါးရေးဇုန်၏ သတ်မှတ်ချက်များနှင့်ပင် လုံလောက်ကြောင်း သူကပြောသည် ။ ကမ်းလှမ်းချက်မှာ မင်ဟန်စီးပွါးရေးဇုန်ထက်ပင် ပိုမိုကောင်းမွန်၍ လက်ခံနိုင်ဖွယ်ရှိပြီး ကျွန်တော်က စိတ်ဝင်စားသည် ။ ဤအမေရိကန်နိုင်ငံသား တရုတ်လူမျိုးကို ရှန်ဟိုင်းပါတီ အကြီးအကဲ ရဲဘော်ဝမ်ဒေါင်ဟန်က ရည်ညွှန်းစေလွှတ်လိုက်ခြင်းဖြစ်သည့်အတွက် ရဲဘော်ဝမ်ဒေါင်ဟန်ကိုပင် ဤကိစ္စကို ကြီးကြပ်ရန် ကျွန်တော်က ညွှန်ကြားခဲ့သည် ။
၎င်းသည် ရှန်ဟိုင်းဖြစ်သဖြင့် လူအားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်လိမ့်မည်မှာ သေချာနေပေသည် ။ ထို.ကြောင့် ဘက်အားလုံးကို စည်းရုံးနိုင်ရန်အတွက် ဝမ်ဒေါင်ဟန်အပြင် ရှန်ဟိုင်းအကြံပေးကော်မတီ ညွှန်ကြားရေးမှုး ချန်ဂွမ်ဒေါင်းကိုလည်း ပါဝင်စေရန် စီစဉ်ရသည် အဘယ်ကြောင့်ဆိုသော် ချန်ယန်းနှင့်သူ.ကြားရှိ နီးစပ်မှုကြောင့်ဖြစ်သည်။ ရဲဘော်ချန်ယန်းအနေဖြင့် သူ.ထံမှ တင်ပြလာလျှင် လက်ခံဖို. လွယ်ကူပေလိမ့်မည် ။ ချန်ဂွမ်ဒေါင်းသည် သတိကြီးစွာထားတတ်ပြီး ဤအကြံအစည်ကို ကန်.ကွက်ကောင်းပင် ကန်.ကွက်နိုင်သည် ၊ သို.သော် ဤအချက်မှာ အရေးမကြီးလှပေ ။ ဤအချက်ကို နောက်ထပ်အချိန်ယူ၍ လေ့လာရပေမည် ။ ထို.ကြောင့် ရဲဘော်ဝမ်နှင့်ချန်ကို လီတန်ယန်းနှင့် အဆက်အသွယ် မပြတ်စေဖို. ကျွန်တော်ပြောခဲ့သည် ။
ဤကိစ္စမှာ အရေးကြီသည့် အကြောင်းအရာတစ်ခုဖြစ်သည် အဘယ်ကြောင့်ဆိုသော် အစောပိုင်းကာလများက ရှန်ဟိုင်းကို ဖွင့်ပေးဖို. ကျွန်တော်တို. စဉ်းစားကြစဉ်၌ ချန်ယန်းက သူ၏စိုးရိမ်မှုကို ဖော်ပြခဲ့ဖူးသောကြောင့်ဖြစ်သည် ။ သူက ရှန်ဟိုင်းနှင့် ဇီကျန်းဒေသများ အရေးကို ဆောင်ရွက်ပါက သတိကြီးစွာထားသင့်ကြောင်း အဘယ်ကြောင့်ဆိုသော် ဤဒေသများရှိလူများသည် အရင်းရှင်တို.၏ အပြုအမူများနှင့် ရင်းနှီးကျွမ်းဝင်သောကြောင့်ဖြစ်ကြောင်း သူကပြောဖူးသည်။ (ချန်ယန်းကိုယ်တိုင်သည် ရှန်ဟိုင်းဇာတိဖွားဖြစ်သည်။) ရှန်ဟိုင်းဒေသ ပြုပြင်ပြောင်းလဲရေး နှောင့်နှေးရခြင်း၏ အကြောင်းနှစ်ခုရှိသည် ။ တစ်ခုမှာ ၎င်းဒေသသည် အရေးကြီးသည့်ဒေသဖြစ်ပြီး နောက်တစ်ခုမှာ ချန်ယန်း၏ သဘောထားကြောင့်ဖြစ်သည် ။
ထို.ကြောင့် ဤအကြောင်းအရာမှာ အချိန်ကာလကြာမြင့်စွာ နှောင့်နှေးနေခဲ့ရသည် ။ လွန်ခဲ့သည့်နှစ် (၁၉၉၂ ခုနှစ်၁)အတွင်း တောင်ပိုင်းဒေသများသို. တိန်.ရှောင်ပင်း သွားရောက်စဉ်၌ ရှန်ဟိုင်းဒေသ ပြုပြင်ပြောင်းလဲရေးမှာ အလွန်အမင်း နှောင့်နှေးကြန်.ကြာခဲ့သည်ဟု သူကမှတ်ချက်ချကြောင်း ကျွန်တော်ကြားသိရသည် ။ ကျွန်တော်သဘောတူသည် ။ အကယ်၍ ဤအစီအစဉ်ကို စောစီးစွာ စတင်အကောင်အထည်ဖော်ခဲ့ပါက အခြေအနေတို.သည် လွန်စွာကွာခြားနေပေလိမ့်မည် ။
၁၉၈၆ ၊ ၁၉၈၇ ခုနှစ်များလောက်ကပင် ပူဒေါင်းဒေသကို ဖွံ.ဖြိုးရေးလုပ်ရန်အတွက် မြေရာအငှားချသည့် စနစ်ဖြင့် အကောင်အထည်ဖော်ရန် အစီအစဉ်များ ချမှတ်ခဲ့ပြီးဖြစ်သည် ။ ပူဒေါင်းနယ်မြေအကြောင်းကို ချန်ယန်းထံသို. ကျွန်တော်အစီရင်ခံခဲ့ပြီးဖြစ်သည် ။ သို.သော်လည်း သူကမည်သို.မျှ မှတ်ချက်မပေးခဲ့ပေ ။ တိန်.ထံသို.လည်း ကျွန်တော်အစီရင်ခံခဲ့သည် ။ သူက အလွန်ပင်ထောက်ခံပြီး “မြန်နိုင်သမျှအမြန်ဆုံး အကောင်အထည်ဖော်ပါ”ဟု ပြောကြားခဲ့သည် ။ သို.သော် ထိုအချိန်က ပါတီဝါရင့်များကြားတွင် သဘောထား မညီမျှသေးဟု ကျွန်တော်ခံစားရသဖြင့် ၎င်းကိစ္စကို နောက်မှလေ့လာသင့်သည်ဟု ကျွန်တော်ဆုံးဖြတ်ခဲ့သည် ။
နောက်ထပ် တခြားကိစ္စတစ်ခုလည်း ရှိသေးသည် ။ အမေရိကန် မော်တော်ကားထုတ်လုပ်သူတစ်ဦးက ဂွမ်ဒေါင်းပြည်နယ် ဟွေယန်တွင် ၁ နှစ်လျှင် ကားအစီးရေ ၃ သိန်း ထုတ်လုပ်နိုင်မည့် ကားစက်ရုံတစ်ရုံ တည်ဆောက်လိုသည်ဟု နိုင်ငံတော်ကောင်စီ အတွေးအခေါ်ရှင်အဖွဲ. အကြံပေး ဝမ်ကျိကွမ်က အစီရင်ခံခဲ့သည် ။ အစိတ်အပိုင်းတချို.ကို တရုတ်ပြည်တွင်ပင် ထုတ်လုပ်နိုင်သည်ဟုဆိုသည် ။ ဤသည်မှာ တရုတ်စက်ရုံ ၃၀ မှ ၄၀ အထိ ပါဝင်ထုတ်လုပ်နိုင်မည့် လုပ်ငန်းပင်ဖြစ်သည် ။ ၎င်းမှာ တစ်ဦးတည်းပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး ကျွန်တော်တို.ငွေ တစ်ပြားမှ အကုန်အကျခံဖို. မလိုအပ်ပေ ။
ကျွန်တော်က နိုင်ငံတော် စီမံကိန်းရေးဆွဲရေးကော်မရှင် ညွှန်ကြားရေးမှုးချုပ် ယော်ယိလင်ထံသို. စာတစ်စောင်ရေးခဲ့ပြီး ဤကိစ္စသည် အလွန်ကောင်းပြီး အကောင်အထည်ဖော်သင့်ကြောင်း ပြောကြားခဲ့သည် ။ ထိုအချိန်က နိုင်ငံခြားစီးပွါးရေးလုပ်ငန်းများသည် တရုတ်ပြည်၏ မူဝါဒများ ပြောင်းလဲသွားမည်ကို စိုးရိမ်ပြီး ရင်းနှီးမြှုပ်နှံဖို. စိုးရွံ.နေသောအချိန်ဖြစ်သည် ။ အထူးသဖြင့် တစ်ဦးတည်းပိုင် စီးပွါးရေးလုပ်ငန်းများက ပို၍စိုးရိမ်သည် ။ အကယ်၍ ဤကိစ္စကိုသာ ဆက်လက်အကောင်အထည်ဖော်ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါက ၎င်းသည် စိုးရိမ်စရာမလိုကြောင်း ပြသနိုင်မည့် ဥပမာကောင်းတစ်ခုဖြစ်ခဲ့ပေမည် ။
သို.သော်လည်း ယော်ယိလင်မှာ ဤကိစ္စအပေါ်တွင် အဆိုးမြင်သည့် သဘောထားရှိသူဖြစ်သည် ။ သူက ၎င်းကိစ္စကို စက်ပစ္စည်းလုပ်ငန်း ဝန်ကြီးဋ္ဌါနသို. ရည်ညွှန်းပေးပို.ခဲ့သည် ။ သို.သော် ထိုဋ္ဌါနမှာ အမှီအခိုကင်းသည့် ကိုယ်ပိုင်မော်တော်ကားစက်ရုံ တည်ဆောက်ဖို. အမြဲတမ်းကြံရွယ်နေခဲ့သည့် ဋ္ဌါနဖြစ်သည်နှင့်အညီ ဤလုပ်ငန်းအတွင်း နိုင်ငံခြား ရင်းနီးမြှုပ်နှံမှုကို ဆန်.ကျင်ကန်.ကွက်ခဲ့သည် ။ ယော်ယိလင်က သဘောတူခဲ့ပြီး အစီအစဉ်ကို ခွင့်မပြုသင့်ကြောင်း ပြောခဲ့သည် ။ လီပန်းသည် ချက်ချင်းပင် သူတို.ဖက်မှ ရပ်တည်ခဲ့ပြီး ၎င်းကို သဘောမတူသင့်ကြောင်း ပြောကြားခဲ့ပြီးလျှင် သူတို.၏ အစီရင်ခံစာကို ကျွန်တော့်ထံသို. ပေးပို.ခဲ့သည် ။
ဤသို.ဖြင့် အလွန်ကောင်းမွန်သင့်လျှော်သည့် ကမ်းလှမ်းချက်တစ်ခုမှာ တစ်ပိုင်းတစ်စစီ ပျက်စီးသွားခဲ့ပြီး အဆုံးသတ်ခဲ့ရသည် ။
-----------------------------------------------------------------------------------------------------------------
၁ ။ ။ ကျောက်သည် ဤနေ.စဉ်မှတ်တမ်းကို ၁၉၉၉ - ၂၀၀၀ ခုနှစ်များအတွင်းကမှ အသံသွင်းခဲ့ခြင်းဖြစ်သော်လည်း သူသည် သတင်းစာများမှတစ်ဆင့် ဖတ်ရှုလေ့လာနေခဲ့ပြီး တချို.ကို အစောပိုင်း နှစ်ပေါင်းများစွာကတည်းကပင် ကြိုတင်ပြင်ဆင်ထားခဲ့သည် ။
(ကျောက်ကျိယန်၏ Prisoner of the State စာအုပ်မှ Part 3, Chapter 3 Opening Painfully to the World ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)

No comments:

Post a Comment